Channel Myanmar

Stuart Matthews

Mr. Turner (2014) 6.8
Mr. Turner (2014) အနုပညာ၊ သမိုင်းနဲ့ ပြဇာတ်ကို ကြိုက်နှစ်သက်သူတွေအတွက်18 ရာစုနှစ်မှာကျော်ကြားခဲ့တဲ့ ဗြိတိသျှ ပန်းချီဆရာ J. M. W. Turner ရဲ့၂၅ နှစ်စာ ဘဝဖြတ်သန်းပုံနဲ့ အလုပ်အကြောင်း ပြန်လည်ရိုက်ကူးပုံဖော်ထားတဲ့အတ္ထုပ္ပတ္တိရုပ်ရှင်တစ်ပုဒ်ဖြစ်ပါတယ်။ ဒါရိုက်တာ Mike Leigh ရိုက်ကူးထားတာဖြစ်ပြီး၈၇ ကြိမ်မြောက် အကယ်ဒမီဆုပေးပွဲနဲ့ ၆၈ ကြိမ်မြောက်ဗြိတိသျှအကယ်ဒမီရုပ်ရှင်ဆုပေးပွဲတွေအပြင် များပြားလှတဲ့ရုပ်ရှင်ဆုပေးပွဲတွေမှာ ဆန်ကာတင်စာရင်းအနေနဲ့ ပါဝင်ပြီးဆုတွေလည်းရရှိခဲ့ပါတယ်။ပန်းချီဆရာ J. M. W. Turner အနေနဲ့ သရုပ်ဆောင်ခဲ့တဲ့သရုပ်ဆောင်မင်းသားကြီး Timothy Spall ဟာလည်းဒီရုပ်ရှင်နဲ့ ၂၀၁၄ ခုနှစ်ရဲ့ Cannes ရုပ်ရှင်ဆုပေးပွဲမှာ အကောင်းဆုံးအမျိုးသားဇာတ်ဆောင်ဆုကို ရရှိခဲ့ပါသေးတယ်။ ပန်းချီဆရာ မစ္စတာ Turner ရဲ့နောက်ဆုံး ၂၅ နှစ်ကြာအသက်မွေးဝမ်းကြောင်းဘဝကိုလေ့လာကြည့်ရှုရမှာဖြစ်ပြီး ၊ သူကြုံတွေ့ခဲ့ရတဲ့ ကိုယ်ရေးကိုယ်တာဆုံးရှုံးမှုတွေ၊လူမှုရေးဖိအားတွေ၊ ပရော်ဖက်ရှင်နယ်စိန်ခေါ်မှုတွေနဲ့ သူ့ဘဝရဲ့ အချစ်ရေးရာဆက်ဆံရေးတွေ ဘယ်လိုကိုင်တွယ်ဖြေရှင်းခဲ့သလဲဆိုတာတွေကို မြင်ရမှာပါ။J. M. W. Turner ဥရောပတခွင်ပတ်ပြီး ဆွဲခဲ့တဲ့ သူ့ရဲ့ ...
movie

Mr. Turner (2014)

2014
Edge of Tomorrow(2014) 7.9
Edge of Tomorrow(2014)   Edge of Tomorrow(2014)  ((Link အသစ်ပြန်ချိတ်ပေးရင်း 1080p BluRay 5.1 DTS  နဲ့720p နှစ်မျိုးနဲ့  ပြန်လည်တင်ဆက်လိုက်သည်…))ဒီတစ်ခါတော့ Tom Cruise ရဲ့ Sci-Fi Action ဇာတ်ကားကောင်း တစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ၂၀၁၄ ရဲ့ ဇာတ်ကားကောင်း တွေထဲမှာ တစ်ကားအပါအဝင်ဖြစ်ပြီး ပရိတ်သတ် ကြိုက်နှစ်သက်မယ်လို့ ထင်ပါတယ်။ဇာတ်လမ်းကတော့ ဥရောပမှာ အမှတ်မထင်ပဲ အာကာသ ထဲက နေ ဂြိုလ်သားတွေရောက်လာတာက စတင်ပါတယ်။ ပြင်သစ်၊ ဂျာမဏီ၊ ချက်၊ အီတလီ၊ပိုလန် စတဲ့ နိုင်ငံတွေ ကျသွားပြီးနောက် အနောက်ဖက်မှာ အင်္ဂလန်နဲ့ အရှေ့ဖက်မှာ ရုရှားတို့ လောက်ပဲ ကျန်တော့ပါတယ်။ ငါးနှစ်အတွင်းမှာ စစ်ပွဲအချို့ ပြန်နိုင်လာသလို၊ ဂြိုလ်သားတွေကို နှိမ်နင်းဖို့ Armor တွေလည်း တီထွင်ခဲ့ပါတယ်။ ဒီလိုနဲ့ East ဖက်က ရုရှား နဲ့ တရုတ်၊ West ဖက်က အမေရိကန်နဲ့ ကျန် Allied တွေက ထိုးစစ်စင်ခဲ့ပြီး၊ နောက်ဆုံး စစ်ပွဲကို ရောက်လာပါတယ်။ဒီအချိန်မှာ Tom Cruise ...
movie

Edge of Tomorrow(2014)

2014
The Imitation Game (2014) 8.0
The Imitation Game (2014) The Imitation Game (2014) IMDb - 8.0/10_____Rotten - 90%Won 1 Oscar. Another 48 wins & 159 nominations   ဒီဇာတ်ကားကိုအခုခေတ်လူတွေကြည့်ခွင့်ရတာ တကယ့်ကိုထူးတဲ့ ကုသိုလ်တစ်ခုလို့မှတ်ရပါမယ်။ ဘာဖြစ်လို့လဲဆိုတော့ ဇာတ်ကားထဲက အချက်အလက်တွေက တကယ့် Top Secret တွေဖြစ်ပြီး ဗြိတိန်နိုင်ငံက  ဒီအချက်အလက်တွေကို နှစ် ၅၀ ခန့်ထိမ်းသိန်းလျှို့ဝှက်ထားခဲ့တာပါ။ဒုတိယကမ္ဘာစစ်အတွင်းမှာ ဂျာမဏီတို့ စစ်ရေးအရ အခြားနိုင်ငံတွေအပေါ် အသာရစေခဲ့တဲ့အရာဟာ Enigma လို့ခေါ်တဲ့ လျုှိ့ဝှက်ကြေးနန်းပို့စနစ်လို့ ဆိုနိုင်ပါတယ်။ Enigma ကတဆင့် သတင်းပေးပို့မယ်ဆိုရင် အခြားနိုင်ငံတွေအနေနဲ့ ဘယ်လိုမှ enigma စကားဝှက်တွေကိုဖော်နိုင်စရာမရှိပါဘူး။ possibilities ပေါင်း သန်းပေါင်း ၁၅၉ သန်းထိရှိတဲ့ စကားလုံးတွဲဖက်မှုတွေပေါ်လာနိုင်လို့ပါပဲ။ အဲဒီ possibilities အားလုံးကိုဖော်နိုင်တယ်ထားဦးတော့.....ဂျာမဏီတို့က ညသန်းခေါင်ကျော်ရင် setting အသစ်တစ်မျိုးထပ်ပြောင်းတာကြောင့် ၂၄ နာရီအတွင်း decipher လုပ်ဖို့ဆိုတာ mission impossible ...
movie

The Imitation Game (2014)

2014