Channel Myanmar

3D

Gantz (2016) 7.5
Gantz (2016) ကဲ အခုတခါတော့အန်နီမေးရှင်းပရိတ်သတ်တွေ အတွက်၂၀၁၆နှစ်ကုန်လောက်မှာထွက်ခဲ့တဲ့ ဇတ်ကားတစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ်အတော် လည်းနာမည်ကြီးခဲ့တဲ့ဇတ်ကားတစ်ကားပါပရိတ်သတ် တွေအကြိုက်တွေ့မယ်လို့လည်းမျော်လင့်ပါတယ် သူတစ်ပါးကိုအမြဲကူညီတတ်တဲ့ကတိုဆိုတဲ့လူငယ်လေးတစ်ယောက် တစ်နေ့လူတစ်ယောက်ကိုကူညီရင်းသေဆုံးသွားတဲ့အခါမှာ ဘာဆက်ဖြစ်မလဲကိုယ့်ကိုကိုသေပြီလို့ထင်ထားတဲ့ ကတိုတစ်ယောက်တကယ်တန်းမသေသေးပဲအခန်းလေးတစ်ခန်းကို ရောက်ရှိသွားတဲ့အခါမှာဘာဆက်ဖြစ်မလဲအခန်းလေးထဲက လူတွေကကောဘယ်သူတွေလဲမိမိမူလဘဝကိုပြန်ရောက်ဖို့ဂန်းဆိုတဲ့ကစား ပွဲတစ်ပွဲကိုကတိုကစားရတဲ့အခါမှာ ဘယ်လိုစခန်းသွားမလဲမိမိတို့ရဲ့ကစားပွဲဟာထင်သလို မလွယ်ကူပဲလူ့ဘီလူးကြီးတွေနဲ့တိုက်ခိုက်ရတဲ့အခါမှာ ကောကတိုတို့အုပ်စုအလွယ်တကူတိုက်ခိုက်နိင်မှာလား ကစားပွဲအပြင်ကိုပြန်ရောက်နိင်ပါ့မလား ဒီဇတ်ကားကိုကြည့်ရင်းဂျပန်တွေရဲ့ရုပ်ရှင်ပညာအရည်အသွေးကို သိသိသာသာမြင်နိင်ပါတယ်တိုကျိုလို အိုဆာကာလိုနေရာမျိုးကိုတသွေမတိမ်းတူအောင် ဖန်တီးနိင်တဲ့ကွန်ပြူတာပညာကိုတော့အတော် လေးစားမိပါတယ်လူနဲ့အတော်လေးလည်းတူအောင်ပြုလုပ်ထားတဲ့ အတွက်ပရိတ်သတ်တွေအကြိုက် တွေ့ဦးမယ်လို့ကျွန်တော်ရဲရဲကြီးအာမခံပါတယ် ကျွန်တော်ပြောသလိုဟုတ်မဟုတ်ဆိုတာကတော့ဒေါင်း ကြည့်ပြီးမှဆုံးဖြတ်ကြပါလို့ပြောကြားရင်းကြည့်လိုက်ကြပါဦးလို့ (ဇာတ်ကားအညွန်း နဲ့ ဘာသာပြန်ကတော့ ကိုစိုးထွေးပါ ) Download Large File From Pcloud Download Small File From Pcloud
7.5
IMDB: 7.5/10 367 votes
movie

Gantz (2016)

2016
Iron man & Captain America: Hero United (2014) 5.6
Iron man & Captain America: Hero United (2014)   ဟေး....Cap fan တို့... အကယ်၍များ သင်တို့ချစ်တဲ့ Cap ကြီးဟာ Hydra ဖက်က ဖြစ်နေမယ်ဆိုရင်ကော....??? ဟိုတစ်လောက Cap ကြီးကို Hydra Suit နဲ့ မြင်လိုက်ကြမှာပါ။ CW ထွက်ပြီး သိပ်မကြာလိုက်ဘူးလေ။ အဲ့တုန်းက အတော်လေးကို ဂယက်ထသွားသေးတယ်နော... ခုတင်ဆက်ပေးလိုက်တဲ့ Animation လေးကတော့ 2014 တုန်းက ထွက်ရှိခဲ့တဲ့ Iron Man & Captain America: Heros United ပါ... ဒီဇာတ်လမ်းထဲမှာ ကျွန်တော်တို့ရဲ့ Cap ကို Red Skull ရဲ့ ဘက်တော်သား Hydra တစ်ဖြစ်လဲနဲ့ မြင်တွေ့ရမှာဖြစ်ပါတယ်... ဇတ်လမ်းအကျဉ်းကတော့ Red Skull နဲ့ သူ့ရဲ့ လက်ပါးစေ Taskmaster တို့ရဲ့ မဟာစီမံကိန်းကြီးကို Cap နဲ့ Iron Man တို့ ကိုင်တွယ်ဖြေရှင်းတဲ့အကြောင်းပါ... ကမ္ဘာကြီးကို Hydra အထူးသုတ်သင်ရေးအဖွဲ့နဲ့ အပိုင်စီးမယ့် စီမံကိန်း ဆိုပါတော့။ ထုံးစံအတိုင်း မတည့်အတူနေ အချစ်တော်ကြီးတွေဖြစ်တဲ့ Cap နဲ့ ...
5.6
IMDB: 5.6/10 1,019 votes
movie

Iron man & Captain America: Hero United (2014)

2014
The Wizards Return: Alex vs. Alex (2013) 6.6
The Wizards Return: Alex vs. Alex (2013)   IMDb 6.6 ရရှိထားပြီး အဆိုတော် ဆယ်ကျော်သက် လူငယ်သရုပ်ေဆာင် ဆယ်လီနာဂိုမက် ပါဝင်သရုပ်ဆောင်ထားတဲ့ မှော်ကားလေးတကားကို တင်ဆက်ပေးလိုက်ပါတယ် ဇာတ်လမ်းလေးကို Disney ကရိုက်ကူးထားပြီး တခြား ရိုက်ကူးထားတဲ့ကားတွေလိုပါပဲ ကြည့်ကောင်းတဲ့ ဇာတ်လမ်းလေးတစ်ခုပါ ဇာတ်လမ်း အကျဉ်းလေးကတော့  ရူဆို မိသားစု ဟာ အီတလီ တက်စ်ကယ်နီမြို့မှာ မိတ်ဆွေဟောင်းတွေနဲ့ တွေ့ဆုံဖို့ သွားရာမှာ လူငယ်ဖြစ်သူ အဲလစ်က သူ့ရဲ့ မှော်အတတ်ကို အသုံးပြုလိုက်ရာမှ မထင်မှတ်ပဲ အရေးယူခံလိုက်ရာမှ ဘယ်လိုတွေများ ဆက်ဖြစ်ကြမလဲဆိုတာကိုတော့ ဆက်လက်ကြည့်ရှူ လိုက်ကြပါတော့ဗျာ Download From V.I.P Download  From Pcloud
6.6
IMDB: 6.6/10 3,642 votes
movie

The Wizards Return: Alex vs. Alex (2013)

2013
The Guardian Brothers (2016)
The Guardian Brothers (2016) ယဉ်ကျေးမှုဓလေ့ထုံးတမ်းတွေဟာ မှိုတက်နေတဲ့စာအုပ်ထဲမှာပဲရှိတယ် နတ်ကောင်းနတ်မြတ်တွေဆိုတာ ပုံပြင်ထဲမှာတောင်မရှိတော့တဲ့ လူနေမှု အဆင့်အတန်း .....လူတွေဒီလိုဖြစ်နေတာတွေကို နတ်တွေက သဘောမကျဘူး အထူးသဖြင့် တံခါးစောင့်နတ်သားလေး ၂ပါးက ပိုဆိုးတယ် သို့ပေမဲ့လည်း ဒေါသထွက်ရုံမှာအပ သူတို့ ဒီဖြစ်အင်ကိုပြောင်းလဲပေးဖို့ ဘာလုပ်ရမှန်းမသိဖြစ်နေကြတယ်. တစ်နေ့တော့ သူတို့ ၂ယောက်ရဲ့ပုံကိုချိတ်ဆွဲထားတဲ့ စားသောက်ဆိုင်အိုကြီးကို ထူးထူးခြားခြား တွေ့မိတယ် တံခါးစောင့် နတ်သား၂ယောက်ဟာ လူ့ပြည်ကိုဆင်းကာ စားသောက်ဆိုင်လေးကအစပြုပြီး လူတွေရဲ့အယူအဆတွေပြုပြင်ပြောင်းလဲဖို့ ကြိုးစားကြတယ် ဒီစားသောက်ဆိုင်လေး ကမုဆိုးမသားအမိ၂ယောက်ရဲ့ဆိုင်လေးပါ လူယောင်ဆောင်လာတဲ့နတ်သား၂ယောက်ရယ် သားအမိရယ် စားသောက်ဆေးလေးမှာအလွဲလွဲ အချောချောတွေနဲ့ ...........နတ်သားလေး၂ယောက်ဟာတကယ်ပဲ လူတွေရဲ့စိတ်ကိုပြောင်းလဲအောင်လုပ်နိုင်မလား ဘယ်လိုအန္တရယ်ဆိုးတွေနဲ့ ရောကြုံရမလဲဆိုတာတော့ ပရိတ်သတ်ကြီးရေ ကြည့်လိုက်ပါဦးလို့....... ဒီဇတ်ကားလေးကိုကြည့်ရင်း အာရုံကိုလွှမ်းမိုးလာတာက ဖတ်ဖူးခဲ့တဲ့ သာသနာသက္ကရာဇ်နဲ့ဆိုင်တဲ့အကြောင်းလေးပါပဲ သာသနာသက္ကရာဇ် ၃၀၀၀ကျော်ခဲ့ရင် လူတွေဟာ အယူအဆလွဲမှားမှုတွေနဲ့ ပျက်ကိန်းဆိုက်မယ်လို့ ဆိုထားတာပါ ဒီဇတ်ကားလေးထဲမှာ ဆိုရင်လူတွေဟာ ခတ်မှီစက်ကိရိယာတွေ နည်းစနည်တွေ စည်းကမ်းတွေလွှမ်းမိုးမှုအောက် မှာ ပျော်မွေ့နေလေတော့ ဘာသာရေးလိုက်စားမှု ဆိုတာမရှိသလော က်ဖြစ်နေတယ် ဇတ်ကားကျောရိုးက ပိုပိုသာသာလေးပြထားတယ်ဆိုပေမဲ့ ကျွန်တော်တို့မျက်မှောက်ခေတ် အပြင်လောကနဲ့ဆက်စပ်ကြည့်တော့ တော်တော်လေးလည်းမှန်နေတယ် ကောင်းမွန်တဲ့နိမိတ်ပြဇတ်ကားလေးလို့ တောင်ဆိုရမယ်ထင်တယ် ကိုင်းရေးတာလည်းရှည်ပြီဗျာ ခံစားကြည့်လိုက်ပါဦးလို့ Download From V.I.P  Download Large File From Pcloud Download Small File From Pcloud
IMDB: /10 votes
movie

The Guardian Brothers (2016)

Ant Boy 3(2016) 5.3
Ant Boy 3(2016)     2016 ခုနှစ်ကထွက်ရှိခဲ့ပြီး IMDb rating 5.4 ထိရရှိထားတဲ့ Ant Boy ဆိုတဲ့ စူပါဟီးရိုးကားလေးကို တင်ပေးလိုက်ပါတယ် ဇာတ်ကားလေးကတော့ ကလေးကြိုက် PG ကားလေး ဖြစ်တာကြောင့် အထွေအထူး ညွှန်းစရာတော့ မရှိပါဘူး ဇာတ်လမ်းသဘောကတော့ ပုံမှန် စူပါဟီးရိုးပုံစံပဲ ဗီလိန်ပါမယ် စွမ်းအားရှင်စူပါဟီးရိုးတယောက်ပါပါ့မယ် ကဲ ဇာတ်လမ်းအကျဉ်းလေးကတော့ EXO Farm ဆိုတဲ့ ကုမ္ပဏီကြီးမှာ စီအီးအို အသစ်တက်လာရာမှ အသစ်ဝင်လာတဲ့ စီအီးအိုက မတော်လောဘနဲ့ ကမ္ဘာကြီးကို အုပ်စိုးဖို့ကြံစည်ရာမှ အန့်ဘွိုင်းက အမည်မသိ စကိတ်စီးအဖျက်အမှောင့်ပယောဂ အကျင့်ယုတ် စက်ရုပ်ကြီးကို နှိမ့်နင်းဖို့ကြုံလာရာမှ ဘယ်လိုတွေဆက်ဖြစ်ကြမလဲဆိုတာကို ပရိတ်သတ်ကြီးကပဲ ဆက်ကြည့်လိုက်ကြတော့ဗျာ Download Large File       Download Small File 
5.3
IMDB: 5.3/10 133 votes
movie

Ant Boy 3(2016)

2016
Legend Of Ravaging Dynasties (2016)
Legend Of Ravaging Dynasties (2016)   ဒီတစ်ခါတော့ပရိတ်သတ်တွေကိုအခုတလောနာမည် ကြီးနေတဲ့ဇတ်ကားတစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ် ပရိတ်သတ်တွေလည်းအတော်တောင်းဆိုထားတာများ တဲ့အတွက်အသစ်ကိုမှကြည့်ချင်သူတွေအတွက်တင် ဆက်ပေးလိုက်ပါတယ်ဇတ်ကားကတော့တရုတ်ကာ တွန်းကားလေးပုံစံပါပဲဒါပေမဲ့ဇတ်ကောင်တွေကိုလူနဲ့ တသွေမတိမ်းတူအောင်လုပ်ဆောင်ထားနိင်တာကဒီ ဇတ်ကားရဲ့ထူးခြားမှုလေးပါတရုတ်တွေရဲ့အရည်အချင်း ကောင်းတွေကိုလည်းမြင်တွေ့ရမယ့်ဇတ်ကားကောင်းတစ်ကားပါပဲမိဘမဲ့လူငယ်လေးတစ်ယောက်နဲ့မထင် မှတ်ပဲတွေ့ဆုံခဲ့တဲ့မိန်းမလှလေးတစ်ဦးနဲ့ရဲမတ်တစ်ဦး ရဲမတ်လေးနောက်ကိုလိုက်ပြီးမှော်ပညာသင်ယူဖို့ကြိုး စားတဲ့လူငယ်လေးထာဝရကျွန်းကိုသွားပြီးမှော်လက် နက်သွားရှာတဲ့အခါဘယ်လိုလူမျိုးတွေသတ္တဝါဆန်းတွေ နဲ့တွေ့ရမလဲစသဖြင့်(animation)ပိုင်းကပရိတ်သတ် တွေကိုဆွဲဆောင်သွားမှာပါအကောင်းကြိုက်တဲ့သူတွေ အတွက်ကတော့နောက်ထပ်အကောင်းပါပဲလို့ပြောကြား ရင်းအညွန်းသိပ်မပေးလိုတော့ပဲဇတ်ကားလေးသာ ဒေါင်းကြည့်ပါလို့အကြံပြုရင်း ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်ကတော့ ကိုစိုးထွေးဖြစ်ပါတယ် Download On Pcloud Large File   Download On Pcloud Small File
IMDB: /10 votes
movie

Legend Of Ravaging Dynasties (2016)

Under The Shadow (2016)
Under The Shadow (2016) အညွှန်း  အီရန်နဲ့ အီရတ် စစ်အရေးအခင်းကြောင့် နိုင်ငံရေးလုပ်တဲ့လူတွေ ရှိလာခဲ့ပြီး   ရှီဒီဆိုတဲ့မိန်းကလေးကလဲ နိုင်ငံရေးပါဝင်မှုကြောင့် သူ ဝါသနာပါတဲ့ ဆရာဝန်ဘဝကို စွန့်လွှတ်ခဲ့ရပြီး ကျောင်းကနေ ထွက်လိုက်ရတယ်  တာရန်ဆိုတဲ့မြို့မှာ ရှီဒီတို့ မိသားစု နေထိုင်ကြတယ် တနေ့ သူ ယောကျာင်္း ရှေ့တန်းကို တာဝန်ကျလို့ သွားရတဲ့အခါ ရှီဒီဟာ ကလေးတစ်ယောက်နဲ့ ဖြစ်နေလို့ စိတ်မချတဲ့အခါ  ရှီဒီနဲ့ကလေးကို သူ့မိဘအိမ်မှာ သွားနေဖို့ပြောတဲ့အခါ ရှီဒီဟာ ခယ်မတွေရဲ့အပြောကို မခံနိုင်လို့ ယောကျာင်္းစကားကို နားမထောင်ပဲ မသွားခဲ့ဘူး  သူ့ယောကျာင်္း ရှေ့တန်း ထွက်သွားပြီး မကြာခင်မှာ အီရန်-အီရတ်စစ်ပွဲက သူတို့မြို့ထိပါ ရောက်ရှိလာခဲ့တယ်  တနေ့ သူတို့နေထိုင်ရာ အိမ်ရာကို ဒုံးကျည်ကျပြီးနောက်မှာ  ဒုံးကျည်က မပေါက်ကွဲပေမဲ့ သူတို့ အိမ်ရာက အဖိုးကြီး တစ်ယောက် ဆုံးပါးသွားခဲ့တယ် ကြောက်မက်ဖွယ်ရာကောင်းတဲ့ ထူးခြားတဲ့ အရာတွေ ရှီဒီတို့ အိမ်ရာမှာ ဖြစ်ပေါ်လာခဲ့တယ်  အဲဒီ ကြောက်မက်ဖွယ်ရာတွေက ဘယ်လိုကြောင့် ဖြစ်ပေါ်လာခဲ့တာလဲ  ရှီဒီတို့ သားအမိကရော ...

Under The Shadow (2016)

Genres

Like Us!