Channel Myanmar

Yuki Yamada

Tokyo Revengers 2 Part 2: Bloody Halloween – Final Battle (2023) 6.6

Tokyo Revengers 2 Part 2: Bloody Halloween – Final Battle (2023)

2023
Tokyo Revengers 2 Part 1: Bloody Halloween – Destiny (2023) 6.5
Tokyo Revengers 2 Part 1: Bloody Halloween – Destiny (2023) Tokyo Revengers 2 Part 1: Bloody Halloween - Destiny (2023)Anime ရော Manga ပါ နာမည်ကြီးခဲ့တဲ့ Tokyo Revengers 2 ရဲ့ Live Action ထွက်ရှိလာပါပြီ။ဇာတ်လမ်းအကျဉ်းကတော့ Takemichi ဟာ သူ့မျက်စိရှေ့မှာတင် Tokyo Manjikai ဂိုဏ်းက သူ့ချစ်သူ Hinata ကို သတ်သွားတာကို မြင်လိုက်ရပါတယ်။ ဒီလိုနဲ့ Takemichi တစ်ယောက် ချစ်သူကိုကယ်တင်ဖို့အတွက် လွန်ခဲ့တဲ့ ၁၀ နှစ်ဆီကို အချိန်ခရီးသွားခဲ့ပါတော့တယ်။ Hinata ကို ကယ်တင်ဖို့ အတိတ်ကအဖြေကို ရှာဖွေရမယ့် Takemichi ဟာ တကယ့်‌အဖြေကို တွေ့ရှိသွားချိန်မှာတော့…။Tokyo Manjikai ဂိုဏ်းကို တည်ထောင်ခဲ့သူ လူ ၆ ယောက်ရဲ့ ဝမ်းနည်းစရာအဖြစ်အပျက်နဲ့ဆက်စပ်နေတဲ့ အဲဒီအဖြေကို Takemichi တစ်ယောက် ဘယ်လိုကိုင်တွယ်သွားမလဲ။ သူ့ချစ်သူ Hinata ကိုရော ကယ်တင်နိုင်ပါ့မလားဆိုတာ စိတ်ဝင်စားဖွယ် ...
movie

Tokyo Revengers 2 Part 1: Bloody Halloween – Destiny (2023)

2023
Whisper of the Heart (2022) 5.8
Whisper of the Heart (2022) Whisper of the Heart (2022)စတူဒီယိုဂီဘီရဲ့ နာမည်ကျော်အန်နီမဲရုပ်ရှင်တစ်ကားဖြစ်တဲ့ Whisper of the Heartကို ပြန်ရိုက်ထားတဲ့ ရုပ်ရှင်ပါ။ အန်နီမဲလောက်တော့ မလှပပေမဲ့ သူ့နည်းသူ့ဟန်နဲ့သူတော့ လှပ်နေတဲ့ ရုပ်ရှင်တစ်ကားလို့ပြောလို့ရပါတယ်။ အန်နီမဲနဲ့မတူတာကတော့ သူက ကလေးဘဝနဲ့ လူကြီးဘဝကို အပြိုင်ပြထားတာပါပဲ။ ရှေ့ကြောင်းပြန်လိုက် နောက်ကြောင်းပြန်လိုက်နဲ့ ကောင်လေးနဲ့ ကောင်မလေးကြားက သံယောဇဉ်စဖြစ်လာပုံကို ဖော်ပြထားတယ်။ တစ်ုခုရှိတာက အန်နီမဲပရိသတ်တွေအတွက်တော့ ဟုတ်မှာမဟုတ်ပါဘူး။ဒီတိုင်းစကြည့်မယ့်လူတွေအတွက် ညွှန်းရရင်တော့.... စာအုပ်တွေဖတ်ပြီး အသံတွေကြားရတဲ့ ကောင်မလေးရယ် ကောင်လေးရယ်ရှိတယ် သူတို့ကြားနေရတဲ့အသံက သူတို့နှလုံးသားရဲ့အသံတွေပေါ့ ကောင်လေးက တယောဆရာဖြစ်ချင်ပြီး ကောင်မလေးက ပုံပြင်ရေးဆရာမဖြစ်ချင်ခဲ့တယ်။ ဒီလိုနဲ့ သူတို့အိပ်မက်တွေနောက် အတူတူလိုက်ကြမယ်လို့ ကတိထားခဲ့ကြတယ်။ ကောင်လေးက တစ်ရပ်တစ်ကျေးမှာ သူ့အိပ်မက်နောက်လိုက်ရင်း အောင်မြင်ရင်း ၁၀နှစ်တာကုန်ဆုံးသွားပေမဲ့ ကောင်မလေးကတော့ သူ့အိပ်မက်တွေဖြစ်မလာဘဲ အချိန်တွေပဲ ကုန်ရင်းနေလာခဲ့ရတယ်။ သူ့နှလုံးသားက အသံကိုလည်း သူမကြားနိုင်တော့ဘူး။ ဒီလိုနဲ့ သူဟာဇာတိမြို့ကလေးကို ပြန်ရောက်လာပြီး သူ့နှလုံးသားက တီးတိုးသံလေးကို သူပြန်နားထောင်ဖို့ကြိုးစားရင်း အိပ်မက်တွေနောက်ပဲလိုက်မလား လက်တွေ့ဘဝမှာပဲ ရှင်သန်သွားမလား ။ လှလှပပပြသသွားတဲ့ Coming Of Age ဆန်ဆန်ဂျပန်ဒရာမာကားလေးပါပဲ။ အိပ်မက်နဲ့လူ ...
movie

Whisper of the Heart (2022)

2022
One Piece Film Red (2022) 6.9
One Piece Film Red (2022) One piece red film ................................. IMDb 6.9/10 Rotten Tomatoes 95%ဒီကားက​တော့ One Piece Animation Movie​တွေရဲ့၁၅ကား​မြောက်ရုပ်ရှင်ပါ။ မထွက်ခင်ကတည်းက ပရိသတ်​တွေကြား ​တော်​တော်ကိုhypeခဲ့ကြသလို ထွက်လာ​တော့လည်း Jujutsu no Kaisen movieကို ရုံဝင်​ငွေမှာ ​အ​မေရိကန်​ဒေါ်လာ၁၈၀သန်းနဲ့တောက်ချပစ်ခဲ့ပါတယ်။ ဒီရုပ်ရှင်ဟာ one piece anine seriesရဲ့အပိုင်း၁၀၀၀ပြည့်​မြောက်တဲ့ အထိမ်းအမှတ်နဲ့ထုတ်ခဲ့တာပါ။ဒါ​ပေမဲ့ one piece film red စီးရီးဇာတ်လမ်းနဲ့​တော့ဆက်မ​နေပဲ alternate timelineအ​နေနဲ့(non canon)ပဲရှိပါတယ်။ ဆို​တော့ကာ စီးရီးကြည့်ပြီး Shanksရဲ့သမီးက ဘယ်က​ပေါ်လာတာလဲစဥ်းစားမ​နေနဲ့ဗျ။ဇာတ်လမ်းအကျဥ်းကို​ပြောရရင်​တော့ ဖျက်ဆီးခံလိုက်ရပြီလို့လူသိများတဲ့ Elegiaကျွန်း​ပေါ်မှာ နာမည်​ကျော်အဆို​တော်မ​လေး Utaဟာ သမိုင်းတွင်​လောက်မယ့်ရှိုးပွဲတစ်ခုကိုလုပ်ဖို့ စီစဥ်ထားတာ​ကြောင့် ငဖီတို့အဖွဲ့လည်း ရှိုးပွဲကြည့်ဖို့​ရောက်လာပါတယ်။ ရှိုးပွဲကို​​ရောက်​တော့ ငဖီနဲ့ Uta​တွေ့ဆုံချိန်မှာ Utaဟာ ငဖီရဲ့ငယ်သူငယ်ချင်းဖြစ်​နေတာကိုသိလိုက်ရပါတယ်။Utaဟာ သူ့ရဲ့ရှိုးပွဲဟာ ရာသက်ပန်​ပျော်ရွှင်​စေမယ့်ပွဲဖြစ်​စေရမယ်လို့ ​ကြေညာခဲ့ပြီး ​ရွှေပွဲလာပရိသတ်​တွေကိုလည်းဆန်းကြယ်တဲ့​ ဖျော်​ဖြေမှု​တွေနဲ့တင်ဆက်ခဲ့ပါတယ်။ ဒါ​ပေမဲ့ သူ့ရဲ့ရှိုးပွဲ​နောက်ကွယ်မှာ​တော့ ​မှောင်မိုက်တဲ့လျှို့ဝှက်ချက်တစ်ခုဟာ ​စောင့်ကြို​နေပါတယ်။ အဲ့ဒီလျှို့ဝှက်ချက်က​တော့..... File size…2.68GB / 1.36GB Quality…1080p HEVC / 720p  Format…mp4 Duration….1h 55m Subtitle….Myanmar Subtitle(Hard Sub) Encoder….Thit San Khant Translated by Dr.Nyan
movie

One Piece Film Red (2022)

2022
Road To High & Low(2016) 6.4
Road To High & Low(2016) High & Low ဂျပန်ရုပ်ရှင်နဲ့ စီးရီးတွေဆိုတာကတော့ Gangster လူမိုက်တွေ ဂိုဏ်းတွေ အုပ်လိုက်ချကြတာတွေ ကြိုက်တဲ့လူတွေအတွက်တော့ ရှယ်ပါပဲ။ သူကတော့ စီးရီးကို Season 1 & 2 ရှိထားပြီး ရုပ်ရှင်ဆိုလည်း ၆ ကားထိ ထွက်ရှိရတဲ့ထိ အောင်မြင်မှုရထားပါတယ်။ (၆ ကားလုံးလည်း တင်ဆက်ပေးမှာပါ)။ High & Low ကြည့်ဖို့ အတွက် အကျဉ်းချုံး ဒါလေးကို ရှင်းပြထားချင်ပါတယ်။ ပထမဆုံး SWORD ဆိုပြီး နယ်မြေကြီးတစ်ခု ရှိပါတယ်၊ ဒီနယ်မြေထဲမှာ လူမိုက်ဂိုဏ်း ၅ ဂိုဏ်းက အချင်းချင်း သိပ်မတည့်ကြပဲ ကိုယ်စီအုပ်ချုပ်လျက်ရှိပါတယ်။1. ဆန်းနိုးလူမိုက်ဂိုဏ်း (SWORD ထဲက S) ဒီရုပ်ရှင်ရဲ့ဇာတ်ဆောင်လို့ပြောရမယ့် မင်းသားတို့ရဲ့အဖွဲ့ပါ ခေါင်းဆောင်ကော်ဘရာနဲ့အတူ ယာမာတိုတို့က ဖွဲ့စည်းထားတာပါ။2. ဝှိုက်ရတ်စကဲလ်ဂိုဏ်း- အဖြူရောင်လူပေလူတေများ (SWORD ထဲက W) ယောက်ျားသားတွေရဲ့နှိပ်စက်ရမ်းကားတဲ့ဒဏ်ကိုခံရတဲ့ မိန်းကလေးတွေကို ကာကွယ်ဖို့ဆိုပြီး ...
movie

Road To High & Low(2016)

HiGH&LOW The Movie 2: End of Sky(2017) 7.1
HiGH&LOW The Movie 2: End of Sky(2017) အဆိုပါဂျပန်ရုပ်ရှင်ဟာ High & Low Franchise မှ တတိယမြောက်ရုပ်ရှင်ဖြစ်ပါတယ်။ Imdb 7.1အထိရရှိထားပြီး ရုံတင်ငွေ ၁.၃၄ ဘီလျံယန်းထိရရှိပြီး Japanese Box officeမှာအတိုင်းတာတစ်ခုထိအောင်မြင်မှုရရှိခဲ့ပါတယ်။ ဇိုးအထာဖမ်းထားတဲ့တိုက်ရည်ခိုက်ရည်ကောင်းတဲ့လူငယ်ဇာတ်ကောင်များပါဝင်ပြီး လူငယ်ပရိတ်သတ်တွေ အကြိုက်တွေ့မယ့်ရုပ်ရှင်တစ်ခုပဲဖြစ်ပါတယ်ဒုစရိုက်လောကကိုအုပ်စိုးတဲ့ ခူရူးယုဂိုဏ်း(KURYU GROUP) ဟာ SWORD နယ်မြေမှာ ကာစီနိုဖွင့်ရန်ကြံစည်နေပါတယ်။ အဆိုပါ ကိစ္စကို SWORD နယ်ခံဂိုဏ်းတွေကမလိုလားပါဘူး။ ဆန်းနိုးဂိုဏ်းကကော်ဘရာရဲ့ အပြောရဆိုရင် SWORD ဟာခူရူးယုဂိုဏ်းအုပ်စိုးနေသရွေ့အနာဂတ်ဆိုတာလည်းမရှိဘူးလို့ဆိုပါတယ်။ အင်အားကြီးတဲ့ဧရာမဂိုဏ်းကြီးနဲ့ အားပြိုင်ဖို့ကြိုးစားပုံမှာဇာတ်အိမ်တည်ထားတယ်။တချိန်တည်းမှာပဲ SWORD နယ်မြေကို ခပ်ထန်ကြမ်းတမ်းလွန်းတဲ့ဂိုဏ်းနှစ်ဂိုဏ်းဖြစ်ကြတဲ့ ရမ်မာရုရဲ့သံသယဂိုဏ်းနဲ့ ဂျက်စီရဲ့ ထောင်ဂိုဏ်းတို့ပူးပေါင်းကာ တိုက်ခိုက်ဖို့ကြံစည်ကြပါတယ်။ အဓိကက သံသယဂိုဏ်းရဲ့ထာဝရရန်ဖက်ဖြစ်တဲ့ ဝှိုက်ရတ်စကဲလ်ဂိုဏ်းကို ချေမှုန်းချင်ရာကနေစတင်ပါတယ်။ဝှိုက်ရတ်စကဲလ်တွေဟာအမျိုးသမီးတွေကို ကာကွယ်သူတွေအဖြစ်ခံယူထားကြပြီးသံသယဂိုဏ်းသားတွေကတော့ ငွေရရင်ဘာမဆိုလုပ်ကြမယ့်လူတွေဖြစ် တယ်။ SWORD နယ်မြေက ဆန်းနိုးလူဆိုးဂိုဏ်းကိုယ်စားပြု ကော်ဘရာဟာ SWORD ဂိုဏ်းတွေမဟာမိတ်ဖွဲ့ဖို့ အဆိုကိုတင်သွင်းပြီးအားလုံးလိုလိုကငြင်းဆန်ခဲ့ကြပါတယ်။ ဝှိုက်ရတ်စကဲလ်ဂိုဏ်းကရော့ကီဟာ သံသယဂိုဏ်းကဘဲတွေကိုသူကိုယ်တိုင်ပဲရိုက်ခွဲချင်နေပြီးအခြားဘေးကပါဝင်သူတွေကိုထိခိုက်နစ်နာမှာကိုမလိုလားပါဘူး။တစ်ဖက်မှာတော့ အာမားမီးယားညီအစ်ကိုဂိုဏ်းဟာ ဒုစရိုက်လောကရဲ့အကြီးဆုံးဂိုဏ်းဖြစ်တဲ့ခူရူးယုဂိုဏ်းကို အမြစ်ကနေဆွဲလှန်ပြီးဖျက်စီးနိုင်မယ့် ယူအက်စ်ဘီ(USB FLASH DRIVE)ကိုလက်ဝယ်ရရှိထားပါတယ်။ ...
movie

HiGH&LOW The Movie 2: End of Sky(2017)

HiGH&LOW The Movie 3: Final Mission(2017) 7.2
HiGH&LOW The Movie 3: Final Mission(2017) High & low the Movie 3 - Final Mission ကတော့ဂျပန်အက်ရှင်ဒရာမာ ရုပ်ရှင်တွဲဖြစ်တဲ့ High and Low series ရဲ့လေးကားမြောက်ပါ။ဂျပန်ယာကူဇာတွေဖြစ်တဲ့ ခူရူးယုဂိုဏ်း(Kuryu Group)နဲ့ SWORD အဖွဲ့တို့ကြားက တိုက်ပွဲကိုရိုက်ထားပြီး ရှေ့ကသုံးကားဖြစ်တဲ့ High & Low the Movie 1,High & Low the Red Rain,High & Low the Movie 2/ End of Sky တို့ရဲ့အဆက်ပါ။ရုပ်ရှင်ဒရာမာရသအပြည့်အဝခံစားချင်ရင်တော့ ကားအစဉ်လိုက်ကြည့်ဖို့ညွှန်းပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ Nameless City ဆိုတဲ့အမည်မရှိမြို့မှာအရင်ကဆေးဝါးစက်ရုံတစ်ခုရှိခဲ့ပါတယ်။အဲ့ဆေးဝါးက ဗိုင်းရပ်စ်ကုသတဲ့နေရာမှာထိရောက်မှုရှိခဲ့တဲ့အတွက်အစိုးရကလည်းထောက်ခံမှုပေးခဲ့ပါတယ်။ဒါပေမဲ့ဆေးကအခြားဘက်မှာဆိုးကျိုးတွေရှိနေပြီး ကုသခဲ့တဲ့လူနာတွေကခြောက်လအတွင်းမှာသေဆုံးခဲ့ပါတယ်။အဲ့အကြောင်းကြောင့်ကုမ္ပဏီလည်း ဒေဝါလီခံလိုက်ရပါတယ်။ထို့အပြင်ကုမ္ပဏီကထွက်တဲ့အညစ်အကြေးစွန့်ပစ်ပစ္စည်းတွေအနီးနာရေကန်ဆီစွန့်ပစ်ခံလိုက်ရပြီး ထိုဒေသမှာနေတဲ့လူတွေ အဆိပ့်သင့်ဓာတ်ပစ္စည်းတွေရဲ့အကျိုးဆက်ကိုခံစားခဲ့ကြရပါတယ်။ထိုအကြောင်းတွေသိတော့ အစိုးရကသက်ဆိုင်ရာတွေကိုခေါ်ပြီးမြေဖို့ ဖုံးဖိခဲ့ပါတယ်။ ဆေးကုမ္ပဏီက ကျန်ရှိနေတဲ့သက်သေတွေအစဖျောက်ဖို့ ခူရူးယုဂိုဏ်းကိုငှားခဲ့ပါတယ်။တစ်ဖက်မှာလည်း အစိုးရနဲ့ခူရူးယုပူးပေါင်းကာ မိုင်းတွင်းနဲ့အမည်မရှိမြို့ကိုဖောက်ခွဲဖျက်ဆီးပစ်ပြီး ထိုနေရာမှာသူတို့အကျိုးအမြတ်ရမဲ့ ကာစီနိုတစ်ခုကိုတည်ဆောက်ဖို့လုပ်ပါတော့တယ်။ထိုအခါ ...
movie

HiGH&LOW The Movie 3: Final Mission(2017)

High & Low The Worst(2019) 6.7
High & Low The Worst(2019) High and Low ပရိသတ် တွေအားလုံးပဲ မင်္ဂလာပါခင်ဗျာ။ ဒီ High and Low:The Worst ဟာ High & Low movieတွဲတွေထဲမှာ (၆)ကားမြောက်ဖြစ်ပြီး timeline အားဖြင့် Final Mission အပြီး ခရူးယုဂိုဏ်းရှုံးနိမ့်သွားချိန်မှာ ဇာတ်အိမ်တည်ထားပါတယ်။ ဇာတ်ကြောင်းကို နည်းနည်း ပြောပြရရင် Final Mission အပြီးမှာ ခရူးယုဂိုဏ်း ၊သံသယဂိုဏ်းတို့နဲ့ အတူ ပျောက်ကွယ်သွားတဲ့ ရတ်ဒရမ်မူးယစ်ဆေးတွေဟာ SWORD ရဲ့ လမ်းမတွေပေါ်မှာ တစ်စတစ်စနဲ့ ပြန်ပေါ်လာပါတော့တယ်။ဆေးရောင်းချမှုတွေဟာ တဖြည်းဖြည်းနဲ့ ပမာဏများလာပြီး မူရာယာမတို့ရဲ့ အိုယာအထက်တန်းကျောင်းအထိ ပြန့်နှံ့ရောက်ရှိလာပါတယ်။အဲ့ဒီအချိန်မှာ အိုယာအထက်တန်းကျောင်းဂိုဏ်းမှာလည်း ပြဿနာတွေတက်နေပြီး ပုဂ္ဂိုလ်စွဲတွေနဲ့ ဂိုဏ်းခွဲတွေ အများကြီး ကွဲလာပါတော့တယ်။ ဒီလိုအတွင်းရေး ပြဿနာတွေကြားထဲမှာ အိုယာဂိုဏ်းသားတွေဟာ ရတ်ဒရမ်ပြဿနာကို ဘယ်လိုဖြေရှင်းကြမလဲ၊သူတို့ကြားထဲမှာရော ဘယ်လိုကိစ္စတွေကြောင့် ပြဿနာတွေတက်နေရတာလဲ၊အိုယာကျောင်းဂိုဏ်းမှာရော ဘယ်လိုအပြောင်းအလဲတွေ ဖြစ်လာမလဲဆိုတာတော့ ...
movie

High & Low The Worst(2019)

Baragaki: Unbroken Samurai (2021) 6.3
Baragaki: Unbroken Samurai (2021) Baragaki: Unbroken Samurai (2021)~ IMDb - 6.3/10, MyDramaList - 7.2/10 ~ဂျပန်နိုင်ငံရဲ့ Edo era နဲ့ Meiji Restoration က သမိုင်းဖြစ်ရပ်တွေကိုပြောပါဆိုရင် Bakufu (ဘာကူဖူ)၊ Bakumatsu (ဘာကူမာဆု)၊ Shinsengumi (ရှင်းဆန်းဂူမိ) အစရှိတဲ့ နာမည်ကြီးခဲ့တဲ့ အဖွဲ့တွေ၊ တည်နေရာတွေ၊ တိုက်ပွဲတွေ၊ အချိန်ကာလတွေကို လုံးဝကျန်ထားလို့မရပါဘူး။ အဲဒါတွေကို စာပေအနေနဲ့ ခေတ်အဆက်ဆက် ရေးသားထုတ်ဝေမှုများရှိသလို ဖျော်ဖြေရေးအနေနဲ့လည်း ထုတ်လုပ်ရိုက်ကူးထားတဲ့ ရုပ်ရှင်တွေ၊ ဇာတ်လမ်းတွဲတွေ၊ Anime တွေမနည်းလှပါဘူး။အဲဒီထဲကမှ တိုကုဂါဝါရှိုးဂန်းခေတ်ကုန်ကာလလို့ ပြောနိုင်တဲ့ ဘာကူမာဆု (၁၈၅၃ - ၁၈၆၇) အတွင်းမှာပေါ်ပေါက်ခဲ့တဲ့ ရှင်းဆန်းဂူမိ အကြောင်းကို Moeyo Ken (1964) နာမည်နဲ့ Ryotaro Shiba (1923-1996) ရေးသားခဲ့တဲ့စာအုပ်တစ်အုပ်ရှိပြီး အဲဒီစာအုပ်ကို အခြေခံရိုက်ကူးထားရာမှာ ...
movie

Baragaki: Unbroken Samurai (2021)

2021
[18+]Wilderness: Part 1(2017) 7.2
[18+]Wilderness: Part 1(2017) [18+]Wilderness: Part 1(2017)***************************လက်ဝှေ့သမားဖြစ်တဲ့ ယူးဂျီကို သတ်ပစ်ချင်လောက်အောင် လက်စားချေချင်စိတ် ပြင်းပြနေတဲ့ ရှင်းဂျိက ‌ဘယ်လိုအနိုင်ယူရမလဲစဉ်းစားရင်း ပိုက်ဆံလည်း မရှိ အိမ်လည်းမရှိ လေလွင့်နေတဲ့အဆုံးအရှုံးပေါ်လုနီးနီး လက်ဝှေ့သင်တန်းကျောင်းကို ဝင်လိုက်ပါတော့တယ်....ငယ်ငယ်ကတည်းက အမေဖြစ်သူကလည်း ထားသွား အဖေလည်းသတ်သေသွားတာကြောင့်တစ်ကောင်ကြွက်ဖြစ်ခဲ့ရသူရှင်းဂျိဟာ အစ်ကိုကြီးခန်းဂျိနဲ့ ဆရာဖြစ်သူကို မိသားစုလို သံယောဇဉ်ရှိလာခဲ့ပါတယ်ခန်းဂျိကတော့ အထစ်အထစ်ဖြစ်နေပြီး အရမ်းရှက်တတ်တဲ့ ဆံသဆရာပါ စကားမထစ် လူရာဝင်ချင်လွန်းတဲ့သူဟာ အရည်အချင်းလည်း ရှိတာကြောင့် လက်ဝှေ့လောကထဲ ခြေချခဲ့ပါတယ်...အဲ့ဒီနောက်မှာတော့ ....လက်ဝှေ့ကြိုးဝိုင်းထဲ ဘယ်သူတွေအောင်မြင်ကြမလဲဆိုတာကိုတော့..ဇာတ်လမ်းလည်းကောင်းသလို အိပ်ရာခန်းတွေလည်းပါတာမို့ မိသားစုနဲ့အတူမကြည့်သင့်ပါဘူး...မင်းသားက ကျွန်တော်တို့ Kamen Rider W တို့ Drowning Love တို့ထဲကမင်းသားမလို့မစိမ်းလောက်ဘူးထင်ပါတယ် ကြည့်ရှုခံစားလိုက်ပါဦးဗျာFile Size :(1.5GB) and (628 MB) Quality : Blu-Ray 720p Format…mp4 Duration…02:37:00 Genre : Adult, Drama Subtitle : Myanmar Subtitle (Hard Sub) Translated by  ...
movie

[18+]Wilderness: Part 1(2017)

Fullmetal Alchemist: The Final Alchemy (2022) 5.3
Fullmetal Alchemist: The Final Alchemy (2022) Fullmetal Alchemist: The Final Alchemy (2022)မန်ဂါအနေနဲ့ရော Animeအနေနဲ့ ရောအောင်မြင်ခဲ့တဲ့ Full Metal Alchemist ကို ၂၀၁၇မှာ Live Action တစ်ကားထုတ်ခဲ့ပြီး 2022မှာမှ သူ့အဆက်ကို ဆက်ထုတ်ခဲ့ပါတယ်။ ပြီးခဲ့တဲ့လက တင်ခဲ့တဲ့ Fullmetal Alchemist: Final Chapter - The Avenger Scarပါ။ အဲဒီကားမှာ ကောင်းခန်းမှာမှ ဖြတ်သွားပြီ တစ်လအကြာမှာ ဇာတ်သိမ်းခန်း Final Alchemist ထပ်ထွက်လာပါတယ်။Animeသမားတွေတော့ ကြိုက်လောက်မှာ မဟုတ်ပေမဲ့ ဒီတိုင်းကြည့်ရင်တော့ ဒီအပိုင်းက ပထမ၂ပိုင်းထက်တောင် တော်တော်လေးကြည့်ကောင်းပါတယ်။ Main Bossပါလာပြီဆိုတော့ Battle Sceneအကြမ်းစားတွေလည်း မြိုင်မြိုင်ဆိုင်ဆိုင်ပါပဲ။ Plot Twistကလေးတွေတောင် ပါပါသေးတယ်။ ဒီသုံးကားဟာ ဇာတ်ကောင်တွေရဲ့ Friendship တွေ ၊ Brotherhood တွေ ၊ Comradeship ...
movie

Fullmetal Alchemist: The Final Alchemy (2022)

My Little Monster (2018) 5.9
My Little Monster (2018) My Little Monster (2018)~ MyDramaList - 7.8/10 ~ဂျပန်ပရိသတ်တွေ အတော်ရင်းနှီးလောက်မယ့် မင်းသား၊ မင်းသမီးတွေ ခေါင်းဆောင်ပါဝင်ထားတဲ့ ဂျပန်ကားလေးတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။Shizuku ဆိုတဲ့ကောင်မလေးရှိတယ်။ စာအရမ်းတော်တယ်။ အတန်းထဲမှာလည်း ထိပ်ဆုံး။ သူဟာ ပန်းခေတ်က လမင်းလေးပေါ့။ ကြယ်မြင်လမြင် လောကဓံတွေကိုလည်းမသိဘူး။ စာကလွဲ ဘာမှမသိတဲ့ သူ့ကမ္ဘာလေးဟာ ကျဉ်းကျဉ်းလေးပေါ့။ ‌သူ့ရဲ့ နေ့ရက်အချိန်အခါတွေကို ကျက်စရာ စာတွေကပဲ ကြီးစိုးထားခဲ့တယ်။ ဒီလိုနဲ့ တစ်ခုသောနေ့ကို ရောက်လာခဲ့တယ်။အဲဒီနေ့မှာ Shizuku ဟာ Haru လို့ခေါ်တဲ့ ပင်လယ်တစ်၀က် တောင်တန်းတစ်၀က် လူပေလူတေလေးနဲ့ ကံကြမ္မာမိုး‌မည်းတွေရွာနေတုန်း ချစ်ခြင်းတရားမှတ်တိုင်ကလေးမှာ အတူတူထိုင်ပြီး မိုးအတူခို မိုးအတူစိုခဲ့ရတယ်။ စစချင်းတော့ သူတို့ဇာတ်လမ်းဟာ ပန်းလက်ဖဝါးမှာ ပါးအပ်ပိုင်ခွင့်မရှိတဲ့ကောင်လေးနဲ့ ရွှေဖိနပ်မှာ အစိမ်းရောင်ကြက်ခြေခတ်နဲ့ ကောင်မလေးရဲ့ ဇာတ်လမ်းပေါ့။ Haru ဟာ လူငယ်တစ်ယောက်ရဲ့ ကျောက်ထွင်းရာဇ၀င်ကို ရေးရင်း ...
movie

My Little Monster (2018)

2018
Fullmetal Alchemist_The Revenge of Scar (2022) 5.6
Fullmetal Alchemist_The Revenge of Scar (2022) Fullmetal Alchemist : the Revenge of Scar (2022)အန်နမှာ အောင်မြင်ထားပြီး သူ့ကိုယ်ပိုင်ပရိသတ်နဲ့ သူရှိပြီးသားFullmetal Alchemistကို 2017တုန်းက live actionရိုက်ခဲ့ပါတယ်။ အန်နမဲကြည့်ထားတဲ့သူအတွက် ဘယ်လိုနေမလဲမသိပေမဲ့ ဒီတိုင်းကြည့်ရင်တော့ မဆိုးပါဘူး။ ကြည့်ကောင်းပြီး စိတ်ဝင်စားစရာလည်းကောင်းပါတယ်။ ရိတ်တင်အနေအထားအရ အန်နမဲ ပရိသတ်အတွက်တော့ စိတ်ပျက်စရာဖြစ်သွားပုံရပါတယ်။ဇာတ်လမ်းကတော့ ပထမကားအတိုင်းပဲ Edward Elricက ခန္ဓာမရှိတဲ့ သူ့ညီအတွက် ခန္ဓာပြန်ရအောင်လုပ်ပေးဖို့ ကြံပါတယ်။ ဒီလိုနဲ့ သူတို့ မြို့တော်ကို လာတဲ့လမ်းမှာ နိုင်ငံခြားက Alchemistဆန်ဆန်ပညာသည်တွေနဲ့ မင်းသားတစ်ပါးက သူတို့ဆီ အဂ္ဂရိတ်ဓာတ်လုံးအကြောင်းမေးရင်း ရန်ထဖြစ်ကြတယ်။ နောက် scarလို့ခေါ်တဲ့ သူတို့မြို့က alchemistတွေ ဖျက်ဆီးလိုက်တဲ့ Ishvalan က လူတစ်ယောက်က လက်စားချေဖို့ alchemistတွေတစ်ယောက်ပြီးတစ်ယောက်လိုက်သတ်နေပါတယ်။ ဒီလိုနဲ့ Edward နဲ့ scarတို့ ထပ်တိုက်တိုးကြပါရော။ ဒီလိုနဲ့ဘာတွေဆက်ဖြစ်မလဲတော့ ကိုယ်တိုင်ပဲကြည့်ရှုကြည့်ကြပါ။ဇာတ်က အန်နမဲလောက်အရသာတော့ ...
movie

Fullmetal Alchemist_The Revenge of Scar (2022)

The Last 10 Years (2022) 6.9
The Last 10 Years (2022) The Last 10 Years (2022)~ IMDb rating - 6.9/10, MyDramaList - 8.1/10 ~" ကောင်လေးရယ် ကောင်မလေးရယ် ကမ္ဘာကြီးရယ် ဘယ်လောက်ပျော်စရာကောင်းလိုက်သလဲ။ တကယ်ဆို ဒီလိုအချိန်မျိုးမှာ လေပြင်းမုန်တိုင်းဟာ မတိုက်ခတ်ခဲ့သင့်ပါဘူး။ခုတော့ လျှို့ဝှက်စွာတိုက်ခတ်သွားတဲ့ လေပြင်းမုန်တိုင်းကြောင့် ထင်းရှူးပင်ကြီးဟာ မျက်ရည်တောက်တောက်ကျနေရပေါ့။ထင်းရှုးတောအုပ်ကလေးတစ်ခုလုံးဟာလည်း မျက်ရည်သစ်ပင်ကြီးရဲ့ငိုသံမှာ အံ့အားသင့်နေကြတယ်။ဒါပေမယ့် ထင်းရှူးပဒေသာလမ်းပေါ်မှာ ကောင်လေးတစ်ယောက်ဟာ လျှောက်နေတုန်းပါပဲ။ (သူ့ကိုကြည့်ရတာ ဘာကိုမှ နောက်ဆံတင်းပုံမပေါ်ဘူး) လမ်းဘေးက အုတ်ခုံကလေးမှာတော့ အင်္ဂတေတွေကွာနေလေရဲ့... " - မောင်သိန်းဇော် (မျက်ရည်သစ်ပင်၊ ၁၉၈၇)ဒီဇာတ်ကားရဲ့မူရင်းဝတ္ထုကိုရေးသားခဲ့တဲ့ စာရေးဆရာမဖြစ်သူဟာ ၂၀၁၇ ခုနှစ်မှာပဲ ကွယ်လွန်ခဲ့ပါပြီ။ သူကိုယ်တိုင် နာတာရှည်ရောဂါကို ရင်ဆိုင်နေခဲ့ပြီး စွန့်ခွာမဲ့နေ့ကိုစောင့်နေရတဲ့ခံစားချက်ကို ဇာတ်ကားထဲမှာ ပုံဖော်ထားတာမို့ ဒီရုပ်ရှင်ဟာ လူတစ်ယောက်ရဲ့ သူ့ခံစားချက်အမှန်ကို ထုတ်ပြထားတဲ့ ရိုးသားတဲ့ ဇာတ်လမ်းတစ်ပုဒ်လို့ပြောလို့ရတာမို့ အနုပညာစစ်သလို ရသလည်းမနုံနဲ့ပါဘူး။ IMDb rating - 6.9/10 ဟာလည်း ဒီလို Romance Drama ကားတစ်ကားအတွက် မနည်းလှတဲ့ rating ...
movie

The Last 10 Years (2022)

2022
Tokyo Revengers (2021) 7.8
Tokyo Revengers (2021) Tokyo Revengers (2021)IMDb - 7.8/10Mangaအ​နေနဲ့ volume 8ခုထွက်ရှိထားပြီး Anime အ​နေနဲ့ season 1 completeဖြစ်ထားသလို ဂျပန်မှာ​ရော International မှာပါ ​အောင်မြင်မှုအကြီးအကျယ်ရရှိထားတဲ့ mangaတစ်ခုပဲ ဖြစ်ပါတယ်၊ အထူးသဖြင့် ဒီManga​ကိုရေးဆွဲသူ Ken Wakui ဟာ 2000ပြည့်နှစ်​တွေမှာ အမှန်တကယ် Gang memberဖြစ်ခဲ့ဖူးသလို Mangaထဲက ဇာတ်​ကောင်​တွေဟာလည်း 1960 ပြည့်နှစ်များထဲက Japanရဲ့ အထင်ကရ ရှိတဲ့ လူငယ်​မော်​တော်ဆိုင်ကယ်ဂိုဏ်းဖြစ်တဲ့ Black Emperor Gangကို reference​​ရေးဆွဲထားလို့ ဇာတ်​ကောင်​တွေရဲ့ ဆိုးမိုက်မှု၊ ရမ်းကားမှု၊ ​ဂိုဏ်းစတားပီသမှု​တွေဟာ အပြင်ကတကယ့်ဂိုဏ်းစတား​တွေနဲ့ အ​တော်နီးစပ်မှုရှိတယ်လို့ ရည်ညွှန်းကြတဲ့ Mangaနဲ့ Anime​ကောင်းတစ်ခုပါအရှိန်အဝါကြီးသလို ​တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ ​အောင်မြင်မှု အကြီးအကျယ်ရရှိထားတဲ့ Tokyo Revengersကို Live Action Adaptationအ​နေနဲ့ ပြန်လည်အသက်သွင်းမယ်ဆိုကတည်းက ​မျှော်လင့်ချက်ကြီး​တွေ ထားခဲ့သူ​တွေလည်း ရှိသလို သံသယမျက်လုံး​တွေနဲ့လည်း ​​စောင့်ကြည့်ခံခဲ့ရပါတယ်၊ တစ်​ခေတ်တစ်ခါက အထူး​အောင်မြင်​ကျော်ကြားခဲ့တဲ့ Manga​တွေanime​တွေကို Live Action နဲ့ အသက်သွင်းရာမှာ cast, director, script ...
movie

Tokyo Revengers (2021)

2021
Strobe Edge (2015) 6.2
Strobe Edge (2015) [Unicode]Strobe Edge (2015)IMDb rating - 6.2/10ကောင်မလေးတွေပါးစပ်ဖျားမှာရေပန်းစားတဲ့ "ရန်"ကို မတွေ့ခင်အထိ အထက်တန်းကျောင်းဂျူနီယာလေး"နိနကို"က ဘယ်သူ့ကိုမှစိတ်မဝင်စားတဲ့ကျောင်းသူလေးတစ်ယောက်ပါ။ရန်ရဲ့ဂရုစိုက်တတ်ပြီးတစ်ဖက်သားကိုလေးစားတတ်တဲ့အပြုအမူကြောင့် သူ့ကိုချစ်မိသွားပါတယ်။ ဒါပေမဲ့လည်း သူကြိုမသိထားတဲ့အချက်က "ရန်"မှာကောင်မလေးရှိနေနှင့်ပြီး ကောင်မလေးကမော်ဒယ်တစ်ယောက်ဖြစ်ပါတယ်။ ဒါ့ကြောင့်ဖွင့်ပြောပြီးတဲ့အခါမှာလည်း "နိနကို"က "ရန်"ကိုသူငယ်ချင်းအဖြစ်ပဲဆက်နေပေးဖို့တောင်းဆိုခဲ့ပါတယ်။အဲ့ဒီအချိန်မှာ "အန်ဒို"ဆိုတဲ့ကျောင်းပြောင်းကောင်လေးကလည်း "နိနကို"ကိုတဖြည်းဖြည်းနဲ့စိတ်ဝင်စားလာပါတယ်။ "အန်ဒို"က "ရန်"ရဲ့အချစ်ဆုံးသူူငယ်ချင်းဖြစ်ခဲ့ဖူးပြီး အထင်လွဲစရာကိစ္စတစ်ခုကြောင့်အချင်းချင်းမုန်းသွားခဲ့တာပါ။သူငယ်ချင်းဆိုတဲ့စည်းခြားထားပေမဲ့ "ရန်"နဲ့"နိနကို"ကြားမှာ တဖြည်းဖြည်းသံယောဇဉ်တွေတိုးလာတဲ့အခါ "ရန်"ကလည်းသူ့ကောင်မလေးကိုတကယ်ချစ်တာမဟုတ်ဘဲကာကွယ်ပေးချင်စိတ်ကြောင့်တွဲခဲ့တာဖြစ်တဲ့အခါ..."ရန်" "နိနကို"နဲ့ "အန်ဒို"တို့၃ယောက်ရဲ့သုံးပွင့်ဆိုင်အချစ်ဇာတ်လမ်းလေးကို ကြည့်ရှုနိုင်စေဖို့ဘာသာပြန်တင်ဆက်လိုက်ရပါတယ်။ ၂၀၁၅ဇာတ်ကားဟောင်းဖြစ်ပေမဲ့ ပြန်ကြည့်ရင်လည်း ရိုးမသွားဘဲကြည်နူးစရာကောင်းတဲ့ဇာတ်ကားလေးမ်ု့ိ Highschool movieကြိုက်တဲ့သူတွေအတွက်အကြိုက်တွေ့စေမှာပါ။Strobe Edge ဇာတ်ကားကတော့ ဂျပန်မှာအောင်မြင်ခဲ့တဲ့ Voice over comic ရဲ့ Live actionဖြစ်ပြီး Greeeen အဖွဲ့ရဲ့ နာမည်ရသီချင်းဖြစ်တဲ့ Ai uta ကို Theme songအဖြစ်အသုံးပြုထားပါတယ်။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Ingyin San ပါ ) [Zawgyi]Strobe Edge (2015)IMDb rating - 6.2/10ကောင်မလေးတွေပါးစပ်ဖျားမှာရေပန်းစားတဲ့ "ရန်"ကို မတွေ့ခင်အထိ ...
movie

Strobe Edge (2015)

You Are the Apple of My Eye (2018) 6.9
You Are the Apple of My Eye (2018)   You Are the Apple of My Eye လို့မြင်မိတာနဲ့ ကျွန်တော်တို့ရင်ထဲ ဆစ်ခနဲနာလာတတ်တဲ့ ခံစားချက်တစ်ချို့ရှိခဲ့ကြတယ်မလား...၂၀၁၁ က ထိုင်ဝမ်ဇာတ်ကား You Are the Apple of My Eye ဆိုတဲ့ဇာတ်ကားဟာ ကျွန်တော်တို့ငယ်ဘဝတွေနဲ့ ထပ်တူကျလွန်းလို့အဲ့ဒီဆစ်ဆစ်နာတဲ့ အနာကိုပဲ တယုတယ ပြန်ပြန်သတိရ ခဏခဏ ပြန်ပြန်ကြည့်ရတဲ့ ဇာတ်ကားပေါ့...အခုကတော့ အဲ့ဒီဇာတ်ကားကို Japan Remake အနေနဲ့ ပြန်လည်ရိုက်ကူးထားတာပါ။ဂျပန်ဇာတ်ကားဖြစ်လို့ တမူထူးခြားတဲ့ အရသာကို ပြန်မြည်းစမ်းခွင့်ရပါမယ်....ထူးခြားတာက စံပြကျောင်းသူ မိန်းမလှလေးနေရာက သရုပ်ဆောင်တဲ့ မင်းသမီးလေး Asuka Saitō ပါ။သူရဲ့ မိခင်က မြန်မာလူမျိုးတစ်ဦးဖြစ်ပြီး ဂျပန်လူမျိုးဖခင်နဲ့ ရထားတဲ့ ကပြားလေးဖြစ်ပါတယ်။မြန်မာပြည်ကိုလဲ လာလည်ခဲ့ဖူးပါသတဲ့။ တကယ်လဲ အရမ်းချစ်ဖို့ကောင်းတဲ့ ကလေးမလေးပါ။ကျွန်တော်တို့ အားလုံး ငယ်ဘဝကိုဖြတ်သန်းဖူးသလို အမှတ်တရတွေကိုယ်စီရှိကြဖူးတယ်။ လောကကြီးအကြောင်းသင်ယူကာစ ဆယ်ကျော်သက်အရွယ်မှာ သိပ်ချစ်ခဲ့ဖူးတဲ့ သူငယ်ချင်းတွေရှိတယ်။ ဘဝရဲ့ ပထမဆုံးတွေ ...
movie

You Are the Apple of My Eye (2018)

2018
Shoplifters (2018) 8.0
Shoplifters (2018) ဂျပန်နိုင်ငံရဲ့လုပ်သားနဲ့အလုပ်ရှင်ဆက်ဆံရေးတင်းမာမှုတွေကနေမှတစ်ဆင့် အချိန်ပိုင်းအလုပ်တွေဟာနိုင်ငံတွင်းမှာတွင်ကျယ်လာပါတယ် မိရိုးဖလာလုပ်စားနေတဲ့လူအများစုဟာအလုပ်လက်မဲ့ဖြစ်လာကြပြီး အဲ့လိုလူတွေထဲမှာအိုဆာမူတို့မိသားစုလည်းအပါအ၀င်ပဲဖြစ်ပါတယ် ပိုက်ဆံမရှိ အလုပ်မရှိတဲ့အချိန်မှာ ထမင်းတစ်နပ်စားရဖို့ ဈေးဆိုင်တွေဆီကနေအလစ်သုတ်ရတဲ့မိသားစုဖြစ်လာပါတော့တယ် အိုဆာမူနဲ့သူရဲ့သားဟာထုံးစံအတိုင်းအလစ်သုတ်နေတုန်း အိမ်ခြေယာမဲ့ကလေးမတစ်ယောက်နဲ့တွေ့ကာ အိမ်ကိုခေါ်သွားခဲ့ပါတယ် အိုဆာမူရဲ့မိန်းမဖြစ်သူကအစကငြင်းပေမယ့်ကလေးမကို ကိုယ်ချင်းစာမိကာအိမ်ပေါ်တင်မွေးစားလိုက်ပါတော့တယ် ဒီမိသားစုကပိုက်ဆံမရှိတဲ့အပြင်ထမင်းတောင်နပ်မှန်အောင်မစားနိုင်ပါဘူး ဒါပေမယ့်သူတို့ဟာမိသားစုရဲ့အရသာကိုရှာတွေ့ထားကြတဲ့လူတွေဖြစ်ပြီး အမြဲပျော်ရွှင်နေလေ့ရှိပါတယ် ဒါပေမယ့်ဒီလိုစရိုက်လူတွေကိုလောကဓံကဘယ်လိုဒုက္ခပေးဦးမလဲ ဒီစိတ်ဆင်းရဲလောက်အောင်ပျော်ရွှင်နေကြတဲ့မိသားစုကရော ရေရှည်ဘယ်လိုဖြစ်သွားကြမလဲဆိုတာကိုကြည်နူးစရာဖြစ်အောင် ဒါရိုက်တာHirokazu Koreedaကသူကိုယ်တိုင်ရေးပြီးသူကိုယ်တိုင်ရိုက်ပြထားပါတယ် Release Date - 23,November,2018 Running time - 2h1m Genre - Drama,Crime,18 Translated by Chit Oo May Encoded by sithu
movie

Shoplifters (2018)

2018