Channel Myanmar

Ritabhari Chakraborty

Fatafati (2023) 7.5
Fatafati (2023) Fatafati IMDb-8/10အခုတစ်ခေါက်မှာတော့ CM ပရိသတ်ကြီးအတွက် လူ့ပတ်ဝန်းကျင်မှာ ဖြစ်တတ်တဲ့ body shaming ဆိုတဲ့ အယူအဆအမှားကို ‌ထောက်ပြထားတဲ့ drama ဇာတ်ကားကောင်းလေးတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်ဒီဇာတ်ကားမှာ အဓိကဇာတ်ဆောင်အနေနဲ့ ပူ‌လော်ရာဘာဒူရီဆိုတဲ့ သာမန်စက်ချုပ်သမတစ်ယောက်က ပါဝင်သရုပ်ဆောင်ထားပါတယ် သူ(မ)ဟာ overweight ဖြစ်နေတာကြောင့် ‌က‌လေးမရနိုင်တာလို့ ယူဆပြီး အိမ်မှာရှိတဲ့ယောက္ခမရဲ့ အပြစ်တင် ဝေဖန်မှုကို ခံနေရတဲ့အပြင်၊ လူ့ပတ်ဝန်းကျင်အသိုင်းအဝိုင်းမှာပါ body shaming လုပ်တာကို မကြာခဏခံနေရသူတစ်ဦးပါအဲဒီလို body shaming ကြောင့် စိတ်ဒဏ်ရာတွေ ရနေပေမဲ့လည်း တဖက်မှာတော့ သူ(မ)ဟာ အောင်မြင်တဲ့ designer influencerတစ်ဦး ဖြစ်လာအောင် လက်မလျှော့ဘဲ ကြိုးစားနေတဲ့သူလည်းဖြစ်ပါတယ် body shaming ကြောင့် ရလာမဲ့ စိတ်ဒဏ်ရာတွေကို အံတုပြီး သူ(မ)ရဲ့အိပ်မက်ဖြစ်တဲ့ အောင်မြင်တဲ့ဒီဇိုင်နာဖြစ်အောင် လုပ်နိုင်ပါ့မလား ၊ မလုပ်နိုင်ဘူးလား ဆိုတာကိုတော့ CMရဲ့ ရုပ်ရှင်ချစ်သူ ပရိသတ်ကြီးကပဲ ဆက်လက် ကြည့်ရှူပေးကြရမှာပဲ ဖြစ်ပါတယ်ထပ်ဆောင်းအနေနဲ့ ဒီ" Fatafati "ဇာတ်ကား‌ဟာ လူ့အဖွဲ့အစည်းမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ body shamingနဲ့ ပတ်သက်တဲ့ ယူဆချက်အမှားလေးတွေကို ထောက်ပြပြီး သင်ခန်းစာပေးနိုင်မဲ့ ဇာတ်ကားကောင်း‌လေးတစ်ခုမို့ လက်မလွှတ်တမ်း ကြည့်ရှုခံစား‌ပေးကြပါဦးလို့ တိုက်တွန်းလိုက်ပါရ‌စေလားရှင်(အညွှန်းနဲ့ဘာသာပြန်တွေကတော့ YH~Cherry~Moon~Saii~Yunniတို့ပဲ ဖြစ်ပါတယ်) File size…2.04GB ...
movie

Fatafati (2023)

2023
Pari (2018) 6.6
Pari (2018) Pari (2018) IMDb - 6.6/10_____Rotten - 42%  မိုးတွေ သဲကြီးမဲကြီးရွာတဲ့ တစ်နေ့မှာ အာနက်ဘ်နဲ့ သူ့မိဘတွေဟာ အာနက်ဘ်အတွက် သတို့သမီးလောင်းလေးနဲ့ တွေ့ဆုံ မင်္ဂလာစကားပြောဆိုပြီး မြို့ပြင် တောတစ်နေရာကို ဖြတ်သွား တုန်း တစ်စုံတစ်ခုကို ကားနဲ့တိုက် မိခဲ့ပါတယ်။ အိမ်ခြေရာမဲ့ လျှောက်သွားနေပုံရတဲ့ အဘွား အိုတစ်ဦးကို တိုက်မိတာဖြစ်ပြီး နေရာမှာတင် ပွဲချင်းပြီး သေဆုံး သွားခဲ့ပါတယ်။အဲဒါနဲ့ပဲ အာနက်ဘ်ဟာ ရဲတွေကို အကြောင်းကြားပြီး အနီးအနားမှာ အဘွားအိုရဲ့ အိမ်ကို လိုက်ရှာတဲ့အခါမှာ အိမ်ထဲမှာ ထူးဆန်းတာတစ်ခုနဲ့ တွေ့ခဲ့ပါ တယ်။အဘွားအိုရဲ့ သမီးဖြစ်တဲ့ ရက်ခ်ဆာဟာနာဆိုတဲ့ မိန်း ကလေးကို လက်ထိတ်ခြေထိတ် တွေခတ်လျက်သားနဲ့ တွေ့ခဲ့တာဖြစ်ပြီး မိန်းကလေးကြည့်ရတာ မူမမှန်ဖြစ်နေကာ အပြင်လောကနဲ့ လုံးဝအဆက်အဆံမရှိတဲ့ ပုံစံ မျိုးဖြစ်နေတာပါ။သေသွားတဲ့ အဘွားအိုအ တွက် ဓလေ့ထုံးတမ်းအတိုင်း သဂြုႋဟ်ပေးပြီးနောက်မှာတော့ အာနက်ဘ်ဟာ ရက်ခ်ဆာဟာနာ ...
movie

Pari (2018)

2018