Channel Myanmar

Biography

61* (2001) 7.7
61* (2001) IMDb raing - 7.7/10အခုတစ်ခေါက်တင်ဆက်ပေးချင်တာကတော့ M&M boys လို့ဘေ့စ်ဘောသမိုင်းမှာ legendary most valuable players တွေလို့ကိုတင်စားထားတဲ့ Roger Maris နဲ့ Mickey Mantle တို့ သူတို့ရဲ့သမိုင်းမှတ်တိုင်ဖြစ်တဲ့ home run- 61 ခု မှတ်တိုင်ကိုဘယ်လိုစိုက်ထူခဲ့လဲဆိုတာကိုကြည့်ရမယ့် biography, drama ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။တကယ့်ကိုအချိန်ပေးရထိုက်တန်တဲ့ Motivation အပြည့်အဝရနိုင်တဲ့ဇာတ်လမ်းလေးဆိုရင်လည်းမမှားပါဘူး။ဇာတ်လမ်းလေးရဲ့အကျဉ်းချုပ်ကတော့....Babe Ruth ဟာ Base Ball Single-season တစ်ခုတည်းနဲ့ home run record မှတ်တမ်းဝင်ထားတဲ့ most valuable player တစ်ယောက်ပါ။ ဒီ record ကိုချိုးဖျက််နိုင်တဲ့သူဟာ အမေရိကန်ပရိတ်သတ်တွေ တစ်ခဲနက်အားပေးကြတဲ့ ထူးချွန်တဲ့ Mickey Mantle ဖြစ်မယ်လို့အားလုံးကယူဆထားကြပါတယ်။ ဒီအချိန်မှာတော့ အသင်းဝင်အသစ်လေး Roger Maris တစ်ယောက်က အသင်းသားတွေနဲ့တွဲဖက်ညီညီဆော့နိုင်တဲ့အပြင် Mickey Mantle ...
movie

61* (2001)

Satyashodhak (2024) 8.1
Satyashodhak (2024) Satyashodhak (2024) "အမှန်တရားကို ရှာဖွေသူ" =========================IMDb 8.1 ရရှိထားတဲ့ အိန္ဒိယ သမိုင်း/ကိုယ်ရေးအထ္ထုပတ္တိ ရုပ်ရှင်ကားကောင်းလေး ဖြစ်ပါတယ်၁၉ ရာစု၊ ၁၈၇၃၊ အိန္ဒိယနိုင်ငံမှာ "ဆပ်တရာရှိုဒက်ဆာမာ့ဂျ်" (ခေါ်) "အမှန်တရားရှာဖွေသူ အသင်း" ကို တည်ထောင်ခဲ့တဲ့ လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူ...."ဂျိုတီရောဝ်ပူလေ " ရဲ့ ဘဝမှတ်တမ်းကို ရေးခြယ်ထားတဲ့ ဇာတ်ကားလေးဖြစ်ပြီး ဝေဖန်ရေးဆရာများဆီက မှတ်ချက်ကောင်းအချို့ကိုလည်း ရထားပါတယ် ထိုစဥ်က အိန္ဒိယလူ့အဖွဲ့အစည်းမှာ အမြစ်တွယ်နေတဲ့ လူမှုရေး၊ ဘာသာရေး အယူစွဲများနဲ့ "ဇာတ်နိမ့်ဇာတ်မြင့်" လူတန်းစားခွဲခြားမှုတွေကို တွန်းလှန်ပြီး....Shudras (အလုပ်သမားလူတန်းစား) နဲ့ Dalits (အဖိနှိပ်ခံလူတန်းစား) တို့ သာတူညီမျှရှိရေး၊ လူ့အခွင့်အရေး တန်းတူရရေးတို့ကို ဖော်ဆောင်ခဲ့ရုံသာမက လူတန်းစားမရွေး ပညာတတ်မြောက်ရေးကိုပါ အားပေးခဲ့တယ် အသက် ၁၃၊ ၁၄ နှစ်ခန့်မှာ လက်ထပ်ထိမ်းမြားခဲ့တဲ့ ဇနီးသည် "ဆာဗီတရီပူလေ" ကလည်း ခင်ပွန်း ဂျိုတီနဲ့အတူ တက်ကြွလှုပ်ရှားမှုတွေမှာ ပါဝင်ခဲ့ပြီး "အမျိုးသမီးများ တန်းတူအခွင့်အရေး ရရှိရေး" ကို အစောဆုံး လမ်းပြပေးခဲ့သူ ဖြစ်ပါတယ်ဘာသာရေး သို့ ဘာသာရေးခေါင်းဆောင်တွေကို ...
movie

Satyashodhak (2024)

2024
The Black Mass (2023)
The Black Mass (2023) သီအိုဒေါရောဘတ်ဘန်ဒီ(ခေါ်)တဒ်ဘန်ဒီရဲ့ ​ဗားရှင်းအမျိုးမျိုးနဲ့ဇာတ်လမ်းတွေထဲက တစ်ခုပေါ့။တဒ်ဘန်ဒီနေရာကနေ အမေရိကန်သရုပ်ဆောင် မင်းသားချော ဇက်အက်ဖရွန် သရုပ်ဆောင်ခဲ့တဲ့ Extremely Wicked, Shockingly Evil and Vile (2019)လည်း နာမည်ကြီးခဲ့ဖူးတယ်။တဒ်ဘန်ဒီဆိုတာ ၁၉၇၀ဝန်းကျင်တွေမှာ အမျိုးသမီးတွေကို ပြန်ပေးဆွဲ၊မုဒိမ်းကျင့်ပြီး သတ်ဖြတ်ခဲ့တဲ့ ကမ္ဘာ့အဆိုးဆုံး ရာဇဝတ်ကောင်တွေထဲက တစ်ယောက်ပေါ့။ သူ သတ်ပြီးသား သားကောင်တွေကို ပုတ်သိုးစပြုနေတာတောင် အလှတွေပြင်ပေးပြီး အကြိမ်ကြိမ် မုဒိမ်းကျင့်ခဲ့တယ်လို့ဆိုကြတယ်။သူလုပ်ခဲ့တဲ့ ရာဇဝတ်မှုတွေကို ဆယ်စုနှစ်ကြာငြင်းဆိုခဲ့ပြီးနောက်မှာ ၁၉၇၄နဲ့ ၁၉၇၈အကြား ပြည်နယ် ၇ခုမှာ ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှု ၃၀ကိုတော့ ဝန်ခံခဲ့ပါတယ်။ ဒီပြစ်မှုတွေနဲ့ ဖလော်ရီဒါ ပြည်နယ်အကျဉ်းထောင်မှာ လျှပ်စစ်ထိုင်ခုံနဲ့ သေဒဏ်ပေးခဲ့ပေမဲ့ သူ ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေ အကုန်လုံးကိုတော့ ဖော်ထုတ်နိုင်ခြင်း မရှိခဲ့ပါဘူး။ဒီရုပ်ရှင်မှာတော့ တဒ်ဘန်ဒီရဲ့ မိန်းကလေးဆောင်တစ်ခုထဲမှာ ထင်တိုင်းကြဲခဲတဲ့အမှုတစ်ခုကို ရိုက်ကူးတင်ဆက်ထားတာပါ။(အညွှန်းနဲ့ဘာသာပြန်ကတော့ Pyae Phyoဖြစ်ပါတယ်) File size…(1GB)/(565 Mb) Quality….Blu-Ray 1080p / ...
movie

The Black Mass (2023)

Becoming Jane (2007) 7.0
Becoming Jane (2007) IMDb rating - 7 Rotten Tomatoes - 58%“ငါတို့တွေ အတူမရှိနိုင်ရင် ဘဝက ဘာအဓိပ္ပါယ်ရှိမှာလဲ” ဆင်းရဲတဲ့မိသားစုမှာမွေးဖွားလာပေမယ့် စာရေးဆရာမဖြစ်ချင်တဲ့ဂျိမ်းအော်စတန်တစ်ယောက်။ သူ့အမေက မိသားစုငွေကြေးကြပ်တည်းနေလို့ သူဌေးမကြီးရဲ့ တူနဲ့လက်ဆက်ပေးချင်နေပါတယ်။ ဒါပေမဲ့ ဂျိမ်းက အိမ်ထောင်မပြုရဖို့အရေး ဆန့်ကျင်နေတုန်းမှာလန်ဒန်ကနေ တွမ်လက်ဖွိုင်းဆိုတဲ့လူတစ်ယောက်ရောက်လာပါတယ်။ စစတွေ့ကတည်းက အဆင်မပြေခဲ့တဲ့နှစ်ယောက်ကအချိန်ကြာလာတဲ့အမျှ သံယောဇဉ်တွေတွယ်မိလာပါတော့တယ်။ ဒီလိုနဲ့ ဂျိမ်းက အချစ်ကိုပဲရွေးချယ်သွားမလားမိသားစုကိုငဲ့ညှာပြီး မိဘသဘောတူတဲ့လူနဲ့ပဲ လက်ထပ်သွားမလား... UK စာရေးဆရာမတစ်ယောက်ဖြစ်တဲ့ Jane Austen ရဲ့အကြောင်းကို ရိုက်ကူးထားတာဖြစ်ပြီး Alice in wonderland မှာWhite Queen အဖြစ်သရုပ်ဆောင်ခဲ့တဲ့ မင်းသမီး Anne Hathawayနဲ့X-manမှာ Professor Charles အဖြစ်သရုပ်ဆောင်ခဲ့တဲ့မင်းသား James McAvoy အပြင် Harry Potter ထဲကProfessor McGonagall ဖြစ်တဲ့ Maggie Smithတို့ပါဝင်သရုပ်ဆောင်ထားတာပဲဖြစ်ပါတယ်ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ Benni ပဲဖြစ်ပါတယ် File size…    1.3 GB /  620 ...
movie

Becoming Jane (2007)

2007
Florence Foster Jenkins (2016) 6.8
Florence Foster Jenkins (2016) ဒီဇာတ်လမ်းမှာတော့ Florence Foster Jenkins ဆိုတဲ့ အမျိုးသမီးကြီးရဲ့ ဘဝဇာတ်ကြောင်းကိုတင်ဆက်ပေးထားတာ ဖြစ်ပါတယ်။ ဂီတကို ရိုးသားစွာချစ်မြတ်နိုးသူတစ်ယောက်အနေနဲ့ ကိုယ်ပိုင်ဗာဒီကလပ် ကို တည်ထောင်ပြီး နယူးယောက်မြို့အတွက် ဂီတကို ပေးဆပ်သူအဖြစ် ခံယူထားခဲ့ပါတယ်။ဖလောရန့်စ်ဟာ ပထမအိမ်ထောင်ကကူးစက်လာတဲ့ ဆစ်ဖလစ်ရောဂါကို နှစ် (၅၀) ကြာခံစားလာခဲ့ရသူဖြစ်ပြီး သူ့ရဲ့ လက်ရှိအိမ်ထောင်လည်းဖြစ်၊ မန်နေဂျာလည်းဖြစ်တဲ့မစ္စတာစိန့်ကလဲရ်ဘေးဖီးဒ်နဲ့ နှစ်များစွာ လက်တွဲလာခဲ့ပါတယ်။ဂီတပွဲတစ်ခုအတွင်းက လီလီပွန်းစ်ရဲ့တင်ဆက်မှုကိုမစ္စတာဘေးဖီးဒ်နဲ့အတူ ကြည့်ရှုခဲ့ပြီးနောက်မှာတော့သူ့ရဲ့ သီချင်းဆိုလေ့ကျင့်ခန်းတွေကိုဆက်လက်ကြိုးစားဖို့ ဆုံးဖြတ်ခဲ့ပါတယ်။စန္ဒရားဆရာဖြစ်သူကော့စမီးမက်မွန်း ကိုလည်း ငှားရမ်းပြီးတော့ ပင်တိုင်စန္ဒရားဆရာအဖြစ်အသုံးပြုခဲ့ပါတယ်။စိန့်ကလဲရ်အနေနဲ့ ပွဲငယ်လေးတစ်ခုစီစဉ်ပြီး ပရိသတ်တွေကိုလက်ရွေးစင်ရွေးချယ်ကာ သူ့မိန်းမဖလောရန့်စ်ကို သီချင်းဆိုကောင်းသူအဖြစ်ထင်ယောင်ထင်မှားဖြစ်အောင် ဖန်တီးခဲ့ပါတယ်။ ဂီတကိုရိုးသားစွာခုံမင်သူ ဖလောရန့်စ်အတွက်ကတော့သူ့ရဲ့ကမ္ဘာလေးက သူစိတ်တိုင်းကျ ဖြစ်လာခဲ့ပြီလို့ထင်ယောင်နေခဲ့ပါတယ်။ အမှန်တကယ်မှာတော့ သူ့ယောကျ်ားကိုယ်တိုင်ရဲ့စေတနာနဲ့လှည့်စားမှုအောက်မှာ ပရိသတ်ကိုလိမ်ညာသူ ဖြစ်မှန်းမသိဖြစ်လာခဲ့ပါတယ်။စိန့်ကလဲရ်ဖန်တီးပေးထားတဲ့ အကဲဖြတ်ချက်ကောင်းတွေကိုယုံကြည်မိသူ မဒမ်ဖလောရန့်စ်အနေနဲ့ကော့စမီး မက်မွန်းနဲ့အတူ ကိုယ်ပိုင်သီချင်းတွေကိုပါဖန်တီးသီဆိုလာခဲ့ပြန်ပါတယ်။ သီချင်းတစ်ပုဒ်ပါရေဒီယိုမှာလွှင့်ခွင့်ရခဲ့တဲ့အချိန် ပရိသတ်တွေက ဟာသနဲ့ အပျော်သဘောတောင်းဆိုမှုတွေများလာခဲ့ပါတယ်။ မဒမ် ဖလောရန့်စ်အတွက် ကာနေဂီဟောလ်မှာ ဖျော်ဖြေဖို့အထိ အားအင်တွေရလာခဲ့ပြီး စိန့်ကလဲရ်အနေနဲ့ ကော့စမီးမက်မွန်းကိုပါ လေဒီဖလောရန့်စ်ကို ကူညီဖျော်ဖြေပေးဖို့တိုက်တွန်းခဲ့ရပါတယ်။ လူ ၃၀၀၀ ...
movie

Florence Foster Jenkins (2016)

2016
Main Atal Hoon (2024) 7.3
Main Atal Hoon (2024) Main Atal Hoon (2024) (ကဗျာတွေချစ်တဲ့ နိုင်ငံရေးသမား)IMDb-7.3/10အိန္ဒိယသမိုင်းမှာ ရိုသေလေးစားခံရတဲ့ စာပေချစ်နိုင်ငံရေးသမားကြီး Atal Bihari Vijpayee ရဲ့ ဘဝအတ္ထုပ္ပတ္တိဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ် လက်ရှိနိုင်ငံရေးသမားတွေ အတုယူလိုက်နာနိုင်ဖို့ ရည်ရွယ်ရိုက်ကူးထားကြပေမဲ့ နိုင်‌ငံရေးဆိုတာ နိုင်ငံသားတိုင်းနဲ့ဆိုင်တာမို့ ကြည့်မိလို့မှားမဲ့ဇာတ်လမ်းထဲမပါနိုင်ပါဘူးသရုပ်ဆောင်ပိုင်းမှာလည်း ဝါရင့်သရုပ်ဆောင်ကြီး Pankaj Tripathi ကအဓိကသရုပ်ဆောင်ထားပါတယ်အတာလ်ဆိုတဲ့ကောင်လေးဟာ ဟိုးငယ်ငယ်လေးတည်းက ကဗျာတွေစာတွေချစ်တတ်ပြီး ကဗျာရွတ်ဖတ်ပွဲတွေမှာတက်ရွတ်ရင်း လူတွေအာရုံစိုက်နားထောင်ချင်လောက်အောင် အပြောအ‌ဟော ကောင်းသူလေးဖြစ်လာတယ် ဗြိတိသျှအုပ်စိုးတဲ့ခေတ်မှာ မျက်စိ‌ရှေ့ဖြစ်လာတဲ့ မတရားမှုတွေအတွက် အကြမ်းမဖက်နည်းနဲ့ တုံ့ပြန်ရင်း နိုင်ငံရေးအကျဉ်းသားဘဝကနေ အမတ်လောင်းအဖြစ် ရွေးကောက်ပွဲတွေ ဝင်ယှဉ်ပြိုင်တဲ့အဆင့်ထိရောက်လာပါတယ်ကြမ်းတမ်းတဲ့ နိုင်ငံရေးခရီးလမ်းမှာ မိသားစုချစ်ရသူတွေနဲ့ ဖြစ်ရတဲ့ကိစ္စတွေ ၊ ကဗျာတွေစာတွေချစ်တဲ့ နူးညံ့တဲ့နှလုံးသားနဲ့ ပြတ်ပြတ်သားသား ရဲရဲလျှောက်လှမ်းရတဲ့ နိုင်ငံရေးအတွေးတွေနဲ့ ယှဉ်ဆုံးဖြတ်ရတဲ့အချိန်တွေမှာ သူဘယ်လိုများရပ်တည်ရွေးချယ်ခဲ့မလဲ....အညွှန်းနှင့်ဘာသာပြန်သူတွေကတော့ CM Bollywood Team ပဲဖြစ်ပါတယ် File size…1.7GB / 818MB Quality…WEB DL 1080p / 720p Format…mp4 Duration….2h 19m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie

Main Atal Hoon (2024)

2024
The Greatest Game Ever Played (2005) 7.4
The Greatest Game Ever Played (2005) ဖရန့်ဆစ် အူမန့်ဟာ ဂေါ့ဖ်ရိုက်တာကို ဝါသနာပါတဲ့ လူငယ်လေးတစ်ယောက်ပါ. သူဟာ ဝါသနာကြီးလွန်းလို့ ငယ်ငယ်ကတည်းက ဂေါက်ကွင်းမှာ အိတ်သယ်အဖြစ် လုပ်ရင်း ဂေါ့ဖ်ရိုက်တဲ့ပညာကို လေ့လာခဲ့ပါတယ်.တစ်နေ့တော့ သူအရမ်းလေးစားအားကျရတဲ့ ဂေါ့ဖ်သမား ဖြစ်တဲ့ ဟယ်ရီ ဗာဒန်ဆိုတဲ့ ပုဂ္ဂိုလ်ကို အပြင်မှာတွေ့ဖို့ ဖြစ်လာပါတယ်. ဟယ်ရီဟာ လက်ရှိမှာ အအောင်မြင်ဆုံး ဂေါ့ဖ်ကစားသမားဖြစ်နေပေမယ့် သူငယ်ငယ်တုန်းကလဲ ဖရန့်ဆစ်လိုမျိုးပဲ ဘဝက ခက်ခဲကြမ်းတမ်းခဲ့တာပါ.အဲဒီ့နောက်တော့ ဖရန့်ဆစ်တို့ ဂေါက်ကွင်းမှာ US Open ပြိုင်ပွဲကြီးလာကျင်းပတဲ့အချိန်မှာ ဖရန့်ဆစ်တစ်ယောက် ပြိုင်ပွဲဝင်ရဖို့ ဘယ်လိုမျိုးတွေ ရင်ဆိုင်ရမယ်. ဒါ့အပြင် ဂေါ့ဖ်ရိုက်တယ်ဆိုတာ အားကစားတစ်ခုထက်ပိုတဲ့ ပြိုင်ပွဲနောက်ကွယ်က နိုင်ငံရေးလှည့်ကွက်တွေလည်းပါတဲ့ ကစားနည်းတစ်ခုလည်း ဖြစ်နေပြန်ပါသေးတယ်.  ဆိုတော့ ဖရန့်ဆစ်တစ်ယောက် ဘယ်လိုပြိုင်ပွဲဝင်တွေနဲ့ ရင်ဆိုင်ပြီး အောင်မြင်မှုကို ရယူသွားနိုင်မလား ဒါမှမဟုတ် လမ်းတစ်ဝက်မှာတင် ကျရှုံးသွားနိုင်မလားဆိုတာကို စိတ်ဝင်စားဖွယ်ကောင်းအောင် ရိုက်ကူးတင်ဆက်ထားတဲ့ ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်.ဒါ့အပြင် ၂၀၀၆ ခုနှစ်အတွက်လည်း Best ...
movie

The Greatest Game Ever Played (2005)

Shootout at Wadala (2013) 6
Shootout at Wadala (2013) Shootout at Wadala (2013) "ရေကုန်ရေခမ်း" IMDb - 6/10ရုပ်ရှင်ကားဟောင်းတွေထဲက အကောင်းစားဖြစ်တဲ့ action-crimeအမျိုးအစား ဘောလိဝုဒ်ရုပ်ရှင်ကို တင်ဆက်ပေးလိုက်ပါတယ်။ သရုပ်ဆောင်တွေကို ကြည့်လိုက်မယ်ဆိုရင် အာနေးလ်ကပူးရ် ဂျွန်အီဘရာဟင်မ် မာနို့ဂျ်ဘတ်ဂျ်ပါယီနဲ့ ကန်ဂနားတို့လို တကယ့် ဘောလိဝုဒ်အကျော်အမော်တွေ ပါဝင်ထားကြပါတယ်။ရဲကားတစ်စီးပေါ်မှာ သေနတ်ဒဏ်ရာတွေနဲ့ဂန်းစတားကြီးတစ်ယောက် ပြောပြတဲ့ဇာတ်လမ်းကို ရဲအရာရှိတစ်ဦး နားထောင်နေတာကနေ အစပြုပါတယ်။ဒီဂန်းစတားကြီးက အရင်ကတော့ လိမ္မာယဉ်ကျေးတဲ့ ကောလိပ်ကျောင်းသား တစ်ယောက်ဖြစ်ခဲ့ဖူးပါတယ်။ အစ်ကိုဖြစ်သူကတော့ လူမိုက်တစ်ယောက်ဖြစ်ပြီး ပြဿနာအမျိုးမျိုးရှာတတ်တဲ့သူတစ်ယောက်။ ဒီလိုပြဿနာရှာတတ်တာကြောင့်လည်း လူဆိုးဂိုဏ်းကလိုက်ဖမ်းနေပြီး သူ့ကိုရိုက်နှက်တဲ့အချိန်မှာတော့ ညီဖြစ်သူပါ ဝင်ပါပြီး လူတစ်ယောက်အသက်ဆုံးရှုံးသွားခဲ့ပါတယ်။အဲဒီကနေ သူ့ဘ၀အပြောင်းလဲကြီး ပြောင်းလဲပြီး အမှောင်ဒုစရိုက်ဂိုဏ်းထဲမှာ ကျင်လည်ကျက်စားတဲ့ လူမိုက်ကြီးတစ်ယောက်ဖြစ်လာခဲ့ပုံကနေ ဇာတ်ကြောင်းပြန်ရင်း စိတ်ဝင်စားဖွယ်တင်ဆက်ပေးထားပါတယ်။ (အညွှန်းနဲ့ ဘာသာပြန်ကတော့ Thike Sanပဲဖြစ်ပါတယ်) File size…5GB / 1.6GB Quality…WEB DL 1080p / 720p Format…mp4 Duration….2h 35m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Thike San
movie

Shootout at Wadala (2013)

2013
Anwar: The Untold Story (2023)
Anwar: The Untold Story (2023) Anwar : The Untold Story [2023]နိုင်ငံတိုင်း နိုင်ငံတိုင်းတွင် အကျင့်ပျက်ခြစားမှုဟူသည်ကား ရှိကြစမြဲပင်...ဒီဇာတ်လမ်းမှာတော့ ယခုအခါ မလေးရှား ဝန်ကြီးချုပ်ဖြစ်နေပြီဖြစ်တဲ့ အန်ဝါ အီဘရာဟင်ရဲ့ နိုင်ငံရေးလှုပ်ရှားမှုဇာတ်ကြောင်းကို ပြန်ပြောင်း ရိုက်ပြထားတာပဲ ဖြစ်ပါတယ်... နိုင်ငံရေးဆန္ဒပြပွဲတွေ... အုပ်ချုပ်သူတွေရဲ့ မလျော်ဩဇာသုံးပြီး ဖမ်းဆီးမှုတွေ... နိုင်ငံရေးသမားတွေအတွက် ထောင်ဆိုတာ အိမ်သဖွယ်ဖြစ်ခဲ့ရတာတွေ... စီးပွားရေးသမား ခရိုနီတွေ ကြီးစိုးထားတဲ့ မလေးနိုင်ငံရေးလောက... စတာတွေကို အန်ဝါ တစ်ယောက် ဘယ်လို ပြုပြင်ပြောင်းလဲသွားမလဲ... လူထုအားကို ဘယ်လို အရယူသွားမလဲ... အမြစ်တွယ်နေပြီဖြစ်တဲ့ ယန္တရားကြီးက သူ့ကို ဘယ်လိုဖိနှိပ်သွားမလဲ.... ဥပဒေဆိုတာ ဘယ်လို လက်တစ်လုံးခြားပြီး လုပ်လို့ ရသလဲ... ဓမ္မနဲ့ အဓမ္မမှာ အချိန်တွေ ကြာပါစေဦးတော့ အချိန်တန်ရင် ဓမ္မတရားကသာလျှင် ပေါ်ထွန်းစမြဲပဲဆိုတာကို ရှုစားသွားရမှာပဲ ဖြစ်ပါတယ်အညွှန်း နဲ့ ဘာသာပြန်ကတော့ Tun Aung Kyaw ပဲ ဖြစ်ပါတယ်။Genre..... Biography, Drama, History Quality…. 1080p | 720p File size… 1.2GB ...
movie

Anwar: The Untold Story (2023)

2023
True Story (2015) 6.3
True Story (2015)  127 Hours တို့ Rise of the Planet of the Apes တို့လိုမျိုးနာမည်ကြီးရုပ်ရှင်တွေရဲ့မင်းသားဖြစ်ခဲ့တဲ့ James Franco နဲ့နာမည်ကြီးဟာသရုပ်ရှင်မင်းသားကြီး Jonah Hill တို့ပါဝင်သရုပ်ဆောင်ထားတဲ့ 2015 ကထွက်ရှိခဲ့တဲ့နာမည်ကြီးဇာတ်ကားတစ်ကားဖြစ်တဲ့ ဖြစ်ရပ်မှန်ဇာတ်ကား True Story ကိုတင်ဆက်ပေးလိုက်ပါတယ်။ဇာတ်ကားနာမည်ကို ကြားကတည်းက ထူးထူးဆန်းဆန်းဖြစ်ရပ်မှန် ဇာတ်လမ်းဆိုတဲ့အတိုင်း နယူးယောက်တိုင်းမ်သတင်းစာက သတင်းထောက် မိုက်ကယ်ဖင်ကယ်နဲ့သူ့နာမည်ကို ယူသုံးခဲ့တဲ့ခရစ်ယာန်လွန်ဂိုဆိုတဲ့ လူသတ်သမားတို့ကြားကဖြစ်ရပ်မှန် အကြောင်းအရာတွေကို တွေ့ရမှာပဲဖြစ်ပါတယ်။IMDb Rating 6.3 ရရှိထားပြီး ကြည့်ရှုသူကို ဇာတ်ကားအစကနေအဆုံးအထိ ဆွဲငင်ညှို့ယူထားနိုင်မဲ့ ဇာတ်ကားပဲဖြစ်ပါတယ်။မိုက်ကယ်ဖင်ကယ်ဆိုတဲ့ သတင်းထောက်တစ်ယောက်က ခရီးဝေးတွေသွားပြီး သတင်းတွေလိုက်ယူကာ သတင်းရေးတဲ့ သတင်းထောက်တစ်ယောက်ဖြစ်ပါတယ်။သူရေးတဲ့ သတင်းဆောင်းပါးတွေကလက်ရာကောင်းမွန်ပြီးတော့ သေသပ်တဲ့အတွက် သူ့အနေအထားနဲ့သူတစ်နေရာတော့ ရောက်နေတဲ့ သတင်းထောက်တစ်ယောက်ပဲဖြစ်ပါတယ်။ဒါပေမယ့် တစ်နေ့မှာအမှားတစ်ခုကြောင့် အလုပ်ပြုတ်ခဲ့ပြီး ရှေ့ဆက်ဘာလုပ်ရမလဲ မသိဘဲလမ်းပျောက်နေပါတော့တယ်။အဲ့ဒီအချိန်မှာ ကိုယ့်မိသားစု တစ်ခုလုံးကိုသတ်ခဲ့တဲ့လူသတ်သမားတစ်ယောက်က သူ့နာမည်ကိုယူသုံးခဲ့တယ်ဆိုတာကိုသိလိုက်ရတဲ့အချိန်မှာ အဲ့ဒီလူသတ်သမားနဲ့ ကိုယ်တိုင်သွားတွေ့ခဲ့ပါတယ်။သူတို့နှစ်ယောက် စကားပြောပြီးတဲ့ ...
movie

True Story (2015)

The Other Boleyn Girl (2008) 6.7
The Other Boleyn Girl (2008) ဒီကားလေးကတော့ ၂၀၀၈ ခုနှစ်မှာထွက်ရှိခဲ့ပြီးIMDb 6.5/ 10, rotten tomatoes 43% ရရှိထားတဲ့သမိုင်းနောက်ခံဒရာမာဇာတ်လမ်းလေးပဲဖြစ်ပါတယ်။ပရိသတ်အချစ်တော် Scarlett Johansson လည်းပါဝင်ထားပြီးမြင်နေကျမဟုတ်တဲ့ နူးညံ့ပြီး ဖြူစင်တဲ့ကောင်မလေးဇာတ်ရုပ်နဲ့မြင်ရမှာပဲဖြစ်ပါတယ်။ British ဝတ္တုရေးဆရာ Philippa Gregory ရဲ့ ဝတ္တုကိုပဲပြန်လည်ရိုက်ကူးထားတာဖြစ်ပြီး ဒီရုပ်ရှင်ကတော့ဒုတိယမြောက် Live action ရိုက်ကူးခြင်းပဲဖြစ်ပါတယ်။ဇာတ်လမ်းထဲမှာတော့ ၁၆ ရာစုရဲ့ နန်းတော်တွင်းနဲ့ ထီးနန်းဆက်ခံမှုအရှုပ်တော်ပုံတွေနဲ့အတူ Scandalous Family လို့ခေါ်ခံလိုက်ရအောင်ထိကို ပွေလီသွားခဲ့တဲ့ Boleyn မိသားစုရဲ့ပြဿနာတွေကို စိတ်ဝင်စားဖွယ် ကြည့်ရှုရမှာပဲဖြစ်ပါတယ်။ အထူးသဖြင့် ငယ်ဂုဏ်နဲ့ လှမာန်ကြွ၊ ထင်ရာစိုင်းတတ်တဲ့အန်းရဲ့ နယ်နှင်ခံရအပြီး တည်ငြိမ်ထက်မြက်တဲ့ပုံစံအကူးအပြောင်း၊မျှော်လင့်ထားသလိုဖြစ်မလာခဲ့တဲ့ ဘုရင်မဘဝမှာစိတ်ရဲ့ခြောက်လှန့်ခြင်းခံနေရပြီး အမြဲထိတ်လန့်၊စိတ်မလုံခြုံဖြစ်နေရတဲ့ပုံစံ အကူးအပြောင်းတွေကတကယ်အံ့ဩ‌ဖို့ကောင်းလောက်အောင်ကို ကြည့်လို့ကောင်းတာပါပဲ။ သမိုင်းနောက်ခံဇာတ်လမ်းဖြစ်တဲ့အပြင် အမိုက်စားသရုပ်ဆောင်ချက်တွေနဲ့အနိမ့်အမြင့်စုံတဲ့ဇာတ်လမ်းအသွားကိုမြင်ရမယ့်လက်မလွတ်သင့်တဲ့ဇာတ်ကားလေးမို့ဘာသာပြန်တင်ဆက်ပေးလိုက်ရပါတယ်‌နော်။ File size…      2.2 GB /    1 GB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h ...
movie

The Other Boleyn Girl (2008)

Munch (2023) 5.9
Munch (2023) The Screamဆိုတဲ့ ပန်းချီကားကို ပန်းချီစိတ်ဝင်စားလို့ပဲဖြစ်ဖြစ်၊ အင်္ကျီစတစ်ကာတွေမှာဖြစ်ဖြစ်၊ ဆိုရှယ်မီဒီယာပေါ်မှာပဲဖြစ်ဖြစ် မြင်ဖူးကြပါလိမ့်မယ်။ ပန်းချီကားကိုကြည့်လိုက်ရင်ပဲ အကြောက်တရားနဲ့ အထီးကျန်မှုကိုအလိုလိုခံစားလာရတာမျိုး။ဒီရုပ်ရှင်ကတော့ အထက်ပါပန်းချီကားကိုရေးဆွဲခဲ့တဲ့ ခံစားမှုရသကိုအသားပေးပုံဖော်တတ်သူ နော်ဝေပန်းချီအကျော်အမော် Edvard Munchရဲ့ ဘ၀ဇာတ်ကြောင်းကို အခြေခံပြီး အရွယ်သုံးမျိုးနဲ့ ရုပ်ရှင်တစ်ကားအဖြစ် ဖန်တီးပုံဖော်ထားတာပါ။Edvard Munchဆိုတာ ၁၉ရာစုနဲ့ ၂၀ရာစုကြားကာလမှာ အရေးအပါဆုံးပန်းချီအနုပညာရှင်တွေထဲက တစ်ယောက်ပေါ့။ သူ့ရဲ့လူငယ်ဘ၀က ပျော်ရွှင်ဖွယ်ရာမကောင်းခဲ့တဲ့ အချစ်ရေး၊ အစ်မကြီးဖြစ်သူကို ဆုံးရှုံးခဲ့ရပုံနဲ့ သူကြိုးစားအားထုတ်ထားတဲ့ ဘာလင်က အစောပိုင်းပြပွဲတစ်ခုမှာ အနုပညာရှင်အသင်းကြီးရဲ့  ပြပွဲပိတ်သိမ်းခံလိုက်ရပုံတွေ၊ နောက်ပြီး ဒုတိယကမ္ဘာစစ်အတွင်းမှာ သူ့ဘ၀ရဲ့မြတ်နိုးရတဲ့အလုပ်ကို နာဇီတွေရန်ကနေ ကယ်တင်ခဲ့ပုံတွေကို ဇာတ်လမ်းတစ်ပုဒ်လို ဖန်တီးတင်ဆက်ထားတာမို့ ခံစားကြည့်ရှုကြပါဦးဗျ။(အညွှန်းနဲ့ဘာသာပြန်ကတော့ Pyae Phyoဖြစ်ပါတယ်) File size…(1.5 GB)/(782 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:44:00 Genre...Biography, Drama, History Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Pyae Phyo
movie

Munch (2023)

One Life (2023) 7.7
One Life (2023)  Sir Nicholas Winton သို့မဟုတ် ဒုတိယကမ္ဘာစစ်အတွင်းစစ်ရှောင်ကလေးငယ် ၆၆၉ဦးအားကယ်တင်ခဲ့သူ...ဖြစ်ရပ်မှန်ကို ရိုက်ကူးထားတဲ့ ဒီဇာတ်လမ်းလေးဟာတီဗီအစီအစဥ်တစ်ခုမှ လူသိများပြီးအစပျိုးလာခဲ့တာပါ...။ဇာတ်လမ်းအကြောင်းကို ပြောပြရရင် Nicholas Wintonဆိုတဲ့လန်ဒန်မှ လူငယ်stockbrokerလေးတစ်ယောက်...ဒုတိယကမ္ဘာစစ်မဖြစ်မီ ၁၉၃၈ခုနှစ် ဒီဇင်ဘာလထဲမှာချက်ကိုစလိုဗားကီးယားနိုင်ငံရဲ့မြို့တော် ပရော့ဂ်ကိုအလည်သွားရာကစခဲ့ပါတယ်...။အဲ့ဒီခေတ်အချိန်က ဒုတိယကမ္ဘာစစ်ဖြစ်ရန်တာဆူနေပြီးဟစ်တလာဟာ မဟာမိတ်တွေဆီကနေ ချက်ဇ်နိုင်ငံရဲ့ပြည်နယ်တစ်ခုကိုတောင်းပါတယ်...။စစ်ကိုရှောင်လွှဲချင်တော့ ဟစ်တလာရဲ့တောင်းဆိုချက်ကိုလိုက်လျောပြီး နယ်မြေပေးလိုက်ရတဲ့အခါ နာဇီဂျာမဏီတွေရဲ့ရန်ကိုကြောက်တဲ့ ဂျာမဏီ၊ သြစတီးနဲ့ ချက်ဇ်ဒေသခံဂျူးလူမျိုးတွေဟာ ပရော့ဂ်ကိုတိမ်းရှောင်လာခဲ့ကြပါတယ်။ကလေးတစ်ပွေ့တစ်ပိုက်နဲ့မိသားစုတွေဟာ နေစရာမဲ့ စားစရာမဲ့အတိဒုက္ခရောက်နေရတဲ့အပြင် နာဇီတို့ကျူးကျော်လာမယ့်အန္တရာယ်ကိုပါကြောက်လှန့်နေခဲ့ရကာ ပြေးစရာမြေမရှိဖြစ်နေခဲ့တာပါ။ဒီအခြေအနေကို ကြုံတွေ့မြင်တွေ့ခဲ့ရတဲ့ Nicholas Wintonဟာစစ်ကြောင့်နယ်စပ်တွေပိတ်မသွားမီ ကလေးငယ်တွေကိုစစ်ဘေးလွတ်ရာ အင်္ဂလန်သို့ပို့ဖို့ကြံဆောင်ပါတော့တယ်...။ဘယ်အချိန်ထဖြစ်မယ်မသိတဲ့စစ်မီးစင်ကိုကြည့်ရင်း အချိန်လုပြီးအသက်ကယ်ရတဲ့အခါ အသက်ဘယ်နှစ်ချောင်းကို ဘယ်လိုကယ်တင်နိုင်မှာလဲ....။Nicholas Wintonတစ်ယောက်ဒီလိုစွမ်းဆောင်ခဲ့ပုံတွေကိုတော်ရုံလူမသိခဲ့ကြဘဲ နှစ်ငါးဆယ်အကြာတီဗီအစီအစဥ်လေးတစ်ခုမှာမှ လူအများသိခဲ့ရပါတယ်။ဘာလို့ဆို အဲ့ဒီအစီအစဥ်မှာလာကြည့်တဲ့ ပရိသတ်တိုင်းဟာNicholas Wintonကယ်တင်ခဲ့ဖူးတဲ့ကလေးငယ်များဖြစ်နေကြောင်း အံ့သြစွာသိရှိခဲ့ရလို့ပါပဲ...။သူ့ရဲ့ဇာတ်လမ်းလေးက ဘယ်လိုမျိုးဖြစ်မလဲဆိုတာ ဒီတစ်ခါတော့ရုပ်ရှင်အတိုင်းသားကြည့်ရှုခွင့်ရတော့မှာပဲဖြစ်ပါတယ်ဗျာ...။ File size…2.02GB / 720MB Quality…WEB-DL 1080p 5.1 CH/ 720p Format…mp4 Duration….1h 50m Genre ….. Biography , Drama , ...
movie

One Life (2023)

The Motorcycle Diaries (2004) 7.7
The Motorcycle Diaries (2004) ဒီဇာတ်ကားက အော်စကာဆု ၁ဆု နဲ့ တခြားဆုပေါင်းများစွာသိမ်းပိုက်ထားတဲ့ ဇာတ်ကားတစ်ခု။ ဆုတွေအများကြီးသိမ်းပိုက်ရအောင်လည်း ထိုက်ထိုက်တန်တန်ကောင်းတဲ့ ဇာတ်လမ်းတစ်ပုဒ်ဖြစ်တယ်။ ဇာတ်လမ်းဆိုတာထက် ဖြစ်ရပ်မှန် Documentaryနဲ့ ပိုတူတယ်လို့ပြောရမယ်။မြန်မာပြည်မှာလည်း ရဲဘော်ချေဆိုပြီး လူသိများကြတဲ့ ကျူးဘားတော်လှန်ရေးမှာ လူသိများတဲ့တော်လှန်ရေးခေါင်းဆောင် ချေဂွေဗားရားရဲ့ တော်လှန်ရေးစိတ်ကို သန္ဓေတည်ပေးလိုက်တဲ့ ခရီးစဉ်အကြောင်းရိုက်ထားတာလို့ ပြောမယ်ဆိုရင်လည်း မှားမယ်မထင်ပါဘူး။ဇာတ်လမ်းအကျဉ်းကိုပြောရမယ်ဆိုရင်တော့အဲနက်စ်ဒိုဂွေဗားရားက နောက်ဆုံးနှစ်ဆေးကျောင်းတက်နေတဲ့ အသက်နှစ်ဆယ်ကျော်ကောင်လေးတစ်ယောက် ရင်ကြပ်ရောဂါအခံလည်းရှိသူ မိဘများကလည်းအလိုလိုက် ဂရုစိုက်ခံထားရတဲ့ လောကကြီးအကြောင်း ဘာမှမသိသေးတဲ့ လူငယ်လေးတစ်ယာက်။ အဲဒီလူငယ်လေးက အဲဘက်တိုလို့ခေါ်တဲ့ သူ့မိတ်ဆွေနဲ့ တိုက်ကြီးအနှံ့ခရီးထွက်ပြီးမိတ်ဆွေဖြစ်သူရဲ့ အသက်သုံးဆယ်ပြည့်နှစ်ကို ဗင်နီဇွဲလားမှာ ကုန်ဆုံးကြမယ်ဆိုပြီး စိတ်ကူးနဲ့ ဆိုင်ကယ်တစ်စီးနဲ့ခရီးနှင်လာကြပါတယ်။ခရီးစဉ်မှာ ကြုံတွေ့ရတဲ့ အခက်အခဲတွေ ကိုယ့်မြေကိုယ့်ရေမှာ နေစရာပျောက်ကြရတဲ့တိုင်းရင်းသားတွေကို မျက်ဝါးထင်ထင်မြင်ပြီးနောက်မှာ ထိုလူငယ်လေးရဲ့အတွေးအမြင်တွေ တဖြည်းဖြည်းပြောင်းလာပါတယ်။ခရီးတစ်လျောက်လုံးမှာလည်း ဘယ်လိုအခက်အခဲနဲ့ကြုံကြုံ သူတစ်ပါးဒုက္ခရောက်အောင် မလုပ်တတတ်ပဲ အမှန်ကိုပဲပြောတတ်တဲ့သူ အနာကြီးရောဂါသည်တွေကိုလည်း မခွဲခြားပဲဂရုဏာနဲ့ဆက်ဆံတဲ့ အဲနက်စ်ဒိုဂွေဗားရားကိုတွေ့ရမှာပဲ ဖြစ်ပါတယ်။ နိုင်ငံတစ်နိုင်ငံပြီး တစ်နိုင်ငံကူးရင်းနဲ့ ရာသီဥတုရေမြေကွာခြားပုံတွေကိုလည်း လှလှပပရိုက်ကူးထားပြီး ဇာတ်လမ်းတစ်ပုဒ်လုံးကို ...
movie

The Motorcycle Diaries (2004)

A Walk in the Woods (2015) 6.4
A Walk in the Woods (2015) ခုတစ်ခါမှာတော့ စိတ်ရှုပ်စရာ လူမှုဘဝကနေ စွန့်ထွက်ပြီးအက်ပလန်ချန်တောင်ပေါ် ခြေဆန့်ကြသူနှစ်ဦးရဲ့ဟာသဇာတ်လမ်းလေးကို တင်ဆက်ပေးလိုက်ပါတယ်2015 က ထွက်ရှိခဲ့ပြီး Robert Redford ၊ Nick Nolte ၊ Emma Thompson တို့ကပါဝင်သရုပ်ဆောင်ထားပါတယ်။စာကောင်းသာ ရေးတတ်ပေမဲ့ စကားအပြောအဆိုမတတ်လှတဲ့ စာရေးဆရာတစ်ယောက် တစ်ရက်မှာတော့သူ့ပတ်ဝန်းကျင်ကို ငြီးငွေ့ပြီး သဘာဝသို့ တစ်ကိုယ်တော်ခြေဆန့်ဖို့ပြင်ပါတယ် ဒါပေမဲ့ မိန်းမက ခွင့်မပြုတော့ နီးစပ်ရာအဖော်လိုက်စပ်ရာကငယ်စဉ်က တွဲဖက်ကျော်ကတ်ဇ် ဆိုသူတစ်ဦးသာ သူ့နောက်လိုက်ဖို့ ပေါ်လာပါတယ် ငယ်စဉ်က ကတောက်ကဆတွေရှိခဲ့ပေမဲ့ နှစ် ၄၀ ကြာပြီးမှဖြစ်ခဲ့သမျှကို ပြည်ဖုံးကား ကာချပြီး အက်ပလန်ချန်ခရီးစဉ်ကိုအတူစတင်ကြပါတော့တယ်။အတွင်းသိသူငယ်ချင်း နှစ်ဦးသား ငယ်ကျိုးငယ်နာဖော်ရင်းလမ်းတစ်လျှောက်မှာ အခက်အခဲ‌ပေါင်းစုံကျော်ဖြတ်ရင်းကမိတ်ဆွေစစ်နဲ့ ဘဝရဲ့အရေးကြီးတဲ့အရာတွေကိုဘယ်လိုပြန်ရှာဖွေနိုင်မလဲဆိုတာကို ဇာတ်လမ်းလေးကိုကြည့်ပြီးဝေဖန်ခံစားလိုက်ပါ။  File size…    2.3 GB /  742 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 43m Genre ..... Comedy/Adventure Subtitle…. ...
movie

A Walk in the Woods (2015)

2015
The Last Family (2016) 7.4
The Last Family (2016) ဒီတစ်ခါ ဖြစ်ရပ်မှန်အပေါ်ပြန်လည်အခြေခံရိုက်ကူးထားတဲ့ရုပ်ရှင်ကားတစ်ကား တင်ဆက်ပေးလိုက်ပါတယ်ဗျာ။ ပိုလန် ပန်းချီဆရာတစ်ယောက်ဖြစ်တဲ့ ဇဂျီစွာဗ် ဘက်စင်စကီဟာသူ့ရဲ့ စိတ္တဇဆန်ဆန် အိပ်မက်ဆန်ဆန် ပန်းချီကားတွေကြောင့်နာမည်ကျော်ကြားခဲ့သူတစ်ဦးပါ။ ပန်းချီဝါသနာပါသူတွေနဲ့ ပန်းချီကားတွေအကြောင်းလေ့လာရတာသဘောကျသူတွေကတော့သူ့လက်ရာပန်းချီကားတွေကို မြင်ဖူးတွေ့ဖူးကြမှာပါ။ ဇဂျီစွာဗ်ရဲ့ပန်းချီကားတွေဟာ ခေတ်သစ် အနုပညာလက်ရာတွေအပေါ်လွှမ်းမိုးမှုရှိတယ်လို့ ပြောရင်လည်း မှားမယ်မထင်ဘူးဗျ။ Horrorဆရာတစ်ဆူဖြစ်တဲ့ Guillermo del Toroကလည်းသူ့ရဲ့ပရိတ်သတ်တစ်ဦးဖြစ်တယ်လို့ ပြောဖူးပါသေးတယ်။ဒါကြောင့်မို့လို့လည်း သူတို့ရဲ့ဖန်တီးမှုတွေဟာပဟေဠိဆန်ပြီး ခြောက်ခြားဖို့ကောင်းနေတာလို့ ထင်တယ်ဗျ။ဒီရုပ်ရှင်ကတော့ ဇဂျီစွာဗ် ဘက်စင်စကီရဲ့ဘဝအကြောင်းကို ပြန်လည်ရိုက်ကူးထားတဲ့ဖြစ်ရပ်မှန်ရုပ်ရှင်တစ်ပုဒ်ဖြစ်ပါတယ်။  ဇဂျီစွာဗ် ဘတ်စင်စကီရဲ့ ဘဝဟာလည်း သူဆွဲခဲ့တဲ့ပန်းချီကားတွေလိုပဲ ရှုပ်ထွေးပြီး ထူးဆန်းပါတယ်။သူ့မှာ ဇိုရှာလို့ခေါ်တဲ့ မိန်းမတစ်ယောက်ရှိပြီးတောမက် ဘက်စင်စကီဆိုတဲ့ သားတစ်ယောက်လည်း ရှိပါသေးတယ်။ တောမက်ကတော့ ပြဿနာခဏခဏရှာတတ်တဲ့စိတ်ဝေဒနာသည်လေးတစ်ဦးလို့ပဲ ပြောရမယ်ဗျ၊ဒါပေမယ့် သူကလည်း ရုပ်ရှင်ဘာသာပြန်နဲ့ရေဒီယိုအစီအစဉ်တင်ဆက်သူ တစ်ဦး ဖြစ်ခဲ့ပြန်ပါသေးတယ်။ စိတ်ဝင်စားစရာကောင်းတာက ဒီမိသားစုဝင်တွေရဲ့သေဆုံးပုံတွေကလည်း တစ်မျိုးစီ ထူးခြားပြီးစဉ်းစားစရာဖြစ်နေတာပါပဲ။ ဒီလိုအဖြစ်ဆိုးတွေကပဲ ဇဂျီစွာဗ်ရဲ့ ပန်းချီတွေကိုခြောက်ခြားဖို့ကောင်းစေခဲ့တာလား၊ပန်းချီကားတွေရဲ့ အဓိပ္ပာယ်ကရော ဘာလဲစတာတွေက အဖြေရှာရခက်တဲ့ မေးခွန်းတွေပါ။ ဒီလိုထူးဆန်းတဲ့ပန်းချီတွေကိုဆွဲခဲ့တဲ့ ပန်းချီဆရာတစ်ယောက်ရဲ့ဘဝအကြောင်းကို နားလည်ချင်ရင်တော့ဒီရုပ်ရှင်ကိုသာကြည့်လိုက်ပါဗျ။ ရိုက်ကူးထားသူကလည်း ပိုလန်ဒါရိုက်တာတစ်ယောက်ဖြစ်တဲ့Jan P. Matuszyńskiဖြစ်ပါတယ်။Ratingရလဒ်ကောင်းတွေလည်း ရရှိထားတာမို့ကြည့်သင့်တဲ့ ရုပ်ရှင်ဖြစ်တယ်လို့ ညွှန်းချင်ပါတယ်ဗျာ။ File size…    ...
movie

The Last Family (2016)

2016
Rhinegold (2022)
Rhinegold (2022)  IMDb 6.8 || Rotten Tomatoes 71%ဂျာမန် rapper နဲ့ တေးသံသွင်းပိုင်ရှင် Xatar (Giwar Hajabi)ရဲ့ အထုပ္ပတ္တိကို ရိုက်ကူးထားတဲ့ Crime/Drama ဖြစ်ပါတယ်ရပ်ဂီတနဲ့ ဒုစရိုက်ဆိုတာ လိုက်ဖက်ညီတဲ့ အဓိပ္ပာယ်နှစ်ခုလို့ ပြောလို့ရမှာဖြစ်ပြီး ဒီဇာတ်ကားမှာဆိုရင် rap အပိုင်းထက် Xatar ရဲ့ ဘဝဇာတ်ကြောင်းနဲ့ ဝရမ်းပြေးဘဝ/ဒုစရိုက်လောကထဲ ပါဝင်ပတ်သက်မိပုံတွေ အဓိကအလေးပေးပြီး ဖော်ပြထားတာပါG ရဲ့ အစောဆုံးမှတ်ဉာဏ်တွေက ထောင်ထဲမှာပါပဲ အီရန်-အီရတ် ပဋိပက္ခတွေရဲ့ အလယ် အကျဥ်းထောင် မွေးဖွားခဲ့ပြီး လွတ်မြောက်လာတော့ ဒုက္ခသည်စခန်း၊ ဒီကနေတစ်ဆင့် ဥရောပ ဂျာမနီကို ရွှေ့ပြောင်းလာခဲ့ရတယ်သူ့ရဲ့အဖေက သူတို့ Kurd မျိုးနွယ်တို့ လေးစားကြတဲ့ နာမည်ကြီး ဂီတဆရာတစ်ယောက်ဖြစ်ပြီး သူ့ရဲ့သား G ကို ငယ်ငယ်လေးကတည်းက classical ဂီတကို လက်ဆင့်ကမ်းဖို့ရည်ရွယ်ချက်နဲ့ စန္ဒရားသင်ပေးခဲ့ပေမဲ့ သူတို့နေထိုင်ရာ ဂျာမန်ရပ်ကွက်လေးရဲ့ ...
movie

Rhinegold (2022)

Lone Survivor (2013) 7.5
Lone Survivor (2013) Lone Survivor (2013)အချိန်က ၂၀၀၅ ဂျွန်လ။ အာဖဂန်နစ္စတန်မှာ တာလီဘန်အုပ်ချုပ်ရေး ၂၀၀၁ မှာပြိုပြီးတဲ့နောက် ပြန်လည်တည်ဆောက်ရေးလုပ်နေဆဲကာလပေါ့။ တာလီဘန်တွေက ကုန်သွားတာတော့မဟုတ်ဘူး။ အလ်ကိုင်ဒါနဲ့ မဟာမိတ်ဖွဲ့ထားတဲ့ နီယိုတာလီဘန်ဆန်ဆန် အဖွဲ့တွေကျန်သေးတယ်။ သူတို့ကိုလည်း တာလီဘန်လို့ပဲခေါ်တယ်။ အာဖဂန်မှာလည်း တာလီဘန်ဆန့်ကျင်တဲ့ပြည်သူတွေကျန်နေသေးတယ်။ အဲဒါကိုလည်း ဒီရုပ်ရှင်မှာမြင်ရမယ်။ အဲဒီ ၂၀၀၅ ခုနှစ်ရဲ့ အရေးအပါဆုံးစစ်ဆင်ရေးက‌ Red Wings တောင်ပံနီစစ်ဆင်ရေး။ ဒီရုပ်ရှင်က တောင်ပံနီစစ်ဆင်ရေးမှာ မကျဆုံးခဲ့တဲ့ SEAL တပ်သား Marcus Luttrell ရဲ့ Lone Survivor ဆိုတဲ့စာအုပ်ကိုမှီငြမ်းထားတယ်။ စာအုပ်အချက်အလက်တွေအပြင် တကယ့် စစ်ပွဲမှတ်တမ်းအထောက်အထားတွေကိုပါသုံးရိုက်ထားတဲ့အတွက် Realistic ဆန်တဲ့အပိုင်းမှာ ဝေဖန်ရေးဆရာတွေရဲ့ ချီးမွမ်းမှုကို အတော်လေးရခဲ့တယ်။ National Board of Review ရဲ့ ၂၀၁၃ ခုနှစ်အတွင်း အကောင်းဆုံးရုပ်ရှင် ၁၀ကားစာရင်းမှာပါခဲ့တယ်။ ဒီရုပ်ရှင်ကိုရိုက်တဲ့ Peter Berg ...
movie

Lone Survivor (2013)

2013
4K HEVC
Bohemian Rhapsody (2018) 8.0
Bohemian Rhapsody (2018) Bohemian Rhapsody (2018) IMDb - 8.0/10_____Rotten - 60% Won 4 Oscars. Another 40 wins & 76 nominations ၂၀၁၈ ခုနှစ်အတွင်း အကြိုက်မိဆုံး ရုပ်ရှင်တစ်ကားပါ။လက်ရှိမှာတေ့ ရွှေကမ္ဘာလုံးဆုပေးပွဲမှာ ရုပ်ရှင်ဆုနဲ့ အမျိုးသားသရုပ်ဆောင်ဆု ဆွတ်ခူးပြီးသွားပါပြီ။ဘာကြောင့်ဆုတွေရလဲဆိုတာတော့ ကြည့်လိုက်ရုံနဲ့ သိပါလိမ့်မယ်။ ဇာတ်ညွှန်း၊ သရုပ်ဆောင်၊ အသံ၊ ရိုက်ကွင်းတွေ အားလုံး ကောင်းနေပါတယ်။Queen တီးဝိုင်းအဖွဲ့ရဲ့ ပင်တိုင်အဆိုတော် ဖရက်ဒီ မာကျူရီရဲ့ ဘဝဇာတ်ကြောင်းကို ရိုက်ကူးထားတာဖြစ်ပါတယ်။ကွင်းအဖွဲ့ရဲ့ ကမ္ဘာကျော်သီချင်းတွေ ဖြစ်လာပုံနဲ့ သီချင်းတွေကို အကောင်းဆုံး ပြထားတဲ့ ရုပ်ရှင်ပါ။ကွင်းအဖွဲ့ရဲ့ ဂန္ဓဝင် Live Aid ရှိုးပွဲကြီးရဲ့ ဖျော်ဖြေမှုကို ပြန်တင်ဆက်ထားတာနဲ့တင် အတော်တန်ပြီပြောရမှာပါ။ဖရက်ဒီမာကျူရီရဲ့ ဂီတအမျိုးအစားပေါင်းစုံ ရောစပ်ထားတဲ့ ဘိုဟီးမီးယမ်း ရာ့ပ်ဆိုဒီ သီချင်းဟာ မာစတာပိစ်အဖြစ် သတ်မှတ်ခံခဲ့ရပြီး ကမ္ဘာ့အကောင်းဆုံး သီချင်းတွေထဲက တစ်ပုဒ်ဖြစ်လာခဲ့ပါတယ်။သမိုင်းတစ်လျှောက် ဖျော်ဖြေခဲ့တဲ့ အနုပညာရှင်တွေထဲမှာလည်း ...
movie

Bohemian Rhapsody (2018)

2018
4K HEVC