Channel Myanmar

Tilly Vosburgh

Far from the Madding Crowd (2015) 7.1
Far from the Madding Crowd (2015) Far from the Madding Crowd (2015) =========================== IMDb Rating - 7.1/10"ငါ့ကို လက်ထပ်နိုင်မလား" ဘဝမှာ မှီခိုစရာယောကျာ်းတစ်ယောက်မလိုအပ်ဘူးလို့ ခံယူထားတဲ့ အမျိုးသမီးငယ်တစ်ယောက် ပထမဆုံးကြားဖူးတဲ့စကားပါပဲ။ သူမဟာ ဒီတောင်းဆိုမှုပြုသူကို သဘောကျနေသယောင်ရှိပေမယ့် ဒီကိစ္စမျိုး သူ့မှာ တွေးတောထားတာမျိုးမရှိခဲ့ပါ။ အမျိုးသားတွေက ငွေကြေး၊ ဥစ္စာ တွေနဲ့ သူ့မအချစ်ကိုတောင်းဆိုတဲ့အခါ သူမ အသာအယာပဲ ပြုံး နေလိုက်ပါတယ်။ သူမစိတ်ထဲမှာ ဒီလိုတောင်းဆိုသူအမျိုးသားတွေကို အထင်သေးနေခဲ့ပါတယ်။ သူမဟာ အချစ်ဆိုတာကို အမျိုးသားတွေ နားလည်တဲ့စကားလုံးတွေရဲ့ ဘောင်အပြင်ဘက်က သန့်ရှင်းခမ်းနားတဲ့ အရာလို့ ယူဆထားသူပါ။ဒီ Far From The Madding Crowd ဇာလမ်းဟာ စာရေးဆရာကြီး Thomas Hardy ရဲ့ နာမည်ကြီးဝတ္ထုကို အခြေခံပြီး ပြန်လည်ရိုက်ကူး ထားတာပါ။ ဒါရိုက်တာ Thomas Vinterberg က စီစဥ်ရိုက်ကူးထား တာဖြစ်ပြီး winner ဆုနှစ်နဲ့ တင်သွင်းခြင်းခံရတဲ့ အရေအတွက်အမြောက် အများရှိပါတယ်။ IMDB rating 7.1 ရရှိထားပါတယ်။ တော်တော်လေး ပြည့်စုံတဲ့ drama ကားလေးပါပဲ။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ...
movie

Far from the Madding Crowd (2015)

2015
The Velveteen Rabbit (2023) 6.7
The Velveteen Rabbit (2023) The Velveteen Rabbit (2023) ====================== IMDb Rating - 6.7/10Margery Williams ရဲ့ the Velveteen Rabbit စာအုပ်ကို မှီငြိမ်း ရိုက်ကူးထားတဲ့ ခရစ်စမတ် ဇာတ်လမ်းလှလှလေးတစ်ပုဒ်ဖြစ်ပြီး Toy Story တို့ Enchanted တို့လို vibe မျိုး ပေးမဲ့ ဇာတ်ကွက်မျိုး ဖြစ်ပါတယ်။တစ်ခါသော ခရစ်စမတ်မှာ ဝီလီယံလေးဟာ သူချစ်တဲ့ သူငယ်ချင်း တွေရှိရာ အရပ်ဒေသကနေ အဝေးတစ်နေရာကို ပြောင်းရွှေ့လာခဲ့ရ ပါတယ်။ နေရာသစ်မှာ သူငယ်ချင်းမရဘဲ အဖော်မဲ့နေတဲ့ ဝီလီယံတစ် ယောက် ခရစ်စမတ်မှာ သူ့အတွက် အဖော်မွန်ကောင်း ဖြစ်လာမဲ့ ယုန် ရုပ်လေး တစ်ရုပ်ကို လက်ဆောင်ရလိုက်ပါတယ်။ဒီလိုနဲ့ ယုန်လေးဟာ သူ့ရဲ့ ကစားဖော်၊ စကားပြောဖော်၊ အိပ်ယာဝင် ချိန်ရဲ့ သူငယ်ချင်းအဖော်တစ်ယောက် ဖြစ်လာခဲ့ပါတယ်။ အချိန်တွေ ကြာလေ ဒီယုန်ရုပ်လေးနဲ့ ဝီလီယံဟာ ခွဲခွါမရ တစ်သားတည်းဖြစ်လာ ကြတယ်။ စွန့်စားခန်းထွက်ဖော်တွေ ဖြစ်လာကြပါတော့တယ်။ ကလေး တစ်ဦးရဲ့ အထီးကျန်မှုနဲ့ သူချစ်တဲ့ ယုန်ရုပ်လေးတစ်ရုပ်ရဲ့ ...
movie

The Velveteen Rabbit (2023)

2023
Atonement (2007) 7.8
Atonement (2007) AtonementIMDb (7.8)/ Rotten Tomatoes (83%)James Mcavoy ,Keira Knightley, Lady Bird (ဝါ) Saoirse Ronan နဲ့ Benedict Cumberbatch တို့လို နာမည်ကြီးမင်းသားမင်းသမီးတွေ အစုံအလင်နဲ့ရိုက်ကူးထားတဲ့ဇာတ်ကားပါ။အဆုံးသတ် မတိုင်ခင် အထိတော့ ဒီ ဇာတ်လမ်းလေး တစ်ပုဒ်လုံးက သိပ်မထူးခြားသလိုပါပဲ။ ဒီဇာတ်လမ်းရဲ့ ထူးခြားချက်ကို ကျွန်တော် ချရေးခဲ့ရင်လည်း spoil ပြီးသား ဖြစ်သွားပါမယ်။အချိန်ကာလအားဖြင့် Dunkrik မဖြစ်မှီ..... အထက်တန်းလွှာ အမျိုးသမီးတစ်ယောက်နဲ့ အိမ်ဖော်တစ်ယောက်ရဲ့သား.....ချစ်ကြိုက်မိခဲ့ကြတယ်...။ မှားယွင်းသွားတဲ့ စာတစ်စောင်က မထင်မှတ်ပဲ ယူလာခဲ့တဲ့ ဂြိုလ်ဆိုးတွေကြားမှာ..သူတို့ ဝေးသွားခဲ့ကြတယ်...။စစ်တပ်ထဲ ရောက်နေတဲ့ ကောင်ကလေးနဲ့... အိမ်ကနေ ပြေးထွက်ခဲ့တဲ့ ကောင်မလေး.. စစ်မထွက်မှီမှာ ပြန်တွေ့ကြတဲ့အချိန်... နေသာ လေလာမဲ့ တစ်နေ့တော့ကို သူတို့ ပြန် ယုံကြည်မျှော်လင့်ခဲ့ကြတယ်...။ စစ်ရဲ့ အနိဋ္ဌာရုံတွေကြားကနေ ဒဏ်ရာအထပ်ထပ်နဲ့ မျှော်လင့်နေတဲ့ ...
movie

Atonement (2007)

2007