Channel Myanmar

Drama

Cat Person (2023) 6.2
Cat Person (2023)  ဒီဇာတ်လမ်းလေးကတော့ ဆယ်ကျော်သက်အရွယ် ကောလိပ်ကျောင်းသူလေးရဲ့အချစ်ဇာတ်လမ်းတစ်ပုဒ်ကို thrillerဆန်ဆန်မြင်တွေ့ရမယ့် ဇာတ်ကားလေးပါ....။အဓိကဇာတ်ဆောင်အဖြစ်သရုပ်ဆောင်ထားတဲ့ မင်းသမီး Emilia Jonesကလည်းခုမှ အသက် ၂၁နှစ်ပဲရှိသေးတာမို့ ငယ်ရွယ်လှပတဲ့ ဒီဇာတ်ရုပ်နဲ့ ကွက်တိကျနေမှာပါ...။ဇာတ်လမ်းအကျဥ်းလေးကတော့မာဂေါ့ဟာ ကောလိပ်ကျောင်းသူလေးတစ်ယောက်ဖြစ်ပြီး၊ ရုပ်ရှင်ရုံမှာအချိန်ပိုင်းအလုပ်လုပ်တဲ့ အလုပ်သမလေးပေါ့...။ငယ်ရွယ်သူတိုင်းမှာ အချစ်ဇာတ်လမ်းကိုယ်စီရှိကြသလို မာဂေါ့ဟာလည်းရုပ်ရှင်လာကြည့်နေကျ လူကြီးတစ်ယောက်ကိုမှ သဘောကျသွားမိပါတယ်....။ဒီလိုနဲ့ အသက် ၂၀အရွယ်ကောင်မလေးတစ်ယောက်နဲ့ အသက် ၃၀ ဝန်းကျင်လူကြီးတစ်ယောက်တို့ရဲ့ အချစ်ဇာတ်လမ်းလေးစခဲ့ပါတယ်...။အစပိုင်းမှာတော့ အချင်းချင်း အချင်းချင်းစာပို့ရင်း ကြည်နူးကြရင်းနဲ့နောက်ပိုင်းမှာချိန်းတွေ့မိသွားတဲ့အခါ...ဘယ်သူက ဘယ်လို redflagဖြစ်နေမလဲဆိုတာကို Drama၊ thrillerဆန်ဆန်ကြည့်ရှုရမယ့်ကားလေးပဲဖြစ်ပါတယ်...။  File size…1.08GB / 519MB Quality…WEB-DL 1080p 5.1 CH/ 720p Format…mp4 Duration….1h 58m Genre ….. Drama , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Themes
movie

Cat Person (2023)

Transcendence (2014) 6.3
Transcendence (2014) Transcendence(2014)2014 ထွက် Drama | Mystery | Sci-Fi ဇာတ်ကားတစ်ကားပါ... Dr. Will Caster နဲ့ Evelyn တို့ ဇနီးမောင်နှံဟာ သူငယ်ချင်းဖြစ်သူ Max Waters နဲ့အတူ Pinn ကို တီထွင်နိုင်ခဲ့ကြပါတယ်.... PINN ဆိုတာဟာ သူ့ဆီမှာ ရှိတဲ့ အချက်အလက်အကုန်လုံးကို လျှင်မြန်စွာ တွက်ချက်ပြီး အဖြေထုတ်နိုင်ပေမယ့်ကိုယ်ပိုင်အသိဉာဏ် ဖြင့် စဉ်းစားဆင်ခြင်နိုင်တဲ့အဆင့်ထိတော့ မရသေးပါဘူး... နည်းပညာရပ်ဆိုင်ရာ ဟောပြောပွဲ တခုမှာ Will Caster ဟာ လုပ်ကြံခံခဲ့ရပြီး သူ့ရဲ့တခြားသောteam တွေအကုန်လုံးလဲ လုပ်ကြံသတ်ဖြတ်ခံလိုက်ရတဲ့အပြင် သူတို့ Researchတွေလည်းလုံးဝဖျက်ဆီးခံလိုက်ရပါတယ်...နည်းပညာကလူတွေကိုလွှမ်းမိုးလာတာကိုမလိုလားတဲ့လူတစ်စုကြောင့်ပေါ့ သူတို့ကတော့"Revolutionary Independence From Technology" (R.I.F.T.)ပါ လုပ်ကြံမှုကြီးပြီးတဲနောက်မှာတော့  Will Caster ဟာ  သူ့အတွက် ရွေးချယ်မှုတစ်ခုသာရှိပါတော့တယ်....အဲ့ဒါနောက်ဘာတွေဆက်ဖြစ်မလဲဆိုတာကိုတော့.....ဒီကားက ရဲ့ခေါင်းဆောင်မင်းသားကြီး Johnny Depp  ကိုတော့ ထွေထွေထူးထူးမိတ်ဆက်ပေးစရာမလိုတော့ဘူးထင်ပါတယ်...ဒါအပြင် Morgan Freemanလည်းပါနေသေးရဲ့..ဒီဇာတ်ကားဟာ ၂၀၁၄တုန်းက ရိုက်ခဲ့တာဖြစ်ပေမယ့် ဒီနှစ်အတွင်းမှာ Google ကannounce ...
movie

Transcendence (2014)

2014
Star Syndrome (2023) 9
Star Syndrome (2023) ဒီတစ်ခေါက်မှာတော့ အင်ဒို Musical ကားလေးနဲ့ မိတ်ဆက်ပေးပါရစေ။ Jay and the others လို့ခေါ်တဲ့ Malay Rock Pop တီးဝိုင်းကတော့ သူ့ခေတ်သူ့အခါက နာမည်ကြီးခဲ့ပြီး ဆုတွေလည်း သိမ်းပိုက်နိုင်ခဲ့သူပါ။ သူတို့ရဲ့ နာမည်ကြီးသီချင်းတစ်ပုဒ်ဖြစ်တဲ့ Simpang Siur ဆိုတာလည်း အင်ဒိုက လူတိုင်းလိုက်ဆိုခဲ့ကြတဲ့သီချင်းအပါအဝင်ပါပဲ။ Vocalist ဖြစ်တဲ့ ဂျေအက်ဒီအနားယူသွားပြီးနောက်ပိုင်း ဆယ်စုနှစ်တစ်ခုအကြာမှာတော့ ဂျေအက်ဒီတစ်ယောက် single တစ်ပုဒ် နောက်ဆုံးအနေနဲ့ ပြချပြဖို့ ကြိုးစားလာပါတယ်။ ဖြစ်ချင်တော့ လူတွေလည်း သူ့ကိုသိပ်မသိတော့တဲ့အပြင် လူကြီးတစ်ချို့သာ သိကြပြီး ပြင်ပ Unplugged ဆိုင်တွေကလည်း သူ့ကိုမခေါ်ချင်ဖြစ်လာပါတယ်။ အဲတော့ သူ့အနေနဲ့ လူငယ်တွေရဲ့ ခေတ်ရေစီးကြောင်းကို အမိအရလိုက်ရပြီး . တွဲဖက်အဆိုတော် အနေနဲ့ နွန် ဆိုတဲ့ ကောင်မလေးကို သူနဲ့တူတူတွဲဆိုစေပြီး သီချင်းကို ပြီးပြည့်စုံစေခဲ့ပါတယ်။ အဲသီချင်းကို ယခုခေတ်လူငယ်ကြားမှာ ဘယ်လိုခေတ်ထအောင်လုပ်မလဲ။ ဘယ်လိုအခက်အခဲတွေနဲ့ ကြုံရမလဲဆိုတာ ပေါ့ပေါ့ပါးပါးလေးပဲ ကြည့်ရှုလိုက်ပါဦးနော်။အညွှန်း နဲ့ ဘာသာပြန်ထားတာကတော့ Kaung Set ပဲ ဖြစ်ပါတယ်။Genre..... ...
movie

Star Syndrome (2023)

2023
Hereafter (2010) 6.5
Hereafter (2010) Hereafter (2010)ဒီကားလေးကတော့ Fantasy Romance အမျိုးအစား ဒရာမာကားကောင်းလေးပါ။ Director ကလည်း စွယ်စုံရ အကျော်အမော်တစ်ပါးဖြစ်တဲ့ Clint Eastwood ဖြစ်ပါတယ်။ အဓိက သရုပ်ဆောင်ကလည်း Matt Damon ဖြစ်တဲ့အပြင်ကို အော်စကာမှာလည်း CGI ဆု ဆန်ခါတင်ဝင်ခဲ့သေးတာမို့ အရွေးမမှားစေမယ့်ကားကောင်းတစ်ကားပါပဲ။ဇာတ်လမ်းလေးက တမလွန်အကြောင်းကိုအခြေခံရိုက်ကူးထားတာပါ။ တမလွန်ဆိုတဲ့အရာကို လူတိုင်းပြောဖို့ကြောက်လန့်ကြတယ် ဆန့်ကျင်ကြတယ်တဲ့။ ဒီကားထဲမှာတော့ တမလွန်ကို ဆိတ်ငြိမ်အေးချမ်းတဲ့ ဗလာနယ်လို တင်ဆက်ထားပါတယ်။ဇာတ်လမ်းကိုတော့ တစ်နိုင်ငံစီမှာနေနေကြတဲ့ တမလွန်ကိုဆက်သွယ်နိုင်တဲ့အမေရိကန်တစ်ယောက်ရယ်၊ လတ်‌တလောမှ သေရွာကနေပြန်လာနိုင်ခဲ့တဲ့ ပြင်သစ်သတင်းကြေညာသူရယ်၊ အမြွာအစ်ကိုကိုဆုံးရှုံးထားခါစ လန်ဒန်ကကောင်လေးတစ်ယောက်ရယ် သူတို့သုံးယောက်ကိုအခြေတည်ထားပြီး မျဥ်းပြိုင်လိုဖြစ်နေတဲ့ သူတို့တွေရဲ့ဘ၀တွေက ဘယ်နေရာမှာဆုံစည်းကြမလဲ... ဘာအကြောင်းကြောင့်လဲ... ဆိုတာ စိတ်၀င်တစားကြည့်ရှုရမှာပါ။(ဒီဇာတ်ကားနဲ့အညွှန်းကို Soe Thiri Swe မှ ပြန်ဆို ရေးသားထားပါတယ်)Size - 2.55GB, 1.2GB Quality - 1080p, 720p IMDb Rating - ...
movie

Hereafter (2010)

2010
The Forest of Wool and Steel (2018) 6.2
The Forest of Wool and Steel (2018) The Forest of Wool and Steel (2018)~ IMDb – 6.2/10, MyDramaList – 7.6/10 ~ဟော့ကိုင်းဒိုး (Hokkaido) မှာရှိတဲ့ နယ်မြို့လေးတစ်မြို့က အထက်တန်းကျောင်းသားလေးတစ်ယောက်က အထက်တန်းကျောင်းအောင်ပြီးရင် ဒီအတိုင်းလေးပဲ ဘဝကို ဆက်ရှင်သန်မယ်လို့တွေးနေတဲ့အခိုက် သူ့ကျောင်းက တစ်ခုသောစန္ဒရားကို ပြင်(အသံညှိ) ပေးဖို့ လာခဲ့တဲ့ စန္ဒရားအသံညှိဆရာ (Piano Tuner) တစ်ယောက်ကို လိုက်ပြပေးရတယ်။ အဲဒီဆရာအသံညှိပြီး တီးခတ်လိုက်တဲ့ စန္ဒရားသံစဉ်ကို ကြားသွားတဲ့ ကျောင်းသားလေးက ရုတ်တရက် သာယာငြိမ့်ညောင်းတဲ့တောအုပ်ထဲ ရောက်ရှိသွားသလို ခံစားရပြီး စန္ဒရားအသံညှိဆရာဖြစ်ချင်တဲ့ဆန္ဒ တဖွားဖွားဖြစ်လာလို့ ကျောင်းပြီးတာနဲ့ တိုကျိုမှာ စန္ဒရားအသံညှိကျောင်းကို ၂ နှစ်သွားတက်ခဲ့တယ်။ ၂ နှစ်တက်ပြီး သူ့ဇာတိမြို့မှာပဲ သူဆုံခဲ့တဲ့စန္ဒရားအသံညှိဆရာရဲ့ အဲတိုတူရိယာပစ္စည်းဆိုင် (Eto Musical Instrument Shop) မှာပဲ စန္ဒရားအသံညှိဆရာအဖြစ် ဝင်လုပ်ခဲ့တယ်။ ...
movie

The Forest of Wool and Steel (2018)

2018
Z for Zachariah (2015) 6.0
Z for Zachariah (2015)  ဒီဇာတ်ကားဟာ နျူကလီးယားကပ်ဘေးဆိုက်ပြီးတဲ့နောက် အသက်ရှင်ကျန်ရစ်ခဲ့တဲ့လူသုံးယောက်တို့ရှင်သန်ရပ်တည်ဖို့ရုန်းကန်ကြိုးစားကြပုံကိုဇာတ်အိမ်တည်ထားပြီးဒါရိုက်တာCraig Zobel ရိုက်ကူးပုံဖော်ထားတဲ့ Black Wheel Awards ,Phoenix FilmCritics Society Awards ဆုတွေရရှိထားပြီး rating 6/10 အထိရရှိထားတဲ့ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ် ဒီဇာတ်ကားမှာ ရုပ်ရှင်သရုပ်ဆောင်ကောစာရေးဆရာကော ဒါရိုက်တာအဖြစ်ကော အသက်မွေးပြီးအကယ်ဒမီဆုပေါင်းများစွာရရှိထားတဲ့ မင်းသားChiwetel Ejioforအပြင် အခြားအကျော်အမော်တွေဖြစ်ကြတဲ့မင်းသားChristopher Whitelaw Pine နဲ့ ဟာလေကွင်းလိုလူသိများတဲ မင်းသမီးMargot Elise Roobie တို့ကပါဝင်အားဖြည့်သရုပ်ဆောင်ထားပါတယ်..ဇာတ်လမ်းအစမှာ နျူကလီးယားကပ်ဘေးသင့်ပြီးတဲ့နောက် ဖာရိုဆိုတဲ့ ခွေးလေးတစ်ကောင်ကိုအဖော်ပြုပြီး တစ်ကိုယ်တည်းရှင်သန်ရပ်တည်နေတဲ့ အန်ဆန်ဆိုတဲ့ ကောင်မလေးတစ်ယောက်နဲ့အစပျိုးထားပါတယ် အဲ့ဒီနောက်အန်ဆန်ဆိုတဲ့ ကောင်မလေးရဲ့ဘဝထဲကို မစ္စတာလူးမစ်နဲ့ကေလမ်ဆိုတဲ့ အမျိုးသားနှစ်ဦးရောက်ရှိလာတဲ့ အခါမှာတော့ ဘာတွေဆက်ဖြစ်ကြမှာလဲသူတို့တွေ အသက်ရှင်သန်ဖို့ဘယ်လိုတွေရုန်းကန်ကြိုးစားကြမှာလဲ သူတို့သုံးယောက်ကြားမှာကောအချစ်ဆိုတဲ့ အရာပေါက်ဖွားလာတဲ့အခါမှာကော ဘယ်လိုတွေဆက်ဖြစ်ကြမှာလဲ ဆိုတာကိုဒီဇာတ်ကားလေးထဲမှာ ကိုယ်တိုင်ပါဝင်စီးမျှောကြည့်ရှုလိုက်ပါဦး ဒီဇာတ်ကားထဲမှာ ဒုက္ခရောက်နေတဲ့အချိန် အသက်ရှင်ဖို့ကြိုးစားတဲ့အခါမှာ တွေ့ရှိရတဲ့ လူတွေရဲ့စိတ်ထားကိုလည်း တွေ့မြင်ရမှာဖြစ်ပါတယ် ဒီဇာတ်ကားက romance ဇာတ်ကားကောင်းတစ်ကားလို့ပြောရင်လည်းမှားမယ်မထင်ပါဘူး ဒီတော့Drama,Romantic,Sci-Fi,Thriller အမျိုးအစားကိုမှ ...
movie

Z for Zachariah (2015)

The Legend of Detective Sleek Rat 4: Dreamlike Song (2018) 5.8
The Legend of Detective Sleek Rat 4: Dreamlike Song (2018) ဒါလေးကတော့ အပိုင်း (၃) ရဲ့ အဆက်ပဲ ဖြစ်ပါတယ်။ စုစုပေါင်း ၆ ကားရှိတာဖြစ်ပြီး အကုန်တင်ဆက်သွားမှာပါ အစအဆုံးတွေကို အောက်ကလင့်လေးကိုနိပ့်ပီးရှာလို့ရပါတယ်The Legend of Detective Sleek Rat – Channel Myanmar" သူတောင်းစားဂိုဏ်းတိုက်ခိုက်ခံရတာနဲ့ နန်းမြို့ပြန်အရာရှိ တိုက်ခိုက်ခံရတဲ့အမှု့နှစ်ခုလုံးက လော့ယန်မြို့မှာဖြစ်ပွားခဲ့ပါတယ် ပြီးတော့အဲဒီနှစ်မှု့လုံးကလည်း ခိုင်းဖုန်းရုံး‌‌တော်ဆီရောက်လာတဲ့ သတင်းတွေအရဆို ဦးရီးတော်နင်နဲ့ ပတ်သတ်လို့နေပါတယ်"ဒီလိုနဲ့ ပေါင်လူကြီးမင်း ပေါင်တရားသူကြီးက ယုံကြည်ရတဲ့ သူ့ရဲ့လူယုံတွေဖြစ်တဲ့ သူရဲကောင်းပိုင် (သို့) ပိုင်ယွိထန်နဲ့ တော်ဝင်ကိုယ်ရံတော်ကျန်ကျောင်းကို ဦးရီးတော်နင်ရဲ့မွေးနေ့ပွဲကိုအခွင့်ကောင်းယူပြီး လော့ယန်ကိုသွားပြီးအမှုစစ်စေခဲ့ပါတယ် ။ဒါပေမဲ့ မမျှော်လင့်ထားဘဲ ပိုင်ယွိထန်တစ်ယောက် ဦးရီး‌တော်နင်လက်အောက်က ရွှယ့်မုန်အဖွဲ့အစည်းရဲ့ ခန်းမခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ထူပေါင်ကိုမတော်တဆသတ်မိသွားရာက...ရွယ့်မုန်အဖွဲ့အစည်းက ပိုင်ယွိထန်အပေါ်ဘယ်လိုအငြိုးအတေးထားကြမလဲ ၊ ဦးရီးတော်နင်ကရော လက်ပိုက်ကြည့်နေမလား.. ဒီနောက်ကွယ်မှာရော တစ်ယောက်ယောက်ရှိနေမလားဆိုတာကို ဇာတ်လမ်းလေးထဲမှာ ဆက်လက်ကြည့်ရှုပေးကြပါဦး Quality : WEB-DL 1080p , 720p Format : mp4 Genres : Drama , Adventure , Mystery Runtime : 1h 28 min Subtitle ...
movie

The Legend of Detective Sleek Rat 4: Dreamlike Song (2018)

Stargate: The Ark of Truth (2008) 7.2
Stargate: The Ark of Truth (2008)  ဒီဇာတ်ကားဟာ 20th Century Foxက ရိုက်ကူးခဲ့တဲ့ စိတ်ကူးယဉ်သိပ္ပံဇာတ်ကားဖြစ်သလို ၁၉၉၇က​နေ၂၀၀၇ခုနှစ်အထိ ထွက်ရှိခဲ့တဲ့Stargate SG-1ဆိုတဲ့ seriesရဲ့ အဆက်ဆိုလည်း ဟုတ်ပါတယ်။ဇာတ်လမ်းဇာတ်အိမ်က အ​တော်​လေးကျယ်ပြန့်သလို IMDb 7.2နဲ့RT 79%အထိ ရရှိထားတဲ့ ဇာတ်ကားပါ။SG-1ဆိုတာ ကမ္ဘာ​​မြေရဲ့ အာကာသရန် ကာကွယ်​ရေးတပ်ဖွဲ့ဖြစ်ပြီးသူတို့ရဲ့ အဓိကရန်သူ​တွေက​တော့ ကြယ်စင်စုထဲက အော်ရိုင်ဆိုတဲ့စွမ်းအားရှင်တွေပဲ ဖြစ်ပါတယ်။ ကမ္ဘာ​ဂြိုဟ်နဲ့ တခြားဂြိုဟ်​တွေကိုSupergate ဆိုတဲ့ အာကာသဂိတ်တံခါးနဲ့ ဆက်သွယ်ထားတာပါ။ဇာတ်လမ်းအစမှာ​တော့ SG-1အဖွဲ့​တွေဟာ အာ့ခ်လို့​ခေါ်တဲ့ ပစ္စည်းတစ်ခုကို ရှာပုံ​​တော် ဖွင့်​နေကြတာ ဖြစ်ပြီး အဲဒါက အော်ရိုင်​တွေရဲ့အစွမ်း​တွေကို ဖျက်ဆီးပစ်နိုင်တဲ့ အရာပါ။ဒါ​ကြောင့်လည်း အော်ရိုင်​တွေက SG-1အဖွဲ့ကို တားဆီးဖို့ သူတို့ရဲ့​နောက်လိုက်တိုမင် ​ခေါင်း​ဆောင်တဲ့ စစ်တပ်ကို​စေလွှတ်ရင်း နှစ်ဖွဲ့ထိပ်တိုက်​တွေ့ဆုံကာ ကမ္ဘာဂြိုဟ်နဲ့ အော်ရိုင်​တွေကြား တိုက်ပွဲ​တွေဆက်လက်ဖြစ်ပွားခဲ့ပါတယ်။ File size…2.18GB / 1.06GB Quality…Blu-Ray 1080p / 720p Format…mp4 Duration….1h 41m Genre ….. Action , ...
movie

Stargate: The Ark of Truth (2008)

One and Only ( 2023 ) 7.0
One and Only ( 2023 ) CM ပရိသတ်ကြီးတွေကို ဉာဏ်ကွန့်မြူးလို့ကောင်းတဲ့ လူငယ်ရုပ်ရှင်လေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်တယ်။ နာမည်ကတော့ One and Only ဖြစ်ပြီးတော့ ဒီနှစ်မှ ရုံတင်ခဲ့တဲ့ ဇာတ်ကားပါ။ ဒီကားထဲမှာဆိုရင် အဓိက သရုပ်ဆောင်တွေအနေနဲ့ စီနီယာဟွမ်ပေါ်နဲ့ နာမည်ကြီးတရုတ်မင်းသား ဝမ်ရိပေါ်တို့က တင်းလေ့နဲ့ ချန်ရှိုးတို့အဖြစ် ပါဝင်ထားပါတယ်။ဇာတ်လမ်းကတော့ တင်းလေ့က ချန်ရှိုးကို တွေ့ရာကနေ စပါတယ်။ ချန်ရှိုးက လူငယ်အကသမားဖြစ်ပြီးတော့ အိပ်မက်တွေနောက်ကို လိုက်နေတဲ့ကောင်လေးပါ။ တစ်နေ့မှာ သူက တင်းလေ့ရဲ့ အကအဖွဲ့ထဲ ဝင်ခွင့်ရသွားတဲ့အခါ မတူညီတဲ့ အရည်အချင်းအမျိုးမျိုးရှိတဲ့ အကကျွမ်းကျင်သူတွေနဲ့ ဆုံတွေ့ခဲ့ရတယ်။ ချန်ရှိုးအနေနဲ့ အကပြိုင်ပွဲတွေမှာ ပါဝင်ချင်တာက တစ်ဘဝစာအိပ်မက်လိုမျိုးဖြစ်ခဲ့ပြီးတော့ အဲဒီအတွက် ကြိုးစားရာမှာ သူ မျှော်လင့်သလို မချောမွေ့ခဲ့ပါဘူး။ မိသားစုနဲ့ အိပ်မက်တွေကြားမှာ ရောက်နေရတဲ့အခါ သူ့အနေနဲ့ ဘာကို ရွေးချယ်မလဲ၊ အိပ်မက်တွေနောက် လိုက်နိုင်ဖို့ ဘယ်လိုကြိုးစားမလဲဆိုတာကိုတော့ ဟောဒီ One and Only ရုပ်ရှင်ထဲမှာပဲ ကိုယ်တိုင်ကြည့်ရှုလိုက်ကြပါနော်။မြူးကြွကြွ ကကွက်တွေကို ကြည့်ရှုရမှာဖြစ်တဲ့အပြင် လူငယ်တစ်ယောက်ရဲ့ ရုန်းကန်လှုပ်ရှားပုံတွေကို တွေ့မြင်ရမှာဖြစ်တဲ့အတွက် inspiration ယူလို့ကောင်းတဲ့ ဇာတ်ကားလေးဖြစ်တာမလို့ အားလုံးကြည့်ရှုကြဖို့ recommend ပေးပါတယ်နော်။ Quality ...
movie

One and Only ( 2023 )

Japan (2023)
Japan (2023) Japan (2023) "(ဂျပန်) အိန္ဒိယတွင်လုပ်သည်" လိုကတ်ရှ်ယူနီဗာ့စ်ရုပ်ရှင်တွေထဲက Kaithi(2019)က မင်းသား ကာသီရဲ့ရုပ်ရှင်ကားသစ်ကို Netflixကနေ ထုတ်လွှင့်ခဲ့ပါတယ်။ မင်းသမီးကတော့ ချီကာဂိုမှာမွေးတဲ့ တောင်ပိုင်းမင်းသမီးချော အငယ်လေး အန်နူးပါပဲ။တခါတုန်းက အဆုံးမဲ့သမုဒ္ဒရာပြင်ကြီးထဲမှာ ၁၀နှစ်သား ငါးလေးတစ်ကောင်ရှိတယ်တဲ့.... တစ်နေ့မှာ အဲဒီငါးလေးက ကျင်းတစ်ခုစတူးပါရော။ အဲဒီကနေစပြီး ငါးကလေးရဲ့စွန့်စားခန်းတွေအစပြုခဲ့တာပေါ့။ ဂဏန်းအတွက် တစ်ကျင်း၊ ကင်းမြီးကောက်အတွက် တစ်ကျင်း၊ ကျင်းတွေတောင် မရေနိုင်တော့ပဲ ငါးကလေးကနေ ဝေလငါးကြီးဖြစ်သွားတဲ့အထိတဲ့။ အဲဒီမှာပဲ ဝေလငါးကြီးကို ကျန်တဲ့ ရေနေသတ္တဝါတွေကအမြင်ကတ်ပြီး ဝိုင်းဖမ်းဖို့လုပ်ကြပါတော့သတဲ့။ဒါကတော့ ဇာတ်လမ်းထဲမှာ ဂျပန်ကိုတင်စားထားတဲ့အကြောင်းလေးပါ။ ဟုတ်ပါတယ် အိန္ဒိယမှာထုတ်လုပ်ထားတဲ့ ဂျပန်။ ဂျပန်က ဘာလဲဆိုတော့ သူခိုး။ ကြည့်နေရင်းနဲ့ ဂျန်းတဲမန်းသူခိုးလူပင် တို့ ဘာတို့ကိုအမှတ်ရသွားလောက်အောင်ကို သူတို့လိုကြမ်းတဲ့ သူခိုးပါ။ ခိုးမဲ့နေရာကို ဒဲ့ပြောပါတယ် ခိုးပြီးရင် ချေ့တယ်ဘာညာ ငါ့ကိုနမ်းပါဘာညာဆိုပြီး ပေါက်ကရတွေရေးခဲ့ပါတယ်။ သူ့ခိုးနည်းတွေကို ရုပ်ရှင်ရိုက် ရုံမှာပြပြီး အဲ့တိုင်း ဒဲ့ခိုးပါတယ် ဂျပန်က ပိုက်ဆံမလိုပါဘူး ဂျပန်လိုတာ ဂုဏ်သိက္ခာနဲ့ ကျော်ကြားမှုပါ .....အဲ့တော့ ရဲတွေက ဂျပန်ကို မြင်ပြင်းကတ်လာပြီး ဘယ်လိုမိအောင် ဖမ်းဆီးကြမလဲ ဂျပန်ကလဲ ...
movie

Japan (2023)

2023
Adrishya Jalakangal (2023) 6.6
Adrishya Jalakangal (2023) Adrishya Jalakangal (2023) "မမြင်ရတဲ့ပြတင်းပေါက်များ" IMDb-6.8/10Netflixကနေ ထုတ်လွှင့်ခဲ့တဲ့ ဇာတ်လမ်းဇာတ်အိမ်ကောင်းကောင်းနဲ့ အကောင်းဆုံးရိုက်ကူးထားတဲ့ မလေယာလမ်ကားကောင်းလေးတစ်ကား တင်ဆက်ပေးပါရစေ။ ဒီကားရဲ့ အဓိကဇာတ်လိုက်ဖြစ်သူ မင်းသားသောမတ်စ်က ကျွန်တော်ဒီကားရဲ့ ဇာတ်ညွှန်းကိုဖတ်တုန်းက ငိုတောင်ငိုမိတယ်လို့ အင်တာဗျူးတစ်ခုမှာ ဖြေသွားပါသေးတယ်။ ဇာတ်ညွှန်းမှာတင် သရုပ်ဆောင်တစ်ယောက် ငိုရလောက်တဲ့ထိ ဒီရုပ်ရှင်က ဘာတွေများထူးခြားလို့လဲ။လောကကြီးမှာ ကျွန်မတို့လူသားတွေအနေနဲ့ မတတ်နိုင်တဲ့အရာတွေရှိပါတယ် ကျွန်မတို့မမြင်နိုင်တဲ့ဖြစ်တည်မှုတွေ မမြင်နိုင်တဲ့ကမ္ဘာလောကပေါ့ ဒါပေမဲ့ဒီလောကရဲ့ပြတင်းပေါက်လေးကို သွားဖွင့်လိုက်မိရင် ဘာတွေဖြစ်လာနိုင်မလဲ ။စစ်ကြီးဖြစ်ခါနီး ရဲတွေက အိမ်ခြေရာမဲ့တွေကိုဖမ်းပြီး အရူးထောင်ပို့သတဲ့ နေရာမလောက်တော့ အရင်ရောက်နေတဲ့လူတွေကို ကျန်းမာရေးစစ်ဆေးချက်ပေးပြီး ကောင်းတယ်ဆိုပြန်လွှတ်တယ်ပေါ့ ဒီမှာမင်းသားကြီး Tovino Thomas က အရူးထောင်ထဲ ကန့်လန့်ပါသွားတဲ့တစ်ယောက်ပါ သူ့ကိုယ်သူလူကောင်းပြောလည်း အရူးတွေကဒီလိုပဲပြောကြတာဆိုပြီး ၆လလောက် စိတ္တဇဆေးရုံထဲနေခဲ့ရသူ ဆေးရုံခါတော့ သူ့ကိုအကောင်းဆိုပြီးပြန်လွှတ်လိုက်လေရဲ့ သူလည်းအလုပ်လုပ်မယ်ဆိုပြီး ရင်ခွဲရုံမှာအလုပ်ဝင်မိခါမှ သဘာဝလွန်ဖြစ်ရပ်တွေဖြစ်လာပါတော့တယ် ဒါကဘာများဖြစ်မလဲ ဒီသဘာဝလွန်ဖြစ်ရပ်တွေအကူအညီနဲ့ သူဘာတွေလုပ်သွားမလဲဆိုတာကိုတော့....(အညွှန်းကို Yunni ကရေးသားပေးထားပြီး CM Bollywood Team မှဘာသာပြန်ဆိုထားပါတယ် )( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ...
movie

Adrishya Jalakangal (2023)

2023
Gurren Lagann the Movie: The Lights in the Sky Are Stars (2009) 8.0
Gurren Lagann the Movie: The Lights in the Sky Are Stars (2009) Gurren Lagann the Movie: The Lights in the Sky Are Stars (2009) ===============================================Gurren Lagann The Movie ဒုတိယပိုင်းဖြစ်တဲ့ " The Lights in the Sky are Stars " ဟာ ပထမ Movie ထက် Rating ပိုများပြီး IMDb 8.0 အထိ ရရှိခဲ့တဲ့ Anime ရုပ်ရှင် ကားကောင်းတစ်ခုဖြစ်ခဲ့တဲ့ အချက်ကနေ စပြောချင်ပါတယ်။" အမြင့်မှန်းတဲ့ လူသားအရိုင်းအစိုင်းတွေ သောင်းကျန်းလာရင် စန္ဒာလကတောင် ငရဲတမန် ဖြစ်လာပြီး Spiral ကမ္ဘာကို ချေမှုန်းလိမ့်မယ်။ " ...... အကြီးမားဆုံးရန်သူကို နှိမ်နင်းပြီးတဲ့ အခါမှာတော့ လူသားတွေအားလုံး မြေအောက်ထဲမှာသာအခြေချဖို့ အတင်းအဓမ္မဖိနှိပ်ခံရာ ကနေ လွတ်မြောက်ခဲ့ပါပြီ။ Spiral King ရဲ့ နောက်ဆုံးစကားကို မေ့မေ့ပျောက်ပျောက်ဖြစ် ပြီး မြို့ပြရပ်ကွက်တွေနဲ့စည်ကားနေတဲ့ ...
movie

Gurren Lagann the Movie: The Lights in the Sky Are Stars (2009)

2009
Looking for Her (2022) 6.6
Looking for Her (2022) Looking for Her (2022) ================= IMDb Rating - 6.6/10Lesbian ဖြစ်တဲ့ တေလာက သူ့ကောင်မလေး ဂျက်စ်နဲ့ပြတ်ပြီးမကြာခင် မှာပဲ သူအဆက်အသွယ်ဖြတ်ထားတဲ့မိဘတွေဆီက ခရစ္စမတ်ကိုလာဖို့ ဖိတ်ခံရတယ်။ သူ့ကောင်မလေး ဂျက်စ်ကိုပါ ခေါ်ခဲ့ပါတဲ့။ တေလာလည်း သူ့မိဘတွေကို အဖြစ်မှန်ပြောရမှာ ရှက်တာနဲ့ ခေါ်လာမယ်ဆိုပြီး ပြော လိုက်ရာကနေ ဇာတ်လမ်းစတော့တာပါပဲ။နောက်ဆုံး ကြံရာမရတဲ့အဆုံး တေလာ့သူငယ်ချင်းက သူ့ရည်းစားဟောင်း ဂျက်စ်နေရာမှာ သရုပ်ဆောင်ပေးဖို့ မိန်းကလေးတစ်ယောက်လိုကြောင်း သတင်းစာမှာကြော်ငြာပါတော့တယ်။ အဲဒီကြော်ငြာကို သရုပ်ဆောင်ဝါသနာ ပါပြီး ငွေလိုနေတဲ့ အိုလစ်ကတွေ့တော့ တေလာဆီကို အလုပ်စိတ်ဝင်စား ကြောင်း ပို့လိုက်တယ်။ အဲဒီလိုနဲ့ပဲ တေလာနဲ့ အိုလစ်တို့ တေလာ့မိဘတွေကို လိမ်ဖို့ ကြိုးစားရင်း ဘယ်လိုချစ်စရာကောင်းတဲ့ဇာတ်လမ်းတွေဖြစ်မလာမလဲ ဆိုတာကို ဒီဇာတ်လမ်းမှာ ဆက်လက်ကြည့်ရှုနိုင်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thwal Htoo Zin ဖြစ်ပါတယ်)File Size..........(1.6 GB) / (563 MB) Quality............WEB-DL 1080p / 720p Duration.........1Hr 44Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Comedy, Drama, Romance Translator.......Thwal Htoo Zin Encoder..........SWM
movie

Looking for Her (2022)

2022
Weekender (2011) 5.5
Weekender (2011) Weekender (2011)2011 ကထွက်ရှိခဲ့တဲ့ Weekender ဇာတ်ကားလေးကတော့ ၉၀ပြည့်နှစ်အစောပိုင်းကာလ ကို အခြေတည်ပြီးတော့ Rave တွေ ဘယ်လိုစဖြစ်တည်လာတာကို တစေ့တစောင့် ပြထားပါတယ်။ပါတီနွှဲရတာ၀ါသနာပါကြပြီး ဘ၀ကို ပေါ့ပေါ့ပါးပါးဖြတ်သန်းရတာကြိုက်တဲ့ မက်နဲ့ ဒီလန် တို့ သူငယ်ချင်း နှစ်ယောက်ဟာ လူမနေတော့တဲ့ ဂိုဒေါင်ဟောင်းတွေမှာ အခကြေးပေးရတဲ့ ပါတီ ပဲွတွေ စထောင်ရာကနေ ငွေရပေါက်လမ်းကို တွေ့လာပါတယ်။ ငွေမရှိတုန်းက ပျော်ပျော်နေတတ်ကြတဲ့ သူတို့နှစ်ယောက်နဲ့ တခြားသူငယ်ချင်းတွေဟာ အဆမတန် မြင့်တက်လာတဲ့ ပါတီလာသူတွေနဲ့ မူးယစ်ဆေးသုံးစဲွသူတွေအကြား ဘယ်လို ပဋိပက္ခတွေ ပြဿနာတွေ ရောက်လာမလဲ ဆိုတာကို ကြည့်ရမှာဖြစ်ပါတယ်။UK မှာ ၂၀၁၁ ကထွက်ရှိထားတဲ့ ဒီဇာတ်ကားဟာ drama အမျိုးအစားဖြစ်ပြီး လူငယ်ဆန်တဲ့ စကားပြောတွေ ကိုလည်း တွေ့မြင်ရမှာဖြစ်ပါတယ်။အညွှန်း န့ ဘာသာပြန်ကတော့ Sai Naung Naung ပဲ ဖြစ်ပါတယ်။Genre..... Drama, Music Quality…. 1080p | 720p File size… ...
movie

Weekender (2011)

High and Low (1963) 8.4
High and Low (1963) High and Low (1963)~ IMDb - 8.4/10, RT - 96%, Meta - 90% ~အကီရာကူရိုဆာဝါရဲ့ အကောင်းဆုံးဆိုတဲ့ ရုပ်ရှင်တွေထဲက တစ်ကားပေါ့။ Rashomon, Ran, Throne of Blood, Dreams တို့မှာ တော်တော်ပြောခဲ့ပြီးပြီဆိုတော့ ကူရိုဆာဝါရဲ့ ဘုန်းတော်ဘွဲ့တွေအကြောင်း ထပ်မိတ်ဆက်ပေးဖို့မလိုလောက်တော့ဘူး။ ကူရိုဆာဝါရုပ်ရှင်ဆိုတာနဲ့ ရုပ်ရှင်ကောင်းပဲဆိုတာ အကုန်လုံးသိပြီးသားဖြစ်နေမှာ သေချာတယ်။ ဒါပေမဲ့ ထူးတာကတော့ ဒီရုပ်ရှင်က ရှေ့ကပြောခဲ့တဲ့ ကားတွေနဲ့မတူတော့ဘူး။ ဇာတ်က သူထွက်ခဲ့တဲ့ မျက်မှောက်ခေတ်သီးသန့်မှာပဲ အခြေတည်ထားသလို ဇာတ်ကလည်း စလိုက်ပြီဆိုတာနဲ့ တော်တော်လေး စိတ်ဝင်တစား ဆက်ကြည့်ချင်စရာကောင်းနေတယ်။ ထူးတာက ဒီရုပ်ရှင်က သူ့နာမည်အတိုင်း ကောင်းကင်နဲ့ ငရဲလို ကွာခြားနေတဲ့ ဘဝတွေအကြောင်း ရိုက်ပြထားပေမဲ့ တစ်ချိန်တည်းမှာပဲ တော်တော်လေး သပ်ရပ်တဲ့ စုံထောက်ကားတစ်ခုအဖြစ်ပါ ထပ်ပေါင်းအသက်ဝင်နေတယ်။ ဒီနှစ်ခုရဲ့အချိုးမှာ ...
movie

High and Low (1963)

1963
Little Miss Rawther (2023) 7.9
Little Miss Rawther (2023) Little Miss Rawther (2023)"အချစ်ရူးမလေး မိရော်သာ" =======================================IMDb 8.3/10 စီအမ် အိန္ဒိယရုပ်ရှင်ပရိသတ်တွေအတွက် Little Miss Rawther ဆိုတဲ့ မလျာလမ်စကားပြော အချစ်ဟာသဇာတ်မြူးရုပ်ရှင်လေးကို CM Bollywood Team ကနေ တင်ဆက်ပေးချင်ပါတယ်။နိုင်နာရော်သာဆိုတဲ့ ကောင်မလေးဟာ အရာဝတ္ထုတွေ အစီအစဉ်တကျဖြစ်မနေရင် ရင်ဘက်ထဲ ကျလိကျလိဖြစ်တတ်တဲ့ OCD ရောဂါပိုင်ရှင် အရပ် ၅ ပေ ဝန်းကျင်ကောင်မလေးပဲဖြစ်ပါတယ်။ သူ့ဘဝမှာ အခက်အခဲဆိုလို့ သူများမျက်နှာ မော်ကြည့်ရတာလောက်သာ ရှိပြီး ဘဝကို သက်တောင့်သက်သာဖြတ်သန်းနေရတဲ့ ကံကောင်းသူလေးပေါ့။သူဟာ အရပ်ငါးပေဝန်းကျင်သာ ရှိပေမဲ့ သူ့ရဲ့ ရည်းစားဦး အာဘီဂျစ်ကတော့ အရပ် ၆ ပေကျော်တဲ့ ကလန်ကလားကိုကိုပဲဖြစ်ပါတယ်။ အာဘစ်ဂျစ်ကတော့ နီနာ့လို ဖယောင်းလမ်းကို သက်တောင့်သက်သာလျှောက်ခွင့်မရဘဲ ကလေးဘဝကနေ အရွယ်ရောက်တဲ့အထိ အခက်အခဲတွေကြားမှာ ဘဝကို ကန့်လန့်တိုက်ဖြတ်သန်းနေရတဲ့ မအောင်မြင်တဲ့ ဇာတ်ညွှန်းရေးဆရာတစ်ယောက်ဖြစ်ပါတယ်။တစ်ယောက်နဲ့တစ်ယောက်ချစ်ကြပေမဲ့ အရပ်ကစလို့ အစစအရာရာကွာခြားနေတဲ့ သူတို့နှစ်ယောက်ကြား မတူညီမှုတွေကို တစ်ဆင့်ပြီးတစ်ဆင့် တွေ့ကြုံရပုံကို ဒီရုပ်ရှင်လေးထဲမှာ ရယ်ရယ်မောမောကြည့်ရှုခံစားကြရမှာပါ...။ ( ဒီရုပ်ရှင်ရဲ့ ...
movie

Little Miss Rawther (2023)

2023
The Last Samurai (2003) 7.8
The Last Samurai (2003) The Last Samurai ဆိုပဲ Tom Cruise ဆိုပဲ ပြီးတော့ ဆာမူရိုင်းချပ်ဝတ်တန်ဆာကြီးနဲ့ ပိုစတာကြီးမြင်တာနဲ့ ဒီဇာတ်ကားဘယ်လိုလဲဆိုတာ မြန်မာဇာတ်သိမ်းပိုင်းအတိုင်း ခန့်မှန်းရလွယ်လွန်းပါတယ် ************ အဲ့မှာ သောက်ဂွကျတာပဲ တက်တက်စင်အောင်လွဲ မြန်မာကားလိုဘာညာ အထင်သေးမိခဲ့တဲ့ ကျွန်တော် အခု all time fav ထဲ ထည့်ရမလို့ဘာညာဖြစ်နေပြီ ယောက်ျားတန်မယ့် ငိုကြီးချက်မ မဖြစ်ရုံတမယ်မျက်ရည်ပေါက်ပေါက်နဲ့ တကယ်တော့ The Last Samurai ဆိုတာ ဘယ်သူ့ကိုရည်ညွှန်းတယ်ဆိုတာ ဇာတ်ကားကိုညဘက် နားကြပ်တပ်ပြီး အပြည့်အဝ ခံစားပြီးမှ သိခဲ့ရတာ။ ဟိုး၂နှစ်လောက်တုန်းက ဒီကားreviewရေးဖူးတယ် အဲ့reviewကို ပြန်တင်ထားလိုက်တယ်The plot - ဇာတ်အိမ်တည်ထားတဲ့ အချိန်ကာလဟာ Meji restoration (or) Westernization in Japan လို့အဓိပ္ပါယ်ရတဲ့ Meji အစိုးရအသွင်ပြောင်းလဲခြင်း (သို့) အနောက်လူနေမှုအဆင့်အတန်းများ ဂျပန်သို့ရောက်လာခြင်း ဖြစ်တဲ့ ၁၈ရာစုနှောင်းပိုင်း ၁၈၆၀ခုနှစ်ကာလများ...ခရစ်နှစ် 1603ခုနှစ်ကနေစပြီး တည်တံ့လာတဲ့ Edo era ကြီးဟာ အမေရိကန်တွေ ခေတ်မှီလက်နက်ကိရိယာမျိုးစုံ စစ်သဘော်ကြီးတွေနဲ့ ဂျပန်ဆိပ်ကမ်းကိုလာရောက်ဆိုက်ကပ်ခြင်းကစပြီး ပျက်သုဉ်းခြင်းဆီကို တဖြည်းဖြည်းဦးတည်လာခဲ့တယ်။ ဂျပန်ဆိပ်ကမ်းကိုအသုံးပြုမယ် ကုန်သွယ်မယ် စစ်ခုံရုံးတွေမှာပါဝင်စွက်ဖက်မယ် ဂျပန်တွေတစ်သီးတခြားနေထိုင်အုပ်ချုပ်နေတာတွေရပ်တန့်ရမယ်ဆိုတဲ့ လက်နက်အမိန့်စကားသံတွေဟာ ဂျပန်ပြည်ကြီးရဲ့ ...
movie

The Last Samurai (2003)

2003
4K HEVC
I’ll Find You (2019) 7.1
I’ll Find You (2019) I'll Find You (2019)===============IMDb Rating - 7.1/10ချစ်ခြင်းအစ မုန်းခြင်းကလို့ ဆိုသလို ကိုယ်တို့နှစ်ယောက်ရဲ့ အချစ်အသီးအပွင့်တွေဟာ အမုန်းပင်စည်ကြီးကနေ အခြေတည်တယ်။အချစ်နဲ့ အမုန်းဟာ ဆန့်ကျင်ဘက်ဖြစ်သလို ကိုယ်တို့အတွက် အရာရာတိုင်း နီးပါးကလည်း ဆန့်ကျင်ဘက်ဖြစ်နေတယ်။ကက်သလစ်တစ်ယောက်ဖြစ်တဲ့ ကိုယ် ဂျူးလူမျိုးတစ်‌ယောက်ဖြစ်တဲ့ မင်းဘာသာရေးကွဲပြားချက်တွေကြောင့် ပေါင်းစည်းဖို့ ခက်ခဲနေတဲ့ကြားက စစ်ပွဲကြီးက ကိုယ်တို့ကို ခွဲခဲ့တယ်။မည်သို့ပင်ဖြစ်စေကာမူ ရေကန်ဟာ ကြာရှိမှ သင့်သလို ကိုယ်ဟာလည်း မင်းရှိမှ ဖြစ်မှာပါ။အလားတူ ကိုယ့်ရဲ့ အသံက မင်းလေးရဲ့ တယောသံလေးနဲ့မှ ပိုလို့ ငြိမ့်ညောင်းနိုင်မှာမလို့ ဘာတွေပဲ ဖြစ်လာလာ ကိုယ်မင်းကို တွေ့အောင် ရှာမှာပါ ....(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Act Molemy ဖြစ်ပါတယ်)File Size..........(2.4 GB) / (863 MB) Quality............BLU-RAY 1080p / 720p Duration.........1Hr 56Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Drama, Music, Romance Translator.......Act Molemy Encoder..........SWM
movie

I’ll Find You (2019)

2019
Leave the World Behind (2023) 6.7
Leave the World Behind (2023) Leave the World Behind (2023)~ IMDb - 6.7/10, RT - 74%, Meta - 68% ~ကမ္ဘာပျက်နေချိန်မှာ အသက်ရှင်ဖို့ကြိုးစားရတဲ့ ရုပ်ရှင်အမျိုးအစား နောက်တစ်ကားပါပဲ။ ဒီကားကတော့ အက်ရှင်မဟုတ်ဘဲ ဆိုက်ကို သည်းထိပ်ရင်ဖိုအမျိုးအစားဖြစ်ပြီး ဇာတ်လမ်းအဆုံးမှာတောင် အဖြေကို ရှာတွေ့သလို မတွေ့သလိုနဲ့ ပဟေဠိဆန်ဆန်ရိုက်ထားတဲ့ကားမျိုးပါ။ Mr. Robot စီးရီးရဲ့ ဖန်တီးရှင် Sam Esmail က ရိုက်ကူးထားပြီး နာမည်ကြီး မင်းသားမင်းသမီးတွေဖြစ်တဲ့ Julia Roberts, Mahershala Ali, Ethan Hawke တို့လို ဆရာကြီးတွေ ပါဝင်ထားပါတယ်။ Kevin Bacon ကတောင် ဝင်ပြီးအားဖြည့်ပေးထားပါသေးတယ်။~ ဇာတ်လမ်းအကျဉ်း ~လင်မယားနှစ်ယောက် သားတစ်ယောက်နဲ့ သမီးတစ်ယောက်ဟာ ကျေးလက်အိမ်တစ်လုံးငှားပြီး အပန်းဖြေဖို့ထွက်လာကြပါတယ်။ အငယ်ဆုံးသမီးလေးက FRIENDS တီဗီစီးရီးကို အသည်းအသန်စွဲလမ်းနေတဲ့သူဖြစ်ပြီး ...
movie

Leave the World Behind (2023)

2023
The Courier (2012) 4.5
The Courier (2012) The Courier (2012) ==============ဒီကားလေးကတော့ 2012 တုန်းကထွက်ရှိထားတဲ့ Crime Drama ကားလေးဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းအနေနဲ့တော့ ကော်ရီရာ ဆိုတဲ့ ပစ္စည်းပို့သမားတစ်ယောက်ဟာ Client တွေလာအပ်တဲ့ပစ္စည်း မှန်သမျှကို ပို့ချင်တဲ့သူဆီ မရောက်ရောက်အောင် ပို့ပေးတဲ့ အလုပ် လုပ်ပါတယ်။ ပြောရရင်တော့ မြေအောက်အလုပ်တွေပေါ့။ တစ်ရက် သား သူ့ဆီကို Evil Sivie ဆိုတဲ့ လူတစ်ယောက်ဆီကို SuitCase တစ် ခုပို့ခိုင်းရာကနဲ့ ဇာတ်တည်ထားပါတယ်။လာအပ်တဲ့ Client ကလည်း Evil Sivie ဆိုတဲ့ နာမည်ကလွဲပြီး ဘာမှ မပေးတော့ Evil Sivie ဆိုတဲ့လူတစ်ယောက်အကြောင်းကို လိုက်ရှာရင်း နဲ့ ကော်ရီရာတစ်ယောက် ပစ္စည့်ပို့တာထက်ပိုတဲ့ကိစ္စတွေမှာ ပတ်သတ် မိသွားတဲ့အခါမှာတော့ Evil Sivie ဆိုတဲ့သူကဘယ်သူလဲ ကော်ရီရာတ စ်ယောက်ပတ်သတ်မိတဲ့ကိစ္စတွေရဲ့ နောက်ဆက်တွဲတွေဘာဆက်ဖြစ်မ လဲဆိုတာကိုတော့ ဆက်လက်ကြည့်ရှုလိုက်ကြပါဦး။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thetti Tun ဖြစ်ပါတယ်)File Size..........(1.4 GB) / (608 MB) Quality............BLU-RAY 1080p / 720p Duration.........1Hr 35Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Action, ...
movie

The Courier (2012)

2012