Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Samantha Russell
Shirley (2024)
ဒီဇာတ်ကားလေးကတော့ ၁၉၇၂ မှာ အမေရိကန်ပြည်ထောင်စုရဲ့ သမ္မတရွေးကောက်ပွဲမှာ သမ္မတနေရာအတွက် ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ သမိုင်းမှာ ပထမဆုံးသော လူမဲအမျိုးသမီး ရှာလီ ချီဆန်အကြောင်းကို တင်ဆက်ရိုက်ကူးထားတဲ့ ဗဟုသုတရဖွယ် သမိုင်းကြောင်းဇာတ်ကားလေးဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းရှာလီချီဆန်ဟာ ဘရွတ်ကလင်က သာမန်လူမဲကျောင်းဆရာမလေးဘဝကနေ လူထုမေတ္တာခံယူရင်းနဲ့ နယူးရော့ခ်ရဲ့ ၁၂ ကြိမ်မြောက် ဗဟိုပြည်နယ်ညီလာခံမှာ လွှတ်တော်အမတ်အဖြစ် ရွေးချယ်ခံခဲ့ရပါတယ်။ သူမဟာ လူဖြူတွေကြီးစိုးတဲ့ ကျားရဲတွင်းသဖွယ် လွှတ်တော်ထဲမှာ နိုင်ငံသားအခွင့်အရေး၊ ကျားမတန်းတူညီမျှရေး၊ လူမျိုးရေးခွဲခြားဆက်ဆံမှု အစရှိတဲ့ အဓိကပြဿနာတွေကို ရွပ်ရွပ်ချွံချွံ ဖြေရှင်းဖို့ ကြိုးစားရင်း ပြည်သူ့အကျိုးကို ဒီထက်ပိုပြီး ထိထိရောက်ရောက် တာဝန်ထမ်းဆောင်နိုင်ဖို့အတွက် သမ္မတရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ပါတော့တယ်။ကျားမခွဲခြားမှု ပြင်းထန်နေသေးတဲ့ခေတ်ကာလမှာ လူမဲအမျိုးသမီးဖြစ်တဲ့ သူမဟာ သမိုင်းမှာ မကြုံစဖူး ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်တဲ့အခါ ဘယ်လိုအခက်အခဲ အတားအဆီးတွေကို ကျော်ဖြတ်ရမလဲ၊ အနာဂါတ်မျိုးဆက်သစ်တွေကိ ဘယ်လို လမ်းစဖောက်ပေးခဲ့လဲဆိုတာက အားတက်ဖွယ် အတုယူဖွယ် ကြည့်ရှုရမှာဖြစ်ပါတယ်။ IMDb မှာ ...
movie
Shirley (2024)
5.8
White Noise (2022)
White Noise (2022)ဒါရိုက်တာ Noah Baumbach ရဲ့ ရုပ်ရှင်အသစ်လာပါပြီ။ အဒမ်ဒရိုင်ဘာနဲ့ စကားလက်ဂျိုဟန်ဆန်တိုရဲ့ Marriage Story ကို ရေးခဲ့တဲ့သူပါပဲ။ ၁၉၈၅ မှာ Don DeLillo ရေးခဲ့တဲ့ စာအုပ်ကို ပြန်လည်ရိုက်ကူးထားတာဖြစ်ပါတယ်။နာမည်ဖြစ်တဲ့ White Noise ဆိုတဲ့ အဓိပ္ပါယ်ကတော့ လူတွေကြားနိုင်တဲ့ အသံကြိမ်နှုန်းတွေအကုန်ပါဝင်တဲ့ အသံတစ်ခုဆိုတာပါပဲ။ ဒီအသံမျိုးဟာ လူတွေရဲ့ ဦးနှောက်ကော်တက်စ်အပိုင်းကို သက်ရောက်စေတယ်လို ဆိုကြပါသေးတယ်။ဒီရုပ်ရှင်ကတော့ လူသားတွေနဲ့ လူ့အသိုင်းအဝိုင်းရဲ့ အတွေးတွေနဲ့ ကြောက်စိတ်တွေကို ထော်လော်ကန့်လန့် သရော်ထားတဲ့ အမျိုးအစားပဲဖြစ်ပါတယ်။ဂျက်ဟာ ဟစ်တလာအကြောင်းအထူးပြုတဲ့ နာမည်ကြီးပါမောက္ခတစ်ယောက်ရှိပြီး ဘာဘတ်ဆိုတဲ့ ဇနီးနဲ့ ကလေး ၄ ယောက်နဲ့အတူ ပျော်ရွှင်စွာနေထိုင်သူပါ။ သူ့ရဲ့မိတ်ဆွေကတော့ အဲလ်ဗစ် ပရက်စ်လေအကြောင်း အထူးပြုတဲ့ ဆရာပါပဲ။ ဟစ်တလာနဲ့ အဲလ်ဗစ်နဲ့ သူတိုကို အားပေးသူတိုရဲ့ တူညီတဲ့အချက်တွေအကြောင်း ဆွေးနွေးရင် ရုပ်ရှင်ကိုစတင်ထားပါတယ်။ဒါပေမဲ့ ရုတ်ချည်းဆိုသလိုပဲ စွန့်ပစ်ပစ္စည်းတွေပါဝင်တဲ့ ရထားကြီး လမ်းချော်သွားပြီး အဆိပ်သင့်တိမ်တိုက်မည်းကြီးပေါ်လာလို အားလုံးလွတ်အောင်ထွက်ပြေးရတဲ့ ကပ်ဘေးကြီးရောက်ရှိလာပါတော့တယ်။ အဲဒီကပ်ဘေးကြီးကို အဖြေရှာရင်း လမ်းတလျှောက်မှာ ဂျက်ဟာ သူ့မိန်းမ ...
movie
White Noise (2022)
2022
6.2
Johnny English Strikes Again (2018)
IMDb Rating (6.2)ထုံးစံအတိုင်း အင်္ဂလန်ပြည်ကြီး ဒုက္ခရောက်ပြီဆို ဂျွန်နီအင်္ဂလစ်ရှ်ဝင်ကယ်ရပြန်ပါဦးမယ်။ဗြိတိန်ထောက်လှမ်းရေးအဖွဲ့တစ်ခုလုံးက အေးဂျင့်တွေရဲ့ အချက်အလက်တွေကို ဟက်ကာတစ်ယောက်က ဖွင့်ချသွားတဲ့အတွက် ဝန်ကြီးချုပ် အခက်ကြုံလာရပါတယ်။လက်ရှိအေးဂျင့်တွေရဲ့ အချက်အလက်တွေ ပေါ်သွားပြီဖြစ်လို့ ထောက်လှမ်းရေးအဖွဲ့ကြီးအနေနဲ့ ရွေးစရာမရှိတော့ပြန်ပဲ ခေတ်ဟောင်းက အေးဂျင့်ဟောင်းကြီး ဂျွန်နီကို ခေါ်သုံးရပြန်ပါတော့တယ်။မစ္စတာ အင်္ဂလစ်ရှ်တစ်ယောက် ရုပ်တည်ကြီးနဲ့ ဘယ်လိုတွေ ဖောက်ပြီး တလွဲတွေလုပ်ပြမလဲဆိုတာ....။Johnny English ဇာတ်ကား ၃ ကားရှိပြီး ၃ ကားလုံးကို ဒီမှာ https://channelmyanmar.org/?s=Johnny+English ကြည့်လို့ရပါတယ်။ File size… (2.8 GB)/(1 GB) / (500 MB) Quality…BluRay 4K EHVC/1080p HEVC /720p Format…mkv/mp4 Duration….01:28:31 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Littleneo
movie
Johnny English Strikes Again (2018)
2018
4K HEVC
7.8
Ready Player One (2019)
ဟောလိဝုဒ်ရုပ်ရှင်လောကမှာ ရုပ်ရှင်တစ်ကားရိုက်တိုင်း အမြင်သစ်တစ်မျိုးနဲ့တင်ဆက်တတ်တဲ့ စတီဗင်စပီးဘတ်က ၂၀၁၈ မှာတော့ 80s, 90s born တွေအတွက်အမှတ်တရဖြစ်သွားစေမယ့် ကားတစ်ကားကို ချပြသွားခဲ့ပါတယ်။ဒီ Ready Player One ရုပ်ရှင်ဟာ Ernest Cline ရဲ့ Ready Player One ဆိုတဲ့ဝတ္ထုကိုအခြေခံရိုက်ကူးထားတာဖြစ်ပြီး ဒီရုပ်ရှင်ဟာ ယနေ့ခေတ်မှာ လူသုံးများလာတဲ့ VR စနစ်နဲ့1980 ကနေ 2000 ခုနှစ်ကြားမှာ ရေပန်းကျော်ကြားခဲ့တဲ့ ရုပ်ရှင်၊ ကာတွန်း၊ စာအုပ်၊ ဂိမ်း၊ သီချင်းတို့ကိုအချိုးကျကျ ပေါင်းစပ်ပြသနိုင်ခဲ့တဲ့အတွက် ဝေဖန်ရေးဆရာတွေချီးကျူးထားတဲ့ ရုံတင်ကားကောင်းတစ်ကားဖြစ်ပါတယ်။၂၀၄၅ ခုနှစ်အရောက်မှာ ကမ္ဘာပေါ်က လူတွေဟာ လက်တွေ့ဘဝက ပြဿနာတွေကို ရင်ဆိုင်ဖြေရှင်းဖို့မကြိုးစားတော့ပဲ ထွက်ပေါက်အဖြစ် လွတ်မြောက်ဖို့နေရာတစ်ခုအဖြစ် အိုအေစစ်လို့ခေါ်တဲ့ Visual Worldထဲမှာပဲ အိပ်ချိန်၊ စားချိန်နဲ့ သန့်စင်ခန်းသွားချိန်တွေကလွဲလို့ ကျန်တဲ့အချိန်တွေကို ကုန်ဆုံးကြပါတော့တယ်။ဒီ အိုအေစစ်ကြီးကို ဖန်တီးခဲ့သူကတော့ ဂျိမ်းစ်ဟာလီဒေးဖြစ်ပြီး သူမသေဆုံးခင် ...
movie
Ready Player One (2019)
2018
4K HEVC
4.4
Notzilla 2019
Mitch Teemley ရေးသားရိုက်ကူးထားတဲ့ Godzilla ဇာတ်ကားကို ပြန်ပြီး အခွီလုပ်ပြီးရိုက်ထားတဲ့ကားပါ။ June 2019 တုန်းက ထွက်ရှိထားပါတယ်Godzilla ကို မကြည့်ဖူးသေးဘဲနဲ့ ဒီအခွီ (ver) ကိုကြည့်မယ်ဆိုရင်တော့ လည်ထွက်သွားပါလိမ့်မယ် မြန်မာပေါကားထက် ဆိုးသွားပါမယ်ဒီတော့ Godzilla မကြည့်ရသေးရင် အရင်ကြည့်ကြပါ။ ပြီးမှ ဒါကြည့်ရင်တော့ ခွီရမယ်ထင်ပါတယ်ဇာတ်လမ်းကို spoil ဖို့က စခွီပြန်လုပ်ထားတဲ့ကားဆိုတော့ spoil ရတာ အဆင်မပြေလို့ပါတတ်နိုင်သလောက်တော့ ကြိုးစား ဘာသာပြန်ပေးထားပါတယ် comedy က comedy မဆန်ခဲ့ရင်လည်း ဒီလို သရော်တဲ့ကားတွေ ပထမဆုံး ဘာသာပြန်ဖူးတာမို့ နားလည်ခွင့်လွှတ်ပေးကြပါ File Size : 600 Mb / 250 Mb Quality :webrip 720p Format…mp4 Duration…01:18:00 Genre : Comedy Subtitle : Myanmar Subtitle (Hard Sub) Translated by Yoon Sandi Aung Encoded by Littleneo
movie
Notzilla 2019
5.7
Aftermath (2017)
မင်းသားကြီးအာနိုးရဲ့ ရုပ်ရှင်ကားသစ်ကို တင်ဆက်ပေးလိုက်ပါတယ် ။ အာနိုးကြီးနဲ့အတူ Scoot McNairy နဲ့ Maggid Grace တို့ တွဲဖက်သရုပ်ဆောင်ထားပြီးေ လယာဉ်ပျက်ကျမှုတစ်ခုမှာ ဇနီးနဲ့ ကလေးကို ဆုံးရှုံးလိုက်ရတဲ့ ရိုမန်ဆိုတဲ့ လူတစ်ယောက်ရဲ့ဘ၀အကြောင်းသရုပ်ဖော်ရိုက်ကူးထားတာဖြစ်ပါတယ် ။ ဒီဖြစ်ရပ်ဟာ လေကြောင်းထိန်းချုပ်ရေး တာဝန်ခံ ဂျိတ်ဘရိုနို တာဝန်ကျချိန်မှာဖြစ်ပွားခဲ့တာမို့ ရိုမန်ဟာ ဒီတာဝန်ခံကိုလူချင်းတွေ့ပြီး ပြသနာရဲ့အဖြေကို တောင်းဆိုဖို့ကြိုးစားလာပါတော့တယ် ။ မိသားစုကိုဆုံးရှုံးလိုက်ရတဲ့ လူတစ်ယောက်ရဲ့ အခဲမကျေစိတ်၊ နာကျည်းဝမ်းနည်းမှုတွေနဲ့ ဒီကိစ္စရဲ့ဖြစ်ရပ်နောက်ကွယ်မှာ ဘယ်လို အကြောင်းတရားတွေရှိမယ်ဆိုတာကို ခံစားကြည့်ရှုလိုက်ပါ ။ (ဇာတ်လမ်းအညွှန်းနဲ.ဘာသာပြန် သူကတော့ ကိုကျော်ကျော် (CU - Mdy) ကဲဖြစ်ပါတယ်) File Size : (600MB) and (250 MB) Quality : Bluray 720p Running Time : 1hr 34minutes Format : Mp4 Genre : Drama, ...
movie
Aftermath (2017)
2017