Channel Myanmar
Richard Ng
Echelon Conspiracy (2009)
Echelon Conspiracy (2009)  ၂၀၁၃ မှာ အက်ဒဝပ်စနိုးဒင်က အမေရိကန်​အမျိုးသား​လုံခြုံရေး​အေဂျင်စီ​ (NSA)​ရဲ့ လျှို့ဝှက်​ဖိုင်​တွေနဲ့ သူလျှို​အရှုပ်တော်ပုံတွေ လူ့အခွင့်အရေးနဲ့မညီတဲ့ ထောက်​လှမ်း​မှုတွေအကြောင်းကိုဖွင့်ချခဲ့ပြီး တစ်ကမ္ဘာလုံးကို အုတ်​အော်​သောင်း​တင်း​ဖြစ်စေခဲ့ပါတယ်။ ဒီဇာတ်ကားက စနိုး​ဒင်အဖြစ်အပျက်မတိုင်မီ ၂၀၀၉ မှာထွက်ရှိခဲ့တဲ့ Action /Thriller အမျိုး​အစားဖြစ်​ပြီး​ နောက်​လေးနှစ်အကြာမှာ စနိုး​ဒင်ဖွင့်ချခဲ့တဲ့ NSA ရဲ့​ထောက်လှမ်း​မှုတွေနဲ့ဆင်တူတဲ့အကြောင်းအရာတွေကို စိတ်ကူး​ယဥ်ဖော်ပြထားတာတွေ့ရပါတယ်။ဇာတ်လမ်း​အကျဥ်း​ကတော့​ မက်စ်ပီတာဆန်က ကွန်​ပျူ​တာအင်ဂျင်နီယာတစ်ဦးဖြစ်ပြီး ဘန်ကောက်​မှာ အလုပ်​ကိစ္စ​နဲ့ ခေတ္တ​နေထိုင်​စဥ်မှာ အမည်မသိတစ်စုံတစ်ယောက်က ပေးပို့လိုက်တဲ့ဆဲလ်ဖုန်းတစ်လုံးရရှိခဲ့ပါတယ်။ မကြာခင်​ အဲဒီဖုန်းကို message ဝင်လာပြီး ညနေ ပီတာဆန် စီးမဲ့လေယာဥ်ကိုမစီးဖို့ပြောပါတယ်။ နောက်​နေ့မှာ အဲဒီလေယာဥ်ပျက်ကျသွားတာကို မက်စ်သိလိုက်ရတဲ့အချိန်မှာ နောက်​ထပ် message ဝင်လာပါတယ်။ စတော့ရှယ်​ယာဝယ်ဖို့တိုက်တွန်းတာဖြစ်ပြီး ဝယ်ခိုင်းတဲ့ရှယ်ယာတန်ဖိုးက မကြာ​ခင် 300% ကျော်​အထိ​ထိုးတက်သွားပါတယ်။ထို့နောက်​မှာပြောသမျှအကုန်မှန်နေတဲ့ ဒီထူးဆန်းတဲ့ message တွေက သူ့ကို​ ချက်​နိုင်ငံ​ ပရဂ်မြို့ကိုသွားပြီး လောင်း​ကစားလုပ်ဖို့ညွှန်ကြားပါတော့တယ်။ ဒီလို​နဲ့ မက်စ်​တစ်ယောက်​ အမည်မသိသူတစ်ဥိီးရဲ့ ညွှန်ကြား​ချက်​အတိုင်းလိုက်နာပြီး ပရဂ်ကိုရောက်ရှိချိန်မှာတော့ ...
movie
Echelon Conspiracy (2009)
My Lucky Stars (1985) 6.3
My Lucky Stars (1985)   ဒီတစ်ကားမှာတော့ မာဆယ် (ဂျက်ကီချန်း) နှင့် ရစ်ကီတို့ဟာ ရဲဌာနက သိမ်းဆည်းရမိတဲ့လက်ဝတ်ရတနာတွေကို ခိုးထုတ်ပြီးတော့ သစ္စာဖောက်ပြီး ဂျပန်ကိုရှောင်ပြေးသွားတဲ့ စုံထောက်တစ်ယောက်ကို ဂျပန်ထိ လိုက်ဖမ်းရပါတော့တယ်။ ဒါပေမဲ့ ဒီသစ္စာဖောက်စုံထောက်ဟာ ဂျပန်က စာခြောက်ရုပ်ဂိုဏ်းကို ဝင်ရောက်ခိုလှုံသွားတဲ့အတွက် သူတို့နှစ်ယောက်သား ဒီဂိုဏ်းနဲ့ ပတ်သက်ရပြီး ရစ်ကီတစ်ယောက်အဖမ်းခံရတဲ့အတွက် မာဆယ် (ဂျက်ကီချန်း) တစ်ယောက် ဟောင်ကောင်အထူးရဲတပ်ဖွဲ့ကို တပ်ကူတောင်းရပါတော့တယ်။မာဆယ်က ရဲမှန်းမသိသာဘဲ စိတ်ချယုံကြည်ရမယ့် သူ့ဘော်ဒါဖြစ်တဲ့ တုတ်ကြီးကို လွှတ်ပေးဖို့ အကူအညီတောင်းပါတယ်။ ဒီအချိန်မှာ တုတ်ကြီးက မာဆယ်သတင်းပေးလို့ ထောင်ကျနေတာဖြစ်လို့ မာဆယ်က တုတ်ကြီးကို တစ်ဖက်လှည့်နဲ့ ပြန်လွှတ်စေချင်တာပါ။ ဒီလိုနဲ့ တုတ်ကြီးကို လွှတ်ငြိမ်းခွင့်ပေးပြီး ဂျပန်သွားခိုင်းပါတော့တယ်။ ဒါနဲ့ တုတ်ကြီးကလည်း သူ့ဘော်ဒါရင်းတွေဖြစ်တဲ့ ပြောင်ကြီး၊ ဆန်ဒီ၊ ဂင်ရှင်း၊ ရာဝစ်တို့ကိုပါ ခေါ်သွားချင်တဲ့အတွက် ကြီးကြပ်ရေးမှူးလည်း ခွင့်ပြုလိုက်ပေမယ့် သူ့လက်ထောက်ကောင်မလေးပါထည့်လိုက်ပြီး တစ်ပြုံတမကြီး ဂျပန်လစ်ပါတော့တယ်။ ဒီအချိန်မှာ တုတ်ကြီးတို့အဖွဲ့ ...
movie
My Lucky Stars (1985)
Twinkle, Twinkle, Lucky Stars (1985) 6.2
Twinkle, Twinkle, Lucky Stars (1985)    ဒီဇာတ်ကားလေးကတော့ တရုတ်ကားတွေမှာ မြင်နေကျ ဂျက်ကီချန်းအပါအဝင် ဒိတ်ဒိတ်ကြဲသရုပ်ဆောင်တွေ အရွယ်ကောင်းတုန်းက ရိုက်ကူးထားတဲ့ အက်ရှင်ဟာသဇာတ်ကားလေးတစ်ပုဒ်ပါ။ချီချီဝမ်ဆိုတဲ့ ပြဇာတ်သရုပ်ဆောင် ကောင်မလေးရဲ့ မိတ်ဆွေဖြစ်သူဟာ မူးယစ်ဆေးကုန်သွယ်မှုအကြောင်း သတင်းပေးထားတဲ့ စာတစ်စောင်ကို သူမဆီပို့လိုက်ပြီးတဲ့နောက်မှာ အသတ်ခံလိုက်ရပါတယ်။ ဒီအတွက်ကြောင့် ဒီသတင်းပေးထားတဲ့ စာစောင်ကို ရရှိမှ အမှုဆက်လိုက်လို့ရမှာဖြစ်တဲ့ စုံထောက်တွေဖြစ်တဲ့ ဂျက်ကီချန်းတို့ဟာ ချီချီဝမ်ကို အန္တရာယ်ကင်းကင်းနဲ့ စာကို လက်ခံရရှိနိုင်ပြီး သူတို့လည်း အမှုဖြောင့်ဖြောင့်စုံစမ်းလို့ရအောင် အသိဘော်ဒါတွေအိမ်မှာ ချီချီဝမ်ကို ပို့ထားလိုက်ပါတော့ တယ်။ဒီတော့ ဒီဘော်ဒါတစ်အုပ် မိန်းကလေးချောချောလေး အိမ်ပေါ်ရောက်လာတော့ ဘယ်လိုအကြံအဖန်တွေလုပ်ပြီး နှာထကြမလဲ၊ မူးယစ်ဆေးအမှုကိုရော ဒီကောင်တွေက ဘယ်လိုစောက်တလွဲတွေလုပ်ရင်းနဲ့ အမှုကို ကူညီဖော်ထုတ်သွားမလဲဆိုတာ ခွက်ထိုးခွက်လန်ရယ်မောရင်းနဲ့ ကြည့်ရှုရမှာဖြစ်ပါတယ်။ ဂျက်ကီချန်း အရွယ်ကောင်းတုန်းက အချိန်ကို ပြန်မြင်ရမှာကလည်း အမြတ်ပါပဲ။ ဒီဇာတ်ကားက စော်ငြင်းကောင်၊ စောက်ပေါ၊ နှာဘူးဖွန်ကောင်တွေ၊ အတည်ပေါက်နဲ့ နောက်တဲ့ကောင်တွေအပြင် ဇာတ်ကောင်မျိုးစုံပါဝင်တဲ့အတွက် ရှယ်ရယ်ရမှာဖြစ်ပြီး ကြည့်ရတာတန်တဲ့ကားဖြစ်ပါတယ်။ ဒီတော့ ...
movie
Twinkle, Twinkle, Lucky Stars (1985)
Wheels on Meals (1984) 7.0
Wheels on Meals (1984)    တရုတ်ကွန်ဖူးရုပ်ရှင်တွေမှာ နာမည်ကြီးတဲ့မင်းသားသုံးဦးဖြစ်တဲ့ Jackie Chan, Yuen Biao, Sammo Hung တို့ရဲ့ ပေါင်းစပ်မှုဖြစ်ပါတယ်။ ထုံးစံအတိုင်း ကွန်ဖူးနဲ့ဟာသကို ရောထားတဲ့ ကားလေးပါ။ ဇာတ်လမ်းကတော့ စပိန်နိုင်ငံမှာပဲ ရိုက်ကူးထားတာဖြစ်ပါတယ်။Jackie Chan နဲ့ Yuen Biao တို့ဟာ စပိန်နိုင်ငံမှာ အခြေချတဲ့ တရုတ်လူမျိုးတွေဖြစ်ပြီး Mobile စားသောက်ဆိုင်လေးနဲ့ အေးချမ်းတဲ့ဘဝကို ပိုင်ဆိုင်ထားပါတယ်။ Yuen Biao ရဲ့အဖေကတော့ စိတ်ကျန်းမာရေးမကောင်းသူမို့ ဆေးရုံကိုသွားရင်းနဲ့ လှပချောမောတဲ့ စပိန်သူ လေးကို တွေ့ခဲ့ကြရပါတယ်။ အဲဒီ လှပတဲ့စပိန်သူလေးက Jackie Chan နဲ့ Yuen Biao တို့ကို ဒုက္ခတွေအမျိုးစုံရောက်စေခဲ့ပါတယ်။ အလွတ်စုံထောက် Sammo Hung ကလည်း သူ့ရဲ့အမှုသည်အတွက် အဲဒီစပိန်သူလေးနောက်ကို လိုက်နေသူဖြစ်ပါတယ်။ အဲဒီအချိန်မှာပဲ လူဆိုးတစ်အုပ်က စပိန်သူလေးကို အတင်းပြန်ပေးဆွဲဖို့ ကြိုစားတာကို မင်းသားသုံးယောက်က ...
movie
Wheels on Meals (1984)
Winners & Sinners (1983) 6.8
Winners & Sinners (1983)     ပေါကားမဟုတ်တဲ့ ဟောင်ကောင်အက်ရှင်ဇာတ်ကားလေးတွေပြန်တင်ပေးလိုက်ပါတယ် 5 lucky stars seriesထဲက ပထမဆုံးကားလေးဖြစ်တဲ့ Winners and Sinners ပါ။ အဓိကသရုပ်ဆောင်အဖြစ် ကျွန်တော်တို့အကြိုက်ဇာတ်လိုက်မင်းသားကြီး Jackie Chan ကတော့သူ့ရဲ့ပုံစံအတိုင်းပဲလုပ်သမျှအလွဲတွေကြည့်ဖြစ်နေတတ်တဲ့ရဲတစ်ယောက် အဖြစ်ပါဝင်သရုပ်ဆောင်ထားပါတယ်ဇာတ်လမ်းအကျဉ်းလေးဟာဆိုရင်တော့ဖြင့် ခိုးမှု , လုယက်မှု , ပြည့်တန်ဆာခေါင်းလုပ်မှု စသဖြင့် ရာဇတ်မှု အမျိုးမျိုးနဲ့ထောင်ကျသွားတဲ့၅ယောက်ထောင်ထဲမှာတွေ့ကြပါတယ်တကယ်တော့သူတို့ကလည်းပေါတောတော အူတူတူတွေကြည့်စုထားပြီးမမိုက်ရဲ မိုက်ရဲနဲ့၅ယောက်ပေါင်းလောင်းကျော်နေတဲ့သူတွေပါတစ်ခုရှိတာက သူတို့ထောင်ကလွတ်တဲ့အချိန်မှာသူတို့၅ယောက်နဲ့တစ်ချိန်တည်းလွတ်သွားတဲ့သူတစ်ယောက်ရှိပါတယ်သူကတော့ဖိုက်တာလိုလို ဘာလိုလိုညာလိုလိုနဲ့အထာပေးကြမ်းတဲ့ဘဲကြီးတစ်ကောင်လည်းရက်စေ့ပြီးလွတ်သွားပါတယ်။ ဟို ၅ ယောက်ကရော ထောင်ကလွတ်ပြီးဘယ်တွေသွားကြမလဲ ဘာတွေလုပ်ကြမလဲ ပြီးတော့စီအိုင်ဒီကအလွဲတွေကြည့်လုပ်တတ်တဲ့ စုံထောက်ကျော်ကြီးကိုဂျက်ကီရယ် ၅ယောက်ပေါင်းလောင်းကျော်နေတဲ့ အူတိအူကြောင်ကောင်တွေရယ် ပိုက်ဆံအတုတွေထုတ်ပြီး ဘာညာသာဒကာ လျှောက်လုပ်နေတဲ့ဘဲကြီးရယ်ဘာတွေဆက်ဖြစ်ကြမလဲ ကြည့်ကြပါစို့ဗျာဇာတ်လမ်း အညွန်းကိုတော့ Pyae Xein Sett ကရေးသားပေးတာပါ File size…(2.5 GB)/(1.6 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:48:00 Genre...Action, Comedy, Crime Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Shoon ...
movie
Winners & Sinners (1983)
1983
Detective Dee and the Mystery of the Phantom Flame (2010) 6.6
Detective Dee and the Mystery of the Phantom Flame (2010) Detective Dee and the Mystery of the Phantom Flame (2010)IMDb Rating (6.6) / Rotten Tomatoes (80%)စုံထောက် ဒီး ...တရုတ်ပြည် ဂန္ဓာလရာဇ်ရဲ့ ကျော်ကြားတဲ့ အမှုလိုက်၊ အကြံပေး သက်‌တော်ရှည် အမတ်ကြီး။ အမည်ရင်းက ဒီးလျန်ကျယ် ပါ။ တရုတ်အမည်ကို မြန်မာလိုဖလှယ်တာဖြစ်လို့ မူကွဲတွေ၊ ခြားနားချက်တွေရှိပါတယ်။ အဲဒါတွေထဲကမှ မြန်မာနား၊ မြန်မာပါးစပ်နဲ့ အာထိလျှာထိရှိလှတဲ့ ဒီး ကို ကျွန်တော်အကြိုက်ဆုံးပါပဲ။မင်းမှုထမ်းမျိုးရိုးကနေဆင်းသက်ပြီး စာပေလေ့လာရေးအားကောင်းတဲ့၊ ဉာဏ်ပညာကြီးမားတဲ့ ယောက်ျားကောင်းတစ်ယောက်ပါ။ ခက်ခဲနက်နဲတဲ့အမှုတွေကို အမှုစစ်တစ်ယောက်အနေနဲ့ စုံစမ်းဖော်ထုတ်နိုင်သူ၊ တရားမမှုတွေကို မှန်ကန်စွာအဖြေထုတ် ဆုံးဖြတ်နိုင်တဲ့ တရားသူကြီး၊ ဘုရင်လုပ် အုပ်ချုပ်သူတွေအဆက်ဆက် အကြံပေးနိုင်တဲ့ သက်တော်ရှည်အမတ်၊ သမိုင်းမှာ ကျော်ကြားထိုက်သူပါပဲ။တိုင်းပြည်အတွက် သူထမ်းခဲ့တဲ့အကျိုးကျေးဇူးတွေများလွန်းလို့ ဂန္ဓာလရာဇ်ရဲ့ ဂန္ဓဝင်အမတ်ကြီး ပေါင်ကျင်းထျန်း နဲ့ထပ်တူ ဂုဏ်ပြုရသူကြီးပါ။ ...
movie
Detective Dee and the Mystery of the Phantom Flame (2010)
2010
1080p HEVC
Future Cops (1993) 5.9
Future Cops (1993) Future Cops (1993)~ IMDb - 5.9/10, MyDramaList - 7.5/10 ~ဒီကားက တကယ်ဆို ငစားကား။ ဘယ်လိုစားသတုန်းဆို အာနိုးရဲ့ Terminator ကားလို စတိုင်ကိုမှ Dragon Balls တွေ၊ Street Fighters တွေ၊ Fantastic Four ထဲက Reed Richards, Hulk ဘာညာ သာရကာ အကောင်စုံ ပလောင်စုံ ထည့်ထားတယ်။ အချောင်အနေနဲ့ စတီဖင်‌ချောင်ပါ ပါပါသေးတယ်။ စခွက်ပြောင်ပြီး ရိုက်ထားတယ်ဆိုပေမဲ့ သရုပ်ဆောင်တွေကတော့ ပေါ့ပေါ့သေးသေးတွေ မဟုတ်ပါဘူး။ ဟောင်ကောင် ပေါ့ဂီတရဲ့ နတ်မင်းကြီးလေးပါးလို့တင်စားကြတဲ့ အိုင်ဒေါဘဲတွေဖြစ်တဲ့ အန်ဒီလောင်၊ အာရွန်ကော့၊ ဂျက်ကီချောင် နောက် သူတို့ထဲ ကားရိုက်အနည်းဆုံးဖြစ်တဲ့ လီယွန်လိုင် ဒီလေးယောက်စလုံးပါတယ်ပြောရမယ်။ ပထမသုံးယောက်ကတော့ အကောင်လိုက်ကြီး ဝင်ပေါကြပေမဲ့ လီယွန်လိုင်ကတော့ နာမည်နဲ့ပဲ ဝင်ပေါသွားတာပါ။ ...
movie
Future Cops (1993)
1993
In the Line of Duty 3 (1988) 6.5
In the Line of Duty 3 (1988) မြန်မာပြည်မှာ ဟောင်ကောင်ဂျက်မလို့ လူသိများကြတဲ့ ဇာတ်ကားတွေကို ပြန်လည်တင်ဆက်သွားပါ့မယ်ဟောင်ကောင်ဂျက်မဆိုတာက အဲ့ချိန်တုန်းကမြင်ရခဲတဲ့ ဆံပင်တိုတိုနဲ့ ဟောင်ကောင်ရဲမေစုံထောက် ကွန်ဖူးဖိုက်တာတွေကို ဆိုလိုတာပါ…ဇာတ်ကားအများစုကို မီရှဲယိုနဲ့ Cynthia Khan တို့အဓိက သရုပ်ဆောင်ခဲ့ကြပါတယ်။ဂျက်မ Franchise အဖြစ် နာမည်ကြီးကြတာတော့ In The Line of Duty ဆိုတဲ့ဇာတ်ကားတွေပါပဲ။ဟောင်ကောင်ရဲ့ ရုပ်ရှင်ရွှေခေတ်မှာ နာမည်ကြီးခဲ့ကြတဲ့ မင်းသားမင်းသမီးအကုန်နီးပါး ဒီ Franchise ဇာတ်ကားတွေမှာ သရုပ်ဆောင်ခဲ့ကြပါတယ်။၁၉၉၀ ခုနှစ်လောက်က ဇာတ်ကားတွေဆိုပေမယ့် အခုချိန်ထိ ခေတ်မီနေပြီး သွက်လက်တဲ့ Action တွေကို ခံစားရမှာပါ။ဂျက်ကီချန်းရဲ့ဇာတ်ကားတွေလိုပဲ Action,Comedy,Drama Theme တွေကို လှလှပပ ကူးသန်းချိတ်ဆက်ထားပါတယ်။အခု ၃ ကားမြောက် တင်ဆက်လိုက်တဲ့ In the Line of Duty 3 (1988) ဇာတ်ကားကို Force of The Dragon လို့လဲ ...
movie
In the Line of Duty 3 (1988)
Yes, Madam! (1985) In the Line of Duty-2 6.6
Yes, Madam! (1985) In the Line of Duty-2  မြန်မာပြည်မှာ ဟောင်ကောင်ဂျက်မလို့ လူသိများကြတဲ့ ဇာတ်ကားတွေကို ပြန်လည်တင်ဆက်သွားပါ့မယ်...ဟောင်ကောင်ဂျက်မဆိုတာက အဲ့ချိန်တုန်းကမြင်ရခဲတဲ့ ဆံပင်တိုတိုနဲ့ ဟောင်ကောင်ရဲမေစုံထောက် ကွန်ဖူးဖိုက်တာတွေကို ဆိုလိုတာပါ...ဇာတ်ကားအများစုကို မီရှဲယိုနဲ့ Cynthia Khan တို့အဓိက သရုပ်ဆောင်ခဲ့ကြပါတယ်။ဂျက်မ Franchise အဖြစ် နာမည်ကြီးကြတာတော့ In The Line of Duty ဆိုတဲ့ဇာတ်ကားတွေပါပဲ။ဟောင်ကောင်ရဲ့ ရုပ်ရှင်ရွှေခေတ်မှာ နာမည်ကြီးခဲ့ကြတဲ့ မင်းသားမင်းသမီးအကုန်နီးပါး ဒီ Franchise ဇာတ်ကားတွေမှာ သရုပ်ဆောင်ခဲ့ကြပါတယ်။၁၉၉၀ ခုနှစ်လောက်က ဇာတ်ကားတွေဆိုပေမယ့် အခုချိန်ထိ ခေတ်မီနေပြီး သွက်လက်တဲ့ Action တွေကို ခံစားရမှာပါ။ဂျက်ကီချန်းရဲ့ဇာတ်ကားတွေလိုပဲ Action,Comedy,Drama Theme တွေကို လှလှပပ ကူးသန်းချိတ်ဆက်ထားပါတယ်။ခုပထမဆုံးတင်ဆက်လိုက်တဲ့ Yes, Madam! (1985) ဇာတ်ကားကတော့ In The Line of Duty-2 သို့မဟုတ် Police Assassins 2 အဖြစ်လဲ ခေါ်ဆိုကြပါတယ်။မင်းသမီးမီရှဲယိုနဲ့ အမေရိကန်မင်းသမီး ...
movie
Yes, Madam! (1985) In the Line of Duty-2
Lara Croft: Tomb Raider – The Cradle of Life (2003) 5.6
Lara Croft: Tomb Raider – The Cradle of Life (2003) အမျိုးသမီးဖိုက်တာဇာတ်ရုပ်တွေဆိုရင် Angelina Jolie ရဲ့ Lara Croft: Tomb Raider ရုပ်ရှင်တွေက ထိပ်ဆုံးကပါလာတတ်ပါတယ်။ဂိမ်းဇာတ်ကောင် Lara Croft ကို ရုပ်ရှင်အဖြစ်ရိုက်ကူးထားတာဖြစ်ပြီးLara Croft ဇာတ်ကားတွေရဲ့ တင်ဆက်ပုံက ဇာတ်လမ်းဇာတ်ကွက်ထက် ဇာတ်ကောင်ရဲ့ မိမိုက်နေမှုကိုပဲ ဦးစားပေးပုံဖော်ထားပါတယ်။ဇာတ်ကောင်မင်းသမီးကလဲ အင်ဂျလီနာဂျိုလီဆိုတော့ လိုတာထက်ပိုတဲ့ မိမိုက်နေမှုတွေကို ခံစားကြည့်ရှုရမှာပါ။ရှေးခေတ်က သဘာဝလွန်ပစ္စည်းတွေကို ရှာဖွေရာမှာ ကမ္ဘာကိုဒုက္ခပေးမယ့် လူဆိုးတွေနဲ့ အပြိုင်အဆိုင် အနိုင်ကြဲမယ့်မိန်းမ ဂျိမ်းစ်ဘွန်း အဖြစ် ဂျိုလီကိုရှုမြင်ရတာ လိုက်ဖက်လွန်းပါတယ်။Action, Adventure, Fantasy ဆိုတဲ့ အရသာကို အပြည့်အဝခံစားရမှာပါ။BluRay 4K Quality နဲ့ ပြန်လည်တင်ဆက်လိုက်ပါတယ်။ File size…(6.2 GB)/(1.7 GB)/(900 MB) Quality….BluRay 4K HEVC/ 1080p / 720p Format…mkv/mp4 Duration….01:57:21 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by KiKi
movie
Lara Croft: Tomb Raider – The Cradle of Life (2003)
2003
4K HEVC
Faithfully Yours (1988)
Faithfully Yours (1988) Faithfully Yours (1988) ===================ဟောင်ကောင်ရုပ်ရှင်လောကမှာ ပေါပြမနေပေမယ့် ပေါနေတဲ့ကားတွေ ရိုက်သတ်မကုန်ပါဘူး။ ချောင်ကတော့ ဒါနဲ့ ဆန့်ကျင်ဘက်ပါပဲ။ သူ့ရုပ်ရှင်တွေဟာ ပေါပြနေပြီး မပေါတဲ့ကားတွေပါပဲ။ ကျွန်တော်တော့ သူ့ကား နှစ်ဆယ်ကျော် ကြည့်ပြီးတဲ့အထဲမှာ သဘောမကျတဲ့ကားမရှိပါဘူး။ သူ့ရုပ်ရှင်တွေဟာ အဆင့်မြင့်ရုပ်ရှင်တွေမဟုတ်ပါဘူး ပြုံးမိစေမယ့် ရုပ်ရှင်တွေပါပဲ။ တစ်နေ့တစ်ခါလောက်တော့ ကျွန်တော်တို့ ပြုံးစရာရှိဖို့လိုတယ်မလား။Plot Summary ===========ဗေဒင်ဆရာရယ်၊ ဆံသဆရာရယ် အ၀တ်ချုပ်ဒီဇိုင်ရယ် သူငယ်ချင်းသုံးယောက်ရှိတယ်။ ဘေးဆိုင်က ဆံသဆရာအဘိုးကြီးကို ပြဿနာရှာမိပြီးမှ သူ့သမီးကိုတွေ့ပြီး ဗိုက်ကလေးနဲ့စောတင်မောင်မိန်းမပိုးသလို တစ်ယောက်ကိုတစ်ယောက် ကတ်လိုက်ဖဲ့လိုက်ဆော်လိုက်လုပ်ရင်း အဘိုးကြီးကိုဖားရင်း သူ့သမီးကိုအပြိုင် ပိုးကြတယ်။ပြုံးပျော်ဖို့ ပေါ့ပေါ့ပါးပါးကြည့်လိုက်ရအောင်။+++++++++++++++++ကျွန်တော့် Idol ကြီး စတီဖင်ချောင်ရဲ့ ဇာတ်ကားအကုန်လုံးကို 1080p BluRay Quality နဲ့တတ်နိုင်သမျှ ပြန်လည်စုစည်းတင်ဆက်မှာ ဖြစ်ပါတယ်။တင်ပြီးသမျှကို  https://channelmyanmar.org/category/stephen-chow/   မှာကြည့်လို့ရပါတယ်။  File size…(2 GB) and (1 GB) Quality….BluRay 1080p and 720p (HEVC Encode) Format…mkv Duration….01:28:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by WiRa Aung
movie
Faithfully Yours (1988)
HEVC 1080p
Twinkle, Twinkle, Lucky Stars (1985)
Twinkle, Twinkle, Lucky Stars (1985) 1983 ခုနှစ်မှာထွက် ရှိခဲ့တဲ့ Winner & Sinner ရဲ့အဆက် ဒုတိယကား My lucky star ရဲ့နောက်ဆက်တွဲအဖြစ် Twinkle Twinkle Lucky Star ကို ထပ်မံထွက်ရှိခဲ့ပါတယ်ပထမ ၂ကားလိုပဲ အရူး ၅ယောက်ဟာ အလွဲတွေလုပ်ပြီး ဟာသတွေနဲ့အရွန်းဖောက်ပြီး ပရိတ်သတ်ကို မငြီးငွေ့စေပဲ တကားလုံးကို ဆွဲခေါ်သွားမှာပါဇာတ်လမ်း အကျဉ်းလေးကတော့ ဟောင်ကောင်အစိုးရဟာ သက်သေရှာမရလို့လွတ်ထားရတဲ့ မူးယစ်ဆေးဂိုဏ်းကို ဖော်ထုပ်ဖို့အတွက် တလွဲ၅ယောက်ကို တဖက်လှည့် နဲ့ ထောင်ကလွတ်ပေးလိုက်ရပြန်ပါတယ် မက်လုံးအနေနဲ့ကတော့ ဒီအမူပြီးရင် လွတ်ငြိမ်းချမ်းသာခွင့်ရမှာပါ ကဲ ပရိတ်သတ်ကြီးရေအလွဲ၅ကောင်က ဘယ်လိုအလွဲတွေနဲ့ ပရိတ်သတ်ကြီးကို တခွီးခွီးရယ်နေစေမလဲဆိုတာကိုတော့ ဆက်လက်ကြည့်လိုက်ကြပါဦးလား _ Zawgyi_1983 ခုနှစ်မှာထွက် ရှိခဲ့တဲ့ Winner & Sinner ရဲ့အဆက် ဒုတိယကား My lucky star  ရဲ့နောက်ဆက်တွဲအဖြစ် Twinkle Twinkle Lucky ...
movie
1985
My Lucky Stars (1985) 6.6
movie
My Lucky Stars (1985)
1985
Walk With Me ( 2019 ) 5
movie
Walk With Me ( 2019 )
2019
A Lifetime Treasure ( 2019 ) 5.3
A Lifetime Treasure ( 2019 ) Zawgyi*******ဒီဇာက်ကားလေးဟာ ဟောင်ကောင်ဟာသလေးလေးဖြစ်ပြီးအရမ်းကိုရယ်ရတဲ့ဇာက်ကားလေးပါ တကယ်ပါ ဇာက်လမ်းဇာက်အိမ်ကောင်မွန်ပြီးနမည်ကြီးမင်းသားကြီးတွေ ပါဝင်ထားပြီး ဟာသ dramaကားလေးပဲ ဖြစ်ပါတယ်ဒီဇာက်ကားထဲမှာ companyတစ်ခုလုပ်နေတဲ့ သူငယ်ချင်းနှစ်ယောက်ဟာသူဌေးရဲ့ခိုင်းစေချက်အရ ဘိုးဘွားရိပ်သာကို ရောက်ရှိလာပါတယ်အဲ့ဒီဘိုးဘွားရိပ်သာမှာဆိုရင် လူ ၇ယောက်ပဲ ရှိပါတယ်ပထမဆူံးတစ်ယောက်ကတော့ ဘိုးဘွားရိပ်သာပိုင်ရှင်ဆရာဝန်ခပ်ကြောင်ကြောင်တစ်ယောက်ပါပဲ သူက ဆရာဝန်သာပြောတယ်သူ့ဘာသာသူ ဘာရောဂါဖြစ်နေမှန်းမသိတဲ့သူပါနောက်တစ်ယောက်ကတော့ ဆရာဝန်လက်ထောက် သူနာပြုမှလေးပါသူကတော့ ခပ်ချောချောလေး ဒါပေမဲ့ သူမလုပ်နိုင်တာဘာမှမရှိပါဘူးနောက်ငါးယောက်ကတော့ သက်ကြီးရွယ်အိုတွေပါ လူကြီးတွေလို့သာပြောတယ်သူတို့မှာ သူတို့ရဲ့ဇာက်လမ်းလေးတွေ လူမသိသေးတဲ့ သူတို့ရဲ့ကျွမ်းကျင်မှုတွေကို တွေ့ရမှာပါ ဟိုခပ်ကြောင်ကြောင်သူငယ်ချင်းနှစ်ယောက်ရိပ်သာကိုရောက်လာတာ ဘာရယ်ရွယ်ချက်ရှိလို့လဲ သူတို့နဲ့ ရိပ်သာကဘိုးဘွားတွေ ဘယ်လိုအလွဲတွေနဲ့ ခွီးရမလဲဆိုတာ ဇာက်ကားလေးသာကြည့်လိုက်ကြပါတော့ ညွန်းရမယ်ဆိုရင် တော်တော်လေးကို ပေါ့ပါးပြီးရယ်ရတဲ့ကားကောင်းလေး တစ်ကားဖြစ်တာကြောင့် ကြည့်ရှုသူတွေစိတ်ကြေနပ်မှုရှိစေမှာပါ. Unicode*******ဒီဇာက်ကားလေးဟာ ဟောင်ကောင်ဟာသလေးလေးဖြစ်ပြီးအရမ်းကိုရယ်ရတဲ့ဇာက်ကားလေးပါ တကယ်ပါ ဇာက်လမ်းဇာက်အိမ်ကောင်မွန်ပြီးနမည်ကြီးမင်းသားကြီးတွေ ပါဝင်ထားပြီး ဟာသ dramaကားလေးပဲ ဖြစ်ပါတယ်ဒီဇာက်ကားထဲမှာ companyတစ်ခုလုပ်နေတဲ့ သူငယ်ချင်းနှစ်ယောက်ဟာသူဌေးရဲ့ခိုင်းစေချက်အရ ဘိုးဘွားရိပ်သာကို ရောက်ရှိလာပါတယ်အဲ့ဒီဘိုးဘွားရိပ်သာမှာဆိုရင် လူ ၇ယောက်ပဲ ရှိပါတယ်ပထမဆူံးတစ်ယောက်ကတော့ ဘိုးဘွားရိပ်သာပိုင်ရှင်ဆရာဝန်ခပ်ကြောင်ကြောင်တစ်ယောက်ပါပဲ သူက ဆရာဝန်သာပြောတယ်သူ့ဘာသာသူ ဘာရောဂါဖြစ်နေမှန်းမသိတဲ့သူပါနောက်တစ်ယောက်ကတော့ ...
movie
A Lifetime Treasure ( 2019 )
2019
Hotel Soul Good ( 2018 ) 3.9
Hotel Soul Good ( 2018 ) Zawgyi*******Comedy လေးနဲ့ပေါ့ပေါ့ပါးပါးဇာတ်လမ်းလေးပါပဲဒီဇာတ်လမ်းလေးကတော့ အသက်၃၀အရွယ် ကေသီချောင်ဟာမိဘမဲ့ဂေဟာမှာကြီးပြင်းလာပြီ အောင်မြင်တဲ့ဟော်တယ်တစ်ခုမှာကြီးကြပ်ရေးမှုးရာထူးနဲ့အလုပ်ဝင်နေတာပါတစ်နေ့ကျတော့ သူ့ရဲ့သူငယ်ချင်းကသစ္စာဖောက်ပြီးရည်းစားရောအလုပ်အကိုင်ရောလုယူသွားတဲ့အခါထိုသို့တင်မကပဲ ကေသီချောင်က ကြယ်မိုးရွာတာကနေမတော်တဆဖြစ်ပြီးသေလုမျောပါးဖြစ်ရာကနေတစ္ဆေတွေကိုမြင်နိုင်တဲ့အစွမ်းပါရလာပါလေရောအဲ့ဒီလိုမြင်နိုင်ရာကနေ သရဲ၃ကောင်ကသူ့နားတစ်ဝယ်လည်လည်လောက်နေလို့ ပြဿ နာဖြစ်ရာကနေသူဘဝကိုဘယ်လိုတွေအဆင်ပြေအောင်လုပ်မှာလဲဆက်လက်ကြည့်ရှုကြပါစို့လို့ တိုက်တွန်းလိုက်ပါတယ်နော် Unicode*******Comedy လေးနဲ့ပေါ့ပေါ့ပါးပါးဇာတ်လမ်းလေးပါပဲဒီဇာတ်လမ်းလေးကတော့ အသက်၃၀အရွယ် ကေသီချောင်ဟာမိဘမဲ့ဂေဟာမှာကြီးပြင်းလာပြီ အောင်မြင်တဲ့ဟော်တယ်တစ်ခုမှာကြီးကြပ်ရေးမှုးရာထူးနဲ့အလုပ်ဝင်နေတာပါတစ်နေ့ကျတော့ သူ့ရဲ့သူငယ်ချင်းကသစ္စာဖောက်ပြီးရည်းစားရောအလုပ်အကိုင်ရောလုယူသွားတဲ့အခါထိုသို့တင်မကပဲ ကေသီချောင်က ကြယ်မိုးရွာတာကနေမတော်တဆဖြစ်ပြီးသေလုမျောပါးဖြစ်ရာကနေတစ္ဆေတွေကိုမြင်နိုင်တဲ့အစွမ်းပါရလာပါလေရောအဲ့ဒီလိုမြင်နိုင်ရာကနေ သရဲ၃ကောင်ကသူ့နားတစ်ဝယ်လည်လည်လောက်နေလို့ ပြဿ နာဖြစ်ရာကနေသူဘဝကိုဘယ်လိုတွေအဆင်ပြေအောင်လုပ်မှာလဲဆက်လက်ကြည့်ရှုကြပါစို့လို့ တိုက်တွန်းလိုက်ပါတယ်နော် Translated & Review By XiaoEncoded By LK
movie
Hotel Soul Good ( 2018 )
2018
Rigor Mortis (2013) 6.3
Rigor Mortis (2013) 2013 ခုနှစ်ကထွက်ရှိထားတဲ့ တရုတ် ၀ိဉာဏ်သိုင်းကားလေးတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ် ဇာတ်ကားလေးက ပရလောကရဲ့ ဆန်းကြယ်မူတွေနဲ့ လူ့ဘ၀ရဲ့ ထူးဆန်းတဲ့ ကံကြမ္မာအကြောင်းတွေကို တင်ဆက် ပြသထားတာပါ လူတွေဟာ သေဆုံးပြီးရင် ကိုယ်ချစ်ရခင်ရတဲ့ သူတွေကို နုတ်ဆက်ဖို့ အချိန် ၇ရက်ပေးတယ်လို့ ယုံကြည်ကြပါတယ် ဒီကားကလဲ ဒီရိုးရာ ယုံကြည်မူလေးကိုအခြေခံပြီးရိုက်ကူးထားတာပါ ဒီဇာတ်ကားကို ရိုက်ကူးခဲ့တဲ့ သူကတော့ ၁၉၈၀ ပတ်ချာလည်လောက်က တရုတ် တစ္ဆေ ဖုတ်ကောင်ကားတွေ ကို ရိုက်ကူးထုပ်လုပ်ပြီးအောင်မြင်မူရခဲ့ တဲ့ juno mak က ရိုက်ကူးထုပ်လုပ်ခဲ့တာ ဖြစ်ပါတယ် ဇာတ်လမ်း အကျဉ်းကတော့ ထွေထွေထူးထူး ပြောစရာ သိပ်မရှိပဲ ခပ်ကြမ်းကြမ်း သိုင်းအက်ရှင်ခန်းတွေပါတာမို့ အသတ်အပုတ် ပရိတ်သတ်တွေကတော့ကြိုက်နှစ်သက်မယ့် ကားကောင်းတကားပါ Qty - 720p BlurayDuration - 1hr 45minGern - Action/thrillsubtitle - Myanmar HardsubEncoder - Kyaw Ye Aung
movie
Rigor Mortis (2013)
2013
Ghost Punting (1992) 5.6
Ghost Punting (1992) Ghost Punting (1992)_____IMDb - 5.6/10   1983 က စတင်ထွက်ရှိခဲ့ပြီး ဂျက်ကီချန်း ပါဝင် သရုပ်ဆောင်ခဲ့တဲ့ Winner & Sinner ဆိုတဲ့ ဇာတ်ကားကို မသိတဲ့သူတော့ မရှိလောက်ဘူးလို့ထင်ပါတယ် အဲ့ဒီကားထဲမှာ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ ချီးထုတ် နာဘူး ၅ယောက် ကိုလဲ သိပ်စိမ်းကြမှာ မဟုတ်ပါဘူး အခုကားလေးကတော့ winner & sinner ၂ကားပြီးတော့ နောက်ဆက်တွဲ ထွက်ရှိခဲ့တဲ့ ဟာသကားလေးပါ ဒီကားလေးကတော့ IMDb 5.6 ရခဲ့ပြီး ပေါ့ပေါ့ပါးပါးနဲ့ အခုလို သောကြာနေ့ည မှာကြည့်ဖို့ တင်ဆက်ပေးလိုက်ပါတယ်ဇာတ်လမ်းအကျဉ်းလေးကတော့ အားလပ်ရက်မှာ ကမ်းခြေကိုအလည်အပတ်ထွက်လာခဲ့တဲ့ ချီးထုတ် အလွဲ ၅ယောက်ဟာ ကမ်းခြေ သူတို့နေထိုင်ရာ အနားမှာ သရဲ ခြောက်တာကို သိရတော့ သူတို့ ဟာ သွားရောက် စုံစမ်းရင်း ဘယ်လိုတွေ ဖြစ်ကြမလဲ ဘယ်လိုအလွဲတွေ ဖြစ်ကြမလဲ သူတို့ဘယ်လိုတွေ ကံကောင်းသွားမလဲ သရဲကကော ဘာကြောင့် သရဲ ဖြစ်နေတာလဲ ...
movie
Ghost Punting (1992)
1992
Magnificent Warriors (1987) 6.4
Magnificent Warriors (1987)   ဒီဇတ်ကားကိုစကြည့်ရတဲ့အချိန်တုန်းကကျွန်တော်အ တော်လေးငယ်ပါသေးတယ် မီရှဲယိုကိုအဲဇတ်ကားကနေစပြီးကြိုက်ခဲ့တယ်လို့ပြောလို့ရတယ် နောက်ပိုင်းမှာသူ့ကားတွေအတော်ကြည့်ဖြစ်တယ် မင်းသမီးမီရှဲယိုဟာကမ္ဘာကျော်မင်းသားကြီးတွေနဲ့အတူတူသရုပ်ဆောင်ခဲ့ ပြီး အာရှသာမကကမ္ဘာကျော်ရုပ်ရှင်မင်းသမီးတစ်ဦးပါအက်ရှင်တွေသာမကဒရာမတွေပါပိုင်နိင်တဲ့မင်းသမီး ဖြစ်ကြောင်းကို the lady ဆိုတဲ့ဇတ်ကားမှာတွေ့နိင်ပါ တယ် ဂျိမ်းစ်ဘွန်းကားမှာလည်းပါဝင်သရုပ်ဆောင်ဖူးတဲ့ထိုမင်းသမီးဟာဂျက်ကီချမ်း ဂျက်လီတို့နဲ့အပြိုင်နာမည် ကြီးတဲ့မင်းသမီးတစ်ဦးပါပဲ ဇတ်လမ်းအကျဉ်းကိုပြောပြရရင်တော့တရုတ်နဲ့ဂျပန်စစ်ဖြစ်နေတဲ့ကာလအတွင်းမင်းသမီးမီရှဲယိုဟာ မျိုးချစ်တော်လှန်ရေးသမားတစ်ဦးကိုသွားရောက်ကယ်တင်တဲ့ဇတ်လမ်းလေးပါ လမ်းခုလတ် မှာဘာတွေကြုံရမလဲဘယ်သူတွေနဲ့တွေ့ကြုံရမလဲဆိုတာစိတ်ဝင်တစားကြည့်ရှုရမှာပါ အက်ရှင်သာမကဟာသလည်းရောနှောပါဝင်တာမို့သေချာပါတယ် cmပ ရိတ်သတ်တွေအကြိုက်တွေ့မယ်လို့ထင်ပါတယ် ကျွန် တော်ကြိုက်ခဲ့တဲ့ဇတ်ကားလေးကိုအကောင်းဆုံးကွာလတီနဲ့ဘာသာပြန်ပေးလိုက်ပါတယ် ဒေါင်းလော့ဆွဲပြီးသိမ်းထားကြပါလို့ပဲပြောကြားရင်း   (ဇာတ်လမ်းအညွှန်းနဲ.ဘာသာပြန်က ကိုစိုးထွေးပါ)   File Size : (680 MB) and (330 MB) Quality : Dvdrip 480p Running Time : 1hr 31minutes Format : Mp4 Genre : Action, Drama Translated By Soe Htwe Encode By Thanhtike Zaw
movie
1987
Vampire Cleanup Department (2017) 5.7
Vampire Cleanup Department (2017) Vampire Cleanup Department (2017) IMDb - 5.7/10_____Rotten - 80%    ဟောင်ကောင်မှာ နေထိုင်ကျက်စားနေတဲ့ သွေး စုပ်ဖုတ်ကောင်တွေကို နှိမ်နင်းတဲ့အဖွဲ့အကြောင်း ဇာတ်အိမ်တည်ထားပါတယ်။ သွေးစုပ်ဖုတ်ကောင်တွေဟာ ဟောင်ကောင်မှာ ဟိုးနှစ်ပေါင်းများစွာကတည်းကရှိခဲ့တာဖြစ်ပြီး ဒါတွေကို အဓိကနှိမ်နင်းတဲ့ ဗီစီဒီ (Vampire Cleanup Department)လို့ခေါ်တဲ့ ဌာနတစ်ခုရှိပါတယ်။ အဲဒီအဖွဲ့ဟာ ညဉ့်နက်သန်းခေါင်မှာ တံမြက်စည်းလှည်းတဲ့ အဖွဲ့အနေနဲ့ ထွက်လာပြီး လမ်းမှာတွေ့သမျှ သွေးစုပ်ကောင်တွေကိုဖမ်းပြီး အမှိုက်ပုံးကြီးထဲထည့်ကာ သိမ်းဆည်းနှိမ်နင်းပစ်တာဖြစ်ပါတယ်။ တစ်ရက်မှာတော့ တင်မ်ချန်းဟာ သွေးစုပ်ကောင်တစ်ကောင်နဲ့ဆုံပြီး အသတ်ခံရလုဆဲဆဲမှာ ဗီစီဒီအဖွဲ့က အချိန်မီကယ်ဆယ်ခဲ့ပါတယ်။ တင်မ်မှာ သွေးစုပ်ကောင်တွေရဲ့ အဆိပ်ကို တွန်းကန်နိုင်တဲ့ ကိုယ်ခံစွမ်းအားရှိနေ တယ်ဆိုတာ ဗီစီဒီအဖွဲ့ရဲ့ အကြံပေးအန်ကယ်ချန်က သတိထားမိပါတယ်။ ဒါနဲ့ပဲ ဗီစီဒီအဖွဲ့က ကပ္ပတိန်ချူ၊ သရဲဆရာဂျင်ဂျာ၊ နည်းပညာကျွမ်းကျင်သူအမ်၊ လက်နက်ကျွမ်းကျင်သူ ကွေတို့ကို တင်မ်ရဲ့အကြောင်း ပြောပြပြီး ဗီစီဒီအဖွဲ့ရဲ့ မျိုးဆက်သစ်အဖြစ် ပါဝင်စေဖို့ အန်ကယ်ချန်က အကြံပြုခဲ့ပါတယ်။ ဒီလိုနဲ့ တင်မ်တစ်ယောက် ဗန်ပိုင်းယားဖမ်းတဲ့အဖွဲ့ဝင်အဖြစ် ...
movie
Vampire Cleanup Department (2017)
2017