Channel Myanmar

Yoo Seung-mok

Ransomed(2023) 6.7
Ransomed(2023) Ransomed(2023)****************ကိုရီးယားရဲ့ နာမည်ကြီးသရုပ်ဆောင်တွေချည်းပါဝင်ထားတဲ့ ဇာတ်ကားဖြစ်ပါတယ်..လက်ဘနွန်ဆိုတာ ပြည်တွင်းငြိမ်းချမ်းမှုမရှိသလို လက်နက်ကိုင်အဖွဲ့အစည်းတွေများစွာရှိတဲ့နိုင်ငံလည်းဖြစ်ပါတယ်...သံရုံးတွေကတော့ နိုင်ငံရေးအခြေအနေရတည်ရှိနေရတယ်ဆိုပေမဲ့ သံရုံးဝန်ထမ်းတွေရဲ့ လုံခြုံရေးကတော့ စိတ်ချရတဲ့အခြေအနေမဟုတ်ပါဘူး..တစ်နေတော့ ကိုရီးယားသံရုံးရဲ့ အကြီးအကဲအရာရှိတစ်ဦး လက်ဘနွန် သူပုန်တွေဆီမှာ အဖမ်းခံလိုက်ရတယ်..ထူးခြားတာက အရာရှိကြီးကို ဘယ်သူဖမ်းတယ်လို့ မကြေငြာတော့သတင်းအစအနပါပျောက်နေတယ်..ဒီနောက် ၁ နှစ်နဲ့ ၈လကြာတဲ့နောက်မှာ လက်ဘနွန်ကနေ ကိုရီးယားနိုင်ငံရဲ့  သံရုံးကို ဖုန်းဝင်လာတယ်..အဲ့ဒါကတော့ သံရုံးအရာရှိကို ၂.၅သန်းနဲ့ လာရွေးကြပါပေါ့.. ကိုရီးယားထိပ်သီးအစိုးရဝန်ထမ်းတွေဟာဒီကိစ္စကိုလူသိရှင်ကြားနဲ့ကြေငြာပြီးကယ်မယ်ဆိုရင်လည်း ဓားစာခံဟာသေပြီးသားလူဖြစ်နေရင်အရှက်ကွဲမယ်..မကယ်ရင်လည်း  နောက်မှ ပြန်ပေးဆွဲတဲ့သူတွေဆီကနေ သတင်းပေါက်လို့ရှိပြန်ရင်လည်းသူတို့အရှက်ကွဲမှာဆိုတော့ ဒီကိစ္စကို တိုးတိုးတိတ်တိတ်နဲ့ကယ်ဆယ်ရေးမစ်ရှင်လုပ်ဖို့လူတစ်ယောက်ကိုစေလွှတ်လိုက်ပါတော့တယ်...အဲ့ဒီနောက်မှာတော့....ဘာတွေဆက်ဖြစ်ကြမလဲဆိုတာကိုတော့...File Size :(2.2GB) and (987MB) Quality : WEB-DL 1080p, 720p Format…mp4 Duration…02:12:00 Genre : Action , Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Miri,Stary, Lia Fay & Treasure Htet Encoded by Phyo ...
movie

Ransomed(2023)

[18+] Bewitching Attraction (2016) 4.2
[18+] Bewitching Attraction (2016) Bewitching Attraction (2006)CM ပရိသတ်ကြီးအတွက် ဒီတစ်ခါတင်ဆက်ပေးချင်တာကတော့ မဲပြာပုဆိုး ဇာတ်လမ်းထပ်နေတဲ့ ကိုရီးယားအမှောင်ကားတွေကို ကြည့်ရတာ စိတ်ကုန်နေတဲ့သူတွေအတွက် အရင်ခေတ် ၂၀၀၆ တုန်းက ထွက်ရှိခဲ့တဲ့ old but gold လေးပဲ ဖြစ်ပါတယ်ဇာတ်လမ်းကတော့ ပရော်ဖက်ဆာ မမကြီးရဲ့ ဘဲများနဲ့အရှုပ်တော်ပုံလေးပဲဖြစ်ပါတယ်ပရော်ဖက်ဆာမမကြီးက လှလဲလှတယ် ပညာလဲတတ်တယ် ကောက်ကြောင်းလေးကလည်း လှသလို ပွင့်လင်းတတ်တဲ့ အလှပဂေးတစ်ယောက်ပါမမကြီးရဲ့ဘဝမှာ လုပ်ဖော်ကိုင်ဖက် ဘာညာ ခင်လို့တွဲတာ စသည်ဖြင့် ငယ်ငယ်တုန်းက ကျောင်းသူဘဝမှာတင် ညီအကို နှစ်ယောက်ကို ပြိုင်တွဲပစ်တာတို့ ဘာတို့ လုံးဝကို သိပ်ကြမ်းတဲ့ မမပါမမတစ်ယောက် နောက်ဆုံးသူ့အရှုပ်တွေက နောက်ကိုအရိပ်လိုလိုက်တာတဲ့အခါမှာတော့ ဘာတွေဘယ်လိုဖြစ်ကုန်မလဲဆိုတာ ရှုစားကြပါဦး ညိုကီတို့ File size…2GB  / 596MB Quality…1080p AMZ WEB DL /720p Format…mp4 Duration….1h 44m Subtitle….Myanmar Subtitle (Hard Sub) Encoder….X Cross Translated by Andrew Mason
movie

[18+] Bewitching Attraction (2016)

2006
The Recipe (2010) 6.6
The Recipe (2010)  Genre – Drama, Romance, Mystery IMDB – 6.6/10 အမြီး ၉ ချောင်း မြေခွေးအလန်းစားကြီး Lee Dong-Wook ရဲ့၂၀၁၀ ခုနှစ်တုန်းက လွမ်းဆွတ်ကြည်နူးဖွယ်ရာ ဇာတ်လမ်းလေးတစ်ပုဒ် တင်ဆက်ပေးလိုက်ချင်ပါတယ်။ အတိအကျပြောရမယ်ဆို ပဲပိစပ်ဟင်းရည် ဒွမ်ဂျန်ဆိုတဲ့ ရိုးရာ ဟင်းတစ်ခွက်ကိုအသုံးချပြီး Marketing ကောင်းကောင်းထည့်ပြီး ဖန်တီးထားတာပဲဖြစ်ပါတယ်။ ဇာတ်လမ်းကလည်း အစပိုင်းမှာ စိတ်လှုပ်ရှားဖွယ်မှတ်တမ်းရုပ်ရှင်အထာနဲ့ တဖြည်းဖြည်းချင်း ဇာတ်ကို ပံ့ပိုးထားပြီးနောက်ပိုင်းမှ လျှို့ဝှက်ချက်တွေကို ဇာတ်ထုပ်ပြန်ဖြည်တဲ့ စတိုင်မျိုးပါ။ ဇာတ်လမ်းလေးကတော့ တောင်ကိုရီးယားမှာ လူ ၁၂ ယောက်ကိုသွေးအေးအေးနဲ့သတ်ဖြတ်ပြီး အာဏာပိုင်တွေလက်အောက်ကနှစ်ပေါင်းကြာရှည်စွာ ထွက်ပြေးတိမ်းရှောင်နေတဲ့ လူသတ်သမားကြီးကတောထဲတောင်ထဲက စားသောက်ဆိုင်လေးထဲ ရဲတွေလာဖမ်းတာကိုအသာတကြည်နဲ့ ပြန်မခုခံပဲ အေးဆေး အဖမ်းခံခဲ့ပါတယ်။ အဲဒါနဲ့သေဒဏ်ပေးခါနီး နောက်ဆုံးဆန္ဒကို ပြောပါဆိုတော့ ဘာပြောတယ်ထင်လဲ…”အဲဒီဆိုင်က ဒွမ်ဂျန်ဟင်းရည် သောက်ချင်တယ်” တဲ့ဗျာ။အဲဒါနဲ့ သေခါနီးလူတစ်ယောက်ရဲ့နောက်ဆုံးဆန္ဒက ထူးထူးခြားခြားဒီဒွမ်ဂျန်ကို သောက်ချင်ရအောင် ဘာတွေများ ထူးခြားနေလို့လဲဆိုပြီးသတင်းထောက်ကြီးဟာ အဖြေကိုလိုက်ရှာတဲ့အချိန် နောက်ကွယ်ကလွမ်းဆွေးဖွယ် ...
movie

The Recipe (2010)

Private Eye(2009) 6.7
Private Eye(2009) Private Eye(2009)*****************ကိုရီးယားရဲ့အထင်ကရမင်းသားကြီး Hwang Jung-min ပါဝင်ထားတဲ့ဒီဇာတ်ကားကလည်း အတော်ကောင်းပါတယ်..Thriller vibe အပြည့်ရသလိုplot twist တွေလည်းပါတာမို့ ဒေါင်းရကျိုးနပ်စေမှာပါ..ဂျိုဆွန်းပြည်မှာ ဂျပန်တွေ အုပ်စိုးနေတဲ့အချိန်ကို အခြေတည်ထားတဲ့ ဇာတ်ကားလေးဖြစ်ပါတယ်။ဖောက်ပြန်နေတဲ့မိန်းမတွေကို ဓာတ်ပုံလိုက်ရိုက်ပြီး သတင်း​တွေ ဖန်တီးတတ်တဲ့ ဟုန်းဂျင်ဟိုဆီတစ်နေ့မှာ ဆေးကျောင်းသားလေးတစ်ယောက်က လူတစ်ယောက်ကို ရှာပေးဖို့ အကူအညီလာတောင်းပါတော့တယ်။ပြဿနာကတော့ ရှာပေးရမယ့်လူက အတွင်းဝန်ရဲ့ပျောက်နေတဲ့သားကို သတ်သွားတဲ့ လူသတ်တရားခံပါ။ဆေးကျောင်းသားလေးက တိရစ္ဆာန်အ​သေတွေနဲ့ပဲ လေ့လာရာကနေ တစ်နေ့မှာလူသေအလောင်းတွေ့လို့ လေ့လာဖို့ ယူသွားလိုက်တာ အဲ့အလောင်းက အတွင်းဝန်ရဲ့သားမှန်းနောက်ကျမှ သိလိုက်ရတော့ ရဲဆီ သွားပြန်ရင်လည်း သူသတ်တယ်ဆိုပြီးအထင်ခံရမှာစိုးလို့ ကြောက်ကြောက်လန့်လန့်နဲ့ ဟုန်းဂျင်ဟိုဆီ အကူအညီသွားတောင်းလိုက်ရတာပါ။ နှစ်ယောက်သားအတူတူ လူသတ်တရားခံကို လိုက်ရှာရာကနေ အစိုးရအရာရှိတွေရဲ့ အကျင့်ပျက်​ခြစားမှုတွေ၊ဆက်စပ်နေတဲ့ ရာဇဝတ်မှုတွေကို သိလိုက်ရပြီး အားလုံးကို အတူတူထုတ်ဖော်ဖို့ ကြိုးစားရာကနေ ကြုံတွေ့ရမယ့်အဖြစ်အပျက်တွေကို ဟာသတစ်မျိုး ရင်ဖိုစရာတစ်ဖုံနဲ့ စိတ်လှုပ်ရှားဖွယ် ကြည့်ရမှာပါ။ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Myat Noe ဖြစ်ပါတယ်..File Size : ...
movie

Private Eye(2009)

The Scam(2009) 6.7
The Scam(2009) The Scam(2009)**************ဒီကားဟာ ကိုးရီးယားနိုင်ငံရဲ့စတော့ရှယ်ယာစီးပွါးရေးအရှုပ်အထွေးတွေနဲ့ စတော့ရှယ်ယာတွေကိုအကြံအဖန်ဂွင်နဲ့ ကြားကနေသိမ်းပိုက်ယူဖို့ကြိုးစားနေကြတဲ့ သူဌေးတွေ နဲ့ အချောင်သိုက်တူးသမားတွေကြားမှာဖြစ်ကြတဲ့ပဋိပက္ခဇာတ်လမ်းတွေကို ရိုက်ကူးထားတာပဲဖြစ်ပါတယ်....ဂန်ဟျောင်းဆိုးဆိုတဲ့လူတစ်ယောက်ဟာ ကောလိပ်ကသရုပ်ဆောင်ဘွဲ့ရတစ်ယောက်ဖြစ်ပေမယ့်လည်းသာမန်ဘဝ သာမန်အလုပ်လေးနဲ့ပဲ ဘဝကို ပင်ပင်ပန်းပန်းဖြစ်သန်းနေရတဲ့သူတစ်ယောက်ဖြစ်ပြီး ချမ်းချမ်းသာသာနေချင်တဲ့ဆန္ဒရှိတဲ့သူတစ်ဦးပါ ..တစ်နေ့မှာတော့ စီနီယာအကိုတစ်ယောက်ရဲ့စကားဆွယ်မှုကြောင့် စတော့လောကထဲကို အမှတ်မထင်ရောက်ရှိသွားပါတော့တယ်..ဒီလိုနဲ့ပဲ စတော့လောကထဲမှာ နိုင်တစ်လှည့် ရှုံးတစ်လှည့်ကျင်လည်ပြီး နောင်ငါးနှစ်အကြာမှာတော့လူမိုက်ဂန်းစကားအဖွဲ့ခေါင်းဆောင် DSG ရင်းနှီးမြှုပ်နှံမှုနှင့်ပိုင်ဆိုင်မှုလုပ်ငန်းရဲ့ ဥက္ကဌဟွမ်ဂျောင်ဂူဂွင်ချထားတဲ့ စတော့အစီအစဉ်ကို မထင်မှတ်ဘဲ ဝင်ရောက်သွားနှောင့်ယှက်မိပါတော့တယ်...အဲဒါကို ဟွမ်ဥက္ကဌသိရှိသွားချိန်မှာတော့.... File Size : (2.09GB) and (882MB) Quality : Blu-Ray 720p Format…mp4 Duration…02:15:00 Genre : Action , Crime , Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Thinn Thinzar Encoded by Phyo Pyae
movie

The Scam(2009)

The Host(2006) 7.1
The Host(2006) The Host(2006)***************ဒီကားက ဆုပေါင်း ၂၉ဆုရရှိခဲ့ပြီး  ဒါရိုက်တာကလည်း Parasite တို့  Memories of Murder တို့လို့အထင်ကရ ရုပ်ရှင်တွေဖန်တီးတဲ့  Bong Joon Ho ဆိုတော့ကား နင်းကန်ဒေါင်းကြည့်သင့်ပါတယ်..ဂန်ဒူးဆိုတဲ့သူဟာ ခဏခဏအိပ်ငိုက်တတ်ပြီးတော့ ဟန်မြစ်ကမ်းဘေးမှာသူ့အဖေနဲ့အတူ ဆိုင်လေးဖွင့်ထားပါတယ်။သူ့မှာ အရမ်းချစ်စရာကောင်းတဲ့ သမီးလေးတစ်ယောက်ရှိပါတယ်။စာမတတ်ပေမတတ်၊ မိန်းမကလည်းပစ်သွားတဲ့သူ့ဘဝမှာ သမီးလေးကအရာရာပါပဲ။တစ်နေ့မှာတော့ ဓါတ်ခွဲခန်းတစ်ခုကနေ စွန့်ပစ်လိုက်တဲ့ အန္တရာယ်ရှိစွန့်ပစ်ပစ္စည်းတွေကြောင့်ဟန်မြစ်ထဲမှာ အကောင်ကြီးတစ်ကောင်ပေါ်လာပါတယ်။အဲဒီအကောင်ကြီးဟာ မြစ်ကမ်းဘေးကိုတက်လာပြီး ဂန်ဒူးရဲ့သမီးလေးယောင်းဆူကိုဖမ်းခေါ်သွားပါတော့တယ်။အကုန်လုံးကသေပြီလို့ထင်ထားတဲ့ယောင်းဆူက ညဘက်ကြီးသူ့အဖေကိုဖုန်းခေါ်လာတဲ့အခါ....ဂန်ဒူးနဲ့ သူ့ရဲ့မိသားစုဟာ ယောင်းဆူကိုကယ်ဖို့ ဘယ်လိုမျိုးကြိုးစားကြလဲဆိုတာတစ်ကားလုံးရင်သပ်ရှုမောဖွယ်ကြည့်ရှုရမှာပါ။၂၀၀၆ ခုနှစ်မှာထွက်ရှိထားပြီးတော့ rating 7.1 ရရှိထားပြီး ဆုတွေလည်းအများကြီးရရှိထားတဲ့ဇာတ်ကားမလို့အခုထိမကြည့်ရသေးရင် ကြည့်ကိုကြည့်သင့်တဲ့ဇာတ်ကားကောင်းတစ်ကားပါပဲ။     File Size :(4.7GB)(1.5GB) and (380 MB) Quality : WEB-DL1080P5.1Ch, 720p Format…mp4 Duration…02:00:00 Genre : Horror,Sci-Fi , Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Yee Wai Encoded by Phyo ...
movie

The Host(2006)

Decision to Leave (2022) 7.6
Decision to Leave (2022) Decision to Leave ( 2022) ----------------------- ဒီရုပ်ရှင် နာမည်စထွက်ကတည်းက ပတ်ချန်းဝုရိုက်ပြီး Lust Cautionတစ်ကားနဲ့တင် ဆင်ဆာစပယ်ရှယ်မိထားတဲ့ ထျန်းဝေက အဓိကသရုပ်ဆောင်ထားတာမို တော်တော်လေး မျှော်နေခဲ့တာပါ။ ထျန်းဝေမှာလည်း သရုပ်ဆောင်သာကောင်းတယ် တရုတ်ပြည်ကမကြည်တာမို ပိုင်ကန်ရဲ့ long daysတို အန်းလီရဲ့ Lust cautionတိုကလွဲ ဘာကားမှကောင်းကောင်းများများမရှိလှဘူးမလား။ နောက် ဆရာပတ်ကတော့ သိကြတဲ့အတိုင်း Old Boyကားနဲ့ လျှမ်းလျှမ်းတောက်ခဲ့ပြီး အနောက်ကမ္ဘာကပါ ပြန်ရိုက်ရသလို တောင်ကိုရီးယားဒါရိုက်တာတွေထဲ သူ့ကိုကြိုက်တဲ့သူလည်းတော်တော်များပါတယ်။ ရိုက်သမျှကားအကုန်လည်း ရှယ်တွေချည်းပဲကိုး၊ပ တ်ချန်းဝုဟာ တောင်ကိုရီးယားရုပ်ရှင်လိုင်းမှာ လီချန်းဒုံပြီးရင် ကျွန်တော့်အတွက်တော့ ကားအသစ်အထွက်စေချင်ဆုံး ဒါရိုက်တာပါပဲ။ ဆရာကြီးလီကတော့ ထွက်မလာပေမဲ့ ပတ်ချန်းဝုကတော့ ထွက်လာပါပြီ ဒီရုပ်ရှင်ကိုလည်း အင်္ဂလိပ်စာဖိုင်မထွက်သေးတာကြောင့် ဇာတ်လမ်းတော့ သေချာမကြည့်ရသေးပေမဲ့ စီနီမာတိုဂရပ်ဖီတွေပတ်ကြည့်ထားတာတော့ အကုန်အပျံစားတွေချည်းပါပဲ။ စီနီမာတွေကိုချည်း ထိုင်ကြည့်နေရင်တောင် ပျင်းစရာကိုမရှိပါဘူး။ ပတ်ချန်းဝုရဲ့ အရည်အသွေးမကျဘဲ ပတ်ချန်းဝုကားပီပီသသနဲ့ထွက်လာတယ်ပြောရပါမယ်။ ဇာတ်အိမ်ကိုတော့ သေချာမကြည့်ရသေးဘူးပေါ့။ ...
movie

Decision to Leave (2022)

2022
April Snow (2005) 6.7
April Snow (2005) April Snow (2005) ~ IMDb Rating - 6.7/10 ~၁ အစတုန်းကတော့အဲ့ဒီလူက ကျွန်မအတွက် အသင့်လျော်ဆုံးသူလို့ ထင်ခဲ့မိတဲ့အချိန်တွေရှိခဲ့ဖူးတာပေါ့... သူ့အတွက်ပဲ တစ်သက်လုံး ဝေယျာဝစ္စလုပ်ပေးခဲ့တဲ့ ကျွန်မပုံစံက ငြီးငွေ့စရာကောင်းနေခဲ့တာလား... အဲဒီလူကြောင့်ပဲ ရှင်နဲ့ကျွန်မနဲ့ ဆုံတွေ့ခွင့်ရခဲ့တယ်။ကျွန်မ ဟိုးအစကတည်းက ရှင်နဲ့တွေ့ခဲ့ရင် ဘယ်လောက်ကောင်းလိုက်မလဲ.... နွေမှာ နှင်းမကျသလို ရှင်နဲ့ကျွန်မလည်း ပေါင်းစပ်လို့ရနိုင်ပါ့မလား....၂ ချစ်ခြင်းဆိုတာ အခြေ‌အနေအချိန်အခါပဲတဲ့။ အချစ်စစ်ကို စောတွေ့လို့လည်းမကောင်း နောက်ကျမှ တွေ့‌လို့လည်းမကောင်းဘူးလို့တော့ ကိုယ်ကြားဖူးတာပဲ။ နွေဦးကိုချစ်တဲ့မင်းရယ် ဆောင်းကိုချစ်တဲ့ကိုယ်ရယ် မတူညီမှုများစွာနဲ့ အချင်းချင်းချစ်မိကြတဲ့အထိ ချစ်ခြင်းဟာ ဆန်းကြယ်တယ်မို့လား။ တစ်ခုသောကံကြောင့် တို့ဝေးခဲ့ကြရင် တစ်ခုသောကံကြောင့် ကိုယ်တို့ပြန်ဆုံမယ်လို့ ကိုယ်ယုံတယ်။ အဲဒီအချိန်မှာ မင်းအတွက်နောက်မကျသလို ကိုယ့်အတွက်မစောနေခဲ့ရင် ကံမဆုံခဲ့တဲ့အချစ်တွေ ကံဆုံရဦးမှာပေါ့။ ‌ဆောင်းထက်နွေဦးကို ပိုချစ်ပေမဲ့ နှင်းစက်တွေကို သဘောကျတယ်လို့ မင်းပြောဖူးတယ်နော်။ တစ်နေ့နေ့မှာတော့ မင်းရဲ့နွေဦးမှာ ကိုယ့်ရဲ့နှင်းစက်တွေကြွေကျ နွေဦးနှင်းတွေ လှပနေမှာပေါ့။ ခုတော့ "ငါမြင်နေကျ အရင်လိုအပြုံးတွေ ပြုံးပြဖို့တော့ မင်းအားတင်းထား"...။၃ April ...
movie

April Snow (2005)

2005
Welcome to Dongmakgol (2005) 7.6
Welcome to Dongmakgol (2005) Welcome to Dongmakgol (2005)ဒီတစ်ခါမှာတော့ 2005ခုနှစ်က ထွက်ရှိခဲ့တဲ့ ကားလေးနဲ့မိတ်ဆက်ပေးပါ့မယ်။ဒီကားလေးကတော့ 1950ခုနှစ် တောင်နှင့်မြောက် ကိုရီးယားနှစ်နိုင်ငံကြား စစ်ပွဲကာလကို အခြေတည်ပြီး ရိုက်ကူးထားတာပါ။ဝေးလံခေါင်းပါးတဲ့ တောင်ပေါ်‌‌‌မှာ လက်ရှိခေတ်အခြေအနေနဲ့ ဝေးကွာနေတဲ့ ဒုန်မာဂ်ဂိုလ်ဆိုတဲ့ ရွာလေးရှိပါတယ်။လေယာဉ်ပျက်ကျပြီး ဘာသာစကားမတူညီ လူမျိုးမတူညီတဲ့ ရွာလေးကိုရောက်လာတဲ့ အမေရိကန်လေတပ်က ကပ္ပတိန်တစ်ဦးရယ်....စစ်ပွဲကြောင့် တောထဲလမ်းပျောက်နေကြတဲ့ တောင်ပိုင်းက စစ်သား၂ယောက်နဲ့ မြောက်ပိုင်းက စစ်သား၃ယောက်ရယ်....ဒုန်မာဂ်ဂိုလ်ဆိုတဲ့ ရွာလေးမှာ ရေစက်လာစုံကြပါတော့တယ်။တစ်ဖက်က လူမျိုးမတူတဲ့ လေတပ်ကကပ္ပတိန်.... နောက်တစ်ဖက်မှာက တကယ့်ရန်သူတော်ကြီးတွေ.... ကြားထဲမှာကတော့ ဘာဆိုဘာမှမသိတဲ့ ရိုးသားတဲ့ ရွာသူရွာသားတွေသူတို့ကြားထဲက အလွဲလေးတွေကို ဟာသနှောရိုက်ကူးထားပေမယ့်ထည့်ထားတဲ့အနှစ်သာရတွေကတော့ အချစ်၊အမုန်း၊သံယောဇဉ် စသဖြင့် အစုံအလင်ပါပဲ။ရယ်လည်းရယ်ချင်တယ် နွေးထွေးပြီး အရသာ‌ကောင်းတာလေးလည်း ကြည့်ချင်တယ်ဆိုရင်တော့ ဒီကားလေးကိုကြည့်ဖို့ အကြံပေးလိုက်ပါတယ်။အညွှန်း နဲ့ ဘာသာပြန်ကတော့ Milkeux ပဲ ဖြစ်ပါတယ်။Genre.....Comedy, Drama, War Quality….WEB-DL 1080p and 720p and 360MB File size…2.1GB and 1.1GB and ...
movie

Welcome to Dongmakgol (2005)

2005
Spiritwalker (2021) 6.7
Spiritwalker (2021) Spiritwalker (2021)ကားတိုက်မှုဖြစ်ပြီး နိုးလာတဲ့အခါမှာ ဂန်အီရန် (Yoon Kye Sang) က သူ့ကိုယ်သူ မမှတ်မိတော့ဘဲ သေနတ်ဒဏ်ရာနဲ့ ဖြစ်နေပါတယ် အဲ့လိုနဲ့ သူသိလာရတာက သူ့ရဲ့ခန္ဓာကိုယ်က ၁၂ နာရီ ခြားတစ်ခါ ပြောင်းပြောင်းသွားတာပါပဲ အရင်ကကားတွေလိုမျိုး စိတ်နှစ်ခွတို့၊ ဝိညာဉ်က သေလို့ဝင်‌ကူးတာမျိုးမဟုတ်ပါဘူး အမှုတစ်ခုနဲ့ ဆက်စပ်မှုရှိနေတဲ့သူတွေရဲ့ ခန္ဓာကိုယ်ထဲကို ရောက်ရောက်သွားတာပါအဲ့လိုမျိုး သူ့ရဲ့ တကယ့် Identity က ဘာမှန်းမသိတော့ပါဘူး အဲ့လိုနဲ့ သူရောက်သွားတဲ့ ခန္ဓာကိုယ်တစ်ခုမှာ မှောင်ခိုရောင်းဝယ်မှုတစ်ခုနဲ့ကြုံလာရတယ် အဲ့အမှုကြားထဲ ဘာမှမသိဘဲရောက်နေရင်း မွန်းဂျင်အာ(Lim Ji Yeon) နဲ့ တွေ့ပါတော့တယ် သူ့စိတ်ထဲမှာ အဲ့မိန်းကလေးကို သိသလိုဖြစ်နေပေမယ့် အဲ့မိန်းကလေးကတော့ သူ့ရဲ့ပြောင်းလဲနေတဲ့ခန္ဓာကိုယ်ကြောင့် မမှတ်မိပါဘူးဂန်အီရန်က သူ့ရဲ့အဖြစ်အပျက်တွေကို သူနိုးလာတော့ အနားမှာတွေ့တဲ့ အိမ်ခြေရာမဲ့ လူကြီးတစ်ယောက်ကိုပဲပြောပြပါတယ် အဲ့လူကြီးနဲ့ နှစ်ယောက်သား သူဘာဖြစ်နေလဲဆိုတာ ဖော်ထုတ်သွားမှာကို စိတ်ဝင်တစားကြည့်ရမှာပါကျွန်မတို့ ပရိတ်သတ်တွေကတော့ မင်းသားကို ဂန်အီရန်မှန်းသိထားပေမယ့် မင်းသားကတော့ သူ့ကိုယ်သူမသိဘဲ လိုက်ရှာနေမှာဆိုတော့ "Spirit Walker" ...
movie

Spiritwalker (2021)

2021
Man of Will (2017)
Man of Will (2017) Man of Will (2017) ဇာတ်လမ်းအညွှန်း******************************** ဧကရာဇ် အုပ်စိုးခွင့် ကုန်ဆုံးခါနီးတွင် ကိုရီးယားကို အုပ်စိုးချင်တဲ့ ရုရှားနဲ့ ဂျပန်တို့ကြား အငြင်းပွားမှုများ ဖြစ်ပေါ်ခဲ့ပါတယ်နောက်ဆုံးမှာတော့ ဂျပန်က အသာစီးရပြီး ကိုရီးယားဘက်က ဂျပန်နဲ့ သံတမန်ရေး အဆင်ပြေအောင် ကြိုးစားခဲ့တာကြောင့် ကိုရီးယားဟာ ဂျပန်တို့ ဩဇာညောင်းတဲ့ နိုင်ငံ တစ်ခု ဖြစ်လာခဲ့တယ် မိဖုရားကြီး လုပ်ကြံခံလိုက်ရတာကြောင့် အမျက်ဒေါသထွက်နေတဲ့ ဂင်ချန်းဆူဟာ စိတ်ကိုမထိန်းနိုင်ဘဲ လုပ်ကြံမှုမှာ ပါဝင်ခဲ့တဲ့ ဂျပန်လူမျိုးတစ်ယောက်ကို သတ်လိုက်မိတဲ့အတွက် ပြစ်ဒဏ်ချမှတ်ခံရပြီး အင်ချွန်းထောင်ကို အပို့ခံလိုက်ရပါတယ်အင်ချွန်းထောင်ထဲကို ရောက်သွားတဲ့အခါမှတော့ ထောင်သားတွေကို စာသင်ပေးပုံ၊ ငုပ်လျှိုးနေတဲ့ မျိုးချစ်စိတ်ကို ပြန်လည်ဖော်ဆောင်ပေးပြီး ဂျပန်လက်အောက်မှ လွတ်မြောက်ရေးအတွက် စိတ်အားထက်သန်စွာ တော်လှန်ခဲ့ပုံတွေအကြောင်း ရိုက်ကူးထားတဲ့ ဖြစ်ရပ်မှန် ဇာတ်လမ်းလေးပါ ဒီဇာတ်ကားမှာ နာမည်ကြီးမင်းသားကြီး Cho Jin Woong အပြင် ဂျွန်စောအဖြစ် လူသိများတဲ့ Song Seung Heon ...
movie

Man of Will (2017)

2017
Pandora(2016) 7.0
Pandora(2016) Pandora(2016) အညွှန်း********************IMDb...7.0Pandoraရုပ်ရှင်ဇာတ်ကားဟာ ၂၀၁၆ခုနှစ်မှာ ပြသခဲ့တဲ့ သဘာဝဘေးအန္တရာယ်အကြောင်းရိုက်ကူးပြသထားတဲ့ရုပ်ရှင်ပဲဖြစ်ပါတယ် ၂၀၁၇ခုနှစ်မှာ အကောင်းဆုံးရုပ်ရှင်ဇာတ်ကားအဖြစ်ဆန်ကာတင်စာရင်းဝင်ခဲ့ပြီး ဝင်ငွေများစွာ ရရှိထားခဲ့ပါတယ် ဂျယ်ဟော့ (Kim Nam-Gil)ဟာ မိခင်(Kim Young-Ae)နှင့် မရီး (Moon Jeong-Hee),တူဖြစ်သူ မင်ဂျယ် (Bae Gang-Yoo)တို့နှင့်အတူ မြို့သေးသေးမှာ အတူတူ နေထိုင်ကြပါတယ်...သူတို့မြို့မှာ ရှိတဲ့ နျူးကလီးယားဓာတ်အားပေးစက်ရုံမှာ အလုပ်လုပ်ပြီး ယောင်းဂျူ (Kim Joo-Hyun)နဲ့ တွဲနေကြပါတယ်.. နျူးကလီးယားဓာတ်အားပေးစက်ရုံရဲ့ ဌာနမှူး (Jung Jin-Young) ဟာ လက်ရှိ စက်ရုံအခြေအနေကို စိတ်ပူပြီး အထက်ကို တင်ပြပေမယ့် ဘယ်သူကမှအရေးတယူ မလုပ်ခဲ့ပါဘူး ဒီလိုနဲ့ တစ်နေ့မှာ ပြင်းအား အတော်အသင့်ရှိတဲ့ငလျင် လှုပ်ခတ်ခဲ့ပါတယ်...ငလျင်ဒဏ်ကြောင့် စက်ရုံမှာ ‌‌ပေါက်ကွဲမှုအနည်းငယ်ဖြစ်ခဲ့ပြီး မြိုအနီးတစ်ဝိုက်မှာရေဒီယိုသတ္တိကြွဓာတ်ရောင်ခြည်တွေ ပျံ့လွင့်သွားခဲ့ပါတယ် နျူးကလီးယားစက်ရုံပေါက်ကွဲတယ်ဆိုတဲ့သတင်းက တစ်နိုင်ငံလုံးကို ပျံ့သွားပြီး အခြေအနေတွေက ထိန်းချုပ်မရဖြစ်သွားခဲ့ပါတယ်...စက်ရုံအတွင်းပိုင်းမှာလည်း ဓာတ်ငွေ့ယိုစိမ့်မှုတွေ ဖြစ်ပြီး နောက်ထပ်ပေါက်ကွဲမှုဖြစ်ခဲ့ရင်အခြေအနေတွေ ဆိုးဝါးသွားနိုင်တာကြောင့် စက်ရုံက ဌာနမှူးနဲ့ ဂျယ်ဟော့တို့အဖွဲ့နျူးကလီးယားဓာတ်အားပေးစက်ရုံထဲ ...
movie

Pandora(2016)

Memories of Murder (2003) 8.1
Memories of Murder (2003) IMDb (8.1/10)....Rotten Tomatoes (95%) Rating တွေကြည့်ပြီး ကိုရီးယားဇာတ်ကားမှ ဟုတ်ရဲ့လားလို့ အတွေးမများပါနဲ့။ ကိုရီးယားဇာတ်ကားအစစ်ဖြစ်သလို မင်းသားမင်းသမီးချောချာလှလှတွေလဲ တစ်ယောက်မှမပါပါဘူး။ ဒီဇာတ်ကားဟာ ကိုရီးယားရဲ့ အနုပညာအရည်အသွေးကို ကမ္ဘာကိုချပြနိုင်ခဲ့တဲ့ဇာတ်ကားဖြစ်ပါတယ်။ ကြည့်ကိုကြည့်သင့်ပါတယ်။ ကျွန်တော်ကတော့ ဇာတ်ကားကိုကြည့်ပြီး ရင်ထဲတနုံ့နုံ့နဲ့ ဖြစ်နေတာ ဒီနေ့နဲ့ဆို သုံးရက်ရှိခဲ့ပါပြီ....သူငယ်ချင်းတို့လဲ ခံစားကြည့်ပါဦး....ဇာတ်လမ်းအညွှန်းကိုတော့ ဒီဇာတ်ကားကြည့်ဖြစ်စေခဲ့တဲ့ ကိုညီလင်းအိမ်ရဲ့အညွှန်းနဲ့ မိတ်ဆက်ပေးပါရစေ။ -------------------------------------------- Memories Of Murder ကိုယ်တွေကပဲ နောက်ပိုင်း အဲဒီလို အကြောင်းအရာတွေကိုပဲ ရွေးဖတ်မိကြည့်မိနေတာလား တိုက်ပဲတိုက်ဆိုင်နေသလား မသိဘူး။ စိတ်ထဲစွဲနစ်စွာ ကျန်ခဲ့တဲ့ ဇာတ်ကားတွေ စာအုပ်တွေမှာဆို အဓိက ခံစားခဲ့ရတာက "မရေရာမှု "ပဲ။အီးလိုဆို "Doubtful"လား "Inconclusively "လား ဘယ်ဟာက ပိုလေးနက်လဲတော့မသိဘူး။ အမှန်တရားလည်း မရှိဘူး ။အမှားတရားလည်း မရှိဘူး။ရှုံးတယ်လည်း မရှိဘူး။နိုင်တယ်လည်း မရှိဘူး။ ဘယ်သတ်မှတ်ချက်မှ မှန်တယ်လို့ တရားသေ ကောက်ချက်ဆွဲလို့မရတဲ့ စိတ်ခံစားမှု တွေပေးတဲ့ စာတွေ ရုပ်ရှင်တွေ မကြာခဏ ကြည့်ဖြစ်ဖတ်ဖြစ်ပါတယ်။ လတ်တလော ...
movie

Memories of Murder (2003)

2003
Pipeline (2021) 7.7
Pipeline (2021) Pipeline (2021)2021 ထွက် အရမ်းမိုက်ပြီး ပျင်းစရာမကောင်းဘဲ စိတ်ဝင်တစားကြည့်ရမယ့် အက်ရှင်ကားကောင်းလေးတစ်ကားကို မိတ်ဆက်ပေးချင်ပါတယ်။ဇာတ်လမ်းအမျိုးအစားကတော့ Action/Crime အမျိုးအစားဖြစ်ပြီး IMDB 7.7/10 ထိ ရထားတဲ့ ကြည့်လို့ရှယ်ကောင်းမယ့် အက်ရှင်ကားလေးပဲဖြစ်ပါတယ်။တစ်ချို့နေရာတွေလေးတွေမှာ ဟာသပါးပါးလေး ထည့်ပေးထားလို့ အက်ရှင်ကားဆိုပေမယ့် မိန်းကလေး ပရိတ်သတ်တွေပါ အကြိုက်တွေ့မယ့် မပျင်းမရိကြည့်ပျော်တဲ့ ကားလေးလည်းဖြစ်ပါတယ်။မင်းသားတွေကလည်း အခုနာမည်ကြီးနေတဲ့ Doom at your service က အချောလေး Seo In-guk နဲ့ နောက်ထပ် အားပြိုင် ဗီလိန် မင်းသားချော Lee Soo-hyuk တို့က သရုပ်ဆောင်ချက်ကောင်းကောင်းတွေနဲ့ ပါဝင်သရုပ်ဆောင်ပေးထားလို့ ကြည့်ရတာတန်မယ့်ကားလေးပါ။ဇာတ်လမ်းအကျဉ်းကို ဆက်ရရင် ဖီဒိုးဆိုတဲ့ နာမည်ကြီး ပိုက်လိုင်းဖောက်ထွင်းသူက ဆီမှောင်ခိုလောကမှာ ဖောက်ဖို့မလွယ်တဲ့ တစ်လက်မပတ်လည် ဆီခိုးထုတ်တဲ့ အပေါက်ဖောက်ပြီး နာမည်ကြီးနေတဲ့ ဆီမှောင်ခိုသမားတစ်ယောက်ပါ။သူ့လို လိုက်တုတဲ့ copycat တွေလည်း ရှိတဲ့ မှောင်ခိုလောကက နာမည်ကြီးတစ်ယောက်ပေါ့။ တစ်ရက်မှာ သူ့လိုလူနဲ့ လူဆိုးဂိုဏ်းတစ်ခုက အလုပ်လုပ်ဖြစ်သွားရင်း ကြေးကြီး စပွန်ဆာတစ်ယောက်နဲ့ ဖီဒိုးကို အလုပ်လုပ်ဖို့ ဆက်သွယ်ပေးဖြစ်ခဲ့ပါတယ်။ဒီစပွန်ဆာ ဘဲကလည်း ရေနံကုမ္ပဏီ ...
movie

Pipeline (2021)

2021
1987: When the Day Comes (2017) 8.2
1987: When the Day Comes (2017) 1987 : When the day comes (2017)Zawgyiဒီဇာတ်ကားကို လွန်ခဲ့တဲ့နှစ်သုံးဆယ်ကာလက တောင်ကိုရီးယားနိုင်ငံမှာ ဖြစ်ပျက်ခဲ့တဲ့ ဖြစ်ရပ်မှန်အကြောင်းအရာတွေကို အခြေခံပြီးရိုက်ကူးထားပဲဖြစ်တယ်။အဲဒီအချိန်တုန်းက တောင်ကိုရီးယားနိုင်ငံဟာ အခုလို ဖွံ့ဖြိုးပြီးနိုင်ငံမဟုတ်သေးဘူး။စစ်အစိုးရနဲ့ အာဏာပိုင်တွေရဲ့ခေါင်းပုံဖြတ်မှုတွေကို ပြည်သူတွေလည်စင်းခံနေရတဲ့အချိန်၊ အဲဒီလိုဖိနှိပ်ချုပ်ချယ်မှုတွေကို မခံနိုင်တဲ့အဆုံးမှာ ကျောင်းသားတစ်စုဟာ စစ်အစိုးရကိုဆန့်ကျင်တဲ့အနေနဲ့ လမ်းမပေါ်ထွက်ပြီး ဆန္ဒပြတော့တယ်။အင်အားကြီးသူနိုင်စတမ်းဆိုသလို အဲဒီဆန္ဒပြမှုမှာအနိုင်ရရှိသွားသူကတော့အာဏာပိုင်တွေပါ။ဆန္ဒပြကျောင်းသားတစ်ဦးဖြစ်တဲ့ အသက်၂၁နှစ်အရွယ် ဆိုးလ်တက္ကသိုလ်ကကျောင်းသား ပက်ဂျွန်ချောအပါအ၀င်ဆန္ဒပြသူအချို့ကို အာဏာပိုင်တွေလက်ဝယ်ဖမ်းဆီးရခဲ့တယ်။ကျုပင်ခုတ်ကျုငုတ်ပါမကျန်အောင်ရှင်းမယ်ဆိုတဲ့အကြံနဲ့အာဏာပိုင်တွေဟာ အဖမ်းဆီးခံကျောင်းသားပက်ဂျွန်ချောကို နှိပ်စက်နည်းပေါင်းစုံနဲ့နှိပ်စက်ပြီး ဆန္ဒပြမှုနဲ့ပတ်သတ်တဲ့အကြောင်းအရာတွေကို စစ်ကြောမေးမြန်းခဲ့တယ်။ပက်ဂျွန်ချောတစ်ယောက်လည်းနှိပ်စက်မှုပေါင်းစုံကို မခံနိုင်တော့ပဲ နောက်ဆုံးမှာ အသက်ပါဆုံးရှုံးသွားတော့တယ်။သူ့ရဲ့သေဆုံးမှုဟာ 1987 ဇွန်လမှာ တောင်ကိုရီးယားနိုင်ငံရဲ့သမိုင်းဝင်ဆန္ဒပြမှုကြီးအဖြစ် ပြောင်းလဲပေးခဲ့ပါတယ်။ဖိနှိပ်ခံရပုံတွေ မတူညီကြပေမယ့် ပြည်သူတွေအားလုံးရဲ့ တစ်ခုတည်းသောဦးတည်ချက်ကတော့ ဒီမိုကရေစီဖော်ဆောင်ရေး၊ အဲဒီလို ပြည်သူတွေအားလုံးညီညီညွတ်ညွတ် သွေးတွေချွေးတွေနဲ့ပေးဆပ်ခဲ့တာကြောင့်လည်း တောင်ကိုရီးယားနိုင်ငံဟာ ယနေ့အချိန်မှာ ဖွံ့ဖြိုးပြီးနိုင်ငံတစ်ခု ရပ်တည်နေနိုင်တာဖြစ်ကြောင်းကိုဒီဇာတ်ကားက ကောင်းကောင်းကြီးမီးမောင်းထိုးပြနေတယ်။ဒီဇာတ်ကားဟာ ဝေဖန်ရေးတွေအကြားမှာ အောင်မြင်ရုံသာမက ငွေကြေးပိုင်းအရလည်း တော်တော်ကြီးကိုအောင်မြင်ခဲ့တဲ့ကားပါ။$14 သန်းရင်းထားတဲ့ဇာတ်ကားဟာ ပြည်တွင်းဝင်ငွေ $54 သန်းကျော်ရရှိခဲ့တာဟာ တော်တော်ကြောက်စရာကောင်းတဲ့အောင်မြင်မှုမျိုးပါ။IMDB ...
movie


2017
Closer to Heaven (2009) 6.6/10
Closer to Heaven (2009) Closer to Heaven (2009) မင်းသမီးဟာဂျီဝန် ပါဝင်သရုပ်ဆောင်ထားတဲ့ ဇာတ်ကားဟောင်းလေးတစ်ကားကို တင်ဆက်ပေးချင်ပါတယ် အသုဘအခမ်းအနားတွေကိုပြင်ဆင်လုပ်ကိုင်ပေးတဲ့ ဂျီဆူးဟာ အရမ်းကိုကြင်နာစိတ်ရှိတဲ့​ကောင်မ​လေးပါ လူ​​တွေကိုလည်းအတတ်နိုင်ဆုံးကူညီ​​ပေးတတ်ပါတယ် ဒါ​ပေမယ့် သူဟာ လူ​​သေအ​လောင်း​တွေကို အလှပြင်​ပေးရတဲ့သူမို့လို့ သူ့ရဲ့လက်ကို မင်္ဂလာမရှိတဲ့လက်ဆိုပြီး​ ပြောဆိုကြပါတယ် ရည်းစားဟောင်းဖြစ်သူကလည်း ပြတ်ဖို့အ​ကြောင်းရှာမရ​တော့ သူ့ရဲ့လက်က​ကြောက်ဖို့​ကောင်းလို့ဆိုပြီးဖြတ်သွားခဲ့ပါတယ် ဒီလိုသနားစရာကောင်းလှတဲ့ဘ၀မှာ နေထိုင်နေရတဲဲ့ ဂျီဆူးဘ၀ထဲကို တစ်နေ့မှာတော့ ဂျုံးဝုဆိုတဲ့ လူတစ်​ယောက်ဝင်​ရောက်လာခဲ့ပါတယ် ေပြာရရင် ဂျုံးဝုဟာလည်း လူ​ကောင်းတစ်​ယောက်​တော့မဟုတ်ပါဘူး ကုသလို့မရနိုင်တဲ့ ကြွက်သားအားနည်း​ရောဂါကိုခံစား​နေရတဲ့ လူတစ်​ယောက်ပါ ဒါ​ပေမယ့်လည်း သူဟာ သူ့ဘဝကို အရှုံးမ​ပေး​ပါဘူး ရှေ့နေတစ်​ယောက်မဖြစ်ဖြစ်အောင်ကြိုးစားမယ်လို့ စိတ်ပိုင်းဖြတ်ထားတဲ့သူပါ သူဟာ ဂျီဆူးကို မြင်မြင်ချင်းချစ်မိခဲ့ပြီး သူ့နားမှာ​နေ​ပေးဖို့ တောင်းဆိုခဲ့ပါတယ် လူ​တွေကိုကြင်နာသနားတတ်တဲ့ ဂျီဆူးဟာလည်း သ​ဘောတူခဲ့ပြီး​​တော့ ဂျုံးဝုခံစားနေရတဲ့ ရောဂါကို ပျောက်ကင်းအောင်ကူညီပေးမယ်ဆိုပြီး ဆုံးဖြတ်ချက်ချလိုက်ပါတော့တယ် Drama ဇာတ်ကားဖြစ်​နေတာနဲ့အညီ လွမ်း​ဆွေးငို​ကြွေးရတဲ့ရသတွေကို သေချာ​ပေါက်ခံစားကြည့်ရှုရမှာပါ ရှေ့ဆက်ပြီး သူတို့နှစ်​ယောက်အခက်အခဲ​တွေကို ဘယ်လိုရင်ဆိုင်​ဖြေရှင်းကြမလဲဆိုတာ​တွေ သူတို့နှစ်​ယောက်ကြားက ခိုင်မာတဲ့ချစ်ခြင်းတရား​တွေကို တ၀ကြီး ကြည့်ရှုရမှာဖြစ်ပါတယ် ဇာတ်လမ်းလေးကကြည့်လိုက်ရင်ရိုးသလိုဖြစ်နေပေမယ့် ကြည့်ရှုသူကိုအဆုံးထိဆွဲခေါ်သွားနိုင်ပါတယ် ဘာပဲပြောပြော ဇာတ်ကားကောင်းတစ်ကားဆိုတာကိုတော့ ငြင်းလို့မရနိုင်ဘူးပေါ့ Drama ဇာတ်ကားတစ်ကားဖြစ်တဲ့အတွက်ကြောင့် မျက်ရည်ခိုင်ခိုင်ထားပြီမှး ကြည့်ကြဖို့တိုက်တွန်းချင်ပါတယ် ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Thet Hnin Hsu ပါ Encoded by August File Size - 2GB , ...
movie

Closer to Heaven (2009)

Trade Your Love (2019) 5.3
Trade Your Love (2019) [Unicode]ဒီတစ်ခေါက်မှာတော့ 2019 တုန်းက ထွက်ထားတဲ့ ဇာတ်ကားလေးတင်ဆက်ပေးပါမယ်ဒီဇာတ်ကားထဲမှာ Find me in your memory မင်းသား Kim Dong-Wook နဲ့ My Holo Love က မင်းသမီး Ko Sung-Hee တို့က ပါဝင် သရုပ်ဆောင်ထားပါတယ်ဇာတ်လမ်းအကျဉ်းဂျောင်ဆောင်းဆော့ဟာ လေကြောင်းလိုင်းတစ်ခုပိုင်ရှင် ရဲ့ သားဖြစ်ပါတယ်ချစ်သူနဲ့ သဘောမတူတဲ့ အဖေဖြစ်သူကြောင့် blind date တွေ ခဏခဏတွေ့နေရပါတယ်ဂယ်ဂျူကတော့ ပြေးခုန်ပစ် အားကစားသမားတစ်ယောက်ဖြစ်ပြီး ဒဏ်ရာကြောင့် ပြိုင်ပွဲတွေကို လက်လျှော့လိုက်ရတဲ့သူပါလက်ထပ်သင့်တဲ့ အရွယ်ဆိုပေမယ့် ချစ်သူ မရှိသေးတာကြောင့် မိဘတွေစီစဉ်ပေးတဲ့ blind date တွေကို အမြဲသွားနေရပါတယ်တစ်နေ့မှာတော့ ဆောင်းဆော့နဲ့ ဟယ်ဂျူတို့ blind date မှာတွေ့ကြတဲ့အခါဘယ်လိုအပေးအယူတွေနဲ့ သူတို့တွေ လက်ထပ်ဖို့ စီစဉ်မှာလဲအဆင်ပြေသွားမှာလားတကယ်ချစ်သူတွေ ဖြစ်သွားမလားဆိုတာတော့ ဒီဇာတ်ကားလေးမှာ ဆက်လက်ကြည့်ရှုကြပါ...။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Seung ...
movie

Trade Your Love (2019)

Quick(2011) 6.0
Quick(2011) Quick(2011)ဆိုင်ကယ်ခပ်လန်းလန်းကိုစီးပြီး ပစ္စည်းပို့တဲ့အလုပ်ကိုလုပ်နေတဲ့ ကောင်လေးတစ်ယောက်ရှိတယ်....သူဟာ မြို့ရဲ့ ယာဉ်ထိန်းရဲတွေရဲ့ အထှာကိုသိသလိုလမ်းတွေရဲ့အနေအထားကိုလည်းသိတယ်,,, သူ့ရဲ့ဆိုင်ကယ်စီးကျွမ်းကျင်မှုကိုအသုံးချပြီး ပစ္စည်းတွေပို့တဲ့နေရာမှာ စည်းကမ်းမဲ့ ပြဿနာတွေလည်း တစ်ခါတစ်ရံဖြစ်လေ့ရှိတယ်....အချိန်တိုအတွင်း ရှုတ်ထွေးတဲ့လမ်းမထက်မှာ သူများထက်ပစ္စည်းပို့မြန်ဆန်လေ့ရှိတဲ့အတွက်ကြောင့်ဝန်ဆောင်ခ များများလေးရလေတော့ သူ့အတွက်တော့ အတော်တွက်ချေကိုက်တဲ့အလုပ်ပါပဲ...တစ်နေ့တော့ သူပါဆယ်ပို့တဲ့ အဆောက်အဉီးမှာ ဗုံးပေါက်ကွဲမှုဖြစ်တယ်....နောက်ပြီး လူတစ်ယောက်ကိုလိုက်လံပို့ဆောင်စဉ်မှာ ဆိုင်ကိုင်စီးဦးထုတ်မှာဗုံးထောင်ခံရတဲ့အပြင် အမည်မသိ ဖုန်းခေါ်ဆိုမှုကနေ ဆိုင်ကယ်စီးဉီးထုတ်ဗုံးပေါက်မဲ့ကိစ္စည်ခြိမ်းချောက်ခံရပါတယ်...အဆောက်အဉီးဗုံးပေါက်ကွဲမှုမှာ ရဲတွေ သံသယတရားခံနောက်လိုက်စဉ်မှာလည်း ပါဆယ်ပို့တဲ့သူကအဓိက သံသယတရားခံဖြစ်လာတဲ့အချိန်မှာတော့....ကိုင်းဘာတွေဆက်ြဖစ်မလဲ...ဘယ်သူက ခြိမ်းချောက်တာလဲ..ဘာ့ကြောင့်လဲ...အဆောက်အဉီးမှာရော ဘာလို့ဗုံးထောင်တာလဲ...ကွီးယားခပ်မိုက်မိုက်စတန့် အက်ရှင် ကားကြိုက်တဲ့သူတွေအဖို့လက်မလွှတ်သင့်ပါကြောင်း...File Size : (850 MB) and (314 MB) Quality : Blu-Ray 720p Format…mp4 Duration…01:30:00 Genre : Action , Comedy , Crime Subtitle : Myanmar Subtitle (Hard Sub) Translated by Han Thu Aye Encoded by Phyo Pyae
movie

Quick(2011)

Idol ( 2019 ) 5.8
Idol ( 2019 ) Zawgyi*******ဒီကားလေးကတော့ပြည်သူတွေဖက်ကနေရပ်တည်ပြီးတရားမျှတမှုရှိတယ်လို့နာမည်ကျော်တဲ့ကိုမြောင်ဟီ သားဖြစ်သူရဲ့ကားမတော်တဆမှုတစ်ခုကြောင့်လူသေမှုဖြစ်သွားတာကိုသားကိုဖြောင်းဖြပြီး အမှုရင်ဆိုင်ခိုင်းပြီးတဲ့နောက်သားသေဆုံးမှုကြောင့်အရူးတစ်ပိုင်းဖြစ်ခဲ့တဲ့ဂျွန်စစ်အမှုအဖြစ်အပျက်ကိုအစဆုံးသိတဲ့ ဘိုနမ်ကို၂ယောက်သားမတူညီတဲ့အကြောင်းပြချက်တွေနဲ့လိုက်ရှာကြရင်းဘယ်လိုတွေဆက်ဖြစ်လာမလဲအမှုမှန်ပေါ်လာမလားဆိုတာဆက်လက်ကြည့်ရှုလိုက်ကြပါစို့နော်..... Unicode*******ဒီကားလေးကတော့ပြည်သူတွေဖက်ကနေရပ်တည်ပြီးတရားမျှတမှုရှိတယ်လို့နာမည်ကျော်တဲ့ကိုမြောင်ဟီ သားဖြစ်သူရဲ့ကားမတော်တဆမှုတစ်ခုကြောင့်လူသေမှုဖြစ်သွားတာကိုသားကိုဖြောင်းဖြပြီး အမှုရင်ဆိုင်ခိုင်းပြီးတဲ့နောက်သားသေဆုံးမှုကြောင့်အရူးတစ်ပိုင်းဖြစ်ခဲ့တဲ့ဂျွန်စစ်အမှုအဖြစ်အပျက်ကိုအစဆုံးသိတဲ့ ဘိုနမ်ကို၂ယောက်သားမတူညီတဲ့အကြောင်းပြချက်တွေနဲ့လိုက်ရှာကြရင်းဘယ်လိုတွေဆက်ဖြစ်လာမလဲအမှုမှန်ပေါ်လာမလားဆိုတာဆက်လက်ကြည့်ရှုလိုက်ကြပါစို့နော်..... Translated & Reviewed By MineEncoded By LK
movie

Idol ( 2019 )

2019
Han Gong-ju (2013) 7.3
Han Gong-ju (2013) ဒီကားဟာ ကိုရီးယားနိုင်ငံက ၂၀၀၄ ခုနှစ်မှာဖြစ်ခဲ့တဲ့ မီရမ်ဂန်မုဒိန်းမှု ဆိုတဲ့ဖြစ်ရပ်မှန်အမှုကို အခြေခံပြီးရိုက်ကူးထားတာဖြစ်ကြောင်းအရင်ဆုံးပြောပြပါရစေ ပြီးတော့ ဒီကားကိုရိုက်တဲ့ဒါရိုက်တာ လီဆုဂျင်းဟာ ဒီဇာတ်ကားနဲ့ သူ့ရဲ့ပထမဆုံးဒါရိုက်တာဆုကိုရရှိခဲ့ပါတယ် ဒီဇာတ်ကားနဲ့ စုစုပေါင်း ဆု ၂၄ဆုကို ရရှိခဲ့ပါတယ် ဆန်ကာတင်စာရင်းဝင်တာကတော့ မရေတွက်နိုင်အောင်ပါပဲ ပြီးတော့ IMDB Rating ၇.၃ ရထားပါတယ် ဇာတ်လမ်းကတော့ အထက်တန်းကျောင်းသူလေး၂ယောက်ဟာ မုဒိန်းကျင့်ခံရပါတယ် မုဒိန်းမှုလို့ကြားရင်ကို စိတ်ထဲမခံချိမခံသာဖြစ်နေရပါပြီ ဒါပေမယ့်ပိုဆိုးတာက တစ်ယောက်တည်းကကျင့်တာမဟုတ်ပဲ အုပ်စုဖွဲ့ပြီး တစ်ဒါဇင်သော ယောင်္ကျားလေးများက အလှည့်ကျကျင့်တာခံလိုက်ရတာပါ ကောင်မလေးတစ်ယောက်ကတော့ လောကကြီးကိုနှုတ်ဆက်ပြီး သတ်သေသွားပါတယ် ကျန်ခဲ့တဲ့ ကောင်မလေးတစ်ယောက်အတွက် တရားဥပဒေက ဘယ်လောက်လုံခြုံမှုပေးမှာလဲ အသံချိုချိုလေးနဲ့သီချင်းတွေဆိုတတ်တဲ့ကောင်မလေး ရေကူးရတာကြိုက်တဲ့ကောင်မလေး မထုံတတ်တေးနဲ့ သိပ်ပြီးမတွေးတတ်တဲ့ အချိန်ပိုင်းတွေပဲလုပ်ပြီး ပိုက်ဆံရှာနေချင်တဲ့ကောင်မလေး ဒီလိုကောင်မလေးကို သူငယ်ချင်းအရင်းအချာဆိုတဲ့သူတွေက အုပ်စုဖွဲ့ပြီးမုဒိန်းကျင့်ခဲ့တာပါ ဒါပေမယ့် ပြန်ရလိုက်တာကရောတရားရဲ့လား ငွေများငွေနိုင် အာဏာရှိတဲ့သူတွေအနိုင်ရတဲ့ခေတ်ကြီးထဲက အင်အားမဲ့မိန်းမပျိုလေးတစ်ယောက်ရဲ့ အနာဂတ်ကို ဘယ်လိုများရှေ့ဆက်သွားနိုင်မလဲ ကိုယ့်ဘာသာပဲဆက်ကြည့်လိုက်ပါတော့နော် Translated By : ThinZar Htet Encoded By : XCode
movie

Han Gong-ju (2013)

2013