Channel Myanmar

Win Morisaki

High & Low The Worst X(2022) 6.5
High & Low The Worst X(2022) High & Low The Worst X ကတော့ ၂၀၂၂ တုန်းကနောက်ဆုံးထွက်ထားတဲ့ ၇ ကားမြောက်ဇာတ်ကားဖြစ်ပြီး High & Low The Worst အပြီး ၃ နှစ်အကြာမှာ ဇာတ်လမ်းတည်ထားတာပါ။ အိုယာကျောင်းဂိုဏ်းဟာ ခေါင်းဆောင်အသစ်နဲ့အတူ ဂိုဏ်းအားလုံးထဲမှာ အတောင့်တင်းဆုံးနီးပါးအထိဖြစ်လာပြီး ဒါကို ပြဿနာရှာချင်တဲ့ ဆဲနိုမွန်ကျောင်းဂိုဏ်းက တခြားအဖွဲ့နှစ်ဖွဲ့နဲ့ပေါင်းပြီး အိုယာကျောင်းဂိုဏ်းကိုဖျက်ဆီးကြတဲ့အခါမှာ သုံးဖွဲ့တစ်ဖွဲ့ချကြပါတယ်။ ဇာတ်ကောင်အဟောင်းအနေနဲ့ကတော့ တိုဒိုရိုကီ၊ ဖူဂျီအို၊ ဆာချီအိုနဲ့ တခြားဇာတ်ပို့တွေပြန်ပါမှာဖြစ်ပြီး ဇာတ်ကောင်အသစ်တွေအများကြီးနဲ့ ကျစ်လစ်တဲ့ဇာတ်အိမ်ကြောင့် ကြည့်ဖို့နှစ်ခါမစဉ်းစားသင့်တဲ့ဇာတ်ကားပါ။  File size…2.26GB / 1.12GB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 59m Genre ..... Action , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Thit San Khant Translated by Kasashi
movie

High & Low The Worst X(2022)

The Violence Action (2022) 5
The Violence Action (2022) The Violence Action (2022)(1080p ရပါပြီ)Kei ဆိုတဲ့ မိန်းမငယ်လေး တစ်ဦးဟာ လုပ်ကြံသတ်ဖြတ်ရေးသမား တစ်ယောက်အနေနဲ့ အသက်မွေးဝမ်းကျောင်း ပြုပါတယ်။ အပျော်ကောင်မလေးတွေ ခေါ်တဲ့ website နဲ့ဖုန်းနံပါတ်ထားပြီး အဲ့ဒီကနေ လူသတ်ဖို့ ငှားကြရတာပါKei ကို ချစ်စရာကောင်မလေးအထင်နဲ့ တံခါးဖွင့်လက်ခံပေးကြတဲ့ လူဆိုးတွေ အမြဲအသတ်ခံရကာ Kei ကလည်း အမှားမရှိဘဲ အလုပ်ကို လက်စသတ်နိုင်သူ တစ်ယောက်ဖြစ်ပါတယ်။တစ်နေ့မှာတော့ ဂျပန်က အကြီးဆုံး ရာကူဇာဂိုဏ်းက ခေါင်းဆောင်တစ်ယောက်ကို သတ်ဖို့ ငှားခံရတဲ့အခါ ...ဇာတ်လမ်းလေးထဲ ဆက်လက် ကြည့်ရှုလိုက်ကြစို့နော်(ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်က Marie ပါ။)File Size          : 2.5GB, 991MB, 489MB Quality            : 1080p WEB-DL AC3 5.1CH, ...
movie

The Violence Action (2022)

2022
Usogui (2022) 6.3
Usogui (2022) Usogui (2022)ဒီတစ်ခါ တင်ဆက်ပေးမှာကတော့ အသက်ကိုလောင်းကြေးထပ်မယ့် ကစားပွဲတွေအကြောင်း ရင်ခုန်အောင် ရိုက်ကူးပေးထားတဲ့ ဂျပန်ကားလေး Usogui (မုသားစားသုံးသူ) ပါပဲကာကဲရိုကလပ်ဆိုတဲ့ အဖွဲ့အစည်းဟာ ကြေးကြီးတဲ့ လောင်းကစားပွဲတွေကို ကြီးကြပ်ပေးတဲ့ အဖွဲ့အစည်းတစ်ခု... လောင်းချင်တိုင်းလောင်းပြီး ထွက်ပြေးချင်တဲ့သူတွေ လစ်လို့မရအောင် လိုအပ်ရင် လူပါသတ်တယ်မင်းသား မာဒါရာမဲ ဘာကူဟာ တခြားသူတွေရဲ့ မုသားတွေ လှည့်ဖျားမှုတွေကို ကျွမ်းကျင်ပါးနပ်စွာ ဖော်ထုတ်နိုင်သူ... သူဟာ ဒီအဖွဲ့အစည်းရဲ့ ခေါင်းဆောင်နေရာကို ရရှိဖို့ အသက်ကိုပါ ပုံအောပြီး လောင်းကြေးတင်ခဲ့ပေမယ့် ခေါင်းဆောင်ရဲ့ လှည့်ဖျားမှုမှာ ကျရှုံးရင်း အသက်ဆုံးလုနီးပါးဖြစ်ခဲ့ရတယ် ခေါင်းဆောင်ဟာ သူ့ကို အသင်းဝင်အဖြစ်ကနေ ပယ်ထုတ်ပြီး နှင်ဒဏ် ပေးခဲ့တယ်အချိန်အတိုင်းအတာ တစ်ခုအကြာမှာတော့ ဒီအဖွဲ့ဝင်တွေကို စိန်ခေါ်တဲ့ သိပ္ပံပညာရှင် ဆာဒါကူနီ ဆိုသူ ပေါ်ပေါက်လာတယ် ဘာကူဟာလည်း ခေါင်းဆောင်ကိုထပ်စိန်ခေါ်နိုင်ဖို့ တိုကျိုကို ပြန်လာတဲ့အခါ မောင်ကံကောင်းလေး ကာဂျီ တာကာအိုမီနဲ့ ဆုံတွေ့ခဲ့တယ် သူတို့၂ဦးရယ် ဆာဒါကူနီရယ် ကာကဲရိုကလပ်တို့ဟာ ဘယ်ပုံဘယ်နည်း ဆက်နွှယ်နေမလဲ ...
movie

Usogui (2022)

Ready Player One (2019) 7.8
Ready Player One (2019) ဟောလိဝုဒ်ရုပ်ရှင်လောကမှာ ရုပ်ရှင်တစ်ကားရိုက်တိုင်း အမြင်သစ်တစ်မျိုးနဲ့တင်ဆက်တတ်တဲ့ စတီဗင်စပီးဘတ်က ၂၀၁၈ မှာတော့ 80s, 90s born တွေအတွက်အမှတ်တရဖြစ်သွားစေမယ့် ကားတစ်ကားကို ချပြသွားခဲ့ပါတယ်။ဒီ Ready Player One ရုပ်ရှင်ဟာ Ernest Cline ရဲ့ Ready Player One ဆိုတဲ့ဝတ္ထုကိုအခြေခံရိုက်ကူးထားတာဖြစ်ပြီး ဒီရုပ်ရှင်ဟာ ယနေ့ခေတ်မှာ လူသုံးများလာတဲ့ VR စနစ်နဲ့1980 ကနေ 2000 ခုနှစ်ကြားမှာ ရေပန်းကျော်ကြားခဲ့တဲ့ ရုပ်ရှင်၊ ကာတွန်း၊ စာအုပ်၊ ဂိမ်း၊ သီချင်းတို့ကိုအချိုးကျကျ ပေါင်းစပ်ပြသနိုင်ခဲ့တဲ့အတွက် ဝေဖန်ရေးဆရာတွေချီးကျူးထားတဲ့ ရုံတင်ကားကောင်းတစ်ကားဖြစ်ပါတယ်။၂၀၄၅ ခုနှစ်အရောက်မှာ ကမ္ဘာပေါ်က လူတွေဟာ လက်တွေ့ဘဝက ပြဿနာတွေကို ရင်ဆိုင်ဖြေရှင်းဖို့မကြိုးစားတော့ပဲ ထွက်ပေါက်အဖြစ် လွတ်မြောက်ဖို့နေရာတစ်ခုအဖြစ် အိုအေစစ်လို့ခေါ်တဲ့ Visual Worldထဲမှာပဲ အိပ်ချိန်၊ စားချိန်နဲ့ သန့်စင်ခန်းသွားချိန်တွေကလွဲလို့ ကျန်တဲ့အချိန်တွေကို ကုန်ဆုံးကြပါတော့တယ်။ဒီ အိုအေစစ်ကြီးကို ဖန်တီးခဲ့သူကတော့ ဂျိမ်းစ်ဟာလီဒေးဖြစ်ပြီး သူမသေဆုံးခင် ...
movie

Ready Player One (2019)

2018
4K HEVC
The Real Thing (2020) 6.7
The Real Thing (2020) The Real Thing (2020)IMDb - 6.7/10ဒီကားလေးကတော့ မြန်မာပြည်ဖွား ဂျပန်ရောက်မင်းသား Morisaki Win 3rd Asia Contents Awards (ACA) မှာ မျက်နှာသစ်သရုပ်ဆောင်ဆု ရသွားတဲ့ ဇာတ်ကားလေးပါ။ဇာတ်လမ်းကြာမြင့်ချိန်ကတော့ ၃ နာရီ ၅၂ မိနစ် ရှိပါတယ်။ဇာတ်လမ်းအညွှန်းကတော့ .....ကုမ္ပဏီတစ်ခုမှာ အရောင်းဝန်ထမ်းဆိုတဲ့ ပျင်းရိငြီးငွေ့စရာကောင်းတဲ့အလုပ်ကို စိတ်မပါဘဲလုပ်နေရတဲ့ Tsuji ဆိုတဲ့ကောင်လေးဟာ သူနဲ့တစ်ရုံးခန်းထဲက ထက်မြက်တဲ့စီနီယာမမကိုရော မနူးမနပ်ဂျူနီယာကောင်မလေးကိုရော နှစ်ယောက်ပြိုင်ပြီးတွဲခုတ်နေခဲ့ပါတယ်။အဲ့လိုတွဲနေပေမယ့် နှစ်ယောက်လုံးအပေါ် "အချစ်" ဆိုတဲ့ခံစားချက်မရှိတဲ့ Tsuji ရဲ့ဘဝထဲကို လျှို့ဝှက်ချက်တွေအပြည့်နဲ့ Ukiyo ဆိုတဲ့ထူးဆန်းတဲ့မိန်းကလေးတစ်ဦးဝင်လာတဲ့အခါ သူ့ဘဝက ချက်ချင်းဆိုသလိုဗြောင်းဆန်သွားရပါတော့တယ်တွေ့တဲ့အခါတိုင်း ပြသာနာပေါင်းစုံတက်တဲ့အပြင် သူ့ကိုအမြဲလိမ်ညာနေတဲ့ Ukiyo ရဲ့ အရှုပ်ထုပ်တွေကို လိုက်ရှင်းပေးရင်း နောက်ဆုံး အဲ့ပြသာနာအိုးလေးကိုမှ တကယ်ချစ်မိသွားတဲ့ Tsuji တစ်ယောက် Ukiyo ရဲ့အတိတ်နဲ့ လျှို့ဝှက်ချက်တွေကိုသိသွားအခါမှာရော ဆက်ချစ်နိုင်ပါအုံးမလားဆိုတာ .....အညွှန်း နဲ့ ဘာသာပြန်ကတော့ Moe Pwint Phyu ပဲ ဖြစ်ပါတယ်။Quality….WEB-DL 720p and 480p File size… ...
movie

The Real Thing (2020)

Listen to the Universe (2020) 7.3
Listen to the Universe (2020) ဒီကားက​တော့ ဂျပန်အကယ်ဒမီဇကာတင်စာရင်းထဲမှာပါခဲ့ပြီး မိုရီဆာကီဝင်းသရုပ်​ဆောင်သစ်ဆုရခဲ့တဲ့ကားပါ Pianists​တွေ ဂီတကိုစိတ်ဝင်စားတဲ့သူ​တွေနဲ့ မိုရီဆာကီဝင်းပရိသတ်​တွေလုံးဝလက်မလွတ်သင့်တဲ့ ကား​ကောင်းတစ်ကားပါ နိုင်ငံတကာဆိုင်ရာပီယာနိုပြိုင်ပွဲတစ်ခုကို အဝင်းအပါအဝင် ပီယာနိုသမား၄​ယောက်ဝင်ပြိုင်ကြပါတယ် တစ်​ယောက်နဲ့တစ်​ယောက်က​တော်တာချင်းလုံးဝမတူပါဘူး တစ်​ယောက်ချင်းစီမှာသူတို့pianistဖြစ်ချင်ရတဲ့ background storyတစ်ခုစီရှိပါတယ် တစ်​ယောက်ကအ​မေ​သေ​တော့pianoတီးတာကို ရပ်လိုက်​ပေမယ့် ပြန်ပြီးအသစ်ကစတင်တယ် တစ်​ယောက်က​ကျောင်းသား​လေး တစ်​ယောက်ကဂီတစတိုးမှာအလုပ်လုပ်တဲ့သူ တစ်​ယောက်ကလူမျက်နှာသစ်​လေး သူတို့၄​ယောက်တင်မက တခြားဝင်ပြိုင်တဲ့သူ​တွေကလည်း အရည်မချင်းကိုယ်စီနဲ့ဝင်ပြိုင်တာဖြစ်တဲ့အတွက် ပြိုင်ပွဲတစ်ဆင့်ပြီးတစ်ဆင့်ပိုပြီး ဇာတ်ရှိန်မြင့်လာတာကို​တွေ့ရမှာပါ ဒီကားထဲမှာ အဝင်းရဲ့ piano တီးတဲ့ skillအလန်းကြီး​တွေ ကိုတဝကြီးခံစားရမှာပါFile Size - 1.7 GB Quality - Web-Dl 1080p Subtitle - Burmese (hardsub) Translator - Dolly & Yamin Ei Encoder - Thit San Khant
movie

Listen to the Universe (2020)

2020