Channel Myanmar

Tom Hobbs

Holding the Man (2015) 7.4
Holding the Man (2015) Holding the Man (2015) ================= IMDb Rating - 7.4/10Holding the Man ဟာ ၂၀၁၅ မှာထွက်ရှိခဲ့တဲ့ Australian romantic drama ဇာတ်ကားတစ်ကားဖြစ်ပြီး Timothy Conigrave ရဲ့ ကိုယ်ရေးမှတ်တမ်းကိုအခြေခံရိုက်ကူးထား တာပါ။ဇာတ်လမ်းကတော့ ကိုယ်ရေးမှတ်တမ်းဖြစ်တဲ့အတိုင်းစာရေးသူ တီမိုသီနဲ့သူ့ဘ၀လက်တွဲဖော်John Caleo တို့ရဲ့ ဆယ့်ငါးနှစ်တာ ဘ၀ဖြတ်သန်းမှုပါပဲ။ အစောပိုင်းခေတ်ကာလ ရေုးရိုးစွဲတွေ လိင် တူနှစ်သက်မှုကို ဘာသာရေး၊လူမှုရေး အစရှိတဲ့စံနှုန်းတွေနဲ့ နှိုင်း ချိန်အကဲဖြတ်ကြတဲ့ အချိန်မှာ သူတို့ရင်ဆိုင်ရတဲ့အခက်အခဲတွေ၊ အနိမ့်အမြင့်အတက်အကျတွေကို သီချင်းတွေအများကြီးနဲ့ မြူးကြွ သွက်လက်စွာတွေ့မြင်ရမယ့် biopic မဆန်တဲ့ဇာတ်ကားတစ်ကား လည်းဖြစ်ပါတယ်။ဇာတ်ကားဟာထွက်ရှိစဉ်ကတည်းက ရီဗျူးကောင်း ရလဒ်ကောင်း တွေရရှိခဲ့ပြီး အကောင်းဆုံး LGBT ဇာတ်ကားတွေစာရင်းမှာ အချိန်တို အတွင်းနေရာယူနိုင်ခဲ့ပါတယ်။မင်းသားနှစ်ယောက်ရဲ့ကြားက chemistry မိနေမှုနဲ့ performance တွေကိုလူတွေက အထူးချီးကျူးကြပါတယ်။ ခံစားကြည့်ကြပါဦး။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Alias ဖြစ်ပါတယ်)File Size..........(1.6 GB) / (700 MB) Quality............BLU-RAY 1080p / 720p Duration.........2Hr 07Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Biography, Drama, History Translator.......Alias Encoder..........SWM
movie

Holding the Man (2015)

2015
King Kong (2005) 7.2
King Kong (2005) King Kong (2005)~ IMDb - 7.2/10, Rotten Tomatoes - 84% ~Directed By "Peter Jackson"" It was Beauty killed the Beast. "ခြင်္သေ့နဲ့ ဘယ်လိုတိုက်တိုက် ဘီလူးနဲ့ ဘယ်လိုကိုက်ကိုက် ချစ်မိသူလောက်တော့ ဘယ်သူမှ လူမိုက်မမည်တဲ့။ အဲဒီခေတ်က နယူးယောက်ရဲ့ အမြင့်ဆုံးအဆောက်အဦးဖြစ်ခဲ့တဲ့ အင်ပါယာစတိတ်ပေါ် တက်ကြဲခဲ့တဲ့ အသိဉာဏ်အရှိဆုံး တိရိစ္ဆာန်ဘဝကနေ အမိုက်မဲဆုံးကောင်ဖြစ်သွားတဲ့ ကင်းကောင်ကြီးကို မသိတဲ့သူလည်းမရှိလောက်ဘူး။ အသိဉာဏ်ရှိနေလို့ပဲ အရူးမိုက်ဆုံးဖြစ်ခဲ့သလား မသိနိုင်ပေမဲ့ ထင်သာမြင်သာအရှိဆုံး အဆောက်အဦးပေါ်တက် ကျည်ချက်ပေါင်းများစွာခံရင်း ၁၀၂ထပ်အမြင့်ကနေ ထိုးဆင်းသွားခဲ့တယ်။နယူးယောက်ရဲ့ကြမ်းပြင်မှာ အသက်မဲ့နေတဲ့ ကင်းကောင်ကြီးကို ကြည့်ပြီး "ဘာလို့ ဒီကောင် ဟိုးထိပ်ထိတက်ပြီး ချောင်ပိတ်မိခံလိုက်တာလဲ သူ့အန္တရာယ်သူမသိဘဲတော့မနေလောက်ဘူး" လို့ လူတစ်ယောက်က ပြောတယ်။ ဘေးကလူရဲ့အဖြေကတော့ "ဦးနှောက်မရှိတဲ့တိရိစ္ဆာန်ကြီးပဲကိုကွာ ဘာသိမှာလဲ" တဲ့။ ...
movie

King Kong (2005)

2005
4K HEVC
The Railway Man(2013) 7.1
The Railway Man(2013) The Railway Man(2013)====================၁၉၄၂ မှာ ဗြိတိသျှတွေရဲ့ စင်ကာပူခံတပ်ကြီးကျသွားတော့မဟာမိတ်စစ်သားတွေဟာ ဂျပန်တွေ လက်ထဲကို စစ်သုံ့ပန်းအနေနဲ့ရောက်သွားတယ်။အဖမ်းခံလိုက်ရတဲ့ စစ်သုံ့ပန်းတွေဟာအခုကျွန်တော်တို့ သေမင်းတမံရထားလမ်းလို့ သိကြတဲ့ယိုးဒယား-မြန်မာမီးရထားလမ်းကြီး ဖောက်တဲ့ လုပ်ငန်းမှာကျွန်အဖြစ် အတင်းအကြပ်စေခိုင်းခြင်းခံခဲ့ရတယ်။အဲ့ထဲမှာ အခုဇာတ်ကားရဲ့ အဓိကဇာတ်ဆောင်ဖြစ်တဲ့ Eric Lumox ဆိုတဲ့ဘဲလည်း ပါတယ်။သူက ဗြိတိသျှတပ်မှာ ဆက်သွယ်ရေး အရာရှိ၊မီးရထားလမ်းတွေနဲ့ ပက်သက်ရင် ဝါသနာကြီးတဲ့သူ။တစ်နေ့ကျ အဖမ်းခံထားရတဲ့ ဗြိတိသျှတပ်တွေဟာ ရထားလမ်းဖောက်တဲ့နေရာကနေ ထွက်ပြေးဖို့ ကြံစည်ကြတယ်။အဲ့ဒီအကြံအစည်မှာဆက်သွယ်ရေးအရာရှိလည်းဖြစ်၊မီးရထားလမ်းတွေအကြောင်းလည်းသေချာနားလည်တဲ့ Lumox က ဦးဆောင်သူ ဖြစ်လာတယ်။လူအသေအပျောက်များလွန်းလို့ သေမင်းတမံရထားလမ်းလို့ကို ခေါ်ရတဲ့အဲ့ဒီငရဲခန်းကနေ သူတို့အုပ်စု လွတ်မြောက်နိုင်ပါ့မလား ၊ဘာတွေဆက်ဖြစ်ကြမလဲ၊ ဘယ်လိုအဖြစ်ဆိုးမျိုးတွေ ကြုံရဦးမလဲဆိုတာကိုဒီဇာတ်ကားမှာ ကြည့်ရှုခံစားရမှာ ဖြစ်ပါတယ်။ဒီဇာတ်ကားမှာ စစ်ရဲ့အနိဌာရုံတွေ၊ စစ်ပြန်တွေကို ခြောက်လှန့်နေတဲ့အရိပ်ဆိုးတွေ၊ အောက်ခြေစစ်သားတွေရဲ့ ဘဝတွေကိုတွေ့ရမှာဖြစ်ပြီးအချိန်ပေးရတာနဲ့ တန်အောင် တွေးစရာတွေ ငေးစရာတွေ ကျန်ခဲ့မှာမို့ကြည့်ရှုခံစားကြည့်ကြဖို့ တိုက်တွန်းလိုက်ပါတယ်။(ဘာသာပြန်နှင့် အညွှန်းကတော့ Damien ပဲ ဖြစ်ပါတယ်) File size…1.31GB / ...
movie

The Railway Man(2013)