Channel Myanmar

Sara Sohn

Furious 7 (2015) Fast and Furious 7 7.2
Furious 7 (2015) Fast and Furious 7       Review မလုပ်ခင် တစ်ခုပြောချင်တာက ဒီကားက ၂ပတ်အတွင်းမှာတင် US မှာ သန်း ၂၆၀ ကျော်သွားပြီဖြစ်သလို၊ World Wide မှာ အပို သန်း ၇၀၀ နဲ့ စုစုပေါင်း သန်း ၁ထောင်ကျော်သွားပါပြီ။ ၂ပတ်အတွင်းမှာ မှာတင် All Time ဝင်ငွေအကောင်းဆုံးစာရင်းမှာ နံပါတ် ၂၀ ဖြစ်သွားပြီး၊ ဒီအတိုင်း ဆက်သွားရင် ထိပ်ဆုံး ၅ ကားစာရင်းဝင်မှာဖြစ်ပါတယ်။ ဒီကားက မင်းသား Paul Walker ရဲ့ နောက်ဆုံး ဇာတ်ကား ဖြစ်ပြီး၊ Fast & Furious ဇာတ်လမ်းတွဲရဲ့ ၇ကားမြောက်ဖြစ်ပါတယ်။ ဒီစီးရီးက Fast 5 ကနေစပြီး ဇာတ်လမ်း ပုံစံပြောင်းလိုက် ပြီးတဲ့နောက်မှာမှ လူတွေပိုစိတ်ဝင်စားလာတာ တွေ့ရပါတယ်။ ပထမသုံးကားက ကားပြိုင်တဲ့ ဇာတ်လမ်းတွေပဲဖြစ်ပြီး နံပါတ်လေးမှာ Tokyo Drift ဒါရိုက်တာ ...
movie

Furious 7 (2015) Fast and Furious 7

2015
Run 2020 7
Run 2020 ဆေးပညာရပ်မှာ Munchausen Syndrome by Proxy (သို့) Munchausen By Proxy လို့ ခေါ်တဲ့ စိတ်ရောဂါ တစ်ခု ရှိပါတယ်။ အဲဒါကတော့ ကလေးအမေ သို့မဟုတ် သက်ကြီးရွယ်အိုတစ်ယောက်ကို စောင့်ရှောက်နေရတဲ့ သူမျိုးမှာ ဖြစ်တတ်တဲ့ရောဂါပါ။ သူတို့စောင့်ရှောက်ရတဲ့ ကလေး သို့မဟုတ်လူကြီးကို တကယ်မရှိတဲ့ ရောဂါလက္ခဏာတွေ ရှိတယ်လို့ ထင်အောင်လုပ်ပြီး ဆေးရုံတွေတက်၊ ဆရာဝန်တွေ၊ သူနာပြုတွေ နဲ့ ပတ်ဝန်းကျင်ကလူတွေ သနားတာ ဂရုစိုက်တာကို ခံချင်တဲ့ စိတ်ဝေဒနာမျိုးပါ။ ဒီလို ရောဂါရှင်တွေဟာ အများအားဖြင့် ဆေးပညာဗဟုသုတ ရှိတတ်ကြပြီး လက္ခဏာတွေကို ယုံလောက်အောင် လိမ်ပြောတာတွေ၊ ဆေးစစ်ချက်တွေကို ပြောင်းတာတွေ၊ ပိုဆိုးလာရင် တကယ် ရောဂါလက္ခဏာတွေ ပေါ်လာအောင် နှိပ်စက်တာတွေပါ ရှိလာပါတယ်။ ဒီရုပ်ရှင်ကတော့ ဒီရောဂါကို အခြေခံပြီး ရိုက်ကူးထားတာပဲ ဖြစ်ပါတယ်။ ဒါပေမယ့် လှည့်ကွက်တွေရယ် ပိုပြီး ကြောက်စရာ ကောင်းတဲ့အချက်တွေရယ် ပါဝင်တာမို့ အတော်လေး ကြည့်လို့ကောင်းပါတယ်။ ဇာတ်လမ်းကိုတော့ မပြောပြတော့ပါဘူး။ Rating 7 ရထားပါတယ်။ ကြည့်လိုက်ကြပါဦး။ File size… 1 Gb ...
movie

Run 2020

Searching (2018) 7.9
Searching (2018) Searching ဆိုတဲ့ကားလေးက ၂၀၁၈ ခုနှစ်ထွက် Thriller, Mystery, Drama ဇာတ်ကားလေးတစ်ကားဖြစ်ပါတယ်။ဇာတ်လမ်းကတော့ ရိုးရှင်းပါတယ် သားအဖနှစ်ယောက်ရှိတယ်အမေဆုံးပြီးနောက်ပိုင်း အဖေတစ်ခုသမီးတစ်ခုတစ်နေ့မှာ သမီးဖြစ်သူပျောက်သွားတယ် အဲ့ဒါနဲ့ရဲကိုတိုင်ချက်ဖွင့် လိုက်ရှာတယ် အဲ့ဒါပါပဲ။ထူးခြားတာကတော့ တစ်ကားလုံး ကွန်ပြူတာစခရင်ပေါ်မှာပဲ ပြီးသွားပါတယ်။(ဇာတ်လမ်းကိုတော့ Spoilသလိုဖြစ်မှာဆိုးလို့လုံးဝမရေးထားခြင်းဖြစ်ပါသည်)ဒိုင်ယာလော့ခ်တွေအကုန်လုံးက Facebook YouCast စတဲ့ social mediaတွေက live လွှင့်တာတွေVideo call ခေါ်တာတွေ Chat message တွေပဲဖြစ်ပါတယ်။အဲ့လိုမျိုးကြီးရိုက်ထားလို့ ပျင်းစရာတော့လုံးဝမကောင်းပါဘူးတစ်ကားလုံး ဇာတ်လမ်းဇာတ်ကွက်အချိတ်အဆက်မိမိ တင်ဆက်ထားပါတယ်။ယနေ့ခေတ်ရဲ့ Social life ကိုလုံးဝပုံဖော်ရိုက်ကူးထားတဲ့ကားလေးပါ။အမှုအသွားအလာကလဲ စိတ်ဝင်စားဖို့ကောင်းသလိုသားသမီးနဲ့မိဘကြားက မထင်မှတ်တဲ့အမှားလေးတွေ နားလည်မှုလွဲမှုလေးတွေကိုလဲ လှစ်ဟပြထားပါသေးတယ်။လျို့ဝှက်ဆန်းကြယ်ဇာတ်ကားမျိုးကိုမှသဘောကျတဲ့သူတွေအတွက် အကြိုက်တွေ့စေမယ့်ကားလေးတစ်ကားဖြစ်ပါတယ်။အဲ့ဒါအပြင် တစ်ကားလုံး အင်တာနက်သုံးနေတာဖြစ်နေတဲ့အတွက် ဇာတ်ကားကြည့်ရင်းပညာပါရနိုင်ပါသေးတယ်ခင်ဗျ :Dမှတ်ချက်။ ။ ဒီဇာတ်ကားရဲ့ Engမူရင်းစာဖိုင်မှာ Chat messageနေရာတွေမှာ စာတန်းမပါလာတာကြောင့် ကိုယ့်ဘာသာကိုယ်အသစ်ထည့်ပေးထားပါတယ်။အဲ့ဒါကြောင့်အချို့နေရာတွေမှာ စာတန်းမြန်နေတာမျိုးရှိနေနိုင်ပါတယ်။ စာတန်းအတွက် အချိန်နည်းလွန်းနေတာမျိုးပါ။ သည်းခံဖတ်ပေးကြပါခင်ဗျ :D (ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ ကိုဟိန်းမင်းထွန်းပါ) File Size ...
movie

Searching (2018)

2018