Channel Myanmar

William Fichtner

Traffik (2018) 7.6
Traffik (2018) IMDB Rating 7.1 ရရှိထားတဲ့ဇာတ်ကားလေးပါ။ Thriller ကားဆိုတဲ့အတိုင်းထိတ်လန့်တုန်လှုပ်စရာတွေပါပါတယ်။ Paula Patton နဲ့ Roselyn Sanchez လိုမင်းသမီးတွေသရုပ်ဆောင်ထားတယ်ဆိုတော့ ရင်တုန်တဲ့အခန်းတွေအများကြီးပါတာပေါ့နော်။ သတင်းထောက်တစ်ယောက်ဖြစ်တဲ့ Brea ဟာ သတင်းသမားကျင့်ဝတ်နဲ့ ညီအောင်အလုပ်လုပ်နေပေမယ့်လည်း စီးပွားရေးကိုဦးစားပေးနေတဲ့ အရှိန်အဟုန်တပြင်း စီးဆင်းနေတဲ့ခေတ်ကြီးမှာ အချိန်အများကြီးယူပြီး အသိပညာပေးချင်တာကိုဦးစားပေးနေတဲ့ Brea အတွက်နေရာမရှိခဲ့ပါဘူး။ အလုပ်ဖြုတ်ခံတော့မယ့်ဆဲဆဲမှာ သူရဲ့ချစ်သူဖြစ်တဲ့ John ကသူ့ကိုလက်ထပ်ခွင့်တောင်းဖို့ အပန်းဖြေခရီးတစ်ခုကိုခေါ်သွားခဲ့ပါတယ်။ မမျှော်လင့်တဲ့ဖြစ်ရပ်တွေကြောင့် သူတို့ရဲ့အပန်းဖြေခရီးလေးပျက်စီးသွားပြီး ဘယ်လိုပြဿနာတွေထဲရောက်သွားတယ် ဘယ်လိုကြိုးစားဖြေရှင်းကြတယ်ဆိုတဲ့အကြောင်းကို ရင်တထိတ်ထိတ်နဲ့ကြည့်ရှု့ခံစားရမှာပါ။   (ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့  d3mon ပါ)   File Size : (750 MB) and (350 MB) Quality : Blu-Ray 720p Running Time : 1hr 36min Format : Mp4 Genre : Thriller Subtitle : Myanmar Subtitle (Hard Sub) Source : 720p.BluRay.x264-DRONES Translated by d3mon Encoded by Thanhtike Zaw
7.6
IMDB: 7.6/10 7,576 votes
movie

Traffik (2018)

2018
Black Hawk Down (2001) 7.7
Black Hawk Down (2001) ဆိုမာလီနိုင်ငံဟာ ၁၉၉၀ဝန်းကျင်က ငတ်မွတ်မှုကြောင့် ပြည်သူသုံးသိန်းကျော်သေဆုံးခဲ့ပါတယ် အကြောင်းရင်းကတော့ ယခုထိတိုင်မပြီးဆုံးနိုင်သေးတဲ့ တစ်နိုင်ငံထဲနေမျိုးနွယ်စုတွေ အချင်းချင်းဖြစ်ပွားတဲ့ ကာလရှည်ပြည်တွင်းစစ်ကြောင့်ဖြစ်ပါတယ် ဆိုမာလီယာအစိုးရဟာ မထိန်းချုပ်နိုင်ပဲ ငါတလူမင်းမူနေတဲ့ ခေါင်းဆောင်တွေကြားမှာ Mohamed Farrah Aididဟာ အာဏာအရှိဆုံးဖြစ်ခဲ့ပြီး ထိုအချိန်က မြို့တော်မိုဂါဒစ်ရှူးကို အုပ်စိုးခဲ့ပါတယ် နိုင်ငံတကာကထောက်ပံတဲ့ရိက္ခာ အထောက်အပံတွေကို ငတ်မွတ်နေတဲ့ပြည်သူတွေဆီမဝေငပဲ အရက်စက်ဆုံးထင်ရာဆိုင်းမင်းမူနေတဲ့ Aididကိုဖယ်ရှားပစ်မယ် အစီအစဉ်တွေထဲကတစ်ခုကို ၁၉၉၃ခုနှစ်အတွင်း မြို့တော်မိုဂါဒစ်ရှူးမှာ ထုံးစံအတိုင်းအမေရိကန်တို့ လုပ်ခဲ့ပါတယ် Aididအစိုးရအဖွဲ့ရဲ့အစည်းအဝေးတစ်ခုကိုဝင်စီးကာ ဝန်ကြီးတွေကိုဖမ်းဖို့ဖြစ်ပြီး တစ်နာရီအတွင်းအပြီးသတ်ဖို့စနစ်တကျ စီစဉ်ထားတဲ့စစ်ဆင်ရေးဟာ Aididစစ်တပ်ရဲ့ မထင်မှတ်တဲ့ အပြင်းအထန်ခုခံမှုတွေကြောင့် ဘလက်ဟော့ဟယ်ရီကော်ပတာ တွေပျက်ကျမှုမှစတင်ကာ အလွဲလွဲချော်ချာ်ဖြစ်ပြီး အမေရိကန်စစ်တပ်ဟာ အချိန်မှီမြို့ထဲကပြန်မထွက်နိုင်ပဲ ပိတ်မိကာ တစ်ရက်နီးပါးကြာမြင့်သွားပါတယ် ဒီဇာတ်ကားဟာထိုအခါက အမေရိကန်နဲ့ဆိုမာလီတွေရဲ့ အပြင်းအထန်တိုက်ခဲ့ကြပုံတွေ စစ်ရဲ့မာန် စစ်ရဲ့ဓလေ့နဲ့ စစ်ရဲ့ကြေကွဲဖွယ်ရာတွေကို အပီပြင်ဆုံးရိုက်ကူးပြထားပြီး အကယ်ဒမီဆုတွေကို သိမ်းပိုက်သွားခဲ့တဲ့ဇာတ်ကားဖြစ်ပါတယ် Imdb 7.7နဲ့ RT 76%ထိရရှိထားပြီး စစ်ကားဆိုမှစစ်ကားကိုကြိုက်တဲ့သူတွေအနေနဲ့ ...
7.7
IMDB: 7.7/10 323,512 votes
movie

Black Hawk Down (2001)

2001
Blu-Ray 1080p
Armageddon (1998) 6.6
Armageddon (1998) ဒီဇာတ်ကားနဲ့ ပတ်သက်ပြီး ကျွန်တော့်ရင်ထဲမှာပြောချင်တာတွေအရမ်းများနေတယ်။ ပြောချင်တာတွေချရေးလိုက်တိုင်း ဆိုလိုရင်းကိုမထိရောက်သေးသလိုခံစားနေရတယ်။ ဒီဇာတ်ကားကပေးတဲ့ခံစားချက်တွေ ကျေနပ်မှုတွေ မကျေနပ်မှုတွေ မချိတင်ကဲတွေ အစုံစုံကိုကျွန်တော်အသေးစိတ်ရေးပြချင်တယ်....ဒီနေရာမှာကျွန်တော့်ရဲ့အားနည်းချက်ကအထင်းသားပေါ်တာပဲ... စာချရေးလိုက်တိုင်းမှာအဲ့ဒီခံစားချက်တွေပါမလာသလိုကျွန်တော်ခံစားနေရတယ်..ဒါနဲ့ပဲ ရေးထားသမျှတွေအကုန်ပြန်ဖျက်လိုက်တယ်.... ဒီလိုဇာတ်ကားမျိုးကိုညွှန်းပေးဖို့ကျွန်တော်မထိုက်တန်ဘူး။မိတ်ဆွေတို့ဖာသာပဲခံစားကြည့်ရှုလိုက်ပါတော့။ ကျွန်တော့်တုန်းကတော့ "ဝိုင်ပြင်းပြင်းတစ်ခွက်ကို ဇိမ်နဲ့သောက်နေရသလိုမျိုး " ခံစားမိခဲ့တယ်....သီချင်းသံလေးတွေ အပြုံးလေးတွေကအစ ရင်ထဲသိမ်းထားမိခဲ့တဲ့ သိပ်ကိုကြိုက်တဲ့ဇာတ်ကားလေးဖြစ်ခဲ့ပါတယ်။ ဇာတ်ဆောင်တွေကတော့ မင်းသားကြီး ဘရုစ်ဝီလီ...မင်းသား Ben Affleck တို့ဖြစ်ပါတယ်။မင်းသမီးကတော့ ကျွန်တော့်ကို အံ့သြမင်တက်စေခဲ့တဲ့ အလှကျက်သရေတွေနဲ့ မင်းသမီး Liv Tyler ပါ။ဇာတ်ရံတွေကလဲနာမည်ကြီးတွေပါပဲ။ Rating တွေကိုတော့ မပြောခဲ့တော့ဘူး....ယုတ္တိမရှိရင် နှလုံးသားကိုလဲ နားလည်မခံစားပေးချင်တဲ့ ဒီ Rating ပေးတဲ့ကောင်တွေကို အမြင်ကပ်နေလို့ပါပဲ။ (Myo Min Aung မှခံစားတင်ဆက် ဘာသာပြန်ပေးထားတာပါ။) File size…(1.1 GB) and (610 MB) Quality…Blu-Ray Rip 720p Format…mp4 Duration….02:30:50 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Myo Min Aung
6.6
IMDB: 6.6/10 352,374 votes
movie

Armageddon (1998)

1998
12 Strong (2018) 7.0
12 Strong (2018) စစ်ကားကောင်းကောင်းမှ ကြည့်ချင်တယ်ဆိုတဲ့ စစ်ကားကြိုက်ပရိသတ်တွေအတွက် 12 Strong ဆိုတဲ့ ရုံတင်ကားတစ်ကားကို တင်ဆက်ပေးလိုက်ပါပြီ။ ဒီရုပ်ရှင်ဟာ Doug Stanton ရဲ့ဖြစ်ရပ်မှန်ဝတ္ထု Horse Soldiers ကို မှီငြမ်းရိုက်ကူးထားတာဖြစ်ပါတယ်။ ဒီရုပ်ရှင်မှာဆိုရင်တော့ 9/11 အဖြစ်အပျက်အပြီး အာဖဂန်နစ္စတန်ကို ပထမဆုံးစေလွှတ်ခံရတဲ့ အမေရိကန်တပ်ဖွဲ့အကြောင်ကို အဓိကထားပြီး ပြသထားတာပါ။ ဇာတ်လမ်းအကျဉ်းလေးကတော့ ကပ္ပတိန်မစ်ခ်ျနယ်လ်ဆန်ဦးဆောင်ပြီး တပ်သား ၁၂ ယောက်သာပါဝင်တဲ့ တပ်ဖွဲ့တစ်ဖွဲ့ဟာ အာဖဂန်စစ်ခေါင်းဆောင်တစ်ယောက်နဲ့ ပူးပေါင်းပြီး တာလီဘန်နဲ့ အယ်လ်ကေဒါးတွေလက်ထဲကျရောက်နေတဲ့ မြို့၊ နယ်မြေတွေကို ပြန်လည်သိမ်းယူနိုင်ဖို့ ကြိုးပမ်းကြရတာဖြစ်ပါတယ်။ တာလီဘန်တွေနဲ့ ယှဉ်ရင် လက်နက်အင်အား၊ လူအင်အားလဲ မမျှသလို နယ်မြေလဲမကျွမ်းကျင်ကြတဲ့ နယ်လ်ဆန်တို့အဖွဲ့ သူတို့ရဲ့မစ်ရှင်တွေကို အောင်နိုင်ပါ့မလား၊ သူတို့ရဲ့မဟာမိတ် စစ်ခေါင်းဆောင်ဆိုတာလဲ ယုံကြည်ရရဲ့လား ဆိုတဲ့ သို့လော သို့လောတွေ အများကြီးပါဝင်ပါတယ်။ ပုံမှန်ဆိုရင် နှစ်စဉ် ပထမဆုံးလမှာ ရုံတင်တဲ့ရုပ်ရှင်ကားတွေက ဂွမ်းလေ့ရှိပေမယ့် ဒီကားကတော့ ရုံတင်တဲ့အခါ တော်တော်လေး ချီးကျူးခံခဲ့ရတဲ့ကားတစ်ကားဖြစ်ပါတယ်။ တာလီဘန်တွေ ဘယ်လောက်ရက်စက်သလဲဆိုတာကိုသေချာပြသွားနိုင်ခဲ့သလို အာဖဂန်ပြည်သူတွေရဲ့ သနားစရာကောင်းတဲ့ဘ၀အခြေအနေတွေကိုလဲ သေချာရိုက်ကူးပြသွားခဲ့ပါတယ်။ ဝေဖန်ရေးဆရာတွေ ...
7.0
IMDB: 7.0/10 8,541 votes
movie

12 Strong (2018)

2018
Blu-Ray 720p
Heat(1995) 8.2
Heat(1995) HEAT(1995) IMDb...8.2,,,,Rotten...86 ဒီကားက ၁၉၉၅ခုနှစ်ကထွက်ခဲ့တဲ့တာဆိုတော့ ၂၀၁၈ခုနှစ် ချစ်သူများနေ့ရောက်တော့မယ့် ကာလမှာနေထိုင်တဲ့ ခင်ဗျားတို့အမြင်မှာ ရိုးစင်းလွန်းတယ် ဒီဘက်ခေတ်အမြင်မှာ အဆင့်မရှိလောက်ဘူး ဇာတ်လမ်းကောင်းရင်တောင် ကြည့်ရတာ အံဝင်မယ်မဟုတ်ဘူးလို့ ထင်နေရင်တော့ အဲ့ဒီအမြင်ကိုမြောင်းထဲလွှင့်ပစ်လိုက်ပါလို့ ကျွန်တော်ရဲရဲကြီးပြောလိုက်မယ်.... ဒီကားက ဟီးဟီးဟားဟားကွက်တွေ အော်ဂလီဆန်စရာသတ်ဖြတ်မှုတွေ ခြောက်လှန့်မှုတွေမပါဘူး .. .ဒါပေမယ့် ပြသချိန် ၃နာရီနားပါးကြီးမှာ တစ်ချိန်လုံးခင်ဗျားဟာ စိတ်လှုပ်ရှားနေတယ်.... ဘာလို့ဆို မတူညီတဲ့ဇာတ်ကောင် ၂ယောက်ရဲ့အားပြိုင်မှုကြောင့်ပဲ.... . တစ်ယောက်က ရဲ။... သူ့မှတ်တမ်းတစ်လျှောက်လုံးမှာ ဆိုးပါတယ် လိုက်ဖမ်းရခက်ပါတယ်ဆိုတဲ့ လူတွေကိုမှထောင်ထဲထည့်ခဲ့တဲ့သူ. . .ရဲဌာန တစ်ခုလုံးကလည်း သူ့ကိုလေးစားရတယ်.....အယ် ဒါပေမယ့် တစ်နေ့တော့ သူ့နှုတ်ဖျားက ဒီကောင် အရမ်းတော်တယ်ဆိုပြီး ညည်းညူခဲ့ရတဲ့ ဓားပြတစ်ယောက်ပေါ်လာတယ်.. . တကယ်တော့ သူပြောတာထက်တောင်ပိုပါတယ် အဲ့ဒီဓားပြက အကွက်ချတာတော်တယ် ပတ်ဝန်းကျင်ကိုလေ့လာအကဲဖြတ်ပြီး တစ်ဒင်္ဂအတွင်း အကောင်းဆုံးသော ဆုံးဖြတ်ချက်ကိုချနိုင်တယ်. ....လက်အောက်ငယ်သားတွေကိုကြည့်တယ်...ဒီကားက စစချင်း ၁၀မိနစ်လောက်ကတည်းက ခင်ဗျားတို့အာရုံတွေ ဖမ်းစားလိုက်ပြီ... .. ဒီကားထဲက အဓိကသရုပ်ဆောင်မင်းသားကြီး (၂)လက်ဖြစ်တဲ့ Al Pacino နဲ့Robert De Niro ...
8.2
IMDB: 8.2/10 478,905 votes
movie

Heat(1995)

1995
Date Night(2010) 6.3
Date Night(2010) ဖီလ်ဖော်စတာနဲ့ကလျာဖော်စတာတို့ဟာနယူးဂျာစီပြည်နယ်မှာနေတဲ့အိမ်ထောင်သည်​လင်​မယား ၂ဦးပါ။ လင်​မယား ၂​ယောက်​ဟာ သားသမီး​တွေပြုစုရ ​ငွေရှာရ ဆို​တော့ တစ်​​ယောက်​ကိုတစ်​​ယောက်​ အချိန်​မ​ပေးနိုင်​ကြဘူး:။ ဒီ​​တော့ သူတို့ ၂​ယောက်​ ဟာ အလှည့်​အ​ပြောင်း​လေးဖြစ်​သွား​အောင်​ အိမ်​နဲ့ခပ်​လှမ်းလှမ်းမှာရှိတဲ့ မြိုတစ်​မြို့ရဲ့ ဆိုင်​ကြီးတစ်​ဆိုင်​မှာ ​ပျော်​စရာ​တွေပြန်​ဖန်​တီးဖို့ ညဘက်​မှာချိန်း​​တွေ့ကြတယ်​ ။ဆိုင်​က နာမည်​ကြီး လူကြိုက်​များတဲ့အပြင်​ အထင်​ကရ​တွေပဲလာတတ်​​လေ​တော့ ဘွတ်​ကင်​ကြိုမလုပ်​တဲ့သူတို့အဖို့ ​နေရာ မရရှာဘူး။သူတို့လင်​မယား ၂​ယောက်​ဟာ ဘွတ်​ကင်​လုပ်​ပြီးမလာတဲ့ သူရဲ့ဝိုင်းကိုခပ်​တည်​တည်​နဲ့ဝင်​ထိုင်​ကြတယ်​။။။အဲ့ဒီမှာပြသနာစ​တော့တာပဲ။။။ လူဆိုး​တွေက အဲ့စားပွဲကို လာထိုင်​တဲ့ သူကို​​စောင့်​​နေတာပါ ဘာလို့ဆို ဘွတ်​ကင်​လုပ်​ထားတဲ့နာမည်​နဲ့လူဟာ နိုင်​ငံအကြီးအကဲ ရဲ့ လျှို့ဝှက်​ အချက်​အလက်​​တွေခိုးယူထားတဲ့သူမို့ပါ။ ​ပျော်​ချင်​လို့ ​လာတဲ့လင်​မယား ၂​ယောက်​ ၆ပါးစ​မှောက်​​တော့တာပဲ။ ကိုင်းပြိတ်​သတ်​ကြီး​ရေ အလွဲအ​ချော်​တွေနဲ့ ဟာသကား​လေး​တွေကြည့်​ချင်​တယ်​ဆိုရင်​​တော့ ကိုင်း ........ ဒီကားထဲကအဓိကသရုပ်​​ဆောင်​ တလွဲမင်းသားကြီးကို​တော့သိကြမှာပါ​နော်​ File Size…(874 MB) and (355 MB) Quality…BluRay Rip 720p Format…mp4 Duration…01:27:00 Subtitle…Myanmar Subtitle(Hardsub) Encoder…Phyo Pyae Translated by Saw Wunna
6.3
IMDB: 6.3/10 136,254 votes
movie

Date Night(2010)

2010

Genres

Like Us!