Channel Myanmar

Roger Hammond

A Good Woman (2004) 6.5
A Good Woman (2004) A Good Woman (2004) ================== IMDb Rating - 6.5/10ဒီဇာတ်လမ်းဟာ တစ်ခေတ်တခါက စာပေလောကမှာ ကျော်ကြား ခဲ့ဖူးသူ စာရေးဆရာကြီး Oscar Wilde ရဲ့ Lady Windermere's Fan ဆိုတဲ့ ပြဇာတ်ကို ပြန်လည် အသက်သွင်းရိုက်ကူးထားခြင်း ဖြစ်ပါတယ်။ဒီ ၂၀၀၄ ဗားရှင်းဟာ လေးကြိမ်မြောက်ထွက်ရှိလာတဲ့ screen version လည်း ဖြစ်ပါတယ်။ သူ့မတိုင်ခင်က ပြဇာတ်ရဲ့ မူရင်း နာမည်နဲ့ အသံတိတ်ရုပ်ရှင်အပါအဝင် The Fan ဆိုတဲ့ နာမည်နဲ့ နှစ်ခါတိတိ ရုပ်ရှင်တွေထွက်ဖူးခဲ့ပြီးသားဖြစ်ပါတယ်။ ဒီ ၂၀၀၄ ရုပ်ရှင်မှာတော့ မင်းသမီး Helen Hunt နဲ့ Scarlett Johansson တို့က အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်။မူရင်းပြဇာတ်ရဲ့ နာမည်က Lady Windermere's Fan ဆိုတဲ့ အတိုင်း အဖြစ်အပျက်တွေ အားလုံးရဲ့ နိဒါန်းကတော့ Mr Win- dermere တစ်ယောက် ဇနီးဖြစ်သူရဲ့ မွေးနေ့အတွက် ရွေးချယ်လို့ ဝယ်ခဲ့တဲ့ ဒီယပ်တောင်လေး တစ်ချောင်းက ...
movie

A Good Woman (2004)

2004
Around the World in 80 Days (2004) 5.9
Around the World in 80 Days (2004) [Unicode]IMDb rating 5.4/10 ရရှိထားပြီး ဗြိတိသျှ တီထွင်သူတယောက်၊ တရုပ်လူမျိုးသူခိုးနဲ့ ပြင်သစ်အနုပညာရှင်ကောင်မလေး ချောချောလေးတို့ရဲ့ စွန်းစားခန်းတွေကိုရိုက်ကူးထားတာဖြစ်ပါတယ်။ ဖီလီးယက်ဖော့ဟာ အင်္ဂလန် ဗစ်တိုးရီးယန်းမှာ နေထိုင်တဲ့ တီထွင်သူတစ်ယောက်ဖြစ်ပြီး သူဟာ ကမ္ဘာကြီးကို ရက် ရှစ်ဆယ်နဲ့ပတ်နိုင်လိမ့်မယ်လို့ ယုံကြည်နေပါတယ်။ နောက်ထပ် တီထွင်သူ တစ်ယောက်က သူ့ကို အဲ့ဒီခရီးသွားဖို့ စိန်ခေါ်မှုအလောင်းအစားကိုကို ဖီလီးယက် လက်ခံခဲ့ပါတယ်။သူ့နဲ့ အတူ ခရီးသွားဖော်ကတော့ သစ္စာရှိ အိမ်စေတစ်ယောက်ဖြစ်တဲ့ ပါဆီပါတောက်နဲ့ လှပတဲ့ လမ်းပြတစ်ယောက်ဖြစ်တဲ့ မိုနစ်ခ် ဖြစ်ပါတယ်။ ကွဲပြားတဲ့သယ်ယူပု့ိဆောင်ရေးတွေ ပါဆီပါတောက်ရဲ့ သိုင်းပညာအစွမ်းတွေနဲ့သူတို့ သုံးယောက် ကမ္ဘာပတ်ဖို့ထွက်လာကြပါတယ်။ သူတို့ခရီးစဉ်မှာ ဘာတွေဘယ်လိုကြုံတွေ့ကြမယ် ပျောက်ဆုံးနေတဲ့ ကျောက်စိမ်းဆင်းတုကိုကော ရှာတွေ့နိုင်ပါ့မလား လောင်းထားတဲ့ အလောင်းအစားကိုကောနိုင်ပါ့မလား ဘယ်လိုများ အခက်အခဲတွေကို ရင်ဆိုင်ကျော်ဖြတ်ကြမလဲ ဆိုတာကို ရင်သပ်ရှူမောဖွယ်ရာ ရိုက်ကွင်းရိုက်ကွက်များနဲ့ ရှူစားနိုင်ဖို့ ကြည့်ရှုလိုက်ကြပါအုံးဗျာ။( ပါဝင်ရုပ်ဆောင်ထားတဲ့ မင်းသားကြီးကတော့ ပြည်သူ့ အသည်းကျော် ဂျက်ကီချန်းဆိုတော့ အထွေအထူးမပြောတော့ပါဘူး ) [Zawgyi]IMDb rating 5.4/10 ရရွိထားျပီး ...
movie

Around the World in 80 Days (2004)

Bedazzled (2000) 6.0
Bedazzled (2000) Bedazzled (2000)IMDb - 6.0/10_____Rotten - 50%      အဲလိယော့ဟာ သူ့ရဲ့ကြောင်တောင်တောင် အမူအကျင့်ကြောင့် အပေါင်းအသင်းလဲဝင်မဆန့်လုပ်ဖော်ကိုင်ဖက်တွေကပါ ရှောင်ဖယ်ကြတဲ့ လူတစ်ယောက်ပါ။ သူကတော့ အဲ့ဒါတွေကို အမှုမထားပဲ ခပ်တည်တည်နဲ့ဝင်ရောလေ့ရှိပါတယ်။ တစ်နေ့ သူ့ကိုရှောင်ချင်လို့ တမင်မမြင်ချင်ယောင်ဆောင်နေတဲ့ အလုပ်ကလူတွေဝိုင်းကို ဝင်နှောင့်ယှက်ရင်းကနေ သူ ကြိတ်ကြွေနေတဲ့ မိန်းမလှလေးဖြစ်တဲ့ အလီဆင်ကို တွေ့မိချိန်မှာတော့ ပါးစပ်ကနေ 'သူ့ကိုသာ ရမယ်ဆိုရင် ဘာပဲပေးရပေးရ' လို့ လွှတ်ကနဲ ရေရွတ်မိသွားတယ်။ အဲ့ဒီအချိန်မှာ သူ့ရှေ့ကို ဘိလိယက်ဘောလုံးလေးတစ်ခု လွင့်လာပါတယ်။ ဘောလုံးကလေးရဲ့ ပိုင်ရှင်ကလဲ မိန်းမလှတစ်ယောက်ပါပဲ။ အနီရောင်ဝတ်စုံဝတ် ညို့အားပြင်းပြင်း ရဲတင်းသွက်လက်မယ့်ပုံစံနဲ့ မိန်းမလှတစ်ယောက်။ အဲ့ဒီမိန်းမလှက သူ့ကိုယ်သူ မိတ်ဆက်လာတယ်။ သူဟာ နတ်ဆိုးတစ်ကောင်ဖြစ်ပြီး အဲလိယော့ရဲ့ဝိဉာဉ်ကို ရောင်းမယ်ဆိုရင် ဆုတောင်းခုနှစ်ခုဖြည့်ပေးမယ့်အကြောင်း။ အလီဆင့်ကိုရရင် ဘာပဲလုပ်ရလုပ်ရဆိုတဲ့ အဲလိယော့ သူ့ဝိဉာဉ်ကိုရောင်းဖို့ဆုံးဖြတ်ချက်ချလိုက်ပါတော့တယ်။ အဲ့ဒီမှာကြုံရတဲ့ အလွဲအချော်တွေနဲ့ ကြောင်တောင်တောင် အဲလိယော့ ဒုက္ခရောက်ရပုံတွေနဲ့ တစ်ကားလုံးခွီနေရပါတယ်။ ပြီးတော့ နတ်ဆိုးအဖြစ် သရုပ်ဆောင်တဲ့ တစ်ချိန်က မမလှလှ အဲလိဇဘတ်ဟာလေးရဲ့ ...
movie

Bedazzled (2000)

2000
The King’s Speech (2010) 8.0
The King’s Speech (2010) The King's Speech (2010) IMDb - 8.0/10_____Rotten - 95% Won 4 Oscars. Another 106 wins & 204 nominations   သိက္ခာက အင်္ဂလိပ်တွေအတွက် အသက်၊ လွတ်လပ်ခြင်းက အမေရိကန်တွေအတွက် အသက် ၊ စည်းကမ်းက ဂျပန်တွေအတွက် အသက် .......... ဒီဇာတ်ကားက သမိုင်းကို ပြန်လည်အသက်သွင်းရိုက်ကူးထားခြင်းဖြစ်ပါတယ်။ သို့သော် အမှန်တကယ်ဖြစ်ရပ်မှန်အတိုင်း တစ်သွေမတိမ်း ရိုက်ကူးထားခြင်းမဟုတ်ဘဲ ရိုက်ကူးသူ၏ စိတ်လိုရာ ဇာတ်လမ်းဆင်ပြီး လိုသလို အနုပညာကို အစွမ်းပြထားသည့်ဇာတ်လမ်းဖြစ်ပါသည်။ အချိန်ကာ ၁၉၃၆ ခုနှစ် ဒီဇင်ဘာလ ၁၁ နေရာကာ ဘာကင်ဟမ်နန်းတော် ကိုယ်အရူးအမှုးချစ်ရတဲ့ အချစ်အတွက်ချစ်သက်သေပြဖို့ ၊တာဝန်ယူဖို့၊ မသိပ်ငယ်စေဖို့၊ သမိုင်းမှာ ဆုံးရှုံးမှုအများဆုံးထဲကတစ်ခုအဖြစ်မှတ်တမ်းဝင်သွားမယ့် လက်မှတ်တစ်ချက်ကို ကိုယ်စာရွှက်ပေါ်မှာထိုးလိုက်ပါပြီ။ အနုပညာပိုင်းရော ငွေကြေးပိုင်ရောမှာပါ အောင်မြင်မှုကြီးကြီးမားမားရယူထားနိုင်ခဲ့တဲ့ ဒီသမိုင်းရုပ်ရှပ်ကို The Weinstein Company နဲ့ Momentum Pictures တို့ဖြန့်ချီထားခဲ့ပါတယ်။ IMDb 8/10 ၊ Rotten Tomatoes 95% ၊ Common Sense5/5၊ CinemaScore A+ တို့ ရရှိထားပါတယ်။၂၀၁၀ စက်တင်ဘာမှာ ...
movie

The King’s Speech (2010)

2010