Channel Myanmar

Drama

Hotel (2004) 5.6
Hotel (2004) Hotel (2004) ============ဒီဇာတ်လမ်းမှာ Irene ဆိုတဲ့ မိန်းကလေးတစ်ယောက် ဩစတေးလျ တောအုပ်က လူသူအရောက်နည်းတဲ့ တစ်နေရာမှာဖွင့်လှစ်ထားတဲ့ ဟိုတယ်မှာ ဧည့်ကြိုစာရေးအနေနဲ့ အလုပ်စဝင်လာခဲ့တယ်။ နောက် တော့ သူ့ရာထူးမှာလုပ်ခဲ့တဲ့ အရင်ကောင်မလေးက သဲလွန်စမရှိဘဲ ပျောက်ကွယ်သွားတာမို့ သူ့ကိုအစားထိုးလိုက်တာဖြစ်ကြောင်း သိလာ ရတယ်။Irene လည်း ဟိုတယ်ရဲ့ တဖြည်းဖြည်း ကျောချမ်းစရာအငွေ့အသက် တွေကို ကြုံတွေ့လာရရင်း အရင်ကောင်မလေးရဲ့ အဆန်းတကြယ် ပျောက်ကွယ်သွားမှုက လူသတ်မှုလား သဘာဝလွန်ဖြစ်ရပ်တွေနဲ့ ဆက် စပ်နေသလားဆိုတာကို ဘယ်လိုအဖြေပေါ်မလဲဆိုတာတော့ ဒီဇာတ်လမ်း ထဲမှာ စိတ်လှုပ်ရှားစွာ ဆက်လက်ကြည့်ရှုနိုင်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thwal Htoo Zin ဖြစ်ပါတယ်)File Size..........(1.35 GB) / (450 MB) Quality............BLU-RAY 1080p / 720p Duration.........1Hr 16Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Drama, Horror, Mystery Translator.......Thwal Htoo Zin Encoder..........SWM
movie

Hotel (2004)

2004
A Beautiful Life (2023) 6.4
A Beautiful Life (2023)  ဒီရုပ်ရှင်လေးကတော့ musical romanceကားလေးဖြစ်တာမို့ သီချင်းသံငြိမ့်ငြိမ့်လေးတွေကြားမှာစီးမျှောချင်သူတွေအကြိုက်တွေ့ဦးမယ့်ကားလေးပါပဲ...။ဇာတ်လမ်းထဲမှာပါဝင်တဲ့ သီချင်းတိုင်းကလည်းဇာတ်ဆောင်မင်းသားအဆိုတော်Christopherကိုယ်တိုင်‌ရေးသားဖန်တီးထားတဲ့သီချင်းတွေချည်းပါတဲ့ဗျာ....။ဂစ်တာသံစဥ်ငြိမ့်ငြိမ့်လေးနဲ့ သီချင်းအေးအေးလေးနဲ့ခံစားကြည့်ချင်သူတွေအတွက်တော့ ကွက်တိကျမယ့်ဇာတ်ကားလေးတစ်ပုဒ်ပါပဲ...။ဇာတ်အိမ်လေးကို အကျဥ်းပြောပြရမယ်ဆိုရင်ဒိန်းမတ်ဆိပ်ကမ်းလေးတစ်ခု ငါးဖမ်းသမားလေးတစ်ယောက်ဘဝကနေ သီချင်းအဆိုရှင်ဖြစ်လာတဲ့လူငယ်လေးတစ်ယောက်အကြောင်းပါ..။အီလီရော့ဟာ ဘဝအခြေအနေကြောင့် ငါးဖမ်းသမားဘဝနဲ့ရုန်းကန်နေရပေမယ့် ပင်ကိုယ်အသံကလည်းသီချင်းဆိုဖို့ ပါရမီပါသလို သီချင်းရေးရာမှာလည်း ထူးချွန်သူပါ...။တစ်နေ့ မွေးနေ့ပွဲတစ်ခုမှာ ဂစ်တာအငှားလိုက်တီးရင်းနာမည်ကျော်ထုတ်လုပ်သူတစ်ယောက်က မျက်စိကျသွားတဲ့နောက်....ငါးဖမ်းသမားလေးဘဝကနေ အဆိုတော်ဘဝကိုဘယ်လိုတွေရောက်ရှိလာလဲဆိုတာကို သံစဥ်လေးတွေနဲ့နားဆင်ကြည့်ရှုရမှာဖြစ်ပါတယ်...။ File size…1.36GB / 635MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 38m Genre ….. Drama , Music , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Themes
movie

A Beautiful Life (2023)

A Good Year (2006) 7.0
A Good Year (2006) A Good Year (2006)IMDb Rating (6.9)ဒါရိုက်တာကြီး Ridley Scott ရဲ့  ထူးထူးဆန်းဆန်း Comedy,Romance,Drama ရုပ်ရှင်ဇာတ်ကားလေးပါ။မင်းသားကြီး Russell Crowe နဲ့ Taxi မင်းသမီးအဖြစ်မှတ်မှတ်ထင်ထင်ရှိရတဲ့ ပြင်သစ်မင်းသမီးချော Marion Cotillard တို့အဓိကပါဝင်ထားပါတယ်။ဇာတ်လမ်းကတော့....ကလေးဘဝကတည်းက မိဘတွေ ဆုံးပါးသွားပြီး၊ ဦးလေးဟင်နရီရဲ့ စောင့်ရှောက်မှုအောက်မှာ ကြီးပြင်းခဲ့ရတဲ့မက်စ်စကင်နာ။ အရွယ်ရောက်တော့ လန်ဒန်မှာ အခြေချပြီး ဦးလေးဖြစ်သူနဲ့ နှစ်ပေါင်းများစွာ အဆက်အသွယ်ပြတ်တဲ့အထိအလုပ်အရမ်းလုပ်ရင်း ငွေနောက်အရမ်းလိုက်ရင်း တစ်ကိုယ်ကောင်းဆန်သူကိုယ့်အတွက်ပဲကိုယ်ကြည့်တဲ့သူတစ်ယောက် ဖြစ်မှန်းမသိဖြစ်ခဲ့ပါတော့တယ်။ဒါပေမဲ့ တနေ့ ဦးလေးဖြစ်သူ ဆုံးပါးသွားတဲ့အချိန်မှာတော့ ဦးလေးဖြစ်သူရဲ့ ပိုင်ဆိုင်မှုတွေကို လွှဲပြောင်းရယူဖို့ ဖြစ်လာပါတော့တယ်။အဲဒီအတွက် နှစ်ပေါင်းများစွာ မရောက်ဖြစ်တဲ့ ငယ်ဘဝကြင်လည်ရာ‌ပြင်သစ်တောင်ပိုင်းက မြို့ငယ်က‌လေးကို သွားရောက်ရင်းငွေပုံကြားထဲမှာနေ့စဉ် ဘဝကိုဖြတ်သန်းနေရတဲ့ အသည်းမာသူ မက်စကင်နာရဲ့ဘဝအချိုးအကွေ့တွေက ဘယ်လိုတွေ ဆက်ဖြစ်လာမလဲဆိုတာကတော့.....။အေးအေးလေးနဲ့ချစ်စရာကောင်းတဲ့ရုပ်ရှင်ကားလေးမလို့ ကြည့်ရှုခံစားပေးပါဦး။ File size…(2.3 GB) / (1.1 GB) Quality….BluRay 1080p/720p Format…mp4 Duration….01:57:31 Subtitle….Myanmar Subtitle ...
movie

A Good Year (2006)

Hungry Hearts (2014) 6..4
Hungry Hearts (2014) Hungry Hearts (2014) ====================ဒီတစ်ခေါက်မှာတော့ ပရိတ်သတ်ကြီးအတွက် ဒါရိုက်တာ Saverio Costanzo မှရိုက်ကူးတင်ဆက်ထားပြီး 71 ကြိမ်မြောက် Venice နိုင်ငံတကာရုပ်ရှင်ပွဲတော်မှာ Golden Lion ဆုအဖြစ်ဇကာတင်စာရင်းကိုဝင်ခဲ့တဲ့ ရုပ်ရှင်ကားလေးတစ်ခုကိုတင်ဆက်ပေးချင်ပါတယ်ဇာတ်လမ်းရဲ့အကျဉ်းချုပ်ကတော့Jude နဲ့ Mine တို့ရဲ့ သန့်စင်ခန်းထဲက မတော်တဆတွေ့ဆုံမှုလေးကနေ ချစ်ခြင်းတရားပေါက်ဖွားလာပြီး အဲဒါကြောင့်ပဲ မတော်တဆနဲ့ ကိုယ်ဝန်ဆောင်ခဲ့ရပါတော့တယ်။သူတို့ဘဝရဲ့ ဂယက်တွေက ကိုယ်ဝန်ဆောင်ကာလမှာပဲ ပေါက်ဖွားလာခဲ့တယ်လို့ဆိုရမှာပါ။ကိုယ်ဝန်ဆောင်ကာလအစကနေ Mine တစ်ယောက် စာအုပ်တွေအဖတ်လွန်ပြီး အရာရာကိုအစွဲအလမ်းကြီးလာခဲ့ပါတယ်။အစားလည်းပုံမှန်မစားတော့သလို ခန္ဓာကိုယ်ကိုအဆိတ်အတောက်ဖယ်တယ်ဆိုပြီး ယုံမှာမှုတွေကြီးစိုးလာခဲ့ပါတယ်။သူတို့မိသားစုဘဝလေးဘယ်လိုဖြစ်လာမှာလဲ ရှေ့ဆက်ပြီးဒီပြဿနာကိုဘယ်လိုဖြေရှင်းကြမလဲဆိုတာကို ဒီဇာတ်လမ်းလေးမှာကြည့်ရှူရမှာပဲဖြစ်ပါတယ်။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ June ပါ )File size_(2.6GB)/(1.3GB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:49:00 Genre_Drama, Romance Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by June
movie

Hungry Hearts (2014)

Seagrass (2023) 6.0
Seagrass (2023)  ဒီဇာတ်ကားကတော့ အိမ်ထောင်ရေးတစ်ခုမှာ အချိန်ကြာလာတာနဲ့အမျှ ဖြစ်တတ်ကြတဲ့, ဖြစ်နေကြတဲ့ ပြဿနာတွေ အခက်အခဲတွေအကြောင်းကို ရိုက်ကူးပြ‌ပေးထားတာပါ။အိမ်ထောင်တစ်ခုမှာ သားသမီးတွေရှိလာတဲ့အချိန် တစ်ဖက်နဲ့တစ်ဖက်အလျှော့ပေးပြီး နားလည်ပေးမှ အိမ်ထောင်ရေးသာယာနိုင်မှာဖြစ်ပြီး အဲဒီလိုမှမဟုတ်ရင်တော့ တစ်ခုခုဖြစ်တာနဲ့ စပြီးနစ်နာကြရမှာက သားသမီးတွေပဲမဟုတ်လား။ အခု ဒီဇာတ်ကားကတော့ အဲဒီအကြောင်းကို ဦးစားပေးပြီးရိုက်ကူးထားတာပါပဲ။ဇာတ်လမ်းအကြောင်းပြောရရင်တော့ တစ်နေ့တစ်ခြားအဆင်မပြေဖြစ်လာတဲ့ အိမ်ထောင်ရေးပြဿနာတွေကို ဖြေရှင်းနိုင်ဖို့အတွက် စတိဗ်နဲ့ ဂျူးဒစ်တို့ဟာ ချစ်သူတွေ, အိမ်ထောင်ရှင်တွေအတွက် နားထောင်ပြောဆို အကြံပေးတဲ့စခန်းတစ်ခုဆီကို သမီးနှစ်ယောက်နဲ့အတူ ခရီးထွက်ခဲ့ပါတယ်။ ဒါပေမဲ့လည်း ထိုနေရာကိုရောက်မှ အကြောင်းအမျိုးမျိုးကြောင့်, လူတွေအမျိုးအမျိုးကြောင့် နဂိုထက်ပိုပြီး အခြေအနေတွေ တင်းမာလာတဲ့အချိန်မှာတော့ သူတို့တွေဘယ်လိုပြန်ပြီးဖြေရှင်းကြမလဲ, ဘယ်လိုအခက်အခဲတွေ‌ရောရှိနေကြမလဲဆိုတာကို ဇာတ်ကားထဲမှာပဲ ကြည့်ရှုခံစားပေးကြပါဦး။ File size…(1.6 GB)/(985 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:55:00 Genre...Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Mastero
movie

Seagrass (2023)

The Greatest Hits (2024) 6.2
The Greatest Hits (2024)  တစ်စုံတစ်ယောက်ကို သတိရစေတဲ့ သီချင်းတွေနားထောင်မိတိုင်း အချိန်တွေနောက်ပြန်လှည့်လို့ရရင်ဆိုတဲ့ အတွေးက ကပ်ပါလာလေ့ရှိပါတယ်။ အကယ်၍ တကယ်နောက်ပြန်လှည့်လို့ရခဲ့ရင်ရော?ဇာတ်လမ်းအကျဉ်းအဖြစ်ဆိုးတစ်ခုကြောင့် ဆုံးပါးသွားရတဲ့ ရည်းစားဖြစ်သူကို မေ့မပစ်နိုင်တဲ့၊ မေ့မပစ်နိုင်အောင်လည်း ခိုင်လုံတဲ့ အကြောင်းအရင်းရှိတဲ့ ကောင်မလေးတစ်ယောက်ရဲ့ အချစ်ဇာတ်လမ်းလေးဖြစ်ပါတယ်။ သီချင်းတွေရဲ့ လွှမ်းမိုးနိုင်စွမ်းရှိမှုနဲ့ အချိန်ခရီးသွားခြင်းအယူအဆပေါ် အခြေခံ ဇာတ်အိမ်တည်ရိုက်ကူးထားပါတယ်။ File size…(1.4 GB)/(780 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:34:00 Genre...Drama, Music, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Bonsai
movie

The Greatest Hits (2024)

His Secret Life (aka) The Ignorant Fairies (2001) 7.3
His Secret Life (aka) The Ignorant Fairies (2001)  ဒီ​ရုပ်ရှင်​ကတော့ အီတလီ​စကားပြောရုပ်ရှင်ဖြစ်ပြီး ၂၀၀၁ ခုနှစ်​ကထွက်ရှိခဲ့ပါတယ်။ Family Drama အမျိုး​အစားဖြစ်ပြီး အီတလီ​နာမည်​က Le fate ignoranti ဖြစ်ပါတယ်။ ဒီ​ရုပ်ရှင်​ရဲ့ နောက်​ထပ်​ အင်္ဂလိပ် title က His Other Life ဖြစ်​ပါတယ်။ သိပ်​မကြာ​သေးခင်ကပဲ ဒီဇာတ်ကားကို Remake ပြန်​လည်ရိုက်ကူးခဲ့ပါသေးတယ်။ဇာတ်လမ်း​အကျဥ်းကတော့ Antonia က ရောမမြို့ပြင်က ရပ်ကွက်​တစ်ခုမှာနေတဲ့ အထက်​တန်း​လွှာ​အမျိုး​သမီး​တစ်ဦး​ဖြစ်ပြီး​ Massimo ဆိုသူ​နဲ့ အိမ်​ထောင်​ကျတာ ၁၅ နှစ်ရှိပြီဖြစ်ပါတယ်။ ၁၅ နှစ်​လုံး​လုံး​ Massimo​ ရဲ့အရိပ်အောက်မှာပဲနေရင်း ခင်​ပွန်း​ဖြစ်သူလိုအပ်တာကို ဖြည့်ဆည်း​ပေးခဲ့တဲ့​ဇနီး​ကောင်းဖြစ်ပါတယ်။ Massimo ကလည်း သူ့အတွက်​ခင်ပွန်း​ကောင်းဖြစ်တဲ့အတွက် နှစ်ယောက်​အတူပျော်ရွှင်စွာ နေထိုင်​လာရာကနေ တစ်နေ့မှာ Massimo တစ်ယောက်​ ယာဥ်​မတော်တဆ​မှုနဲ့ ကွယ်လွန်​သွားခဲ့ပါတယ်။ခင်​ပွန်း​ဖြစ်သူ​ကွယ်လွန်ပြီး သူ့ရုံးခန်းထဲက ပစ္စည်း​တွေကို အိမ်​ပြန်​ပို့​ရာကနေ အဲဒီ​ပစ္စည်း​တွေထဲမှာ ပန်း​ချီ​ကားတစ်ချပ်ပါလာပါတယ်။ ပန်းချီ​ကားနာမည်က The Ignorant Fairies ...
movie

His Secret Life (aka) The Ignorant Fairies (2001)

Super Villain ( 2024 ) 5.8
Super Villain ( 2024 ) ပိချောင်းဟာ အသက် ၄၀ ပြည့်ခါနီး သရုပ်ဆောင်တစ်ယောက်ဖြစ်ပါတယ်။ သူနဲ့ အရွယ်တူသူငယ်ချင်းတွေက အောင်မြင်တဲ့ သရုပ်ဆောင်တွေ ဖြစ်နေခဲ့ပေမဲ့ သူကတော့ ပွဲဦးထွက်တာ ကြာပြီး နာမည်မရှိနိုင် ဖြစ်နေပါတယ်။ နာမည်ကြီးချင်တဲ့ ပိချောင်းဟာ မိန်းမနဲ့ ကလေးကို လျစ်လျူရှုမိသလို ဖြစ်နေတဲ့အတွက် မိသားစုဘဝလည်း မသာယာနိုင်ဖြစ်နေပါတယ်။"သူဌေးကြီးကို ပြန်ပေးဆွဲခြင်း" ဆိုတဲ့ ရုပ်ရှင်မှာ ဗီလိန်ကြီးနေရာမှာ သရုပ်ဆောင်ခွင့်ရလိုက်တဲ့အခါ ပိချောင်းဟာ ဒီဇာတ်ရုပ်နဲ့ လိုက်ဖက်အောင် အပြင်းအထန် လေ့ကျင့်ပါတော့တယ်။ ဒါပေမဲ့ ကံဆိုးစွာနဲ့ ကားမတော်တဆဖြစ်ပြီး အတိတ်မေ့သွားပါတော့တယ်။အတိတ်မေ့သွားတဲ့ ပိချောင်းဟာ ဘေးမှာရှိတဲ့ ရုပ်ရှင်အချက်အလက်ကိုကြည့်ပြီး သူ့ကိုယ်သူ လူသတ်သမားဗီလိန်ကြီးကျောက်တုံးရှန်းလို့ ထင်သွားခဲ့တဲ့အခါ...... သူဌေးကြီးကို ပြန်ပေးဆွဲဖို့ ဘယ်လိုကမောက်ကမ အလွဲတွေနဲ့ ကြုံတွေ့ရမလဲဆိုတာကို Super Villain ဆိုတဲ့ ဟာသရုပ်ရှင်လေးကို ကြည့်ရှုရယ်မောလိုက်ကြပါဦးနော်။ Quality : WEB-DL 1080p , 720p Format : mp4 Genres : Drama , Comedy Runtime : 1h 39 min Subtitle : Myanmar Subtitle ...
movie

Super Villain ( 2024 )

UnWoman (2023) 8
UnWoman (2023) UnWoman 2023 (မိန်းမ မဟုတ်သော မိန်းမတစ်ယောက်) IMDb -8/10ဘဝကို ရိုးရိုးပဲနေထိုင်နေတဲ့ ဘန်ဝါဆိုတဲ့ကောင်လေးတစ်ယောက်၊ သူတို့ရွာကတော့ မိန်းကလေးရှားလို့ အိမ်ထောင်မကျဘဲ လူပျိုကြီးတွေပဲ ပေါများလွန်းတဲ့ ရွာလေးပေါ့။ ဒီလိုနဲ့ နေလာရင်း ဘန်ဝါရဲ့ဦးလေးဖြစ်သူဟာ သူ့တူကို မိန်းမပေးစားချင်တာနဲ့ မိန်းမအဝယ်ထွက်ခဲ့ပါတော့တယ်။ဒီလိုနဲ့ မိန်းမရောင်းပေးတဲ့ အေးဂျင့်တစ်ယောက်နဲ့တွေ့ပြီး မိန်းမဝယ်ဖို့ဖြစ်လာရာကနေ ဆန်ဝရီဆိုတဲ့တစ်ယောက်နဲ့ တွေ့ခဲ့ပါတော့တယ်။ ဆန်ဝရီဆိုတာကတော့ ယောက်ျားလေးအဖြစ်ကနေ မိန်းကလေးဘဝကို ခံယူထားတဲ့သူတစ်ဦး၊ ပြောရရင်တော့ ဒွိလိင်တစ်ယောက်ပေါ့။ ဒီလိုလူမျိုးကို မိန်းကလေးပါဆိုပြီးတော့ ဘန်ဝါတို့ကို အေးဂျင့်က လိမ်ရောင်းလိုက်ရာကနေ ဆန်ဝရီဟာ ဘန်ဝါ့ဇနီးတစ်ယောက်အနေနဲ့ ဘန်ဝါတို့ရွာကို လိုက်ပါသွားရပါတော့တယ်။ဒီလိုနဲ့ မင်္ဂလာဦးညကို ဆင်နွှဲတဲ့အချိန်မှာပဲ ဘန်ဝါဟာ ဆန်ဝရီက မိန်းမတစ်ယောက်မဟုတ်ဘူးဆိုတာကို သိရှိသွားပြီးတဲ့နောက်မှာ ဘယ်လိုတွေဆက်ဖြစ်ကြမလဲ ...... ဆန်ဝရီရဲ့ ဘဝလေးဟာရော ဘာတွေဘယ်လိုဖြစ်ဦးမလဲ .... ဆိုတာတွေကို ကြည့်ရှုရမှာပဲဖြစ်ပါတယ်။(အညွှန်းနဲ့ ဘာသာပြန်ကတော့ Yunni~ BpL~ Alex~ ToMo တို့ပဲဖြစ်ပါတယ်) File size…2.1GB / 800MB Quality…WEB DL 1080p / 720p Format…mp4 Duration….1h 54mins Subtitle….Myanmar Subtitle (Hard ...
movie

UnWoman (2023)

2023
The Embroidered Sword ( 2024 ) 5.9
The Embroidered Sword ( 2024 ) တရုတ်ပြည်ရဲ့ ရှေးပဒေသရာဇ်ခေတ်မှာ ဘုရင့်အာဏာကို နောက်ကွယ်ကနေချုပ်ကိုင်တတ်ကြတာ မိဖုရားတွေဖြစ်ပြီး နောက်လူတစ်မျိုးကတော့ ရှင်ဘုရင်နားမှာအနီးကပ်နေတဲ့ မိန်းမစိုးကုန်းကုန်းတွေပဲဖြစ်ကြတယ်။ဒီဇာတ်ကားမှာ တိုင်းပြည်ကိုပုန်ကန်ဖို့ကြိုးစားနေတဲ့ မိန်းမစိုးအဖွဲ့အစည်းကို ကိုယ်ရံတော်တပ်ကသစ္စာရှိ ကိုယ်ရံတော်တွေက တွန်းလှန်ဖို့ကြိုးစားတဲ့ဇာတ်ကြောင်းပဲဖြစ်ပါတယ်။အလေအလွင့်ဓားပြတစ်ယောက်ဟာ မဟုတ်မခံ မတရားမှုကို လက်ပိုက်မကြည့်နေနိုင်တဲ့အကျင့်တစ်ခုရှိတယ် သူကအကြောင်းတိုက်ဆိုင်ပြီး ကိုယ်ရံတော်တပ်ထဲကိုရောက်သွားခဲ့ပါတယ်။ မကောင်းတဲ့လမ်းဟောင်းကိုစွန့်ပြီး တရားသောလမ်းကိုသူလျှောက်နိုင်မလား...... တရားသောလမ်းမှာသူ့ကိုဘယ်လိုအန္တရာယ်တွေကစောင့်ကြိုနေမလဲ...... စိန်ခေါ်မှုတွေကိုဖြတ်ကျော်နိုင်ပါ့မလားဆိုတာ....... သေသပ်တဲ့ရိုက်ချက်တွေနဲ့ အရည်အသွေးကောင်းတဲ့ သိုင်းကားအက်ရှင်ကားလေးကို အားပေးလိုက်ကြပါဦး။ Quality : WEB-DL 1080p , 720p Format : mp4 Genres : Drama , Action Runtime : 1h 50 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK
movie

The Embroidered Sword ( 2024 )

Sapta Sagaradaache Ello – Side B (2023) 7
Sapta Sagaradaache Ello – Side B (2023) Sapta Sagaradaache Ello Side B (2023) "မေ့ပြီလား"မနှစ်ကတင်ခဲ့တဲ့ Side A ရဲ့ နောက်ဆက်တွဲဖြစ်တဲ့ ဟင်ဒီအချစ်ဒရာမာကားလေးကို အဆွေးဓာတ်ခံရှိတဲ့ ပရိသတ်တွေအကြိုက် တင်ဆက်ပေးလိုက်ပါတယ်ကိုယ်မလုပ်ခဲ့တဲ့ အပြစ်တစ်ခုအတွက် ထောင်ဆယ်နှစ်ကျပြီး ပြန်ထွက်လာတဲ့ မာနူတစ်ယောက် လေထဲအတူ တိုက်အိမ်ဆောက်ဖူးတဲ့ ချစ်သူ ပရီယာလည်း အိမ်ထောင်ကျ၊ဘဝမှာ ကျန်တာဆိုလို့ ထောင်ကရခဲ့တဲ့ အမာရွတ်တစ်ခုနဲ့ အတိတ်က မေ့ဖျောက်မရတဲ့ မှတ်ဉာဏ်တစ်ချို့နဲ့အတူ တွဲရက်ပါလာတဲ့ ဒဏ်ရာတွေပါပဲဘဝသစ်စဖို့ ကြိုးစားရင်း သူ့မိတ်ဆွေတစ်ယောက်ညွှန်းတဲ့အတိုင်း ဟိုအတန်းက သဘောမနောကောင်းတဲ့ ပြည့်တန်ဆာလေးနဲ့ သွားအိပ်ပြီး ရင်းနှီးသွားကြရင်း သူ့အမြင်တချို့ ပြောင်းလာတယ်ဒီအချိန်မှာပဲ ပရီယာတစ်ယောက် အိမ်ထောင်ကျလို့ ရွှေဘုံပေါ် စံနေပါပြီ သူ့ဘဝသူပျော်နေပါပြီ ဆိုတဲ့ အထင်နဲ့ အမြင် လွဲနေတာကို တွေ့လိုက်ရတဲ့အခါမှာတော့...တစ်စစီကျိုးပဲ့သွားတဲ့ အတိတ်ဘဝက အိပ်မက်တစ်ချို့ကို ပြန်လည်ဆက်စပ်ဖို့ သူကြိုးစားလို့ အောင်မြင်မှာလား ဒီတစ်ကြိမ်မှာရော ရှေ့ကားကလို မျက်ရည်တွေနဲ့ပဲ အဆုံးသတ်ရဦးမှာလားဆိုတာကိုတော့သီချင်းကအစ အဆွေးရော့ခ်သီချင်းတွေ ထည့်သွင်းထားပြီး ဟာသလုံးဝမနှောပဲ အပီအပြင်ဆွေးရဦးမယ့် ဇာတ်လမ်းလေးဖြစ်ကြောင်း ညွှန်းလိုက်ပါတယ်အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team ...
movie

Sapta Sagaradaache Ello – Side B (2023)

2023
Elegy (2008) 6.7
Elegy (2008) IMDB မှာ rating 6.7 ရရှိထားပြီး လူတွေရဲ့ကြားကဆက်ဆံရေး သံယောဇဥ် မေတ္တာတွေကိုဖြည်းဖြည်းချင်းကြည့်ရှုခံစားမြင်သာလာစေမယ့်ဇာတ်လမ်းလေးတစ်ပုဒ်ဖြစ်ပါတယ်။ Iron Man 3 ထဲကဟန်ဆောင်အကြမ်းဖက်သမားကြီးအနေနဲ့လူသိများပြီး Shang Chi ထဲမှာလည်း ပါဝင်ထားတဲ့မင်းသားကြီး Ben Kingsley နဲ့ Pirates of the Caribbean 4 ထဲကCaptain Black Beard ရဲ့သမီးအဖြစ်သရုပ်ဆောင်ထားတဲ့မင်းသမီးချော Penelope Cruz တို့ ၂၀၀၈ခုနှစ်ကပါဝင်သရုပ်ဆောင်ထားတဲ့ကားဖြစ်ပြီးအမေရိကန် romance/drama အမျိုးအစားဇာတ်ကားဖြစ်ပါတယ်။အဖော်အချွတ် ဇာတ်ဝင်ခန်းများ အနည်းငယ်ပါဝင်တဲ့အတွက်ကြောင့် မိသားစုနဲ့အတူကြည့်ဖို့အတွက်ဆို သတိချပ် စေလိုပါတယ်။ အကြောင်းအမျိုးမျိုးကြောင့်အိမ်ထောင်ကွဲဘယ်သူနဲ့မှအတည်တကျရှိဖို့စိတ်မကူးခဲ့တဲ့တက္ကသိုလ်ကပရော်ဖက််ဆာ ဒေးဗစ်ကစ်ပစ်ရှ်(Ben Kingsley)တစ်ယောက် သူ့ထက်အသက် ၃၀ လောက်ငယ်တဲ့ခွန်ဆွယ်လာ(Penelope Cruz) ဆိုတဲ့ကျောင်းသူလေးနဲ့ချစ်ကျွမ်းဝင်မိသွားခဲ့ကြပါတယ်။ အဲ့ဒီနောက် သူတို့၂ ယောက်ကြားက သမီးရည်းစားပဋိပက္ခတွေချစ်ခြင်းမေတ္တာတွေ အရင်အိမ်ထောင်က ဒေးဗစ်နဲ့သူ့ရဲ့သားတို့ကြားကသားအဖမေတ္တာတွေ သူ့ရဲ့တစ်ဦးတည်းသော ရင်ဖွင့်ဖော်သူငယ်ချင်းတို့ရဲ့ကြားက သူငယ်ချင်းမေတ္တာတွေ အားလုံးကိုတစ်ဖြည်းဖြည်း နားလည်မြင်သာလာအောင်ကြည့်ရှုခံစားရမယ့် ရသဇာတ်လမ်းကောင်းတစ်ခုဖြစ်ပါတယ်။  File size…    2.3 GB ...
movie

Elegy (2008)

Anchakkallakokkan (2024) 7.0
Anchakkallakokkan (2024) Anchakkalakokkan (2024) အကြောက်တရား IMDb 7.3 CM ပရိသတ်ကြီးအတွက် မလေယာလမ်မှုခင်းဒရာမာ ရုပ်ရှင်ကားအသစ်တစ်ပုဒ်ကိုတင်ဆက်ပေးလိုက်ပါတယ်ကျွန်တော်တို့ရဲ့ငယ်ဘဝမှာ ညအိပ်ရာဝင်ပုံပြင်တွေကနေနားထောင်ပြီး ကြောက်လန့်ခဲ့ရတဲ့ ဒဏ္ဍာရီလာသတ္တဝါတစ်ကောင်စီတော့ရှိကြမှာပါ. အန်ချက်ခ်ကာလက်ခ်ခိုကမ်ဆိုတဲ့နာမည်ကလည်း ဇာတ်ဆောင်ဗာဆူဒီဗန်ရဲ့ ငယ်ဘဝမှာကြောက်ရွံ့ခဲ့ရတဲ့မလေယာလမ်ဒဏ္ဍာရီသတ္တဝါကြီးပါ.ဇာတ်လမ်းအကျဉ်းချုပ်ကတော့ ၁၉၈၆ခုနှစ်ရွေးကောက်ပွဲနီးလို့အခြေအနေတင်းမာနေတဲ့အချိန်မှာ နယ်စပ်ဒေသရွာလေးတစ်ရွာမှာ‌မြေပိုင်ရှင်ကြီး ချာပရာတစ်ယောက်လုပ်ကြံခံလိုက်ရတာနဲ့ ဇာတ်လမ်းကိုအစပျိုးထားပါတယ်. နောက်နေ့မှာပဲ ရှက်တတ်ကြောက်တတ်သွေးမြင်မူးလဲတတ်တဲ့ ရဲပေါက်စဗာဆူဒီဗန်ဟာ အဲဒီရွာကိုကျပြီး စီနီယာနာဒါဗာရမ်ဘန်နဲ့အတူ လုပ်ကြံမှုကိုစုံစမ်းရဖို့ဖြစ်လာပါတော့တယ်.အခြေအနေတွေရှုပ်ထွေးနေတဲ့ကြားကနေ ဖခင်သေဆုံးမှုအတွက်ဒေါသထွက် ပြဿနာဖန်တီးဖို့ ချာပရာသားတွေက ရွာကိုရောက်လာတဲ့အပြင် ချာပရာကိုသူသတ်လိုက်တာပါလို့ ဝန်ခံလိုက်သူကလည်းရှိနေပါတယ်. ဒီလိုသုံးပွင့်ဆိုင်အနေအထားမှာ တစ်ဖက်နဲ့တစ်ဖက်ဘယ်လိုကြမ်းကြ ရမ်းကြမလဲ လူသတ်သမားကရောအစစ်ဟုတ်ပါ့မလား ရွေးကောက်ပွဲအချိန် လက်ဝဲယိမ်းလက်ယာယိမ်းတွေကရော ဘယ်လိုရှုပ်ထွေးကြဦးမလဲဆိုတာ ဒီဇာတ်ကားလေးမှာကြည့်ရှုပေးကြပါဦး(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ဖြစ်ပါတယ်) File size…2.19GB / 1GB Quality…WEB DL 1080p / 720p Format…mp4 Duration….2h 6m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie

Anchakkallakokkan (2024)

2024
All India Rank (2023) 6.6
All India Rank (2023) All India rankIMDb 7.2/10 Rotten Tomatoes 67%မြန်မာနိုင်ငံမှာ ဆယ်တန်းဖြေလို့မေဂျာရွေးတဲ့အခါ ဆေးကျောင်း၊ နည်းပညာတက္ကသိုလ်၊ UFL စသည်ဖြင့် ခေတ်စားကြသလိုပဲ အိန္ဒိယမှာလည်း IIT က ခေတ်စားတဲ့တက္ကသိုလ်တစ်ခုပါ။ဝင်ခွင့်ရဖို့အရေး အနီးကပ်သင်တန်းတွေတက်၊ အချိန်အကြာကြီးပြင်ဆင်ကြ၊ စာမေးပွဲတွေဝင်ဖြေကြနဲ့ တကယ့်ကို ကျောင်းသားလောကရဲ့ စစ်ပွဲတစ်ခုပါပဲ။ဒီကျောင်းသားတွေထဲမှာ ဗီဗက်ကလည်း တစ်ယောက်အပါအဝင်ပါပဲ။ သားဖြစ်သူပို ဖြစ်မြောက်စေချင်တဲ့ မိဘတွေရဲ့လမ်းညွှန်မှုနဲ့ မြို့ပေါ်က နာမည်ကြီးနည်းပြအတန်းကို ဝင်ခွင့်စာမေးပွဲဝင်ဖြေပြီးနောက် မြို့ပေါ်ကအဆောင်မှာ မအူမလည်နဲ့ကျန်ခဲ့ရတော့မဲ့ ဗီဗက်တစ်ယောက် သူသိထားတဲ့၊ သူမြင်ခဲ့ဖူးတဲ့ လောကနဲ့ကွာတဲ့ ပြင်ပလောကကို အဆောင်ကျောင်းသားဘဝမှာပဲ စကြုံလိုက်ရပါပြီ။စားပွဲပေါ်ထိုင်ပြီး ဘောပင်၊ စာအုပ်နဲ့တိုက်ရတဲ့ပွဲမှာ ၁၇ နှစ်အရွယ် မအူမလည်လေး ဗီဗက်တစ်ယောက် အဖေ့ရည်မှန်းချက်အတိုင်းပဲ အောင်မြင်ပြီး တက္ကသိုလ်တက်ခွင့်ရနိုင်သွားမလား။ ဒါမှမဟုတ် သူဖြစ်ချင်တဲ့ အိပ်မက်တစ်ခုခုရှာတွေ့ပြီး ကိုယ်ထင်ရာလမ်းကို လျှောက်ဖြစ်မလားဆိုတာတော့ ပရိသတ်ကြီးပဲ ဆက်လက်ရှုစားလိုက်ပါတော့နော်။အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ကပဲဖြစ်ပါတယ်။ File size…1.8GB / 600MB Quality…WEB DL 1080p / 720p Format…mp4 Duration….1h 37m Subtitle….Myanmar ...
movie

All India Rank (2023)

2024
Tsotsi (2005) 7.2
Tsotsi (2005)  2006 ခုနှစ်မှာ Academy Award for Best International Feature Film ဆုရခဲ့တဲ့ Tsotsi ဆိုတဲ့ လူငယ်ဂန်းစတားလေးတစ်ယောက်ရဲ့ အကြောင်းပဲဖြစ်ပါတယ်။ Tsotsiဆိုတဲ့ ရုပ်ရှင်က ၁၉နှစ်အရွယ် သွေးအေးပြီး ရက်စက်တတ်တဲ့ တောင်အာဖရိက က ဂိုဏ်းခေါင်းဆောင် ကောင်လေးတစ်ယောက်ရဲ့ ဖုံးဖိထားတဲ့ အတိတ်ရဲ့အကြောင်းကို ပြောပြလို့နေပါတယ်။ငယ်ဘဝမှာ မိခင်၊ ဖခင်တွေနဲ့ တကွဲတပြားဖြစ်ခဲ့ရတဲ့အပြင် မိဘရဲ့ အချစ်မေတ္တာကို ငတ်ခဲ့ရတဲ့ Tsotsi က သူ့ရဲ့ နာမည်နဲ့ identity ကို ဖုံးကွယ်ထားခဲ့ပြီး သူငယ်ချင်းတွေနဲ့အတူ လမ်းပေါ်လုယက်မှုတွေ ကျူးလွန်နေတာ ဖြစ်ပါတယ်။ တစ်နေ့မှာ ဒုစရိုက်မှုတစ်ခု ကျူးလွန်ပြီး ထွက်ပြေးလာတဲ့ Tsotsi က ကားတစ်စီးကို ခိုးမိသွားပြီး ကားနောက်ခန်းမှာ မွေးကင်းစ ကလေးလေး ပါလာတာကို သတိမထားမိခဲ့ပါဘူး။ဒီလိုနဲ့ ၆ရက်လောက် အချိန်ကုန်ဆုံးလာခဲ့ပြီး ကလေးလေးပေါ် သံယောဇဥ်တွယ်လာခဲ့ပါတယ်။ဒီရုပ်ရှင်က ...
movie

Tsotsi (2005)

Double Down South (2022) 6.2
Double Down South (2022)  တရားမဝင်လောင်းကြေးမြင့် ဘိလိယက်လောင်းကစားအိမ်ကို ဒိုင်ယာနာဆိုတဲ့အမျိုးသမီးငယ်လေးတစ်ယောက် ဘိလိယက်ထိုးဖို့ ရောက်လာရာမှ သူမရဲ့အရည်အချင်းကို ဘိလိယက်ခုံပိုင်ရှင်ဖြစ်သူ နစ်ခ်မှ သဘောကျကာ သူ့အတွက်လောင်းကြေးမြင့် ဘိလိယက်ကစားပေးပြီး အကျိုးအမြတ်ခွဲယူကြရန် ကမ်းလှမ်းပါတော့တယ်။ဒိုင်ယာနာတစ်ယောက် ကမ်းလှမ်းချက်ကို လက်ခံပြီးနောက် သူမမျှော်လင့်ထားသလို အကျိုးအမြတ်ရလာမလား။နစ်ခ်ရဲ့ နိုင်ထက်စီးနင်းပြုမှုတွေ လောင်းကစားရဲ့မထင်မှတ်ထားတဲ့အချိုးအကွေ့ နဲ့ ဇာတ်လမ်းရဲ့မြှုပ်ကွက်တွေကို စိတ်ဝင်စားဖွယ်ကြည့်ရှုရမယ့် ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်။ File size…(1.8 GB)/(890 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….02:00:00 Genre...Drama, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder…. Mr. Anderson Translated by Eunice
movie

Double Down South (2022)

Cry_Wolf (2005) 5.8
Cry_Wolf (2005)  Supernatural ထဲက ဆမ်အဖြစ် လူသိများတဲ့ Jared Padalecki ပါဝင်ထားပြီး You Give Love A Bad Name သီချင်းရဲ့ အဆိုရှင် Jon Bon Jovi တို့ ပါဝင်သရုပ်ဆောင်ထားပါတယ်။ဇာတ်လမ်းအကျဥ်းကတော့မကြာသေးခင်ကမှ တောထဲမှာ လူသတ်မှုတစ်ခုဖြစ်ထားတဲ့ မြို့က ဝက်စ်လိတ်ကျောင်းကို ကျောင်းသားသစ်တစ်ယောက်ရောက်လာပါတယ်။ အဲဒီကျောင်းမှာ ညဘက်ဆို ဘုရားကျောင်းထဲမှာ လူစုပြီး အလိမ်ဖော်တဲ့ ဂိမ်းတစ်ခုဆော့လေ့ရှိပါတယ်။ နောက်ပိုင်းမှာတော့ ကျောင်းသားသစ်နဲ့ သူငယ်ချင်းတစ်စုဟာ လတ်တလောဖြစ်ပျက်ထားတဲ့ လူသတ်မှုနဲ့နွယ်ပြီး ဂိမ်းကိုပိုစိတ်ဝင်စားဖို့ကောင်းအောင်ဖန်တီးဖို့ ကြိုးစားရင်း မျှော်လင့်မထားတဲ့ အရာတွေဖြစ်လာတဲ့အခါမှာတော့....ဒီဇာတ်လမ်းက သွေးထွက်သံယိုတွေ၊ ခြောက်လှန့်တာတွေအစား မြေခွေးက ဘယ်သူဖြစ်မလဲစသဖြင့် ပဟေဠိဆန်ဆန် ကြည့်ရှုရမှာဖြစ်ပါတယ်။ File size…(1.6 GB)/(760 Mb) Quality….Blu-Ray 1080p / 720p Format…mp4 Duration….01:30:00 Genre...Drama, Horror, Mystry Subtitle….Myanmar Subtitle (Hardsub) Encoder…. Mr. Anderson Translated by Bonsai
movie

Cry_Wolf (2005)

Kaam Chalu Hai (2024) 9.9
Kaam Chalu Hai (2024) Kaam Chalu Hai (2024) ဖခင်သောက IMDb 9.9/10 (4k)ဒီကားမှာတော့ အရမ်းနာမည်ကြီးတွေမပါဘဲ လူအများကြိုက်နှစ်သက်လောက်တဲ့ ပလော့တွေပဲပါမှာပါ ဒီလောက်ကောင်းတဲ့ rating တွေဘာလို့ရထားလဲတစ်ချက်လောက်ကြည့်ရအောင်ဖခင်ကောင်းတစ်ယောက်ရဲ့ သားသမီးပေါ်ဖြည့်ဆည်းပေးချင်တဲ့စိတ် သားသမီးကိုချစ်တဲ့စိတ်တစ်ခုတည်းနဲ့ ပျော်ရွှင်စရာမိသားစုဘဝကိုဖြတ်သန်းနေတဲ့ မန်နို့ဂ်ျ သူ့သမီးလေးကတော့ ကြီးလာရင် ခရစ်ကတ်ကစားသမားဖြစ်ချင်သူလေးပေါ့ " အသက်၁၅နှစ်ကျရင် နိုင်ငံကိုယ်စားပြုကစားမှာ" ဆိုတဲ့ သမီးဆန္ဒအတိုင်း ကလေးကျောင်းမသွားခင်နဲ့ ကျောင်းပြန်ချိန်တွေမှာ သူကိုယ်တိုင် ထရိန်နင်ပေးပြီး ကစားသမားကောင်းတစ်ယောက်ဖြစ်အောင် နေ့တိုင်းပျိုးထောင်ပေးနေလေရဲ့မိန်းမဖြစ်သူကတော့ အိမ်ထောင်ရှင်မပီပီ အိမ်မှုကိစ္စနိုင်နင်းပြီး သာယာတဲ့မိသားစုလေးတစ်ခုပါပေါ့ ။။။ လက ဘာလို့မည်းနေလဲဆိုတော့ချိုင့်ခွက်တွေပေါလို့ပါ အိန္ဒိယနိုင်ငံမှာချိုင့်တွေပေါသလိုပေါ့ ဒါပေမဲ့လပေါ်မှာတော့ အစိုးရမရှိလို့ ကွန်ပလိန်းတွေနားထောင်မဲ့လူတော့မရှိဘူးတဲ့လေ သမီးဖြစ်သူဂူဒီယာလေးတို့ကျောင်းလမ်းမှာ ချိုင့်ခွက်ကြီးကြီးတစ်ခုရှိလေရဲ့ နောက်ဘီးတစ်ခုလုံး ဝင်ဆောင့်မိလောက်တဲ့အထိကြီးတော့ အဲဒီနားမယ် ခဏခဏအက်ဆီးဒင့်တွေဖြစ်ကြတာပေါ့ ဒါကတော့ဒီဇာတ်ကားရဲ့ ဇာတ်အိမ်ပါပဲ။။ ဆိုတော့ ထုံးစံအတိုင်း ဘာတွေဆက်ဖြစ်မယ်ဆိုတာကိုတော့....(အညွှန်းနဲ့ ဘာသာပြန်တွေကတော့ Yunni ~ BpL ~ Aditi ~ Alex ပဲဖြစ်ပါတယ်) File size…1.2GB / 552MB Quality…WEB DL 1080p / 720p Format…mp4 Duration….1h 23mins Subtitle….Myanmar Subtitle ...
movie

Kaam Chalu Hai (2024)

2024
Parachute (2024) 6.0
Parachute (2024)  CM ပရိတ်သတ်ကြီးကို Rotten Tomatoes 87% နဲ့IMDB 7.5 ရရှိထားတဲ့ ဇာတ်ကားကောင်းလေးကိုတင်ဆက်ပေးချင်ပါတယ်။ဆိုရှယ်မီဒီယာဟာ ယနေ့ခေတ်ကျွန်တော်တို့ နေ့စဉ်ဘဝမှာမရှိမဖြစ် အရာတစ်ခုအနေနဲ့ ပါဝင်ပတ်သက်နေတယ်ဆိုတာတော့ ငြင်းလို့ရမယ် မထင်ဘူးဗျ။ မနက်မိုးလင်းမျက်စိဖွင့်လို့ ညအိပ်ယာဝင်သည်အထိ Facebook,Instagram, Twitter အစရှိတဲ့ App မျိုးစုံကိုရည်ရွယ်ချက်မျိုးစုံနဲ့အသုံးပြုနေကြတာပေါ့။ဒါပေမဲ့ ခက်တာက လူအတော်အများဟာ Social Mediaပေါ်က အတုအယောင် lifestyle တွေနဲ့ influencer တွေရဲ့based on fact မဟုတ်တဲ့ အတွေးအမြင်တွေကို အမှန်လို့ယူဆလာကြပြီး ကိုယ့်ကိုယ်ကို အားမလိုအားမရဖြစ်တဲ့စိတ်တွေမလုံလောက်တဲ့စိတ်တွေ တဖြည်းဖြည်း စိမ့်ဝင်လာကြပါတယ်။ဒီကားထဲက Riley ဟာလည်း ခန္ဓာကိုယ်ဖွဲ့စည်းပုံနဲ့ ပတ်သက်ပြီးမူမမှန်တဲ့ စိတ်ရောဂါတစ်ခုရှိနေတာပါ။ မော်ဒယ်တွေရဲ့ကျော့ရှင်းလှတဲ့ပုံတွေကို မြင်တိုင်း တခြားမိန်းကလေးတွေကိုမြင်တိုင်း သူ့ကိုယ်သူနဲ့ နှိုင်းယှဉ်ပြီး စိတ်ကျရောဂါ ခံစားနေရတဲ့သူပေါ့။ပြန်ထည်ထူထောင်ရေးစခန်းက ပြန်ထွက်လာပြီး ဘဝကိုအသစ်က ကြိုးစားရှင်သန်တော့မဲ့နေရာကနေ ဇာတ်လမ်းကိုအစပျိုးထားပါတယ်။ဇာတ်လမ်းကို ငြိမ့်ငြိမ့်လေး ခံစားရမယ်။သင်ခန်းစာတချို့လည်းရမယ်ဆိုတော့ သေချာပေါက်ရွေးချယ်ကြည့်ရှုသင့်တဲ့ ဇာတ်ကားလို့ ...
movie

Parachute (2024)

A Journey (2024) 6.1
A Journey (2024)  ဒရာမာအဆွေး ဇာတ်ကားကောင်းကောင်းလေးတွေကိုကြိုက်နှစ်သက်သူတွေအတွက် A Journey ဆိုတဲ့ဖိလစ်ပိုင်ဒရာမာကား ကောင်းကောင်းလေးကိုတင်ဆက်ပေးလိုက်ပါတယ်။ဖိလစ်ပိုင်ဆိုပေမဲ့ Netflixတန်းဝင်ဖြစ်ပြီး IMDb Rating ကလည်းလက်ရှိ6.1 အထိရရှိထားတဲ့အတွက်ပေးရတဲ့အချိန်နဲ့တန်စေမဲ့Feeling မျိုးကိုပေးစွမ်းနိုင်မှာဖြစ်ပါတယ်။ချစ်သူနှစ်ဦး ကတကယ်တမ်းအရမ်းချစ်လာကြပြီးအဆင်ပြေနေကြပြီဆိုရင် လောကကြီးကမတရားတာများပါတယ်။ချစ်လျက်နဲ့ သေကွဲကွဲရသူတွေ ရှင်ကွဲကွဲရသူတွေကိုလည်းရေတွက်လို့တောင် မကုန်နိုင်ပါဘူး။ဒီဇာတ်ကားလေးထဲမှာလည်း ဘရိုင်ယန်နဲ့ ရှိန်းဆိုတဲ့အရမ်းချစ်တဲ့ ငယ်ချစ်လင်မယားရဲ့ ဘဝကိုကံကြမ္မာဆိုးက ဝင်မွှေပုံကိုစတင်တွေ့ရမှာဖြစ်ပါတယ်။ရှိန်းက ရင်သားကင်ဆာရှိသူ တစ်ယောက်ဖြစ်ပြီး သိပ်မကြာသေးခင်ကပဲ ကုသမှုတွေခံယူပြီးကင်ဆာကို ကျော်ဖြတ်နိုင်ခဲ့သူတစ်ယောက်ဖြစ်ပါတယ်။ဒါပေမယ့် ကံကြမ္မာကမျက်နှာသာ မပေးတဲ့အခါမှာတော့ဒုတိယ တစ်ခေါက်ပြန်ဖြစ်လာခဲ့ပြီး အရင်ထက်တောင်ပိုဆိုးလာပါတော့တယ်။ ဒီလိုနဲ့ ရှိန်းလည်း ကိုယ်ချစ်တဲ့သူကိုထပ်မနာကျင်စေချင်တဲ့ အတွက်ဆေးမကုသပဲနဲ့ သူမသေခင်ဖြစ်ချင်တဲ့ဆန္ဒတွေကို စာရင်းတစ်ခုနဲ့ချရေးပြီး အဲ့ဒါတွေကိုလိုက်လုပ်ဖို့ပဲ ဆုံးဖြတ်ခဲ့ပါတော့တယ်။ဘရိုင်ယန် ကလည်းရှိန်းကို ဆေးကုသဖို့နားချလို့ မရတဲ့အတွက် သူ့ရဲ့စာရင်းထဲကဟာတွေကို ပြီးမြောက်အောင်လိုက်ကူညီပေးဖို့ပဲ ဆုံးဖြတ်ခဲ့ပါတော့တယ်။ဒါပေမယ့် အဲ့ဒါကိုသူတို့နှစ်ယောက်တည်းလုပ်မှာမဟုတ်ပဲ သူတို့နှစ်ယောက်နဲ့ ငယ်ငယ်ကတည်းကပေါင်းလာတဲ့ အခုအချိန်မှာမင်းသားဖြစ်နေတဲ့ သူငယ်ချင်းတူပဲကပါ အတူတူလိုက်လံကူညီပေးပါတော့တယ်။ဒီလိုနဲ့ သူတို့ သူငယ်ချင်းသုံးယောက်ရှိန်းဖြစ်ချင်တဲ့ ဆန္ဒတွေကိုအချိန်မှီ ပြီးမြောက်အောင်လုပ်ပေးနိုင်ပါ့မလား..လင်မယားနှစ်ယောက်ရဲ့ အချစ်ဇာတ်လမ်းလေးကရောဇာတ်သိမ်းမှာ ဘယ်လိုအဆုံးသတ်သွားမလဲဆိုတာတွေကိုလိုက်ပါစီးမြောပြီး ကြည့်ရှုရမဲ့ဒရာမာဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ်။ File size…1.47GB / ...
movie

A Journey (2024)