Channel Myanmar

Rod Hallett

Anna (2013) 6.4
Anna (2013) Anna (2013)~ IMDb rating - 6.4/10 ~Mindscape ဆိုတဲ့ ထောက်လှမ်းရေးအေဂျင်စီက သာမန်ထောက်လှမ်းရေးအေဂျင်စီတစ်ခုမဟုတ်ဘဲ လူတွေရဲ့မှတ်ဥာဏ်တွေကိုဖတ်နိုင်တဲ့ စိတ်စွမ်းအင်ရှိတဲ့သူတွေနဲ့ဖွဲ့စည်းထားတဲ့ အေဂျင်စီတစ်ခုဖြစ်ပြီး နှစ်ပေါင်းများစွာ လက်သည်မပေါ်တဲ့အမှုတွေကို ဖော်ထုတ်ပေးနိုင်ခဲ့ပါတယ်။ဂျွန်ဝါရှင်တန်ကတော့ Mindscape လက်အောက်က နာမည်ကြီး မှတ်ဥာဏ်စုံထောက်တစ်ဦးပါ။ အထက်လူကြီးက သူ့ကို သာမန်ဆယ်ကျော်သက်တွေထက်ထူးခြားနေတဲ့ အန်နာဆိုတဲ့ကောင်မလေးကို မှတ်ဥာဏ်ဖတ်ပေးဖို့ တာဝန်ပေးလိုက်ပါတယ်။အန်နာက ကျောင်းတွင်းအကြမ်းဖက်မှုရဲ့တရားခံအဖြစ်နဲ့ကျောင်းထုတ်ခံထားရပြီး အခန်းပြင်ထွက်ခွင့်မရဘဲ အချိန်ပြည့်စောင့်ကြည့်ခံနေရပြီး ပထွေးဖြစ်သူက အန်နာကို စိတ်ကျန်းမာရေးဆေးရုံပို့ဖို့ပြင်နေပါတယ်။ ဂျွန်ရောက်လာတာဟာ အန်နာ့အတွက် အပြစ်ကင်းကြောင်းသက်သေပြဖို့ မျှော်လင့်ချက်ဖြစ်လာပါတယ်။အန်နာ့ကိုမှတ်ဥာဏ်ဖတ်ရင်း ဂျွန်ရဲ့ Career တလျှောက်မှာ တခါမှမကြုံဖူးတဲ့ ထူးထူးဆန်းဆန်းအရာတွေဖြစ်လာပါတော့တယ်။ ကျောင်း Hallway ကရပ်နေတဲ့နာရီ၊ အပြင်ကကျောင်းသူစာရင်းထဲမှာမရှိတဲ့နာမည်နဲ့ အန်နာ့ကျောင်းနေဖက်တစ်ယောက်ရဲ့လည်ပင်းကအမာရွတ်အပေါက်... ဘယ်အပိုင်းတွေကအမှန်ဖြစ်ပြီး ဘယ်အပိုင်းတွေက အန်နာလုပ်ကြံဖန်တီးထားတာလဲ...တကယ်ပဲအန်နာက Victim လား... လူသတ်သမားလား... ဆိုတာ ​​​ကြည့်ရှုသူတွေကိုယ်တိုင်ဆုံးဖြတ်ရမှာဖြစ်ပါတယ်။(ဒီဇာတ်ကားနဲ့အညွှန်းကို Hnin Ei Pai မှ ပြန်ဆို ရေးသားထားပါတယ်)Size ...
movie

Anna (2013)

2013
The Last Kingdom: Seven Kings Must Die (2023) 7.7
The Last Kingdom: Seven Kings Must Die (2023) The Last Kingdom: Seven Kings Must Die (2023) ================================= IMDb Rating - 7.7/10နာမည်ကြီး The Last Kingdom ဇာတ်လမ်းတွဲရဲ့ ဇာတ်သိမ်း ရုပ်ရှင်ထွက်လာပါပြီ ။ Vikings နဲ့ Game of Thrones fan တွေဆိုရင် သေချာပေါက်အကြိုက်တွေ့မယ့် ဇာတ်လမ်းတွဲ လည်းဖြစ်ပါတယ် ။၀က်ဆက်ရဲ့ဘုရင် အက်ဒ်၀က်ကျဆုံးပြီးနောက်မှာ အရိုက် ရာဆက်ခံသူအဖြစ် သားဖြစ်သူ အဲသည်စတန် နန်းတက်လာ ပါပြီ။ ဖခင်ရဲ့ မပြီးပြတ်သေးတဲ့ဆန္ဒဖြစ်တဲ့ အင်္ဂလန်ပြည်ကြီး ကိုတည်ဖို့အတွက် ဆက်လက်ကြိုးစားနေဆဲပါ။အက်ဒ်၀က်ဘုရင် ကျရှုံးပြီးနောက်မှာ အရင်က အူထရက် အကူ ညီနဲ့ မဟာမိတ်ဖွဲ့ပေးခဲ့တဲ့ နော့သမ်းဘီးယား၊ ၀င်ချက်စတာ၊ စကော့တလန်၊ ဝေလ အစရှိတဲ့ဘုရင့်နိုင်ငံတော်များကလည်း ခွဲထွက်ရေးအတွက် မဟာမိတ်ဖွဲ့ပြီး ၀က်ဆက်နန်းတက်ဘုရင် ကို တော်လှန်ကြပါတယ်။ ဒါကို လက်ပိုက်ကြည့်နေလို့မဖြစ်တော့ တဲ့ ဇာတ်လိုက်ကျော်ကြီး ဘီဘာမ်ဘာ့ရဲ့ အူထရက်က ၀င်ပါ ရပါတော့တယ်။The last Kingdom ဇာတ်လမ်းတွဲရဲ့နောက်ဆုံးအဆုံးသတ် ဖြစ်သလို အူထရက်နဲ့ ၀က်ဆက်ပြည်ကြီး ဘယ်လိုအဆုံးသတ် သွားမလဲ၊ အင်္ဂလန်ပြည်ကြီးရောတည်ထောင်သွားမှာလား ...
movie

The Last Kingdom: Seven Kings Must Die (2023)

2023
5000 Blankets (2023) 6.1
5000 Blankets (2023) 5000 Blankets (2023)IMDb ~ 6.3တက္ကဆက်ပြည်မြောက်ပိုင်း ဖို့တ်ဝေါ့သ်မှာ အိမ်ခြေရာမဲ့တွေကို ကူညီပေးနေတဲ့ “Philip’s Wish” ဆိုတဲ့ အဖွဲ့ကြီးတစ်ဖွဲ့ ရှိပါတယ်။ အိမ်ခြေရာမဲ့တွေကို စောင်၊ စားစရာနဲ့ အခြေခံ လူသုံးပစ္စည်းတွေ သိန်းနဲ့ချီပြီး ထောက်ပံ့ပေးနေတဲ့ အဖွဲ့ကြီးပါ။အဲဲဒီအဖွဲ့ကြီးကို တည်ထောင်ခဲ့သူတွေကတော့ စင်ဒီနဲ့ဖေးလ်လစ်ဆိုတဲ့ သားအမိနှစ်ယောက်ပါ။ဒီသားအမိက စိတ်ကစဉ့်ကလျား ရောဂါဖြစ်ပြီး အိမ်က ထွက်သွားတဲ့ စင်ဒီရဲ့ယောကျာ်း၊ ဖေးလ်လစ်ရဲ့အဖေ ဘော်ဘီကို လိုက်ရှာဖို့ ကြိုးစားရင်း ဖို့တ်ဝေါ့သ်က အိမ်ခြေရာမဲ့တွေရဲ့ ညတာရှည်ပြီး ချမ်းအေးလှတဲ့ ဘဝကို သိရှိခဲ့ရပါတယ်။ဘော်ဘီလည်း သူတို့လို ဖြစ်နေမလားဆိုတဲ့စိတ်နဲ့ ဖို့တ်ဝေါ့သ်က အိမ်ခြေရာမဲ့ ၅၀၀၀ ထောင်ကျော်အတွက် စောင်တွေ လိုက်ဝေပေးဖို့ စိတ်ကူးမိရာကနေ ဒီဖောင်ဒေးရှင်းကြီး ပေါ်ပေါက်လာတာပါ။ဒီဇာတ်လမ်းက အဲဒီဖြစ်ရပ်မှန်ကို အသက်သွင်းပြီး ရိုက်ကူးထားတာပါ။ ဇာတ်လမ်းက Plot twist တွေလည်း မရှိသလို တင်ပြပုံကလည်း ရိုးရိုးရှင်းရှင်းပါပဲ။ ဒါပေမဲ့ အကြင်နာတရား ကင်းမဲ့ပြီး ဖြစ်ချင်တိုင်း ဖြစ်နေတဲ့ ...
movie

5000 Blankets (2023)

2023
The Hitman’s Bodyguard (2017) 6.9
The Hitman’s Bodyguard (2017) The Hitman's Bodyguard (2017)IMDb - 6.9/10_____Rotten - 43%  2017 ရဲ့ အကောင်းဆုံး Action Comedy တွေထဲက တစ်ခုပါ။ သြဂုတ် ၁၈ ကမှ ရုံတင်တာဖြစ်ပြီး IMDb 6.9 နဲ့ Box Office မှာ ထိပ်ဆုံးရောက်နေပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ဘီလာရု သမ္မတဟောင်း ဗလာဒီဆလက် ဒူကိုဗစ်ချ်ကို နိုင်ငံတကာရာဇဝတ်မှုတရားရုံးက တရားစွဲထားချိန်မှာ သူ့ကို အပြစ်ရှိကြောင်း သက်သေထွက်ဆိုမယ့်သူ မရှိပါဘူး။ ဒူကိုဗစ်ချ်ရဲ့လူတွေက သက်သေမှန်သမျှကို လိုက်ပြီး နှုတ်ပိတ်နေလို့ပါ။ ဝါရင့်ကြေးစားလူသတ်သမားကြီး ဒဲရီးယပ် ကင်ကိတ်ကတော့ နောက်ဆုံးမှာ အပေးအယူလုပ်ပြီး သက်သေထွက်ဖို့ သဘောတူလိုက်ပါတော့တယ်။ အဲဒီအတွက် သူ့ကိုကာကွယ်ပေးဖို့ အေသုံးလုံးအဆင့် အထူးသက်တော်စောင့် မိုက်ကယ် ဘရိုက်စ်ကို အကူအညီတောင်းရတဲ့အခါမှာ လူသတ်သမားနဲ့သက်တော်စောင့် ရန်သူဟောင်းကြီး နှစ်ယောက် အတူလက်တွဲရပါတော့တယ်။ သူတို့အတိတ်မှာ ပြဿနာခဏဏတက်ထားတာမို့  လုံးဝမတည့်ပဲ ရန်တစောင်စောင်နဲ့ ထောင်ကနေ တရားရုံးခရီးကို ဒူကိုဗစ်ချ်ရဲ့ လူသတ်သမားများစွာကို ဖြတ်ကျော်ပြီး အရောက်သွားရတဲ့အခါ...... သက်တော်စောင့်ဘရိုက်စ်ဟာ အရာရာကို တွက်ဆပြီး ပြင်ဆင်လုပ်တတ်သူ၊ ကင်ကိတ်ကတော့ တုံးတိုက်တိုက် ကျားကိုက်ကိုက်နည်းလမ်းက ...
movie

The Hitman’s Bodyguard (2017)

2017