Channel Myanmar

Shô Aoyagi

One-Percenter (2023) 6.3
One-Percenter (2023)  အက်ရှင်ကားဆိုအစစ်အမှန်တွေကိုသုံးပြီးချပြချင်တဲ့ဆန္ဒရှိနေတဲ့ အက်ရှင်မင်းသား တာခုမာတိုရှီရိုတစ်ယောက် သူ့ရဲ့ရည်ရွယ်ချက်‌ကိုအကောင်အထည်ဖော်ဖို့အတွက်ကြိုးစားပုံစံကိုကြည့်ရှုရမှာပဲဖြစ်ပါတယ်။ ‌တိုရှီရိုက အက်ရှင်ကား‌တွေမှာ ကြိုးတွေ ကွန်ပျူတာအထူးတည်းဖြတ်မှုတွေကိုသုံးတာကို သဘောမတွေ့တာနဲ့အညီ သူကိုယ်တိုင် အက်ရှင်လောကကိုပြောင်းလဲဖို့ကြိုးစားပါတော့တယ်။သိုင်းနည်းနာတွေ ၁၀ နှစ်ကျော်သင်ယူပြီးတဲ့နောက်မှာ အာခီရာဆိုတဲ့ သူ့အပေါ်လေးစားအားကျတဲ့တပည့်လေးတစ်ယောက်နဲ့ဆုံဖြစ်သွားတယ်။အဲမှာပဲ တိုရှီရိုဟာ အာခီရာနဲ့အတူ သူ့အိပ်မက်ဖြစ်တဲ့ အက်ရှင်ကားစစ်စစ်ကိုဖန်တီးဖို့အတွက် ဆရာတပည့်နှစ်ယောက် လူမနေတဲ့ကျွန်းကြီးပေါ်မှာ ရုပ်ရှင်ရိုက်ကူးဖို့သွားလိုက်တဲ့အခါမှာ...( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Khant Sett Naing ပါ ) File size_(1.3GB)/( 730MB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:30:00 Genre_Action Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by Khant Sett Naing
movie

One-Percenter (2023)

Road To High & Low(2016) 6.4
Road To High & Low(2016) High & Low ဂျပန်ရုပ်ရှင်နဲ့ စီးရီးတွေဆိုတာကတော့ Gangster လူမိုက်တွေ ဂိုဏ်းတွေ အုပ်လိုက်ချကြတာတွေ ကြိုက်တဲ့လူတွေအတွက်တော့ ရှယ်ပါပဲ။ သူကတော့ စီးရီးကို Season 1 & 2 ရှိထားပြီး ရုပ်ရှင်ဆိုလည်း ၆ ကားထိ ထွက်ရှိရတဲ့ထိ အောင်မြင်မှုရထားပါတယ်။ (၆ ကားလုံးလည်း တင်ဆက်ပေးမှာပါ)။ High & Low ကြည့်ဖို့ အတွက် အကျဉ်းချုံး ဒါလေးကို ရှင်းပြထားချင်ပါတယ်။ ပထမဆုံး SWORD ဆိုပြီး နယ်မြေကြီးတစ်ခု ရှိပါတယ်၊ ဒီနယ်မြေထဲမှာ လူမိုက်ဂိုဏ်း ၅ ဂိုဏ်းက အချင်းချင်း သိပ်မတည့်ကြပဲ ကိုယ်စီအုပ်ချုပ်လျက်ရှိပါတယ်။1. ဆန်းနိုးလူမိုက်ဂိုဏ်း (SWORD ထဲက S) ဒီရုပ်ရှင်ရဲ့ဇာတ်ဆောင်လို့ပြောရမယ့် မင်းသားတို့ရဲ့အဖွဲ့ပါ ခေါင်းဆောင်ကော်ဘရာနဲ့အတူ ယာမာတိုတို့က ဖွဲ့စည်းထားတာပါ။2. ဝှိုက်ရတ်စကဲလ်ဂိုဏ်း- အဖြူရောင်လူပေလူတေများ (SWORD ထဲက W) ယောက်ျားသားတွေရဲ့နှိပ်စက်ရမ်းကားတဲ့ဒဏ်ကိုခံရတဲ့ မိန်းကလေးတွေကို ကာကွယ်ဖို့ဆိုပြီး ...
movie

Road To High & Low(2016)

HiGH&LOW The Movie 2: End of Sky(2017) 7.1
HiGH&LOW The Movie 2: End of Sky(2017) အဆိုပါဂျပန်ရုပ်ရှင်ဟာ High & Low Franchise မှ တတိယမြောက်ရုပ်ရှင်ဖြစ်ပါတယ်။ Imdb 7.1အထိရရှိထားပြီး ရုံတင်ငွေ ၁.၃၄ ဘီလျံယန်းထိရရှိပြီး Japanese Box officeမှာအတိုင်းတာတစ်ခုထိအောင်မြင်မှုရရှိခဲ့ပါတယ်။ ဇိုးအထာဖမ်းထားတဲ့တိုက်ရည်ခိုက်ရည်ကောင်းတဲ့လူငယ်ဇာတ်ကောင်များပါဝင်ပြီး လူငယ်ပရိတ်သတ်တွေ အကြိုက်တွေ့မယ့်ရုပ်ရှင်တစ်ခုပဲဖြစ်ပါတယ်ဒုစရိုက်လောကကိုအုပ်စိုးတဲ့ ခူရူးယုဂိုဏ်း(KURYU GROUP) ဟာ SWORD နယ်မြေမှာ ကာစီနိုဖွင့်ရန်ကြံစည်နေပါတယ်။ အဆိုပါ ကိစ္စကို SWORD နယ်ခံဂိုဏ်းတွေကမလိုလားပါဘူး။ ဆန်းနိုးဂိုဏ်းကကော်ဘရာရဲ့ အပြောရဆိုရင် SWORD ဟာခူရူးယုဂိုဏ်းအုပ်စိုးနေသရွေ့အနာဂတ်ဆိုတာလည်းမရှိဘူးလို့ဆိုပါတယ်။ အင်အားကြီးတဲ့ဧရာမဂိုဏ်းကြီးနဲ့ အားပြိုင်ဖို့ကြိုးစားပုံမှာဇာတ်အိမ်တည်ထားတယ်။တချိန်တည်းမှာပဲ SWORD နယ်မြေကို ခပ်ထန်ကြမ်းတမ်းလွန်းတဲ့ဂိုဏ်းနှစ်ဂိုဏ်းဖြစ်ကြတဲ့ ရမ်မာရုရဲ့သံသယဂိုဏ်းနဲ့ ဂျက်စီရဲ့ ထောင်ဂိုဏ်းတို့ပူးပေါင်းကာ တိုက်ခိုက်ဖို့ကြံစည်ကြပါတယ်။ အဓိကက သံသယဂိုဏ်းရဲ့ထာဝရရန်ဖက်ဖြစ်တဲ့ ဝှိုက်ရတ်စကဲလ်ဂိုဏ်းကို ချေမှုန်းချင်ရာကနေစတင်ပါတယ်။ဝှိုက်ရတ်စကဲလ်တွေဟာအမျိုးသမီးတွေကို ကာကွယ်သူတွေအဖြစ်ခံယူထားကြပြီးသံသယဂိုဏ်းသားတွေကတော့ ငွေရရင်ဘာမဆိုလုပ်ကြမယ့်လူတွေဖြစ် တယ်။ SWORD နယ်မြေက ဆန်းနိုးလူဆိုးဂိုဏ်းကိုယ်စားပြု ကော်ဘရာဟာ SWORD ဂိုဏ်းတွေမဟာမိတ်ဖွဲ့ဖို့ အဆိုကိုတင်သွင်းပြီးအားလုံးလိုလိုကငြင်းဆန်ခဲ့ကြပါတယ်။ ဝှိုက်ရတ်စကဲလ်ဂိုဏ်းကရော့ကီဟာ သံသယဂိုဏ်းကဘဲတွေကိုသူကိုယ်တိုင်ပဲရိုက်ခွဲချင်နေပြီးအခြားဘေးကပါဝင်သူတွေကိုထိခိုက်နစ်နာမှာကိုမလိုလားပါဘူး။တစ်ဖက်မှာတော့ အာမားမီးယားညီအစ်ကိုဂိုဏ်းဟာ ဒုစရိုက်လောကရဲ့အကြီးဆုံးဂိုဏ်းဖြစ်တဲ့ခူရူးယုဂိုဏ်းကို အမြစ်ကနေဆွဲလှန်ပြီးဖျက်စီးနိုင်မယ့် ယူအက်စ်ဘီ(USB FLASH DRIVE)ကိုလက်ဝယ်ရရှိထားပါတယ်။ ...
movie

HiGH&LOW The Movie 2: End of Sky(2017)

HiGH&LOW The Movie 3: Final Mission(2017) 7.2
HiGH&LOW The Movie 3: Final Mission(2017) High & low the Movie 3 - Final Mission ကတော့ဂျပန်အက်ရှင်ဒရာမာ ရုပ်ရှင်တွဲဖြစ်တဲ့ High and Low series ရဲ့လေးကားမြောက်ပါ။ဂျပန်ယာကူဇာတွေဖြစ်တဲ့ ခူရူးယုဂိုဏ်း(Kuryu Group)နဲ့ SWORD အဖွဲ့တို့ကြားက တိုက်ပွဲကိုရိုက်ထားပြီး ရှေ့ကသုံးကားဖြစ်တဲ့ High & Low the Movie 1,High & Low the Red Rain,High & Low the Movie 2/ End of Sky တို့ရဲ့အဆက်ပါ။ရုပ်ရှင်ဒရာမာရသအပြည့်အဝခံစားချင်ရင်တော့ ကားအစဉ်လိုက်ကြည့်ဖို့ညွှန်းပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ Nameless City ဆိုတဲ့အမည်မရှိမြို့မှာအရင်ကဆေးဝါးစက်ရုံတစ်ခုရှိခဲ့ပါတယ်။အဲ့ဆေးဝါးက ဗိုင်းရပ်စ်ကုသတဲ့နေရာမှာထိရောက်မှုရှိခဲ့တဲ့အတွက်အစိုးရကလည်းထောက်ခံမှုပေးခဲ့ပါတယ်။ဒါပေမဲ့ဆေးကအခြားဘက်မှာဆိုးကျိုးတွေရှိနေပြီး ကုသခဲ့တဲ့လူနာတွေကခြောက်လအတွင်းမှာသေဆုံးခဲ့ပါတယ်။အဲ့အကြောင်းကြောင့်ကုမ္ပဏီလည်း ဒေဝါလီခံလိုက်ရပါတယ်။ထို့အပြင်ကုမ္ပဏီကထွက်တဲ့အညစ်အကြေးစွန့်ပစ်ပစ္စည်းတွေအနီးနာရေကန်ဆီစွန့်ပစ်ခံလိုက်ရပြီး ထိုဒေသမှာနေတဲ့လူတွေ အဆိပ့်သင့်ဓာတ်ပစ္စည်းတွေရဲ့အကျိုးဆက်ကိုခံစားခဲ့ကြရပါတယ်။ထိုအကြောင်းတွေသိတော့ အစိုးရကသက်ဆိုင်ရာတွေကိုခေါ်ပြီးမြေဖို့ ဖုံးဖိခဲ့ပါတယ်။ ဆေးကုမ္ပဏီက ကျန်ရှိနေတဲ့သက်သေတွေအစဖျောက်ဖို့ ခူရူးယုဂိုဏ်းကိုငှားခဲ့ပါတယ်။တစ်ဖက်မှာလည်း အစိုးရနဲ့ခူရူးယုပူးပေါင်းကာ မိုင်းတွင်းနဲ့အမည်မရှိမြို့ကိုဖောက်ခွဲဖျက်ဆီးပစ်ပြီး ထိုနေရာမှာသူတို့အကျိုးအမြတ်ရမဲ့ ကာစီနိုတစ်ခုကိုတည်ဆောက်ဖို့လုပ်ပါတော့တယ်။ထိုအခါ ...
movie

HiGH&LOW The Movie 3: Final Mission(2017)

Alivehoon (2022) 8.1
Alivehoon (2022) Alivehoon (2022)ဂျပန်ကားကြိုက်တဲ့ ညိုကီတို့ ညောင်နီတို့ရှိကြလားဗျို့ အချင်းချင်းလက်တို့ မန်းရှင်းခေါ်ပြီး ဒီကားလေးသာပြလိုက်ပါတော့... အရမ်းမိုက်တဲ့ကားပြိုင်ပွဲလေးကိုရိုက်ထားတဲ့ကားလေးပါ။တစ်ခြားပြိုင်ကားတွေနဲ့မတူတာက Drift ဆွဲတာကိုပြိုင်တဲ့ကားလေးပါ။ ဘာသာပြန်သူကလည်း အရမ်းကြီးမသိပေမယ့် ဘာသာပြန်တာ ခဏရပ်ပြီး ပြိုင်ပွဲကိုအားပေးလိုက်ရတဲ့အထိ ဆွဲဆောင်မှုရှိတဲ့ကားလေးပါ။အားကစားကားတွေဆို လေ့ကျင့်မယ်၊ ရှံးမယ်၊ ရှုံးခါနီးမှနိုင်သွားမယ် အဲ့ဒီလိုပုံစံခွက်ထဲကနေ မတူအောင်ရိုက်ပြထားပါတယ်။ Drift ဆွဲပြိုင်မယ့်သူက E-sport မှာချန်ပီယံရထားတဲ့ ပြိုင်ကားမောင်းသူ ကိုအိချိ ပဲ ဖြစ်ပါတယ်။ ဂိမ်းသမားတစ်ယောက်က လက်တွေ့မှာတကယ့်ပြိုင်ကားကို မောင်းရမယ်ဆိုတော့ ခေါင်းတွေလည်းမူး၊ အန်လည်းအန်ပြီး တော်တော်စိတ်ညစ်ခဲ့ရပါတယ်။ဒါပေမဲ့ ဂိမ်းဆိုသည်မှာလည်း လက်တွေ့နဲ့တူအောင်ဖန်တီးထားတာမို့ ဂိမ်းဆရာကြီးဖြစ်တဲ့ ကိုအိချိ က လက်တွေ့နဲ့ ဂိမ်း ဘယ်လိုရောစပ်သွားမလဲဆိုတာကို ဂျပန်အဆင်လေးလည်းငမ်းရင်း အားရပါးရကြည့်ဖို့ ဒေါင်းလိုက်ပါတော့နော်...အညွှန်း နဲ့ ဘာသာပြန်ကတော့ JoJoVa ပဲ ဖြစ်ပါတယ်။Genre..... Sport Quality…. 1080p | 720p | 480p File size… 2.2GB | 1.1GB | 54oMB Format… mp4 Duration…. 2h 1min Subtitle…. Myanmar Subtitle ...
movie

Alivehoon (2022)

2022
Yakuza Apocalypse (2015) 5.5
Yakuza Apocalypse (2015)  ယခုတစ်ခါမိတ်ဆက်ပေးချင်တာကတော့ နာမည်ကျော် Audition, Ichi the killer, Visitor Q ရုပ်ရှင်တို့ကိုရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ Takashi Miikeရဲ့လက်ရာလေးပဲ ဖြစ်ပါတယ် ၂၀၁၅မှာ ထွက်ရှိခဲ့တဲ့ ယာကူဇာ(လူဆိုးဂိုဏ်းဝင်)ကားလေးပါ ထူးဆန်းတာက ပုံမှန် vampire တွေလိုမဟုတ်ပဲ Yakuza Vampire ဖြစ်နေတာပါပဲ သွေးစုပ်ခံရတဲ့အခါ မြို့သားတွေဟာ vampire ဖြစ်တဲ့အပြင် ယာကူဆာပါဖြစ်သွားတာပါပဲ ဒီလိုကြောင်တောင်တောင် ဘာမှန်းမသိတဲ့ ရသလေးတွေ ခံစားချင်တဲ့အခါတိုင်း စာရေးသူကတော့ Takashi Miike ကိုပဲ ပြေးမြင်မိပါတယ်ဇာတ်လမ်းအကျဥ်းကတော့ ကာဂဲယာမာဆိုတဲ့ ယောက်ျားတစ်ယောက်ဟာ စီးပွားပျက်ကပ်မှာ လတ်လျားလတ်လျားနေရင်း သူတို့ရပ်ကွက်လေးကို ကြည့်ရှုစောင့်ရှောက်ပေးတဲ့ ယာကူဇာဂိုဏ်းခေါင်းဆောင် ဆရာကြီးကို အားကျမိပါတော့တယ် ဆရာကြီးဟာ မြို့သားတွေကို စောင့်ရှောက်ပေးတာမို့ ယာကူဇာဆိုပေမယ့် ဟီးရိုးသဖွယ် လူတွေကချစ်ခင်ကြတယ် ကာဂဲယာမာကလည်း ဆရာကြီးနောက်လိုက်လုပ်ရင်း ယာကူဇာတစ်ယောက်ဖြစ်သွားတယ် တစ်နေ့မှာတော့ ဆရာကြီးရဲ့ အရင်အဖွဲ့က လူတွေက ဆရာကြီးကို ပြန်လာခေါ်ပေမယ့် မလိုက်တာမို့ ဆရာကြီးဟာ အသတ်ခံလိုက်ရတဲ့အဆင့်ထိရောက်ရှိသွားပါတယ် ဒါကို မြင်တွေ့လိုက်ရတဲ့ ...
movie

Yakuza Apocalypse (2015)

Last of the Wolves (2021) 6.1
Last of the Wolves (2021) ခပ်မိုက်မိုက် အက်ရှင်ကားကောင်းတွေကိုမှ တောင့်တနေပါတယ်ဆိုတဲ့ CM ပရိတ်သတ်တွေအတွက် အကြမ်းစားနဲ့ အလန်းကြီးလန်းမဲ့ ဂျပန်ယာခူဇာ ကားလေး တင်ဆက်ပေးလိုက်ပါတယ်နော်ဒီဇာတ်ကားလေးဟာ ရုပ်ရှင် နှစ်ကားထွက်ထားတာဖြစ်ပြီး ပထမတွဲမှာတော့ ဟီအိုခါနဲ့အိချီနိုစဲတို့ အတူ ယာခူဇာဂိုဏ်းကြီးနှစ်ဂိုဏ်း ကြားက ရန်ပွဲတွေကို ငြိမ်းချမ်းအောင်လုပ်ပေးခဲ့ပါတယ်အခု ဒုတိယတွဲမှာတော့ ဟီအိုခါတစ်ယောက် ငြိမ်းချမ်းရေးကို မလိုလားတဲ့ ဂိုဏ်းအကြွင်းအကျန်တွေလက်ထဲကနေ ငြိမ်းချမ်းရေးကို ဘယ်လိုထိန်းသိမ်းမလဲဆိုတာကို ရိုက်ကူးပုံဖော်ထားတာပါ ဇာတ်ကြောင်းလေးကတော့...ခုရဲဟာရမြို့ရဲ့ အိုဒါနီ ဂိုဏ်းနဲ့ ဟီရိုရှီးမားမြို့ရဲ့ ဂျင်စေးခိုင်ဆိုတဲ့ ယာခူဇာဂိုဏ်းကြီးနှစ်ဂိုဏ်းကြားက ပဋိပခတွေကို ဂျင်စေးခိုင်ရဲ့ ခေါင်းဆောင်ရှိုဟေး သေဆုံးပြီးတဲ့နောက်ပိုင်းမှာ နှစ်ဖက်လုံးက အာဃာတတရားတွေ အငြှိုးအတေးတွေကို ဖယ်ရှားပြီး ယာယီစစ်ပြေငြိမ်းမှုရယူခဲ့ကြပါတယ်စစ်ပြေငြိမ်းမှုရယူပြီး နှစ်ဖက်လုံး ကိုယ့်စီးပွားရေးကိုသာအဓိက အားထားပြီးလုပ်နေချိန်မှာ ဟီအိုခါဆိုတဲ့ စုံထောက်က အဖွဲ့နှစ်ဖွဲ့ကြားမှာ ငြိမ်းချမ်းအောင် ဖျန်ဖြေရေး အကျိုးဆောင်လုပ်ပေးနေခဲ့ပါတယ်ဒီလိုနဲ့ သုံးနှစ်ကြာမြင့်ပြီးချိန်မှာတော့ သေသွားတဲ့ ဂျင်စေးခေါင်းဆောင် ရဲ့ ညာလက်ရုံး အူအဲဘာယရှီဟာ ထောင်ထဲမှ လွတ်မြောက်လာခဲ့ပါတယ်သူဟာ အရင်ကတည်းက သူ့ခေါင်းဆောင်အပေါ်သစ္စာရှိပြီး ...
movie

Last of the Wolves (2021)