Channel Myanmar

Ray Fearon

The Lady of Heaven (2021) 6.0
The Lady of Heaven (2021)  မွတ်စလင်ဘာသာမှာ အထွတ်အမြတ်ထားရတဲ့ ဖာတီမာဆိုတဲ့အမျိုးသမီးတစ်ယောက်ရှိပါတယ်။အဲ့ဒီအမျိုးသမီးကတော့The Lady Of Heaven (ကောင်းကင်ဘုံရဲ့အမျိုးသမီး) လို့ခေါ်ဆိုကြပြီးအဲ့ဒီအမျိုးသမီးရဲ့ အကြောင်းအသေးစိတ်ကို ဒီဇာတ်ကားထဲမှာ ရိုက်ကူးပြသထားတာပဲဖြစ်ပါတယ်။ဇာတ်လမ်းဇာတ်ကွက်တွေကတော့ ဒီအတိုင်းအမျိုးသမီးဖာတီမာရဲ့အကြောင်းသီးသန့်ရိုက်ကူးထားတာမဟုတ်ဘဲနဲ့ ISIS တွေကြောင့် စစ်ဖြစ်နေတဲ့နိုင်ငံမှာအမေဖြစ်သူကိုဆုံးရှုံးခဲ့ရတဲ့ လိတ် ဆိုတဲ့ကောင်လေးတစ်ယောက်နဲ့ဇာတ်အိမ်ဖွဲ့ထားတာပဲဖြစ်ပါတယ်။ လိတ်က သူ့အမေကိုဆုံးရှုံးပြီးတဲ့ နောက်မှာစစ်သားတစ်ယောက်နဲ့ အမေဖြစ်သူနေထိုင်တဲ့ အိမ်မှာနေထိုင်ခဲ့ရပါတယ်။လိတ်စိတ်ဓာတ်ကျ အားငယ်လာတဲ့အချိန်မှာ အန်တီကြီးက သူ့ကို ဖာတီမာအကြောင်းပြောပြပြီးတော့ ခွန်အားပေးလေ့ရှိပါတယ်။ဒီလိုနဲ့ မွတ်စလင်တွေရဲ့စိတ်ခွန်အားတက်စရာ ရှေ့ဆောင်လမ်းပြကောင်းတစ်ယောက်ဖြစ်ခဲ့တဲ့အမျိုးသမီးဖာတီမာရဲ့ အကြောင်းကို ပုံပြင်တစ်ပုဒ်ကို လိတ်နဲ့အတူနားထောင်နေသလိုမျိုးကြည့်ရှုရမဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်။  File size…2.38 GB/ 1.11GB Quality…WEB-Rip 1080p / 720p Format…mp4 Duration….2h 21m Genre ….. Action , Drama , History Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay
movie

The Lady of Heaven (2021)

Coffee Wars (2023) 5.5
Coffee Wars (2023)  ကော်ဖီထဲမှာ နွားနို့ထည့်ပြီးတော့ မလိုင်အပြည့်နဲ့သောက်ရတာကိုအကုန်လုံးကြိုက်နှစ်သက်ကြမှာပါ။ ဒါပေမဲ့ နွားနို့ပါတဲ့ ကော်ဖီတစ်ခွက်သောက်လိုက်တိုင်းမှာ ကမ္ဘာကြီးအတွက် ဘေးအန္တရာယ်တွေအများကြီးဖြစ်စေတယ်ဆိုတာ သိပါသလား။ ကော်ဖီအထဲမှာ ထည့်တဲ့ နွားနို့တစ်ဂါလံရဖို့ ရေဂါလံပေါင်းများစွာကိုအသုံးပြုရပါတယ်တဲ့။ နွားနို့ရဖို့ နွားမတွေဆီက ညှစ်တဲ့အခါမှာလည်းနွားမတွေကို ဘေးအန္တရာယ်တွေဖြစ်စေတာ၊ နို့ထွက်အောင်လို့အတင်းသားဖောက်ခိုင်းတာ ဒါတွေဟာ ဘဘာဝရဲ့သယံဇာတဖြစ်မှုကိုဖျက်ဆီးနေတာပါပဲ။ ဒီဇာတ်ကားအထဲမှာ ဂျိုးဆိုတဲ့သူဟာ ကော်ဖီဆိုင်ဖွင့်ထားပြီး ကမ္ဘာကြီးအတွက်တိုက်ခိုက်နေတဲ့သူပါ။ "ကော်ဖီတစ်ခွက်ရောင်းရတိုင်း ကမ္ဘာကြီးကိုကယ်တင်မယ်"ဆိုတာ သူမရဲ့ဆောင်ပုဒ်ပါပဲ။ အဲဒီတော့ သူဟာ နွားနို့အစား အသီးအနှံတွေကိုအခြေခံပြီးထုတ်လုပ်တဲ့ ပဲနို့၊ ဂျုံနို့၊ almond နို့တွေပဲ သူ့ရဲ့ကော်ဖီထဲမှာထည့်သွင်းအသုံးပြုပါတယ်။သိတဲ့အတိုင်းပဲ မလိုင်အပြည့်နဲ့ နွားနို့လောက်တော့ အရသာမကောင်းတဲ့အတွက်ဆိုင်ကအရှုံးပေါ်လုနီးနီးဖြစ်နေတာပါ။Britain မှာ တစ်နှစ်တစ်ကြိမ် အကောင်းဆုံးကော်ဖီဖျော်ဆရာကို ရွေးချယ်တဲ့ပြိုင်ပွဲကျင်းပပါတယ်။ ဂျိုးက မနှစ်ကဝင်ပြိုင်ခဲ့ပေမဲ့ နွားနို့ကိုအသုံးမပြုဘူးလို့ငြင်းဆန်တဲ့အတွက် အရည်အချင်းမပြည့်မှီဘူးလို့ သတ်မှတ်ခံခဲ့ရပါတယ်။ဒီနှစ်မှာတော့ သူ့စီးပွားရေးအခြေအနေက ဆိုးရွားလာတဲ့အတွက် ပြိုင်ပွဲဝင်ပြိုင်ပြီးဆုငွေရမှဖြစ်မှာပါ။ကဲ ဂျိုးတစ်ယောက် သူ့ရဲ့အသင်းသားတွေနဲ့အတူတူ ပြိုင်ပွဲမှာ ဘယ်လိုအနိုင်ရအောင်လုပ်မလဲ၊ ကမ္ဘာကြီးကိုရော ကယ်တင်ဖို့ လုပ်ဆောင်နိုင်ပါ့မလားဆိုတာကိုဇာတ်ကားထဲမှာ ကြည့်ရှုကြရမှာပါ။ဇာတ်ကားကြည့်ပြီးရင် နွားနို့ကိုမရှောင်ဖြစ်ရင်တောင် တစ်နေ့မှာ ကော်ဖီတစ်ခွက်လောက်တော့ ...
movie

Coffee Wars (2023)

Barbie(2023) 7.3
Barbie(2023) Barbie(2023)*********** Lady Bird ရဲ့ ဒါရိုက်တာနဲ့ဇာတ်ညွှန်းဆရာဖြစ်တဲ့ Greta Gerwig ရဲ့ လက်ရာပဲဖြစ်ပါတယ်။မာဂေါ့ရော့ဘီနဲ့ ရိုင်ယန်ဂို့စလင်းတို့ ပါဝင်ထားပါတယ်။ ဒေါ်လာ ၁.၃ ဘီလီယံအထိ ရရှိနေပြီးIMDb 7.3 နဲ့ လူကြိုက်များနေပါတယ်။ ဒီရုပ်ရှင်ဟာ အဓိကအားဖြင့် လူ့အသိုင်းအဝိုင်းနဲ့ ကျားဝါဒီမဝါဒီတွေကို အခြေပြုတဲ့ ဟာသကားအနေနဲ့ ရိုက်ထားတာပါ။ ဖိုကြီးစိုးရေးဝါဒကိုအံတုနေရတဲ့မိန်းမသားတွေ၊ မဝါဒီအားကောင်းလာချိန်မှာ ရုန်းကန်လာရတဲ့ ယောကျ်ားတွေ စသဖြင့်ပေါ့။ဇာတ်လမ်းအကျဉ်းဘာဘီတွေနဲ့ ကန်တွေဟာ သီးသန့်ကမ္ဘာတစ်ခုမှာနေထိုင်ကြပါတယ်။အဲဒီကမ္ဘာမှာ ဘာဘီတွေ ကြီးစိုးနေပြီ သမ္မတ၊ သိပ္ပံပညာရှင်၊ တရားသူကြီး၊နိုဘယ်ဆုရှင်အားလုံးက ဘာဘီချည်းပါပဲ။ ကန်ဆိုတဲ့ ယောကျာ်းတွေကတော့ဘာဘီတွေကို မှီခိုနေရတဲ့ ဖျော်ဖြေနေရတဲ့သူတွေပေါ့။ ဘာဘီတွေဟာ လူသားကမ္ဘာကြီးကိုလည်းသူတို့တွေရဲ့ ဘာဘီအရုပ်တွေက ပိုကောင်းအောင်ပြောင်းလဲပြီး မိန်းမတွေကြီးစိုးနေပြီလို့ပဲ ထင်ထားခဲ့တာပါ။ဘာဘီအမျိုးမျိုးရှိတဲ့အထဲမှာမှ မာဂေါ့ရဲ့ ဘာဘီကတော့ သမားရိုးကျဘာဘီ တစ်ယောက်ပဲဖြစ်ပါတယ်။ဘယ်နေရာမှာ ထူးချွန်နေတာမဟုတ်တဲ့ ဘာဘီသက်သက်ပါပဲ။ တစ်နေ့မှာတော့ဘာဘီဟာ သေခြင်းတရားအကြောင်းကိုတွေးမိရာကနေ ဘာဘီလောကနဲ့ အံမဝင်တော့ဘူးဘာဘီအစွမ်းတွေပျောက်လာပြီး ဖြစ်တည်မှုသံသယတွေပွားလာပါတော့တယ်။အဲဒါကို ကုသဖို့ နည်းကတော့ ...
movie

Barbie(2023)

2023
4K HEVC
Christmas in Paradise (2022) 4.6
Christmas in Paradise (2022) Christmas in Paradise (2022) =====================ခရစ်စမတ်စ်လဲမကြာခင်ကျရောက်တော့မှာဖြစ်လို့ မိသားစု တွေနဲ့ အတူတူကြည့်နိုင်မယ့် ခရစ်စမတ်စ်ရုပ်ရှင်ကားလေး တစ်ကားအကြောင်းကိုပြောပြပေးချင်ပါတယ်။ဂျိုအန်နာဆိုတဲ့အမျိုးသမီးတစ်ယောက်ဟာ မကြာခင်ကျရောက် တော့မယ့် ခရစ်စမတ်စ်မှာ သူ့ခင်ပွန်း၊ သူ့ချစ်သမီးလေးတို့နဲ့အတူ မိသားစုသုံးယောက်တည်းပဲ အိမ်မှာနေရင်းသာသာယာယာ၊ ငြိမ်း ငြိမ်းချမ်းချမ်းလေးနဲ့ဖြတ်သန်းဖို့စိတ်ကူးထားသူပါ။ ဒါပေမယ့်လဲ သူ့ညီမဖြစ်သူ ကယ်ရိုလိုင်းဆီကနေဝင်လာတဲ့ဖုန်းက သူ့အတွက် ကံဆိုးမှုတွေသယ်လာခဲ့ပါတယ်။ ဒါကတော့ သူတို့တွေရဲ့ဖခင်ဖြစ်သူ ဂျိမ်းစ်ခရစ်စမတ်စ်တစ်ယောက်ပျောက်သွားတယ်ဆိုတဲ့အကြောင်းပါ။ဂျိမ်းစ်ဟာ အရင်ကလဲ သူတို့ညီအစ်မတွေကိုထားသွားခဲ့ဖူးတဲ့ ရာဇဝင် ရှိနေတော့ ဒီတစ်ခေါက်လဲထပ်ပြီးထားသွားလေသလား၊ ဒါမှမဟုတ် အကြောင်းတစ်စုံတစ်ရာများဖြစ်နေလေသလား။ ဂျိမ်းစ်တစ်ယောက် ဘယ်တွေမှာရောက်နေပြီးတော့ အရင်က ဘာကြောင့် ဂျိုအန်နာတို့ ညီအစ်မတွေကိုထားသွားခဲ့ရတာလဲ။ အခုကရော ဘာအကြောင်းကြောင့် ပျောက်ဆုံးနေတာလဲ။ ဂျိုအန်နာတို့တွေကရော သူတို့ရဲ့ဖေဖေခရစ်စမတ်စ် ကြီးကို ခရစ်စမတ်စ်မတိုင်ခင်ရှာတွေ့ပြီးတော့ သူတို့မူလကရည်ရွယ်ထားတဲ့ ခရစ်စမတ်စ်အိပ်မက်လေးတွေကို အကောင်အထည်ဖော်နိုင်ပါ့မလား။ ဘာတွေဆက်ဖြစ်မလဲဆိုတာကိုတော့ ဒီဇာတ်လမ်းထဲမှာပဲဆက်လက် ကြည့်ရှုလိုက်ကြပါ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Fiona Gillen ဖြစ်ပါတယ်)File Size..........(1.82 GB) / (750 MB) / (450 MB) Quality............Web-DL 1080p / 720p / 480p Duration.........2Hr 09mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Comedy Translator.......Fiona Gillen Encoder..........SWM
movie

Christmas in Paradise (2022)

2022
Memory(2022) 6
Memory(2022)  မင်းသားကြီး လီယံနယ်ဆန် နဲ့ မင်းသမီး မိုနီကာဘယ်လူချီတို့ပါဝင်ထားတဲ့ ရုပ်ရှင်ကားအသစ်ထွက်ပါပြီ။ Crime, Thriler အမျိုးအစားပါပဲ။ အဲလက်စ်ဆိုတဲ့ ကြေးစားလူသတ်သမားတစ်ယောက်ကို ကလေးသူငယ် လူကုန်ကူးတဲ့အဖွဲ့က လူတစ်ယောက်ကို သတ်ဖို့ ငှားရမ်းတာကနေ စတင်လိုက်ပါတယ်။ငှားလိုက်တဲ့အဖွဲ့ မသိသေးတာက အဲလက်စ်ဟာ အယ်ဇိုင်းမာရောဂါဖြစ်နေပြီး မှတ်ဉာဏ်တွေက ပေါ်လိုက်ပျောက်လိုက်ဖြစ်နေတာပါပဲ။ အဲဒီလူကုန်ကူးအဖွဲ့ကိုပဲ မက္ကဆီကိုရဲတစ်ယောက်နဲ့ အက်ဖ်ဘီအိုင်တစ်ယောက်က လိုက်နေပါတယ်။ ဒီလူအားလုံးမှာ ဝမ်းနည်းစရာ နောက်ကြောင်းကိုယ်စီနဲ့ပေါ့။ဥပဒေ နဲ့ လက်စားချေမှုကြားမှာ လွန်ဆွဲပုံတွေ၊ ချမ်းသာပြီး ဩဇာကြီးလွန်းတဲ့သူတွေဟာ ဥပဒေအထက်ကိုရောက်နေပုံတွေကို ပြသထားတဲ့ ရုပ်ရှင်ကောင်းကောင်းတစ်ကားပါပဲ။  File size…(1.5GB)/(834MB)/(392MB) Quality…. 1080p/720p HDCAM/ 480p Format…mp4 Duration….01:54:00 Genre...Action/ Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by....Mr. Anderson
movie

Memory(2022)

4K HEVC Web-DL
Harry Potter and The Philosopher’s Stone (2001) The Sorcerer’s Stone 7.6
Harry Potter and The Philosopher’s Stone (2001) The Sorcerer’s Stone Harry Potter (2001-2011)Platform 9¾ ကနေ ပြန်လည် ကြိုဆိုပါတယ်။ Hogwarts ရထားကြီးနဲ့ wizarding world ကို အလည်တစ်ခေါက် ထပ်သွားပြီး Chapter တစ်ခုချင်းစီကို အစဉ်လိုက် ပြန်အလွမ်းသည်ကြမယ်ဗျာ ...ခင်ဗျားက muggle မဟုတ်ရင်တော့ အသက်ရှင်ကျန်ခဲ့သူ ကောင်လေးအကြောင်း ကြားဖူးပြီးသားဖြစ်မှာပါ ... သူ့နာမည်က Harry Potter တဲ့ .. ထင်ရှားတဲ့အမှတ်အသားဆို နဖူးမှာ အမာရွတ်လေးနဲ့ မှန်ကြောင်ကောင်လေးတစ်ယောက်ပါပေါ့ ။ဒီ အမာရွတ်လေး ရခဲ့တဲ့ ညကနေ စလို့ သူဟာ သူကိုယ်တိုင် မသိပါဘဲ မှော်လောကမှာ ကျော်ကြားလာခဲ့တယ်... မနာခံသူ မှန်သမျှ အရှင်မထားတတ်တဲ့ မှော်ဆရာကြီး တစ်ယောက်ရဲ့ လက်က လွတ်မြောက်ခဲ့သူအဖြစ်ပေါ့... မှော်ဆရာကြီးက ဘယ်သူလဲတော့ လာမမေးပါနဲ့ ... ကျွန်တော်တို့ သူ့နာမည်ကို ထုတ်မပြောကြဘူး ...သိုပေမဲ့ Harry Potter ဆိုတဲ့ မှော်ဆရာလေးကတော့ ငယ်ငယ်ရွယ်ရွယ်နဲ့ ရဲစွမ်းသတ္တိအပြည့်မွေးပြီး ရွန်၊ ဟာမွိုင်နီဆိုတဲ့ သူငယ်ချင်း ၂ ...
movie

Harry Potter and The Philosopher’s Stone (2001) The Sorcerer’s Stone

2001
4K HEVC
Father Christmas Is Back (2021) 5.0
Father Christmas Is Back (2021) Father Christmas Is Back (2021)=======================ခရစ်စမတ်ကာလနီးလာတာနဲ့အမျှ ခရစ်စမတ်ဇာတ်လမ်းလေးတွေအလျှိုလျှိုထွက်လာပါတယ်။ မိသားစုဇာတ်အိမ်တည်ခရစ်စမတ်ဟာသကားလေးတွေ ခရစ်စမတ်စွန့်စားခန်းကားလေးတွေထွက်လာပါတယ်။ ဒီကားလေးကလည်း မိသားစုဇာတ်အိမ်တည်ထားတဲ့ခရစ်စမတ်ဟာသကားလေးတစ်ကားပါ။ ခရစ်စမတ်နေ့ကြီးမှာ ဖခင်ဖြစ်သူရဲ့ထားခြင်းခံသွားရတဲ့Caroline Chirstmas Hopes က ခရစ်စမတ်ရဲ့အနှစ်သာရထက် ခရစ်စမတ်ပွဲကိုပြီးပြည့်စုံဖို့ကိုပဲဦးတည်နေခဲ့ပါတယ်။ဒါပေမယ့်အမြဲတမ်းအလွဲလွဲအချော်ချော်ဖြစ်ပြီး မှန်းထားသလိုဖြစ်မလာလို့ ဒီနှစ်ခရစ်စမတ်ကိုသေချာလုပ်မယ်ဆိုပြီးခြောက်လလောက်အချိန်ယူလုပ်ခဲ့ပါတယ်။ Carolineမှာ ညီမသုံးယောက်ရှိပြီး သူတို့ညီအစ်မတွေက Spitfire နဲ့ Messerschmittလို အပြိုင်ကြဲပြီးချနေကြပါ။ ဒီလိုညီအစ်မတွေနောက်တစ်ကြိမ်ပြန်ဆုံပြီးလုပ်ကြမယ့်ခရစ်စမတ်ပွဲလေးဆီ မထင်မှတ်ထားတဲ့လူတစ်ယောက်ကရောက်ချလာတဲ့အခါမှာတော့.....မိသားစုဇာတ်အိမ်တည်ခရစ်စမတ်ဟာသကားလေးပီပီ မြူးကြွတဲ့ဇာတ်အိမ်လေးနဲ့ကြည်နူးဖွယ်ကြည့်ရှုခံစားရမယ့်ကားလေးပါ။(ဒီဇာတ်လမ်းရဲ့ အညွှန်းကို Chit Tee မှရေးသားပေးပြီး . ဘာသာပြန်ပေးသူများကတော့Chit Tee, Thiha Yan Naing တို့ပဲဖြစ်ပါတယ်။)File size… (1.7GB)/ (1 GB) / (500 MB) Quality…..WEBRIP 1080p/720p/480p Format…mp4 Duration….1h 45min Subtitle….Myanmar Subtitle (Hardsub) Translator ..... Chit Tee, Thiha Yan Naing Encoder ..... SWM 
movie

Father Christmas Is Back (2021)

2021
Beauty and the Beast (2017) 7.2
Beauty and the Beast (2017) ရဲတိုက်ကြီးတစ်ခုမှာနေတဲ့ အတ္တကြီးပြီး စိတ်ကြီးဝင်နေတဲ့မင်းသားငယ်တစ်ပါးနဲ့ အစေအပါးတွေဟာ ကျိန်စာအတိုက်ခံခဲ့ရပြီး မင်းသားကလည်းအင်မတန်ကြောက်စရာကောင်းတဲ့အကောင်ကြီးတစ်ကောင်ဖြစ်သွားခဲ့ပါတယ်။ကျိန်စာဟာ အကောင်ကြီးဖြစ်နေတဲ့မင်းသားလေးကိုယ်တိုင်ချစ်တတ်လာပြီး သူကိုယ်တိုင်လည်း သူများချစ်တာကိုစင်စစ်ခံရမယ်ဆိုတဲ့အချိန်ကျမှသာ ပျက်ပျယ်မှာဖြစ်ပါတယ်။အဲနောက် Belle ဆိုတဲ့ စိတ်ဓာတ်ပြင်းထန်လှတဲ့မိန်းမပျိုလေးတစ်ယောက်ဟာ သူ့အဖေဖြစ်သူက မင်းသားလေးရဲ့ရဲတိုက်မှာ အကျဉ်းကျခံနေရတယ်ဆိုလို့ ရဲတိုက်ကို လိုက်လာပါတယ်။အဲဒီမှာ မင်းသားလေးရဲ့ အစေအပါးတွေရဲ့ အကူအညီနဲ့အတူBelle ဟာ စိတ်ရိုင်းဝင် ဆိုးသွမ်းနေတဲ့ မင်းသားကို ပြောင်းလဲလာအောင် လုပ်ဆောင်ရပါတော့တယ်။Disney ရဲ့ 1991 ခုနစ်ထွက် နာမည်ကျော်ကာတွန်းကားကိုရုပ်ရှင်အဖြစ်အသက်ပြန်သွင်းထားတာဖြစ်ပြီး Belle အဖြစ် မင်းသမီးEmma Watson က သရုပ်ဆောင်ထားပါတယ်။ Luke Evansနဲ့ Ewan McGregor တို့လည်း ပါဝင်သရုပ်ဆောင်ထားပါတယ်။ကဲ ပရိတ်သတ်ကြီးရေ အားပေးလိုက်ကြပါအုံးဗျ ?(အညွန်းကိုတော့ ဓာတ်ရှင်မှကူးယူဖော်ပြပါတယ်..)Quality…..720p Duration…..02:09:00 Format…Mp4 File Size…(2GB) Encoder…..Moe Myint Lwin Translator…..Wendy
movie

Beauty and the Beast (2017)

2017
2036 Origin Unknown (2018) 6.8
2036 Origin Unknown (2018) ဒီတစ်ခါမှာတော့ လောလောလတ်လတ် ဒီထဲကမှ ထွက်ထားတဲ့ Sci-fi ကားလေးတစ်ကားတင်ဆက်ပေးလိုက်ပါတယ်။ကမ္ဘာမြေပေါ်ကလူတွေဟာ မားစ်ဂြိုလ်ပေါ်ကို ဘာတွေရှိမလဲဆိုပြီးလေ့လာစူးစမ်းဖို့အတွက် အာကာသယာဉ်မှူးများကို စေလွှတ်ခဲ့ပါတယ်။ကံမကောင်းအကြောင်းမလှစွာနဲ့ အဲဒီအာကာသယာဉ်မှူးပါဝင်ခဲ့တဲ့ယာဉ်ဟာ ပေါက်ကွဲပျက်စီးသွားတာကြောင့် လူသားတို့ရဲ့အကြံအစည်တွေဟာ အထမမမြောက်ခဲ့ပါဘူး။သို့ပေမယ့် လက်မလျှော့သေးတဲ့ လူသားမျိုးနွယ်စုဟာ Mackenzie Wilson ဆိုတဲ့ အာကာသယာဉ်မှူးကို A.R.T.I လို့ခေါ်တဲ့ A.I နဲ့အတူ မားစ်ဂြိုလ်သို့ ထပ်မံစေလွှတ်ပါတယ်။ဒီတစ်ခါမှာတော့ အောင်မြင်စွာရောက်ရှိခဲ့တယ်လို့ဆိုရမှာပဲဖြစ်ပါတယ်။သို့ပေမယ့် မားစ်ဂြိုလ်မျက်နှာပြင်ပေါ်မှာ သူတို့တွေ့ရှိခဲ့တဲ့ ထူးဆန်းတဲ့အရာဝတ္ထုတစ်ခုဟာ ကမ္ဘာဂြိုလ်ရဲ့ အနာဂတ်ကို ပြောင်းလဲစေနိုင်မယ့် ကံကြမ္မာကို သယ်ဆောင်လာခဲ့တဲ့အခါမှာတော့.....။(ဘာသာပြန်သူကတော့ Hein Min Tun  ပါ)File Size : (800 MB) Quality : WEB-DL 720p Running Time : 1hr 34min Format : Mp4 Genre : Sci-Fi Subtitle : Myanmar Subtitle (Hard Sub) Source : 720p.WEB-DL.XviD.AC3-FGT Translated by ...
movie

2036 Origin Unknown (2018)

2018
The Foreigner (2017) 7.2
The Foreigner (2017) The Foreigner (2017) IMDb - 7.0/10________Rotten - 65%၂၀၁၇ ထွက် ဂျက်ကီချန်းရဲ့ အက်ရှင်ကားအသစ်ကိုတင်ပေးထားပါတယ်။မြင်နေကြဟာသပုံစံမဟုတ်ဘဲ လေးနက်တဲ့ ဂျက်ကီကို မြင်ရပါလိမ့်မယ်။ဇာတ်လမ်းမှာ ဂျက်ကီဟာ အင်္ဂလန် နိုင်ငံသား သာမာန်စီးပွားရေးသမားတစ်ဦးပါပဲ။ဒါပေမယ့် သူ့ရဲ့နောက်ဆုံးကျန်တဲ့ သမီးလေးဟာ အကြမ်းဖက်ဗုံးခွဲမှုကြောင့် သေဆုံးသွားခဲ့တဲ့ နောက်မှာ တရားခံတွေကို အပြစ်ပေးနိုင်ဖို့ အသည်းအသန် လိုက်စုံစမ်းပါတော့တယ်။တရားခံတွေဟာ အိုင်ယာလန် ခွဲထွက်ရေးအဖွဲ့တစ်ခုကလို့ သိရတဲ့နောက်မှာ အဲဒီအဖွဲ့ဝင်ဟောင်း ဘဝကနေ ဒုဝန်ကြီးဖြစ်လာတဲ့ မစ္စတာ ဟန်နက်ဆီဟာ သူ့ရဲ့ပစ်မှတ်ဖြစ်လာပါတော့တယ်......ဂျက်ကီတစ်ယောက် အင်အားစုကြီးတစ်ခုကို ထိပ်တိုက်သွားရင်ဆိုင်မိလို့ ဒုက္ခရောက်မလား...လူကောင်းတစ်ယောက်ကို အစွန်းရောက်သွားစေခဲ့တဲ့ အကြမ်းဖက်အဖွဲ့တစ်ခုလုံး ဒုက္ခရောက်ရတော့မလားဆိုတာ...(ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်ပေးထားသူက ကိုနီယိုပါ)    File Size : (952 MB) Quality : Blu-Ray 720p Running Time : 1hr 53min Format : Mp4 Genre :Action, Crime, Drama Subtitle : Myanmar ...
movie

The Foreigner (2017)

2017