Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Yeardley Smith
4.9
Who Are You People (2023)
Who Are You People (2023) =====================မိသားစု ဆွေမျိုးတွေကြားထဲမှာ စ'နေကျစကားရှိတယ်လေ။ နင့်ကိုမွေးစားထားတာ နင့်ကိုဘယ်ကကောက်ရလာတာဆိုပြီး။ မိဘတွေနဲ့အဆင်ပြေ၊ ဘာပြဿနာမှမရှိတဲ့ ကလေးအတွက်တော့ ဒီစကားက စနောက်ရုံသက်သက်ထက်မပိုပေမဲ့ သားသမီးချင်း အတူတူ အချစ်မခံရတဲ့ ကလေးအတွက်ကျ ဒီလိုမျိုး စနောက်မခံရဘဲနဲ့တောင် ငါက သူတို့ကလေးမှဟုတ်ရဲ့လားလို့ အတွေးဝင်သွားတတ်တယ်။အဲလက်က သမီးအကြီးဆုံး။ သူ့အောက်မှာ အမြွှာညီမနှစ်ယောက်ရှိတယ်။ ငယ်ငယ် လေးကတည်းက အဖုအထစ်တွေရှိလာတဲ့ မိဘနဲ့သားသမီးကြားဆက်ဆံရေးမှာ အဲ လက်၁၆နှစ်အရွယ်ရောက်တော့ ပိုဆိုးကုန်တာပေါ့။ အရွဲ့တိုက် ကလန်ကဆန်လုပ် တတ်တဲ့အရွယ်မှာ အဖေဖြစ်သူက ဒေါသအိုး၊ အမေကလည်း စိတ်မရှည်တဲ့သူမျိုး ဆိုတော့ ဒီအဖေအမေနဲ့ သမီးက အမြဲတမ်းတကျက်ကျက်ပါပဲ။ အဲလက်ရဲ့ အမြွှာညီမ နှစ်ယောက်ကတော့ အဖေအမေရဲ့ အသည်းကျော်လေးတွေပါ။ သူတို့နှစ်ယောက်ကို ရဖို့ ဆရာဝန်တွေနဲ့ ဘယ်လိုတွေ့ခဲ့ရကြောင်း ဘယ်လိုခက်ခက်ခဲခဲကြိုးစားပြီးမှ ရလာတဲ့ ကလေးတွေဖြစ်ကြောင်းကို ပုံပြင်ပြောသလို တဖွဖွပြောနေတော့ သမီးကြီးဖြစ်တဲ့ အဲလက် ရင်ထဲမှာ သံသယမျိုးစေ့တွေ အညှောက်ပေါက်လာပါတယ်။ဒီမျိုးစေ့တွေ ကြီးထွားလာအောင် ရေလောင်းပေးလိုက်တာကတော့ အဲလက်အမေ သိမ်းထားတဲ့ စာတစ်စောင်ကြောင့်ပါ။ အဲလက်မမွေးခင်ခြောက်လအလိုမှာ ကားလ်ဆိုတဲ့ အမျိုးသားတစ်ယောက်က အဲလက်အမေဆီပို့ထားတဲ့တောင်းပန်စာ။ ဒီစာကြောင့်ပဲ အဲလက်က ကားလ်ဆိုတာ ...
movie
Who Are You People (2023)
2023
6.7
Who Are You People(2023)
Who Are You People(2023)************************မိဘတွေက သူ့ကိုဂရုမစိုက်ဘူး၊ သူ့ညီမတွေဖြစ်တဲ့ အမြွှာတွေကိုပဲ ဂရုစိုက်ပြီးချစ်တယ်လို့ အမြဲခံစားနေရတဲ့၁၆ နှစ်အရွယ်ကောင်မလေး အဲလက်စ်။ တစ်နေ့မှာတော့ သူ့ကျောင်းကဆရာတစ်ယောက်ကိုသူ့မိသားစုအပြင်သွားတုန်း အိမ်ခေါ်ပြီး မြူဆွယ်ဖို့လုပ်ခဲ့ပါတယ်။ခက်တာက မိဘတွေနဲ့ပက်ပင်းတိုးပြီး အဲလက်စ်ကို နိုင်ငံခြားပညာတော်သင်ပို့လိုက်ဖို့ ဆုံးဖြတ်ကြပါတယ်။အဲလက်စ်မသွားခင်ဘဲ သူ့အမေသိမ်းထားတဲ့ တခြားယောကျ်ားတစ်ယောက်ဆီကစာတစ်စောင်ကိုတွေ့လိုက်ရတဲ့အခါ... အဲဒီလူကလည်း သူ့အဖေဖြစ်နေနိုင်တဲ့အခါ...လက်ရှိမိဘတွေကို သဘောမကျတဲ့အဲလက်စ်တစ်ယောက် အဖေအရင်းလို့ထင်ရတဲ့သူကိုရှာဖို့နိုင်ငံခြားသွားသလိုလိုနဲ့ ခိုးထွက်လာပါတော့တယ်။ သူသွားရှာတဲ့အဖေအရင်းကတကယ်ရော သူ့စိတ်ကူးထဲကလိုကောင်းနေပါ့မလား.. သူ့မိဘတွေကရော သူ့ကိုဘာတွေလျှို့ဝှက်ထားကြတာလဲ။File Size :(1.9GB) and (675MB) Quality : WEB-DL1080P,720p Format…mp4 Duration…01:44:00 Genre : Mystery , Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Shin Rina Encoded by Phyo Pyae
movie
Who Are You People(2023)
5.7
Jingle All the Way (1996)
Jingle All the Way (1996)ခရစ္စမတ်နီးလာတိုင်း ကျွန်တော်တို့ကြည့်လေ့ကြည့်ထရှိတဲ့ကားလေးဆိုရင်တော့ Home Alone (1990) လေးပဲဖြစ်မယ်ထင်ပါတယ်။ ဘာလို့ကြည့်လဲဆိုရင်တော့ ငယ်ဘဝကို ပြန်ခံစားချင်လို့ ကြည့်တယ်ဆိုပါတော့ဗျာ။ 1990 ကျော်ခုနှစ်များဆီက အငွေ့အသက်တွေ၊ ထိုနေ့ခေတ်များဆီက ခရစ္စမတ်ကျင်းပပုံတွေ၊ ခေတ်တစ်ခေတ်ရဲ့ သဘောသဘာဝတွေရဲ့ ခံစားလို့ရတဲ့ ရုပ်ရှင်လေးတွေပဲဆိုပါတော့။ဒီလိုရုပ်ရှင်လေးတွေထဲမှာ ကျွန်တော့်အတွက်တော့ Home Alone ပြီးရင် အကြိုက်ဆုံးခရစ္စမတ်ကားလေးဖြစ်တာကတော့ ဒီကားလေးပဲဗျ။ တကယ်ကောင်း၊ ရှယ်ကောင်း၊ တော်တော်ကောင်းပါတယ်။ တကယ်ကြည့်ထိုက်တယ်ဗျ။ ဇာတ်လမ်းလေးက အစ အလယ်ကနေ အဆုံးဇာတ်ဝင်ခန်းထိကို ကောင်းတာဗျ။ တကယ်လည်း တစ်ကားလုံးတောက်လျှောက် စိတ်လှုပ်ရှားမှုအပြည့်နဲ့ကို ကြည့်နေရတဲ့ကားပါ။ ပြီးတော့ ပိုထူးဆန်းတာကို ပြောပြပါဆိုရင်တော့ ဒီဇာတ်ကားလေးကို ကျွန်တော်တို့ရဲ့အက်ရှင်မင်းသားကြီး၊ Terminator မင်းသားကြီးအာနိုးလ်က သရုပ်ဆောင်ထားတာပါပဲ။ မင်းသမီးဟာလည်း ၉၀ ကျော်ခုနှစ်များရဲ့နာမည်ကျော်မင်းသမီး ရိတာဝေလ်ဆန်က ပါဝင်သရုပ်ဆောင်ထားပါတယ်။Comedy/ Family အမျိုးအစားမလို့ ဘယ်လိုကားမျိုးလေးလဲဆိုတာကိုတော့ ခန့်မှန်းလို့ရလောက်မယ်ထင်ပါတယ်။ သုံးခဲ့တဲ့ဘက်ဂျက်ရဲ့ ...
movie
Jingle All the Way (1996)
1996
7.7
As Good as It Gets(1997)
As Good As It Gets(1997) ဇာတ်လမ်းအညွှန်း *************************************IMDb....7.7,,,Rotten..85%ဒီတစ်ခေါက် မိတ်ဆက်ပေးချင်တဲ့ ဇာတ်ကားလေးကတော့ … ၁၉၉၇ ၀န်းကျင်မှာ ဇာတ်အိမ်တည်ထားပြီး..ပုံမှန်မြင်တွေ့နေကြရှေးဟောင်းဇာတ်လမ်းတွေလို အဓိကဇာတ်ဆောင်နှစ်ယောက်ကို လှည့်ပတ်ရိုက်ပြတာမျိုးမဟုတ်ဘဲ...ဇာတ်လမ်း တင်ဆက်ပုံအသွားအလာတွေ ထူးခြားစွာကွဲထွက်နေတဲ့ ဒါရိုက်တာ James L. Brooks ရဲ့ ကားလေးပဲ ဖြစ်ပါတယ်…ဇာတ်လမ်းထဲမှာတော့...OCD ဖြစ်နေတဲ့ လူ့ဂွစာ စာရေးဆရာလူပျိုကြီး၊ မယ်လ်ဗင် ယူဒေါလ် ဟာ သူ့ရဲ့အိမ်နီးချင်း လူငယ် Gay ပန်းချီဆရာ၊ဆိုင်မွန် နဲ့ ခွေးလေး ဗာဒဲလ် ကို အင်မတန်မှ အမြင်ကတ်သူပါ... လူ့ဂွစာလူပျိုကြီးပီပီ အသန့်အပြန့်အလွန်ကြိုက်တော့ တွေ့ကရာသေးပန်းတတ်တဲ့ ခွေးလေး ဗာဒဲလ်က သူ့အတွက်တော့ တကယ့်အနှောက်အယှက်လေးပါပဲ...ပတ်၀န်းကျင်က ဘယ်သူနဲ့မှ ကီးမကိုက်တဲ့ ဒီလူကြီးကို သည်းခံတဲ့သူတစ်ယောက်တော့ရှိပါသေးတယ်...သူကတော့ မယ်လ်ဗင် သွားနေကြစားသောက်ဆိုင်က စားပွဲထိုးမလေး ကာရိုးလ် ပဲဖြစ်ပါတယ်...အဲ့ဒီနောက်မှာတော့စာလေးရေးပြီး တစ်ယောက်ထဲ အေးအေးလူလူ နေတတ်တဲ့ မယ်လ်ဗင် တစ်ယောက်… ရုတ်တရက်ဆိုသလို ...
movie
As Good as It Gets(1997)
5.7
New Year’s Eve (2011)
နာမည်ကျော်သရုပ်ဆောင်တွေ ပါဝင်ထားတဲ့ New yearဇာတ်ကားလေးပါ။နှစ်စဉ်ကျင်းပနေကြ New Yorkရဲ့ Times Square Ball Dropပွဲကိုကျင်းပဖို့တာဝန်ယူထားတဲ့ အမျိုးသမီးတစ်ယောက်ရယ်၊New Yorkရဲ့ပါတီတစ်ခုကို အမီပြန်ရမယ့်ယောက်ျားတစ်ယောက်ရယ်၊ဖိအားတွေများတဲ့အလုပ်ကနေထွက်လိုက်တဲ့ မိန်းမတစ်ယောက်ရယ်၊ပစ္စည်းပို့တဲ့ကောင်လေးတစ်ယောက်ရယ် (Zac Efronလေး)၊ဆယ်ကျော်သက်သမီးချောလေးရဲ့ မိခင်တစ်ယောက်ရယ်၊နှစ်သစ်ကူးညမှာကလေးအစောဆုံးမွေးနိုင်ရင်ပိုက်ဆံရမယ့်စုံတွဲနှစ်တွဲရယ်၊ဆေးရုံမှာ ကင်ဆာကြောင့်သေခါနီးအဖိုးကြီးတစ်ယောက်ရယ်အပြင်တခြားဇာတ်ကောင်တွေလည်း ပါဝင်ထားပါတယ်။နှစ်သစ်ကူးမှာကြည့်လို့ရမယ့် ပေါ့ပေါ့းပါးပါးဇာတ်လမ်းလေးပါ။ File Size : ( 1 GB , 357 MB )Quality : WEB-DL 720pRunning Time : 1 hr 53 minFormat : Mp4Genre : Comedy , RomanceSubtitle : Myanmar ...
movie
New Year’s Eve (2011)
2011
7.3
The Simpsons Movie (2007)
The Simpsons Movie (2007) IMDB - 7.3/10_____Rotten - 88% ကျွန်တော်တို့ ရုပ်ရှင်ကြည့်ပရိသတ်အတော်များများ Simpsons series တွေမကြည့်ရင်တောင်မှ ဒီ Simpsons မိသားစုကိုတော့ မျက်မှန်းတန်းမိနေကြမှာပါ။နိုင်ငံတကာမှာ အအောင်မြင်ဆုံး Animation Series တစ်ခုဖြစ်ပြီး အခုဆိုရင် Season 28 ကိုရောက်ရှိနေပြီဖြစ်ပါတယ်။Simpsons တွေရဲ့ နိုင်ငံရေး၊ လူမှုရေး၊ ဘာသာရေးတွေကို ခနဲ့တဲ့၊သရော်တဲ့ ပြက်လုံးတွေအပြင် သူတို့ရဲ့အနာဂတ်ခန့်မှန်းချက်တွေက အတော်လေးကိုနာမည်ကြီးပါတယ်။ရိုးရိုးသမားရိုးကျ ကာတွန်းမျိုးမဟုတ်တော့ပဲ Adult Cartoon ပုံစံဖြစ်ပြီး Rick and Morty နဲ့ နည်းနည်းဆင်ပါတယ်။အခုတင်ဆင်ပေးမယ့်ရုပ်ရှင်ကတော့ 2007 ခုနှစ်ကထွက်ရှိထားတဲ့ The Simpsons Movie ပါ။ဒီဇာတ်လမ်းမှာ The Simpsons series ထဲက ဇာတ်ကောင်တွေကိုပဲ ပြန်အခြေခံထားပြီး စပရင်းဖီးလ်မြို့မှာပဲ ဇာတ်အိမ်တည်ထားပါတယ်။ဇာတ်လမ်းအကျဉ်းလေးကတော့ စပရင်းဖီးလ်ရေကန်ကြီးဟာ တစ်နေ့တစ်ခြား အမှိုက်သရိုက်တွေပိုပြည့်နှက်လာပြီး ရေညစ်ညမ်းမှုအခြေအနေက တဖြေးဖြေးနဲ့ပိုဆိုးလာပါတယ်။အဲ့ဒါကို ...
movie
The Simpsons Movie (2007)
2007