Channel Myanmar
Sam Neill
Bring Him to Me (2023) 5.7
Bring Him to Me (2023) Bring Him to Me (2023) ==================ဒီဇာတ်လမ်းကတော့ ဓားပြတိုက်မှုမှာပါခဲ့တဲ့ ဒါရိုက်ဘာတစ်ယောက် သူ့သူဌေးဆီကနေ ထူးခြားတဲ့အမိန့်တစ်ခုကိုရခဲ့တယ်။ အဲဒါကတော့ ဓားပြတိုက်တဲ့ လူနှစ်ယောက်ထဲက လူသစ်ကောင်လေးက ပိုက်ဆံခိုး ခဲ့တယ်ဆိုတဲ့ သံသယဝင်မှုနဲ့ စစ်မေးပြီးသတ်ဖို့ သူတို့ဆီခေါ်လာခိုင်းတာ ဖြစ်ပါတယ်။ အဲဒီမှာ ရိုးသားပွင့်လင်းတဲ့ကောင်လေးကို အသတ်ခံရဖို့ ခေါ်ခဲ့ရမလား ဒါမှမဟုတ် သူ့ကိုအမှန်အတိုင်းဖွင့်ပြောပြီး လွှတ်ပေးရ မလားဆိုတာကို ဒါရိုက်ဘာလုပ်သူက စဥ်းစားရပါတော့တယ်။ဒီဇာတ်လမ်းက သစ္စာရှိမှုနဲ့ ကိုယ်ကျင့်တရားကို အဓိကပုံဖော်ထားပြီး ကြည့်နေရင်းရင်ထဲခံစားသွားရစေမဲ့ဇာတ်လမ်းကောင်းတစ်ပုဒ်ဖြစ်ပါ တယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thwal Htoo zin ဖြစ်ပါတယ်)File Size..........(1.44 GB) / (553 MB) Quality............WEB-DL 1080p / 720p Duration.........1Hr 36Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Crime, Thriller Translator.......Thwal Htoo zin Encoder..........Zin Phyo Aung
movie
Bring Him to Me (2023)
2023
Bicentennial Man (1999) 6.9
Bicentennial Man (1999) Bicentennial Man (1999)ဒီကားလေးကတော့ ၁၉၉၉ ခုနှစ်ကထွက်ရှိခဲ့တဲ့ ခေတ်ဟောင်းစက်ရုပ်ကားလေးပါ။ အခုခေတ်ကားတွေလို စက်ရုပ်တွေ အကြမ်းဖက် လူသတ် ကမ္ဘာသိမ်းဇာတ်လမ်းမျိုးမဟုတ်ဘဲ စက်ရုပ်တစ်ရုပ်ရဲ့ ဘ၀ဇာတ်ကြောင်းကို အလွမ်းအဆွေး တွေးစရာတွေနဲ့တင်ဆက်ထားတာဖြစ်ပါတယ်။ ဟာသမင်းသားကြီး Robin Williams ရဲ့ အကောင်းဆုံးကားတစ်ကားလို့ရည်ညွှန်းကြတဲ့အတွက် အချိန်ပေးရတန်စေမယ့်ကား၊ သူ့အလွမ်းပြေကြည့်ရမယ့်ကားဆိုလည်း မမှားပါဘူး။မာတင်မိသားစုက မီးဖိုချောင်သုံးစက်ရုပ်တစ်ရုပ်ကို၀ယ်ခဲ့ပြီး အန်ဒရူးလို့နာမည်ပေးခဲ့ပါတယ်။ အန်ဒရူးက သာမန်စက်ရုပ်မဟုတ်ဘဲ ခံစားချက်တွေ ကိုယ်ရည်ကိုယ်သွေးတွေရှိနေတဲ့အချိန်မှာတော့ မာတင်မိသားစုက မီးဖိုချောင်မှာမခိုင်းတော့ဘဲ သိသင့်သိထိုက်တာတွေသင်ပေးပြီးတဲ့နောက်မှာတော့ အန်ဒရူးတစ်ယောက် စက်ရုပ်အဖြစ်ကနေမှ လူသားအဖြစ်ကို တဖြည်းဖြည်းပြောင်းလဲလာပြီး အချစ်ကိုထိတွေ့ခံစားမိပုံကို စိတ်၀င်တစားကြည့်ရှုရမှာပါ။(ဒီဇာတ်ကားနဲ့အညွှန်းကို Soe Thiri Swe မှ ပြန်ဆို ရေးသားထားပါတယ်)Size - 2.9GB, 1.15GB Quality - 1080p, 720p IMDb Rating - 6.9/10 Format - mp4 Duration - 2H 12Min Genre - Drama, ...
movie
Bicentennial Man (1999)
1999
Scarygirl (2023) 6.2
Scarygirl (2023)  ပေါ့ပေါ့ပါးပါးနဲ့ ကာတွန်းလေးပဲကြည့်ချင်တယ်ဆိုတဲ့သူတွေအတွက်လတ်တလောကမှထွက်ရှိထားတဲ့ ကာတွန်းကားလေးကို တင်ဆက်ပေးလိုက်ချင်ပါတယ်။ဇာတ်လမ်းအကျဉ်းကို ပြောပြရမယ်ဆိုရင်တော့ဂြိုဟ်တစ်ခုပေါ်က အလင်းမြို့တော်ဆိုတဲ့ မြို့မှာ Doctor Maybeeဆိုတဲ့သိပ္ပံပညာရှင်တစ်ဦးရှိပါတယ်။ သူဟာအဲ့ဂြိုဟ်ရဲ့ နေလုံးကနေစွမ်းအားတွေစုပ်ယူပြီးစမ်းသပ်ချက်တွေပြုလုပ်နေသူပါ။ ဒါ့အပြင် အဲ့ဂြိုဟ်မှာအရမ်းရှားတဲ့ရေဘဝဲတွေကိုလည်း ကြေးစားတွေငှားပြီးရှာဖမ်းခိုင်းထားပါသေးတယ်။တစ်ဖက်က အလင်းမြို့တော်နဲ့ဝေးတဲ့ နေရာမှာတော့ ဘလစ်စတာဆိုတဲ့ရေဘဝဲကြီးရှိပြီးနေရောင်ခြည်စွမ်းအင်လျော့ကျလာတာကြောင့် သေဆုံးကုန်ကြတဲ့အပင်တွေကိုသူ့အစွမ်းနဲ့ပြန်လည်ရှင်သန်အောင်ကူညီပေးနေသူပါ။ သူ့မှာ အာကီ လို့ခေါ်တဲ့သမီးလေးတစ်ယောက်ရှိပြီး အာကီက စက်တွေတီထွင်ရတာကိုဝါသနာပါသူဖြစ်ပါတယ်။တစ်နေ့မှာတော့ အလောင်းကစားတွေလုပ်တာကြောင့် အကြွေးတွေဝိုင်းနေလို့ရေဘဝဲလာရှာတဲ့ ဘန်နီဂုရု နဲ့ ဥ တို့နှစ်ယောက်ရယ် အာကီရယ်ဆုံမိကြပြီးအလင်းမြို့တော်ကိုသွားဖို့အကြောင်းဖန်လာပါတော့တယ်။ဇာတ်လမ်းအကျဉ်းကတော့ဒီလောက်ပါပဲ။ဇာတ်လမ်းသွားလေးကလည်း ပျင်းစရာမကောင်းဘဲပေါ့ပေါ့ပါးပါးရှိပြီးanimation တွေကလည်း အတော်ကိုကောင်းလှပါတယ်။ Australia ကရိုက်တဲ့ကားမို့Australian accent ကိုလေ့လာချင်တဲ့သူတွေလည်းကြည့်သင့်တဲ့ကာတွန်းလေးပါ။ဒီတော့ ဇာတ်ကားလေးကို ခံစားကြည့်ရှုလိုက်ကြပါဦး။ File size…1.56GB / 743MB Quality…WEB-DL 1080p 5.1 CH/ 720p Format…mp4 Duration….1h 48m Genre ….. Animation , Adventure , Fantasy Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Muse
movie
Scarygirl (2023)
The Hunter (2011) 6.7
The Hunter (2011)  Rotten tomatoes - 72% IMDb - 6.7 မာတင်ဟာ မုဆိုးတစ်ယောက်ဖြစ်ပြီး ကုမ္ပဏီကြီးတွေကလိုချင်တဲ့ အကောင်ကိုမှရွေးပြီး အမဲလိုက်ပေးတဲ့ကြေးစားတစ်ယောက်ပါ။ တစ်နေ့မှာတော့ သစ်ရွက်နီ လို့ခေါ်တဲ့ စက်ဖက်ဆိုင်ရာ ဇီဝနည်းပညာကုမ္ပဏီတစ်ခုက အလုပ်ကမ်းလှမ်းလာ‌တာကြောင့် တက်စမေးနီးယန်း ဒေသကိုသွားခဲ့ပါတယ်။ သစ်ရွက်နီလိုချင်နေတာကတော့ မျိုးသုဉ်းသွားခဲ့ပြီလို့ ယူဆထားကြတဲ့ တက်စမေးနီးယန်း ကျားရဲ့ ဒီအန်အေပါပဲ။ ဒီလိုနဲ့ မာတင်တစ်ယောက် တက်စမေးနီးယန်း တောင်တန်းတွေပေါ်မှာမှာ ရှိဖို့တောင်မှအာမခံချက်မရှိတဲ့ ကျားကို သုတေသနပညာရှင်ဟန်ဆောင်ပြီးလိုက်ရှာရင်း ဒေသခံတွေနဲ့ရင်းနှီးလာခဲ့ပါတော့တယ်။ ဒီလိုနဲ့ သစ်ရွက်နီ ကုမ္ပဏီက တက်စမေးနီး ကျားရဲ့ ဒီအန်အေကို လိုချင်တဲ့အကြောင်းပြချက်နဲ့ ဒေသခံတွေသေဆုံးမှုတစ်ချို့ကို မာတင်သိသွားခဲ့တဲ့အချိန်မှာတော့ မာတင်တစ်ယောက် ဘယ်လိုမျိုးအန္တရာယ်တွေနဲ့ရင်ဆိုင်လာရမလဲဆိုတာကို ဆင်လက်ကြည့်ရှုလိုက်ကြပါဦး။ မာတင်ရဲ့နေရာမှာသရုပ်ဆောင်ထားတာကတော့မင်းသားကြီး Willem Dafoe ဖြစ်ပြီး တောတွင်းအမဲလိုက်ရုပ်ရှင်တွေကို သဘောကျတဲ့သူတွေအတွက် ကြည့်လို့ကောင်းမဲ့ ကားတစ်ကားပါပဲဗျ။ File size…(2 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:42:00 Genre...Drama, ...
movie
The Hunter (2011)
Hunt for the Wilderpeople (2016) 7.8
Hunt for the Wilderpeople (2016) Hunt for the Wilderpeople (2016)~ IMDb - 7.8/10, Rotten Tomatoes - 97% ~သွေးမတော်သားမစပ် လူကြီးနဲ့ ကလေးတစ်ယောက် သူတို့နောက်လိုက်တဲ့ အစိုးရအဖွဲ့တွေဆီကနေ ထွက်ပြေးတဲ့ ဇာတ်လမ်းပါ။ရစ်ကီဘိက်ကာဆိုတဲ့ မိဘမဲ့ကောင်လေးကို ဟိက်နဲ့ ဘယ်လာဆိုတဲ့ ယာသမားစုံတွဲက မွေးစားရာကနေ အရှုပ်ထုပ်တွေစခဲ့တာပါ။ ရစ်ကီက ကလေးသူငယ်စောင့်ရှောက်ရေးအဖွဲ့အတွက်တော့ ဆိုးသွမ်းခိုးနှိုက် ဖျက်ဆီးတတ်တဲ့ ပြသာနာကောင်လေးပေါ့။ ရစ်ကီရဲ့မွေးစားအမေ ဘယ်လာကတော့ သူ့ကို ဂရုတစိုက်စောင့်ရှောက်ပေးပါတယ်။ ဟိက်ကတော့ သူ့ဟာသူနေတာပါ။တစ်နေ့မှာ ဘယ်လာ ဆုံးသွားပြီး ဟိက်က ပြစ်မှုမှတ်တမ်းဟောင်းကြောင့် ရစ်ကီကို မွေးစားခွင့်မရတဲ့အခါ ရစ်ကီက ပြန်မလိုက်ချင်ဘဲ ထွက်ပြေးဖို့ ကြံစည်ပါတော့တယ်။ အဲဒီဒေသက လူတွေ ခြုံလို့ခေါ်တဲ့ တောအုပ်ထဲမှာ မျက်စိလည် လမ်းပျောက်ပြီး ဟိက်နဲ့ ဆုံတဲ့အခါ...ရဲတွေ အစိုးရအဖွဲ့တွေ လိုက်ဖမ်းနေလို့ မတည့်အတူနေ၂ယောက် တောထဲပုန်းခိုရင်း မထင်မှတ်ဘဲ အထင်လွဲမှုတွေဖြစ်သွားပြီး ...
movie
Hunt for the Wilderpeople (2016)
2016
The Portable Door (2023) 6.3
The Portable Door (2023) The Portable Door (2023) =================== IMDb Rating - 6.3/10"တိုက်ဆိုင်မှု" ဆိုတာက ကျွန်တော်တို့ လူသားတိုင်းရဲ့ ဘဝမှာ ဖြစ်ပျက်နေကျ အရာတစ်ခုပါ။ အလုပ်အင်တာ ဗျူးနေ့မှ တိုက်တိုက်ဆိုင်ဆိုင် ဖိနပ်ကြိုးနှစ်ခါပျက်ပြီး အရာအားလုံးက အဆင်မပြေဖြစ်နေတာမျိုးတို့၊ စာဖတ် နေရင်း စာအုပ်ထဲက ဇာတ်ကောင်က ရေပန်းထဲပြုတ်ကျ တဲ့အချိန် အပြင်မှာပါ လူတစ်ယောက်က တိုက်တိုက်ဆိုင် ဆိုင် ရေပန်းထဲပြုတ်ကျလို့ သွားကူရင်း ဖူးစာပါသွားတာ မျိုးပေါ့။ဒါပေမဲ့ အဲ့တိုက်ဆိုင်မှုတွေက သာမန်တိုက်ဆိုင်မှုသက်သက် မဟုတ်ဘဲ အရိပ်နောက်ကွယ်မှာ ကူညီပေးနေတဲ့သူတွေ ရှိနေတယ်ဆိုရင်ရော၊ မှင်စာတွေနဲ့ မှော်ဆရာတွေပေါင်းပြီး အရာအားလုံးရဲ့တိုက်ဆိုင်မှုနဲ့ လူတွေရဲ့ အတွေး၊ စိတ်၊ အာရုံ တွေကို ထိန်းချုပ်ပြီး လုပ်ပေးနေကြတာ ဆိုရင်ရော...အလုပ်ရှာနေတဲ့ အလုပ်လက်မဲ့ကောင်လေး Paul Carpenter က "တိုက်တိုက်ဆိုင်ဆိုင်" JW Wellsဆိုတဲ့ လုပ်ငန်းတစ်ခုမှာ အလုပ်ရသွားတယ်။ သူနဲ့အတူ Sophieဆိုတဲ့ ထက်မြက်တဲ့ ကောင်မလေးလည်း အလုပ်သင်မှာ အတူအလုပ်ရကြတယ်။ ဒါပေမဲ့ Paulက သူ့အလုပ်က ဘာအလုပ်လဲမသိသလို အဲ့အ လုပ်ကလူတွေ ဘာအလုပ်လုပ်ကြတယ်ကိုလည်း မသိခဲ့ဘူး။ CEO Humphrey Wells က ...
movie
The Portable Door (2023)
2023
Assassin Club (2023)
Assassin Club (2023) Assassin Club (2023)အရှေ့အနောက်တောင်မြောက် ဘယ်အရပ်ကြည့်ကြည့်ကြေးစားလူသတ်သမားတွေနဲ့ပြည့်နေတာကတော့ မင်းသား Henry Golding ရဲ့ဇာတ်ကားသစ်ပါပဲ။ Henry က ဒီကားထဲမှာ မော်ဂန်ဆိုတဲ့ကြေးစား။ မော်ဂန့်ဆရာကပြောတယ်။သူတို့လိုလူတွေ ကြေးစားလောကကထွက်ချင်တဲ့အကြောင်းအရင်းသုံးခုပဲရှိတယ်တဲ့။ ၁ ဘုရားသခင်ကိုရှာဖွေတွေ့ရှိသွားလို့ ၂ အမျိုးသမီးတစ်ယောက်ကြောင့် ၃ သေသွားလို့မော်ဂန်ကတော့ ဒုတိယအကြောင်းအရင်းနဲ့ကြေးစားအလုပ်ကို ရပ်လိုက်ချင်နေသူဆိုပါတော့။ ဖြစ်ချင်တော့အဲ့အချိန်မှာပဲ မော်ဂန့်ကိုလာအပ်တဲ့အလုပ်က လူ၆ ယောက်သတ်ပေးရမယ်။ တစ်ယောက်စီအတွက်ဒေါ်လာတစ်သန်းရမယ်။ မော်ဂန်ကသူ့ဆုံးဖြတ်ချက်ကိုမပြင်တော့ဘူး ဒီအလုပ်ကိုလဲလက်လွှတ်လိုက်မယ်တွေးပေမယ့် သူ သတ်ပေးရမယ့် ၆ယောက်က သာမန်လူတွေမဟုတ်ဘဲ သူ့လိုကြေးစားတွေဖြစ်နေတယ်။ ပြီးတော့အဲ့၆ ယောက်ကလဲ မော်ဂန့်လိုပဲအလုပ်ကမ်းလှမ်းခံထားရသူတွေဖြစ်နေတယ်။ အဲ့တော့ဒါက ကြေးစားတွေအချင်းချင်းသတ်ရမယ့် Hunger Game ကြီးပေါ့။ မော်ဂန့်အနေနဲ့ကလဲ သူကဒီအလုပ်ကိုလက်မခံချင်ပေမယ့် ကျန်တဲ့၆ယောက်က သူ့ကို လာသတ်မှာပဲဆိုတော့ သူလဲဲ ဒီကစားပွဲကို မဖြစ်မနေ ဝင်ကစားရင်း ဒီကစားပွဲကို ကြိုးဆွဲနေသူက ဘယ်သူလဲ ဘာကြောင့်လဲဆိုတာတွေကို တိုက်ခိုက်အဖြေရှာတာကို ကြည့်ရှုရမယ့် လှည့်ကွက်စုံ အက်ရှင်စုံဇာတ်ကားတစ်ကားပါပဲ ။အညွှန်း နဲ့ ဘာသာပြန်ကတော့ Rashida ပဲ ဖြစ်ပါတယ်။Genre..... Action, Thriller Quality…. 1080p | 720p | 480p File ...
movie
Assassin Club (2023)
2023
Possession (1981) 7.3
Possession (1981) IMDb Rating (7.3) / Rotten Tomatoes (84%)တစ်ချိန်က UK မှာ အ ban ခံရတဲ့ Horror movie လေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်ဇာတ်လမ်းအကျဥ်းကတော့ စပိုင်တစ်ယောက် ဖြစ်တဲ့ မာ့ခ်ဟာ သူ့မစ်ရှင်အပြီး မိန်းမဖြစ်သူ အန်နာနဲ့ သားလေး ဘော့ဘ် ရှိရာဆီပြန်လာခဲ့ပေမယ့် မိန်းမရဲ့ ကွာရှင်းခွင့်တောင်းခြင်းကို ခံရပါတယ် ဘာကြောင့်ကွာရှင်းချင်ရလဲဆိုတဲ့အကြောင်းရင်းကို မေးမြန်းရာမှာတော့ တခြားတစ်ယောက်ရှိလို့မဟုတ်ဘူးဆိုပြီး တွင်တွင်ငြင်းခဲ့ပေမယ့် တကယ်တော့ ရှိနေပါတယ် ကဲ ကွာမယ် အိမ်နဲ့ကလေးကိုပေးလိုက်တော့ အန်နာဟာ ကလေးကို အိမ်ထဲမှာ ရက်သတ္တပတ်အတော်ကြာ တစ်ယောက်တည်း ပစ်ထားတယ် သူ့ဖာသာသူ အပြင်တွေဘယ်သွားမှန်းမသိသွားရင်း ရွာလည်နေတယ် မာ့ခ်ကလည်း စိတ်ညစ် အရက်သောက်ပြီး အရက်ကြောင်တဲ့အဆင့်ထိဖြစ်လာခဲ့တယ် မာ့ခ်က သားလေးရဲ့အခြေအနေကိုမြင်လိုက်ရချိန်မှာ အိမ်ပေါ်ပြန်တက်နေဖို့ ဆုံးဖြတ်ခဲ့တယ် အန်နာကို အိမ်ပြန်မလာတော့ဖို့ပြောပေမယ့် ကလေးဗန်းပြပြီး သူလာချင်တဲ့အချိန်လာတယ် ကြောင်တောင်တောင်တွေလုပ်ပြီး ပြန်ပြန်သွားတယ် လင်ငယ်ဆီ သွားနေနေလားဆိုပြီး စုံစမ်းပြန်တော့လည်း မဟုတ် မဟုတ်နဲ့ အမှန်တရားကို မြင်လိုက်ရချိန်မှာတော့....။IMDb 7.3အထိရရှိခဲ့ပေမယ့် အမေရိကမှာလည်း ပြသခွင့် ၂နှစ် ...
movie
Possession (1981)
4K HEVC
Event Horizon (1997) 6.6
Event Horizon (1997) Event Horizon (1997)Resident Evil ဇာတ်ကားအများစုရဲ့ ဒါရိုက်တာ Paul W.S. Anderson ရိုက်ထားတဲ့ ရုပ်ရှင်ပါ။ ဒီကားကို ပါရာမောင့်က ထုတ်ခဲ့တာဖြစ်ပြီး ဒီကားကို ထုတ်ပေးဖို့ ပါရာမောင့်မှာ ဆွယ်တရားသွားဟောတုန်းက ကားတောင်ထွက်မလာသေးဘဲ ပါရာမောင့် အမှုဆောင်တွေ လန့်ပါလန့်ခဲ့ရတဲ့အထိဖြစ်ခဲ့ပါတယ်။ The Matrix ထဲက မောဘီးယပ်စ်ကြီး Laurence Fishburne က အဓိက ပါဝင်သရုပ်ဆောင်ထားသလို ဘွန်းခဲ့ပေမဲ့လည်း Cult Classic Horror Film တစ်ကားဖြစ်ခဲ့တဲ့အတွက် ကြည့်သင့်တဲ့ ဂန္ထဝင်တစ်ကားပါပဲ။ သိပ္ပံစိတ်ကူးယဉ်ဇာတ်တွေကို သဘောကျတဲ့လူတွေလည်း အကြိုက်တွေ့ကြမှာပါ။ သိပ္ပံစိတ်ကူးယဉ် သဲထိတ်ရင်ဖိုကားပီသသလို တော်တော်လည်းကြမ်းတာကြောင့် အသည်းငယ်တတ်သူတွေတော့ မကြည့်စေချင်ပါဘူး။ ဒီကားကြည့်ပြီးရင်တော့ အချင်းချင်း ခေါင်းစားကြစရာ အချက်အလက်တွေ အများကြီးထွက်လာမှာတော့ မြေကြီးလက်ခတ်မလွဲပါပဲ။လူသားတွေဟာ လပေါ်မှာ အပြီးတိုင်အခြေချပြီးတဲ့နောက် ၂၅ နှစ်အကြာမှာ လူသားသမိုင်းတလျှောက် ပထမဆုံးသော အလင်းထက်မြန်တဲ့ ...
movie
Event Horizon (1997)
1997
Thor: Love and Thunder (2022) 7
Thor: Love and Thunder (2022) ဒီရုပ်ရှင်ကတော့ စတုတ္ထမြောက် သောရ် ရုပ်ရှင်ပဲ ဖြစ်ပါတယ်။ အရှေ့မှာတော့ Thor, Thor : Dark World, Thor Ragnarok တို့ ထွက်ထားခဲ့ပြီးပါပြီ။ ဒီဇာတ်လမ်းကတော့ Avengers : Endgame အပြီးမှာ Guardians of the Galaxy နဲ့အတူ အာကာသထဲမှာ စွန့်စားခန်းဖွင့်ဖို့ ထွက်လာခဲ့တဲ့ သောရ်ရဲ့အကြောင်းပါပဲ။ဒီတစ်ခါ သောရ်ရင်ဆိုင်ရမှာကတော့ နတ်ဘုရားသတ်သမား ဂေါရ် ဆိုတဲ့ ဗီလိန်ပါပဲ။ ဂေါရ်ဟာ အရင်က နတ်ဘုရားကို ယုံကြည်ကိုးကွယ်ခဲ့သူဖြစ်ပေမဲ့ သူတို့ဂြိုလ်ကြီး အငတ်ဘေးဆိုက်ပြီး နောက်ဆုံး သူ့ရဲ့သမီးလေးပါ သေသွားတာကို နတ်ဘုရားတွေက ပျက်ရယ်ပြုပြီး လျစ်လျူရှုထားတာကိုတွေ့အပြီးမှာ နတ်ဘုရားတွေကိုမုန်းတီးသွားခဲ့ပါတယ်။ အဲဒီအချိန်မှာပဲ နတ်ဘုရားတွေကို သတ်နိုင်တဲ့ ရှေးဟောင်းလက်နက်တစ်ခုဖြစ်တဲ့ ကျိန်စာသင့် နက်ခရိုဓားဟာ ဂေါရ်ရဲ့လက်ထဲကို ရောက်လာခဲ့ပါတယ်။ အဲဒီဓားနဲ့ ဂေါရ်တစ်ယောက် စကြဝဠာတစ်ခွင်က နတ်ဘုရားတွေကို လိုက်သတ်နေရင်း ...
movie
Thor: Love and Thunder (2022)
4K HEVC
Thor: Ragnarok (2017) MCU 8.1
Thor: Ragnarok (2017) MCU Thor: Ragnarok (2017)IMDb Raing (8.0)Thor ဇာတ်ကားတွေက ၂၀၁၁ နဲ့ ၂၀၁၃ တုန်းက ဆက် တိုက်ထွက်ရှိခဲ့ပြီး အခုတတိယမြောက်မှာ ဒါရိုက်တာ တိုက်ကာ ဝိတ်တီက ဘယ်လိုဇာတ်အိမ် တည်ထားလဲဆိုတာ စိတ်ဝင်စားစရာပါ။အန်တိုနီဟော့ပ်ကင်းစ်၊ ဘန်နီဒစ်ကန်ဘာဘက်ချ်၊ ကိတ်ဘ လန်ချက်၊ ခရစ္စဟမ်းစ်ဝေါ့သ်၊ ကန်လန်စီဘရောင်းစသူတွေနဲ့ မြိုင်မြိုင်ဆိုင်ဆိုင်ပဲမို့ စိတ်ကူးယဉ် သိပ္ပံ၊ စွန့်စားခန်း၊ ဟာသ၊ အက် ရှင်ရသတွေကို အပြည့်အဝခံစား ရဦးမှာပါ။ဆိုကိုဗီးယားစစ်ပွဲအပြီး ၂ နှစ်အကြာမှာ သော ဟာမီးမိစ္ဆာဆာတာရဲ့ ဖမ်းဆီးတာကိုခံထားရပါ တယ်။ သောရဲ့ ဖခင် အိုဒင်ဟာ အက်စ်ဂါ့တ်မှာ ကြာကြာနေရမှာ မဟုတ်တဲ့အကြောင်းနဲ့ အရာအား လုံးကို သူ့ရဲ့မီးလျှံနဲ့ ဖျက်ဆီးပစ် မယ်လို့ ဆာတာကပြောပေမယ့် သောဟာ ဆာတာကို အနိုင်ယူနိုင် ခဲ့ပါတယ်။ အက်စ်ဂါ့တ်ကို ပြန်ရောက်ခဲ့ တဲ့ သောဟာ မွေးစားညီအစ်ကို လိုကီကို ...
movie
Thor: Ragnarok (2017) MCU
2017
4K HEVC IMAXHDR
Jurassic World Dominion (2022) 5.9
Jurassic World Dominion (2022) Jurassic World Dominion (2022)ဂျူရက်ဆစ်ကမ္ဘာရဲ့ တတိယရုပ်ရှင်ကြီးထွက်လာပါပြီ။ ပထမရုပ်ရှင်မှာ ဂျူရက်ဆစ်ပန်းခြံပျက်စီးသွားခဲ့ပြီး၊ ဒုတိယကားမှာ ဒိုင်နိုဆောတွေအားလုံး ကမ္ဘာကြီးထဲကို ပျံ့နှံ့လာတာကို တွေ့ရမှာပါ။ဒီတတိယကားမှာတော့ ဒိုင်နိုဆောတွေနဲ့ ဒီအန်အေတူတဲ့ ဧရာမကျိုင်းကောင်ကြီးတွေ ပေါ်လာပြီး ကမ္ဘာပေါ်က လယ်ကွင်းတွေကို လိုက်ဖျက်ဆီးနေတဲ့ပြဿနာကနေစတင်လာပါတယ်။ အိုဝင် နဲ့ ကလယ်ရာတို့အတွဲကလည်း ချားလော့ကလုန်း ကောင်မလေးဖြစ်တဲ့ မေစီကို ကယ်လာပြီး လူတွေနဲ့ဝေးရာမှာ ဖွက်ထားခဲ့ပါတယ်။အဲဒီမှာပဲ ကျိုင်းကောင်တွေကို မျိုးဗီဇပြောင်းတဲ့တရားခံကိုရှာနေတဲ့ သိပ္ပံပညာရှင် သူငယ်ချင်းနှစ်ယောက်ရယ်၊ မေစီကိုဖမ်းသွားတဲ့အပြင် ရပ်ပ်တာမကြီး ဘလူးရဲ့ ကလေးကိုပါ ဖမ်းသွားတဲ့လူတွေနောက်ကို ကယ်ဖို့လိုက်လာတဲ့ အိုဝင်တို့စုံတွဲရယ်ပူးပေါင်းပြီး စွန့်စားခန်းတွေ ဖွင့်ကြရပါတော့တယ်...ရရချင်း တင်ပေးထားရတာမို့ Korea Hardsub ပါတာကိုတော့ အနည်းငယ် သည်းခံပြီး ကြည့်ရှုပေးကြပါဦးအညွှန်း နဲ့ ဘာသာပြန်ကတော့ Mr.Anderson ပဲ ဖြစ်ပါတယ်။Genre..... Action, Adventure, Sci-fi Quality…. 4K HEVC | 1080p | 720p | 480p File size… 9.28GB | 2.6GB ...
movie
Jurassic World Dominion (2022)
2022
4K HEVC Web-DL
Peter Rabbit 2: The Runaway (2021) 6.2
Peter Rabbit 2: The Runaway (2021) Peter Rabbit 2: The Runaway (2021)==========================IMDb Rating - 6.2/10 ဒရမ်သမားလေး ယုန်ပီတာကို မှတ်မိကြသေးလား??? ဒုတိယကားလေးကိုလည်း စောင့်နေကြမှန်းသိလို့ CM ကတင်ဆက်ပေးလိုက်ပါပြီနော်...အိမ်ပြေးပီတာ.. ပီတာအိမ်ပြေးတစ်ယောက် ဒီဇာတ်လမ်းမှာလည်း ပြေးရပြန်ပါပြီ။ ပေါ့ပေါ့ပါးပါးနေတတ်တဲ့ ပီတာလေးက အရာရာကိုပေါ့ပေါ့လေးပဲပြောပေမယ့် ပေါ့ပေါ့လေးတော့ မခံစားတတ်ပါဘူး။ အဓိကကတော့ ပီတာရဲ့ မတည့်အတူနေ မစ္စတာမဂ်ဂရက်ဂေါ ကြီးက အခုထိ ပီတာ့အပေါ် အမြင်စောင်းနေတုန်းပါပဲ ။ စောင်းဆို ပီတာကလည်း ဘယ်တော့မှအတည့်မနေဘူး.. လုပ်လိုက်ရင် တလွဲကြီးပဲ🤣ပထမကားမှာ အီစီကလီဖြစ်ခဲ့တဲ့ ဘီ နဲ့ မဂ်ဂရက်ဂေါက အခုတော့လက်ထပ်ပြီး ယုန်လေးပီတာအကြောင်းကို စာအုပ်ထုတ်ဝေခဲ့ပါတယ်။ စာအုပ်ရဲ့ အောင်မြင်ချက်ကတော့ ဘီ ကို ဒုတိယအုပ်ရေးဖို့ ကမ်းလှမ်းခံရပြီး ယုန်လေးပီတာကို ဗီလိန် အဖြစ်ရေးဖို့ အကြံပြုပါတော့တယ်။ ဒါကို ဘယ်သူမှမကန့်ကွက်တဲ့အပြင် ပီတာက ဗီလိန်နဲ့ပိုတူတယ်လို့တောင် ဝိုင်းပြီးပြောကြဆိုကြနဲ့ယုန်ဖြူစင်တာ ယုန်ပဲသိတယ်လေ😥ဝေဖန်ဒဏ်တွေ ...
movie
Peter Rabbit 2: The Runaway (2021)
2021
Peter Rabbit (2018) 6.6
Peter Rabbit (2018) Peter Rabbit (2018)IMDb - 6.6/10_____Rotten - 63%   ဖေဖော်ဝါရီလတုန်းကမှ ရုံတင်သွားတဲ့ Peter Rabbit ဇာတ်ကားကိုတော့ အများကြီးညွှန်းဆိုစရာ မလိုဘူးထင်ပါတယ်။ အမေရိကန်အင်္ဂလိပ် စာရေးဆရာမ Beatrix Potter ရဲ့ နာမည်ကျော် The Tale of Peter Rabbit စာအုပ်ကိုပြန်လည်ပြီး ရိုက်ကူးထားတဲ့ ဇာတ်ကားပဲဖြစ်ပါတယ်။ IMDb score 6.6 တောင်ရရှိထားပြီးတော့ ဒေါ်လာသန်း ၅၀ နဲ့ရိုက်ကူးခဲ့တဲ့ကားဟာ ဒေါ်လာသန်း၃၀၀ နီးပါးပြန်လည်ရရှိခဲ့တဲ့အတွက် ငွေကြေးအရ အောင်မြင်တယ်လို့ ဆိုနိုင်ပါတယ်။ ဇာတ်လမ်းအကျဉ်း ------------------ယုန်ကလေး Peter ဟာ မိဘနှစ်ဦးသေဆုံးပြီးတဲ့ နောက်မှာ ညီမသုံးယောက် ဝမ်းကွဲအစ်ကိုတစ်ယောက်နဲ့အတူ နေထိုင်လျက်ရှိပါတယ်။ တခြားတိရစ္ဆာန်တွေလို အစားကိုပုံမှန်ရှာစားလည်းဖြစ်ပေမယ့် စွန့်စွန့်စားစားလုပ်လိုက်ရမှ ကျေနပ်တဲ့ Peter က Joe McGregor ဆိုတဲ့ ဒေါသအိုးအဘိုးကြီးရဲ့ ခြံထွက်သီးနှံတွေကိုသာ ခက်ခက်ခဲခဲခိုးစားလေ့ရှိပါတယ်။ တစ်ရက် အဘိုးကြီး McGregor ရုတ်တရက်သေဆုံးသွားတဲ့အချိန်မှာ Peter တို့မောင်နှမတစ်သိုက်ဟာ သူ့အိမ်ကြီးမှာ ပျော်ရွှင်စွာမင်းမူကြပါတော့တယ်။ သို့ပေမယ့် အဘိုးကြီးဟာ ...
movie
Peter Rabbit (2018)
2018
Blackbird (2019) 6.3
movie
Blackbird (2019)
2020
Ride Like a Girl(2019) 7.0
Ride Like a Girl(2019) Ride Like a Girl(2019)(unicode)"မင်းက ခေါင်းခွံရိုးလည်း ကျိုးထားတယ်၊ ခါးလည်းထိထားတယ်၊ တံတောင် ၂ ဖက်လုံးရော လည်ပင်းရော မကောင်းတော့ဘူး။ မင်းကိုယ်ထဲမှာ အကောင်းအတိုင်း ကျန်တာ ဘာရှိသေးလို့လဲ” “ကျွန်မရဲ့ နိုင်အောင်ပြိုင်နိုင်စွမ်းပေါ့” ဒီရုပ်ရှင်က ဖြစ်ရပ်မှန်ကို အခြေခံရိုက်ကူးထားတာပါ။ မစ်ချယ်ပိန်းဟာ မလ်ဘန်းဖလား မြင်းပြိုင်ပွဲမှာ ၁၅၅ နှစ်အတွင်း ပထမဆုံး အမျိုးသမီး ချန်ပီယံ ဖြစ်ခဲ့တဲ့သူပါပဲ။ မလ်ဘန်းဖလားဟာ အမျိုးသမီး ဂျော်ကီဝင်ပြိုင်ခွင့်ရတာ ရှားပါးသလို အဆင့် ၁၀ အတွင်းဝင်ဖို့တောင် မရှိသလောက်ပါပဲ။ မြင်းပြိုင်ပွဲတွေဟာ ကမ္ဘာ့အန္တရာယ်အများဆုံး အားကစားထဲမှာ ပါဝင်ပါတယ်။ မြင်းဆိုတာ ဖြေးဖြေးမှန်မှန်စီးနေရင်တောင် အန္တရာယ်မကင်းတဲ့အရာဖြစ်တာမို့ ဇက်ကုန်ဖွင့်ပြီး စီးနေတဲ့အချိန်မှာ ပြိုင်ကားမောင်းတာထက်တောင် အန္တရာယ်များနိုင်ပါတယ်။ မစ်ချယ်ဟာ ကလေးဘဝကတည်းက ဂျော်ကီအဖြစ်ပဲ အသက်မွေးဖို့ ဆုံးဖြတ်ခဲ့သူဖြစ်ပြီး၊ ပြိုင်ပွဲတစ်ခုမှာ အပြင်းအထန် ပြုတ်ကျခဲ့လို့ အကြာကြီးအနားယူခဲ့ရပြီးမှာ တစ်ကြော့ပြန် ပြိုင်ပွဲဝင်ခဲ့သူပါ။ ဒီရုပ်ရှင်ကတော့ မစ်ချယ်ပိန်းတို့ရဲ့ မြင်းထရိန်နာတွေ ဂျော်ကီတွေ ...
movie
Ride Like a Girl(2019)
Legend of the Guardians: The Owls of Ga’Hoole(2010) 6.9
Legend of the Guardians: The Owls of Ga’Hoole(2010) Legend of the Guardians: The Owls of Ga'Hoole(2010)(Zawgyi)အမိုက်စား အက်ရှင် Animation ကားမို့ BLU-RAY1080P5.1CH ပါတင်ဆက်ပေးထားပါတယ်..... ယခုတင်ဆက်ပေးတဲ့ Animation ကားလေးကတော့ Legend of the Guardians:The Owl of Ga'hoole (2010) ကားလေးပဲဖြစ်ပါတယ်။Old but Gold လို့ပြောရမယ့် ဒီကားလေးကတော့ 2010 ကထွက်ရှိခဲ့တာဖြစ်ပြီး Imdb Rating 6.9/10ရရှိထားတဲ့ ကားကောင်းလေးပါ။ဇာတ်လမ်းအကျဉ်းလေးကိုလဲ အနည်းငယ် တင်ပြလိုပါသေးတယ်။ဆောရန်နဲ့ ကလတ် ဆိုတာအသိုက်တစ်ခုထဲမှာ မွေးဖွားလာတဲ့ ဇီးကွက်ပေါက်လေး နှစ်ကောင်ပါ။ တစ်ကောင်က စိတ်ထားနူးညံ့သူဖြစ်သလို အခြားတစ်ကောင်က စိတ်ထားကြမ်းတမ်းသူပါ။စိတ်ထားခြင်းလားလားမှမတူတဲ့သူတို့ညီအကိုနှစ်ယောက် တစ်နေ့တော့ အသိုက်ကနေ ထွက်ကျပြီးအိမ်ကနေခွဲခွာခဲ့ရပါတော့တယ်။မပျံနိုင်သေးတဲ့ဇီးကွက်ပေါက်လေးတွေကိုစုဆောင်းကာ ကျွန်အဖြစ်ခိုင်းစားနေတဲ့ သန့်စင်သူများဆိုတဲ့ဇီးကွက်တိုင်းပြည်ကိုသူတို့ရောက်ခဲ့ပါတော့တယ်။သူတို့နှစ်ယောက်ဘယ်လိုဆက်ဖြစ်မယ်၊ဘယ်လိုတွေဆက်ရင်ဆိုင်ရမယ်ဆိုတာ စိတ်ဝင်စားစွာဆက်လက်ကြည့်ရှုရမှာပါ။စိတ်ဓါတ်ခွန်အားတွေအများကြီးပေးစွမ်းနိုင်တဲ့ဒီကားလေးကို Channel Myanmarပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ရပါတယ်။ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Aye Mon ...
movie
2010
Daybreakers (2009) 6.5
Daybreakers (2009)          မင်းသား Ethan Hwake,ဝါရင့်မင်းသားကြီးWillam defoe,မင်းသမီး Claudia Karvanတို့ ပါဝင်တဲ့ science fiction horrorဇတ်ကားတစ်ကားဖြစ်ပါသည် ကမ္ဘာပေါ်မှာရှိတဲ့လူတွေအကုန်နီးပါး vampireတွေဖြစ်သွားပြီး ဆယ်နှစ်အကြာကာလမှာဇတ်အိမ်တည်ထားပါတယ် Edward Daltonအဖြစ်သရုပ်ဆောင်ထားတဲ့Ethan Hawkeဟာ vampireတယောက်ဖြစ်သလို ဓာတုဗေဒဓာတ်ခွဲဆရာဝန်တယောက်လဲဖြစ်ပါသည် တနေ့မှာvampireတွေအတွက်အစာရေစာဖြစ်တဲ့လူ့  သွေးတွေကုန်သလောက်ဖြစ် သွားတဲ့အခါမှာEdwardကိုအဲဒီကိစ္စကိုဖြေရှင်းဖို့တာဝန်ပေးခြင်းခံရပါတယ် အဖြေရှာရင်းနဲ့ တရက်အိမ်အပြနိမှာAudreyဆိုတဲ့လူသားကောင်မလေးတို့ အဖွဲ့ ကိုကယ်တင်ရင်းAudreyကနေတဆင့် အရင်ကvampireတစ်ယောက်ဖြစ်ခဲ့ဖူးတဲ့Elvisအကြောငိးကိုသိလိုက်ရတဲ့အခါမှာ Edwardတစ်ယောက်ကမ္ဘာကြီးကိုပြန်လည်ပြောင်းလဲနိုင်မလားဆိုတာပရိတ်သတ်ကြီးရူစားရမှာဖြစ်ပါသည် ဒီဇတ်ကားကိုMicheal Spierigနဲ့Peter Spierigတို့မှရိုက်ကူးထားပြီး Budget $20millions မှာBox officeဝင်ငွေ $51.4millions ပြန်လည်ရရှိထားတဲ့ဇတ်ကားကောင်းတစ်ကောင်းဖြစ်ပါသည် ဒီဇတ်ကားကို Kaung Myat Thu မှ ဘာသာပြန်ပေးထားပြီး အညွှန်းကိုလဲ ကိုယ်တိုင်ရေးပေးထားပါတယ်...                                                                                                                 (Yrfatt)
movie
Daybreakers (2009)
2009
Sweet Country (2017) 7.4
Sweet Country (2017) Sweet Country ဇာတ်ကားရဲ့နောက်ခံ အချိန်ဟာ ၁၉၂၉ ခုနှစ်အချိန်က သြစတေးလျ မြောက်ဘက်က ဝေးလံခေါင်ဖျားတဲ့နေရာတွေမှာနေတဲ့ လူမည်းတွေရဲ့ ဖိနှိပ်ခံရပုံကို အခြေပြုပြီး ရို်က်ကူးထားတာဖြစ်ပါတယ်….ဒီဇာတ်လမ်းထဲမှာ ဆမ် ဆိုတဲ့လူဟာ ဘလက်ခ်ဟေး ဆိုတဲ့ဒေသမှာနေတဲ့ သက်လည်ပိုင်း တိုင်းရင်းသားလူမည်းတစ်ယောက်ဖြစ်ပါတယ်…အဲ့ဒီဒေသတွေမှာ လူဖြူတွေဟာ လူမည်းတွေအပေါ်ကို တန်းတူထားမဆက်ဆံဘဲ တော်တော်လေးဖိနှိပ်ချုပ်ချယ်ကြတဲ့အထဲမှာမှ ဘာသာတရားကိုင်းရှိုုင်းတဲ့ သူ့လူဖြူမိတ်ဆွေ ဖရက်ဒ်ကတော့ သူ့ကို ကောင်းကောင်းဆက်ဆံတဲ့ ရှားရှားပါးပါး လူဖြူတစ်ယောက်ပါပဲ…တစ်နေ့ သူ့မိတ်ဆွေ မရှိခိုက် သူ့ကိုသေနတ်နဲ့လာပစ်တဲ့ လူဖြူတစ်ယောက်ကို ခုခံရင်း ၄င်းလူဖြူသေဆုံးသွားတဲ့အတွက် ဆမ်ဟာ မိန်းမကိုခေါ်ပြီး ထွက်ပြေးပါတော့တယ်..။ဒီဇာတ်ကားဟာ ၂၀၁၈ ဇန်နဝါရီလထဲထွက်ခဲ့တဲ့ကားဖြစ်ပြီး ဆုပေါင်း ၆ ဆု ရရှိခဲ့ကာ ဆန်ကာတင်ဆု ၁၀ ဆုမှာ ပါဝင်ခဲ့တဲ့ကားတစ်ကားဖြစ်ပါတယ်….ဒီဇာတ်ကားထဲမှာ မြိုပြရဲ့ ပြိုးပြိုးပြက်ပြက် အငွေ့အသက်တွေ လုံးဝတွေ့ရမှာမဟုတ်ဘဲ …ဝေးလံခေါင်ဖျားပြီး အနီးဆုံးမြို့မှာတောင် ဘုရားကျောင်းတစ်ကျောင်းမရှိတဲ့ သြစတေးလျား မြောက်ဖက်ပိုင်းရဲ့ ကျောက်တုံးကျောက်ခဲထူထူ နဲ့ ...
movie
Sweet Country (2017)
2017