Channel Myanmar

Family

Monster Family (2017) 4.6
Monster Family (2017) မိသားစုတစ်စုဆိုတာ အမြဲတမ်းပျော်ရွှင်နေရတယ် မဟုတ်တောင် စိတ်ညစ်စရာလေးတွေ နည်းနိုင်သမျှနည်းရင်ပိုကောင်းတယ်ဗျ..ဟုတ်တယ်မို့လား? ဒီဇာတ်ကားလေးထဲက အမ်မာတို့ မိသားစုဟာလည်း ခုလက်ရှိ အပြင်မှာကြုံတွေ့နေကြတဲ့အတိုင်း... အိမ်ထောင်ဦးစီးဖြစ်သူ အမ်မာရဲ့ အမျိုးသားကလည်း တစ်နေတစ်နေ့ အလုပ်နဲ့ အိမ်ပဲကူး၊ အမ်မာကိုယ်တိုင်ကလည်းသူ့အလုပ်နဲ့သူ တိုင်ပတ်၊ သားသမီးတွေအတွက် အချိန်ကောင်းကောင်းမပေးနိုင်ကြ၊ ဒီလိုနဲ့ ကလေးတွေကလည်းကျောင်းမှာ တစ်မျိုးတစ်ဖုံ ပြဿနာလေးတွေ ကိုယ်စီနဲ့... မိသားစုအတူရှိတဲ့အချိန်က အတော်နည်းတယ်ပေါ့ဗျာ၊ ရှိတဲ့အချိန်ကျလည်း ဘုနဲ့ဘောက်ပေါ့ဒီလိုတွေဖြစ်နေတဲ့ မိသားစုလေးဟာ သူတို့ကို အပြောင်းလဲကြီး ပြောင်းလဲပေးမယ့် နေ့တစ်နေ့ကို ကြုံလိုက်ရပါတယ်။ အဲ့ဒီနေ့ပြီးတဲ့ နောက်ရက်တွေမှာ သူတို့မိသားစုလေး ဦးတိုးကြီးရဲ့ "အေးအတူပူအမျှ" လိုပဲဖြစ်မလား.. ဒါမှမဟုတ် ဘစိုင်းရဲ့ "ကြိုးပျက်ခဲ့တဲ့ အိမ်ထောင်မျိုး" လိုပဲ ဖြစ်သွားမလားဆိုတာကတော့..... စိတ်အပန်းဖြေတဲ့သဘောနဲ့ ထိတွေ့ကြည့်လိုက်ပါဦးနော...   (ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ ကိုဝေယံမောင်ပါ)   File Size : (750 MB) and (330 MB) Quality : Blu-Ray 720p Running Time : 1hr 33min Format : Mp4 Genre : Animation, Comedy, Family Subtitle : Myanmar ...
4.6
IMDB: 4.6/10 1,463 votes
movie

Monster Family (2017)

2017
Blu-Ray 720p
Oh My God (2015) 4.9
Oh My God (2015) Oh My God… ဒီဇာတ်ကားလေးကတော့အချစ်ဟာသကားလေးဘဲဖြစ်ပါတယ်။ ချန်မော့နဲ့ မော့ဟန်...လဲ့ရိနဲ့ မီဂါ တို့ကသူငယ်ချင်းချစ်သူစုံတွဲတွေဖြစ်ကြတယ်။ အိမ်တစ်အိမ်တည်းမှာတူတူနေကြရာမှ မမျှော်လင့်တဲ့ပြသနာလေးတွေပေါ်ပေါက်လာပါတယ်။ တစ်ရက်မှာကောင်းကင်ပေါ်မှကျလာတဲ့အစိုင်ခဲတစ်ခုကနေ ကလေးလေးတစ်ယောက်အဖြစ်ပြောင်းသွားပြီး သူတို့အတူနေတဲ့အိမ်ကိုရောက်လာပါတယ်။ ကလေးလေးကိုပြုစုစောင့်ရှောက်ကျရင်း ရယ်မောပျော်ရွင်ဖွယ်ရာအလွဲလေးတွေနှင့်အတူ သူငယ်ချင်းအချစ် ၁၅၀၀အချစ်တို့ကို ရယ်မောကြည်နူးဖွယ်ကြည့်ရှုရမဲ့ဇာတ်ကားကောင်းဖြစ်ပါတယ်။ အဓိက casting အနေနဲ့ကတော့ အားလုံးသဘောကျကြတဲ့EXOအဖွဲ့ဝင်တစ်ယောက်ဖြစ်တဲ့ Zhang Yixing (Lay), မင်းသား Cheney Chen, မင်းသမီး Li Xiao Lu, မင်းသမီး Jiang Wenတို့ပါဝင်သရုပ်ဆောင်ထားပါတယ်။ Drama Listတွင် rating 7/10ရရှိထားသောဇာတ်ကားဖြစ်ပါတယ်။   File size…(900 MB) and (410 MB) Quality…WEB Rip 720p Format…mp4 Duration….01:39:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Ying Ying  
4.9
IMDB: 4.9/10 63 votes
movie

Oh My God (2015)

2015
Zoo (2017) 7.1
Zoo (2017) MDB - 7.1 Rotten tomatoes - 82% ဒီတစ်ခါမှာဆိုရင်တော့ CM က ပရိတ်သတ်တွေကိုဒါရိုက်တာ Colin McIvorရဲ့ true story ဇာတ်ကားတစ်ခုကိုတင်ဆက်ပေးချင်ပါတယ် ဒီကားလေးကတော့ ၁၉၄၁တုန်းက ဒုတိယကမ္ဘာစစ်ကအဖြစ်အပျက်တစ်ခုကို ရိုက်ထားတာပါ ၁၂အရွယ်ကောင်လေးတစ်ယောက်ဖြစ်တဲ့ တွမ်ရဲ့အဖေဟာဆိုရင်Belfast တိရစ္ဆာန်ရုံက ဆရာဝန်တစ်ယောက်ပေါ့ တစ်နေ့ကျတော့ အဲ့တိရစ္ဆာန်ရုံကိုဆင်အသစ်လေးတစ်ကောင်ရောက်လာခဲ့ပါတယ် စစ်ဖြစ်ပြီးဗုံးကြဲခံရတဲ့အချိန်ရောက်တော့အစိုးရက တိရစ္ဆာန်ရုံထဲက အကောင်ကြီးတစ်ချို့ကိုသတ်ဖို့ ညွှန်ကြားချက်တွေပေးပါလေရော သူ့အဖေဆိုတဲ့သူကလည်း စစ်တိုက်ဖို့ထွက်သွားရတော့ ကူကယ်ရာမဲ့နေပြီပေါ့ အဲ့အခြေအနေတွေကြားမှာ တိရစ္ဆာန်တွေကိုချစ်တဲ့တွမ်ဆိုတဲ့ကောင်လေးက ဆင်လေးကိုကယ်ဖို့သူ့သူငယ်ချင်းတွေနဲ့အတူ ကြိုးပမ်းပါတော့တယ် သူဆင်လေးကို အဆုံးထိကယ်နိုင်သွားမလား... စစ်ပွဲကရော ဘယ်လိုတွေဆက်ဖြစ်မလဲ...   (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ May Phyu Khin  ပါ)   File Size : (850 MB) and (350 MB) Quality : WEB-DL 720p Running Time : 1hr 37min Format : Mp4 Genre : Family, History, War Subtitle : Myanmar Subtitle (Hard Sub) Source ...
7.1
IMDB: 7.1/10 123 votes
movie

Zoo (2017)

2017
A Wrinkle in Time(2018) 4.2
A Wrinkle in Time(2018) ဒီတစ်ခေါက်တော့ အသစ်စက်စက်ကားလေးတစ်ကားကိုတင်ဆက်ပေးပါမယ်။ Califonia on Location Award (2017)နဲ့ Muse Creative Award (2018)ဆုနှစ်ဆုတောင်ရရှိထားတဲ့ A Wrinkle In Time (2018)ကားလေးပါ။ ဒီ A Wrinkle in Time ဆိုတဲ့ကားလေးကိုနာမည်ကျော် Walt Disney Studioကနေရိုက်ကူးထားတာဖြစ်ပါတယ်။ Walt Disneyရဲ့ ထုံးစံအတိုင်း သီချင်းကောင်းကောင်း ဇာတ်အိမ်ဆန်းဆန်းနဲ့မို့ မငြီးမငွေ့ကြည့်ရှုရမယ့်ကားတစ်ကားလို့ပြောရမှာပါ Oprah Winfrey,Reese Witherspoon,Chris Pineစတဲ့ နာမည်ကျော်အနုပညာရှင်တွေပါဝင်ရိုက်ကူးထားတဲ့ ဒီဇာတ်ကားလေးရဲ့ အကျဉ်းချုပ်လေးကိုလဲ အနည်းအကျဉ်းတင်ပြပေးလိုပါသေးတယ်။ ဖခင်ဖြစ်သူရုတ်တရက်ပျောက်ဆုံးသွားပေမယ့် တစ်နေ့ပြန်လာမယ်လ်ု့မျှော်လင့်နေတဲ့ မက် နဲ့ ချားလ်ဝေါလေ့စ်ဆိုတဲ့ မောင်နှစ်မနှစ်ယောက်... တစ်ညမှာတော့ ထူးဆန်းစွာ နတ်သမီးသုံးပါးနဲ့တွေ့ဆုံမိပါတော့တယ်။ နတ်သမီးလဲ ဖြစ်သလို အာကာသစစ်သည်တော်တွေဖြစ်ကြတဲ့ဒီအမျိုးသမီးသုံးယောက်ရဲ့ ပြောကြားချက်အရ သူတို့ရဲ့ အဖေဖြစ်သူဟာ မသေဆုံးသေးပဲ တစ်နေရာရာမှာပိတ်မိနေတာကို သိရှိလာရပါတယ်။ ဒီကလေးတွေ သူ့အဖေဖြစ်သူကိုဘယ်လိုကယ်တင်မလဲ... ဘယ်လိုအခက်အခဲတွေကရော ရှေ့ မှာစောင့်ကြိုနေမလဲ... ဖခင်ဖြစ်သူကိုရော ကယ်တင်နိုင်ပါ့မလား ဆိုတာရင်တစ်ထိတ်ထိတ်ကြည့်ရှုခံစားရမယ့်ကားလေးပါ။ သဲထိတ်ရင်ဖို ကားကောင်းလေးတွေစိတ်ဝင်စားတဲ့ Channel Myanmarပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ်။   Qty - ...
4.2
IMDB: 4.2/10 12,715 votes
movie

A Wrinkle in Time(2018)

2018
Blu-Ray 720p
I Can Only Imagine (2018) 7.6
I Can Only Imagine (2018) IMDb rating 7.6 အထိရရှိထားတဲ့ 2018ခုနှစ်ထွက် Christian Drama ဇာတ်ကားကောင်းလေးဖြစ်ပါတယ်။ Mercy Me တီးဝိုင်းအဖွဲ့ရဲ့ Best Selling Christian Song ဖြစ်တဲ့ I Can Only Imagine ကိုရိုက်ကူးထားတာဖြစ်ပြီးအဆိုပါသီချင်းဟာ အမေရိကန်နိုင်ငံတွင်နံပါတ် ၁ ချိတ်ခဲ့တဲ့သီချင်းလည်းဖြစ်ပါတယ်။ ဒီသီချင်းကိုသူ့ရဲ့အဖေနဲ့ဆက်ဆံရေးအကြောင်းရေးဖွဲ့ထားခဲ့တဲ့အဆိုပါတီးဝိုင်းအဖွဲ့ရဲ့ Lead Singerလည်းဖြစ်တဲ့ Bart Millard အဖြစ် Michel Finely ကသရုပ်ဆောင်ထားတာဖြစ်ပါတယ်။ ဒီဇာတ်ကားလေးကို ဒေါ်လာ၇သန်းဖြင့်ရိုက်ကူးထားခဲ့ပြီး ၈၄သန်းအထိပြန်လည်ရရှိခဲ့တာကြောင့် အောင်မြင်တဲ့ဇာတ်ကားလေးလည်းဖြစ်ပါတယ်။ ဒါ့အပြင် အမေရိကန်ပြည်ထောင်စုတွင် တတိယအအောင်မြင်ဆုံးသောMusic Biopic အဖြစ်မှတ်တမ်းဝင်ခဲ့ပါသေးတယ်။ ဝေဖန်ရေးဆရာတစ်ချို့ကတော့ ဒီဇာတ်ကားလေးကို အခြား Faith-Based ဇာတ်ကားတွေနဲ့ယှဉ်ရင် ပိုပြီးစိတ်လွှမ်းမိုးနိုင်တဲ့ တိုးတက်မှုဖြစ်စေတဲ့ကားလေးဖြစ်တယ်လို့ဆိုထားပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့ ငယ်စဉ်ဘ၀ မိဘတွေအဆင်မပြေမှုတွေကြောင့် မြေစာပင်ဖြစ်ခဲ့ရတဲ့ Bart Millard တစ်ယောက် မိခင်အိမ်ကနေထွက်သွားပြီးတဲ့နောက် ဖခင်နဲ့ပဲနေရတဲ့အခါ ဖခင်စိတ်တိုင်းကျဖြစ်စေချင်တာတွေကိုပဲ သဘောကျဖြစ်အောင်လုပ်ပေးခဲ့ပေမယ့် ကံကြမ္မာကသူ့ကိုလမ်းမှန်ပို့ခဲ့တယ်ဆိုရမလားပဲခြေကျိုးခဲ့ပြီး ဘောလုံးအသင်းကနေ Music Club ကိုရောက်သွားခဲ့ပါတယ်။ ငယ်စဉ်ကတည်းက သီချင်းတွေကိုခုံမင်မြတ်နိုးလာပြီး စိတ်ဥာဏ်ကွန့်မြူးတတ်တဲ့ Bart ...
7.6
IMDB: 7.6/10 4,475 votes
movie

I Can Only Imagine (2018)

2018
Blu-Ray 720p
Charlie and the Chocolate Factory(2005) 6.7
Charlie and the Chocolate Factory(2005) Charlie and the Chocolate Factory(2005) IMDb....6.7,,,,Rotten...82% ဝီလီဝန်ကာဟာ အကောင်းဆုံး ချောကလက်လုပ်တဲ့လူပါ...သူရဲ့ သူမတူတဲ့ချောကလက်လုပ်နည်းတွေကြောင့် လူတိုင်း သူ့ချောကလက်တွေကို နှစ်သက်ခဲ့ကြတယ်။ ဆိုင်ကလေးကနေ စက်ရုံကြီး တည်ထောင်နိုင်တဲ့အထိအကြီးအကျယ် အောင်မြင်ခဲ့တဲ့ ချောကလက်လုပ်တဲ့သူ ဖြစ်ခဲ့တယ်။အောင်မြင်မှုတိုင်းမှာ တန်ဖိုးဆိုတာ ရှိပါတယ်. ...ဒီလိုနဲ့ သူရဲ့ အကျနေ့တွေရောက်လာခဲ့တယ်။ တခြား ချောကလက်လုပ်သူတွေဟာ ဝီလီရဲ့ နည်းတွေကို သူလျှိုထည်ပြီး ခိုးခဲ့ကြပါတယ်...ဝန်ကာဟာ သိပ်မကြာခင်မှာပဲချောကလက်စက်ရုံကို ထာဝရ ပိတ်သိမ်းလိုက်ပါပြီလို့ ကြေညာခဲ့ပါတယ်..။ ထာဝရဆိုတာ...အချိန်အကြာကြီးဆိုတာကို ပြောတဲ့ နာမ်စားတစ်ခုပါပဲ...လူတွေကတော့ ထာဝရ ပိတ်သွားပြီပဲ ထင်ခဲ့ကြပါတယ်...စက်ရုံထဲကချောကလက်တွေ ထွက်မလာခင်အထိပေါ့.....။ ပြန်မွေးဖွားလာတဲ့ဝန်ကာရဲ့ စက်ရုံနဲ့ အတူ ပဟေဠိတွေ ပေါ်ပေါက်ခဲ့ပါတယ်... စက်ရုံထဲမှာ ဘယ်သူတွေ အလုပ်လုပ်နေကြာတာလဲ... . မစ္စတာဝန်ကာရော ဘာဖြစ်သွားခဲ့တာလဲ....။စက်ရုံတံခါးကြီးကတော့ ပိတ်ဆဲ.. လူတွေလည်း အံ့သြမြဲ..တစ်နေ့မှာ တော့...နှစ်ပေါင်းများစွာ လူအဝင်မခံခဲ့တဲ့ သူရဲ့ ချောကလက်စက်ရုံကြီးထဲကို ဝင်ဖို့ဖိတ်ခေါ်ခဲ့ပါတယ်။ ဖိတ်စာကတော့ ရွှေရောင် လက်မှတ် ၅စောင် ဖြစ်ပြီး ဒီ လက်မှတ်တွေကို ချောကလက်တွေရဲ့ အခွံအောက်မှာ ထည့်သွင်းထားပါတယ်။ ၅ယောက်ထဲက တစ်ယောက်ကိုလည်း အထူးဆု တစ်ခုပေးဦးမယ်လို့ ပြောခဲ့တယ်။ တစ်ကမ္ဘာလုံးက ကလေးတွေ... ဒီ လက်မှတ် ...
6.7
IMDB: 6.7/10 365,260 votes
movie

Charlie and the Chocolate Factory(2005)

2005
Big (1988) 7.3
Big (1988) Big (1988) IMDb (7.3)......Rotten Tomatoes (93%) ၁၉၈၈ ခုနှစ်မှာ မင်းသားကြီး Tom Hanks ဟာ အသက် ၃၂ နှစ်ပဲ ရှိပါသေးတယ်။ မင်းသားကြီးလည်း မဖြစ်သေးပါဘူး။ Big ဟာ Tom Hanks ကို အခုလို စူပါမင်းသားဖြစ်လာအောင် တွန်းပို့ပေးလိုက်တယ်ပြောလို့ရပါတယ်။ ဇာတ်လမ်းက ရှင်းရှင်းလေးပါပဲ။ ကျနော်တို့ ကလေး ဘဝတုန်းက လူတိုင်းလိုလို ခံစားဖူးခဲ့ကြတဲ့ "လူကြီးဖြစ်ချင်တယ်" ဆိုတဲ့ ခံစားချက်လေး အပေါ်မှာ ရေးဖွဲ့ထားတယ်။ ၁၃ နှစ်အရွယ်ကောင်လေးတစ်ယောက် ကလေးဘဝမှာ မနေချင်တော့ဘဲ လူကြီးဖြစ်ချင်တယ်ဆိုတဲ့ ဆုတောင်းလေးပြည့် သွားပြီး နေ့ခြင်းညခြင်းပဲ အသက် ၃၀ အရွယ် လူကြီးကြီး ဖြစ်လာတယ်။ ခန္ဓာကိုယ်ကသာ လူကြီး ဖြစ်လာပေမယ့် စိတ်ကတော့ ၁၃ နှစ်ပဲရှိသေးတာပေါ့။ ဒါပေမယ့် လူကြီးဘဝ ဟာ ထင်ထားသလို မဟုတ်ပဲ စိတ်ညစ်စရာတွေလည်းတွေ့လာ တော့ ...
7.3
IMDB: 7.3/10 167,976 votes
movie

Big (1988)

1988
Middle School: The Worst Years of My Life (2016) 6.1
Middle School: The Worst Years of My Life (2016) ဒီဇာတ်ကားလေးကတော့ 2016 မှာထွက်ရှိထားတဲ့ အလယ်တန်းကျောင်းသားဟာသကားလေးပဲ ဖြစ်ပါတယ် ဒီဇာတ်လမ်းထဲမှာတော့ 'ရေးဖ်'ဆိုတဲ့ကောင်လေးဟာ စိတ်ကူးယဉ်ဆန်တတ်ပြီး အမွှေဇယားတွေဖန်တီးတတ်တဲ့ ကောင်လေးတစ်ယောက်ပါ အရင်ကျောင်းတွေကနေ ကျောင်းထုတ်ခံရပြီးနောက် စည်းကမ်းတင်းကျပ်တဲ့ ကျောင်းတစ်ကျောင်းကို'ရေးဖ်'တစ်ယောက် ရောက်ရှိသွားရာမှစပြီး ဘာတွေဆက်ဖြစ်လာမလဲဆိုတာကို ကြည့်ရှူ့ရမှာပဲဖြစ်ပါတယ် ဟာသအမျိုးအစားလေးဖြစ်ပေမဲ့ မိသားစုပြဿနာများ ညီအစ်ကိုမောင်နှမသံယောဇဉ်များကို ရိုက်ကူးဖော်ပြထားသဖြင့် လက်မလွှတ်တမ်းကြည့်ရှူ့ရမည့် ရုပ်ရှင်ကားကောင်းလေးတစ်ကားပဲ ဖြစ်ပါတယ်   (ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Lyric Lynn Khant ပါ)   File Size : (700 MB) and (434 MB) Quality : Blu-Ray 720p Running Time : 1hr 32min Format : Mp4 Genre : Animation, Comedy, Family Subtitle : Myanmar Subtitle (Hard Sub) Source : 1080p.BluRay.x264-GECKOS Translated by Lyric Lynn Khant Encoded by Thanhtike Zaw
6.1
IMDB: 6.1/10 5,190 votes
movie

Middle School: The Worst Years of My Life (2016)

2016
The Water Horse (2007) 6.5
The Water Horse (2007) The Water Horse: Legend of the Deep ဒုတိယကမ္ဘာစစ်မီးကြီးဟာ အရှိန်အဟုန်ကောင်းကောင်းနဲ့ တောက်လောင်နေခဲ့တဲ့အချိန် အင်္ဂလန်ရဲ့အစွန်အဖျား တောကျတဲ့ ပင်လယ်ဝက ရွာလေးတစ်ရွာမှာ လူငယ်လေးတစ်ယောက်ဟာ စစ်အတွင်း တာဝန်ထမ်းဆောင်ဖို့ ထွက်သွားတဲ့ သူ့ရဲ့အဖေပြန်အလာကို နေ့တိုင်းစောင့်မျှော်ရှာနေခဲ့ပါတယ်။ သူဟာ သူ့ရဲ့ဖခင်ကိုသူသတိရနေခဲ့သလို သူ့ရဲ့ ကျေးလက်ရွာငယ်လေးဟာလည်း စစ်ရဲ့ ကြမ်းတမ်းတဲ့အငွေ့အသက်ကို မသိမသာရော သိသိသာသာကြီးပါ ခံစားနေခဲ့ရပါပြီ။ဒီလူငယ်လေးဟာ ရေကြောက်တတ်တဲ့သူဖြစ်ခဲ့ပေမယ့် ရေပြင်ကျယ်ကြီးနဲ့ နက်နက်ရှိုင်းရှိုင်း ပတ်သက်ခဲ့ဖို့လည်း ကုသိုလ်ကံပါလာခဲ့သူပါ။ ဒီဇာတ်လမ်းမှာထဲမှာ လှပတဲ့ ကျေးလက်ရှုခင်းများအပြင် စစ်အတွင်းကာလရဲ့ ဆိုးဝါးကြမ်းကြုတ်လှတဲ့ ကံတရားတွေ လူနဲ့တိရိစ္ဆာန်တွေကြားထဲက ချစ်ခြင်းမေတ္တာတွေကို အလှပဆုံး ဖေါ်ကြူးထားခဲ့ပါတယ်။ ဇာတ်လမ်းဟာ အရမ်းကိုရိုးရှင်းလှသလို ဇာတ်ကွက်ဇာတ်အိမ်ကလည်း သိပ်ကို ရိုးရှင်းလှပါတယ်...ဒါပေမယ့် သူ့ခေတ်သူ့အခါတုန်းက Box office: 103.1 million USD ဝင်ငွေပြန်လည်ရရှိခဲ့တဲ့အထိ အောင်မြင်ခဲ့ပြီး သိပ်ကိုလှပတဲ့ဇာတ်လမ်းလေးတစ်ခုလို့သတ်မှတ် ခံထားရတာပါ ။ Rating အနေနဲ့ကတော့ IMDb 6.5 ရရှိခဲ့ပြီး Rotten Tomatoes မှာ 74% ရရှိထားပါတယ်။ ဘာကြောင့် ခုလို ဝင်ငွေကောင်းပြီး Rating တွေမြင့်နေလဲဆိုတာတော့ ကိုယ်တိုင်ပဲ ကြည့်ရှုခံစားလိုက်ပါဦး။   File size…(999 MB) and (360MB) Quality…Blu-Ray ...
6.5
IMDB: 6.5/10 34,123 votes
movie

The Water Horse (2007)

2007
Barbie and the Diamond Castle (2008) 6.2
Barbie and the Diamond Castle (2008)   2008 ခုနှစ်​ကထွက်​ထားတဲ့ ဘာဘီ စီးရီးရဲ့ ​အောင်​မြင်​ထားတဲ့ဇာတ်​ကား​လေးတစ်​ကားကို တင်​ဆက်​​ပေးလိုက်​ပါတယ်​ ဇာတ်​ကား​လေးက မြီး​ကောင်​​ပေါက်​မ​လေး​တွေ သဲသဲလှုပ်​ကြိုက်​ကြတဲ့ Animated ကား​လေးပါ ပြီး​တော့ တစ်​ကားလုံး မပျင်းရ​အောင်​ သီချင်း​လေး​တွေနဲ့ ဆိုပြီး ဆွဲ​ဆောင်​ထား ပါ​သေးတယ်​ ဇာတ်​လမ်း အကျဉ်း​လေးက​တော့ လိယားနာ နဲ့ အဲလိဆာ တို့နှစ်​​ယောက်​ဟာ သိပ်​ချစ်​ကြတဲ့ သူငယ်​ချင်း​တွေဖြစ်​ပြီး​တော့ သီချင်းဆို ၀ာသနာပါကြပြီး တ​ယောက်​ကို တ​ယောက်​မျက်​စိ​အောက်​က အ​ပျောက်​မခံကြပါဘူး ဒီလိုနဲ့ တစ်​​နေ့မှာ သ​တောင်းစား ကြီး တစ်​​ယောက်​က သူတို့ကို ​မှော်​မှန်​ကြီး စွန့်​ကြဲလိုက်​ပါတယ်​ အဲ့ဒီ့​မှော်​မှန်​ကြီးက သီချင်းသံကြားရင်​ ဒွန့်​ပြီး ပုံရိပ်​​တွေ​လျှောက်​ပြပါတယ်​ ဉာဏ်​​ကောင်းလွန်းတဲ့ လိယားနာ နဲ့ အဲလီဆာ တို့၂​ယောက်​ ပုံရိပ်​​တွေကို ပ​ဟေဠိ​ဖော်​ပြီး ရတနာ​တွေကို ရှာ​ဖွေနိုင်​မှာလား ဘာ​တွေဆက်​ဖြစ်​ကြမလဲဆိုတာကို​တော့ ဆက်​လက်​ ကြည့်​လိုက်​ပါ​တော့ဗျို့ Qty - DVD rip Gern - Animation/Musical Duration - 1hr 44min Translator - Si Thu Encoder -Kyaw Ye Aung
6.2
IMDB: 6.2/10 1,514 votes
movie

Barbie and the Diamond Castle (2008)

2008
Mary and the Witch’s Flower 6.8
Mary and the Witch’s Flower မယ်ရီဆိုတဲ့ ကလေးမလေးဟာ မွေးရာပါ ဆံပင်နီကြောင်ကြောင်လေးပေါ့ အရမ်းသွတ်သွတ်လက်လက် နေတက်သလို လုပ်သမျှတိုင်းကလဲ အလွဲတွေကြီးပါပဲ သူဟာ လူကြီးမိဘ တွေကို အရမ်းကူညီချင်ပေမယ့် သူလုပ်လိုက်တိုင်း အလွဲကြီးတွေ ဖြစ်လို့ မခိုင်းရဲကြဘူး ဒီလိုနဲ့ မယ်ရီ လေးဟာ ဟိုယောင်ယောင် ဒီယောင်ယောင် လေး ဖြစ်နေတာပေါ့ တစ်ရက်မှာတော့ တောစပ်အနီးမှာ မုန့်စားနေတုန်း ကြောင်လေး တစ်ကောင် မုန့်လာတောင်းစားလို့ ကျွေးလိုက်မိရင်း အဲ့ဒီကြောင်လေး တောအုပ်ထဲကို အ၀င် စပ်စုပြီး လိုက်သွားပါတော့တယ် မယ်ရီ တစ်ဖြေးဖြေး လိုက်သွားရင် ကြောင်လေးဟာ ၂ ကောင်ဖြစ်သွားပြီး ထူးဆန်းတဲ့ ပန်းတွေ ရှိရာကို လမ်းပြပေးခဲ့ပါတယ် အရမ်းလှလွန်းတဲ့ ပန်းလေးမို့ မနေနိုင်ပဲ ခူးမိပြီး အိမ်သို့ သယ်သွားတဲ့နောက် မယ်ရီ ဘ၀ မှာ ထူးထူးဆန်းဆန်း ကိစ္စတွေပဲ ဆက်တိုက်ကြုံလာခဲ့ရသောအခါ... ဒီ Japan Animation ရုပ်ရှင်ကို ဘာသာပြန်ပေးထားသူကတော့ ThinZar Htet ဖြစ်ပါတယ်   File size - ( 770MB ) Quality - BluRay Rip Format - MP4 Duration - 1h 43m Subtitle - Myanmar Subtitle Encoder - Thit ...
6.8
IMDB: 6.8/10 1,192 votes
movie

Mary and the Witch’s Flower

2017
Secret Superstar (2017) 8.2
Secret Superstar (2017) အဆိုတော်တစ်ယောက်ဖြစ် ချင်တဲ့ (၁၄)နှစ်အရွယ် မွတ်စလင်မိန်းကလေးတစ်ယောက်အ ကြောင်းကို ဇာတ်အိမ်တည်ထား ပြီး Aamir Khan၊ Zaira Wasim၊Meher Vij၊ Raj Arjun စတဲ့ သရုပ်ဆောင်တွေ အဓိကပါဝင် ထားတာပါ။ အထက်တန်းကျောင်းသူလေးအင်ဆူဟာ စည်းကမ်းတင်းကျပ်လွန်းပြီး အကြင်နာတရားမရှိ တဲ့ ဖခင်ရဲ့ အုပ်ထိန်းမှုအောက် မှာ နေရသူဖြစ်ပြီး သမီးကြီးဆိုပေ မယ့်လို့ မိန်းကလေးတွေကို ဖိနှိပ်တဲ့ အသိုင်းအ၀ိုင်းကဖြစ်တဲ့အ တွက် မျက်နှာသာအပေးမခံရပါ ဘူး။ သီချင်းဆိုဝါသနာပါပြီး အ ဆိုတစ်ယောက်ဖြစ်ချင်တဲ့ အင် ဆူရဲ့စိတ်ကူးအိပ်မက်ကို သူ့အမေက နားလည်သဘောပေါက်ပြီး သီချင်းတွေနဲ့ ထိတွေ့ခွင့်ပြုပေမယ့်လို့ သူ့အဖေသိသွားတဲ့အခါ မှာ ဆူဟောက်မာန်မဲခံရသလို အင်ဆူရဲ့ ဂစ်တာလေးပါ ဖျက်ဆီးခံရပြီး သီချင်းဆိုဖို့ကိုလည်း တား မြစ်ပိတ်ပင်ခံရပါတော့တယ်။ အဆိုဝါသနာရှင်လေး အင် ဆူဟာ သူ့အဖေဘယ်လောက်ပဲ မာန်မဲရိုက်နှက်ပါစေ သူ့အိပ်မက် ကို အကောင်အထည်ဖော်ဖို့ လုံးဝလက်မလျှော့ခဲ့ပါဘူး။ အိမ်ကနေ မွမ်ဘိုင်းကို ...
8.2
IMDB: 8.2/10 8,537 votes
movie

Secret Superstar (2017)

2017
WEB-DL 720p
WALL·E (2008) 8.4
WALL·E (2008) ဒီတစ်ခါတော့ IMDb Rate 8.5 အထိရရှိထားတဲ့ Animated Film လေးတစ်ခုမိတ်ဆက်ပေးချင်ပါတယ် ကာတွန်းကားကိုကလေးတွေပဲကြည့်တဲ့ကားလို့ပြောတဲ့ခေတ်ကုန်ခဲ့ပါပြီ... ကာတွန်းကားတိုင်းကိုတော့မဆိုလိုပါ... ကမ္ဘာကျော် Animation ကုမ္မဏီတွေက နှစ်စဉ်အောင်မြင်မှုတွေများစွာရတဲ့ Animation ရုပ်ရှင်တွေကို အမြဲထုတ်ပေးခဲ့ပြီး အောင်မြင်ခဲ့တဲ့ရုပ်ရှင်တွေမှာလည်းပေးချင်တဲ့Messageရည်ရွယ်ချက်တွေ..အများကြီးတွေ့ရပါတယ်.. ယူတတ်ရင်သင်ခန်းစာတောင်ရပါသေးတယ် ဥပမာပြောရမယ်ဆိုရင် Up ကာတွန်းလေးက သာမန် ကာတွန်းကားတစ်ကား တင်မဟုတ်ပဲ၊ အက်ရှင် ဒရမ်မာ ကောင်းကောင်း နဲ့ ရိုက်ကူးထားတဲ့ Animated Film တစ်ခုဖြစ်ပါတယ်။ ဇာတ်လမ်း ကောင်းကောင်း နဲ့ လူကြီး လူငယ် ပရိတ်သတ် အားလုံးကို ဖမ်းစားနိုင်ခဲ့ပါတယ်။ ကျွန်တော် အနေနဲ့ ရုပ်ရှင်တွေတော်တော်များများ ကြည့်ဖူးပေမယ့် ကြည့်ရင်းနဲ့ မျက်ရည်ဝဲလောက်အောင် ခံစားချက်ရသပေးနိုင်တဲ့ ကားမျိုး က လက်ချိုးရေလို့ရပါတယ်။ ဒီ UP ကတော့ ဇာတ်လမ်း အစမှာထဲက တင်ဆက်ပုံကောင်းကောင်းနဲ့ ပရိတ်သတ်ကို ဖမ်းစားသွားနိုင်ခဲ့ပါတယ်.... အခုဒီ Wall-E ဆိုတဲ့ Animated Film ဟာ..2008 ခုနှစ်မှာထွက်ရှိခဲ့ပါတယ်.. IMDb မှာ Rating က 8.5/10 ...
8.4
IMDB: 8.4/10 829,713 votes
movie

WALL·E (2008)

2008
Blu-Ray 720p
Gnomeo & Juliet(2011) 6.0
Gnomeo & Juliet(2011) Gnomeo & Juliet(2011) IMDb...6 Gnomeo and Juliet ကာတွန်းကားလေးကတော့ ၂၀၁၁ မှာထွက်ရှိထားတာပဲဖြစ်ပါတယ် ဒီဇာတ်လမ်းမှာ ပါဝင်ထားတဲ့ အသံသရုပ်ဆောင်တွေက အပြင်မှာလည်းနာမည်ကြီးတဲ့ ဝါရင့်သရုပ်ဆောင်ကြီးတွေပါပဲ ဒီဇာတ်လမ်းထဲမှာတော့ အနီရောင်မိသားစုနဲ့အပြာရောင်မိသားစုဟာ ခေတ်အဆက်ဆက်က ရှိလာခဲ့တဲ့ရန်ငြိုးဟောင်းတွေကြောင့် တစ်ဖက်နဲ့တစ်ဖက်မုန်းတီးနေကြပါတယ် သူတို့ကတော့ ပန်းခြံထဲမှာထားတဲ့ gnome အရုပ်လေးတွေပေါ့ သူတို့ရဲ့သခင်တွေဖြစ်တဲ့ အိမ်ရှင်နှစ်ယောက်ကလည်း မတည့်သလို အနီနဲ့အပြာမိသားစုတွေကလည်း လမ်းမှာတွေ့ရင် ဦးရာလူကချကြတာပေါ့ အပြာရောင်မိသားစုဘက်က ခေါင်းဆောင်ရဲ့သားဖြစ်သူ နိုမီယိုနဲ့ အနီရောင်ခေါင်းဆောင်ရဲ့သမီးဖြစ်သူ ဂျူးလိယက်တို့နှစ်ယောက်ဟာ အကြောင်းတစ်ခုကြောင့် ဆုံတွေ့မိခဲ့ပြီး တစ်ယောက်နဲ့တစ်ယောက်ချစ်မိသွားခဲ့ပါတော့တယ် တစ်ဖက်နဲ့တစ်ဖက်မုန်းတီးနေကြတဲ့ မိသားစုနှစ်စုရဲ့ရန်ငြိုးတွေကြားမှာ သူတို့ချစ်သူနှစ်ယောက်ရဲ့ အချစ်တွေရှင်သန်နိုင်ပါမလား ဘယ်လိုအခက်အခဲတွေကြုံတွေ့မှာလဲ နိုမီယိုနဲ့ဂျူးလိယက်တို့ချစ်သူနှစ်ယောက်ဟာ ဒီရန်ငြိုးတွေကို အဆုံးသတ်ပေးနိုင်မှာလား ဒါမှမဟုတ် ဝေးကွာသွားကြမလားဆိုတာ ဆက်လက်ကြည့်ရှူ့ကြပါစို့..ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ ကို Lyric Lynn Khant ဖြစ်ပါတယ်... File Size : (750 MB) and (331 MB) Quality : ...
6.0
IMDB: 6.0/10 46,296 votes
movie

Gnomeo & Juliet(2011)

Blu-Ray 720p
Jumanji (1995) 6.9
Jumanji (1995)     ကျနော်တို့ ကလေးဘ၀ ကတည်းက ကြည့်ရှု့နှစ်ခြိုက် ခဲ့ရတဲ့ Jumanji ဇာတ်ကားလေး တင်ဆက် ပေးလိုက်ရပါတယ်။ ကလေးငယ်လေး နှစ်ယောက် ဟာ မမျှော်လင့်ဘဲ ဒီ ဂျုမန်ဂျီလို့ခေါ်တဲ့ ကစားကွက် ကိုတွေ့ရှိခဲ့ပါတယ်။ ဒီတော့လည်း ကလေးတို့ ထုံးစံ အတိုင်း ကစားကြည့်တာပေါ့ အဲ့အချိန်မှာမှ သိလိုက်ရတာက ဒီကစားနည်းမှာ ကျတဲ့ အတိုင်း အပြင်လောက မှာ တစ်ကယ်ဖြစ်လာတယ် ဆိုတာပါပဲ တောရိုင်းတိရိစ္ဆာန်တွေ ထွက်လာတာ ခြင်တွေက ဒုက္ခပေးတာ မုဆိုးတစ်ယောက်က သင့်ကို လိုက်သတ် လိမ့်မည် ဆိုတာမျိုးတွေပေါ့ ဒါပေမဲ့ စည်းကမ်း ချက် တစ်ခု ရှိပါတယ် ဒီကစားနည်း ကို အပြီး အထိ ကစားမှသာ ကစားနည်းကြောင့် ကြုံနေရတဲ့ အန္တရာယ်တွေ ပျောက်ကွယ်သွားမှာပါ။ ဒီလို အန္တရာယ်တွေ ကြားထဲမှာ သူတို့ ဘယ်လိုများ ဒီ ...
6.9
IMDB: 6.9/10 228,558 votes
movie

Jumanji (1995)

1995
The Breadwinner (2017) 7.5
The Breadwinner (2017) Breadwinner ဇာတ်​ကား​လေးဟာ ၂၀၁၇ခုနှစ်​ထွက်​ ​ကာတွန်းကား​လေးဖြစ်​ပါတယ်​ Imdb rating 7.6/10.....rotten tomatoes 94% ထိရရှိထားတဲ့ အကြိမ်​ ၉၀​မြောက်​အကယ်​ဒမီ ဇကာတင်​ကား​လေးဖြစ်​ပါတယ်​ စာ​ရေးဆရာDeborah Ellisရဲ့အ​ရောင်းရဆုံးဝတ္ထုကိုအ​ခြေခံရိုက်​ကူးထားပြီး နာမည်​ကြီးမင်းသမီးဂျိုလီကိုယ်​တိုင်​ထုတ်​လုပ်​​ရေးမှာပါဝင်ခဲ့ပါတယ် ဇာတ်​လမ်းအကျဉ်းက​တော့..... ဇာတ်​လမ်းနာမည်​​လေးဖြစ်​တဲ့ breadwinner ဆိုတဲ့အဓိပ္ပါယ်​က မိသားစုအတွက်​ရုန်းကန်​​ထောက်​ပံ့​ပေးသူ ကိုဆိုလိုတာပါ တာလီဘန်​​တွေအုပ်​စိုး​နေတဲ့ကာဘူးလ်​မြို့မှာ ပါဗာနာဆိုတဲ့ကောင်မလေးတစ်ယောက်ရှိတယ် သူမဟာ ငယ်ရွယ်လှပသူဖြစ်ပေမယ့် တာလီဘန်ကြီးစိုးတဲ့နေရာမှာ နေရတဲ့အပြင် ခြေတဖက်ပြတ်ဖခင်နဲ့မိခင်အိုကြီးကိုလုပ်ကျွေးနေရလေတော့ နေ့စဉ်နဲ့အမျှခက်ခဲပင်ပန်းနေရရှာတယ်. ဒါ့အပြင် သူမမှာ လူမမယ်မောင်လေးတစ်ယောက်လည်းရှိသေးတယ်.. ဘယ်လိုပဲပင်ပန်းပါစေ သူမဟာ မိသားစုအတွက်ရုန်းကန်နေရတာကိုပျော်ရွှင်နေပါတယ်​ တစ်​​နေ့မှာ​တော့ အစွန်းရောက်တစ်ချို့ဟာ သူမရဲ့ဖခင်ကြီးကို မှားယွင်းစွပ်စွဲခဲ့ပါတယ်.. သူမဟာ ဖခင်ရဲ့အခက်အခဲတွေဖြေရှင်းဖို့ကြိုးစားနေတုန်းမှာပဲအစွန်းရောက်တွေက စည်းကမ်းချက်အသစ်ထုတ်လိုက်ပါတယ်.. အဲ့ဒါကတော့ ယောင်္ကျားလေးအုပ်ထိန်းသူမပါပဲ အမျိုးသမီးတွေအပြင်မထွက်ရဆိုတဲ့ အမိန့်ပါပဲ.. ကိုင်းပရိတ်သတ်ကြီးရေ ပါဗာနာဆိုတဲ့ကောင်မလေးတစ်ယောက် ဖခင်ကြီးရဲ့အခက်အခဲတွေကိုဘယ်လိုကူညီရင်ဆိုင်ဖြေရှင်းမလဲ.. အုပ်ထိန်းသူယောင်္ကျားလေးမပါအမျိုးသမီးများအပြင်မထွက်ရအမိန့်ကိုလက်တစ်လုံးခြားဘယ်လိုရင်ဆိုမလဲ.စတာတွေကို ကြည့်ရှုခံစားကြည့်လိုက်ပါဦး   (ဘာသာပြန်သူကတော့ အိပပစံပါ)   File Size : (800 MB) and (330 MB) Quality : Blu-Ray 720p Running Time : 1h 34min  Format : Mp4 Genre : Animation, Drama, Family Subtitle : ...
7.5
IMDB: 7.5/10 950 votes
movie

The Breadwinner (2017)

2017
Wonder (2017) 8.1
Wonder (2017) ကျွန်တော်တို့ငယ်စဉ်ကတည်းကလူ့အသိုင်းအ၀ိုင်းနဲ့စတင်ထိတွေ့ချိန်မှာ အခက်အခဲမျိုးစုံကြုံတွေ့ရလေ့ရှိပါတယ်။ အခြေအနေအလိုက် ပိုမိုရုန်းကန်ရတဲ့သူတွေရှိသလို သက်တောင့်သက်သာရဲ့ဖြတ်သန်းသွားရသူတွေလည်းရှိပါတယ်။ ဒါပေမယ့် လူတိုင်းဟာကိုယ့်အပူနဲ့ကိုယ်၊ ကိုယ်ပိုင်ဖြေရှင်းစရာပြဿနာတစ်ခုခုကတော့ရှိနေတတ်တာပါပဲ။ ဒါတွေကို သေချာမြင်အောင် ကြည့်နိုင်မယ်ဆိုရင်တော့ အားလုံးသာသူ့နည်းသူ့ဟန်နဲ့တိုင်ပတ်နေတာဖြစ်ပြီး ဘယ်သူရယ်မှ သူဟာပုံမှန်လူ သူဟာပုံမှန်မဟုတ်တဲ့လူရယ်လို့ ရှိတော့မှာမဟုတ်ပါဘူး။ ဒီဇာတ်ကားလေးဟာ လူတိုင်းကြည့်သင့်တဲ့ဇာတ်ကားလေးပါ။ အဓိကဇာတ်ကောင်လေးဖြစ်တဲ့ အော်ဂီဟာမွေးရာပါချို့ယွင်းချက်တွေနဲ့ခွဲစိပ်မှုပေါင်းများစွာပြုလုပ်ခဲ့ရတဲ့ ကလေးတစ်ယောက်။ ပုံမှန်လူတွေရယ်လို့သတ်မှတ်ထားတဲ့သူတွေရှိတဲ့ မျက်နှာအသွင်အပြင်မရှိရှာတဲ့သူတစ်ယောက်။ သူ့မိသားစုလေးမှာ တစ်မိသားစုလုံးကို ရယ်မောပျော်ရွှင်စေပြီး အမြဲတမ်းအားပေးတတ်တဲ့အဖေ၊ ကိုယ့်သားသမီးတွေကို အရာအားလုံးစွန့်လွှတ်ပြီး ဂရုစိုက်တတ်တဲ့အမေ၊ ကိုယ့်မိသားစုကိုပြန်ထောက်ကြည့်တတ်တဲ့ အစ်မဖြစ်သူအိုလစ်ဗီယာ ဆိုပြီးမိသားစုသုံးယောက်ရှိပါတယ်။ ဒီဇာတ်ကားမှာ မွေးဖွားလာစဉ်ကတည်းကချို့ယွင်းရှာတဲ့သားဖြစ်သူကို အားလုံးထက်ပိုဂရုစိုက်တတ်တဲ့မိခင်၊ ဘယ်တော့မှလက်မလျှော့ပဲ ကိုယ့်သားသမီးအပေါ်ယုံကြည်စိတ်မပျက်တတ်တဲ့ မိဘတွေရဲ့စိတ်၊ ကိုယ့်သားသမီးတွေတစ်ခုခုလိုအပ်နေပြီဆိုရင် အမြဲပြန်လည်ဖြည့်ဆည်းပေးဖို့ကြိုးစားတတ်တဲ့ မိဘတွေရဲ့မေတ္တာ၊ ကိုယ့်မောင်လေးအတွက် မိဘတွေရဲ့မေတ္တာကို ကြည်ကြည်ဖြူဖြူခွဲဝေပေးတဲ့ အစ်မတစ်ယောက်ရဲ့မေတ္တာ၊ သည်းခံစိတ်၊ စွန့်လွှတ်စိတ်၊ မိဘမောင်နှမတွေရဲ့ အားပေးမှု၊ ကူညီရိုင်းပင်းထောက်ပံ့မှုတွေနဲ့ အားတင်းအရှုံးမပေးတတ်တဲ့ အော်ဂီ၊ သူ့အတွက်ထိုးနှက်မှုများစွာနဲ့ ကြိုဆိုနေတဲ့ လောကကြီးထဲ ရဲရဲဝင့်ဝင့်မိသားစုရဲ့အင်အားနဲ့ ကြံကြံခိုင်ရပ်တည်နိုင်တဲ့ အော်ဂီ၊ စသည်ဖြင့် မိသားစုတစ်ခုမှာရှိရမယ့် မိသားစုစိတ်ဓာတ်ကိုအပြည့်အ၀ဖော်ညွှန်းပြထားပါတယ်။ ဒါပေမယ့် လူဆိုတာမျိုးဟာ ပြောင်းလဲတတ်တဲ့အမျိုးမဟုတ်လားဗျာ။ ဘေးပတ်ဝန်းကျင်လူ့အသိုင်းအ၀ိုင်းရဲ့ ဘောင်ကန့်သတ်ချက်တွေ၊ ထိုးနှက်မှုတွေကြားမှာယိုင်နဲ့တတ်တဲ့သဘာဝလည်းရှိတတ်တာပါပဲ။ ဒီလိုနဲ့ လမ်းမှားကိုတဒင်္ဂရောက်သွားရတဲ့သူတွေရှိသလို၊ မရုန်းထွက်နိုင်တော့တဲအထိနွံ့နစ်သွားရတဲ့သူတွေလည်းရှိပါတယ်။ ဒီလိုမဖြစ်ရအောင် ...
8.1
IMDB: 8.1/10 22,754 votes
movie

Wonder (2017)

2017
Alexander and the Terrible, Horrible, No Good, Very Bad Day(2014) 6.2
Alexander and the Terrible, Horrible, No Good, Very Bad Day(2014) Alexander and the Terrible, Horrible, No Good, Very Bad Day(2014) IMDb....6.2,Rotten ...60 ရုပ်ရှင်အမျိုးအစား family,comedy ဆိုတာမျိုးတွေက rating ပေးတာနည်းပါတယ်...5ဆိုရင်တောင် အတော်ကောင်းကြတာများပါတယ် ကျွန်တော့အထင်ပေါ့လေ.6.2 ဆိုတော့ကြည့်ရတာမဆိုးဘူး..ရယ်လည်းရယ်ရတယ် မိသားစုတွေမှာဖြစ်တတ်တဲ့ချို့ယွင်းချက်လေးတွေ ဖြည့်ဆည်းပေးရမယ့် အရာလေးတွေကို ဟာသလေးတွေနဲ့ပညာသားပါပါပြသွားတယ်...Ben Cooper တို့ဇနီးမောင်နှံမှာ ကလေး (၄)ယောက်ရှိတယ်...အရွယ်အသီးသီးနဲ့ဆိုတော့ မိဘတွေအနေနဲ့လည်း ထိန်းသိမ်းရမလွယ်ပါဘူး....အမေက အလုပ်သွား အဖေကလည်း အလုပ်ပြုတ်လို့အိမ်မှာကလေးထိန်း....ကျန်တဲ့ ကလေးတွေက ကျောင်းသွားကြပေါ့ .... အလက်ဇန်းဒါးဆိုတဲ့ ကောင်လေးရဲ့စိတ်ထဲမှာ ခံစားနေရတာတစ်ခုရှိတယ် အဲ့ဒါက သူတစ်ယောက်ထဲကသာ ကံတွေဆိုး ဘယ်သူမှဂရုစိုက်မခံရ အားလုံးရဲ့လျစ်လျူရှုခံရလို့တွေးနေမိတယ်...သူ့ကိုလည်းအပြစ်လို့ပြောမရပြန်ဘူး..ဒီတော့ ကလေးပီပီ ကျိန်စာတိုက်လိုက်တယ်...သူကလွဲလို့ ဘယ်သူမှအဆင်မပြေပါစေနဲ့ဆိုပြီးတော့ပေါ့...ဒီလို့နဲ့နောက်နေ့ မိုးလင်းတော့ သူ့ကျိန်စာက တကယ်ဖြစ်နေတယ်.......ကိုင်းပြိတ်သတ်ကြီးရေ သရုပ်ဆောင်တွေကတော့သိပြီးသားနေမှာပါ....Steve Carell  ,Jennifer Garner နဲ့ 13 Reasons Why   ဇာတ်လမ်းနဲ့ လူသိများခဲ့တဲ့  Dylan Minnettle တို့ဖြစ်ပါတယ်.... File Size…(950MB) and (355MB) Quality…BluRay 720p Format…mp4 Duration…01:21:00 Subtitle…Myanmar ...
6.2
IMDB: 6.2/10 33,771 votes
movie

Alexander and the Terrible, Horrible, No Good, Very Bad Day(2014)

2014
Wonderstruck (2017) 6.8
Wonderstruck (2017) ဒီဇာတ်ကားလေးက IMDb 6.6 ရ ထားပြီး စာရေးဆရာ Brian Selznick ရဲ့ 2011 ခုနှစ်မှာထွက်ရှိခဲ့တဲ့ Wonderstruck ဆိုတဲ့ Novel ကို ပြန်လည်အသက်သွင်းထားတာပါ မိဘမဲ့ကလေးဖြစ်တဲ့ ဘန် ဆိုတဲ့ကောင်လေးဟာ မွေးတည်းက နားတစ်ဖက်မကြားတဲ့သူတစ်ယောက်ဖြစ်ခဲ့တယ် သူဟာ သူ့ရဲ့ဖခင်ကို ဘယ်တုန်းကမှ မသိခဲ့သလို သူ့အမေကလဲ တစ်ခါမှမပြောပြခဲ့ဖူးပါဘူး ဘန်ရဲ့မိခင်ပိုင်တဲ့ စာအုပ်လေးတစ်အုပ်ရဲ့ကြားထဲက Bookmark လေးမှာ ရေးထားတဲ့ စာတိုလေးမှာ Love Danny လို့အဆုံးသတ်ထားတာကိုတွေ့ခဲ့ပြီး သူ့အဖေနာမည်ဖြစ်ရမယ်လို့ တွေးခဲ့တယ် တစ်ည သူတို့အိမ်ကို မိုးကြိုးပစ်လိုက်ရာက ဘန် ရဲ့ ကျန်ရှိနေတဲ့နားတစ်ဖက်ကိုလျှပ်စီးဝင်ပြီး လုံးဝနားမကြားသူတစ်ဦး ဖြစ်သွားခဲ့တယ် သူ့ရဲ့ဖခင်ကိုရှာပုံတော်ထွက်ဖို့အတွက် ဆေးရုံကထွက်ပြေးပြီး နယူးယောက်မြို့ကြီးကို တစ်ယောက်တည်း ထွက်လာခဲ့ပါတယ် တစ်ယောက်တည်းဒုက္ခရောက်နေတုန်း ဂျေမီဆိုတဲ့ ကောင်လေးနဲ့ သူငယ်ချင်းတွေဖြစ်သွားပြီး နယူးယောက်မြို့ သဘာဝသမိုင်းပြတိုက်မှာ ပုန်းအောင်းနေခဲ့ကြတယ် တစ်ဖက်မှာလည်း ရို့စ်ဆိုတဲ့ ကလေးမလေးဟာ မွေးတည်းကနားမကြားတဲ့သူတစ်ယောက်ပါပဲ ရို့စ်ကလဲ အိမ်မှာ မပျော်ရွှင်လို့ သူအရမ်းသဘောကျတဲ့ မင်းသမီးကြီး လီလီယန်ကို ...
6.8
IMDB: 6.8/10 1,848 votes
movie

Wonderstruck (2017)

2017

Genres

Like Us!