Channel Myanmar

Sufe Bradshaw

Murder Mystery (2019) 6.1
Murder Mystery (2019) Murder Mystery (2019) =================၂၀၁၉ထွက်ဟာသကားလေးတစ်ကားနဲ့မိတ်ဆက်ပေး ချင်ပါတယ်။ နာမည်ကြီးမင်းသားမင်းသမီးတွေ ပါဝင် ထားတဲ့ဇာတ်ကားကောင်းလေးပါ။ဇာတ်လမ်းအကျဉ်းကိုစလိုက်ရအောင်ဗျာ ... နယူးယောက်က  စုံထောက်စာမေးပွဲကိုခဏခဏကျတဲ့ ရဲအရာရှိတစ်ယောက်နဲ့ သူ့မိန်းမ ကအိမ်ထောင်သက် ၁၅နှစ် ပြည့်မှာ ဇနီးသည်ရဲ့အလိုဆန္ဒကိုလိုက်လျောသော အားဖြင့် မင်္ဂလာဦးပေးထားခဲ့တဲ့ ဥရောပခရီးထွက်ဖို့ဖြစ် လာခဲ့ပါတယ်။ လေယာဉ်ပေါ်‌ရောက်တော့ ကယ်ဗန်ဒစ်ချ် ဆိုတဲ့လူတစ်ယောက်နဲ့ရင်းနှီးသွားတယ်။ စကားတွေ ပြော ဖြစ်ရင်းနဲ့ သူ့ဦးလေးဘီလီယံနာ အဖိုးကြီးမင်္ဂလာဆောင် ဂုဏ်ပြုပွဲလုပ်တဲ့အပန်းဖြေသင်္ဘောကိုခေါ်လို့လင်မယား နှစ်ယောက်လိုက်သွားတာပေါ့။ညဖက်ရောက်တော့အခန်းထဲမှာအဖိုးကြီးရဲ့မိသားစုတွေ မိတ်ဆွေရှေ့မှာ အဖိုးကြီးက သူ့ဇနီးသည်ငယ်ငယ်လေးကို သူပိုင်ဆိုင်သမျှ ဘီလီယံနာ ၇၀ လုံးလွှဲပေးဖို့လက်မှတ် ထိုးခါနီး ရုတ်တရက်မီးပြတ်ပြီး အဖိုးကြီးအသတ်ခံလိုက် ရတယ်။ ဇာတ်လမ်းကအဲ့ကနေစတော့တာပဲ . . .ဒါနဲ့ ရဲလင်မယားနှစ်ယောက်က သံသယရှိတဲ့လူတွေကို စုံစမ်းကြတယ်၊ သူတို့သံသယရှိတယ်လို့ထင်တဲ့သူတွေက လည်း တစ်ယောက်ပြီးတစ်ယောက်သေသွားကြတယ်။ ဘယ်လိုအလွဲလေးတွေနဲ့လိုက်စုံစမ်းကြမလဲဆိုတာ ရယ် စရာတွေကြည့်ရင်းရင်းအပန်းဖြေရင်းကြည့်ကြမယ်ဗျာIMDB rating 6.1ရထားတဲ့ ဟာသ ကားလေးမို့အားပေးကြပါဦး(ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ပေးထားသူကတော့ ကိုတင်မျိုးလွင် ပါ)File Size : (800 MB) and (400 MB) Quality : NF WEB-DL 720p Running Time : 1h 37min Format : Mp4 Genre : ...
movie

Murder Mystery (2019)

2019
Little Dixie (2023)
Little Dixie (2023) Little Dixie (2023)Doc Alexander ဟာ အမေရိကန်ရဲ့ Special Force က Superior Officer တစ်ယောက်ပါ။ Doc ရဲ့ နှစ်ပေါင်းများစွာလက်တွဲလုပ်ကိုင်လာသူကတော့ Billie Riggs ဆိုတဲ့ထက်မြက်တဲ့ လိင်တူချစ်ကြိုက်သူအမျိုးသမီး‌ Officer တစ်ယောက်ပေါ့။ Doc နဲ့ Billie ဟာ အမေရိကန်နဲ့ မက္ကဆီကိုမူးယစ်ဂိုဏ်း Cartel ကြားမှာ စီးပွားရေးဆက်သွယ်မှုတွေကိုအပေးအယူလေးတွေနဲ့ အဆင်ပြေအောင် handle လုပ်နေကြပါတယ်။ ဒါပေမယ့် သူတို့ထဲက အသိအကျွမ်းတစ်ဦးဖြစ်တဲ့ Richard Jeffs ဟာ မြို့တော်ဝန်ဖြစ်လာပြီးတဲ့နောက်မှာ ဒါတွေကိုမသိပဲနဲ့ Cartel ခေါင်းဆောင်ရဲ့ ညီဖြစ်သူကို ကွပ်မျက်လိုက်ပါတယ်။ အဲဒီနောက်မှာ Doc နဲ့ Billie ဟာ အခြေအနေတွေကို ထိန်းညှိဖို့ကြိုးစားကြပေမယ့် ကစဉ့်ကလျားတွေဖြစ်ကုန်ပြီးနောက်ပိုင်းမှာတော့ Doc ဟာ သမီးလေးဖြစ်တဲ့ Little Dixie လေးကိုကယ်တင်ဖို့အကြောင်းဖန်လာပါတော့တယ်။Doc Alexander ...
movie

Little Dixie (2023)

2023
Metal Lords (2022) 6.8
Metal Lords (2022) Metal Lords (2022) ============= IMDb Rating - 6.8/10IT , Defending Jacob တို့နဲ့နာမည်ရခဲ့တဲ့ လူငယ်သရုပ်ဆောင် Jaden Martel ရဲ့ ဆယ်ကျော်သက် Musical ရုပ်ရှင်လေးပါ။ ဒီရုပ်ရှင်မှာရိုက်ပြထားတာက Metal Music အကြောင်းပါ ။ လူငယ်‌ေတွရဲ့ဂီတ Genres တွေထဲမှာ ပျောက်ကွယ်လုဖြစ်နေတဲ့ Rock musicရဲ့ Metal Music ကို အသက်ပြန်သွင်းပြီး တီးဝိုင်း ပြိုင်ပွဲကြီးမှာ အနိုင်ရဖို့ ကြိုးစားနေတဲ့ လူငယ်လေး 2 ယောက်ပေါ့။ ပတ်၀န်းကျင်ရဲ့ရှုံ့ချမှု အထင်မကြီးမှုတွေကို ချိုးဖျက်ပြီး သမိုင်းမှာ ဂန္တ၀င် Metalတီးဝိုင်းတစ်ခုဖြစ်အောင် ကြိုးစားကြမယ်ဆိုတဲ့ လူငယ် 2 ယောက်ရဲ့ တီးဝိုင်းထဲကို Cello တီးတဲ့ ကောင်မလေး တစ်ယောက်ရောက်လာခဲ့တဲ့အခါမှာတော့ ဘာတွေဆက်ဖြစ်သွားမလဲ ကြည့်ရမှာပါ။1980,90 လောက်က နာမည်ကြီးခဲ့တဲ့ Metallic, Guns and Rose တို့လို ဂန္တ၀င် Band တွေရဲ့ သီချင်းတွေ Referenceတွေကို ထည့်သုံး ထားတာကြောင့်လား ကြည့်ရတာနဲ့ နားထောင်ရတာ ...
movie

Metal Lords (2022)

2022
Gasoline Alley (2022)
Gasoline Alley (2022) Gasoline Alley (2022)ခုတစ်ခေါက်မှာတော့ သည်းထိပ်ရင်ဖိုမှုခင်းကားတစ်ကားဖြစ်တဲ့ Gasoline Alley နဲ့မိတ်ဆက်ပေးပါရစေ။ဇာတ်လမ်းအကျဉ်းကတော့ လေး‌လောင်းပြိုင်လူသတ်မှုတစ်မှုရဲ့ အခင်းဖြစ်တဲ့နေရာမှာ "Gasoline Alley" လို့ထွင်းထားတဲ့ မီးခြစ်တစ်ခုကို စုံထောက် Freeman နဲ့ Vargas တို့ကတွေ့ရှိခဲ့ပါတယ်။ "Gasoline Alley"ဆိုတဲ့ နာမည်ကအကျဉ်းသားဟောင်းတစ်ဦးဖြစ်တဲ့ Jimmy Jayne ရဲ့ တက်တူးဆိုင်နာမည်နဲ့လာ‌တူနေတဲ့အပြင်လူသတ်မှုမဖြစ်ခင်ညကJimmyဟာ အသတ်ခံရတဲ့လေးယောက်ထဲက တစ်ယောက်ဖြစ်တဲ့ Stars နဲ့ပတ်သက်မှုရှိနေခဲ့တော့အမှုရဲ့သံသယရှိသူဖြစ်လာပါတော့တယ်။ အကျဉ်းကျခဲ့ဖူးပေမယ့် ကိုယ်မလုပ်တဲ့ပြစ်မှုအတွက် ထောင်အကျမခံနိုင်ပါဘူးဆိုတဲ့Jimmy ကသံသယရှိသူဖြစ်လာတဲ့အခါမှာတော့ စုံထောက်နှစ်ယောက်နဲ့ပေါင်းပြီးနာမည်ရှင်းဖို့ရာအတွက် အမှုကိုလိုက်ပြီးစုံစမ်းပါတော့တယ်။Jimmyတစ်ယောက် ကိုယ့်နာမည်ကိုဘယ်လိုရှင်းမလဲဆိုတာကို ပဟေဠိဆန်ဆန်နဲ့ ကြည့်ရမယ့်ကားလေးမို့ ကြည့်ရှုအားပေးကြပါဦး။ File size…1.25Gb / 700MB / 350MB Quality…1080p WEB RIP  AAC 5.1CH / 720p / 360p Format…mp4 Duration….1h 37mins Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Allena & Honeyey
movie

Gasoline Alley (2022)