Channel Myanmar

Tamanna Bhatia

K.G.F: Chapter 1 (2018) KGF 1 8.9
K.G.F: Chapter 1 (2018) KGF 1 K.G.F: Chapter 1 (2018)အညွှန်းKannada Audio အစစ်နဲ့ 4K ကိုတင်ဆက်ထားပါတယ်။******************************IMDb rating - 8.7/10 Google Users - 95%၁၉၅၁ ခုနှစ်ကို အခြေတည်ရေးသားထားတဲ့ ကိုလာရွှေလုပ်ကွက်ရဲ့ အကြောင်းအရာတွေ ပါဝင်နေတဲ့ ဂျာနယ်လစ်အာနန်းအင်္ဂလာဂီရဲ့ "El Dorado- အယ်လ်ဒိုရာဒို"စာအုပ်ကို အိန္ဒိယအစိုးရက တားမြစ်ပိတ်ပင်ပြီး ထုတ်ဝေထားသမျှ စာအုပ်အားလုံးကို မီးရှို့ဖျက်ဆီးပစ်လိုက်တယ်။မျက်မှောက်ခေတ်ကို ရောက်တော့ ဒီစာအုပ်ကိုပဲ တီဗီချန်နယ်တစ်ခုက မရမက ရှာဖွေပြီး ဂျာနယ်လစ်ကို အင်တာဗျူးလုပ်တယ်။စာအုပ်ထဲက အကြောင်းအရာတွေကို စာရေးသူက ပြန်လည်ပြောပြရာကနေ ဒီဇာတ်လမ်း ပြန်လည်အသက်ဝင်လာခဲ့တော့တယ်။"ကိုလာရွှေလုပ်ကွက် ဖြစ်တည်လာပုံနှင့် ရော်ကီမွေးဖွားလာပုံ ပြိုင်တူအဖြစ်အပျက်နှစ်ခု..."ဟိုး ၁၉၅၁ခုနှစ်တုန်းက အိန္ဒိယနိုင်ငံတောင်ပိုင်းမှာရှိတဲ့ မိုင်ဆောပြည်နယ် (ယခု ကာနာတားကားပြည်နယ် - ကိုလာခရိုင်) မှာ အစိုးရအာဏာပိုင်တွေဟာ ရွှေကြောတစ်ခုကို တွေ့ရှိခဲ့ကြတယ်။ ဒီရွှေကြောကို ရှာတွေ့ခဲ့တဲ့ နေ့မှာ အဖြစ်အပျက်နှစ်ခု ပြိုင်တူဖြစ်ပွားခဲ့တယ်။တစ်ခုက ရာဂျားကရစ်ရှ်နားပါးဘိုင်ယာဆိုတဲ့ လူသားတစ်ယောက် အသက်မပြည့်သေးပဲ ကိုယ်ဝန်လွယ်ထားရတဲ့ အမိဝမ်းကနေ ကမ္ဘာမြေပေါ်ကို ရောက်ရှိလာခဲ့တာ ဖြစ်ပြီးနောက်တစ်ခုက ကိုလာရွှေကြောကို တွေ့ရှိတဲ့နေရာမှာကြီးစိုးတဲ့ ဆူရိယဗာဒန်ဆိုသူ လူမိုက်ကြီးဟာ ရွှေကြောကို တွေ့ရှိတဲ့ အစိုးရအာဏာပိုင်တွေကို လက်စဖျောက်ပစ်ပြီး ရွှေကြောကို ...
movie

K.G.F: Chapter 1 (2018) KGF 1

2018
4K HEVC
F3: Fun and Frustration (2022) 5.1
F3: Fun and Frustration (2022) ဒီတခေါက်တော့အသစ်ထွက်ရှိလာတဲ့ တေလဂူလ်ကားလေးတခုတင်ဆက်ပေးချင်ပါတယ်... ဇာတ်ကားရဲ့ Main Cast ကတော့ ဝါရင့်သရုပ်ဆောင်ကြီးဗန်တညကတ်ချ် ဖြစ်ပြီး မင်းသမီးကတော့ Bahuballi နဲ့ KGF Chapter 1ထဲမှာပါတဲ့မင်းသမီးပါပဲ။ ဇာတ်လမ်းအကျဉ်း ============လောကမှာငွေက ဒုတိယဘုရားသခင်မဟုတ်လား ကိုယ်သာ သန်းချီ ချမ်းသာတဲ့ မိန်းမ ဒါမှမဟုတ် ယောက်ျားတစ်ယောက်ကို လက်ထက်ခွင့်ရမယ်ဆို ကိုယ်လဲသန်းကြွယ်သူဌေးဖြစ်နိုင်တာပဲမဟုတ်လား။ ဒီတော့ သန်းကြွာ်သူဌေးဟန်ဆောင်ပြီး တကယ်ချမ်းသာတဲ့သူတစ်ယောက်ကိုပိုင်းလုံးလုပ်ဖို့ကြံရွယ်ထားတဲ့ ယောင်္ကျားလေးအဖွဲ့နဲ့ မိန်းကလေးအဖွဲ့တို့အပြိုင်ဂျင်းထည့်ကြတဲ့အခါ။ တချိန်ထဲမှာပဲ သူတို့ထဲကတစ်ယောင်က တကယ့်သန်းကြွယ်သူဌေးကြီးရဲ့ ပျောက်ဆုံးနေတဲ့ရင်သွေးဖြစ်တယ်လို့ ကြားလိုက်ရတဲ့အခါ ဘာတွေဆက်ဖြစ်မှာလဲတော့ထုံးစံအတိုင်း ရုပ်ရှင်မှာပဲလိုက်ပါစီးမျောခံစားပေးပါ။ တောင်ပိုင်း ဟာသကားအစစ်ဖြစ်တာနဲ့အညီ သဘာဝကျကျ ကြည့်ချင်သူတွေနဲ့တော့ သိပ်အဆင်ပြေမှာမဟုတ်ပဲ ပေါ့ပေါ့ပါးပါးဟာသအနေနဲကြည့်မှ အဆင်ပြေပါမယ်လို့ ပြောချင်ပါတယ်။  File size…3GB/ 1.5GB Quality…1080p WEB DL AAC5.1Ch / 720p Format…mp4 Duration….2h 28mins Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Lwin Htoo Aung ~ OeliuJ ~ Yunni
movie

F3: Fun and Frustration (2022)

2022
Ghani(2022) 5.7
Ghani(2022) ၁၅နှစ်အရွယ်ကောင်လေး ဂါနီ ဟာ ဖခင်ဖြစ်သူ လက်ဝှေ့ပညာရှင်ဗစ်ခရမ်ကိုလေးစားအားကျခဲ့ပြီး ငယ်စဉ်ကတည်းက လက်ဝှေ့အားကစားကို နှစ်ခြိုက်ခဲ့သူဖြစ်ပါတယ်။ဒါပေမဲ့ အားကစားလောကရဲ့ အရှုပ်အထွေးတွေကြားမှာ ဖခင်ဖြစ်သူရဲ့ ဂုဏ်သိက္ခာကျဆင်းသွားပြီးတဲ့နောက်ဂါနီတို့မိသားစုဟာ လူတကာရဲ့ကဲ့ရဲ့ပြစ်တင်ခြင်းကို ခံခဲ့ရပါတော့တယ်။အဲ့ဒီနောက် လက်ဝှေ့ကိုစိတ်နာသွားတဲ့ မိခင်ဖြစ်သူဟာ ဘ၀မှာဘယ်တော့မှလက်ဝှေ့မထိုးရဘူးဆိုတဲ့ကတိကို ဂါနီဆီကနေတောင်းခဲ့‌ပါတော့တယ်။ဒါပေမဲ့ ဖခင်ရဲ့မတရားခံရမှုကို အဖြေရှာချင်တဲ့ ဂါနီ ဟာ နိုင်ငံတော်အဆင့်လက်ဝှေ့ပြိုင်ပွဲမှာ အနိုင်ရရမယ်လို့ဆုံးဖြတ်ခဲ့ပါတော့တယ်။ဂါနီတစ်ယောက် မိခင်မသိအောင် လက်ဝှေ့ဘယ်လိုကစားမှာလဲ...ဖခင်ရဲ့နာမည်ကိုရော ပြန်အဖတ်ဆယ်နိုင်ပါ့မလားဆိုတာကိုတော့ ဆက်လက်ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်  File size…1.1GB /2.39Gb Quality…720p Format…mp4 Duration….2h 31m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Poe & Eliza & Oeliu J
movie

Ghani(2022)

2022
Seetimaarr(2021) 6.8
Seetimaarr(2021) ကာသီ (Gopichand) ဟာရာဂျာမွန်ဒရီအနီး ကာဒီယမ်ရွာကဘဏ်မှာအလုပ်လုပ်ပြီး တစ်ဖက် အမျိုးသမီးကာဘာဒီအဖွဲ့တစ်ဖွဲ့ကို နည်းပြလုပ်ပေးနေပါတယ်။သူ့ကျေးရွာကာဘာဒီဖွဲ့ကနေ အန်ဒရာပရာဒေ့ရှ်ပြည်နယ်ကိုယ်စားပြုပြီးနိုင်ငံတော်ကာဘာဒီချန်ပီယံဆုကိုရရှိဖို့က သူ့အိမ်မက်ပဲဖြစ်ပါတယ်။သူနဲ့ သူ့အဖွဲ့ဟာ ဆီမီးဖိုင်နယ်ပွဲအတွက်မြို့တက်လာချိန်မှာ တစ်ချိန်က ကျောင်းတော်ကရန်စဟောင်းဂျဝါလာရက်ဒီ (Tamannaah) ကလဲ တယ်လန်ဂနာပြည်နယ်ကကာဘာဒီအဖွဲ့နည်းပြအဖြစ်ပြန်တွေ့ရပါတော့တယ်။အဲ့ဒီအချိန်မှာမှ ကိုယ်ရေးကိုယ်တာအငြိုးအတေးတစ်ခုအတွက်သူ့အဖွဲ့ကို လူဆိုးဂိုဏ်းက ပြန်ပေးဆွဲသွားတဲ့အချိန်မှာတော့ကာသီတစ်ယောက် အစွမ်းကုန်ကြိုးစားကယ်တင်ဖို့ဖြစ်လာခဲ့ပါတယ်။Seetimaarr ဟာပေါ့ပေါ့ပါးပါးနဲ့ ဖျော်ဖြေရေးအသားပေးပွဲတော်ချိန်ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ဖျော်ဖြေရေးကားထုံးစံအတိုင်း သီချင်းကောင်းကောင်းတွေ၊မင်းသမီးအမိုက်စားတွေ၊ အက်ရှင်ခန်းအလန်းကြီးတွေနဲ့တင်ဆက်ထားတာဖြစ်ပြီးဇာတ်လမ်းဇာတ်အိမ်ဘက်မှာလဲ မလျော့တဲ့ဇာတ်ကားတစ်ကားဖြစ်သလိုမြန်မာပရိသတ်နဲ့ရင်းနှီးတဲ့ ဘာဟူဘာလီ မင်းသမီး Tamannaah,Jalebi မင်းသမီး Digangana နဲ့ Bhumika Chawla တို့လိုအလှပဂေးမင်းသမီးသုံးယောက်တောင်ပါဝင်ထားပါတယ်။File size…2.14GB / 1.31GB Quality…1080p WEB DL DDP5.1 / 720p Format…Mp4 Duration….2h 19mins Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Alias & Sai ThuRein Lynn
movie

Seetimaarr(2021)

2021
Baahubali 2: The Conclusion (2017) Bahubali 2 8.7
Baahubali 2: The Conclusion (2017) Bahubali 2 IMDb Rating (8.2) / Rotten Tomatoes (86%)ဘုရင့် သက်တော်စောင့် ကက်တာပါးက မဟစ်ရှ်မာတီ နိုင်ငံတော်က ထီးညွန့်နန်းလျာ အမန်ဒရာဘာဟုဘာလီကို သူ ကိုယ်တိုင် ဘာကြောင့်သတ်ဖြတ် ပစ်ရတဲ့အကြောင်းကို သားဖြစ်သူ မဟင်ဒရာဘာဟုဘာလီကို ရှင်းပြတဲ့ပုံစံနဲ့ ဇာတ်လမ်းဆက်ထား တာပါ။ဆူပူသောင်းကျန်းတဲ့ မ ကောင်းဆိုးဝါးတွေ နှိမ်နင်းအပြီး မှာတော့ ဘုရင်မကြီးဆီဗာဂါမိ ဟာ သားဖြစ်တဲ့ အမန်ဒရာဘာဟု ဘာလီကို ထီးနန်းဆက်ခံမယ့်သူ အဖြစ် ကြေညာခဲ့ပြီး တူဖြစ်တဲ့ ဘာလာကိုတော့ စစ်သူကြီးအဖြစ် ကြေညာခဲ့ပါတယ်။ ဘုရင်မကြီး က အမန်ဒရာကို တပ်မှူးကက် တာပါးနဲ့အတူ အနီးဝန်းကျင်က နိုင်ငံတွေနဲ့ ပြည်သူတွေကြားကို လေ့လာဖို့ စေလွှတ်ခဲ့ပါတယ်။အဲဒီလိုသွားရင်းနဲ့ တစ်နေ ရာအရောက်မှာတော့ တိုက်ရေး ခိုက်ရေးကျွမ်းကျင်ပြီး ထက်မြက် တဲ့ ကန်တာလာနိုင်ငံက မင်းသမီး ဒီဗာဆီနာနဲ့ဆုံခဲ့ပြီး မင်းသမီးကို သဘောကျမိတဲ့အတွက် အမန် ...
movie

Baahubali 2: The Conclusion (2017) Bahubali 2

2017
4K HEVC
Baahubali: The Beginning (2015) Bahubali 8.3
Baahubali: The Beginning (2015) Bahubali IMDb Rating (8/10) / Rotten Tomatoes (89%)မူရင်းအသံဖြစ်တဲ့ Telugu အသံနဲ့ International Cut Version ကို HEVC Encode နဲ့ပါ တင်ဆက်လိုက်ပါတယ်။ဗာဟုဘာလီဇာတ်ကားကတော့ Action, Adventure, History အမျိုးအစား ရာဇဝင်ဇာတ်ကားပါ။ရှေးခေတ်အိန္ဒိယတိုင်းပြည် က အင်အားကြီးဘုရင်တွေနဲ့ ဒဏ္ဍာရီဆန်တဲ့ ဇာတ်လမ်းတွေကို ဖော်ကျူးရိုက်ကူးထားတဲ့ ဇာတ်ကားဖြစ်ပါတယ်။ရှီဗာဆိုတဲ့ မွေး ကင်းစကလေးငယ်လေးနဲ့ သူ့ရဲ့ အထိန်းတော်ဖြစ်သူတို့ကို ဘုရင့် မှူးမတ်တွေက လိုက်ပြီးတော့ သုတ်သင်ပါတယ်။ ထွက်ပြေးရင်း လမ်းခုလတ်အရောက်မှာ သူ့ရဲ့ အထိန်းတော်ဖြစ်သူက ကွယ်လွန် သွားခဲ့ပြီး ရှီဗာဆိုတဲ့ ကလေးလေးကို ဒေသခံရွာသားတွေက စောင့်ရှောက်ခဲ့ပါတယ်။ရှီဗာ တဖြည်းဖြည်းကြီးလာ တဲ့အခါ တခြားလူငယ်တွေနဲ့မတူ ဘဲ သန်မာပြီးရဲရင့်တဲ့လူငယ်တစ် ယောက်ဖြစ်လာတယ်။ သူကြီး ပြင်းခဲ့တဲ့ရွာနဲ့ မနီးမဝေး တောင် ပေါ်မှာ ရှေးဟောင်းဘုရင့် တိုင်း ပြည်တစ်ခုရှိပြီး ...
movie

Baahubali: The Beginning (2015) Bahubali

2015
HEVC 1080p BluRay
Maestro (2021) 8.2
Maestro (2021) IMDb Rating (8.2)အားလုံးသိကြတဲ့အတိုင်း ၂၀၁၈ တုန်းကဝက်ဝက်ကွဲအောင်မြင်ခဲ့တဲ့ အရွတ်ရှ်မန်းရဲ့ Andhadhun ကိုပြန်လည်ဖန်တီးထားတဲ့ Telugu ရုပ်ရှင်ဖြစ်ပါတယ်။ဒီနေ့ပဲထွက်ရှိလာတာပါ။ဇာတ်လမ်းအကျဉ်းကတော့ မျက်မမြင်ယောင်ဆောင်ထားတဲ့ စန္ဒရားဆရာတစ်ယောက် လူသတ်မှုတစ်ခုကို မျက်မြင်သက်သေဖြစ်သွားတဲ့နောက်ကနေ မီးခိုးကြွက်လျှောက်ပြဿနာတွေကြုံရတဲ့အကြောင်းပါပဲ။ သေတဲ့သူက နာမည်ကျော်မင်းသားဟောင်းကြီး မိုဟန်ဖြစ်ပြီး၊ သတ်တဲ့လူက သူ့ဇနီးရဲ့တိတ်တခိုးချစ်သူ ရဲအရာရှိ ဘော်ဘီပါ၊ သူ့ဇနီးဖြစ်သူ ဆီမရန်ကတော့ကြံရာပါအလောင်းဖျောက်တဲ့သူပါ။ သူကတော့ မျက်မမြင်ယောင်ဆောင်ထားတဲ့အတွက် ဒီအမှုဖြစ်စဉ်တစ်ခုလုံးကိုမမြင်ချင်ယောင်ဆောင်ထားရက်နဲ့မြင်နေခဲ့ရာကနေ အငြိမ်မနေနိုင်တဲ့အဆုံး ရဲစခန်းကိုတိုင်ချက်ဖွင့်ဖို့ သွားခဲ့ပါတယ်။ အဲ့ဒီမှာကျားရှေ့မှောက်ရက်လဲသလို အဓိကလူသတ်တရားခံဖြစ်တဲ့ ဘော်ဘီနဲ့မှ ဆိုက်ဆိုက်မြိုက်မြိုက်တိုးမိရာကနေ နောက်ဆုတ်ဖို့ခက်တဲ့အခြေအနေတွေထိ ဆိုက်ရောက်သွားပါတော့တယ်။တဘူးကြီးရဲ့ ဆီမရန်း ဇာတ်ကောင်ကို Bahubali, K.G.F တို့နဲ့ပရိသတ်ရင်းနှီးပြီးသား မင်းသမီးချောလေး Tamannaah ကအစွမ်းကုန်ကြဲထားပါတယ်။ အဓိကဇာတ်ကောင် အာရွန်းရဲ့နေရာမှာတော့နာမည်ကျော် Telegu မင်းသား Nithiin ပါဝင်ထားပြီး တစ်ခြားဇာတ်ကောင်တွေကလဲ ပရိသတ်နဲ့ မစိမ်းတဲ့သူတွေချည်းပါပဲ။မူရင်းဇာတ်ကားကိုကြည့်ပြီးတဲ့သူတွေအတွက်တောင် မူရင်းထက်မလျော့တဲ့ ရသကိုပေးနိုင်မှာ သေချာတဲ့ remake ဖြစ်ပါတယ်။ Andhadhun remake တွေမှာအစောဆုံးထွက်လာတဲ့ version ဖြစ်ပြီး နောက်ထပ် Tamil remake, malayalam remake အစရှိတာတွေ ဆက်ထွက်လာဦးမှာပါ။Rating တွေလဲမိုက်တာမို့ ...
movie

Maestro (2021)

Sarileru Neekevvaru (2020) 6.8
Sarileru Neekevvaru (2020) (Unicode)ရက်ပေါင်း၅ဝလောက် ကြာပြီးတဲ့နောက်မှာတော့ အားလုံးစောင့်မျှော်နေကြတဲ့ တေလဂူးမင်းသားချော Mahesh Babuနဲ့ပရိသတ်တို့ရဲ့ အချစ်တော် တောင်ပိုင်းမင်းသမီး Rashmika Mandanna တို့ရဲ့ အချစ်၊အကြမ်းကားကြီး အကြည်တက်လာခဲ့ပါပြီ။ဇာတ်လမ်းအကျဉ်းအရ မင်းသားချောကတော့ စစ်ဗိုလ်တစ်ယောက်ပါ။စစ်ဆင်ရေးတွေမှာလည်း ခေါင်းဆောင်ကောင်းပီသပြီး အရမ်းတော်တဲ့ စစ်သားတစ်ယောက်ပါ။မိဘမဲ့တစ်ယောက်ဘဝနဲ့ စစ်တပ်ထဲမှာ အသက်ရင်းပြီး မိခင်မေတ္တာကို လိုချင်တောင့်တနေသူပါ။ဒီလိုနဲ့ သူဦးဆောင်တဲ့ စစ်ဆင်ရေးတစ်ခုမှာ စစ်သားတစ်ယောက် ပြင်းပြင်းထန်ထန် ဒဏ်ရာရခဲ့ပါတယ်။လတ်တလောမှာ အဲ့ဒီစစ်သားဟာ ဒီစစ်ဆင်ရေးပြီးရင် ညီမဖြစ်သူရဲ့ မင်္ဂလာပွဲအတွက် အိမ်ပြန်မှာပါ။ခွင့်လည်း တောင်းထားပြီးသား။ခုလိုအခြေအနေကို မိသားစုကို အကြောင်းကြားဖို့ရာ မိသားစုတစ်ခုလုံး အခြေအနေတွေ ကမောက်ကမဖြစ်မှာစိုးလို့တပ်ရင်းရဲ့ ကိုယ်စား စစ်သားတစ်ယောက် သွားရောက်ပြီး အေးဆေးစွာ ပြောပြနိုင်ရပါမယ်။ဒီတာဝန်ကို တာဝန်ယူလိုက်တဲ့ သူကတော့... မင်းသားချောပါပဲ။ကဲ သူ့ ခရီးတစ်လျှောက် ဘယ်လိုမျိုးတွေ တွေ့ကြုံရမလဲ ...
movie

Sarileru Neekevvaru (2020)

2020
Manikarnika – The Queen Of Jhansi [2019] 8.1
Manikarnika – The Queen Of Jhansi [2019] (Unicode)၂၀၁၉ ခုနှစ်မှာ ဘာသာစကား၅မျိုးနဲ့ရုံတင်ပြီး ထွက်လာခဲ့တဲ့ တေလဂူး အက်ရှင်၊ ဒရာမာ၊ သမိုင်းဖြစ်ရပ်မှန် ရုပ်ရှင်ဇာတ်ကားကြီး တင်ဆက်ပေးလိုက်ပါတယ်။တေလဂူးမင်းသားချော ဘိုင်ရာဘာလို့ အများခေါ်တဲ့ ရမ်ချရန်(Ram Charan)ကိုယ်တိုင် ပရိုဂျူဆာလုပ်ပြီး ရမ်ချရန်ရဲ့ ဖခင် Chiranjeevi ကို မင်းသားအဖြစ် တွေ့မြင်ရမှာပါ။မင်းသမီးမင်းသားတွေကတော့ အိန္ဒိယပရိသတ်တွေအဖို့ အထူးတလည် မိတ်ဆက်စရာ လိုမယ်မထင်ပါဘူး။မင်းသမီး နှစ်ယောက်ပါဝင်ပြီး Baahubaliကားထဲက မင်းသမီးချော Tamannah Bhatia၊ Viswasamထဲက နာမည်ကြီး မင်းသမီးချော Nayanthara၊နောက်ထပ် မင်းသား၃ယောက်ကတော့ ဟင်ဒီမင်းသားကြီး Amitabh Bachchan၊လူသိများတဲ့ 96 တမီးလ် မင်းသား Vijay Sethupathi၊တစ်ခေတ်တစ်ခါက နာမည်ကြီးခဲ့တဲ့ ယင်ကောင်ကားထဲက ဗီလိန်ကြီး Sudeep တို့အပြင် နောက်ထပ် တောင်ပိုင်းစတားတွေ များစွာပါဝင်ပါတယ်။၁၈၄၆ခုနှစ်ဝန်းကျင် အိန္ဒိယရဲ့ လွတ်လပ်ရေးမီးရှုးတန်ဆောင်ဖြစ်ခဲ့တဲ့ ...
movie

Manikarnika – The Queen Of Jhansi [2019]

2019
F2: Fun and Frustration(2019) 7.1
F2: Fun and Frustration(2019) F2: Fun and Frustration(2019) IMDb...7.1 ဆရာကြီး တက္ကသိုလ်ဘုန်းနိုင်က စာအုပ်တစ်အုပ်မှာ ယောကျာ်းကောင်းတွေက မိန်းမကြောက်ကြတယ်လို့ရေးဖူးတယ်..... မည်သို့ပင်ဆိုစေကာမူ ကျွန်တော်တို့ပတ်ဝန်းကျင်မှာတော့ ယောက်ျားအားလုံးနီးပါး မိန်းမကြောက်ကြပါတယ်... ဒီကုလားကားကတော့ မိန်းမစိတ်ကိုနားလည်ဖို့ကြိုးစားကြတဲ့ မယားညီအစ်ကိုနှစ်ကောင်နဲ့ သူ့တို့မိန်းမတွေ အကြောင်းပေါ့။ ယေဘုယျဆန်ဆန်ပြောရမယ်ဆိုရင် ဒီကားထဲက ညီအကို(၂)ယောက်ဟာ ယောင်္ကျားထုအားလုံးကို ကိုယ်စားပြုပြီး မိန်းကလေး(၂)ယောက်ကတော့ မိန်းမထုအားလုံးကို ကိုယ်စားပြုနေပါတယ်... အချို့ ကုလားကားတွေလို Over actionတွေမပါတဲ့အပြင် Over actionတွေကို သရော်သွားပြီး သမီးရည်းစားအနေအထား အိမ်ထောင်သည်အနေအထား နှစ်ဘက်မိဘဆွေမျိုးတွေကိုပတ်သက်ရတဲ့အနေအထားအားလုံးကို ပညာသားပါပါလေးနဲ့ ဟာသလေးတွေစွက်ပြီး ပြသွားပါတယ်.... မိန်းမနိုင်ဖို့ကြိုးစားနေတဲ့သူတွေအဖို့ ရှောင်ရန်ပညာလေးတွေရနိုင်သလို မိန်းမကြောက်ရသူတို့အဖို့ ငါတို့သည် ယောင်္ကျားသားများသာလို့ ခပ်တည်တည်တွေးရမယ့် ကားလေးပါ.. အမျိုးသမီးတို့အဖို့တော့ ကမ္ဘာဦးကထဲက ရှိခဲ့တဲ့ နိယာမကို ဘယ်သူကများ တွန်းလှန်နိုင်ပါ့မလဲလို့ ပီတီဟန်တွေအပြည့်နဲ့ ပြုံးနိုင်မယ့်ကားဆိုပါတော့... ပေါ့ပေါ့ပါးပါးလေးနဲ့ ရယ်မောပျော်ရွှင်ရသလို ပညာလည်းရတဲ့ ကောင်းလည်းကောင်းတဲ့ ကုလားကားတွေမှ သဘောကျတဲ့သူတွေအဖို့ ခံစားကြည့်ကြပါလို့ တိုက်တွန်းအပ်ပါတယ်... ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ အိမ်ထောင်မကျသေးတဲ့ WiRa Aung ပဲဖြစ်ပါတယ်... File Size : (1.24GB) and (400 MB) Quality : WEB-DL 720p, Format…mp4 Duration…02:28:00 Genre : Comedy Subtitle : Myanmar Subtitle (Hard Sub) Translated by WiRa Aung Encoded ...
movie


2019