Channel Myanmar

Tom Hopper

SAS: Red Notice (2021) 5.5
SAS: Red Notice (2021)  SAS အဖွဲ့ဝင်ဟောင်း Andy McNab ရဲ့ရောင်းအားအကောင်းဆုံးဝတ္တုကိုအခြေခံပြီး ဒါရိုက်တာ Magnus Martens ကရိုက်ကူးပေးထားပါတယ်။ဗြိတိန်အက်ရှင်ဇာတ်ကားကောင်းတစ်ခုဖြစ်တဲ့SAS: Red Notice မှာ Sam Heughan ၊ Ruby Rose နဲ့Hannah John-Kamen တို့ပါဝင်သရုပ်ဆောင်ထားပြီးအရေးပေါ်စစ်ဆင်ရေးတစ်ခုကို လက်တွေ့ဆန်ဆန်ပုံဖော်ရိုက်ကူးပြသထားတာဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း***************ဗြိတိန် SAS အထူးအဖွဲ့ဝင်တွမ်ဘက်ကင်ဟမ်ဟာဒေါက်တာမလေးဆိုဖီဟာ့တ်ကို လက်ထပ်ခွင့်တောင်းဖို့လန်ဒန်ကနေ ပါရီကိုရထားနဲ့အသွား ဂရေ့စ်လူးဝစ္စခေါင်းဆောင်တဲ့ စစ်ရာဇဝတ်သားတွေဖြစ်တဲ့ငန်းမည်းအဖွဲ့ကချန်နယ်တန်နယ်ဥမင်တစ်နေရာအရောက်မှာ ရထားကိုပြန်ပေးဆွဲလိုက်ပါတယ်။ ဂရေ့စ်က သူတောင်းဆိုတဲ့ပြန်ရွေးငွေကိုသာမပေးရင် ဗြိတိန်အစိုးရရဲ့ညစ်ညမ်းတဲ့လျှို့ဝှက်ချက်တွေကိုဖော်ထုတ်ပြီး ဥမင်ကိုပါဖောက်ခွဲပစ်မယ်လို့ခြိမ်းခြောက်ထားပါတယ်။ ဒီအချိန်မှာ ရထားပေါ်မှာလိုက်ပါလာတဲ့တွမ်က လက်နက်နဲ့လူအင်အားမပါဘဲ ချစ်သူဆိုဖီနဲ့ခရီးသည်တွေကိုကယ်တင်နိုင်အောင် ကြိုးပမ်းရပါတော့တယ်။ File size…2.07GB / 995MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….2h 24m Genre ….. Action , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by JULY
movie

SAS: Red Notice (2021)

Terminator: Dark Fate (2019) 6.2
Terminator: Dark Fate (2019) အရေပျော်စက်ရုပ်ကားဆိုပြီး ငယ်ငယ်ကတည်းက စွဲလမ်းခဲ့ကြတဲ့ တာမီနေတာ ရုပ်ရှင်တွေရဲ့ နောက်ဆုံးထွက် ရုပ်ရှင်ပါ။ တာမီနေတာ တွေအထဲမှာ ကျွန်တော်တို့ အကြိုက်ဆုံးက နံပါတ် ၂ ရုပ်ရှင်ပဲ ဖြစ်မယ်ထင်ပါတယ်။အခုထွက်တဲ့ရုပ်ရှင်ကတော့ အားလုံး ဒုတိယအကြိုက်ဆုံး တာမီနေတာရုပ်ရှင် ဖြစ်လာမယ်ထင်ပါတယ်။ ဇာတ်လမ်း နဲ့ အက်ရှင်တွေက အတော်ကို ကောင်းပါတယ်။ အားရစရာပါပဲ။ဇာတ်လမ်းအကျဉ်းဆာရာကော်နာ နဲ့ ဂျွန်ကော်နာတို့ဟာ စကိုင်းနက်ကို ဖျက်ဆီးနိုင်ခဲ့ပြီး အနာဂတ်ကို ပြောင်းလဲနိုင်ခဲ့ပြီးချိန်မှာ တာမီနေတာ တစ်ကောင်က ဂျွန်ကော်နာကို သတ်သွားခဲ့ပါတယ်။ ဒါတွေဖြစ်ပြီးလို့ နှစ် ၂၀ အကြာလောက်မှာ ဒန်နီဆိုတဲ့ မိန်းကလေးကို သတ်ဖို့ အနာဂတ်က ပိုအဆင့်မြင့်တဲ့ ရက်ဗ်နိုင်းမော်ဒယ် တာမီနေတာ ရောက်လာပြီး၊ ဒန်နီကို ကာကွယ်ဖို့လည်း ဂရေ့စ် ဆိုတဲ့ စက်ရုပ်တစ်ပိုင်းလူသား ရောက်လာပါတယ်။ဒန်နီနဲ့ ဂရော့စ်တို့ကို ဆာရာ ကော်နာက ကယ်တင်သွားပြီး ရက်ဗ်နိုင်းကို ရင်ဆိုင်ဖို့ ရန်သူဟောင်းကြီးတစ်ယောက်နဲ့ ...
movie

Terminator: Dark Fate (2019)

Knights of Badassdom (2013) 5.6
Knights of Badassdom (2013)  မှော်ဇာတ်လမ်းကောင်းတွေကြိုက်တတ်လား။ပေါ့ပေါ့ပါးပါးနဲ့ရယ်မောရတဲ့ဇာတ်ကားမျိုးကြိုက်တတ်လား။အချစ်‌တွေ၊အမုန်းတွေနဲ့၀မ်းနည်း၀မ်းသာဖြစ်ချင်ပါသလား။အားလုံးချစ်တဲ့ မင်းသားကြီး Peter Dinklage ပါ၀င်တဲ့Knights of Badassdom လာပါပြီ။ ဂျိုး၊ အဲရစ် နဲ့ ဟန်း တို့ဟာ အတူတူနေထိုင်ကြတဲ့ အချစ်ဆုံးသူငယ်ချင်းတွေဖြစ်ကြပါတယ်။ အဲရစ်နဲ့ဟန်းဟာ ဂန္ဓ၀င်စာအုပ်တွေ၊ ဂိမ်းတွေ၊ ကစားစရာတွေကို အင်မတန်မှသဘောကျကြပြီး ဂျိုးကတော့ ရည်းစားနဲ့ဂီတ သူ့ဘ၀ပါ။ အချစ်နဲ့တည်ဆောက်ထားတဲ့ ဂျိုးရဲ့ဘ၀လေး... တစ်ရက်မှာ ချစ်သူကလမ်းခွဲသွားတဲ့အခါ အရိုးများထိအောင်ရူးပါတော့တယ်။ဒီတော့ မကြည့်ရက်နိုင်လွန်းတဲ့ သူငယ်ချင်းတွေက စိတ်ပြေလက်ပျောက် ဆေးတစ်ပေါက်တိုက်လိုက်ပြီး ဂျိုးခံစားရတာတွေသက်သာအောင် ကူညီပါတော့တယ်။ သူငယ်ချင်းဆိုတဲ့အတိုင်း သွေးရိုးသားရိုးတော့မဟုတ်ပါဘူး။ ဂျိုးပြန်နိုးလာတဲ့အချိန်မှာ အဲရစ်နဲ့ဟန်းတို့ ပိတ်ရက်တိုင်းလာကစားနေကျစစ်မြေပြင်ဂိမ်းတစ်ခုထဲကို ရောက်နေခဲ့ပါပြီ။ ဂျိုးလည်းချော်လဲရောထိုင်ရင်း ကစားပွဲထဲပါပြီးတဲ့နောက်မှာတော့အဆန်းထွင်လွန်းတဲ့ အဲရစ်ဟာ ဘယ်ကမှန်းမသိတဲ့မှော်စာအုပ်ကြီးထုတ်ပြီး ရွတ်ပါတော့တယ်။ သူဖတ်လိုက်တဲ့စာအုပ်ဟာ‌ကစားစရာသက်သက်မဟုတ်ဘဲ နတ်ဆိုးတွေကိုဆင့်ခေါ်တဲ့စာအုပ်ဖြစ်နေတာကို မသိခဲ့ပါဘူး။ ဒီလိုနဲ့ သူတို့ဟာ နတ်ဆိုးကိုဆင့်ခေါ်မိခဲ့ကြပြီး အားလပ်ရက်မှာလာပျော်ကြတဲ့လူတစ်စု တကယ့်နတ်ဆိုးနဲ့ရင်ဆိုင်အတွေ့မှာ ဘယ်လိုတွေများစွန့်စားနှိမ်နှင်းသွားကြမလဲဆိုတာကို ကြည့်ရှုခံစားကြည့်လိုက်ပါဦး။  File size…1.73GB  / 751MB Quality…Blu-Ray 1080p 5.1CH / ...
movie

Knights of Badassdom (2013)

Love in the Villa (2022) 5.3
Love in the Villa (2022) Love in the Villa (2022) =================အချစ်ဟာ ဆန်းကြယ်ပါတယ်။ နဖူးစာရွာလည်ဆိုသလိုမျိုး တစ်ခါတရံ ကမ္ဘာ့မြောက်ဘက်အခြမ်းကလူနဲ့ တောင်ဘက် အခြမ်းကလူလည်း ဆုံစည်းနိုင်တယ်။ ဒါပေမဲ့ ဆန်းကြယ်တဲ့ အချစ်တွေမှာ ရှုပ်ထွေးခြင်းနဲ့ ခက်ခဲခြင်းတွေက နှောင့်ယှက် တတ်စမြဲပဲမဟုတ်လား။ဒီ Love in the Villa ဆိုတဲ့ ဇာတ်ကားလေးမှာတော့ ကလေး တွေကိုစာသင်တဲ့ ဆရာမလေး ဂျူးလီဟာ ရိုမီရိုနဲ့ ဂျူးလိယက်ရဲ့ ပင်တိုင်ပရိသတ်တစ်ယောက်၊ ရူးသွပ်လွန်းလို့ အီတလီနိုင်ငံအထိ ခြေဆန့်ပြီး ခရီးထွက်ချင်သူ။ တစ်နေ့ ခရီးထွက်ဖို့ စီစဥ်ပြီးချိန်မှာ အတူမျှဝေလို့ရမယ့် ချစ်သူကလည်း အသင့်ရှိနေပါတယ်။ ခရီးမှာ ဘယ်တွေသွားမယ်၊ ဘယ်လိုသွားမယ်၊ ဘယ်လိုရိုမယ် သေချာစီစဉ် ထားတာပေါ့။ကံဆိုးချင်တော့ ခရီးမထွက်ခင်လေးတင် ချစ်သူက ပြတ်စဲသွားတဲ့အခါ အချစ်မြို့တော်ကိုသွားမယ့် ဂျူးလီတစ်ယောက် ကံဆိုးခြင်းများစွာကို ဆက်တိုက်ကြုံရင်း ငှားနေမယ့် အချစ်စံအိမ်လေးမှာ လွဲချော်မှုတစ်ခုကြောင့် ချာလီဆိုသူတစ်ဦးနဲ့ ဆုံကြတဲ့အခါ။ ဟာသလေးတွေ၊ အလွဲလေးတွေနဲ့ ချစ်ကြည်နူးခြင်းတွေ အစရှိတာတွေအားလုံးကို ဒီကားထဲမှာ စောင်ကိုက်ရင်း ကြည့်ရမှာ ဖြစ်ပါကြောင်းပြောရင်းတင်ဆက်လိုက်ပါရစေ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Mugiwara Ya ဖြစ်ပါတယ်) File Size..........(1.95 GB) / ...
movie

Love in the Villa (2022)

2022
Resident Evil: Welcome to Raccoon City (2021) 5.6
Resident Evil: Welcome to Raccoon City (2021) ဒီရုပ်ရှင်ကတော့ အရင်ထွက်ခဲ့တဲ့ ရက်စီဒန့်အီဗယ် ရုပ်ရှင်တွေနဲ့ သိပ်မဆက်စပ်ထားဘဲနဲ့ဒါရိုက်တာက မူရင်း ဟော်ရာဗီဒီယိုဂိမ်းကို အခြေခံရိုက်ကူးထားတာဖြစ်ပါတယ်။ငယ်ငယ်က ဂိမ်းကစားခဲ့ဖူးတဲ့လူတွေတော့ ရင်းနှီးနေမှာပါ။ ဇာတ်ကောင်တွေကလည်းလီရွန်၊ ကလယ်ရာတို့ကိုပဲ ပြန်သုံးထားတာပါ။ ဒီတော့ ဟော်ရာအရသာနဲ့ ဇွန်ဘီးဆိုတာဘာလည်းမသိသေးခင် အချိန်ကို ကြည့်ရမှာပါပဲ။ ဇာတ်လမ်းအကျဉ်းကတော့ ရက်ကွန်းမြို့ကမိဘမဲ့ဂေဟာတစ်ခုမှာ ခရစ် နဲ့ ကလယ်ရာ ဆိုတဲ့ မောင်နှမနှစ်ယောက်ရှိတယ်။ကလယ်ရာက ဂေဟာကနေ ထွက်ပြေးသွားခဲ့ပြီး ခရစ်ကတော့ ရက်ကွန်းမြို့မှာကျန်ခဲ့တာပေါ့။ ရက်ကွန်းမြို့ဟာ ကမ္ဘာအကြီးဆုံးဆေးဝါးကုမ္ပဏီကြီး အမ်ဘရဲလားအခြေစိုက်ခဲ့တဲ့နေရာဖြစ်ပေမဲ့ အခုတော့ အမ်ဘရဲလားက ပြောင်းရွှေ့သွားပြီဖြစ်လို့လူနည်းစုလေးပဲ ကျန်ခဲ့တဲ့ စွန့်ပစ်မြို့ဖြစ်နေပါပြီ။ တစ်နေ့တော့ အိမ်ပြေးဖြစ်နေတဲ့ကလယ်ရာဟာ အမ်ဘရဲလားရဲ့မူမမှန်တဲ့စမ်းသပ်ချက်တွေနဲ့ ပတ်သတ်တဲ့ကိစ္စတစ်ခုကြောင့်သူ့အစ်ကိုဆီကို ပြန်လာချိန်မှာ ဇွန်ဘီးတွေပေါ်ထွက်လာလို့ မြို့ထဲမှာ ပိတ်မိသွားပြီးဇွန်ဘီးတွေလက်ထဲကနေ လွတ်အောင်ရုန်းရတော့မယ်အခြေအနေ ဖြစ်လာတဲ့အခါ...  File size… 250MB / 1Gb / 1.3GB Quality…720p HEVC Small Size / 720p WEB RIP ...
movie

Resident Evil: Welcome to Raccoon City (2021)

2021
4K HEVC Web-DL
Hitman’s Wife’s Bodyguard (2021) 6.4
Hitman’s Wife’s Bodyguard (2021) မြေနိုးကြီးရဲ့သက်တော်စောင့် ဇာတ်လမ်း အဆက် ထွက်လာပါပြီ။ ၂၀၁၇ က အပိုင်း ၁ လေးကို ကြည့်ထားရင် ပိုကောင်းပါတယ်။ တင်ပေးထားပါတယ်။ ဒီအပိုင်းမှာတော့ ကင်ကိတ်ကြီးက ထောင်ကထွက်ပြေးပြီး မိန်းမနဲ့အကြည်ဆိုက်နေချိန်၊ သက်တော်စောင့် လိုင်စင် မရှိတော့တဲ့ ဘရိုက်စ်က တိုင်ပတ်နေပါတယ်။ ဒါနဲ့ စိတ်ပြေလက်ပျောက် အနားယူဖို့ ထွက်လာချိန်မှာပဲကင်ကိတ်ကြီးကိုမာဖီးယားတွေဖမ်းထားတယ်ဆိုပြီး သူ့မိန်းမ ဆိုညာက လာခေါ်တဲ့အချိန်မှာ လူသတ်သမား၊ သက်တော်စောင့်၊ လူလိမ်မ သုံးယောက်တွဲပြီးပေါက်ကရတွေလုပ်ရင်းနဲ့ ကမ္ဘာကြီးကို ကယ်တင်ရမယ့် လမ်းစပေါ် ရောက်သွားပြန်ပါတယ်..... အညွှန်း နဲ့ ဘာသာပြန်ကတော့ Mr.Anderson ပဲ ဖြစ်ပါတယ်။ File size… 1.49 GB and 862 MB Quality….WEB-DL 1080p and 720p Format…mp4 Duration….1h 40min Subtitle….Myanmar Subtitle (Hardsub) Translator ..... Mr.Anderson Encoder ..... August 
movie

Hitman’s Wife’s Bodyguard (2021)

2021
I Feel Pretty (2018) 4.7
I Feel Pretty (2018) ကွန်ဖီးဒန့်ရှိလို့ လှတာလား?  လှလို့ ကွန်ဖီးဒန့်ရှိတာလား? ဒီဇာတ်ကားထဲက ရီနေးကတော့ကိုယ့်ကိုယ်ကို မလှဘူးဆိုပြီး စိတ်ဓာတ်ကျနေသူပါ အလှကုမ္ပဏီမှာ ကောင်တာထိုင်အလုပ်နေရာအတွက်လျှောက်ထားချင်သော်လည်းအလုပ်ခေါ်စာမှာ ကုမ္ပဏီရဲ့အလှမျက်နှာဖုံးဖြစ်ရမယ်ပါတော့လက်လျှော့ခဲ့တယ် တစ်နေ့တော့ ရေပန်းတစ်ခုမှာလှလာပါစေလို့ ဆုတောင်းလိုက်တယ် နောက်နေ့မှာတော့ လေ့ကျင့်ခန်းစက်ဘီးပေါ်ကပြုတ်ကျပြီးနောက်မှာ ခေါင်းထိသွားတယ် ပြန်နိုးလာတဲ့အချိန်မှာတော့ခန္ဓာကိုယ်က ဘာမှ မပြောင်းလဲသွားပေမယ့်သူကိုယ်သူ အလှကြီးလှတယ်ဆိုတဲ့ယုံကြည်စိတ်ရသွားပါတယ်။ အဲ့စိတ်နဲ့ပဲ အလုပ်လျှောက်တော့ အလုပ်ရရည်းစားရ အဆင်ပြေခဲ့ပေမယ့်အရမ်းကွန်ဖီးဒန့်ရှိတဲ့မာန်မာနကြောင့်လူအများနဲ့ တစ်ဖြည်းဖြည်းဝေးကွာလာပါတော့တယ်။ ဒီကွန်ဖီးဒန့်အပြည့်ရှိနေတဲ့ စိတ်က တစ်သက်ခံပါဦးမလား? လူတွေနဲ့ရော ပြန်အဆင်ပြေမလား? ကွန်ဖီးဒန့်က အရေးကြီးလား? လှဖို့က အရေးကြီးလား? ဘယ်အရာက အရေးကြီးမလဲဆိုတာ ရှုစားကြည့်ပါနော် -------------------------------------------------------------- ကွန်ဖီးဒန့်ရှိလို့ လှတာလား?  လှလို့ ကွန်ဖီးဒန့်ရှိတာလား? ဒီဇာတ်ကားထဲက ရီနေးကတော့ကိုယ့်ကိုယ်ကို မလှဘူးဆိုပြီး စိတ်ဓာတ်ကျနေသူပါ အလှကုမ္ပဏီမှာ ကောင်တာထိုင်အလုပ်နေရာအတွက်လျှောက်ထားချင်သော်လည်းအလုပ်ခေါ်စာမှာ ကုမ္ပဏီရဲ့အလှမျက်နှာဖုံးဖြစ်ရမယ်ပါတော့လက်လျှော့ခဲ့တယ် တစ်နေ့တော့ ရေပန်းတစ်ခုမှာလှလာပါစေလို့ ဆုတောင်းလိုက်တယ် နောက်နေ့မှာတော့ လေ့ကျင့်ခန်းစက်ဘီးပေါ်ကပြုတ်ကျပြီးနောက်မှာ ခေါင်းထိသွားတယ် ပြန်နိုးလာတဲ့အချိန်မှာတော့ခန္ဓာကိုယ်က ဘာမှ မပြောင်းလဲသွားပေမယ့်သူကိုယ်သူ အလှကြီးလှတယ်ဆိုတဲ့ယုံကြည်စိတ်ရသွားပါတယ်။ အဲ့စိတ်နဲ့ပဲ အလုပ်လျှောက်တော့ အလုပ်ရရည်းစားရ အဆင်ပြေခဲ့ပေမယ့်အရမ်းကွန်ဖီးဒန့်ရှိတဲ့မာန်မာနကြောင့်လူအများနဲ့ တစ်ဖြည်းဖြည်းဝေးကွာလာပါတော့တယ်။ ဒီကွန်ဖီးဒန့်အပြည့်ရှိနေတဲ့ စိတ်က တစ်သက်ခံပါဦးမလား? လူတွေနဲ့ရော ပြန်အဆင်ပြေမလား? ကွန်ဖီးဒန့်က အရေးကြီးလား? လှဖို့က အရေးကြီးလား? ဘယ်အရာက အရေးကြီးမလဲဆိုတာ ရှုစားကြည့်ပါနော်  File Size : (900 MB) Quality : WEB-DL 720p Running ...
movie

I Feel Pretty (2018)

2018