Channel Myanmar

Tao Hai

Trending Topic ( 2023 ) 5.9
Trending Topic ( 2023 ) ရှာဖွေမှု အများဆုံးသတင်းရဲ့ နောက်ကွယ်မှာ ဘာတွေ ရှိနေလဲ။ ဒီရုပ်ရှင်လေးကတော့ ကျောင်းသူလေးတစ်ယောက် တိုက်ပေါ်က ခုန်ချသွားပြီးနောက် စတင်ခဲ့ပါတယ်။ ဆုတွေအများကြီး ပိုင်ဆိုင်ထားတဲ့ မင်းသမီးလေး Zhou Dongyu ရဲ့ ဒီနှစ်အတွင်း ထွက်ထားတဲ့ ရုပ်ရှင်တွေထဲမှာ ဒီရုပ်ရှင်က အဓိပ္ပာယ် တော်တော်ရှိတဲ့ ရုပ်ရှင်လို့ ပြောလို့ရပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့-မီဒီယာအက်ဒီတာ ချန်မြောင့်က နာမည်ကြီးဆောင်းပါးတွေ ရေးပြီး ကုမ္ပဏီနာမည်ကြီးအောင် ကြိုစားနေသူတစ်ယောက်ဖြစ်ပါတယ်။ ကျောင်းတွင်းအကြမ်းဖက်မှု သတင်းတစ်ခုအကြောင်း ဆောင်းပါးက ပေါက်သွားတဲ့အခါမှာ မထင်ထားတဲ့ ကိစ္စတွေ ဆက်တိုက်ဖြစ်လာပြီး ချန်မြောင့်ကလည်း အမှန်တရားဘက်မှာ ရပ်တည်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ချန်မြောင့်နဲ့ ကုမ္ပဏီပူးပေါင်းတည်ထောင်တဲ့ ဟယ်ယန်နဲ့ ရင်းနှီးမြှုပ်နှံရေး ကုမ္ပဏီမက မန်နေဂျာ ယွဲ့ဖုန်တို့ကလည်း ဒီကိစ္စနဲ့ ပတ်သက်လာခဲ့ပါတယ်။ နာမည်ကြီးစာရေးဆရာမရဲ့ အမှန်တရားနဲ့ ငွေအင်အားကြီးတဲ့အရင်းရှင်တို့ ထိပ်တိုက်တွေကြတဲ့အခါ ဘယ်သူက အနိုင်ရမလဲ...... သတင်းခေါင်းစဉ်တွေကို ဘယ်လို ထိန်းချုပ်ပြီး တိုက်ခိုက်ကြသလဲ...... ဆိုတာကို ရုပ်ရှင်ကတစ်ဆင့် အခုလို အင်တာနက်ခေတ်ကြီးမှာ သတင်းအားလုံးကို ချင့်ချိန်ပြီးမှ ယုံဖို့ သတိပေးသွားတဲ့အတွက် ဒီရုပ်ရှင်ကို ကြည့်တဲ့လူတိုင်းအတွက်တော့ တစ်ခုခု ကျန်ခဲ့မှာ သေချာပါတယ်။ Quality : WEB-DL 1080p , ...
movie

Trending Topic ( 2023 )

The Warlords (2007) 7
The Warlords (2007)  The Warlords (2007)IMdb Rating (7) / Rotten Tomatoes (63%)၁၉ရာစုအလယ်မှာ ချင်မင်းဆက်ရဲ့ အကျင့်ပျက်ခြစားတဲ့ အုပ်ချုပ်မှုဒဏ်ကို မခံနိုင်တော့တဲ့ပြည်သူတွေဟာ တိုင်ပင်းပုန်ကန်မှုကို အစပြုခဲ့တယ်။ ဒီပြည်တွင်းစစ်ကာလဟာ ၁၄နှစ်ကြာမြင့်ခဲ့ပြီး အငတ်ဘေးနဲ့ စစ်ပွဲကြောင့် လူသန်း၇၀ကျော်သေဆုံး ခဲ့ရတယ်။ ၁၅ရာစုကဆောက်ခဲ့တဲ့ အလယ်ခေတ် ကမ္ဘာ့အံ့ဖွယ်၇ခုထဲပါတဲ့ နန်ဂျင်းကကြွေမျှော်စင်ဆို မြေကွက်လပ်ပဲကျန်တဲ့အထိ ပျက်စီးဆုံးရှုံးမှု များခဲ့တယ်။ ဒီရုပ်ရှင်ဟာ အဲ့ဒီကာလက ဇာတ်အိမ်တည်ထားတဲ့ စစ်ခေါင်းဆောင် သွေးသောက်ညီအစ်ကိုသုံးယောက်ကို ဗဟိုပြုပြီး ဇာတ်အိမ်တည်ထားတယ်။စစ်ကိုဇာတ်အိမ်တည်ထားတဲ့ ရုပ်ရှင်တွေမှာ တိုက်ပွဲကိုအသားပေးတဲ့ရုပ်ရှင်ရယ် တိုက်ပွဲထဲက လူတွေရဲ့ စိတ်အခြေအနေကို အသားပေးတဲ့ရုပ်ရှင်ရယ် ရှိတဲ့အထဲ ဒီရုပ်ရှင်ဟာ ဒုတိယအမျိုးအစားရုပ်ရှင်လို့ ပြောလို့ရတယ်။ အောက်ခြေစစ်သားတွေထက် အမိန့်ပေးဆုံးဖြတ်မှုလုပ်ရတဲ့ ခေါင်းဆောင်တွေရဲ့ စိတ်ကို ပိုအသားပေးပြတယ်။တကယ်တမ်းပြောရရင် သွေးသောက်ညီအစ်ကိုစစ်ခေါင်းဆောင်သုံးယောက်မှာ ဒုတိယညီရယ် တတိယညီရယ်ကို နားလည်နိုင်ပေမဲ့ အကိုကြီးဖြစ်တဲ့ ဂျက်လီရဲ့ ကာရိုက်တာ ဖန်းကွမ်ရန်ကို သိပ်နားမလည်နိုင်ဘူး။ ဟိုးငယ်ငယ်တုန်းက တစ်ခါကြည့်ဖြစ်ခဲ့တုန်းကတော့ ဂျက်လီရဲ့ ဒီကာရိုက်တာကို လူယုတ်မာလိုသတ်မှတ်ခဲ့ဖူးပေမဲ့ ဒီတစ်ခါပြန်ကြည့်ဖြစ်တဲ့အခါကျ သူ့လုပ်ရပ်တွေဟာ တစ်နည်းတစ်ဖုံနဲ့ မှန်နေတာကိုလည်း မြင်လာတယ်။ တစ်ချိန်တည်းမှာပဲ သူ့ကာရိုက်တာရဲ့ စိတ်ဟာ နားလည်ရခက်တဲ့ အခြေအနေတစ်ခုဖြစ်သွားတယ်။ ဘယ်သူ့လုပ်ရပ်မှန်ပြီးဘယ်သူ့လုပ်ရပ်မှားတယ်ဆိုတာ အဖြေမထွက်တော့ဘူး။အမှန်ဆိုတာ ပိုဝေဝါးလာတယ်။ စာအုပ်တစ်အုပ်ကို နှစ်ခါဖတ်လို့မရဘူးဆိုတဲ့စကားလိုပဲ ဒီရုပ်ရှင်ကို ငယ်ငယ်တုန်းက အတော်များများလည်း ကြည့်ဖူးခဲ့ကြမှာပဲ ကြည့်တဲ့လူရဲ့စိတ်ပေါ်မူတည်ပြီး ရုပ်ရှင်တစ်ကားကိုလည်း နှစ်ခါပြန်ကြည့်လို့ရမှာတော့ မဟုတ်‌လောက်ဘူး။WARLORDS ဟာ ဂျက်လီကားတွေထဲ Heroနဲ့ Fearless အပါအ၀င် ဂျက်လီရဲ့ ...
movie

The Warlords (2007)

Extraordinary Mission (2017) 6.4
Extraordinary Mission (2017)   ဒီတစ်ခါတော့ Channel Myanmar ပရိတ်သတ်တွေအတွက် ကြမ်းကြမ်းရမ်းရမ်း အက်ရှင်ကား တစ်ကားကို မိတ်ဆက်ပေးချင်ပါတယ်Extraordinary mission ဆိုတာကတော့ ရဲအရာရှိ လင်ခိုင် ရဲ့ မစ်ရှင် တစ်ခုပါ...သူ့ရဲ့ မစ်ရှင်က တော့ မူးယစ်ဆေးဝါးဂိုဏ်းအကြီးစား တစ်ခုကို နှိမ်နင်းဖို့ပါဒီဂိုဏ်းကို လက်ပူးလက်ကြပ် ဖမ်းဖို့က မလွယ်တဲ့ ကိစ္စတစ်ခုပါဒီတော့ ရဲအရာရှိကြီး ဟာ မူးယစ် ဆေးဝါး ဂိုဏ်းထဲကို သူလျိုတစ်ယောက် အနေနဲ့ ဝင် ဖို့ ဆုံးဖြတ်လိုက်ပါတယ်လူအသစ် တစ်ယောက်ကို ဘယ်သူက ကော လွယ်လွယ်ယုံမှာလဲ... ဂိုဏ်းအကြီးစား ဆိုတော့ ပိုဆိုးပြီပေါ့..ဒါနဲ့ လင်ခိုင် ဟာ သူ့ကိုယ်သူ မူးယစ်ဆေး အစွဲ ခံပြီး မူးယစ်ဆေးဝါးဂိုဏ်းက ယုံအောင် သက်သေ ပြရပါတယ် ( extraordinary ဘဲဗျာ )သူ့ရဲ့ ကြိုးပမ်းမှု ဟာ အရာထင်မလား???ဂိုဏ်းက သူ့ရဲ့ အကြံကို ရိပ်မိသွားမလား ...
movie


2017