Channel Myanmar
Roger Cross
12 Rounds 3: Lockdown (2015) 5.1
12 Rounds 3: Lockdown (2015) မတော်တဆမှုတစ်ခုကြောင့် တာဝန်ကနေခေတ္တအနားယူလိုက်ရတဲ့ စုံထောက် ဂျွန် ရှောဟာ ရဲဌာနမှာ တာဝန်ပြန်လည်ထမ်းဆောင်ချိန်မှာ အရင်ကတွဲဖက်အဖြစ်လုပ်ခဲ့ဖူးတဲ့ စုံထောက် ဘာ့ခ်ရဲ့ မသမာတဲ့ အလုပ်တွေကို မထင်မှတ်ပဲ သိရှိသွားခဲ့ပြီး လုပ်ဖော်ကိုင်ဖက်ဟောင်း နှစ်ယောက် ဘယ်လိုမျိုး ဆက်ပြီး ရင်ဆိုင်ကြမလဲ.... မသမာတာတွေကိုလုပ်နေတဲ့ ဘာ့ခ်ကရော ဘာအကြောင်းကြောင့် ဒါမျိုးတွေလုပ်နေရသလဲဆိုတာနဲ့ ဂျွန်အနေနဲ့က ဘယ်လိုမတော်တဆမှုမျိုးဖြစ်ထားလို့ တာဝန်ကနေပါ အနားယူထားရသလဲဆိုတာကို ဒီဇာတ်လမ်းထဲမှာ အက်ရှင်အကြမ်းစားတွေနဲ့ ဒီကားမှာ ဖော်ပြထားပါတယ်.ဇာတ်လမ်းကြာချိန် ၁ နာရီခွဲလောက်တောက်လျှောက်ကို အက်ရှင်ကြမ်းကြမ်းတွေ လှည့်ကွက်တွေနဲ့ ဇာတ်လမ်းပြီးတဲ့အထိ ထိုင်ရာကနေမထပဲ ကြည့်သင့်တဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်.ရှေ့ကထွက်ခဲ့တဲ့ 12 Rounds 1 နဲ့ 12 Rounds 2 တို့လိုမျိုး ဒီကားမှာလဲ WWE Superstar တစ်ယောက်ဖြစ်တဲ့ Jon Moxley က အဓိက ပါဝင်သရုပ်ဆောင်ထားပြီး ၂၀၁၅ ခုနှစ်ကထွက်ရှိခဲ့တဲ့ အက်ရှင်ကားကောင်းတွေထဲကတစ်ကားဖြစ်ပါတယ်. File size…(1.8 GB)/(915 ...
movie
12 Rounds 3: Lockdown (2015)
Wanted Man (2024)
Wanted Man (2024) 2024 ရဲ့နှစ်ဦးပိုင်းမှာ အသစ်စက်စက်ထွက်ရှိထားတဲ့ Action/ Thriller ဇာတ်ကားကောင်းလေးတစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ်မင်းသားကြီး Dolph Lundgren အဓိကပါဝင်သရုပ်ဆောင်ထားပြီး ကိုယ်တိုင် ဒါရိုက်တာလည်း လုပ်ထားပါသေးတယ် မင်းသမီးချောလေး Christina Villa တို့ မင်းသားကြီး Kelsey Grammer တို့ကလည်း ပါဝင်အားဖြည့်ထားကြသေးတယ်ဆိုတော့......ဇာတ်လမ်းလေးကတော့ မက္ကဆီကိုနဲ့ အမေရိကန်နယ်စပ်တစ်နေရာမှာ တရားမဝင် လူ/ဆေး ကုန်ကူးသမားတွေကို အသွင်ယူပြီးလိုက်နေတဲ့ DEA အေ့ဂျင့်နှစ်ယောက်အသတ်ခံလိုက်ရတာကစတာပဲ မျက်မြင်သက်သေတွေဖြစ်ကြတဲ့ အပျော်မယ်နှစ်ယောက်က အဲဒီဖြစ်ရပ်ထဲမှာ ထွက်ပြေးလွတ်မြောက်သွားခဲ့တယ် ဂျိုဟန်ဆန် ဆိုတဲ့ ဝါရင့်ရဲစုံထောက်ကြီးကို အဲဒီမျက်မြင်သက်သေနှစ်ယောက်ကို မက္ကဆီကိုကနေ အမေရိကန်ဘက်ကို တရားခံပြောင်းရွေ့ဖို့တာဝန်ပေးခံရတာကနေ.......ဘယ်လိုအန္တရာယ်မျိုးတွေနဲ့ရင်ဆိုင်ရမလဲ...... ဒီလူသတ်မှုရဲ့နောက်ကွယ်ကရည်ရွယ်ချက်ကဘာလဲ...... ဒီလူသတ်မှုရဲ့နောက်ကွယ်မှာဘယ်သူတွေရှိနေတာလဲ..... ဆိုတာတွေကိုတော့ဒီဇာတ်ကားကိုအညွှန်းရေးပြီး ဘာသာပြန်ပေးထားတာကတော့ Leo ဖြစ်ပါတယ် File size…(1.1 GB)/(597 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:23:00 Genre...Action, Thriller  Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Leo 
movie
Wanted Man (2024)
Heatwave (2022) 5.1
Heatwave (2022) Heatwave (2022) =============ကလဲရ်ဆိုတဲ့ကောင်မလေးဟာ ငယ်စဉ်က အိမ်ရှင်ရဲ့ပေါ့ဆမှုကြောင့် တစ်မိသားစုလုံးမီးလောင်သေဆုံးခဲ့တဲ့အဖြစ်ကိုအခုချိန်ထိမမေ့နိုင် သေးတဲ့သူပါ။ လက်ရှိအချိန်မှာတော့ ဆောက်လုပ်ရေးလုပ်ငန်းရှင် စကော့ရဲ့ လက်အောက်မှာလက်ထောက်အဖြစ်အလုပ်လုပ်နေပြီး ရည်မှန်းချက်လည်းကြီးကြီးမားမားရှိထားပါတယ်။သူတို့နေထိုင်ရာ မြို့ကိုအပူလှိုင်းရိုက်ခတ်နေပြီးမခံနိုင်လောက်အောင်ဖြစ်လာတဲ့အ ခါမှာ သူငယ်ချင်းဖြစ်သူအလုပ်လုပ်နေတဲ့ ကွန်ဒိုတစ်ခုက ရေကူးကန် မှာခိုးပြီးသွားအပန်းဖြေလေ့ရှိပါတယ်။ တစ်နေ့တော့ အဲ့ဒီရေကူးကန် ဘေးမှာ အိဗ်ဆိုတဲ့မိန်းမလှလေးတစ်ယောက်နဲ့ဆုံတွေ့ရာကနေချစ် ဇာတ်လမ်းစခဲ့ကြပါတယ်။သူ့အလုပ်ရှင် စကော့က အိမ်ကိုညစာဖိတ်ကျွေးတဲ့ညတစ်ညမှာတော့ သူ့ချစ်သူအိဗ်နဲ့အလုပ်ရှင်ရဲ့ဇနီးဂျနဗီးတို့ဟာ တစ်ဦးတည်းဖြစ်တယ်ဆို တာသိသွားတဲ့နောက် သူ့ဘက်က အိဗ်ကို အဆက်ဖြတ်ဖို့ကြိုးစားပေမယ့် မအောင်မြင်ခဲ့ပါဘူး။ အဲ့ဒီလိုရှုပ်ထွေးနေတဲ့အခြေအနေတွေကြားမှာမှ စကော့တစ်ယောက် ရုံးကနေဒေါသူပုန်ထအိမ်ပြန်သွားတဲ့နေ့ကစပြီး ပျောက်ကွယ်နေတဲ့အတွက် စုံစမ်းစစ်ဆေးမှုတွေရှိလာပြီး အခြေအနေ တွေက သူ့ကိုပဲ တရားခံအဖြစ်ညွှန်ပြနေတဲ့အခါမှာတော့ ကလဲရ်တစ် ယောက်သူ့မှာအပြစ်မရှိဘူးဆိုတာသက်သေပြနိုင်ဖို့ ပြေးရင်းလွှားရင်း စုံစမ်းရပါတော့တယ်။ Thriller ကြိုက်ပရိသတ်တွေအတွက် ဇာတ်ကား ကောင်းတစ်ကားပါ။ plot hole တစ်ချို့ရှိနေပေမယ့် သရုပ်ဆောင်တွေရဲ့ သေသပ်မှုနဲ့တင်ဆက်ပုံတို့ကြောင့် လှည့်ကွက်တွေနဲ့အဆုံးထိဆွဲခေါ်သွား မယ့် ဇာတ်ကားပါပဲ။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Alias ဖြစ်ပါတယ်)File Size..........(1.1 GB) / (570 MB) Quality............WEB-DL 1080p / 720p Duration.........1Hr 40Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Thriller Translator.......Alias Encoder..........SWM
movie
Heatwave (2022)
2022
War for the Planet of the Apes (2017) 7.4
War for the Planet of the Apes (2017) War for the Planet of the Apes (2017) IMDb - 7.4/10_____Rotten - 94%   အမေရိ ကန်စိတ်ကူးယဉ်သိပ္ပံဇာတ်ကား ဖြစ်တဲ့ War for the Planet of the Apes ဆိုတဲ့ ဇာတ်ကားလေးအ ကြောင်း ပြောပြပါရစေ။ ရုပ်ရှင် ဝေဖန်ရေးသမားတွေရဲ့ ချီးကျူး တဲ့ သုံးသပ်ချက်တွေ ရထားတဲ့ ဒါရိုက်တာမက်ရိဗ်စ်ရဲ့လက်ရာ ဇာတ်ကားလေးကို ၂၀ ရာစုမြေ ခွေးရုပ်ရှင် ထုတ်လုပ်ရေးကနေ ဖြန့်ချိထားတာပါ။ဒီတစ်ခါ ဇာတ်လမ်းကတော့ နာမည်ကြည့်လိုက်တာနဲ့ စစ်ပွဲလို့ သုံးထားတဲ့အတွက် လူသားတစ် ယောက်လို အိုင်ကျူမြင့်တဲ့ ချင် ပန်ဇီမျောက်ဝံဆီဇာခေါင်းဆောင် တဲ့ မျောက်ဝံတပ်သား အဖွဲ့နဲ့ မျောက်ဝံတွေကို သုတ်သင်ဖြိုခွဲ မယ့် လက်နက်ကိုင်တပ်ဖွဲ့တို့ရဲ့ တိုက်ပွဲကိုအဓိကဇာတ်အိမ်တည် ထားတာပါ။မျောက်ဝံစစ်တပ်ကို ဖြိုခွင်း ဖို့အတွက် အယ်လ်ဖာ-အိုမီဂါလို့ ခေါ်တဲ့ ...
movie
War for the Planet of the Apes (2017)
2017
4K HEVC
Justice League: Warworld (2023) 5.7
Justice League: Warworld (2023) Justice League: Warworld (2023) ========================Justice League ရဲ့ Warworld ဆိုတဲ့ Animation ကားလေးထွက် လာပါပြီ။ Warworld ဆိုတဲ့အတိုင်း စစ်ပွဲတွေနဲ့ ပြည့်နေတဲ့ ကမ္ဘာကြီး ပေါ့။ ဒါပေမဲ့ အရှိသဘောအတိုင်း တည်ရှိနေတဲ့ ကမ္ဘာမဟုတ်ပဲ ဂြိုလ် တစ်ခုလောက်ကြီးမားပြီးစကြာဝဠာတစ်ခုလုံး မာတီဗာစ့်တွေအကုန်လုံး ပြောရရင် တည်ရှိမှုအကုန်လုံးကို ဖျက်ဆီးနိုင်တဲ့ စွမ်းအားအကြီးဆုံး လက်နက်ပါပဲ။ အဲလက်နက်ရဲ့ အစွမ်းက Virtual World တစ်ခုကို တည်ဆောက်ပြီး လူတွေရဲ့ စိတ်ကိုထိန်းချုပ်ကာ လူတွေဆီက ထွက် လာတဲ့ အကြောက်တရား...အမုန်း..ဒေါသ အစရှိတဲ့ မကောင်းတဲ့ခံစား ချက်တွေကို စွမ်းအင်အရင်းအမြစ်အနေနဲ့ အသုံးချတာပါ။ဒီတော့ အကျဉ်းသားအနေနဲ့ လူတွေကို ဖမ်းဆီးပြီးအသုံးချရတာပေါ့၊ ဖမ်းခံရတဲ့သူတွေထဲ စူပါမန်း..ဘတ်မန်း နဲ့ ဝန်ဒါဝူးမန်း တို့ပါ ပါသွားခဲ့ ပါတယ်။ ဒီလိုနဲ့ သုံးယောက်သား စစ်ကမ္ဘာထဲမှာ ကျင်လည်ဖို့ရာဖြစ်လာ တော့တာပေါ့။ အစပိုင်းမှာတော့ ကောင်းဘွိုင်ခေတ်ရောက်လိုက်၊ Wizard တွေနဲ့ ချလိုက်၊ ဟီးရိုးတွေကလည်းစိတ်ထိန်းချုပ်ခံထားရတော့ သူတို့ ကိုယ်သူတို့ ဘယ်သူတွေမှန်းမသိပဲ ဇာတ်ရည်မလည်ပဲဖြစ်နေပါလိမ့်မယ်။ နောက်ဆုံးမှာတော့ တစ်စုံတစ်ခုက သူတို့ကိုလှမ်းခေါ်နေတဲ့ ...
movie
Justice League: Warworld (2023)
2023
All Saints Christmas (2022) 5.7
All Saints Christmas (2022) All Saints Christmas(2022)လစ်ဇက်နဲ့ မတ်သရူးတို့ဟာ အောင်မြင်ပြီးသား အဆိုတော်နှစ်ယောက်ပေါ့လက်ရှိမှာတော့ သူတို့နှစ်ယောက်ဟာ break up ဖြစ်ထားတယ်လစ်ဇက်ကလည်းသူ့ဟာသူshow ပွဲတွေဆက်ဆို မတ်သရူးကလည်း music producing အပိုင်းတွေလုပ်ပြီး အဆက်သွယ်ပြတ်နေကြတဲ့ ရည်းစားဟောင်းတွေပေါ့ဒါပေမယ့် အမှတ်မထင် ခရစ္စမတ်အတွက်စျေးဝယ်ထွက်လာရင်း အခုခေတ်လို social media ခေတ်ထနေတဲ့အချိန်မှာသူတို့နှစ်ယောက်ပြန်တွဲနေကြပြီဆိုပြီး သတင်းတွေတက်လာတော့တာပေါ့အဲ့မှာမိသားစုတွေရော သူငယ်ချင်းတွေရော ပရိတ်သတ်တွေကပါအထင်မှားနေတဲ့ကိစ္စကိုပြေလည်အောင်နှစ်ယောက်ဘယ်လိုတွေဖြေရှင်းနေရင်းနဲ့ အချိန်အတန်ကြာငြိမ်းနေခဲ့တဲ့သူတို့ရဲ့အချစ်မီးတောက်လေး ဘယ်လိုပြန်အစပျိုးလာမလည်းဆိုတာခရစ္စမတ်ကာလ အေးအေးလေးမှာ အပန်းဖြေကြည်ကြည့်ကြပါ FA တွေလည်းကြည့်လို့ရပါတယ်နော်( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Hein That Naing ပါ )File Size__(1.7GB) / (850MB) Quality__WEB-DL_1080p, 720p IMDb Rating__5.7/10 Format__mp4 Duration__01:24:00 Type__Comedy, Drama, Romance Subtitle__Myanmar Subtitle (Hardsub) Translated by Hein That Naing Encoded by Naing Aung Latt
movie
All Saints Christmas (2022)
Mad Money (2008) 6.2
Mad Money (2008) ဒီတခါတော့ အဟောင်းပေမယ့်ကောင်းနေသေးတဲ့ ဟာသဇာတ်မြူးကားလေး တစ်ခုကို တင်ဆက်ပေးလိုက်ပါပြီ. Imdb 5.8ရထားပြီး Comedy/Heistဆိုတော့ လူတိုင်းကြိုက်ကြမယ့် ကားလေးပေါ့ဗျာ. ဇာတ်လမ်းအကျဉ်းကတော့ ဘရစ်ဂတ်ရဲ့ခင်ပွန်း ဒွန်ဟာ နှစ်ပေါင်းများစွာ လုပ်ခဲ့တဲ့ အလုပ်ကနေ ပြုတ်သွားတာကြောင့် တသက်လုံး အေးဆေးနေခဲ့တဲ့ ဘရစ်ဂတ်တို့မိသားစုဟာ ဒုက္ခရောက်တာပေါ့ဗျာ. ခင်ပွန်းဒွန်ကလဲ အလုပ်ပြုတ်ပြီး စိတ်ဓာတ်တွေ တဖြုတ်ဖြုတ်ကျတာကြောင့် ဘာမှမလုပ်နိုင်ဖြစ်ပြီး စီးပွားရေးအခြေအနေက ပို ဆိုးလာခဲ့ပါတယ်. ဘယ်လောက်တောင် ဆိုးလဲဆို သူတို့အိမ်ဖော်ကိုတောင် လခမပေးနိုင်လို့ အကြွေးတောင်းခံရတဲ့ထိပါပဲ. ကံကောင်းချင်တော့ အဲ့ဒီအိမ်ဖော်မလေးကပဲ ဘရစ်ဂျတ်ကို အလုပ်တစ်ခုလုပ်ဖို့ အကြံပေးခဲ့ပါတယ်. အဲ့ဒီအလုပ်ကတော့ ဘဏ်မှာ သန့်ရှင်းရေးလုပ်တာပါပဲ. ဘရစ်ဂျတ်ကလဲ ငွေလိုနေတာဆိုတော့ ဝင်လုပ်တာပေါ့ဗျာ. ဝင်လုပ်ရင်းနဲ့ ပဲ ဘဏ်ရဲ့ဟာကွက်တချို့ကို တွေ့ပြီး အဲ့ဒီကနေ ငွေရပေါက်အကြီးကြီးဖြစ်သွားတာပေါ့. ဒါပေမယ့် သူတစ်ယောက်တည်းလုပ်ဖို့ကျ အဆင်မပြေတာကြောင့် ဘဝတူ ဘဏ်ဝန်ထမ်းအဖော်နှစ်ယောက်စုပြီး သုံးယောက်ပေါင်းကာ ကွက်ကျော်ရိုက်ကြပါတယ်. သူတို့ရဲ့ ငွေရပေါက်ဟာ တရားမဝင်တော့ လူအင်အားပိုလိုလာလို့ လူစုရင်းနဲ့ အုပ်စုတစ်ခုလိုဖြစ်ပြီး အတူတူ ကွက်ကျော်ရိုက်ကြရင်း အလွဲတွေဖြစ်ပြီး တိုင်ပတ်တာကို ရိုက်ပြထားတဲ့ ဟာသဇာတ်မြူးလေးပေါ့ဗျာ. ဒီဇာတ်လမ်းကိုကြည့်ရင် ဘဝအမောတွေ ကျိန်းသေပြေစေမှာမလို့ ကြည့်ဖြစ်အောင် ကြည့်လိုက်ကြပါဦးဗျာ    File Size - 1.1 gb Quality - bluray 1080p Subtitle -  burmese Translator - YK Encoder - ...
movie
Mad Money (2008)
2008
Justice League Dark: Apokolips War (2020) 8.8
Justice League Dark: Apokolips War (2020) Justice League: War ကနေ စတင်ပြီး ဖြစ်ပေါ်လာခဲ့တဲ့DC Animated Universe (DCAU) ရဲ့ နောက်ဆုံးကားပါ။ပိုးစိုးပက်စက်ကြမ်းပါတယ်။ဒီစီဖန်တွေ ကြည့်ရက်စရာမရှိလောက်အောင် ကြမ်းမှာဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ Justice League အဖွဲ့တွေကDarkseid ကမ္ဘာဂြိုဟ်ဆီ လာကျူးကျော်ဖို့ အစပျိုးနေတာကို သိသွားပြီးတဲ့နောက်သူတို့ဘက်က လက်ဦးမှုအရင်ရအောင် စူပါမင်းက ဦးဆောင်ပြီးApokolips ဂြိုဟ်ကို သွားတိုက်ကြတာပါ။ကံဆိုးချင်တော့ Darkseid ကသူတို့ရဲ့အစီအစဉ်တိုင်းကို ကြိုသိနေတဲ့အခါ မရှုမလှရှုံးသွားကြတယ်။ကမ္ဘာဂြိုဟ်လည်း Darkseid လက်အောက်ကျရောက်သွားခဲ့တယ်။အဲဒီနောက်ပိုင်း ၂ နှစ်အကြာကို ဇာတ်အိမ်တည်ထားတာပါ။Justice League အဖွဲ့တွေ Darkseid နဲ့ရင်ဆိုင်ပြီးဘာတွေဖြစ်ကုန်လဲဆိုတာ Flashpoint ထက်ကြမ်းတဲ့ ဒီ Apokolips War မှာ ကြည့်ရှုရမှာဖြစ်ပါတယ်။ File Size : ...
movie
Justice League Dark: Apokolips War (2020)
The Chronicles of Riddick (2004) 6.7
movie
2004
World Trade Center (2006) 5.9
World Trade Center (2006) World Trade Center (2006)IMDb - 5.9/10_____Rotten - 67%   World Trade Center လို့ဆိုလိုက်တာနဲ့ ကမ္ဘာ့အကြီးဆုံးကုန်သွယ်ရေးအဆောက်အအုံဖြစ်တဲ့ အမွှာညီနောင် တာဝါ2ခုကို အားလုံးသိကြမယ်လို့ထင်ပါတယ်..2001 ခုနှစ်မှာ စက်တင်ဘာလ 11ရက် နေ့မှာ အမေရိကန် ပြည်ထောင်စု New York City မှာရှိတဲ့ World Trade Center အမွှာညီနောင်ကုန် သွယ်ရေးအဆောက်အအုံကို အိုစမာဘင်လာဒင်ရဲ့ အကြမ်းဖက် သမားများအဖွဲ့က ပြန်ပေးဆွဲယူ လာခဲ့သော လေယာဉ်2 စင်းနဲ့နဲ့အသေခံဝင်တိုက်ခဲ့ပါတယ်..ပြန်ပေးဆွဲခဲ့တဲ့လေယာဉ်တွေကတော့American Airlines Flight 11 နဲ့ United Airlines Flight 175 ပဲဖြစ်ပါတယ်.. လေယာဉ်နဲ့ဝင်တိုက်ခံရပြီးနှစ်နာရီအတွင်းမှာပဲ တာဝါ၂ခုလုံး ပြိုလဲပျက်စီးခဲ့ပါတယ်. အသက်ကယ်ဆယ်ဖို့ရောက်လာတဲ့မီးသတ်သမားတွေ ကယ်ဆယ်ရေးတပ်ဖွဲ့တွေလည်းအတွင်းမှာပိတ်မိခဲ့ပြီးတော့ တော်တော်များများ သေကြေခဲ့ရပါတယ် ဒီတိုက်ခိုက်မှုနဲ့ ဒီတာဝါ ပြိုကျပျက်ဆီးမှုကို ဖြစ်ရပ်မှန်ပေါ်မှာ သရုပ်ဖေါ်ထားတဲ့ World Trade Center ရုပ်ရှင်ကိုတော့ 2006 ခုနှစ်မှာ ထွက်ရှိခဲ့ပြီးတော့ ဒါရိုက်တာ Oliver Stone ရိုက်ကူးထားပါတယ် အားလုံးနဲ့အကျွမ်းဝင်ပြီးသားဖြစ်တဲ့ မင်းသားကြီး Nicolas Cage ကတော့ ...
movie
World Trade Center (2006)
2006