Channel Myanmar

Takuro Ohno

Black Butler(2014) 7.2
Black Butler(2014) Black Butler(2014)*****************လက်စားချေတဲ့ ခပ်ကြမ်းကြမ်း အက်ရှင်ဇာတ်လမ်းကြိုက်တဲ့သူတွေအတွက် ၂၀၁၄ ကထွက်ရှိခဲ့တဲ့ Black Bulter ဆိုတဲ့ဂျပန်ဇာတ်ကားကောင်းလေးကို မိတ်ဆက်ပေးပါရစေ။အမေနဲ့အဖေနှစ်ယောက်လုံး အသတ်ခံရပြီးနောက် ကံကောင်းစွာလွတ်မြောက်သွားခဲ့တဲ့ ရှီအိုရီဆိုတဲ့ကောင်မလေးဟာ ယောက်ျားလေးဟန်ဆောင်ပြီး မိသားစုဆီကိုပြန်လာခဲ့ပါတယ်။ဒီလိုပြန်လာနိုင်ဖို့ သူ့ရဲ့ဝိညာဥ်ကို နတ်ဆိုးဆီကိုရောင်းစားခဲ့ပြီး နတ်ဆိုးနဲ့အတူပြန်လာခဲ့တာပါ။ငယ်ရွယ်တဲ့ကောင်မလေးဟာ နတ်ဆိုးနဲ့အတူ သူ့မိဘတွေရဲ့သေဆုံးမှုကို ဘယ်လိုစုံစမ်းပြီး လက်စားပြန်ချေမလဲ။နည်းပညာပိုင်းဆိုင်ရာတီထွင်ဖန်တီးမှုတွေ၊ အထက်တန်းအလွှာတွေကြားကရှုပ်ထွေးမှုတွေနဲ့အတူခမ်မိုက်မိုက် အက်ရှင်ခန်းတွေ Plot Twist တွေနဲ့မို့ ကြည့်သင့်ပါကြောင်းFile Size :(2.7GB)(1GB) and (353MB) Quality :Blu-Ray1080P5.1Ch, 720p Format…mp4 Duration…01:59:00 Genre : Action, Adventure, Crime Subtitle : Myanmar Subtitle (Hard Sub) Translated by Yee Wai Encoded by Phyo Pyae
movie

Black Butler(2014)

The Travelling Cat Chronicles (2018) 6.8
The Travelling Cat Chronicles (2018) The Travelling Cat Chronicles (2018)"ခုနစ်ရောင်သက်တံ ဆိုတာ နန ရဲ့သက်တံပေါ့"တဲ့။ ဒါကတော့ ကျွန်တော့်သခင် ဆတိုးရု ပြောခဲ့တဲ့စကားပါ။ နန ဆိုတဲ့ ကျွန်တော့်နာမည်က ဂျပန်လိုဆို ခုနစ်မလို့တဲ့လေ။ ဆတိုးရုက သိပ်ကို ကြံကြံဖန်ဖန်တွေးတတ်တာပဲနော်။ပြီးတော့ ကျွန်တော့်ကို သိပ်ချစ်ရှာပြီး ကျွန်တော့်အတွက်ဆို ငိုပါငိုကြွေးတဲ့ လူသားပေါ့။ဆတိုးရုနဲ့ ကျွန်တော်နဲ့ စတွေ့ခဲ့ပုံကို ပြောပြပါဦးမယ်။ကျွန်တော်ဆိုတာ အရင်တုန်းက လမ်းပေါ်မှာ လေလွင့်နေတဲ့ ကြောင်တေလေတစ်ကောင်ပေါ့ဗျာ။အဲဒီလိုကျွန်တော့်ကိုမှ တယုတယနဲ့ အစာလာကျွေးနေကျဖြစ်တဲ့ လူသားကတော့ အခု ကျွန်တော့်သခင်ဖြစ်လာတဲ့ ဆတိုးရုပေါ့။သိတဲ့အတိုင်း စတွေ့တဲ့အချိန်တုန်းက ကျွန်တော်ဟာ ကြောင်လောကမှာလည်း ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်နေတဲ့ ဆရာကြီးဆိုတော့ မာနကလည်းတစ်ခွဲသားနဲ့ဗျ။ စားစရာရှိတာစားပြီးရင် သံယောဇဥ်တွေအတွယ်မခံ၊ ပွတ်သပ်လည်း မခံဘူး။ဝတ်ကျေတန်းကျေလောက်ပဲ ဆက်ဆံတာပေါ့။ဒါပေမဲ့ တစ်နေ့မှာတော့ ခါတိုင်းလို ကြောင်အစည်းအဝေးပွဲ သွားရမယ့်ညမှာ ကျွန်တော့်ဘဝကို တစ်ဆစ်ချိုး ပြောင်းလဲစေခဲ့တဲ့ ဖြစ်ရပ်တစ်ခု ဖြစ်ခဲ့တယ်ဗျ။ ဒါကတော့ လမ်းဖြတ်ကူးနေတုန်း ကားတိုက်ခံလိုက်ရတာပါ။ အမှားလေး တစ်ချက်​ကအသက်ကို နှုတ်ယူသွားနိုင်တဲ့ လေလွင့်ကြောင်တွေရဲ့ဘဝပေါ့ဗျာ။ ကျွန်တော်တစ်ကောင်တည်း လမ်းမကြီးထက်မှာ ကူရာကယ်ရာမဲ့ ဝေဒနာခံစားနေရပြီး သိပ်နာကျင်လွန်းလို့ ...
movie

The Travelling Cat Chronicles (2018)

2018
Survival Family (2017) 7.1
Survival Family (2017) သင်ဟာ လျှပ်စစ်မီးမရှိပဲ ဘယ်နှစ်ရက်လောက်ထိနေနိုက်ပါသလည်း?????သင်နေ့စဉ်သုံးနေကြ ပစ္စည်းတွေထဲကမှ လျှပ်စစ်နဲ့သုံးရတဲ့ပစ္စည်းတွေ၊ စက်ပစ္စည်းမှ မှန်သမျှက သုံးလို့မရအောင်ရပ်တန့်သွားရင် သင်နေ့စဉ်ဘဝမှာ အစဉ်ပြေနိုင်သေးလား ?????ဒီလိုမေးခွန်းတွေက မြန်မာနိုင်ငံသားတစ်ယောက်ဆိုရင်တော့ သိပ်မထူးဆန်းပေမယ့် ဂျပန်နိုင်ငံသားတွေကို ဒီလိုမေးခွန်းထဲက အခြေအနေတွေမျိုး တစ်ကယ်ဖြစ်လာသောအခါ.......တိုကျိုမြို့ကြီးမှာနေထိုင်တဲ့ ဆူဇူကီး မိသားစုက သာမန်မိသားစုတွေလိုပဲ မြို့ပြယဉ်ကျေးမှုမှာ စီးမျောနေတဲ့မိသားစုတစ်ခု၊ အဖေက company မှာအလုပ်ကြိုးစားတယ်၊ ဒါပေမဲ့ မိသားစုနဲ့ ကင်းကွာနေတယ်၊ အမေကလည်း အိမ်မှုကိစ္စတွေတာဝန်ကျေပွန်ပေမယ့် မိသားစုအတွင်း စည်းလုံးအောင် မလုပ်ဆောင်နိုင်ဘူး၊ သားနှင့်သမီးကလည်း အထက်တန်းကျောင်းသားတွေပီပီ ဖုန်းနှိပ်လိုက်၊ အပေါင်းအသင်းတွေနဲ့ လျှောက်သွားလိုက်နဲ့ မိသားစုစကားပြောဖြစ်တာ တော်တော်ရှားတယ်၊ တစ်ရက် မနက်မိုးလင်းမှာတော့ လျှပ်စစ်မီးပျက်သွားတယ်၊ မီးပျက်မှာကို ကြိုသတိပေးလေ့ရှိတဲ့ ဂျပန်နိုင်ငံမှာတော့ အထူးအဆန်းပေါ့၊ အစကတော့ သူတို့တစ်အိပ်ပဲဖြစ်နေတယ်လို့ထင်နေပေမယ့် နောက်ပိုင်းမှ တစ်မြို့လုံးဖြစ်နေကြတယ်၊ ရုံးသွားဖို့အလျင်လိုနေတဲ့ ဆူဇူကီးတစ်ယောက် မနက်စာမစားပဲထွက်လာခဲ့ပေမယ့် ပုံမှန်လာနေကြ အချိန်မှန် ရထားကလည်းရောက်မလာဘူး၊ ဒိလိုနဲ့ ရုံးကိုလမ်းလျှောက်သွားပြီး ရုံးရှေ့ရောက်တော့လည်း ...
movie

Survival Family (2017)

2016