Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Yeom Hye-ran
7.0
Citizen of a Kind(2024)
Citizen of a Kind(2024)********************* ၂၀၁၆ ခုနှစ် ဂယောင်းဂီပြည်နယ် ဟွာဆောင်းမြို့မှာ ဖြစ်ပျက်ခဲ့တဲ့ voice phishing အမှုရဲ့ နစ်နာသူ“အဝတ်လျှော်ဆိုင်ပိုင်ရှင် အဒေါ်ကြီးဂင်ဆောင်းဂျာ”အကြောင်းကို နောက်ခံထားပြီး ရိုက်ကူးထားတာဖြစ်ပါတယ်- ဇာတ်လမ်းအကျဉ်း -အိမ် မီးလောင်မှုကြောင့် ချေးငွေယူဖို့ လိုက်စုံစမ်းနေတဲ့ အဒေါ်ကြီးဂင်ဒေါ့ဟီဆီကိုတစ်နေ့မှာတော့ ဟွာဆောင်းဘဏ်က လက်ထောက်မန်နေဂျာဆွန်းဆိုသူက ချေးငွေယူလို့ ရနိုင်ကြောင်း ဖုန်းဆက်လာပါတယ်ချေးငွေထုတ်ဖို့အတွက် လိုအပ်တယ်ပြောပြီး ဝန်ဆောင်ခတောင်းတဲ့လက်ထောက်ဆွန်းဆီကို ပိုက်ဆံပို့ပေးလိုက်တဲ့ ဒေါ့ဟီဟာ ဒါက voice phishing လိမ်လည်မှုဖြစ်မှန်းအချိန်နှောင်းမှ သိလိုက်ရပါတယ်....ပိုင်ဆိုင်မှုအားလုံးကို ဆုံးရှုံးပြီး ကလေးတွေနဲ့အတူ လမ်းမပေါ်ထွက်နေရတော့မဲ့ကိန်းဆိုက်နေတဲ့ဒေါ့ဟီဆီကို လက်ထောက်ဆွန်းက ဖုန်းပြန်ဆက်လာပါတယ်..... ဒီတစ်ခါမှာကတော့ ကယ်တင်ပေးပါဆိုပြီး ဆက်တဲ့ဖုန်းပါရဲတွေလည်း လက်လျှော့ထားရတဲ့အမှုဆိုတော့ ဒေါ့ဟီက လက်ထောက်ဆွန်းကိုလည်းကယ်တင်ရင်း ဆုံးရှုံးသွားတဲ့ ပိုက်ဆံတွေကိုလည်း ပြန်ရှာမယ်ဆိုတဲ့စိတ်နဲ့လုပ်ဖော်ကိုင်ဖက် ညီအစ်မသုံးယောက်နဲ့တူ တရုတ်နိုင်ငံ ချင်းတောင်မြို့ဆီကို ရောက်သွားတဲ့အခါမှာတော့...ဂင်ဒေါ့ဟီက voice phishing အမှုရဲ့ခေါင်းကိုင်ကို ဘယ်လိုရှာဖွေဖမ်းဆီးသွားမလဲဆိုတာ စိတ်ဝင်စားဖွယ် ကြည့်ရှုရမှာပဲဖြစ်ပါတယ်အဓိကဇာတ်ဆောင်တွေအနေနဲ့ကတော့ The Good ...
movie
Citizen of a Kind(2024)
7.0
Cobweb(2023)
Cobweb(2023)*************ဒီကားကြီးက ကွီးယားရဲ့ နာမည်ကြီးA list သရုပ်ဆောင်တွေအများကြီးပါဝင်ပါတယ်...Song Kang Ho Im Soo Jung Oh Jung Se Jeon Yeo Been Krystal Jung တို့Main Lead အနေနဲ့ပါဝင်ထားပြီး ဝေဖန်ရေးဆရာတွေထံမှလည်းကောင်းမွန်တဲ့ မှတ်ချက်တွေအများကြီးရထားပါတယ်...ဆုကြီး ၃ ဆုနဲ့ အခြားဆု (၁၂)ဆုလည်းဆန်ကာတင်စာရင်းဝင်ထားပါတယ်...ဇာတ်လမ်းအကျဉ်း....Director Kim ဟာ ရုပ်ရှင်လောကသားအချင်းချင်းကြားမှာ အနှိမ်ခံတစ်ယောက်လိုဖြစ်နေတယ်...အထူးသဖြင့်အရည်အချင်းမရှိတဲ့ ဒါရိုတာဆိုတဲ့ဝေဖန်သံတွေပေါ့..တစ်နေတော့ သူတို့ရိုက်ထားတဲ့ ရုပ်ရှင်ဇာတ်လမ်းအပြီး မှာ သူ့ကိုအိပ်မက်တစ်ခုပေးလာတယ်...အိပ်မက်က ဒီရုပ်ရှင်ရဲ့ ဇာတ်သိမ်းပိုင်းကိုပြင်ဆင်ရမဲ့ အရာတွေပြပြီးတော့တကယ်လို့ ဇာတ်သိမ်းပိုင်းကိုပြင်ဆင်ရိုက်ကူးမယ်ဆိုရင် ရုပ်ရှင်တစ်ခေတ်ရဲ့အလှည့်အပြောင်းဖြစ်နိုင်ပြီးသူလည်း နာမည်ကြီးသွားဖို့ဖြစ်နိုင်ခြေအများကြီးရှိကြောင်းသွားတွေ့တယ်...သို့သော် ဇာလမ်းက ရိုက်ကူးပြီးစီးလို့ တည်းဖြတ်ဖို့ပဲကျန်တော့တဲ့အချိန်မှာရုပ်ရှင်ရဲ့ဘက်ဂျက်နဲ့ ပြန်လည် စီစဉ်ရမဲ့အရာတွေများနေလို့ ကုမ္ပဏီက သူ့ရဲ့အကြံပြုချက်တွေလက်မခံပါဘူး..ရက်ပိုင်းသာကြာသွားတယ်...အိပ်မက်က ညစဉ်တိုင်း ထပ်တလဲလဲ ဒါကိုပဲမက်နေတော့နောက်ဆုံး Director Kim တစ်ယောက်ရူးမိုက်တဲ့အလုပ်တွေ လုပ်ဖို့ဆုံးဖြတ်လိုက်ပါတော့တယ်...အဲဒီနောက်မှာတော့......File size… 2.2GB & 971MB Quality…WEB-DL1080p, ...
movie
Cobweb(2023)
4
Honeysweet (2023)
Honey Sweet (2023)အသက် ၄၀ ကျော်မှ ဘဝစကြမယ့် သဲသဲကဲကဲအတွဲလေးအကြောင်း ရိုက်ကူးထားတဲ့ ဇာတ်လမ်းလေးကို တင်ဆက်ပေးပါဦးမယ်နော်ချာချီဟိုဟာ အဆာပြေမုန့်တီထွင်တဲ့သုတေသနပညာရှင်ပါ.. တစ်ယောက်တည်း အချိန်ဇယားကြီးနဲ့ ဖြတ်သန်းနေတဲ့ လူပျိုသိုးကြီးဆိုလည်း မမှားပါဘူး အဲလိုလူပျိုကြီးကို ရင်ခုန်အောင်လုပ်သွားတာတော့ အီအီးလ်ယောင်းဆိုတဲ့ အမျိုးသမီးလေးပါ၊ သူတို့နှစ်ယောက်ရဲ့ တွေ့ဆုံမှုကနေ တစ်ဆင့်ချင်းတက်သွားတဲ့ပုံစံကို နည်းနာယူရင်း...အသက် ၄၀ ကျော်မှ ကလိကလိဖြစ်အောင် လုပ်ပေးသွားမယ့် အတွဲကတော့ ဘယ်လိုတွေရိုကြမလဲဆိုတာ ကြည့်ရမှာပဲဖြစ်ပါတယ်မင်းသားကြီး Yu Hae Jin နဲ့ မင်းသမီးကြီး Kim Hee Seon တို့လို အထင်ကရသရုပ်ဆောင်တွေပါဝင်ထားတာဆိုတော့ အပန်းပြေစေမယ့် ရုပ်ရှင်လေးဖြစ်လို့ ကြည့်လိုက်ကြပါဦးနော်အညွှန်းကိုတော့ Joyz က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Joyz & Hmwe ပဲ ဖြစ်ပါတယ်။Genre..... Comedy Quality…. 1080p | 720p File size…1.2GB | 547MB Format… mp4 Duration…. 1h 58min Subtitle…. Myanmar Subtitle (Hardsub) Translator ..... ...
movie
Honeysweet (2023)
2023
6.4
Holiday (2006)
၁၉၈၈ ခုနှစ် ကိုရီးယားနိုင်ငံ အိုလံပစ်ပွဲအပြီး ဖြစ်ရပ်မှန်ကိုအခြေခံပြီးရိုက်ကူးထားတာပါ။‘’ငွေရှိရင် အပြစ်မရှိဘူး ငွေမရှိရင် အပြစ်ရှိတယ်’’ ဆိုတဲ့မျက်နှာသာပေးဥပဒေမျိုးနဲ့ မတရားထောင်ချခံထားရသူတွေအများအပြားပါပဲ..မတရားခံရတဲ့ထဲ အပါအဝင်ဖြစ်တဲ့ ဂျီဟျော့နဲ့ အကျဉ်းဖော်တို့ဟာထောင်ကနေ လွတ်အောင်ထွက်ပြေးပြီးတော့ မတရားတဲ့ဥပဒေကြီးကိုပြဌာန်းခဲ့တဲ့သက်ဆိုင်ရာအာဏာပိုင်တွေကို ဥပဒေကို ပြင်ဆင်စေချင်တာပါ.. ထောင်တွင်းအရာရှိတွေရဲ့ထောင်သားတွေအပေါ်မတရားဖိနှိပ်အကြမ်းဖက်မှုတွေ၊ ချမ်းသာတဲ့သူတွေ ရာထူးအာဏာရှိသူတွေကိုမျက်နှာသာပေးမှုတွေ အကြောင်းကို မြင်သာအောင်ဖော်ပြရိုက်ကူးထားပြီးမတရားခံရသူတွေရဲ့ ခံစားချက်တွေ နှိပ်စက်ခံရမှုတွေ အားလုံးဟာရင်ထဲခံစားရပြီး မျက်ရည်ကျရလောက်အောင်ရိုက်ထားတဲ့ကားကောင်းလေး တစ်ကားမို့သေချာပေါက်ကြည့်ဖို့ပြောလိုက်ပါရစေ။ File size…4.42GB / 1.64GB Quality…Blu-Ray 1080p 5.1CH/ 720p Format…mp4 Duration….2h 2m Genre ..... Action , Crime , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Thit San Khant Translated by Jia
movie
Holiday (2006)
2006
6.2
Bear Man (2023)
Bear Man / Ungnami (2023)ထီလက်မှတ်တစ်စောင်နဲ့ တိုင်ပတ်ခဲ့တဲ့ ဂင်ချားနားအပြီးမှာတော့ အားလုံးစောင့်မျှော်နေကြတဲ့ နောက်ထပ်ဟာသကားသစ်လေးနဲ့ ဂင်ချားနားတစ်ယောက် ရောက်လာပြန်ပါပြီ။ဒီတစ်ခါတော့ ထီလက်မှတ်နဲ့မဟုတ်ဘဲ ဝက်ဝံလူသားနဲ့တိုင်ပတ်ကြတော့မှာပါ။ဇာတ်လမ်းအကျဉ်းကတော့ ငယ်ငယ်လေးတုန်းကကြားဖူးနေကျ ကျေးညီနောင်နှစ်ကောင်လိုပါပဲ။ ဇီဝပညာရှင်တွေရဲ့ စမ်းသပ်စီမံမှုကြောင့် ဝက်ဝံကနေ လူအဖြစ်အသွင်ပြောင်းလာခဲ့ကြတဲ့ ဝက်ဝံညီနောင် အွန်းနမ်နဲ့အွန်းဘို့တို့ရဲ့ အကြောင်းပါ။အွန်းနမ်ကိုတော့ သူ့ကိုစီမံခဲ့တဲ့ ဇီဝပညာရှင်လင်မယားကပဲ သားအရင်းတစ်ယောက်လို ကျွေးမွေးစောင့်ရှောက်ထားခဲ့ပေမဲ့ အွန်းဘို့ကတော့ လူဆိုးတစ်ယောက်ရဲ့လက်ထဲမှာ အခိုင်းအစေသာသာနဲ့ ဒုစရိုက်မှုတွေလုပ်ရင်း ကြီးပြင်းလာခဲ့ရပါတယ်။ဒါပေမဲ့ တစ်နေ့မှာတော့ အွန်းနမ်ဟာ အွန်းဘို့အဖြစ်ဟန်ဆောင်ပြီး အမှုကိစ္စတစ်ခုမှာ ပါဝင်ပတ်သက်ဖို့ဖြစ်လာတဲ့အခါ ဒီညီအစ်ကိုနှစ်ယောက်ရဲ့ကံကြမ္မာက ဘယ်လိုတွေဆက်ဖြစ်သွားမလဲဆိုတာ ကြည့်ရှုကြရမှာပါ။Casts တွေအနေနဲ့ ဝါရင့်သရုပ်ဆောင် Park Sung Woong အပါအဝင် မျက်နှာမြင်ရုံနဲ့တင် ရယ်ချင်တဲ့ ဂင်ချားနားလည်း ပါဝင်ထားတာမို့ ဟာသကားကြိုက်တဲ့ပရိသတ်ကြီး လက်လွှတ်မခံကြပါနဲ့ဦးနော်။အညွှန်းကိုတော့ Hmwe Thet Winn က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Hmwe and Joyz ပဲ ဖြစ်ပါတယ်။Genre..... Action, Comedy Quality…. 1080p | ...
movie
Bear Man (2023)
2023
6.2
Open City (2018)
Open City (2018)တို့မမကြီး Son Ye Jin ကြမ်းခဲ့ရမ်းခဲ့တဲ့ကားလေးတစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ် သားတစ်ယောက်အမေမမရဲ့ ခါးပိုက်နှိုက်ဂိုဏ်းခေါင်းဆောင်အဖြစ် သရုပ်ဆောင်ထားတာပါဂျပန်ရောကိုရီးယားမှာရော ခါးပိုက်နှိုက်ကို တွင်တွင်ကျယ်ကျယ်လုပ်နေတဲ့ ဘဲ့ဂျန်မီ အမေခါးပိုက်နှိုက် ကိုယ်လည်း ငယ်ငယ်ထဲက အမေနဲ့အတူခါးပိုက်နှိုက်ပဲလုပ်စားလာခဲ့ရင်း ရဲတွေအလိုရှိတဲ့လူတစ်ယောက်ဖြစ်လာခဲ့ပါတယ်အိုဆာကာမှာ ပြသနာတက်ခဲ့လို့ရှောင်ပြေးလာရာက ကိုရီးယားရောက်တဲ့အခါ ဂိုဏ်းပေါင်းစုံကြားဘာတွေကြုံတွေ့ရမလဲ? ဘယ်လိုလွတ်မြောက်အောင်လုပ်မလဲ?အရမ်းတော်တဲ့စစ်ဆေးရေးမှူးရဲသားတစ်ယောက်ပေမဲ့ ခါးပိုက်နှိုက်မှုတွေဆိုရင် လုံးဝကို မလိုက်တဲ့ ဂျိုဒယ်ယောင်း သူကရောဘာကြောင့် ခါးပိုက်နှိုက်အမှုတွေမလိုက်တာလဲ? အတိတ်မှာရော ဘယ်လိုတွေဖြစ်ခဲ့လို့လဲ? ဘဲ့ဂျန်မီနဲ့ဂျိုဒယ်ယောင်းက ဘယ်လိုဖြစ်ရပ်တွေဖြစ်ခဲ့တာလဲ? ကဲ ဇာတ်လမ်းလေးကိုကြည့်ရင်း အားပေးကြပါဦးအညွှန်း နဲ့ ဘာသာပြန်ကတော့ Kong Hou ပဲ ဖြစ်ပါတယ်။Genre..... Action, Crime Quality…. 1080p | 720p | 480p File size… 2.3GB | 1.1GB | 524MB Format… mp4 Duration…. 1h 52min Subtitle…. Myanmar Subtitle (Hardsub) Translator ..... KongHou Encoder ..... Aaron
movie
Open City (2018)
2018
7.0
The Magician(2015)
The Magician(2015)****************** The magician ဆိုတဲ့ ၂၀၁၅ ခုနှစ်မှာထွက်ရှိခဲ့တဲ့ romance, fantasy ဇာတ်ကားကောင်းနဲ့မိတ်ဆက်ပေးပါရစေ။Yoo Seung Ho နဲ့ Go Ara တို့ ပါဝင်သရုပ်ဆောင်ထားပါတယ်။ဇာတ်လမ်းလေးကတော့ ဂျိုဆွန်းပြည်ဟာ တရုတ်ပြည်ကိုစစ်ရှုံးပြီးနောက်ဂျိုဆွန်းပြည်ရဲ့တော်ဝင်မင်းသမီးကို တရုတ်ပြည်ကိုဆက်သဖို့ဖြစ်လာပါတယ်။ဂျိုဆွန်းဘုရင်ဟာ သူ့သမီးအရင်းကိုမဆက်သလိုတာကြောင့် ဆွေတော်မျိုးတော်ထဲကသမီးတစ်ယောက်ကို ဝယ်ယူပြီး မွေးစားခဲ့ပါတယ်။တရုတ်ပြည်ကိုကြင်ယာတော်ဆက်သဖို့သွားကြတဲ့အခါ လမ်းမှာရာသီဥတုဆိုးရွားတာကြောင့်ဧည့်ဂေဟာတစ်ခုမှာတည်းဖို့ဖြစ်လာပြီး ဧည့်ဂေဟာကအရမ်းနာမည်ကြီးတဲ့မျက်လှည့်ဆရာဟွမ်ဟီးနဲ့ မင်းသမီးတို့တွေ့ဆုံကြပါတော့တယ်။အဲ့ဒီနောက်မှာတော့...............File Size :(2.4GB)(892MB) and (306MB) Quality : Blu-Ray1080p5.1Ch, 720p Format…mp4 Duration…02:02:00 Genre : Fantasy,Romance , Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Yee Wai Encoded by Phyo Pyae
movie
The Magician(2015)
7.6
Life Is Beautiful (2022)
Life Is Beautiful (2022)(1080p ရပါပြီ)ဒီဇာတ်ကားဟာ Drama, Romance, Musical ထဲမှာ အတော် အောင်မြင်တဲ့ ရုပ်ရှင်လေးလို့ပဲ ပြောရမှာပါ။ Genre အရ စစချင်းမှာ သိပ်အလေးပေးမခံခဲ့ရပေမဲ့ ရုံတင်ပြသချိန်မှာတော့ ထင်မထားလောက်အောင်ကို ရုံဝင်ငွေ အမြောက်အများ ရရှိခဲ့ပါတယ်။ဇာတ်လမ်းအကျဉ်း ... "Life Is Beautiful" ဆိုတဲ့ ဇာတ်ကားလေးဟာ ဘဝတစ်လျှောက်လုံးမှာ ခင်ပွန်းသည်အပေါ်ကိုပဲ သစ္စာရှိရှိချစ်ခဲ့ပြီး သမီးလေးအတွက် အရာရာပေးဆပ်ရင်း အသက်ရှင်ခဲ့တဲ့ အိုဆယ်ယွန်း ဆိုတဲ့ အမျိုးသမီးတစ်ယောက်အကြောင်းကို ဇာတ်အိမ်တည်ပြီး ရိုက်ကူးထားတာပါ။ကံဆိုးစွာနဲ့ တစ်နေ့မှာတော့ အိုဆယ်ယွန်းတစ်ယောက် သူ လောကကြီးမှာ နေရမဲ့ အချိန် သိပ်မကျန်တော့ဘူးဆိုတာကို သိလိုက်ရပါတယ်။ ဒီအချိန်မှာတော့ တစ်ဘဝလုံး မိသားစုအတွက်ပဲ စိတ်နှစ်မြှုပ်ခဲ့တဲ့ အမျိုးသမီးက သူ့ရဲ့ ခင်ပွန်းဖြစ်သူကို ထူးဆန်းတဲ့ တောင်းဆိုမှု တစ်ခုပြုလုပ်ခဲ့ပါတယ်။ သူ့ရဲ့ အချစ်ဦးကို ရှာဖွေပေးဖို့ပါတဲ့။ဇနီးသည်ရဲ့ နောက်ဆုံး ...
movie
Life Is Beautiful (2022)
8.8
Chun Tae-il: A Flame That Lives On (2021)
ဒီတစ်ခါတော့ ၂၀၂၁ ခုနှစ်ကထွက်ထားတဲ့ IMDb 8.8/10 ရထားတဲ့ ကိုရီးယား Animation ဇာတ်ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးပါမယ်၊ ကာတွန်းကားကို ဒီလောက် rating ရထားတယ်ဆိုတော့ ထူးပြီးညွှန်းဖို့တော့ လိုမယ်မထင်ပါဘူးဒီဇာတ်လမ်းကတော့ ၁၉၇၀ ခုနှစ်မှာ အလုပ်သမားအခွင့်အရေးရအောင် စည်းရုံးတောင်းဆိုခဲ့တဲ့ ဂျောင်ထယ်အီးလ်ရဲ့ အကြောင်းကို တင်ဆက်ထားခြင်းဖြစ်ပါတယ် ၁၉၉၅ ခုနှစ်မှာ A Single Spark ဆိုတဲ့နာမည်နဲ့ ရုပ်ရှင်ထွက်ခဲ့ပြီးတော့ ၂၀၂၁ မှာ Animation အဖြစ်ဖန်တီးထားတာဖြစ်ပါတယ်ဇာတ်လမ်းအကျဉ်းချုပ်ကတော့ မူလတန်းတောင် မအောင်ခဲ့တဲ့ ကောင်လေးတစ်ယောက်... သားအကြီးဆုံးဖြစ်ပြီး အိမ်ရဲ့စားဝတ်နေရေးကြောင့် ကျောင်းထွက်လိုက်ရပြီး အိမ်ပြေးအဖြစ်နဲ့ ဖိနပ်တိုက် သတင်းစာရောင်း စတာတွေကို လက်တိုလက်တောင်းလုပ်ခဲ့ပါတယ်၁၉ နှစ်ပြည့်တဲ့အခါမှာတော့ စက်ရုံတည်ထောင်ချင်တဲ့စိတ်နဲ့ အဝတ်စက်ရုံတစ်ခုမှာ အဝတ်ဖြတ်ဆရာလက်ထောက်အဖြစ်သင်ယူရင်းနဲ့ ဖြောင်းဟွာဈေးက စက်ရုံရဲ့ မတရားခိုင်းစေမှုတွေ၊ လုပ်ခလစာ နည်းပါးမှုနဲ့ ကျန်းမာရေးအာမခံချက်မရှိတာတွေကို သိလိုက်ရပါတော့တယ်အဲလိုနဲ့ အခြေခံဥပဒေအကြောင်းသိလိုက်ရတဲ့အချိန်မှာ မညီမျှတာတွေအတွက် တောင်းဆိုဖို့ကြိုးပမ်းပါတော့တယ် ဘယ်လိုဆန္ဒပြရမလဲဆိုတာတောင် မသိတဲ့ အပ်ချုပ်ဆရာ၊ အဝတ်ဖြတ်ဆရာအဖြစ်ကနေ စိတ်အားထက်သန်စွာနဲ့ပဲ အလုပ်သမားအခွင့်အရေးရအောင် နည်းမျိုးစုံနဲ့ ကြိုးစားပုံတွေကို ကြည့်ရှုခံစားရမှာပါ ဒီဇာတ်လမ်းရဲ့အသံသရုပ်ဆောင်ကလည်း အားလုံးနဲ့မစိမ်းတဲ့ Jang Dong Yoon, Kwon ...
movie
Chun Tae-il: A Flame That Lives On (2021)
2021
5.9
Black Light (2021)
Black Light (2021) အညွှန်း*********************IMDb - 5.9ကဲ ဒီတစ်ခါ CM ပရိတ်သတ်တွေအတွက် All Of Us Are Dead ထဲက အွန်ဂျိုလေးပါဝင်ထားတဲ့ကားလေး တင်ဆက်ပေးလိုက်ပါတယ်။ဒီကားလေးက ကြီးမားတဲ့ကံဆိုးမှုကြီးကို အတူကြုံတွေ့ခဲ့ရတဲ့ အမျိုးသမီးနှစ်ယောက်ကြားက ဆက်ဆံရေးကိုအသားပေးရိုက်ကူးထားတာပါ။ လမ်းမကြီးရဲ့အလယ်စည်းကိုကျော်ပြီး ဖြစ်ပွားခဲ့တဲ့ မတော်တဆမှုတစ်ခုကြောင့် ပြစ်မှုကျူးလွန်သူကသေဆုံးပြီး နစ်နာသူကတော့ coma ဖြစ်သွားခဲ့ပါတယ်။အချိန်တစ်ခုကြာပြီးတဲ့နောက်မှာ ပြစ်မှုကျူးလွန်သူရဲ့ဇနီး Hee Joo ကသူမအလုပ်လုပ်ခဲ့တဲ့ စက်ရုံကိုပြန်လာခဲ့ပါတယ်။ အဲဒီစက်ရုံမှာ နစ်နာသူရဲ့ဇနီးဖြစ်သူ Young Nam အလုပ်လုပ်နေတာကိုမြင်ခဲ့ရပြီး Hee Joo က ဇဝေဇဝါဖြစ်သွားခဲ့ရပါတယ်။ Hee Joo က Young Nam ရဲ့သမီး Eun Young နဲ့ ရင်းနှီးလာခဲ့တဲ့အခါမှာတော့ Eun Young ဆီကနေ ဒီအမှုနဲ့ပတ်သက်တဲ့အကြောင်းအရာတစ်ခုကို သိရှိခဲ့ရပါတယ်။မတော်တဆမှု တစ်ခုရဲ့ နောက်ကွယ်က ဖြစ်ရပ်မှန်က ...
movie
Black Light (2021)
7.4
Special Delivery (2022)
Special Delivery (2022)ခေါင်းစဉ်အတိုင်းပဲ စပယ်ရှယ်ပို့ဆောင်ရေးလုပ်ပေးတဲ့ လုပ်ငန်းငယ်လေးတစ်ခုပါပဲ... စာတိုက်တွေ၊ ပို့ဆောင်ရေးကုမ္ပဏီတွေက လက်မခံတဲ့ ပစ္စည်းတွေအပါအဝင် အရာရာတိုင်းကို ပို့ဆောင်ပေးတဲ့ လုပ်ငန်းလေးပါဂျန်အွန်းဟာကတော့ အဲပို့ဆောင်ရေးလုပ်ငန်းမှာလုပ်တဲ့ အောင်မြင်မှု ၁၀၀ ရာခိုင်နှုန်းရှိတဲ့ ပရိုပို့ဆောင်ရေးဒရိုက်ဘာပါ မိန်းကလေးဆိုပြီး အထင်သေးတဲ့သူတွေကို ပညာအစွမ်း ပါဝါတွေထုတ်ပြတတ်သူလေးပါပဲအဲလိုအွန်းဟာက သူဌေးလက်ခံလိုက်တဲ့ အလုပ်တစ်ခုကြောင့် ဆိုးလ်အထိတက်သွားခဲ့ပေမဲ့ ထင်သလိုအဆင်မပြေဘဲ သောင်တင်သွားပါတဲ့အချိန်မှာ ဘာတွေဆက်ဖြစ်မလဲကျွန်မတို့ရဲ့ ဂျက်ဆီကာ လို့သိကြတဲ့ Park So Dam ကနေ ဂျန်အွန်းဟာဆိုတဲ့ ကာရိုက်တာနဲ့ တစ်သားတည်းဖြစ်အောင် ဘယ်လိုတွေသရုပ်ဆောင်ပြသွားသလဲCrime Action အမျိုးအစားဆိုပေမဲ့ ကိုရီးယားရဲ့ သဘာဝအတိုင်း ဖယ်ထားလို့မရတဲ့ Comedy နဲ့ Drama အပျော့စားလေးကိုပါထည့်ပြီး ခံစားကြည့်ရှုပေးကြပါဦးနော်အညွှန်း နဲ့ ဘာသာပြန်ကတော့ Thuu Thuu ပဲ ဖြစ်ပါတယ်။Genre.....Action, Crime, Thriller Quality….WEB-DL 1080p and 720p and 360p File size…1.5GB and 780MB and 300MB Format…mp4 Duration….1h 49min Subtitle….Myanmar Subtitle ...
movie
Special Delivery (2022)
Man of Will (2017)
Man of Will (2017) ဇာတ်လမ်းအညွှန်း******************************** ဧကရာဇ် အုပ်စိုးခွင့် ကုန်ဆုံးခါနီးတွင် ကိုရီးယားကို အုပ်စိုးချင်တဲ့ ရုရှားနဲ့ ဂျပန်တို့ကြား အငြင်းပွားမှုများ ဖြစ်ပေါ်ခဲ့ပါတယ်နောက်ဆုံးမှာတော့ ဂျပန်က အသာစီးရပြီး ကိုရီးယားဘက်က ဂျပန်နဲ့ သံတမန်ရေး အဆင်ပြေအောင် ကြိုးစားခဲ့တာကြောင့် ကိုရီးယားဟာ ဂျပန်တို့ ဩဇာညောင်းတဲ့ နိုင်ငံ တစ်ခု ဖြစ်လာခဲ့တယ် မိဖုရားကြီး လုပ်ကြံခံလိုက်ရတာကြောင့် အမျက်ဒေါသထွက်နေတဲ့ ဂင်ချန်းဆူဟာ စိတ်ကိုမထိန်းနိုင်ဘဲ လုပ်ကြံမှုမှာ ပါဝင်ခဲ့တဲ့ ဂျပန်လူမျိုးတစ်ယောက်ကို သတ်လိုက်မိတဲ့အတွက် ပြစ်ဒဏ်ချမှတ်ခံရပြီး အင်ချွန်းထောင်ကို အပို့ခံလိုက်ရပါတယ်အင်ချွန်းထောင်ထဲကို ရောက်သွားတဲ့အခါမှတော့ ထောင်သားတွေကို စာသင်ပေးပုံ၊ ငုပ်လျှိုးနေတဲ့ မျိုးချစ်စိတ်ကို ပြန်လည်ဖော်ဆောင်ပေးပြီး ဂျပန်လက်အောက်မှ လွတ်မြောက်ရေးအတွက် စိတ်အားထက်သန်စွာ တော်လှန်ခဲ့ပုံတွေအကြောင်း ရိုက်ကူးထားတဲ့ ဖြစ်ရပ်မှန် ဇာတ်လမ်းလေးပါ ဒီဇာတ်ကားမှာ နာမည်ကြီးမင်းသားကြီး Cho Jin Woong အပြင် ဂျွန်စောအဖြစ် လူသိများတဲ့ Song Seung Heon ...
movie
Man of Will (2017)
2017
8.1
Memories of Murder (2003)
IMDb (8.1/10)....Rotten Tomatoes (95%) Rating တွေကြည့်ပြီး ကိုရီးယားဇာတ်ကားမှ ဟုတ်ရဲ့လားလို့ အတွေးမများပါနဲ့။ ကိုရီးယားဇာတ်ကားအစစ်ဖြစ်သလို မင်းသားမင်းသမီးချောချာလှလှတွေလဲ တစ်ယောက်မှမပါပါဘူး။ ဒီဇာတ်ကားဟာ ကိုရီးယားရဲ့ အနုပညာအရည်အသွေးကို ကမ္ဘာကိုချပြနိုင်ခဲ့တဲ့ဇာတ်ကားဖြစ်ပါတယ်။ ကြည့်ကိုကြည့်သင့်ပါတယ်။ ကျွန်တော်ကတော့ ဇာတ်ကားကိုကြည့်ပြီး ရင်ထဲတနုံ့နုံ့နဲ့ ဖြစ်နေတာ ဒီနေ့နဲ့ဆို သုံးရက်ရှိခဲ့ပါပြီ....သူငယ်ချင်းတို့လဲ ခံစားကြည့်ပါဦး....ဇာတ်လမ်းအညွှန်းကိုတော့ ဒီဇာတ်ကားကြည့်ဖြစ်စေခဲ့တဲ့ ကိုညီလင်းအိမ်ရဲ့အညွှန်းနဲ့ မိတ်ဆက်ပေးပါရစေ။ -------------------------------------------- Memories Of Murder ကိုယ်တွေကပဲ နောက်ပိုင်း အဲဒီလို အကြောင်းအရာတွေကိုပဲ ရွေးဖတ်မိကြည့်မိနေတာလား တိုက်ပဲတိုက်ဆိုင်နေသလား မသိဘူး။ စိတ်ထဲစွဲနစ်စွာ ကျန်ခဲ့တဲ့ ဇာတ်ကားတွေ စာအုပ်တွေမှာဆို အဓိက ခံစားခဲ့ရတာက "မရေရာမှု "ပဲ။အီးလိုဆို "Doubtful"လား "Inconclusively "လား ဘယ်ဟာက ပိုလေးနက်လဲတော့မသိဘူး။ အမှန်တရားလည်း မရှိဘူး ။အမှားတရားလည်း မရှိဘူး။ရှုံးတယ်လည်း မရှိဘူး။နိုင်တယ်လည်း မရှိဘူး။ ဘယ်သတ်မှတ်ချက်မှ မှန်တယ်လို့ တရားသေ ကောက်ချက်ဆွဲလို့မရတဲ့ စိတ်ခံစားမှု တွေပေးတဲ့ စာတွေ ရုပ်ရှင်တွေ မကြာခဏ ကြည့်ဖြစ်ဖတ်ဖြစ်ပါတယ်။ လတ်တလော ...
movie
Memories of Murder (2003)
2003
7.8
Always (2011)
IMDb Rating (7.8) / Rotten Tomatoes (81%)ဆိုဂျီဆပ်ပရိတ်သတ်တွေဆို လုံးဝလက်လွတ်ခံလို့မဖြစ်တဲ့ဇာတ်ကားပါ...သူ့ရဲ့ရီဝေဝေမျက်ဝန်းတွေက ဒီဇာတ်ကားရဲ့ အုံ့မှိုင်းလွမ်းမောဖွယ် Theme နဲ့ သက်ဝင်လွန်းနေခဲ့တာပါ။အပြောအဆိုနည်းနည်း အေးတိအေးစက်နဲ့ ပကာသနခုံမင်မှုမရှိတဲ့ ကောင်လေးတွေမှာ အချစ်ကပိုရှင်သန်တတ်တယ်...ဒီလိုအမူအရာနဲ့ မင်းသားဆိုဂျီဆပ် ထပ်တူကျနေတာက စပျစ်ဝိုင်လို ထိရှိနေပါရော..မင်းသမီး Han Hyo‑joo ကလဲ လိုက်ဖက်ညီစွာ ပံ့ပိုးထားတာကြောင့် ပြည့်စုံတဲ့ပန်းချီကားတစ်ချပ်လိုပါပဲ...ဇာတ်လမ်းလေးကတော့ ရိုးရှင်းပါတယ်...လက်ဝှေ့လောကထဲက အနားယူထားတဲ့ကောင်လေးနဲ့ မျက်မမြင်ကောင်မလေးတို့ရဲ့ မေတ္တာတရားအကြောင်းကိုရိုးရိုးလေးရိုက်ပြထားတာပါ...ဒါပေမယ့် အဲ့ဒီရိုးရှင်းမှုကပဲ ကြည့်ရှုသူရဲ့ ရင်ကို ဝုန်းဒိုင်းဝင်ချလာတာပါ....အချစ်ဆိုတာ စောက်ပိုတွေမပါတဲ့ ရိုးသားမှုပဲ မဟုတ်လား။ချစ်တတ်တဲ့သူတိုင်း ဒီဇာတ်ကားကို ရင်ထဲသိမ်းထားတတ်ကြတယ်။ဒါကြောင့်လဲ ကိုရီးယား Drama Romance ကားတွေထဲမှာနိုင်ငံတကာ Rating အမြင့်ကြီးကို ရှားရှားပါးပါး ရရှိထားတာပါ။ File size…(2 GB) and (1.2 GB) Quality…BluRay 1080p and 720p 5.1 CH Format…mp4 Duration….01:45:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya ...
movie
Always (2011)
7.0
I (2021)
I (2021) အညွှန်း*************မိဘမဲ့လည်းဖြစ် ကလေးပြုစုစောင့်ရှောက်နည်းသင်တန်းပါတက်ထားတဲ့ Ah young ဟာအလုပ်လိုက်ရှာရင်းနဲ့ ကလေးထိန်းအလုပ်ကိုရသွားပါတယ်.... သူထိန်းပေးရမယ့်ကလေးလေးရဲ့မိခင်ဟာလည်း ကလေးတစ်ဖက်နဲ့ တစ်ယောက်တည်းရုန်းကန်လှုပ်ရှားနေရတဲ့အရက်ဆိုင်ကအပျော်မယ် single mother တစ်ယောက်ပါ....၂ယောက်လုံးရဲ့ လက်ရှိအနေအထားတွေဟာ တခြားသူတွေထက်ပိုခက်ခဲနေတဲ့ အနေအထားတွေပေါ့...ဒီလိုနဲ့သူတို့ (၂)ယောက်ရင်းနှီးကြပြီး တစ်ယောက်နဲ့တစ်ယောက်ဖေးမကြပေါ့...အဲ့ဒီနောက်မှာတော့ ရုန်းကန်နေရတဲ့သူတို့ အတွက် ပြဿနာအကြီးကြီးတွေရောက်လာတဲ့အခါမှာတော့...သူတို့ဘယ်လို ဖြေရှင်းကြမလဲ...မိန်းမသားတွေဖြစ်ပေမဲ့ လောကဒဏ်ကို ဘယ်ကြံ့ကြံ့ခံရင်ဆိုင်ကြမလဲဆိုတာကိုတော့ ခံစားကြည့်ကြပါ...ဒီကားထဲကသရုပ်ဆောင်မင်းသမီးတွေကတော့ နာမည်ကြီးတွေကြီးပဲမို့ ထွေထူးမညွှန်းတော့ပါဘူး ...File Size :(2.1GB) and (1GB) Quality : WEB-DL1080P,720p Format…mp4 Duration…01:54:00 Genre : Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Ichika Satoru Encoded by Phyo Pyae
movie
I (2021)
8.1
Recalled (2021)
Recalled (2021)ကိုရီးယားလောကမှာ ဂယက်တွေ ဒလဟော ထသွားတာတောင်သူ ရိုက်ခဲ့တဲ့ ဇာတ်ကားက Korean Film Council data တွေအရကိုရီးယားမှာအကောင်းဆုံး Ranking 9 အထိဝင်ထားတဲ့Seo Ye Ji ရဲ့ Recalled ဆိုတဲ့ Mystery/Thriller ဇာတ်ကားကောင်းလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်ဒီကားကို Box office က ဒေါ်လာ 2.63 million အထိအကုန်အကျခံရိုက်ကူးထားပြီးIMDB rating ကလည်း 8.4/10 အထိရရှိထားတဲ့ ဇာတ်ကားကောင်းတစ်ကားပဲ ဖြစ်ပါတယ်။ဇာတ်လမ်းဇာတ်အိမ်ကတော့ တစ်ခြားကားတွေနဲ့မတူဘဲ တော်တော်လေး စွဲဆောင်နိုင်ပြီးအဆုံးသတ်မှာ လျှို့ဝှက်ချက်တွေ၊ အံ့သြဖွယ်မြှုပ်ကွက်တွေနဲ့ ပြည့်နေတဲ့ ဇာတ်ကားတစ်ကားလို့လည်းပြောလို့ရပါတယ်။ဇာတ်လမ်းအကျဉ်းလေးပြောရရင်ဆူဂျင်းဆိုတဲ့ ကောင်မလေးက မတော်တဆမှုတစ်ခုကြောင့်တောင်ပေါ်ကပြုတ်ကျခဲ့ပြီးနောက် အတိတ်မေ့နေခဲ့ပါတယ်။သူ့ဘဝက ဘယ်လို .....သူ ဘယ်သူဆိုတာကိုတောင် မေ့နေတဲ့အနေအထားပါ။ဒါကို သူ့ဘေးနားက လီဂျီဟွန်းဆိုသူ အမျိုးသားကသူ့မှတ်ဉာဏ်တွေပြန်ရလာအောင် ဘေးကနေ စောင့်ရှောက်ပေးရင်းအမှတ်တရတွေတစ်ခုချင်း ပြောပြခဲ့ပါတယ်။ဒါပေမယ့် ဆူဂျင်းယုံကြည်ထားခဲ့တဲ့ သူမရဲ့အမျိုးသားလီဂျီဟွန်းဟာ လျှို့ဝှက်ချက်တွေအများကြီးရှိနေတဲ့သူတစ်ယောက်ဖြစ်ကြောင်းကိုမမျှော်လင့်ဘဲနဲ့ တစ်စတစ်စ သိလာခဲ့ပြီးလီဂျီဟွန်းအပေါ် ...
movie
Recalled (2021)
2021
6.8
New Year Blues (2021)
New Year Blues(2021)လောကကြီးမှာ လူရယ်လို့ဖြစ်လာရင် ချစ်ဖူးကြမှာပါပဲအသက်အရွယ်အပိုင်းအခြား နေထိုင်ပုံတွေအရချစ်ပုံချစ်နည်းတွေ မတူညီကောင်း မတူညီနိုင်ပေမယ့်ကျွန်တော်တို့အားလုံးက အချစ်ကိုခံစားဖူးကြပါတယ်ဆိုတော့ဗျာ .....ပြောရရင် relationship တစ်ခု တည်ဆောက်ဖို့ဆိုတာ ထင်သလောက်မလွယ်ဘူးဗျအစကတော့ နှစ်ယောက်သားချစ်လို့ လက်တွဲခဲ့ကြတယ်ဆိုပေမယ့်အချိန်ကြာလာတာနဲ့အမျှ ဖြစ်လာမယ့်ပြသနာတွေကိုနှစ်ယောက်လုံးဖြေရှင်းနိုင်ဖို့လည်း လိုသေးတယ်သူ့ဖက်ကအမြင် ကိုယ့်ဖက်ကအမြင် နှစ်ယောက်စလုံးက နားလည်မှုတွေယူနိုင်မှသာရေရှည်တည်မြဲတဲ့ relationship တစ်ခုဖြစ်လာမှာအချိန်တွေအကြာကြီး တွဲလာခဲ့တဲ့သူကကိုယ့်အတွက် right person မဟုတ်ပေမယ့်တစ်ဒင်္ဂလေး ဆုံလိုက်ရတဲ့သူကကိုယ်နဲ့တစ်သားတည်းဖြစ်တဲ့ ခံစားချက်မျိုးပေးနိုင်တဲ့သူလည်း ဖြစ်နိုင်တာပဲလေဒီရုပ်ရှင်ထဲမှာတော့ မတူညီတဲ့ career တွေ .....မတူညီတဲ့ဘဝပုံစံတွေနဲ့ရှိနေကြတဲ့ အတွဲ ၄ တွဲအကြောင်းကို ရိုက်ပြထားတယ်သရုပ်ဆောင်ထားတဲ့သူတွေကလည်း ကောင်းလားမကောင်းလားဆိုတာပိုစတာကြည့်ရုံနဲ့ ညွှန်းစရာတောင်မလိုလောက်ဘူးလို့ ထင်ပါတယ်ဒီကားက ကိုးရီးယားအချစ်ဇာတ်လမ်းတွေထဲမှာ ကွဲထွက်နေတဲ့ကားလို့ ပြောလို့ရတယ်ဗျCinematography လှတယ် .....မတူညီတဲ့ အတွဲ ၄ တွဲရဲ့ plot တွေက ရိုးရိုးရှင်းရှင်းလေးနဲ့အဆုံးထိစိတ်ဝင်စားအောင်ဆွဲခေါ်သွားမှာတော်တော်လေးကို sweet ဖြစ်ပြီး .....Heartwarming ဖြစ်စေတဲ့ ဇာတ်ကားကောင်းတစ်ကားပါပြီးတော့ ရိုက်ကွင်းရိုက်ကွက်တွေလည်း တော်တော်လေးကိုလှတယ်စုံတွဲတွေဆိုရင်တော့ အတူကြည့်ကြပါ ...
movie
New Year Blues (2021)
2021
7.6
I Can Speak (2017)
ဒီတစ်ခါတော့ IDM Rating 7.6 အထိရရှိထားတဲ့ဖြစ်ရပ်မှန်ဇာတ်လမ်းလေးတစ်ပုဒ်ကိုအခြေခံပြီးရိုက်ကူးထားတဲ့တောင်ကိုရီးယားဇာတ်ကားလေးတစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ်။ဇာတ်ကား rating အရအရမ်းကောင်းနေလို့စပြီးဘာသာပြန်လိုက်တော့ဇာတ်လမ်းကဒီလောက်ကြီးလည်းဘာမှမဟုတ်ဘူးထင်နေတာပေါ့။နောက်ပိုင်းဆက်ပြီးကြည့်တော့မှတဖြည်းဖြည်းနဲ့ဘာကြောင့်မှန်းမသိပိုပြီးစိတ်ဝင်စားလာမိတယ်။အဓိကအကြောင်းရင်းကဇာတ်ကောင်မင်းသမီးကြီးရဲ့စိတ်ထဲမှာဘယ်လိုတွေဖြစ်နေလဲဆိုတာကိုသိချင်လာမိလို့ပါ။ဇာတ်ကားအဆုံးထိကြည့်ပြီးမှမင်းသမီးကြီးရဲ့ခံစားချက်ကိုနားလည်လာခဲ့လို့ပရိတ်သတ်ကြီးလည်းအဆုံးထိခံစားကြည့်ရှုလိုက်ကြပါ။အော်ဒါနဲ့ဒီကားကတောင်ကိုရီးယားမှာဆုတံဆိပ်ပေါင်း ၁၂ဆုအထိရရှိထားတဲ့ကားလေးနော်။ဇာတ်လမ်းအစမှာတော့ပတ်မင်ဂျေးလို့ခေါ်တဲ့ဝန်ထမ်းပေါက်စလေးတစ်ယောက်ဆိုးလ်မြို့ကခရိုင်အုပ်ချူပ်ရေးမှူးရုံးကိုတာဝန်ပြောင်းရွှေ့ထမ်းဆောင်ရင်းနဲ့စထားပါတယ်။ပတ်မင်ဂျေးကအလုပ်လည်းကြိုးစားသလိုအင်္ဂလိပ်စာကိုလည်းကျွမ်းကျွမ်းကျင်ကျင်နဲ့ပြောဆိုနိုင်တဲ့လူတော်တစ်ယောက်ပါ။ခရိုင်ရုံးမှာအလုပ်လုပ်ရင်းအများအကျိုးအတွတ်ကိုယ်ကျိုးမဖက်လုပ်ဆောင်ပေးနေသူနာဘုတ်အွန်းအဘွားနဲ့စတင်တွေ့ဆုံခဲ့ရပါတယ်။နာဘုတ်အွန်းကရပ်ကွက်မှာဖြစ်နေသမျှကိစ္စအားလုံးတိုင်ကြားတာကိုပတ်မင်ဂျေးဘက်ကလည်းအကောင်းဆုံးဖြေရှင်းဖို့ကြိုးစားရပါတော့တယ်။နာဘုတ်အွန်းမှာလည်းခလေးဘဝတည်းကကွဲကွာခဲ့ရတဲ့မောင်လေးတစ်ယောက်ရှိပါတယ်။သူ့မောင်လေးကလက်ရှိအမေရိကန်မှာနေတာကိုတွေ့ဖို့အရာရှိပေါက်စပတ်မင်ဂျေးဆီမှာအင်္ဂလိပ်စာသင်ဖို့အကူအညီတောင်းခဲ့ပါတယ်။ပတ်မင်ဂျေးလည်းလက်ခံခဲ့ပြီးတဲ့နောက်နာဘုတ်အွန်းလည်းအင်္ဂလိပ်စာကိုကျွမ်းကျွမ်းကျင်ကျင်ပြောဆိုလာနိုင်တဲ့အချိန်မမျှော်လင့်တဲ့အဖြစ်အပျက်တွေပေါ်ပေါက်လာပါတယ်။အဲ့အဖြစ်အပျက်တွေကဇာတ်လမ်းကိုလုံးဝဖမ်းစားလိုက်တာပါ။အဲ့အဖြစ်အပျက်တွေကြောင့်ပဲဇာတ်လမ်းကြည့်ရှုတဲ့သူတွေပထမအစထင်ထားသလိုမျိုးမဟုတ်တော့ဘဲလုံးဝမတူကွဲပြားတဲ့ဇာတ်လမ်းတစ်ပုဒ်ကြည့်ရှုရသလိုဖြစ်သွားစေမှာပါ။အဲ့အဖြစ်အပျက်တွေကဘာတွေလဲဆိုတာကိုတော့ဇာတ်လမ်းအဆုံးထိစောင့်ကြည့်လိုက်ရအောင်ပါ။သေချာတာတစ်ခုကတော့ဒီဇာတ်ကားကြည့်ပြီးရင်လူတိုင်းအတွေးတစ်ခုဝင်လာပါလိမ့်မယ်။နာဘုတ်အွန်းအဘွားနေရာမှာကိုယ့်အဘွား၊ကိုယ့်အမေ၊ကိုယ့်အစ်မ၊ကိုယ့်ညီမသာဆိုရင်ဘယ်လိုခံစားကြမလဲ။ဒီလိုမျိုးခံစားရမှုတွေကိုကိုယ့်ကြောင့်နဲ့တစ်ခြားမိသားစုဝင်တွေခံစားစေချင်ပါသလား။ပရိတ်သတ်ကြီးပဲဆုံးဖြတ်ပေးကြပါ။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ ကိုနေမျိုးပါ) File Size : (900 MB) and (355 MB) Quality : Blu-Ray 720p Running Time : 1hr 59min Format : Mp4 Genre :Comedy, Drama Subtitle : Myanmar Subtitle (Hard Sub) Source : 720p BluRay x264 DTS-FGT Translated by Nay Myo Encoded by Thanhtike Zaw
movie
I Can Speak (2017)
2017