Channel Myanmar

Willoughby Gray

The Princess Bride (1987) 8.1
The Princess Bride (1987) IMDb- 8.1 Genre- Fantasy/ Romance အချစ်​ရိုမက်​တစ်​ကားကောင်းလေးတွေကိုကြိုက်​တတ်​တဲ့သူများတွက်​ ကားကောင်းလေးတကားနဲ့မိတ်​ဆက်​ပေးလိုက်​ပါတယ်​။ ကားနာမည်​လေးကတော့ The Princess Bride လို့ အမည်​ရတဲ့နာမည်​ကြီးကားလေးပဲဖြစ်​ပါတယ်​။ ဒီကားဟာ 1987 ခုနှစ်​ကထွက်​ရှိခဲ့တာဖြစ်​လို့ ကြာညောင်းလှပြီးလို့ထင်​ရပေမဲ့လည်း အခုထိတိုင်​ကြည့်​ရှုသူတွေကို ဖမ်းစားနိုင်​ဆဲပါပဲ။ Rating ကောင်းရတဲ့အချက်​တချက်​ကတော့ ဒီကားကို နာမည်​ကြီးအမေရိကန်​ဇာတ်​ညွှန်းရေးဆရာလည်းဖြစ်​ စာရေးဆရာလည်းဖြစ်​တဲ William Goldman ရဲ့ဝတ္တုဖြစ်​တဲ့ " The Pricess Bride" ကိုအခြေခံပြီးတော့ ရိုက်​ကူးထားခြင်းကပဲ ဒီကားကိုနာမည်​ပိုကြီးစေခဲ့ပါတယ်​။ ဇာတ်​လမ်းအညွှန်း ဇာတ်လမ်းလေးကတော့ အလွန်​ချောမောလှပတဲ့ကောင်​မလေး တယောက်​နဲ့ သူမရဲ့ချစ်​သူကောင်​လေးတို့စစ်​ပွဲတွေကြားမှာ ဘယ်​လိုသူတို့ရဲ့အချစ်​ကိုပြသခဲ့ကြခဲ့ပီးတော့ စစ်​ဖြစ်​နေတဲ့တိုင်းပြည်​တွေကိုပြန်​လည်​ပေါင်းစည်းအောင်​ လုပ်​ဆောင်​ခဲ့ကြပုံကိုရိုက်​ကူးထားတာဖြစ်​ပါတယ်​ ......... ဒီကားလေးဟာ ဝင်​ငွေကောင်းခဲ့တဲ့ကားလေးတကားဖြစ်​ပီးတော့ အချစ်​စစ်​အချစ်​မှန်​အကြောင်းရိုက်​ကူးထားတာဖြစ်​လို့ ကြည့်​ရှု့သင့်​တဲ့ကားတကားဖြစ်​ပါကြောင်း.............. အညွှန်းကို Jake က ရေးပေးထားပြီး Nay Chi က ဘာသာပြန်ပေးထားပါတယ်
movie

The Princess Bride (1987)

1987