Channel Myanmar

Rooney Mara

Mary Magdalene(2018) 6.0
Mary Magdalene(2018) Mary Magdalene(2018) Mary ဟာ သူရဲ့ မိသားစုနဲ့ တံငါရွာ​လေးကို ​ကျောခိုင်းပြီး ​Jesusရဲ့​နောက်​ကို လိုက်​ခဲ့ပြီး ရှင်​သန်​ခြင်းရဲ့အခြားနည်းလမ်းကိုရှာ​ဖွေခဲ့ပါတယ်​... အဲ့လိုလိုက်​ခဲ့တာက အခြားသူ​တွေ၊Saint Peter အပါအဝင်အ​​ခြားတမန်​​တော်​​တွေ ပဋိပက္ခ​တွေဖြစ်​စေခဲ့ပါတယ်​... ​နောက်​ပိုင်းမှာ​တော့ Mary ဟာ Jesus လိုပဲ လက်​ဝါးကပ်​တိုင်​မှာပဲ အဆုံးစီရင်​​စေခဲ့ပါတယ်​.... ဒီကား​လေးက​တော့ Jesus​ရဲ့ တမန်​​တော်​​တွေထဲက တစ်​ပါးဖြစ်​တဲ့ Mary အ​ကြောင်းကို အ​ခြေခံပြီး ရိုက်​ကူးထားတဲ့ ခရစ်​ယာန်​ ဘာသာ​ရေးကား​လေးတစ်​ကားပဲဖြစ်​ပါတယ်​... Garth Davis က ရိုက်​ကူးထားပြီး Rooney Mara, Joaquin Phoenix အစရှိတဲ့ သ​ရုပ်​​ဆောင်​​တွေက ပါဝင်​သရုပ်​​ဆောင်​ထားတဲ့ ဇာတ်​ကား​လေးဖြစ်​ပါတယ်​.... ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ ညီမငယ် Tinnilar Lwin ဖြစ်ပါတယ်.... File Size : (900 MB) and (336 MB) Quality : Blu-Ray 720p Format…mp4 Duration…02:00:00 Genre :  Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Tinnilar Lwin Encoded by Phyo ...
6.0
IMDB: 6.0/10 1,853 votes
movie

Mary Magdalene(2018)

2018
Blu-Ray 720p
The Girl with the Dragon Tattoo 7.8
The Girl with the Dragon Tattoo ငယ်စဉ်ကစပြီး ကြမ်းတမ်းတဲ့ဘဝတစ်ခုမှာနေထိုင်ဖြတ်သန်းလာရတဲ့ နဂါးရုပ်ပုံဆေးမင်ကြောင်နဲ့ မိန်းကလေးတစ်ယောက်ဟာ မိသားစုမရှိ အုပ်ထိန်းသူမရှိပဲ တိုင်းပြည်ရဲ့ထောက်ပံမှုနဲ့ ဘဝကို ဆိုးပေတေရင်း ဖြတ်သန်းနေခဲ့ပြီး တစ်ဖက်မှာတော့သူဟာ ထက်မြက်တဲ့စုံစမ်းရေးစိတ်ကို ပိုင်ဆိုင်ထားတဲ့ အလွတ်စုံထောက်တစ်ဦးဖြစ်ပါတယ် ဂျာနယ်လစ်မီကယ်ဘလွန်းကစ်အဖြစ် သရုပ်ဆောင်ထားတဲ ဂျိမ်းစ်ဘွန်းမင်းသား ဒန်နီယယ်ခရိတ် ကတော့ဒီဇာတ်လမ်းမှာ နိုင်ငံရဲ့အကြီးမားဆုံးငွေကြေးအလွဲသုံးစားလုပ်မှုကို သက်သေမခိုင်ပဲဖော်ထုတ်မိလို့ အသရေဖျက်မှုနဲ့ရင်ဆိုင်နေရသူတစ်ဦးဖြစ်ပါတယ် ကျွန်းတစ်ကျွန်းပေါ်မှာနေထိုင်တဲ့ ဆွီဒင်ရဲ့အချမ်းသာဆုံးမိသားစုတစ်ခုက သူဋ္ဌေးကြီးတစ်ယောက်ဟာ လွန်ခဲ့တဲ့အနှစ်၄၀ကဖြစ်ပွားခဲ့တဲ့ လက်သည်မပေါ်ခဲ့တဲ့ မိသားစုအတွင်းလူသတ်မှုတစ်ခုကို သူ့ဘဝလက်ကျန်အချိန်တွေမှာအဖြေသိရဖို့ မီကယ်ဘလွန်းကစ်ကိုငြင်းဆန်လို့မရတဲ့ကမ်းလှမ်းမှုနဲ့ အဖြေရှာပေးဖို့ ကမ်းလှမ်းလိုက်ပါတော့တယ် ထိုအမှုဟာ ဘလွန်းကစ်ရဲ့ဂုဏ်သိက္ခာကိုပြန်လည်ဆယ်ယူဖို့ တိုင်းပြည်ရဲ့အကြီးမားဆုံး ငွေကြေးအလွဲသုံးစားလုပ်မှုတို့နဲ့ ပတ်သက်နေခဲ့ပြီး ဘလွန်းကစ်နဲ့အတူ နဂါးရုပ်ဆေးမင်ကြောင်နဲ့မိန်းကလေးပါ စုံစမ်းရေးထဲကို ပါဝင်လာတဲ့အခါမှာတော့.... Millennium Trilogy ရဲ့အောင်မြင်ခဲ့တဲ့ပထမဆုံးဝတ္တု ဖြစ်တဲ့ The girl with the dragon tattoo ဝတ္တု ကိုရုပ်ရှင်အဖြစ်ပြန်လည်ရိုက်ကူးထားတဲ့ ဒီဇာတ်ကားဟာလည်းအောင်မြင်ခဲ့ပြီး Imdb7.8နဲ့ RT86%ရရှိထားတဲ့ crime flim အမျိုးအစားဖြစ်ပါတယ် actionခန်းတွေပါဝင်မှုနည်းပြီး action ဇာတ်လမ်း ...
7.8
IMDB: 7.8/10 368,585 votes
movie

The Girl with the Dragon Tattoo

2011
Una (2016) 6.4
Una (2016) ဒီတစ်ခါတော့Drama/Mysteryကားတွေကိုမှကြိုက်တဲ့သူတွေအတွက်အတွေးလေးတစ်ခုထင်ကျန်စေမယ့်စိတ်ထဲစွဲငြိစေနယ့်ဇာတ်ကားလေးတစ်ကားညွန်းပေးချင်ပါတယ်။ ဇာတ်ရှိန်အေးအေးနဲ့ခေါ်သွားပေးမယ့်ကားမျိုးပါ။ ဇာတ်လမ်းလေးကတော့အမျိုးသမီးငယ်လေးတစ်ယောက်သူ့ထက်အသက်တော်တော်ကြီးတဲ့လူကြီးတစ်ယောက်ဆီကိုလာခဲ့ရာတာစတာပါပဲ။ သူဒီလိုလာခဲ့တယ်ဆိုတာလည်းအကြောင်းအရင်းရှိပါတယ်။ အဲဒိအမျိုးသားကြီးမှာအတိတ်ကအမဲစက်ထင်စေမယ့်သူ့ကိုယ်ကိုသူခြောက်လှန့်နေတဲအကြောင်းအရင်းလေးရှိနေလို့ပါပဲ။ အတိတ်ကဖြစ်ရပ်အနေနဲ့ဒီကိုရောက်လာတဲ့မိန်းမငယ်လေးတစ်ယောက်ဘာတွေဆက်စပ်မှုရှိနေမလဲဆိုတာတော့စိတ်ဝင်စားစရာပါ။ စိတ်ခံစားချက်၂ခုကြားရောထွေးမှုတွေနဲ့ဒီကားလေးကိုအဓိကမောင်းနှင်ထားတာပါ။ ကြည့်ရသူအဖို့အမြင်တမျိုးနဲ့ ရှုထောင်တမျိုးကနေချပြထားတဲ့ကားလေးပဲဖြစ်ပါတယ်။ ဆိုတော့ဒီကောင်မလေးနဲ့အမျိုးသားကြီးတို့ကြားဘာသြနာတွေရှိနေမလဲ။ ဘာလျှို့ဝှက်ချက်တွေရှိနေမလဲဆိုတာတော့ဇာတ်ကားလေးကိုရင်တမမနဲ့ဆက်လက်ရှုစားလိုက်ပါဦး။   (ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်က မေသရဖီလွင်ပါ)   File Size : (700 MB) and (230 MB) Quality : 720p Bluray Running Time : 1hr 34min Format : Mp4 Genre :Drama Subtitle : Myanmar Subtitle (Hard Sub) Translated by May Tharaphi Lwin Encode by Thanhtike Zaw
6.4
IMDB: 6.4/10 3,414 votes
movie

Una (2016)

2016
A Ghost Story (2017) 7.8
A Ghost Story (2017)   ဇာတ်ကားနာမည်လေးကြည့်လိုက်ရုံနဲ့သရဲကားဆိုပြီးပြေးမြင်မိမှာပါ။ ဟုတ်ပါတယ်သရဲကားတော့သရဲကားပါပဲ။ ဒါပေမယ့်သရဲဖက်ကနေရိုက်ပြထားတဲ့သရဲကားလေးပါဗျာ။ နာမည်လေးအတိုင်းပါပဲသရဲတစ်ကောင်ရဲ့ဇာတ်လမ်းလေးပါ။ ကျွန်တော်တို့သေဆုံးသွားရင်ဘာတွေဖြစ်သွားမလဲ။ ဘယ်ကိုရောက်သွားမလဲ။ ဒီမေးခွန်းတွေဟာတော်တော်များများယခုထိငြင်းခုံနေကြဆဲပါ။ ဘာသာအမျိုးအမျိုးမှာပါရှိပြီးဖြစ်ပေမယ့်ဒီမေးခွန်းကိုတစ်ခါလောက်ဖြစ်ဖြစ်တော့လူတိုင်းတွေးဖူးကြမှာပါပဲ။ ဒီကားလေးဟာတကယ်ကိုရိုးရိုးရှင်းရှင်းလေးရိုက်ပြထားတဲ့ကားလေးဖြစ်ပါတယ်။ ကျွန်တော်တို့နေ့စဉ်ဓူဝလုပ်ရှားနေတဲ့ပုံကိုကင်မရာချထားပြီးရိုက်ထားသလိုပါပဲ။ တကယ်ကိုရိုးရိုးရှင်းရှင်းရိုက်ပြထားတာမို့ပရိသတ်အများစုအတွက်ပျင်းစရာဖြစ်နိုင်ပါလိမ့်မယ်။ ရိုးရှင်းလွန်းလို့သရဲတောင်ရိုးရိုးလေးပဲပြထားတာပါ။ ဒါပေမယ့်သည်းခံပြီးဆက်ကြည့်မယ်ဆိုရင်တော့ဖြင့်ဇာတ်ကားလေးအပြီးမှာတစ်ခုခုတော့စဉ်းစားစရာကျန်မယ်လို့ထင်ပါတယ်။ သရဲကားကြောက်တဲ့သူတွေအတွက်Horrorကားထက်Mystryပုံစံဇာတ်ကားမျိုးပါ။ ကြောက်ဖို့မကောင်းသလိုတွေးစရာတွေပဲပေးမယ့်ကားလေးပါ။ ကျွန်တော်တို့ကြုံတွေ့နေရတဲ့လူနေမှုပုံစံတွေပြီးတော့သေပြီးသွားရင်ဘယ်လိုဖြစ်မလဲဆိုတဲ့အမြင်လေးတွေ။ သေဆုံးသွားသူနဲ့ကျန်ရစ်သူကြားသံယောဇဉ်ချည်နှောင်မှုတွေ၊ဒါတွေကိုလက်တွေ့ကျကျကိုယ်ပိုင်အတွေးအခေါ်တရပ်နဲ့ရိုက်ပြထားတဲ့ကားလေးဖြစ်ပါတယ်။ ပြောခဲ့တဲ့အတိုင်းလက်တွေ့ကျပြလွန်းလို့ပျင်းကောင်းပျင်းသွားနိုင်စရာတော့ရှိပါတယ်။ ဇာတ်လမ်းအကျဉ်းချုပ်လေးကိုပြောပြပါမယ်။ အိမ်တစ်အိမ်ကိုပြောင်းလာတဲ့စုံတွဲတစ်တွဲကနေစတာပါပဲ။ သူတို့နှစ်ယောက်ကတကယ်ကိုချစ်ကြတဲ့သူတွေပါ။ တနေ့မှာတော့ကောင်လေးဟာကားတိုက်မှုဖြစ်ပြီးကွယ်လွန်သွားပါတယ်။ အဲဒီလိုနဲ့အထီးကျန်ရစ်ခဲ့တဲ့ကောင်မလေးတစ်ယောက်တည်းရှိတဲ့အိမ်လေးကို ကောင်လေးရဲ့ဝိညာဉ်ပြန်ရောက်လာပါတော့တယ်။ ကောင်လေးအနေနဲ့သူ့အမျိုးသမီးကိုပြန်ဆက်သွယ်ဖို့ကြိုးစားရှာပါတယ်။ အမြဲတမ်းသူ့ဘေးမှာရှိနေပေးတယ်။ သူလုပ်သမျှကိုကြည့်နေပေးတယ်။ အဲဒီအပိုင်းတွေကြည့်ရင်းကိုယ့်ကိုဘယ်သူများကြည့်နေမလဲဆိုပြီးကလိကလိဖြစ်နေပါလိမ့်မယ်။ တကယ်လည်းကိုယ့်ဘေးပတ်ဝန်ကျင်မှာသွားလာလှုပ်ရှားနေသူတွေရှိနေနိုင်တာပါပဲ။ ဇာတ်လမ်းလေးကရိုးရိုးလေးဆိုပေမယ့်လူတွေတွေးတတ်ပုံစံတွေ၊လူ့သဘာဝတွေ၊အတွေးအခေါ်တချို့ကိုပါထည့်သွင်းပြထားပါတယ်။ စဉ်းစားစရာအပြည့်နဲ့ရိုးရိုးရှင်းရှင်းကားလေးတစ်ကားပါပဲ။ နိုင်ငံတကာမှာလည်းဝေဖန်မှုအမျိုးမျိုးရရှိထားပြီးRatingအနေနဲ့လည်း7.7ထိရရှိထားတဲ့အပြင်ဆု၂ဆုပါရရှိထားပြီးပါပြီ။ တစ်ခုတော့ရှိပါတယ်Horrorကားမဟုတ်တဲ့အတွက်Horrorကြိုက်တဲ့ပရိသတ်တွေအတွက်တော့စိတ်ကျေနပ်စရာဖြစ်မှာမဟုတ်ပါဘူး။ ဒါပေမယ့်တစ်ခုခုတွေးစရာတော့ရလိမ့်မယ်လို့ပြောပါရစေ။ (ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ သူရဇာနည်အောင်ပါ)   File Size : (650 MB) and (216 MB) Quality : 720p Bluray Running Time : 1hr 32min Format : Mp4 Genre :Drama, Fantasy, Romance Subtitle : Myanmar Subtitle (Hard Sub) Translated by Thura Zarni Aung Encode by Thanhtike Zaw
7.8
IMDB: 7.8/10 4,047 votes
movie

A Ghost Story (2017)

2017

Genres

Like Us!