Channel Myanmar

Tatiana Maslany

Stir of Echoes: The Homecoming (2007) 4.5
Stir of Echoes: The Homecoming (2007) Stir of Echoes: The Homecoming (2007) =============================တက်ဒ်ကိုဂန်ဟာ စစ်ပြန်တစ်ယောက်ဖြစ်ပြီးစစ်ပွဲမှာ သူ့ဆုံးဖြတ် ချက်အမှားကြောင့် ဒေသခံတစ်မိသားစုလုံး မီးလောင်သေဆုံးခဲ့တဲ့ ကိစ္စနဲ့ စိတ်ဖိစီးမှုဝေဒနာခံစားနေရသူပါ။ အဲ့ဒီစိတ်ဒဏ်ရာကို ပိုပြီး မီးလောင်ရာလေပင့်စေတဲ့ဖြစ်ရပ်ကတော့ အိမ်ပြန်ရောက်ကတည်း က သူ့နားမှာ အရိပ်လိုလိုက်နေတဲ့ မီးလောင်သေဆုံးထားပုံရတဲ့ တစ္ဆေတစ်ကောင်ပါပဲ။အဲ့ဒီကိစ္စကိုရောက်တတ်ရာရာအဖြေရှာစုံစမ်းရင်း ဝိဉာဉ်တွေကိုမြင် နိုင်တဲ့ ဂျိတ်ခ်ဝစ်ဇ်ကီးဆိုတဲ့လူနဲ့တွေ့ဆုံခဲ့ပါတယ်။ အဲ့ဒီလူရဲ့အဆိုအရ ဒီဝိဉာဉ်ဟာ သူ့ကိုဖြေရှင်းပေးစေချင်တဲ့ ကိစ္စတစ်ခုရှိနေပြီး အဲ့ဒါကို အချိန်မှီဖြေရှင်းမပေးနိုင်ရင် သူနဲ့တကွတစ်မိသားစုလုံးကိုရန်ရှာတော့ မယ်ဆိုတာကိုသိလိုက်ရပါတယ်။ အဲ့ဒီတိုင်းပဲ ဝိဉာဉ်ရဲ့ခြောက်လှန့်မှု တွေက ပိုမိုကြမ်းတမ်းလာခဲ့ပြီး သူနဲ့သူ့ပတ်ဝန်းကျင်ကို အန္တရာယ်ပြု လာတဲ့အထိဖြစ်လာတဲ့အခါမှာတော့..။Stir of Echoes ရဲ့နောက်ဆက်တွဲကားဆိုပေမယ့် တွမ်ရဲ့သားဂျိတ်ခ်က ဝိဉာဉ်တွေမြင်နိုင်တဲ့ ပုဂ္ဂိုလ်အဖြစ်ပြန်လည်ပါဝင်ထားတာကလွဲလို့ အဆက်အစပ်မရှိလို့ တစ်ကားတည်းကြည့်လို့လည်းအဆင်ပြေတဲ့ဇာတ် ကားပါ။ပထမဇာတ်ကားလိုပဲ underrated ဖြစ်နေတဲ့ horror ဇာတ်ကား ကောင်းတစ်ကားပါပဲ။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Alias ဖြစ်ပါတယ်)File Size..........(1.54 GB) / (516 MB) Quality............BLU-RAY L 1080p / 720p Duration.........1Hr 29Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Horror, Mystery, Thriller Translator.......Alias Encoder..........SWM
movie

Stir of Echoes: The Homecoming (2007)

2007
Woman in Gold (2015) 7.3
Woman in Gold (2015)  ယခုတစ်ခါတင်ဆက်ပေးလိုက်တာကတော့ သမိုင်းနောက်ခံဖြစ်ရပ်မှန်ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။ IMBD rating - 7.3 အထိရရှိထားပြီး nomination 6 ခုဝင်ခဲ့ပါတယ်။ဇာတ်လမ်းအကြောင်းမပြောခင် နောက်ခံသမိုင်းကြောင်းလေးအရင်ပြောပြချင်ပါတယ်။ ပထမကမ္ဘာစစ်အပြီးမှာ ဩစတြီးယားနိုင်ငံနဲ့ဂျာမနီနိုင်ငံတို့ကိုပေါင်းစည်းမယ်ဆိုတဲ့ အတွေးအခေါ်စတင်ဖြစ်တည်လာပါတယ်။ ဂျာမနီနိုင်ငံပိုမိုကြီးမားလာစေဖို့နဲ့ ဩစတြီးယားရဲ့စီးပွားရေးအခက်အခဲကိုပြေလည်စေဖို့ပါ။ ပေါင်း‌စည်းစေချင်သူတွေကတော့ ဂျာမန်လူ‌မျိုးတွေပါ။ ဒီလိုနဲ့ ၁၉၃၃ ခုနှစ်မှာ ဟစ်တလာရဲ့နာဇီပါတီအာဏာကြီးမားလာခဲ့ပြီး ထိုအတွေးအခေါ်ဟာ ပိုပြီးကျယ်ပြန့်လာခဲ့ပါတယ်။ ၁၉၃၈ ခုနှစ်မှာ ဩစတြီးယားနဲ့ ဂျာမနီနိုင်ငံတို့ကို ပေါင်းစည်းခဲ့ပါတယ်။ဩစတြီးယားနိုင်ငံအတွင်းဝင်ရောက်လာတဲ့ နာဇီစစ်သားတွေကို ဩစတြီးယားနေ ဂျာမန်ပြည်သူတွေက သောင်းသောင်းဖြဖြ ကြိုဆိုခဲ့ကြပေမဲ့ ဩစတြီးယားနေ ဂျူးလူမျိုးများအတွက်တော့ ထိတ်လန့်စရာကိစ္စဖြစ်လာခဲ့ပါတယ်။ နာဇီစစ်သားတွေဟာဂျူးလူမျိုးတွေကိုနှိပ်စက်တယ်၊သတ်ဖြတ်တယ်၊ ပိုင်ဆိုင်တဲ့ပစ္စည်းတွေ၊ အိမ်တွေ၊ စက်ရုံတွေကိုသိမ်းပစ်ကြပါတယ်။ ဒီလိုအသိမ်းခံရတဲ့မိသားစုတစ်စုကတော့ ဘလော့ဘောက်ဝါမိသားစုပါ။ဘလော့ဘောက်ဝါမိသားစုဟာ လူကုံထံမိသားစုတစ်ခုပါ။နာဇီစစ်သားတွေသိမ်းစည်းသွားတဲ့ ဘလော့ဘောက်ဝါမိသားစုရဲ့ ပိုင်ဆိုင်မှုတွေထဲမှာ တန်ဖိုးကြီးပစ္စည်းတွေကတော့ နာမည်ကျော်ပန်းချီဆရာ Gustav Klimt ရေးဆွဲခဲ့တဲ့ Adele Bloch-Bauer ရဲ့ပုံတူပန်းချီကားနဲ့ အခြားပန်းချီကားတွေပါ။ ထိုပန်းချီကားတွေကို အတင်းအဓမ္မသိမ်းယူသွားခဲ့ပြီး ဩစတြီးယားနိုင်ငံ၊ ဗီယန်နာမြို့မှာရှိတဲ့ Belvedere ...
movie

Woman in Gold (2015)

Violet & Daisy (2011) 6.0
Violet & Daisy (2011)  Violet နဲ့ Daisyဆိုတဲ့ဆယ်ကျော်သက်အရွယ်ကောင်မလေးနှစ်ယောက်ဟာ ကြေးစားလူသတ်သမားတွေဖြစ်ပါတယ်။တစ်နေ့တော့ သူတို့ဟာ လူတစ်ယောက်ကို ရှင်းပစ်ဖို့ကြုံပါတယ်။အဲ့လူရဲ့အိမ်ကိုသွားပြီးနောက်််မှာတော့ သူတို့ရှင်းရမယ့်သူကကြင်နာတတ်တဲ့ကင်ဆာရောဂါသည်တစ်ဦးဖြစ််နေတာ တွေ့လိုက်ရပါတော့တယ်။ သူတို့ကိစ္စမပြီးပြတ်သေးခင်မှာတင် အဲ့လူကိုသတ်ပစ်ဖို့ တခြားအဖွဲ့ကပါရောက်လာတဲ့အခါမှာတော့ အခက်ကြုံရပါတော့တယ်။ ဒီရုပ်ရှင်ကားဟာ သေနတ်တွေ လူသတ်တာတွေအပြင် သူငယ်ချင်း၊မိသားစုကြားက သံယောဇဥ်တွေ သေခြင်းတရားအကြောင်းတွေကိုလက်ရာမြောက်စွာ ပုံဖော်ထားတာမို့ ကြည့်နေကျ ကြေးစားလူသတ်သမားဇာတ်ကားတွေနဲ့မတူပဲ တမူထူးခြားတဲ့ အနှစ်သာရရှိတဲ့ဇာတ်ကားကောင်းတစ်ပုဒ်ပါ။ ကြည့်ရှုခံစားလိုက်ကြပါဦးလို့တိုက်တွန်းလိုက်ပါတယ်။ File size…1.07GB / 431MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 28m Genre ..... Action , Crime , Comedy Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Thet Hmu Khin
movie

Violet & Daisy (2011)

Defendor (2009) 6.7
Defendor (2009) Defendor (2009)~ IMDb - 6.7/10, Rotten Tomatoes - 75% ~နေ့ခင်းဘက်မှာ ဆောက်လုပ်ရေးသမား... ညဘက်ကျတော့ စူပါဟီးရိုး...အာသာပေါ်ပင်တန်ဟာ ရုပ်ပြတွေထဲက စူပါဟီးရိုးတွေကိုသိပ်အားကျတဲ့လူတစ်ယောက်ပါ။ ဒါကြောင့်လည်း သူဟာ သူ့နည်းသူ့ဟန်နဲ့ စေတနာ့ဝန်ထမ်းစူပါဟီးရိုး Defendor အဖြစ် အသွင်ယူပြီး ညဘက်မှာဒုစရိုက်သမားတွေကို ပရဟိတ နှိမ်နင်းပါတော့တယ်။ ရုပ်ရှင်တွေရုပ်ပြတွေထဲက စူပါဟီးရိုးတွေဖြစ်တဲ့ ဘတ်မန်းတို့ အိုင်းရွန်းမန်းတို့က သာမန်လူတစ်ယောက်အနေနဲ့ဆိုရင် ဘီလျံနာသူဌေးကြီးတွေဖြစ်ပေမယ့် အာသာကတော့ နေစရာအိမ်တောင်မရှိတဲ့ စူပါဟီးရိုးတစ်ယောက်ပါ။သူ့မှာ ရိုးသားမှု ကြင်နာမှု နဲ့ စူပါဟီးရိုးဖြစ်ချင်စိတ်ပဲရှိပါတယ်။ ဇာတ်လမ်းအစမှာ မင်းသားခံရတယ်ဆိုတဲ့အတိုင်း အာသာကတော့ ဇာတ်လမ်းစစ ဆုံးဆုံး သူချည်းခံနေရတဲ့ စူပါဟီးရိုးပါ။တစ်နေ့မှာတော့ ကတ်ဆိုတဲ့ ကောင်မလေးနဲ့တွေ့ပြီး သူလိုက်ရှာနေခဲ့တဲ့ ဗီလိန်ကြီးဟာ မြို့ရဲ့မူးယစ်ရာဇာကြီးမှန်းသိလိုက်ရတဲ့အခါမှာတော့ သူကိုယ်တိုင်ရင်ဆိုင်ဖို့ဆုံးဖြတ်ခဲ့ပါတော့တယ်။ရယ်လည်းရယ်ရ သနားစရာ‌လည်းကောင်းတဲ့အပြင် အာသာရဲ့ လူသားဆန်မှုနဲ့ အလွဲတွေကို ဟာသနှောပြီးရိုက်ပြထားတဲ့ ရုပ်ရှင်ကားကောင်းလေးတစ်ခုပဲဖြစ်ပါတယ်။ပါတဲ့သူတွေကလည်း ကိုယ်တွေမစိမ်းတဲ့ မင်းသားကြီး Woody Harrelson ...
movie

Defendor (2009)

2009
Eastern Promises (2007) 7.6
Eastern Promises (2007) Eastern Promises (2007)===================== Crime, Thriller ဇာတ်ကားတွေကို ကြည့်ရတာ နှစ်သက်တဲ့ရုပ်ရှင်ပရိသတ်တွေအတွက် Eastern Promises ဆိုတဲ့ ဇာတ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ်။ဇာတ်ကားနာမည် Eastern Promises ထဲက promises(ကတိစကားများ) ဆိုတဲ့ စကားလုံးအတိုင်းပဲ ဒီဇာတ်ကားထဲမှာဆိုရင်လိမ်လည်လှည့်ဖျားတဲ့ ကတိတွေက လူတစ်ယောက်ရဲ့ ဘဝကိုဘယ်လောက်ထိ စုတ်ပြတ်သွားစေနိုင်လဲဆိုတာကို တွေ့ရမှာ ဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းကို ပြောပြရမယ်ဆိုရင် ရုရှားသူတစ်ယောက်ဟာပိုကောင်းတဲ့ဘဝကို ပိုင်ဆိုင်နိုင်ဖို့အတွက် နိုင်ငံခြားပြန် သူငယ်ချင်းရဲ့"အလုပ်ကောင်းကောင်းရမှာ"ဆိုတဲ့ စကားကိုယုံစားပြီး လန်ဒန်ကိုလိုက်လာခဲ့ပါတယ်။ တစ်နေ့မှာတော့ သူဟာ လန်ဒန်ဆေးရုံမှာကလေးမွေးရင်းနဲ့ သေဆုံးသွားခဲ့ရတယ်။သူ ကလေးမွေးတာကို တာဝန်ယူပေးတဲ့ သားဖွားဆရာမက မထင်မှတ်ဘဲဒိုင်ယာရီစာအုပ်တစ်အုပ်ကို တွေ့သွားခဲ့ပါတယ်။ ရုရှားဘာသာစကားနဲ့ရေးထားတဲ့ ဒိုင်ယာရီစာအုပ်ပါ။ သေဆုံးသွားသူ အမျိုးသမီးရဲ့ မိသားစုဝင်တွေကို ဆက်သွယ်ဖို့အတွက် ဒိုင်ယာရီစာအုပ်ကို ဘာသာပြန်ဖို့လူလိုက်ရှာပါတော့တယ်။ သားဖွားဆရာမ မထင်မှတ်ထားတာကတော့သေဆုံးသူအမျိုးသမီးဟာ သွေးရိုးသားရိုး သေဆုံးခဲ့တာမျိုးမဟုတ်ဘဲနောက်ကွယ်မှာ လူဆိုးဂိုဏ်းတစ်ဂိုဏ်းနဲ့ ပတ်သက်မိနေခဲ့တာပါ။အဲဒီလူဆိုးဂိုဏ်းဟာ နာမည်ကြီး လူဆိုးဂိုဏ်းဖြစ်ပြီးတော့ ပြည့်တန်ဆာလုပ်ငန်းနဲ့ လူကုန်ကူးတာတွေကို ဆောင်ရွက်နေတဲ့ဂိုဏ်းပါ။ အစိုးရဘက်ကအသည်းသန် ...
movie

Eastern Promises (2007)

Ginger Snaps 2: Unleashed (2004) 6.4
Ginger Snaps 2: Unleashed (2004) Ginger Snaps 2: Unleashed (2004) တစ်မှာတုန်းက အဖြစ်အပျက်တွေအပြီးမှာ ဘရစ်ဂျက်တစ်ယောက် သူ့အစ်မလိုဖြစ်မသွားအောင် တိဝုပင်ကိုပဲ အားကိုးနေရပါပြီ။ဒါပေမဲ့ အဲဒါက ဖြေဆေးမဟုတ်ပဲ အချိန်ဆွဲပေးရုံသက်သက်ဖြစ်တာကြောင့် သူမပြောင်းသွားခင် အချိန်သိပ်မကျန်တော့သလို သူ့နောက်ကိုလိုက်နေတဲ့ သတ္တဝါဆိုးကြီးကလည်း ရှိနေပြန်ပါတယ်။အရေးထဲ သူ့ကို ဆေးစွဲနေတယ်ထင်ပြီး ဆေးဖြတ်စခန်းကို အတင်းခေါ်သွားခံရတဲ့အခါ ...သူ အဲဒီမှာ ဘယ်သူတွေနဲ့ ဘယ်လို စခန်းဆက်သွားမလဲဆိုတာ သည်းထိပ်ရင်ဖို ဆက်ကြည့်ရှုခံစားလိုက်ပါဦး။ ပထမကား ကို မကြည့်ရသေးရင် Ginger Snaps (2000) မှာ ကြည့်လို့ရပါတယ်။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ May Myat ပါ။) File Size : 1.9GB, 675MB & 335MB Quality : 1080p Blu-ray AC3 5.1CH, 720p Blu-ray & 480p Format : mp4 Duration : 1hr & 34mins Genre ...
movie

Ginger Snaps 2: Unleashed (2004)

2004
Trollhunters: Rise of the Titans (2021) 8.8
Trollhunters: Rise of the Titans (2021) Trollhunters: Rise of the Titans (2021)=========================== IMDB - 8.8/10CM ပရိသတ်ကြီးများကို လုံးဝအလန်းလွန်နေတဲ့ Animation ကားလေးတစ်ခု တင်ဆက်ပေးချင်ပါတယ်ဒီစကြဝဠာကြီးကို စွမ်းအားကြီးမားလှတဲ့ စုန်းမကြီးသုံးယောက် ဖန်ဆင်းထားတယ်လို့ဆိုရအောင်ဗျာ အဲ့စကြဝဠာကြီးထဲမှာ လူသား တိရိစ္ဆာန် မှင်စာ ဂြိုလ်သား စတဲ့သက်ရှိတွေအားလုံး ညီညွှတ်မျှတစွာနေထိုင်နိုင်ဖို့ ကမ္ဘာမြေဆိုတဲ့လှပတဲ့နေရာလေးကိုလည်း ဖန်ဆင်းခဲ့ကြတယ်ဒါပေမယ့် လူသားတွေကတော့ ကမ္ဘာမြေရဲ့အလှကို မစောင့်ရှောက်ဘဲ ဖျက်စီးကြတယ်ဗျာ လူသားအချင်းချင်း စစ်ပွဲတွေခင်း အာဏာတွေပြကြရုံမက မှင်စာလေးတွေကိုပါ ထိခိုက်လာခဲ့တော့ မှင်စာလေးတွေဟာလည်း ကမ္ဘာမြေကြီးရဲ့အောက်ခြေမှာပဲ ပုန်းလျှိုးကွယ်လျှိုးနဲ့နေထိုင်ကြရတာပေါ့ ဒါတင်မက လူသားတွေဟာ အကောင်လေးတွေကိုနှိပ်စက် အပင်တွေခုတ်နဲ့ ကြာတော့ ကမ္ဘာကြီးလည်းတဖြည်းဖြည်းပျက်စီးလာခဲ့တယ်ဒါကိုသည်းမခံနိုင်တော့တဲ့ စုန်းမကြီးတွေဟာ ကြီးမားလှတဲ့ Titan ကြီးတွေကို ဆင့်ခေါ်ပြီး ကမ္ဘာမြေကိုဖျက်စီးကာ အသစ်တဖန်ပြန်စဖို့ စီစဉ်ပါတော့တယ်ဒါကိုသိရှိသွားကြတဲ့ Trollhunter(မှင်စာမုဆိုး) ဦးဆောင်တဲ့ သူရဲကောင်းတစ်စုဟာ ဖန်ဆင်းရှင်စုန်းမကြီးတွေကို လိုက်လံတားဆီးကြတော့တာပေါ့ အပြောသာလွယ်ပေမယ့် ဖန်ဆင်းခံလူသားတွေက ဖန်ဆင်းရှင်ကိုခံချဖို့ဆိုတာ ကြားရုံနဲ့ မဖြစ်နိုင်တဲ့ကိစ္စပါ ဒီလိုမဖြစ်နိုင်တဲ့ကိစ္စကို သူငယ်ချင်းတွေ ဘယ်လိုပူးပေါင်းပြီး ဘယ်လိုတိုက်ခိုက်ကြမလဲဆိုတာ စိတ်ဝင်စားဖွယ်ရိုက်ကူးတင်ဆက်ထားပါတယ်Animation ...
movie

Trollhunters: Rise of the Titans (2021)

2021
Destroyer (2018) 6.3
Destroyer (2018) ဒီကားလေးကတော့ တကယ့်ဒိတ်ဒိတ်ကြဲမင်းသမီး ကြီးNicole Kidman အဓိကပါဝင်ထားတဲ့ကားလေးပဲဖြစ်ပါတယ်ငယ်ရွယ်တဲ့စုံထောက်မိန်းကလေး၁ယောက် ဘဏ်ဓါးပြမှုတွေနဲ့ဆိုးသွမ်းတဲ့အဖွဲ့ကိုတိတ်တဆိတ်စုံစမ်းဖို့စေလွှတ်ခံခဲ့ရပါတယ်ဒါပေမယ့်ကံဆိုးစွာပဲသူ့ရဲ့စစ်ဆင်ရေးကျရှုံးသွားခဲ့ပြီးသူချစ်တဲ့လူကောတခြားလူတွေရောအသတ်ခံလိုက်ရတဲ့အခါမှာတသက်လုံးသူ့ကိုယ်သူအပြစ်တင်စိတ်တွေနဲ့ပဲနေထိုင်လာခဲ့ရင်း....သူလက်စားပြန်ချေချင်တဲ့လူပြန်ပေါ်လာတဲ့အချိန်လက်စားချေဖို့ဘယ်လိုတွေကြိုးစားမလဲ...တဖက်မှာလည်း သူ့ရဲ့သမီးနဲ့ပြေလည်အောင်ညှိနှိုင်းပြီးပြဿနာတွေရှင်းရ....သမီးကိုချစ်တဲ့စိတ်,စိုးရိမ်စိတ်တွေနဲ့တဖက်မှာလည်းလက်စားချေလိုစိတ်တွေကိုမင်းသမီးကြီးကဘယ်လိုတွေသရုပ်ဆောင်ပြီးဇာတ်ကိုဆွဲခေါ်သွားမလဲဆိုတာတွေကိုဒီကားလေးမှာမြင်ရမှာဖြစ်ပါတယ် File Size : (1 GB) & ( 410 MB)Quality : Web-DL 720pRunning Time : 1 hr 39 minFormat : Mp4Genre : Action , Crime , DramaSubtitle : Myanmar Subtitle (Hard Sub)Translated by PhueEncoded by May Pyae Sone Oo 
movie

Destroyer (2018)

2018
Stronger(2017) 7.5
Stronger(2017) Stronger (2017) ဒီဇာတ်ကားက IMDB-7.1/10 နဲ့ RT-93% ရရှိထားတဲ့ ဖြစ်ရပ်မှန်အခြေပြုDrama/Biography ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ၂၀၁၃ ခုနှစ် ဧပြီလ ၁၅ ရက်Boston မာရသွန်ပြေးပွဲ ဗုံးပေါက်ကွဲမှုမှာခြေထောက် ၂ ဖက်လုံးကို ဆုံးရှုံးလိုက်ရတဲ့ ဂျက်ဖ်ဘိုးမန်း(Jeff Bauman)ဆိုတဲ့ လူငယ်တစ်ယောက်ရဲ့အကြောင်းကို ရိုက်ကူးပြထားတာပါ *************"ဂျိမ်း"ခနဲ ဗုံးပေါက်ပြီးတဲ့နောက် သူပြန်သတိရလာတဲ့အချိန်မှာသူ့ခြေထောက်နှစ်ဖက်စလုံး ပြတ်ထွက်သွားခဲ့ပြီ။ ဒါပေမယ့် သူ့ကို သွေးတိတ်အောင် လာလုပ်ပေးတဲ့သူကို သူပြောလိုက်တဲ့စကားက"တစ်ခြားလူကို ကူညီပေးလိုက်ပါ, ကျွန်တော်အဆင်ပြေပါတယ်"တဲ့(Help somebody else, I am good)။အဲဒီနောက်သူဟာ Boston Strong (ဘော်စတွန်သူရဲကောင်း) ဘာကြောင့်ဖြစ်လာခဲ့တယ်၊ခြေထောက်နှစ်ဖက်ဆုံးရှုံးလိုက်ရပြီးတော့သူ့ဘဝရဲ့အခက်အခဲတွေကို ဘယ်လိုရင်ဆိုင်ဖြတ်သန်းတယ်၊ ဘဝနဲ့ချီပြီး ဆုံးရှုံးသွားတဲ့သူဟာ တစ်ဖန်ပြန်လည်ရှင်သန်ဖို့အတွက် ဘယ်လောက်ခက်ခဲခဲ့တယ်ဆိုတာတွေကို ခံစားမှုတွေအပြည့်နဲ့ ကြည့်ရှုကြရမယ့်"Inspiring Real Life Story"တစ်ပုဒ်ပါပဲ....ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့              Sherlockဖြစ်ပါတယ်....File Size…(900MB) and (350MB) Quality…BluRay 720p Format…mp4 Duration…01:59:00 Subtitle…Myanmar Subtitle(Hardsub) Encoder…..Phyo Pyae Translated by ...
movie

Stronger(2017)

2017
The Messengers (2007) 5.4
The Messengers (2007) The Messengers (2007)_____IMDb - 5.4/10  ကနေဒါနိုင်ငံရဲ့ လယ်တောထဲမှာဖြစ်ပျက်ခဲ့တဲ့ ဇာတ်လမ်းလေးပါ။ ရိုလင်မိသားစု ကြောက်မက်ဖွယ်အဖြစ်ဆိုးကြီး ကြုံတွေ့ရပြီး နောက်ခြောက်နှစ်အကြာမှာ မိသားစုတစ်စုက ထိုလယ်ကိုဝယ်လိုက်ပြီး ပြောင်းရွှေ့လာကြပါတယ်... အဲ့ဒီအချိန်မှာပဲ မကျွတ်လွတ်သေးတဲ့ ပရလောကသားတွေက တစခန်းထလာပါတော့တယ်။ (အကယ်၍သင်ဟာသင့်အိမ်ထဲမှာ တစ္ဆေတစ်ကောင် တွေ့ပြီဆိုပါစို့... သင်ပြောတာကိုဘယ်သူမှမယုံဘူး၊ ဘယ်သူမှလက်မခံဘူးဆိုရင် သင်ဘာဆက်လုပ်မှာလဲ...) လယ်သမားမိသားစုရဲ့ စီးပွါးရေး၊ မိသားစုဆက်ဆံရေးနဲ့ ပရလောကတွေအပါအဝင် စိတ္တဇ စသည့်ဖြင့် ဝေဆာအောင် ဇာတ်အိမ်ဖွဲ့ထားပါတယ်။ ပိုပြီးကြည့်ချင်စရာကောင်းတာကတော့ Twilight မင်းသမီး Kristen Stewart ပါဝင်အားဖြည့်ထားပါတယ်။   (ဇာတ်ကားအညွန်းနဲ့ ဘာသာပြန်သူကတော့ Aye Min Oo ပဲ ဖြစ်ပါတယ်)     File Size - 712 MB File Type - mp4 Quality - BluRay Rip 720p Duration - 01:30:00 Translator - Aye Min Oo Encoder - Joker.phs
movie

The Messengers (2007)

2007