Channel Myanmar

Action

Vivegam (2017) 6.1
Vivegam (2017) အဂျေးကူမားက ဥရောပမှာဆို ထိပ်သီးလျှို့ဝှက်အေးဂျင့်တစ်ယောက်ဖြစ်ပါတယ် သူနဲ့သူ့အဖွဲ့ဟာဆိုနိုင်ငံတကာက အရေးပါတဲ့လျှို့ဝှက်ဖြေရှင်းရတဲ့ကိစ္စတွေကို ဆောင်ရွက်ပေးရပါတယ် အဂျေးကူမားတစ်ယောက် အားလုံးအဆင်ပြေ ချစ်သူနဲ့လက်ထပ်ပီးအခါမှ နိုင်ငံတကာက ထိပ်တန်းအဆင့်ရှိရာဇ၀တ်ကောင်တွေပါဝင်နေတဲ့ အမှုကြီးတစ်ခုအပ်ခံရပီးမှ အရာအားလုံးပြောင်းလဲသွားပါတယ် အဂျေကူမားနဲ့သူငယ်ချင်းအာရီယန်ဆင်ဂါးတို့ အမှုထဲပါဝင်ပတ်သက်လေ လေးနက်လေဖြစ်လာပါတယ် အဂျေးကူမား အရေးကြီးသဲလွန်စတစ်ခုရတာနဲ့ သေနတ်နဲ့အပစ်ခံရ လုပ်ကြံဇာတ်ခင်းခြင်းခံရနဲ့ ဇာတ်လမ်းကို အဆုံးထိဆွဲခေါ်သွားမှာဖြစ်ပါတယ် ရင်ဆိုင်နေရတဲ့ရန်သူတွေက ဘယ်ကလဲ ဒီကိစ္စတွေရဲ့လက်မည်းကြီးကဘယ်သူလဲ ဆက်လက်ကြည့်ရှုသွားရမှာဖြစ်ပါတယ် Storylineကတော့ ပုံမှန်ထက်မပိုတဲ့ဇာတ်လို့ပဲ ပြောရမှာပါ Plot twistကလည်းသိပ်မထူးဆန်းပါဘူး အိန္ဒိယကားတွေအကြည့်များသူတွေအတွက်ကတော့ ခန့်မှန်းနိုင်မှာပါ တမီးလ်ကားဖြစ်တာနဲ့အညီ အက်ရှင်ခန်းတွေကတော့ မင်းသားအသားပေးဖြစ်ပါတယ် သေမင်းကလာခေါ်ချင်တောင် လက်ဖက်ရည်တိုက်ပြီး လိုက်ခဲ့ပါကွာ ပြောရမယ့်အထိကို မင်းသားက ကြမ်းတာပါ အေးဂျင့်တွေပြေးလိုက်လွှားလိုက်နဲ့ဖိုက်နေရတဲ့ကြားကမှာ ဇနီးတစ်ယောက်ရဲ့ခင်ပွန်းအပေါ်ဘယ်လိုချစ်လဲဆိုတာလေးတော့ တော်ကီအကောင်းစားတွေနဲ့ရိုထားတာကတော့ သဘောခွေ့စရာလေးပါ ဘာပဲပြောပြော ကြည့်ပျော်ပြီး စိတ်ချမ်းသာရမယ့်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်လို့......   QTY - 720p HDrip Duration - 2hr 04min Gern - Action/ Thriller Translator - Soe Bo Bo Encoder - Kyaw Ye Aung
6.1
IMDB: 6.1/10 8,767 votes
movie

Vivegam (2017)

2017
Riki-Oh: The Story of Ricky (1991) 7.1
Riki-Oh: The Story of Ricky (1991) ဒီတစ်ခါ အရမ်းကြမ်းတဲ့ ဟောင်ကောင်အက်ရှင်တစ်ကားလေးပါ Ricky Ho: The story of Ricky ရစ်ကီဟိုဆိုတဲ့ကောင်လေးတစ်ယောက်ရဲ့ဇာတ်လမ်းတစ်ပုဒ်ပေါ့ ဒီဇာတ်ကားက ၁၉၉၁ခုနှစ်မှာ ရိုက်ကူးထားတယ်ဆိုပေမယ့် ဇာတ်ကားထဲမှာအခြေတည်ထားတာ ၂၀၀၁ခုနှစ်ပါ ဇာတ်လမ်းကတော့ ၂၀၀၁ခုနှစ်မှာ ထောင်တွေက အစိုးရပိုင်မဟုတ်တော့ပဲ ပုဂ္ဂ္ဂလိကတွေကိုလွှဲပေးထားတယ်ဆိုပြီးဇာတ်လမ်းဆင်ထားပါတယ် အဲ့ထောင်ကို ရစ်ကီဟိုတစ်ယောက် လူသတ်မှုနဲ့ရောက်လာပါတယ်။ ထောင်တွေရဲ့ထုံးစံအတိုင်းကြီးနိုင်ငယ်ညှင်းတွေရှိနေသလိုအခုသူရောက်သွားတဲ့ထောင်မှာ လေးပိုင်းပိုင်းပြီး အဖွဲ့လေးဖွဲ့ခွဲထားပါတယ်။ အရှေ့ဆောင် အနောက်ဆောင် တောင်ဖက်ဆောင်မြောက်ဖက်ဆောင်စသည်ဖြင့်ပေါ့။ အဆောင်တစ်ခုချင်းဆီမှာဒိတ်ဒိတ်ကြဲသိုင်းကျွမ်းတဲ့ခေါင်းဆောင်တွေအုပ်ချုပ်တယ်။ ရစ်ကီဟိုဆိုတာကလဲ ခေသူမဟုတ် သေချာလေ့ကျင့်ထားတဲ့သိုင်းသမား စိတ်ကလဲမဟုတ်မခံ။ အဲ့မှာ ဗိုလ်ကျအနိုင်ကျင့်မှုတွေနဲ့မဟုတ်မခံနဲ့သွားတွေ့တော့တာပဲ။ ပြီးတော့ ထောင်ကလဲ ပုဂ္ဂ္ဂလိကဆိုတဲ့အတိုင်း ထောင်ကိုဗန်းပြပြီးနောက်ကွယ်မှာမဟုတ်တရုတ်လုပ်တာတွေရှိနေပြန်တော့.... ဒီဇာတ်ကားက Extreme Violence အမျိုးအစားပါ သွေးထွက်သံယိုတွေတစ်ကားလုံးပြည့်နှက်နေပါတယ်လို့တော့ ကြိုသတိပေးပါရစေ ထမင်းစားပြီးမကြည့်ပါနဲ့ xD   (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Hein Min Tun  ပါ)   File Size : (800 MB) and (344 MB) Quality : Blu-Ray 720p Running Time : 1hr 31min Format : Mp4 Genre : Action, Comedy, Thriller Subtitle : Myanmar Subtitle ...
7.1
IMDB: 7.1/10 10,947 votes
movie

Riki-Oh: The Story of Ricky (1991)

1991
Blu-Ray 720p
Distorted (2018) 4.2
Distorted (2018) ဒီဇာတ်ကားလေးကတော့ Mystery, Thriller ဇာတ်ကားဇာတ်အေးလေးတစ်ကားဖြစ်ပါတယ်။ ပေါ့ပေါ့ပါးပါးဇာတ်လမ်းတွေပဲကြည့်ချင်ရင်တော့ လက်ရှောင်သွားဖို့အကြံပြုချင်ပါတယ်။ လူတိုင်းကြိုက်မဲ့ကားမျိုးမဟုတ်ပေမယ့် ကြိုက်တဲ့လူတိုင်းကတော့ အကောင်းဆုံးထဲမှာပါတယ်လို့ပြောကြမှာပါ။ ဒီကားထဲမှာ စိတ်ပိုင်းဆိုင်ရာအတွေးအခေါ်တွေနည်းပညာရဲ့ကြောက်စရာကောင်းတဲ့သက်ရောက်မှုတွေကို စိတ်ဝင်တစားတွေ့ရမှာပါ။ စုံထောက်ကားကြိုက်သူတွေ သည်းထိတ်ရင်ဖိုဇာတ်ကားကြိုက်သူတွေအတွက်အရမ်းကိုအကြိုက်တွေ့စေမှာပါ။ နာမည်ကြီးမင်းသမီးမင်းသားများဖြစ်တဲ့ Christina Ricci နဲ့ John Cusack သရုပ်ဆောင်ထားပါတယ်။ ၃၂နှစ်အရွယ် သားတစ်ယောက်ဆုံးပါးသွားလို့စိတ်ကျရောဂါဖြစ်နေတဲ့ Lauren တစ်ယောက် သက်တောင့်သက်သာပိုရှိစေဖို့ The Pinnacle ဆိုတဲ့ ခေတ်မှီအိမ်ယာမှာရွှေ့ပြောင်းနေထိုင်ခဲ့ပါတယ်။ ဒါပေမယ့် သူ့ရဲ့စိတ်ကျရောဂါဟာသက်သာမလာပဲ ပိုဆိုးလာသလိုဖြစ်နေပြီးတော့ ထူးဆန်းတာတွေမြင်နေကြားနေရပါတယ်။ အဲဒါတွေက သူရဲ့စိတ်ထဲမှာပဲဖြစ်နေတာလား တကယ်ဖြစ်နေတာလား သူ့ရဲ့ခင်ပွန်းဖြစ်သူကရော သူ့ကိုကူညီပေးနိုင်ပါမလားဆိုတာကတော့....   (ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့  d3mon ပါ)   File Size : (700 MB) and (300 MB) Quality : WEB-DL 720p Running Time : 1hr 26min Format : Mp4 Genre : Action, Mystery, Thriller Subtitle : Myanmar Subtitle (Hard Sub) Source : 720p.WEB-DL.XviD.AC3-FGT Translated by d3mon Encoded by Thanhtike Zaw
4.2
IMDB: 4.2/10 123 votes
movie

Distorted (2018)

2018
Jurassic World: Fallen Kingdom (2018) 7.8
Jurassic World: Fallen Kingdom (2018) ခုဇာတ်ကားက HDTC (Cam Version ဖြစ်ပါတယ်။ အကြည်မစောင့်နိုင်သူတွေအတွက် ဦးဦးဖျားဖျားတင်ဆင်ပေးထားတာပါ။ အကြည်မှကြည့်မယ်ဆိုသူတွေ မဒေါင်းကြပါနဲ့။အကြည်ထွက်တာနဲ့ Update လုပ်ပြီး ထပ်မံတင်ဆက်ပေးပါမယ် :)   အားလုံးသိကြတဲ့ Jurassic World:Fallen Kingdom ဟာ စပိန်ဒါရိုက်တာ J.A Bayona က ရိုက်ကူးထားတာဖြစ်ပြီး စိတ်ကူးယာဉ်သိပ္ပံဇာတ်လမ်းတစ်ခုလည်းဖြစ်ပါတယ်.... ဒီကားဟာ ဒိုင်နိုဆောတွေရဲ့အကြောင်းကို ရိုက်ကူးထားတဲ့ Jurassic Park ဇာတ်လမ်းတွေရဲ့  ၅ ကားမြောက်ဖြစ်ပြီးတော့ Jurassic World (2015) ရဲ့ နောက်ဆက်တွဲကားလည်းဖြစ်ပါတယ်... Rating 7.8 ရရှိထားတဲ့ကားတစ်ကားဖြစ်ပါတယ်... Jurassic World ပျက်စီးသွားပြီးသုံးနှစ်အကြာမှာ ထိုအပန်းဖြေစခန်းဆောက်လုပ်ထားတဲ့ ကျွန်းမှာမီးတောင်ပေါက်ကွဲမှု့ကြောင့် ဒိုင်နိုဆောများမျိုးတုန်းရတော့မယ့် အခြေနေကိုရောက်လာပါတယ်.. အစိုးရဘက်ကလည်း ပြည်သူတွေအတွက် ဒါကိုမျက်ကွယ်ပြုလိုက်ပေမယ့် ဒုတိယဒိုင်နိုဆောတွေမျိုးတုန်းတော့မယ့် အခြေနေကို ကယ်တင်မယ့်သူများပေါ်လာပါတယ်... ဒါကတော့ Jurassic World (2015) မှာစတင်ပါလာတဲ့ Owen Grady နဲ့ Claire Dearing တို့ရဲ့ကယ်ဆယ်ရေးအစီစဉ်ပဲဖြစ်ပါတယ်.. သူတို့ဖန်တီးထားခဲ့တဲ့ ဒိုင်နိုဆောများကို သူတို့ကိုယ်တိုင်ကယ်ဆယ်ရမှာဖြစ်ပြီးတော့ ဒီဒိုင်နိုဆောတွေထဲမှာလည်း များပြားလှတဲ့ အရိုင်းကောင်တွေရှိနေတဲ့အတွက် သူတို့ဘယ်လိုကယ်ထုတ်ကြမလဲဆိုတာ စိတ်ဝင်စားစရာကောင်းပါတယ်.... နောက်ပြီးတော့ Jurassic World (2015) မှာ T-Rex ရဲ့ Raptor DNA တွေစုပြီးပေါင်းစည်းထားတဲ့ ...
7.8
IMDB: 7.8/10 votes
movie

Jurassic World: Fallen Kingdom (2018)

HDTC 720p
Skybound (2017) 5.6
Skybound (2017) 2017 ကထွက်ရှိခဲ့တဲ့ဒီ Skyboundဆိုတဲ့ကားလေးဟာ Action and Thriller ကားအမျိုးအစားလေးဖြစ်ပါတယ်။ ဒီကားကိုရိုက်ကူးပေးတဲ့ ဒါရိုက်တာကတော့ဒါရိုက်တာ Alex Tavakoli ဖြစ်ပြီးတော့ ဒီကားလေးရဲ့ဇာတ်ညွန်းရေးသူကလည်းသူကိုယ်တိုင်ပဲဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း မက်ဟာသူကောင်မလေးလီဆာနဲ့အတူအယ်အေကိုကိုယ်ပိုင်ဂျက်လေယာဉ်နဲ့အတူခရီးထွက်ခဲ့ပါတယ်။ သူတို့နဲ့သူတို့သူငယ်ချင်းနှစ်ယောက်လည်းပါပြီးတော့ မက်ရဲ့ညီကိုင်လည်းအကြောင်းတစ်ခုကြောင့်လိုက်ပါလာခဲ့ပါတယ်။ သူတို့သွားနေစဉ်အတွင်းမှာဘဲမြေပြင်ပေါ်မှာအံ့သြထိတ်လန့်စရာတွေကြုံရတယ်။ အဲဒီအံ့သြထိတ့်လန့်စရာတွေက သူတို့လေယာဉ်ပေါ်ခိုးလိုက်လာခဲ့တဲ့ လူနဲ့ ဆက်စပ်နေတာလား………………… ဒါမှမဟုတ်တကယ်ပဲဖြစ်ပျက်နေတာလား။ သူတို့အားလုံးပေါင်းပြီးအဲ့ဒီအခက်အခဲကိုဘယ်လိုကျော်လွားကြမလဲဆိုတာကို ကြည့်ရှု့ခံစားရမှာဖြစ်ပါတယ်…………… ဒီကားလေးကိုတော့နာမည်ကြီးမင်းသမီး Scarlett Byrneကပါဝင်သရုပ်ဆောင်ပေးထားပြီးတော့ ကြည့်ရှုသင့်တဲ့ Action & Thriller ပေါင်းထားတဲ့လက်လွတ်မခံသင့်တဲ့ပရိသတ်အားပေးမှုကောင်းခဲ့တဲ့ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။   (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Nyi Nyi Lwin  ပါ)   File Size : (800 MB) and (330 MB) Quality : WEB-DL 720p Running Time : 1hr 22min Format : Mp4 Genre : Action, Thriller Subtitle : Myanmar Subtitle (Hard Sub) Source : 720p.AMZN.WEBRip.DDP5.1.x264-NTG Translated by Nyi Nyi Lwin Encoded by Thanhtike ...
5.6
IMDB: 5.6/10 1,215 votes
movie

Skybound (2017)

2017
Cloverfield (2008) 7.0
Cloverfield (2008) Cloverfield (2008) အညွှန်းကိုတော့ ဒီကားကိုကြည့်ဖြစ်စေခဲ့တဲ့ Datshin Page မှ အညွှန်းနှင့်မိတ်ဆက်ပေးပါရစေ   New York မြို့ရဲ့ ညတစ်ညမှာသူငယ်ချင်းတွေစုပြီး Party လုပ်နေတုန်း အကောင်ကြီးတစ်ကောင် ဘယ်က ဘယ်လိုမှန်းမသိ မြို့ပေါ်ကျလာပါတယ်။ အဲကောင်ကြီးက မြို့ မှာမြင်မြင်သမျှသောင်းကျန်းပြီး မြို့တစ်မြို့လုံးလည်း ဘာတွေဖြစ်နေမှန်းမသိရလို့ အဲသူငယ်ချင်းတစ်စုလည်း တခြားလူတွေနည်းတူ မြို့က ထွက်ပြေးဖို့လုပ်ကြရာမှာ အထဲကတစ်ယောက်က Party မှာ Video နဲ့ မှတ်တမ်းတင်ရင်း သူတို့အဖြစ်အပျက်တစ်ခုလုံးကို မှတ်တမ်းတင်ပါတော့တယ်။ — Review — ဒီဇာတ်ကားကိုစကြည့်တုန်းက သယ်ရင်းတစ်ယောက်က ညွှန်းလို့ စကြည့်ဖြစ်တာပါ။ Found Footage Film အမျိုးအစားပါ။ ဒီနေ့ခေတ်မှာ အဲလိုကားတွေခေတ်စားလာတာ ဒီကားကြောင့်ဆိုတာ အသေအချာပါပဲ။ (သူ့လောက်တော့ ကြည့်ကောင်းတဲ့ကားရှားပါတယ်)။ စကြည့်လိုက်ကတည်းက သတိထားမိတဲ့အချက်ကတော့ Perspective တွေပါပဲ။ ဒီဇာတ်ကားတစ်ကားလုံးကို လူတစ်ယောက်ထဲကကင်မရာကိုင်ပြီး မှတ်တမ်းလိုက်တင်ထားတဲ့ပုံစံမျိုးနဲ့ရိုက်ထားတာပါ။ ဇာတ်လမ်းကတော့ အပေါ်မှာပြောထားသလိုပါပဲ ဘယ်ကရောက်လာမှန်းမသိတဲ့ အကောင်ကြီးတွေက ...
7.0
IMDB: 7.0/10 335,677 votes
movie

Cloverfield (2008)

2008
Blu-Ray 720p
Spawn 5.2
Spawn ပထမဆုံးပြောရမယ်ဆိုရင် အခုမိတ်ဆက်ပေးမယ့် ဇာတ်ကောင်ကတော့ Hero မဟုတ်တဲ့ Anti Hero တစ်ယောက်ပါ...... သူ့နာမည်က Spawn ...  သူဟာကောင်းကင်ဘုံနဲ့ငရဲဘုံကြားဖြစ်လာတဲ့စစ်ပွဲမှာ ငရဲစစ်တပ်ကိုဦးဆောင်မယ့်လူအဖြစ်မွေးဖွားလာခဲ့ပါတယ်... လူတစ်ယောက်ဖြစ်နေတဲ့အချိန်မှာ သူဟာ လုပ်ကြံသတ်ဖြတ်ရေးသမား တစ်ယောက်ဖြစ်ပြီးတော့ သူသေဆုံးသွားပြီးတဲ့နောက်မှာတော့ သူဟာ ငရဲပြည်ကိုရောက်ပြီး ငရဲဘုံကနေစွမ်းအားတွေရရှိလာခဲ့ပြီး ငရဲစစ်တပ်ကိုဦးဆောင်မယ့် Spawn အဖြစ်ပြန်လည်မွေးဖွားလာပါတယ်.... သေဆုံးသွားတယ်ဆိုတာထက် သူဟာလုပ်ကြံခံခဲ့ရတာပါ.. အပြင်းထန်ဆုံးမီးလောင်ပေါက်ကွဲမှု့ကြားထဲမှာ တကိုယ်လုံးမီးအရှို့ခံရပြီးတော့ သေဆုံးခဲ့ရပါတယ်.. ဒါကြောင့် သူ့တကိုယ်လုံးဟာလည်း ရုပ်ပျက်ဆင်းပျက်ဖြစ်ပြီးတော့ သူငရဲဘုံကနေစွမ်းအားတွေရပြီးပြန်လာခဲ့အချိန်မှာတော့ လူတောတိုးလို့မရတော့တဲ့အခြေနေဖြစ်သွားခဲ့ပါတယ်... ဒါဆို Spawn ရဲ့စွမ်းအားတွေကို လေ့လာကြည့်လိုက်ရအောင်... ငရဲတပ်ကိုဦးဆောင်ဖို့အတွက်မွေးဖွားလာတဲ့ Anti Hero ပါ... လုပ်ကြံသတ်ဖြတ်ရေးသမားတယောက်ဖြစ်ပြီးတော့ သူသေဆုံးတဲ့အချိန်မှာ ငရဲကနေအစွမ်းတွေရလာတာဖြစ်ပါတယ် .... Wolverine Deadpool တို့လို့ အနာကျက်မြန်ဆန်ပြီး ချွန်ထက်တဲ့ စတီးကြိုးတွေ ဓားတွေက သူ့စိတ်ထဲမှာရှိတဲ့အတိုင်း အခြေခံပြီး သူ့တကိုယ်လုံးကနေထွက်ပေါ်တတ်ပါတယ် ... ရှည်လျားကြီး အထာကျလွန်းတဲ့ သူ့ရဲ့ဝတ်ရုံက green lantern လို သူလိုချင်တဲ့ပုံစံကိုပြောင်းပေးနိုင်ပါတယ် .... ငရဲကစွမ်းအားတွေကို ရရှိထားတဲ့ spawn ကလူကောင်းမဟုတ်သလို လူဆိုးလို့လဲပြောလို့မရပါဘူး ... Super Hero ဇာတ်လမ်းတွေကြိုက်တဲ့လူတွေအတွက်  ဒီကားက ကြည့်လို့ကောင်းမယ့်ကားတစ်ကားလို့ညွှန်းပါရစေ.... File Size : (882 MB) and (367 MB) Quality ...
5.2
IMDB: 5.2/10 57,703 votes
movie

Spawn

1997
Rampage (2018) 6.4
Rampage (2018) အမေရိကန် အထူးတပ်ဖွဲ့ ဝင်ဟောင်းတစ်ဦးဖြစ်တဲ့ ဒေးဗစ်အိုကွေဟာ ဆန်ဒီရေးဂိုးတောရိုင်း တိရစ္ဆာန် ကာကွယ်စောင့်ရှောက် ရေးဌာနက ဂေါ်ရီလာမျောက်ဝံ တွေနဲ့ပတ်သက်ပြီး သုတေသန ပြုနေတဲ့ နာမည်ကြီး ပညာရှင် တစ်ယောက်ပါ။ မုဆိုးတွေလက်ကနေ ကယ် ဆယ်လာခဲ့တဲ့ ဂျော့ခ်ျဆိုတဲ့ ဂေါ်ရီ လာမျောက်ဝံဖြူကြီးဟာ သာမန် မျောက်ဝံတွေနဲ့မတူဘဲ ထူးခြားတဲ့ အသိဉာဏ်ဖွံ့ဖြိုးမှုမျိုးရှိနေတယ်ဆိုတာ ဒေးဗစ်က သတိထားမိပြီး ဂျော့ခ်ျနဲ့လည်း ရင်းနှီးခဲ့ပါတယ်။ တစ်ရက်မှာတော့ ဂျော့ခ်ျ နေတဲ့နေရာကို ထူးဆန်းတဲ့ ပစ္စည်းတစ်ခုကျလာပြီး အဲဒါကို ဂျော့ခ်ျ က ထိလိုက်တဲ့အခါမှာတော့ ည တွင်းချင်းမှာကို ဂျော့ခ်ျစိတ်ရိုင်း ဝင်ကာ ခန္ဓာကိုယ်အရွယ်အစား ကလည်း အကြီးကြီးဖြစ်သွားခဲ့ပါ တယ်။ အဲဒီနောက်မှာတော့ ဒေးဗစ် ကို မျိုးရိုးဗီဇဆိုင်ရာ ပညာရှင် ဒေါက်တာကိတ်ကဲလ်ဝဲက ဆက် သွယ်ပြီး ဂျော့ခ်ျ အခုလိုဖြစ်သွား တာဟာ Energyne ကုမ္ပဏီက စမ်းသပ်ထားတဲ့ သန္ဓေပြောင်း ပစ္စည်းကြောင့်လို့ပြောပါတယ်။ ဒေါက်တာကိတ်ကိုလည်း Energyne ...
6.4
IMDB: 6.4/10 22,605 votes
movie

Rampage (2018)

2018
WEB-DL 720p
Ready Player One (2018) 7.8
Ready Player One (2018) ဟောလိဝုဒ်ရုပ်ရှင်လောကမှာ ရုပ်ရှင်တစ်ကားရိုက်တိုင်း အမြင်သစ်တစ်မျိုးနဲ့တင်ဆက်တတ်တဲ့ စတီဗင်စပီးဘတ်က ၂၀၁၈ မှာတော့ 80s, 90s born တွေအတွက်အမှတ်တရဖြစ်သွားစေမယ့် ကားတစ်ကားကို ချပြသွားခဲ့ပါတယ်။ ဒီ Ready Player One ရုပ်ရှင်ဟာ Ernest Cline ရဲ့ Ready Player One ဆိုတဲ့ဝတ္ထုကိုအခြေခံရိုက်ကူးထားတာဖြစ်ပြီး ဒီရုပ်ရှင်ဟာ ယနေ့ခေတ်မှာ လူသုံးများလာတဲ့ VR စနစ်နဲ့1980 ကနေ 2000 ခုနှစ်ကြားမှာ ရေပန်းကျော်ကြားခဲ့တဲ့ ရုပ်ရှင်၊ ကာတွန်း၊ စာအုပ်၊ ဂိမ်း၊ သီချင်းတို့ကိုအချိုးကျကျ ပေါင်းစပ်ပြသနိုင်ခဲ့တဲ့အတွက် ဝေဖန်ရေးဆရာတွေချီးကျူးထားတဲ့ ရုံတင်ကားကောင်းတစ်ကားဖြစ်ပါတယ်။ ၂၀၄၅ ခုနှစ်အရောက်မှာ ကမ္ဘာပေါ်က လူတွေဟာ လက်တွေ့ဘ၀က ပြဿနာတွေကို ရင်ဆိုင်ဖြေရှင်းဖို့မကြိုးစားတော့ပဲ ထွက်ပေါက်အဖြစ် လွတ်မြောက်ဖို့နေရာတစ်ခုအဖြစ် အိုအေစစ်လို့ခေါ်တဲ့ Visual Worldထဲမှာပဲ အိပ်ချိန်၊ စားချိန်နဲ့ သန့်စင်ခန်းသွားချိန်တွေကလွဲလို့ ကျန်တဲ့အချိန်တွေကို ကုန်ဆုံးကြပါတော့တယ်။ ဒီ အိုအေစစ်ကြီးကို ဖန်တီးခဲ့သူကတော့ ဂျိမ်းစ်ဟာလီဒေးဖြစ်ပြီး သူမသေဆုံးခင် ...
7.8
IMDB: 7.8/10 107,934 votes
movie

Ready Player One (2018)

2018
WEB-DL 720p
Crimson Tide(1995) 7.3
Crimson Tide(1995) Crimson Tide(1995) IMDb..........7.3,,,,,,Rotten.....87% ရှရှားသူပုန်တွေဟာ အိုင်စီဘီအမ်ကို ဝင်စီးလိုက်တဲ့အချိန်မှာ အမေရိကန်တွေဟာ စစ်ဆင်ရေးလုပ်ပါတော့တယ်.... ပို့ပေးလိုက်တဲ့ သဘောင်္တွေဟာ နူကလီးယားပါဝါသုံး အလဘာမား ရေငုတ်သဘောင်္ပါ.. ဒါပေမယ့် သူတို့မသွားခင်မှာ အက်စ်အိုအသစ်လိုတဲ့အတွက်ထက်မြက်ပေမယ့် စွမ်းဆောင်ရည်အားသိပ်မပြဖူးတဲ့ ကော်မန်ဒါ ဟန်တာကိုပဲ ရွေးစရာရှိခဲ့ပါတယ်... ...ဒါပေမယ့် သဘောင်္ကပ္ပတိန် ရမ်စေ အိုကေကတော့ သူ့ကိုသဘောကျခဲ့ပါတယ်...ဒီလိုနဲ့ သူတို့ ၂ယောက်ဟာ အမေရိကန် ရေတပ်  စစ်သည်တွေနဲ့အတူ ရေငုတ်သင်္ဘောကြီးနဲ့ စစ်မျက်နှာဖွင့်ခဲ့ကြတယ်... ကိုင်း ဒန်ဇယ်ကားလည်းကြိုက်တယ်..စစ်ကားလည်းကြည့်ချင်တယ်ဆိုရင်တော့....ထွေထွေထူးထူးညွှန်းစရာမလိုတဲ့ကားဆိုတာ ခင်ဗျားတို့က ပိုတောင်သိမယ်ထင်ပါရဲ့....ဘာသာပြန်သူကတော့ ကိုမြန်မာကြီးပဲ ဖြစ်ပါတယ်..   File Size : (913 MB) and (388 MB) Quality : Blu-Ray 720p Format…mp4 Duration…01:56:00 Genre : Action,Drama,Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by မြန်မာကြီး Encoded by Phyo Pyae
7.3
IMDB: 7.3/10 88,699 votes
movie

Crimson Tide(1995)

1995
Genghis Khan (2018) 5.0
Genghis Khan (2018) Genghis Khan ဇာတ်ကားကတော့ historic / fantasy EPIC film လေးပါ အဓိကဇာတ်ဆောင်အနေနဲ့ William Chan ပါဝင်သရုပ်ဆောင်ထားပြီး,ဒီကားလေးက ၈ ကြိမ်မြောက် Beijing International Film Festival မှာအပိတ်ကားအဖြစ်ပြသခဲ့တဲ့ ကားကောင်းလေးတစ်ကားပါ Mongol Empire ကိုစတင်တည်ထောင်ခဲ့တဲ့ ထျယ်မုကျန်း (Genghis Khan) အကြောင်းကိုအခြေခံပြီးရိုက်ကူးထားခြင်းဖြစ်ပါတယ် ထျယ်မုကျန်း နဲ့ ပေါ်အာထျဲဟာ ငယ်စဉ်ကတည်းက ချစ်ခဲ့ရတဲ့ချစ်သူတွေဖြစ်ပြီး ရုတ်တရက် ထျယ်မုကျန်းရဲ့အဖေသေဆုံးသွားခြင်းက သူတို့ ၂ ယောက်ခွဲခွာဖို့ဖြစ်လာခဲ့ပါတယ် တဖက်မှာလဲ ဦးလေးဖြစ်သူရဲ့သစ္စာဖောက်ခြင်းကိုခံလိုက်ရပြီး လူမျိုးစုတစ်စုလုံးမှာမှ ၁ မိသားစုတည်းကွဲထွက်ပြီးနေထိုင်ခဲ့ရပါတယ် ငယ်စဉ်ကတည်းက စေ့စပ်ပေးထားတာကြောင့် ထျယ်မုကျန်းဟာ အရွယ်ရောက်တော့ သူ့ချစ်သူ ပေါ်အာထျဲရှိရာသို့ရောက်ရှိပြီး လက်ထပ်ထိမ်းမြားခဲ့ကြပါတယ် ပြဿနာကတော့ မင်္ဂလာဦးညမှာပဲ ပေါ်အာထျဲကို တစ္ဆေတိုင်းပြည်က ဖမ်းခေါ်သွားခဲ့တာကနေ စတင်ခဲ့တာပါ တစ္ဆေတိုင်းပြည်က ဘာကြောင့် ပေါ်အာထျဲကိုဖမ်းခေါ်သွားခဲ့တာလဲ? ထာဝရအသက်ရှင်နေထိုင်နိုင်တဲ့ ဘယ်လိုသတ်သတ်မသေတဲ့ တစ္ဆေတိုင်းပြည်ကဘုရင်ဟူးချူးလူ လက်ထဲကနေ ပေါ်အာထျဲကိုဘယ်လိုကယ်တင်မှာလဲဆိုတာ..........   (ဇာတ်လမ်းအညွန်း နဲ့ ဘာသာပြန်သူကတော့ ယမင်းသော်တာမောင်ပါ)   File Size ...
5.0
IMDB: 5.0/10 136 votes
movie

Genghis Khan (2018)

2018
Escape Plan 2: Hades (2018) 5.1
Escape Plan 2: Hades (2018) ဒီတစ်ခါမှာတော့ စတားလုံးလို့ အများသိကြတဲ့ မင်းသားကြီးSylvester Stallone ရဲ့ 2018 ခုနှစ်ထွက် အက်ရှင်ဇာတ်ကြမ်းကားကို ထွက်ထွက်ချင်းပဲ တင်ဆက်ပေးလိုက်ပါတယ်။ ဒီဇာတ်ကားဟာ ဒိတ်ဒိတ်ကြဲအက်ရှင်မင်းသားကြီးဖြစ်တဲ့ စတားလုံးနဲ့အာနိုးတို့နှစ်ဦး ပါဝင်သရုပ်ဆောင်ထားတဲ့ 2013 ခုနှစ်ထွက် Escape Plan ရဲ့နောက်ဆက်တွဲဇာတ်ကားပဲဖြစ်ပါတယ်။ ဒီဇာတ်ကားမှာတော့ မင်းသားကြီးအာနိုးပါဝင်မှာမဟုတ်တော့ဘဲ Guardian of the Glaxy မှာ Drax အဖြစ်ပါဝင်သရုပ်ဆောင်ခဲ့သူ WWE အကျော်အမော် Dave Bautista က စတားလုံးနဲ့အတူ အတွဲညီညီပါဝင်သရုပ်ဆောင်ထားပါတယ်။ ဒါ့အပြင် နာမည်ကျော် အမေရိကန် Rapper ကြီး "50 cent" လည်းပါဝင်ထားပါတယ်။ ဇာတ်လမ်းအကျဉ်း ========== Ray Breslin ဟာ ထောင်ကိုဖောက်ထွင်းပြီးအရေးကြီးတဲ့လူတွေကို ကယ်တင်ဖို့အတွက် အထူးလေ့ကျင့်ထားတဲ့ အဖွဲ့ရဲ့ အဖွဲ့ခေါင်းဆောင်တစ်ဦးပါ။ တစ်ရက်မှာသူ့ရဲ့ယုံကြည်ရသူတစ်ဦးဖြစ်တဲ့ Shu Ren ဆိုသူဟာ Hades လို့ခေါ်တဲ့ ကမ္ဘာ့အတင်းကျပ်ဆုံးထောင်ထဲမှာ ပျောက်ဆုံးသွားတာကြောင့် သူ့ရဲ့အဖွဲ့ကိုပြန်ဖွဲ့စည်းပြီး ကယ်ဆယ်ဖို့ကြိုးစားပါတော့တယ်.....။ မင်းသားကြီးစတားလုံးရဲ့ဇာတ်ကားဖြစ်တာကြောင့် ဇာတ်လမ်းဇာတ်ကွက်မကောင်းခဲ့ရင်တောင် ကြည့်ရတဲ့ ဖိုက်တင်ချခန်းတွေနဲ့ အချိန်ပေးရတာထိုက်တန်တဲ့ဇာတ်ကားကောင်းတစ်ကားဖြစ်မှာပါ။   (ဘာသာပြန်သူကတော့ ...
5.1
IMDB: 5.1/10 136 votes
movie

Escape Plan 2: Hades (2018)

2018
Blu-Ray 720p
The Sorcerer and the White Snake 5.9
The Sorcerer and the White Snake နာမည်ကြီးမင်းသားဂျက်လီနဲ့ကားဆိုတာနဲ့တင်ပြောစရာကိုမလိုတော့ပါဘူး.. ဒီကားကတော့ ကြည့်ဖူးသမျှဂျက်လီရဲ့ကားတွေထဲမှာ အကောင်းဆုံးနဲ့ အမိုက်ဆုံးကားတစ်ကားဆိုရင်လည်းမမှားပါဘူး... ၂၀၁၁ ကရိုက်ခဲ့တဲ့ကားပေမယ့် CGI Effect တွေကတော့ဒီနေ့အထိ ကောင်းမွန်ဆဲလို့ပြောရမှာပါပဲ... မိစ္ဆာတွေကိုလိုက်ဖမ်းတဲ့ကျောင်းတိုင်ဘုန်းတော်ကြီးဖအိုင် အဖြစ် ဂျက်လီကိုမြင်ရမှာဖြစ်ပါတယ်... သူဟာမိစ္ဆာပေါင်းစုံကိုလိုက်လံနှိမ်နင်းဖမ်းဆီးပြီးတော့ ကျောင်းဆောင်အပေါ်ထပ်မှာချုပ်နှောင်ထားရပါတယ်.. သူအဲလိုလိုက်လံဖမ်းဆီးနေတဲ့အချိန် တခြားအရပ်မှာတော့  မိစ္ဆာမြွေမလေး ၂ ယောက်ထဲက အမဖြစ်သူ စုစုဟာ လူသားယောကျာင်္းလေးတစ်ယောက်ကို ရုတ်တရက်မြင်မိရာကနေ ချစ်ကြိုက်မိသွားပါတယ်... အဲဒီအချိန်မှာဇာတ်လမ်းကစတော့တာပါပဲ... အချစ်မှာ မျက်စိမရှိဘူးဆိုပေမယ့် လူသားတစ်ယောက်နဲ့မိစ္ဆာတစ်ကောင်ဟာ အတူတူပေါင်းစည်းဖို့ဆိုတာ ဖြစ်နိုင်ပါ့မလား... ပေါင်းစည်းလို့ရခဲ့ရင်တောင်မှ အခက်ခဲတွေအများကြီးရှိမှာပါ.. ဒါပေမယ့် ဒီကားလေးမှာကတော့ အချစ်ကြီးတဲ့ မိစ္ဆာမြွေဖြူမလေးတစ်ယောက်ရဲ့ နှလုံးသားဖြူဖြူလေးကို အသေချာမြင်တွေ့ရမှာပါ.. တစ်ကားလုံးနီးပါး စိတ်ဝင်တစားကြည့်ရမှာဖြစ်ပြီးတော့  လူသားကောင်လေးတစ်ယောက်နဲ့ မိစ္ဆာမြွေမလေးတစ်ယောက်ရဲ့ အချစ်ဇာတ်လမ်းဟာ အားလုံးရဲ့စိတ်ကိုအဆုံးထိဆွဲဆောင်သွားမှာကလည်း ဒီဇာတ်ကားရဲ့ထူးခြားချက်တစ်ခုလိုပါပဲ... ဖိုက်တင်မင်းသားကြီးဂျက်လီဇာတ်ကားတိုင်းမှာ ဖိုက်တင်အလန်းတွေနဲ့ ကြည့်ရမှာဆိုပေမယ့်လည်း ဒီဇာတ်ကားကတော့ သနားစရာအချစ်ဇာတ်လမ်းလေး တစ်ခုကို ဇာတ်အိမ်တည်ပြီးတော့ ရေးသားထားတာကြောင့် ဖိုက်တင်ကားကြိုက်သူများတောင် ၀မ်းနည်းသွားစေရမယ့်ရသကို အပြည့်ဝခံစားရမှာပဲဖြစ်ပါတယ်.... ဒါကြောင့် ကိုရီးယားအချစ်ဇာတ်ကားတွေကိုကြည့်ပြီး ခံစားချင်တဲ့လူတွေအတွက် ဒီ တရုတ်ကားလေးကိုကြည့်ကြည့်ပါ... အိမ်မှာနေပြီးတော့ ဖီးလ်းအပြည့်ဝယူချင်သူများအတွက် ဒီကားလေးကြည့်ပြီး ဘ၀အမောများပြေနိုင်မှာပါ.... ဒီကားလေးကြည့်ပြီး အချစ်ကြီးသူများဖြစ်ကြပါစေလို့ဆုတောင်းပေးပါတယ်.... File Size : (1 GB) and (264 MB) Quality : BluRay 720p Running Time : 1hr 40min Format : Mp4 Genre : Action,Fantasy,Romance Subtitle : Myanmar Subtitle (Hard Sub) Source : BluRay 1080p Translated by ...
5.9
IMDB: 5.9/10 7,400 votes
movie

The Sorcerer and the White Snake

2011
Blu-Ray 1080p
High & Low: The Movie 3 – Final Mission (2017) 8.1
High & Low: The Movie 3 – Final Mission (2017) High & Low The Movie 3 Final Mission ကတော့ အရှေ့မှာထွက်ရှိထားတဲ့ ၁ , ၂ ရဲ့အဆက်ဖြစ်တဲ့ ဂျပန်အက်ရှင်ကားကောင်းလေးပါ ၁ နဲ့ ၂ မှာသူတို့ လျို့ဝှက်ချက်တွေပြည့်နေတဲ့ USB လေးကို အစ်ကိုကြီးက အသက်ကိုပေးပြီးတော့တောင် ကာကွယ်ပေးသွားခဲ့ပါတယ် Casino Project အတွက် အစိုးရနဲ့ နဂါးကိုးကောင်ဂိုဏ်း ပူးပေါင်းကြံစည်နေမှုရဲ့ နောက်ကွယ်ကအဖြစ်မှန်အကြောင်းရင်းကိုသိရှိသွားပြီး S.W.O.R.D ဆိုတဲ့ဂိုဏ်း ၅ နဲ့ Amamiya ညီအစ်ကိုနှစ်ယောက်ရယ် Mugen အဖွဲ့က သူ့သူငယ်ချင်းကိုဆုံးရှုံးလိုက်ရတဲ့ kohaku တို့ဟာ အဖြစ်မှန်ကိုဖော်ထုတ်ပြီး သူတို့နေထိုင်တဲ့လမ်းလေးကိုကာကွယ်ဖို့အတွက် ကြိုးပမ်းကြပါတော့တယ် ဒါပေမယ့် နဂါးကိုးကောင်အဖွဲ့နဲ့အင်အားချင်းမမျှကြတဲ့သူတို့ လမ်းလေးကိုကာကွယ်နိုင်ပါ့မလား...... အဖြစ်မှန်ကိုဖော်ထုတ်နိုင်ပါ့မလားဆိုတာ.........   (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Yamin Thawdar Maung  ပါ)   File Size : (900 MB) and (390 MB) Quality : Blu-Ray ...
8.1
IMDB: 8.1/10 339 votes
movie

High & Low: The Movie 3 – Final Mission (2017)

2017
The Man in the Iron Mask(1998) 6.5
The Man in the Iron Mask(1998) The Man in the Iron Mask(1998) IMDb...6.5 သင်သာ စာပေတွေကို နှစ်ခြိုက်တဲ့လူတစ်ယောက်ဆိုရင် Alexder Dumas ရဲ့ The Three Musketeers ကို သိမှာပါ။ ရွှေဥဒေါင်းကလည်း သူရဲကောင်းသုံးယောက် အမည်နဲ့ ဘာသာပြန်ပေးခဲ့ဖူးပါတယ်။ ဒီဇာတ်လမ်းကလည်း Muskteers တွေဖြစ်တဲ့ ရာမီ ပေါသိုး အားသိုး ဒါးတညံ တို့ရဲ့ ဇာတ်လမ်းပါပဲ။ The Man in the Iron Mask ဟာလည်း Classic စာပေ တန်း ဝင်ခဲ့ပါတယ်။ ဒီတော့ ဇာတ်ကားအနေနဲ့လည်း မညံ့ခဲ့ပါဘူး။ ဒီကားက ဇာတ်လမ်းအနေနဲ့ဆို The Threemuskteers ရဲ့ Sequel လို့ ဆိုနိုင်ပါတယ်။ Leonado Decaprio ရဲ့ ငယ်ရုပ်ငယ်သွင်ကိုလည်း ကြည့်ကြရဦးမှာပါ။ ဇာတ်လမ်းကိုတော့ Spoil သလို ဖြစ်နေမှာ စိုးလို့ ကျွန်တော် ထည့်မရေးတော့ပါဘူး။ The Three Muskteersကို အရင်ကြည့်ထားရင်တော့ ဒီထဲက ဒါးတညံနဲ့ ရာမီတို့သုံးယောက်ရဲ့ ဆက်ဆံရေးကို ပို သဘောပေါက်မှာပါ။ ကဲ..... Alexder Dumas ရဲ့ ...
6.5
IMDB: 6.5/10 139,094 votes
movie

The Man in the Iron Mask(1998)

1998
Once Upon a Time in Mexico (2003) 6.4
Once Upon a Time in Mexico (2003) ဂစ်တာအိတ်ကြီးလွယ်ထားတတ်တဲ့ သွေးအေးလူသတ်သမားတွေအကြောင်းကို မှတ်မိကြဦးမယ်ထင်ပါတယ်... မင်းသားကြီး Johnny Depp , Antonio Banderas တို့အပြင် မင်းသမီးတွေဖြစ်တဲ့ Salma Hayek နဲ့ Eva Mendes တို့လို နာမည်ကျော်တွေနဲ့ရိုက်ကူးထားတဲ့  ဒီဇာတ်ကားဟာ ဒါရိုက်တာ Robert Rodriguez ရဲ့  Mexico Trilogy ထဲကနောက်ဆုံးဇာတ်ကားပါ။ သူ့ရှေ့က ရိုက်ကူးခဲ့တဲ့  El Mariachi (1992) နဲ့ Desperado (1995) ဆိုတဲ့ ဇာတ်ကားတွေကလဲ ဒါရိုက်တာ Robert Rodriguez ရဲ့ နာမည်ကျော်ဇာတ်ကားတွေပါ။ El Mariachi (1992) ဇာတ်ကားဆိုရင် Budget $7000 သာအကုန်အကျခံခဲ့ပြီး Box Office မှာ $2 million ထိရရှိခဲ့လို့ "ဘတ်ဂျက်မရှိရင် အောင်မြင်တဲ့အနုပညာကို မလုပ်ပြနိုင်ဘူး" ဆိုတဲ့ လူစားတွေကို လက်ညှိုးထိုး ဟားတိုက်ပြနေတဲ့ ဇာတ်ကားတစ်ကားဖြစ်ခဲ့ပါတယ်။ (Mexico ...
6.4
IMDB: 6.4/10 140,324 votes
movie

Once Upon a Time in Mexico (2003)

2003
211(2018) 4.3
211(2018) 211 (2018) ************ ဒီတစ်ခါမှာတော့ မြန်မာပြည်ကပရိသတ်တွေနဲ့ အထူးတလည်မိတ်ဆက်ပေးနေစရာတောင်မလိုအောင် ရင်းနှီးပြီးသားဖြစ်တဲ့ မင်းသားကြီး Nicolas Cage ရဲ့ မကြာသေးခင်ကမှ ထွက်ရှိထားတဲ့ 211 ဆိုတဲ့ Crime Action ကားလေးကို တင်ဆက်ပေးလိုက်ပါတယ်။ ဒီဇာတ်ကားမှာတော့ မင်းသားကြီး Nicolas Cage က တာဝန်ကျေပွန်တဲ့ရဲသားကြီး Mike Chandler နေရာမှာ ပါဝင်သရုပ်ဆောင်ထားပါတယ်။ Mike Chandler ဟာ တာဝန်ကျေပွန်လှတဲ့ ရဲသားကြီးတစ်ဦးပါ။ သမီးဖြစ်သူရဲ့ ခင်ပွန်းသည် Steve ဟာလည်း ရဲသားတစ်ယောက်ဖြစ်ပြီးMike အနဲ့အတူ ကင်းလှည့်ရတဲ့ တွဲဖက်ဖြစ်ပါတယ်။ တစ်ရက်မှာ အထက်တန်းကျောင်းက ကျောင်းသားတစ်ဦးဖြစ်တဲ့ Kenny ဟာ ကျောင်းမှာခိုက်ရန်ဖြစ်ပွားခဲ့တာကြောင့် ရဲစခန်းမှာလုပ်အားပေးရမယ်ဆိုပြီး ဒဏ်ပေးခံရပါတယ်။ အဲဒီမှာ Kenny ဆိုတဲ့ကျောင်းသားဟာ Mike တို့နဲ့အတူ ကင်းလှည့်ရမှာ လိုက်ပါဖို့ အကြောင်းဖန်လာပါတော့တယ်။ ဒီလိုနဲ့ သူတို့သုံးဦးဟာ ကင်းလှည့်ရင်း ကားမရပ်ရနေရာမှာ ရပ်ထားတဲ့ကားတစ်စီးကို မသင်္ကာတာကြောင့် ၀င်စစ်ဆေးကြည့်ရမှာ ကြေးစားစစ်သားအဟောင်းတွေ ပေါင်းပြီး ဘဏ်ဓားပြတိုက်နေတာကို သိသွားတဲ့အခါမှာတော့.......။ Nicolas Cage ဟာ အကြွေးတွေပတ်လည်ဝိုင်းနေတာကြောင့် လာကမ်းလှမ်းသမျှဇာတ်ကားပေါင်းစုံကို မငြင်းနိုင်ဘဲ ရိုက်နေရတာကြောင့် ဇာတ်နိမ့်မင်းသားတစ်ဦးဖြစ်လာပါတော့တယ်။ ရုပ်ရှင်ဝေဖန်ရေးတွေရဲ့အထုအထောင်းကိုလည်း တော်တော်ခံခဲ့ရပါတယ်။ သို့ပေမယ့်လည်း ...
4.3
IMDB: 4.3/10 N/A votes
movie

211(2018)

2018
The Warrior’s Way (2010) 6.3
The Warrior’s Way (2010) "This is the Story of a Sad Flute....a Laughing Baby and a Weeping Sword." ဖြူစင်စွာရယ်မောနေတဲ့ကလေးလေးနဲ့ ၀ိဥာဉ်တွေရဲ့ငိုသံတွေပြည့်နှက်နေတဲ့ဓား တို့ရဲ့ ၀မ်းနည်းသံစဉ်ဇာတ်လမ်းလေးတစ်ပုဒ်အကြီးကျယ်အခမ်းနားဆုံးသော ဓားသမားဖြစ်ချင်ခဲ့တဲ့ စစ်သည်တစ်ဦး သူအလိုချင်ဆုံးအရာကိုရရှိလိုက်တဲ့အချိန်မှာ အရာအားလုံးဘာမှမရှိ(ပျောက်ကွယ်သွား)တော့သလိုခံစားလိုက်မိတဲ့ စစ်သည် တပြိုက်နက်ထဲမှာပဲ သူ့ဘ၀တစ်လျှောက်လုံး မကြုံဖူးမခံစားဖူးသေးတဲ့ ကလေးရဲ့ရယ်သံလေးကြောင့်ဖြစ်ပေါ်လာတဲ့ နွေးထွေးတဲ့မေတ္တာ ဒါပေမယ့်လဲ ကံကြမ္မာရဲ့လှည့်ကွက်ဆိုသလို ကလေးလေးက သူ့ရဲ့ရန်သူတော်ဂိုဏ်းကမျိုးဆက်ဖြစ်နေပါတယ် ဒါပေမယ့်လဲ အချစ်နဲ့အမုန်းလွန်ဆွဲလိုက်တဲ့အခါ အချစ်ကအနိုင်ရပြီး ကလေးကိုပိုက်ကာ အဝေးကိုထွက်ပြေးခဲ့ပါတယ် အဲ့အကျိုးဆက်ကြောင့် စစ်သည်ဟာ သူ့ဂိုဏ်းရဲ့Black list ထဲအထည့်ခံရမယ်ဆိုတာ အတိအကျသိနေပေမယ့်လည်းပေါ့ အဲ့လိုနဲ့ သူ့မိတ်ဆွေဟောင်းတစ်ဦးရှိတဲ့ အနောက်ဖက်ကိုခရီးထွက်လာခဲ့တယ် သူ့မိတ်ဆွေကဆုံးသွားပြီဖြစ်တဲ့အတွက်ကြောင့် သူ့မိတ်ဆွေရဲ့လုပ်ငန်းဖြစ်တဲ့ အ၀တ်လျှော်လုပ်ငန်းကိုပြန်လည်လုပ်ကိုင်ရင်း ဇာတ်မြုပ်နေလိုက်ပါတယ် သူ့ရဲ့ဓါးကိုပါ ချိတ်ပိတ်လိုက်ရင်းပေါ့ တစ်နေ့တော့ သူ့ရဲ့ဓါးကိုမသုံးမဖြစ်သုံးရမယ့်အချိန်လဲရောက်လာရော ဘာတွေဆက်ဖြစ်သွားမလဲဆိုတာကတော့.... ဓါးသမားစစ်သည်အဖြစ် ကိုရီးယားမင်းသား ဒါရိုက်တာ ရင် အဖြစ်တစ်ချိန်ကမြန်မာပြည်ပရိသတ်တွေအကျွမ်းဝင်ခဲ့သူ Jang Dong Gun မင်းသမီးကတော့ superman returns(2006)ထဲက Lois Lane အဖြစ်သရုပ်ဆောင်ခဲ့သူ Kate Bosworth နောက်ထပ်သရုပ်ဆောင်တစ်ဦးကတော့ Pirates ...
6.3
IMDB: 6.3/10 23,537 votes
movie

The Warrior’s Way (2010)

2010
Pacific Rim: Uprising (2018) Blu-Ray 1080p 5.1 CH x264 5.7
Pacific Rim: Uprising (2018) Blu-Ray 1080p 5.1 CH x264 Blu-Ray 1080p 5.1 CH x264   Pacific Rim ရဲ့ ဒုတိယမြောက်ကားလေး ၅နှစ်ကြာတဲ့အခါ ပရိသတ်ရှေ့ ရောက်လာပါပြီ။ IMDb Ratinf 6/10 ရထားပြီးတော့ ဘတ်ဂျပ် $ ၁၇၀millionကျော် အကုန်အကျခံပြီး ရိုက်ကူးတင်ဆက်ထားတာပါ။ ဇာတ်လမ်းအကျဉ်းလေးကတော့ Pacifim Rim တုန်းက ကိုင်ဂျူးလို့ခေါ်တဲ့ ဂြိုလ်သားတွေရဲ့ ကျူးကျော်မှုကိုတိုက်ခိုက်မှုကို ယေဂါလို့ခေါ်တဲ့ ဧရာမစက်ရုပ်ကြီးတွေနဲ့ တန်ပြန်တိုက်ခိုက် လို့အောင်မြင်ခဲ့ပြီး ကမ္ဘာနှစ်ခုဆက်သွယ်ထားတဲ့ တွင်းပေါက်ကြီးကို ဖျက်ဆီးပစ်နိုင်ခဲ့တာ ၁၀ နှစ်ကျော်ကာလကို ရောက်ရှိနေပါပြီ။ ဒါပေမယ့် ယေဂါတွေရဲ့ အားနည်းချက်ကတော့ စက်ရုပ်ရဲ့ တိုက်ခိုက်နိုင်စွမ်းဟာ သူ့ကိုမောင်းနှင်တဲ့ ပိုင်းလော့ဒ်နှစ်ယောက်ရဲ့ သဟဇာတဖြစ်မှု ပိုင်းလော့ဒ်တွေရဲ့ ကျွမ်းကျင်မှုအပေါ်မူတည်နေသလို ကျူးကျော်လာတဲ့ကိုင်ဂျူးဆီကို သွားတိုက်တဲ့အခါမှာ စက်ရုပ်အကြီးကြီးမို့ သယ်ယူပို့ဆောင်ရေးမှာ ကြံ့ကြာနေတဲ့အချက်ပါပဲ။ ဒါကြောင့် ပိုင်းလော့ဒ်ကောင်းတွေရအောင် ငယ်စဉ်ကတည်းက လေ့ကျင့်ပေးရပါတယ်။ ဒါကြောင့် လူသားတွေအနေနဲ့ ဒါတွေကို ဖြေရှင်းနိုင်ဖို့နည်းလမ်းတွေ ...
5.7
IMDB: 5.7/10 45,502 votes
movie

Pacific Rim: Uprising (2018) Blu-Ray 1080p 5.1 CH x264

2018
Blu-Ray 1080p 5.1 CH

Genres

Like Us!