Channel Myanmar

Russi Taylor

Mickey’s Magical Christmas: Snowed in at the House of Mouse (2001) 6.6
Mickey’s Magical Christmas: Snowed in at the House of Mouse (2001) Mickey's Magical Christmas: Snowed in at the House of Mouse (2001)ခရစ္စမတ်နေ့မှာ ခရစ္စမတ်အရသာ အပြည့်အဝရမယ့် အန်နီမေးရှင်းလေးတစ်ပုဒ်ပေါ့။ ဒီဇာတ်လမ်းမှာ ၂၀၀၁မတိုင်ခင်ထွက်ခဲ့တဲ့ ဒစ္စနေးရဲ့ရှိသမျှ ဇာတ်ကောင်တွေ အကုန်နီးနီးပါတယ်။ ဘာလို့ပါသတုန်းဆို ဒီရုပ်ရှင်က House of Mouse လို့ခေါ်တဲ့ မစ်ကီမောက်စ်စီးရီးရဲ့ Spin-Off အဖြစ်ထုတ်ထားတာ။ House of Mouse က ပြောရရင် ဒစ္စနေးရဲ့ မှတ်တိုင်စိုက်ထူမှုတစ်ခုလို့ ပြောရမယ်။ ဘာလို့ဆို House of Mouse ဆိုတဲ့ နာမည်ကိုက ဒစ္စနေးရဲ့ နာမည်ပြောင်လည်းဟုတ်နေတယ်။ နောက် House of Mouse စီးရီးမှာ ၁၉၃၀ကနေ ၁၉၅၀ဝန်းကျင်က ဒစ္စနေးကာတွန်းအတိုလေးတွေကို မစ်ကီတို့က ပြန်ပြထားကြတာတွေတော်တော်ပါတယ်။ သူတို့ရဲ့ကောင်းပေ့ညွန့်ပေ့ဆိုတဲ့ ကာတွန်းအတိုလေးတွေကို မစ်ကီတို့က ပြန်ပြကြတာပေါ့။ House of ...
movie

Mickey’s Magical Christmas: Snowed in at the House of Mouse (2001)

2001
Cinderella II: Dreams Come True (2001) 5.0
Cinderella II: Dreams Come True (2001)  Cinderella I ကို CM ပရိတ်သတ်တွေအတွက်တင်ဆက်ပေးခဲ့ပြီးတဲ့နောက်မှာ 2002ခုနှစ်မှာထွက်ခဲ့တဲ့ Cinderella II ကိုရောထပ်မံတင်ဆက်ပေးလိုက်ပါတယ်။ Cinderella II က နံပါတ် Iလောက်တော့ Rating မကောင်းပေမဲ့ IMDbမှာ Rating 5/10 ရှိထားပြီးစင်ဒရဲလားအလွမ်းပြေ အပျင်းပြေ ပေါ့ပေါ့ပါးပါးနဲ့ ကြည့်ရှုလို့အဆင်ပြေတဲ့ဇာတ်ကားလေးဖြစ်ပါတယ်။ ဇာတ်လမ်းအကျဥ်းကတော့ ​ကြွက်ကလေးတွေက ပုံပြင်လေး၃ပုဒ်ကိုပြောပြကြတာဖြစ်ပါတယ်။ ပထမပုံပြင်မှာ ရဲတိုက်ကြီးကို မင်းသမီးဖြစ်ပြီးတဲ့နောက်ပထမဆုံးအကြိမ်ရောက်လာရတဲ့ မင်းသမီးစင်ဒရဲလားရဲ့အခက်အခဲလေးတွေနဲ့ ရဲတိုက်ရဲ့အစဥ်အလာဓလေ့ထုံးတမ်းတွေကိုသူ့ရဲ့ကိုယ်ပိုင်ပုံစံနဲ့ဘယ်လိုတွေပြောင်းလဲလိုက်တယ်ဆိုတာမြင်ရမှာဖြစ်ပါတယ်။ဒုတိယပုံပြင်မှာတော့ ဂျက်ခ်ဂျက်ခ်လေးရဲ့လူသားဖြစ်ချင်တဲ့ဆန္ဒကိုဖြည့်ဆည်းပေးလိုက်ပြီးတဲ့နောက် ကြုံတွေ့ရမယ့် လူသားဘဝအလွဲတွေနဲ့ ဂျက်ခ်အတွက် ကြွက်တစ်ကောင်အဖြစ်နဲ့လူတစ်ယောက်အဖြစ်ဘယ်ဟာကပိုကောင်းတယ်ဆိုတာသိရအောင်သင်ခန်းစာတွေကြုံတွေ့ရတာကိုတွေ့မြင်ကြရမှာဖြစ်ပါတယ်။ နောက်ဆုံးပုံပြင်ကတော့ Title ဖြစ်တဲ့Dreams Come True ဆိုတဲ့အတိုင်း စင်ဒရဲလားရဲ့ အဖေတူအမေကွဲညီမအန်နာစတေးရှားရဲ့အချစ်စစ်ကိုရှာတွေ့ပြီးပျော်ရွှင်ရတဲ့အိပ်မက်အမှန်တစ်ကယ်ဖြစ်လာအောင် စင်ဒရဲလား နဲ့ ကြွက်ကလေးတွေဘယ်လိုကူညီကြမယ်ဆိုတာ တွေ့မြင်ကြရမှာဖြစ်ပါတယ်။ကဲ သီချင်းလေးတွေကအစ သေချာလေးဘာသာပြန်ပေးထားတာမို့ CM ရဲ့လက်ရာနဲ့ Quality ကောင်းကောင်းလေး ကြည့်ရှုခံစားချင်တဲ့ပရိတ်သတ်ကြီးတို့ငယ်ဘဝအလွမ်းပြေဖို့ Cinderella II လေးကို အခုပဲခံစားကြည့်ရှုလိုက်ကြဖို့တိုက်တွန်းလိုက်ပါတယ်။  File size…1.27GB / ...
movie

Cinderella II: Dreams Come True (2001)

Cinderella III: A Twist in Time (2007) 6.0
Cinderella III: A Twist in Time (2007)  စင်ဒရဲလားကာတွန်းတွေရဲ့ တတိယမြောက် နောက်ဆုံးဇာတ်ကားလေးကို ထပ်မံတင်ဆက်ပေးလိုက်ပါတယ်။Rating တွေအနေနဲ့ IMDb မှာ 6/10 ရထားပြီးတော့Rotten Tomatoes မှာ 75% ရရှိထားပါတယ်။Personal အမြင်အရတော့ No1 လောက်တော့မဟုတ်သေးပေမဲ့No2ထက်လည်းအများကြီးပိုကြည့်ကောင်းတာမို့ ကြည့်ရှုလို့နောင်တရမယ့်အထဲမပါတဲ့ဇာတ်ကားလေးဖြစ်ပါတယ်။ ဇာတ်လမ်းအကျဥ်းအနေနဲ့ကတော့စင်ဒရဲလား နဲ့ မင်းသားလေးဟာ ပျော်ရွှင်စွာပေါင်းဖက်နေထိုင်သွားကြလေသတည်းဆိုပြီး ဇာတ်ကသိမ်းပြီးနေပါပြီ ဒါပေမဲ့ကံအကောင်းအကြောင်းမလှစွာနဲ့ပဲ နတ်သမီးဖွားဖွားရဲ့မှော်တုတ်တံဟာ မိထွေးကြီးဆီရောက်သွားရာကနေစပြီး ဒီဇာတ်လမ်းလေးပေါ်ပေါက်လာရပါတယ်။ စွမ်းအားရှိတဲ့အရာတွေဟာ မကောင်းတဲ့လူတွေရဲ့လက်ထဲမှာဆိုရင် အရမ်းအန္တာရယ်များတယ် ဆိုတဲ့စကားအတိုင်းပဲ မိထွေးကြီးဆီကိုမှော်တုတ်တံရောက်သွားတဲ့အခါစင်ဒရဲလားတို့ ဘယ်လိုဒုက္ခမျိုးစုံနဲ့ကြုံတွေ့ရမလဲ ကြွက်ကလေးတွေကဘယ်လိုထပ်ပြီးကူညီပေးကြမလဲ ပြီးတော့ အချစ်စစ်ရဲ့အင်အားဆိုတာကိုလည်း ဒီဇာတ်လမ်းလေးမှာခံစားကြည့်ရှုရဦးမှာဖြစ်ပါတယ်။ကဲ ငယ်ဘဝအလွမ်းပြေဖို့ အခုပဲ Download ဆွဲပြီး ခံစားကြည့်ရှုလိုက်ကြပါဦးလို့ CM ပရိတ်သတ်များကိုတိုက်တွန်းလိုက်ရပါတယ်။  File size…1.17GB / 549MB Quality…Blu-Ray 1080p / 720p Format…mp4 Duration….1h 13m Genre ..... Animation , Family , Fantasy Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by ...
movie

Cinderella III: A Twist in Time (2007)

Mickey, Donald, Goofy: The Three Musketeers(2004) 6.7
Mickey, Donald, Goofy: The Three Musketeers(2004) Mickey, Donald, Goofy: The Three Musketeers(2004)*************************************************မစ်ကီ၊ဒေါ်နယ်၊ဂူဖီတို့ဆိုတာ ဖုန်းတွေ၊ဂိမ်းတွေမပေါ်ခင်က ကျွန်တော်တို့ရဲ့ ငယ်ဘဝမိတ်ဆွေလေးတွေပါပဲ။ မှတ်မိပါသေးတယ် ငယ်ငယ်ကဆိုရင် အပတ်စဥ်ထုတ်ဝေတဲ့ကာတွန်းစာစောင်ရုပ်ပြတွေမှာ သူတို့အကြောင်းလိုက်ဖတ်ရတာ မမောနိုင်မပန်းနိုင်ပါပဲ။ ဒီရုပ်ရှင်လေးကတော့ နာမည်ကြီး The Three Musketeersကိုမှ မစ်ကီတို့သုံးယောက်ရဲ့versionလေးဖြစ်ပြီး စွန့်စားခန်းတွေကို ပျော်ပျော်ရွှင်ရွှင်ပြန်လည်ကြည့်ရှုရမှာပဲဖြစ်ပါတယ်။ ဇာတ်လမ်းအကျဥ်းလေးကတော့ မစ်ကီ၊ဒေါ်နယ်နဲ့ ဂူဖီတို့ဟာ ငယ်ငယ်လေးကတည်းကစစ်သည်တော်ဖြစ်ဖို့ အိပ်မက်မက်ခဲ့သူတွေပါ။ တစ်နေ့မှာတော့ သူတို့အိပ်မက်အမှန်တကယ်ဖြစ်လာဖို့ အကြောင်းဖန်လာပါတော့တယ်။ မစ်ကီတို့သုံးယောက်အပြင် မီနီ၊ ဒေစီ၊ နွားမလေးကလာရာဘလ်၊ ပီဒ်၊ ပလူတိုစသည်ဖြင့် လူစုံတက်စုံပါဝင်ပါပြီး အများကြီးညွှန်းစရာမလိုတဲ့ကားလေးမို့ ငယ်ဘဝကိုပြန်တမ်းတရင်းကြည့်ရှုလိုက်ပါဦး။ File Size :(1.4GB) and (716MB) Quality : Blu-Ray1080P, 720p Format…mp4 Duration…01:07:00 Genre : Animation, Comedy , Adventure Subtitle : Myanmar Subtitle (Hard Sub) Translated by Themes Encoded by Phyo Pyae
movie

Mickey, Donald, Goofy: The Three Musketeers(2004)

Scooby-Doo! and the Legend of the Vampire (2003) 6.3
Scooby-Doo! and the Legend of the Vampire (2003) Old but Gold ဆိုသလိုပဲ 2003 ခုနှစ်ကထွက်ရှိခဲ့တဲ့ classic Scooby-Dooကားလေးကို ပြန်ကြည့်လိုက်ကြရအောင်..ဇာတ်လမ်းအကျဥ်း ဒီတစ်ခါမှာတော့ စကူဘီတို့အုပ်စု သြစတေးလျကို အပန်းဖြေခရီးထွက်တာနဲ့ ဇာတ်လမ်းစထားပါတယ်.. ကမ်းခြေမှာ အေးဆေးငြိမ့်နေရင်းကနေ ထုံးစံအတိုင်းပဲ ဗယ်လ်မာတစ်ယောက် လမ်းညွှန်စာအုပ်ကြီးကိုင်ပြီး သြစတေးလျရဲ့ ရေဝေးကုန်ခေါင်ဒေသတွေကို သွားစူးစမ်းဖို့ မဲဆွယ်ပါတော့တယ်... ထူးဆန်းတာက အဲဒီလိုခေါင်တဲ့နေရာကြီးမှာ ရော့ခ်ဂီတပြိုင်ပွဲကြီး ရှိနေတာပါပဲ.. သူတို့ရောက်သွားတော့ ပဟေဠိတစ်ခုက အသင့်စောင့်နေပါပြီ.. ဒဏ္ဍာရီလာ သွေးစုပ်ဖုတ်ကောင်ကြီး ရာဝီရာဟူးနဲ့ နောက်လိုက်သွေးစုပ်ဖုတ်ကောင် ၃ကောင်က ပြိုင်ပွဲဝင်တွေကို ပြန်ပေးဆွဲနေပါတယ်.. အဲဒီနောက်လိုက်၃ကောင်ဆိုတာ မနှစ်ကပြိုင်ပွဲအပြီး ပျောက်သွားခဲ့တဲ့ လေပြင်း‌ရော့ခ်ကာအဖွဲ့ပါပဲ.. ရာဝီရာဟူးက သူတို့၃ယောက်ကိုဖမ်းပြီး သွေးစုပ်ဖုတ်ကောင်ဖြစ်အောင် ပြောင်းလိုက်တာလို့ နယ်ခံတွေက ယုံကြတာပေါ့.. ဒါပေမယ့် ပြိုင်ပွဲမတိုင်ခင်ရက်မှာပဲ စကူဘီဒူးတို့အုပ်စု ဆိုက်ဆိုက်မြိုက်မြိုက်ရောက်သွားခဲ့တဲ့အခါ...သွေးစုပ်ဖုတ်ကောင်လို့ အသံကြားရုံနဲ့တင် တုန်တက်နေတဲ့ ရှက်ဂီနဲ့ စကူဘီဒူးတို့၂ယောက်နဲ့တင် ပြည့်စုံနေပြီမလို့ အများကြီးမညွှန်းတော့ပါဘူး.. ငယ်ဘဝကို Nostalgia ပြန်ဖြစ်ရင်း ပေါ့ပေါ့ပါးပါး ခံစားကြည့်ရှုလိုက်ကြပါဦး... File ...
movie

Scooby-Doo! and the Legend of the Vampire (2003)

A Bug’s Life (1998) 7.2
A Bug’s Life (1998) A Bug's Life (1998) IMDb - 7.2/10_____Rotten - 92%     A Bug's Life ဆိုတဲ့ Animation ,နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ IMDb မှာလည်း 7.2 ရရှိထားတဲ့ ဇာတ်လမ်းလေးဖြစ်ပါတယ်။ ဒီကားက ထွက်ခဲ့တဲ့ခုနှစ်က မြင်တဲ့အတိုင်းပါပဲ..ကြာခဲ့ပြီဖြစ်ပါတယ်...သို့ပေမယ့် ကြည့်ဖူးတဲ့သူတွေအတော်များများက ကောင်းတယ်လို့ညွှန်းတာရော IMDb..နဲ့ Rotten ကလည်း ဖျားချင်လောက်စရာကြီးဆိုတော့ ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်... ဇာတ်လမ်းလေးကတော့ ပုရွက်ဆိတ်များရဲ့ အချိန်တော်တော်များများဟာ အစာရှာနေရတာပါပဲ..အဓိက အစာရှာပေးရတာက နှံကောင်တွေအတွက်ပါပဲ.. အစဉ်အလာလိုဖြစ်နေတဲ့အပြင် နှံကောင်တွေကိုလည်း မတွန်းလှန်နိုင်တော့ ပုရွက်ဆိတ်အားလုံးဟာ အစာရှာပေးနေဆဲပါပဲ..။ .အစာကို နွှင်ရ သယ်ရ ဆိုတော့ အချိန်တွေလည်းအတော်ကုန်တယ်.. ဒါကို အသစ်အဆန်းတွေ တီထွင်ရတာကို ဝါသနာပါတဲ့ Flik ဆိုတဲ့ ပုရွက်ဆိတ်က ဖြေရှင်းဖို့ကြိုးစားတယ်... သို့ပေမယ့် သူဘာလုပ်လုပ် အကောင်းမမြင်ကြသလို သူလုပ်တာတွေကလည်း အလွဲလွဲအချော်ချော်တွေကြီးပဲ... တနေ့မှာတော့ Flik ကြောင့် ပုရွက်ဆိတ်တွေ ကမ္ဘာပျက်သလိုဖြစ်ကုန်တယ်.. နှံကောင်တွေအတွက် ပေးရမယ့်အစာပမဏအတော်များများဟာ Flik ကြောင့်ပျောက်သွားလို့ပါ... ကိုင်း Flik တို့ ပုရွက်ဆိတ်တွေ ဘယ်လိုဖြေရှင်းမလဲဆိုတာကိုတော့ ခံစားကြည့်လိုက်ပါဦးဗျို့...   ဇာတ်လမ်းအညွှန်းနဲ့ ...
movie

A Bug’s Life (1998)

1998
The Simpsons Movie (2007) 7.3
The Simpsons Movie (2007) The Simpsons Movie (2007) IMDB - 7.3/10_____Rotten - 88%  ကျွန်တော်တို့ ရုပ်ရှင်ကြည့်ပရိသတ်အတော်များများ Simpsons series တွေမကြည့်ရင်တောင်မှ ဒီ Simpsons မိသားစုကိုတော့ မျက်မှန်းတန်းမိနေကြမှာပါ။နိုင်ငံတကာမှာ အအောင်မြင်ဆုံး Animation Series တစ်ခုဖြစ်ပြီး အခုဆိုရင် Season 28 ကိုရောက်ရှိနေပြီဖြစ်ပါတယ်။Simpsons တွေရဲ့ နိုင်ငံရေး၊ လူမှုရေး၊ ဘာသာရေးတွေကို ခနဲ့တဲ့၊သရော်တဲ့ ပြက်လုံးတွေအပြင် သူတို့ရဲ့အနာဂတ်ခန့်မှန်းချက်တွေက အတော်လေးကိုနာမည်ကြီးပါတယ်။ရိုးရိုးသမားရိုးကျ ကာတွန်းမျိုးမဟုတ်တော့ပဲ Adult Cartoon ပုံစံဖြစ်ပြီး Rick and Morty နဲ့ နည်းနည်းဆင်ပါတယ်။အခုတင်ဆင်ပေးမယ့်ရုပ်ရှင်ကတော့ 2007 ခုနှစ်ကထွက်ရှိထားတဲ့ The Simpsons Movie ပါ။ဒီဇာတ်လမ်းမှာ The Simpsons series ထဲက ဇာတ်ကောင်တွေကိုပဲ ပြန်အခြေခံထားပြီး စပရင်းဖီးလ်မြို့မှာပဲ ဇာတ်အိမ်တည်ထားပါတယ်။ဇာတ်လမ်းအကျဉ်းလေးကတော့ စပရင်းဖီးလ်ရေကန်ကြီးဟာ တစ်နေ့တစ်ခြား အမှိုက်သရိုက်တွေပိုပြည့်နှက်လာပြီး ရေညစ်ညမ်းမှုအခြေအနေက တဖြေးဖြေးနဲ့ပိုဆိုးလာပါတယ်။အဲ့ဒါကို ...
movie

The Simpsons Movie (2007)

2007