Channel Myanmar

Fancy

The Sorcerer and the White Snake 5.9
The Sorcerer and the White Snake နာမည်ကြီးမင်းသားဂျက်လီနဲ့ကားဆိုတာနဲ့တင်ပြောစရာကိုမလိုတော့ပါဘူး.. ဒီကားကတော့ ကြည့်ဖူးသမျှဂျက်လီရဲ့ကားတွေထဲမှာ အကောင်းဆုံးနဲ့ အမိုက်ဆုံးကားတစ်ကားဆိုရင်လည်းမမှားပါဘူး... ၂၀၁၁ ကရိုက်ခဲ့တဲ့ကားပေမယ့် CGI Effect တွေကတော့ဒီနေ့အထိ ကောင်းမွန်ဆဲလို့ပြောရမှာပါပဲ... မိစ္ဆာတွေကိုလိုက်ဖမ်းတဲ့ကျောင်းတိုင်ဘုန်းတော်ကြီးဖအိုင် အဖြစ် ဂျက်လီကိုမြင်ရမှာဖြစ်ပါတယ်... သူဟာမိစ္ဆာပေါင်းစုံကိုလိုက်လံနှိမ်နင်းဖမ်းဆီးပြီးတော့ ကျောင်းဆောင်အပေါ်ထပ်မှာချုပ်နှောင်ထားရပါတယ်.. သူအဲလိုလိုက်လံဖမ်းဆီးနေတဲ့အချိန် တခြားအရပ်မှာတော့  မိစ္ဆာမြွေမလေး ၂ ယောက်ထဲက အမဖြစ်သူ စုစုဟာ လူသားယောကျာင်္းလေးတစ်ယောက်ကို ရုတ်တရက်မြင်မိရာကနေ ချစ်ကြိုက်မိသွားပါတယ်... အဲဒီအချိန်မှာဇာတ်လမ်းကစတော့တာပါပဲ... အချစ်မှာ မျက်စိမရှိဘူးဆိုပေမယ့် လူသားတစ်ယောက်နဲ့မိစ္ဆာတစ်ကောင်ဟာ အတူတူပေါင်းစည်းဖို့ဆိုတာ ဖြစ်နိုင်ပါ့မလား... ပေါင်းစည်းလို့ရခဲ့ရင်တောင်မှ အခက်ခဲတွေအများကြီးရှိမှာပါ.. ဒါပေမယ့် ဒီကားလေးမှာကတော့ အချစ်ကြီးတဲ့ မိစ္ဆာမြွေဖြူမလေးတစ်ယောက်ရဲ့ နှလုံးသားဖြူဖြူလေးကို အသေချာမြင်တွေ့ရမှာပါ.. တစ်ကားလုံးနီးပါး စိတ်ဝင်တစားကြည့်ရမှာဖြစ်ပြီးတော့  လူသားကောင်လေးတစ်ယောက်နဲ့ မိစ္ဆာမြွေမလေးတစ်ယောက်ရဲ့ အချစ်ဇာတ်လမ်းဟာ အားလုံးရဲ့စိတ်ကိုအဆုံးထိဆွဲဆောင်သွားမှာကလည်း ဒီဇာတ်ကားရဲ့ထူးခြားချက်တစ်ခုလိုပါပဲ... ဖိုက်တင်မင်းသားကြီးဂျက်လီဇာတ်ကားတိုင်းမှာ ဖိုက်တင်အလန်းတွေနဲ့ ကြည့်ရမှာဆိုပေမယ့်လည်း ဒီဇာတ်ကားကတော့ သနားစရာအချစ်ဇာတ်လမ်းလေး တစ်ခုကို ဇာတ်အိမ်တည်ပြီးတော့ ရေးသားထားတာကြောင့် ဖိုက်တင်ကားကြိုက်သူများတောင် ၀မ်းနည်းသွားစေရမယ့်ရသကို အပြည့်ဝခံစားရမှာပဲဖြစ်ပါတယ်.... ဒါကြောင့် ကိုရီးယားအချစ်ဇာတ်ကားတွေကိုကြည့်ပြီး ခံစားချင်တဲ့လူတွေအတွက် ဒီ တရုတ်ကားလေးကိုကြည့်ကြည့်ပါ... အိမ်မှာနေပြီးတော့ ဖီးလ်းအပြည့်ဝယူချင်သူများအတွက် ဒီကားလေးကြည့်ပြီး ဘ၀အမောများပြေနိုင်မှာပါ.... ဒီကားလေးကြည့်ပြီး အချစ်ကြီးသူများဖြစ်ကြပါစေလို့ဆုတောင်းပေးပါတယ်.... File Size : (1 GB) and (264 MB) Quality : BluRay 720p Running Time : 1hr 40min Format : Mp4 Genre : Action,Fantasy,Romance Subtitle : Myanmar Subtitle (Hard Sub) Source : BluRay 1080p Translated by ...
5.9
IMDB: 5.9/10 7,400 votes
movie

The Sorcerer and the White Snake

2011
Blu-Ray 1080p
Annihilation (2018) 7.9
Annihilation (2018) လူတွေက ဆုံးဖြတ်ချက်တွေချတာလား၊ ကိုယ့်စိတ်ကတွန်းအားပေးတဲ့အတိုင်း လိုက်လုပ်နေကြတာလား? ကိုယ့်ကိုယ်ကိုသေကြောင်းကြံတာနဲ့ ကိုယ့်ကိုယ်ကိုဖျက်ဆီးတာ တူသလား? ပျက်သုန်းခြင်းဆိုတာ ဘာလဲ? လီနာ့ယောက်ျား စစ်မစ်ရှင်ရှိတယ်ဆိုပြီး ထွက်သွားတာ တစ်နှစ်ရှိပါပြီ။ ဘာမစ်ရှင်လဲ၊ ဘယ်ကိုသွားရမှာလဲ၊ ဘယ်သူတွေနဲ့လဲဆိုတာ လီနာကိုယ်တိုင်တောင်မသိရပါဘူး။ လီနာကတော့ သူ့ယောက်ျားသေသွားပြီလို့ပဲ မှတ်ယူထားခဲ့ပါတယ်။ ဒါပေမယ့် တစ်နေ့မှာ သူ့ယောက်ျား အမှတ်မထင်ပြန်ရောက်လာခဲ့ပါတယ်။ ဘယ်ကိုသွားခဲ့တာလဲ၊ အိမ်ကိုဘယ်လိုပြန်ရောက်လာတာလဲဆိုတာ သူကိုယ်တိုင်တောင် မသိတဲ့အခြေအနေ၊ ရုတ်တရက်ကြီး သွေးတွေအန်ကျလာလို့ ဆေးရုံကိုအပြေး၊ လမ်းမှာ ရဲတပ်ဖွဲ့တစ်ဖွဲ့က လီနာနဲ့ သူ့ယောက်ျားကို ၀င်ဖမ်းသွားပါတော့တယ်။ လီနာ ပြန်နိုးလာတဲ့အချိန်မှာ သူ့ရှေ့မှာ အမိုးခုံးကြီးတစ်ခု၊ သာမန်ထက်ပိုထူးခြားတဲ့ Dimension တစ်ခုကို တွေ့လိုက်တယ်။ အဲ့အမိုးခုံးထဲဝင်သွားသမျှ အရာအားလုံး ဘာမှပြန်ထွက်မလာနိုင်ခဲ့ဘူး။ လီနာရဲ့ယောက်ျားကလဲ ဒီအမိုးခုံးထဲကိုဝင်သွားခဲ့ပြီး အသက်ငင်ငင်နဲ့ပြန်ထွက်လာနိုင်ခဲ့မှန်း သူသိလိုက်ပါတယ်။ အမိုးခုံးကြီး ပိုပိုကြီးမားလာတာနဲ့အမျှ လူသားတွေအတွက် အန္တရာယ်ပိုရှိလာမှန်း သိလာတဲ့အခါ လီနာနဲ့မိတ်ဆွေအမျိုးသမီးတစ်ချို့ဟာ ဒီအမိုးခုံးထဲကို ၀င်ပြီး အထဲကအဖြစ်အပျက်တွေကို သွားလေ့လာပါတော့တယ်။ ဒီဇာတ်ကားဟာ ဘ၀အကြောင်းကိုရေးစပ်ပြထားတဲ့ကဗျာတစ်ပုဒ်နဲ့တူပါတယ်။ ဇာတ်လမ်းထဲမှာပါတဲ့ ဆဲလ်တွေ၊ အပင်တွေ၊ ထူးဆန်းဖြစ်ရပ်တွေနဲ့ ဒီ Dimension ကြီးဟာ ကျွန်တော်တို့ရဲ့ နေ့စဉ်ဘ၀တွေကို ထင်ဟပ်ပြနေသလို အပေါ်ဆုံးက မေးခွန်းတွေအတိုင်းပဲ ...
7.9
IMDB: 7.9/10 11,784 votes
movie

Annihilation (2018)

WEBRIP 720P
Hanson and the Beast (2017) 5.5
Hanson and the Beast (2017) ဂူဂူးမင်းသမီးလေး Liu Yifei နဲ့ မင်းသား William Feng တို့အဓိကပါဝင်ထားတဲ့ Hanson and the Beast ဇာတ်ကားဟာ 2017..December မှာထွက်ရှိထားတဲ့ Comedy.. Fantasy .. Romance ကားလေးဖြစ်ပါတယ်။ ရုပ်ရှင်မင်းသားဖြစ်ချင်လို့ ကိုယ့်ပိုက်ဆံကိုယ်ထုတ် ဇာတ်ကားရိုက်ရာကနေ နောက်ဆုံးအကြွေးတွေ တောင်လိုပုံသွားတဲ့ ယွမ်ရွှိက် (William Feng) ဟာ အကြွေးတွေကြေဖို့အတွက် ပိုက်ဆံရှိအမျိုးသမီးများနဲ့ ခဏခဏဒိတ်နေသူပါ.... တစ်နေ့မှာ ထူးဆန်းစွာကြုံလာတာက ယွမ်ရွှိက်ငယ်ငယ်က ကယ်တင်ပေးခဲ့ဖူးတဲ့ မြေခွေးမိစ္ဆာမလေးပိုင်ချန်းချူ (ဂူဂူး)က ယွမ်ရွှိက်ကိုပြန်တွေ့တော့ ကျေးဇူးကြွေးပြန်ဆပ်မယ်ဆိုပြီး သူ့နောက်ကိုလိုက်ခဲ့ပါတော့တယ်။ သူတို့နှစ်ယောက်တွေ့မိကြပြီး ပိုင်ချန်းချူက သူမဟာ မြေခွေးမလေးဖြစ်ကြောင်းပြောပြီး မြေခွေးပုံစံပြောင်းပြလိုက်တာ ယွမ်ရွှိက်တစ်ယောက်ကြောက်လန့်ပြီးပြေးတဲ့အပြင် လူတွေလဲ မြေခွေးအကြီးကြီးကို မြင်တွေ့သွားကြပါတယ်... ဒါပေမယ့် သူတို့မိစ္ဆာလောကမှာ မိစ္ဆာတွေကိုစီမံခန့်ခွဲရေးဌာနဆိုတာရှိပါတယ်... အဲ့ဒီ့အဖွဲ့က မြေခွေးကိုတွေ့ခဲ့တယ်ဆိုတဲ့ လူတွေရဲ့မှတ်ဥာဏ်ဖျက်လိုက်ပါတယ်။ ပိုင်ချန်းချူဟာ ယွမ်ရွှိက်ကို တကယ်ချစ်ကြိုက်သွားပြီး လက်ထပ်ဖို့ဆုံးဖြတ်ခဲ့ပေမယ့် မိစ္ဆာစီမံခန့်ခွဲရေးဌာနခေါင်းဆောင် ယွင်ကျုန်းဟယ်က မိစ္ဆာနဲ့ လူ ချစ်ကြိုက်ခြင်းကိုတားမြစ်ထားတဲ့သူ ဖြစ်နေတဲ့အခါမှာတော့.....။   (ဘာသာပြန်သူကတော့ မယမင်းသော်တာမောင်ပါ)   File Size : (950 MB) ...
5.5
IMDB: 5.5/10 1,198 votes
movie

Hanson and the Beast (2017)

2017
The Thousand Faces of Dunjia (2018) 5.7
The Thousand Faces of Dunjia (2018) A thousand face of Dunjia (2017) – – – – – – – – – – – – – – – – – – – – 1000 faces of dunjia ကားလေးကတော့ Guardians of the Galaxy လိုကားမျိုးပါ၊အရမ်းမိုက်တဲ့အထူးပြုလုပ်ချက်တွေ၊ဟာသလေးတွေလဲပါတာမို့ရသမျိုးစုံပေးတဲ့ကားကောင်းလေးပါ 12th Asian Film Awards မှာ Best Action Film ၊ Best Costume Design ဆု၊ Best Visual Effects ဆုတွေအတွက် Nominate ဝင်ခဲ့တဲ့ကားလေးပါ လျို့ဝှက်စွာလူသားတွေကိုကာကွယ်စောင့်ရှောက်နေတဲ့ ဝုရင့်အဖွဲ့ဝင် ၇ ယောက်ဟာ တစ်နေ့မှာတော့ငါးမိစ္ဆာတစ်ကောင်ကိုဖမ်းလာရင်း သူ့ထက်စွမ်းအားကြီးသောမိစ္ဆာတစ်ကောင်လာနေတယ်ဆိုတာကိုသိခဲ့ရပါတယ် အဖွဲ့စခန်းချရာနေရာကိုပြောင်းရွှေ့ခဲ့ပြီး မိစ္ဆာဘာရည်ရွယ်ချက်နဲ့လာတယ်ဆိုတာကိုစုံစမ်းရင်း အမှုလိုက် သောင်ရိချန်ရဲ့ကာကွယ်ပေးမှုကြောင့် ချင်းထင်တို့ ...
5.7
IMDB: 5.7/10 25 votes
movie

The Thousand Faces of Dunjia (2018)

2018
The Time Traveler’s Wife (2009) 7.1
The Time Traveler’s Wife (2009) အချိန်တွေနောက်ပြန်သွားလို့ရရင် ကောင်းမှာပဲဆိုတဲ့လူတွေ…… အချိန်တော့နောက်ပြန်လှည့်လို့ရတယ် ဒါပေမဲ့ ဘယ်အချိန်မှာဘယ်နေရာကို ရောက်သွားမယ်မှန်းမသိ၊ ဝမ်းနည်းစရာအဖြစ်အပျက်တွေရှိလာခဲ့ရင်တောင် ဘာမှပြင်လို့မရဘဲ အဲဒီအဖြစ်အပျက်ကို ထပ်တလဲလဲ အချိန်တွေနောက်ပြန်လှည့်ပြီး မြင်နေရရင်ရော???? အချိန်ခရီးသွားလို့ရတာကောင်းပါဦးမလား……. ဒီဇာတ်ကားထဲက မင်းသားရဲ့အနေထားကတော့ အဲလိုပါ။ သူ့အမေကားအက်ဆီးဒင့်ဖြစ်တာကိုလဲ အခါခါပြန်မြင်နေရပေမယ့် ဘာမှလုပ်ပေးလို့မရဘဲ ကြည့်နေရတဲ့ အမေချစ်သားတစ်ယောက်ရဲ့ခံစားချက်ကို အမြဲခံစားနေခဲ့ရတာပါ။ သူ့အတွက်တော့ အချိန်ခရီးသွားတယ်ဆိုတာ ကျိန်စာတစ်ခုလိုပါပဲ။ နောက်ပြီးဘာမှန်းမသိတဲ့အချိန်မှာ ဘယ်မှန်းမသိတဲ့နေရာကို အလိုအလျောက်ပျောက်သွားတတ်တဲ့ ယောက်ျားတစ်ယောက်ကို ငယ်စဉ်ကလေးဘဝကတည်းက ချစ်လာခဲ့ပြီး လက်ထပ်ဖို့ဆုံးဖြတ်ခဲ့တဲ့မိန်းကလေးတစ်ယောက်ရဲ့ဘဝကရော ဘယ်လောက်ထိသာယာချမ်းမြေ့နိုင်မှာလဲ။ ဒါပေမဲ့ ချစ်တဲ့စိတ်တစ်ခုနဲ့ပဲအရာရာကို ကျော်ဖြတ်ရဲခဲ့တဲ့ မိန်းကလေးအတွက် သူ့ယောက်ျားရဲ့ကျိန်စာက အမြဲတမ်းတော့ကျိန်စာမဖြစ်ခဲ့ပါဘူး။ သာမာန်လူတွေနဲ့မတူပေမဲ့လဲ ယောက်ျားတစ်ယောက်အနေနဲ့ ကိုယ့်ဇနီးမယားပေါ် တာဝန်ကျေချင်စိတ်နဲ့ ကြိုးစားပေးခဲ့ပုံတွေကို တွေ့မြင်ရမယ့်ကားလေးဖြစ်ပါတယ်။ ဘယ်လိုပဲကြိုးစားပေမဲ့ အိမ်ထောင်တစ်ခုဖြစ်လာတဲ့အခါ သာမာန်မိန်းမတစ်ယောက်ရသင့်တဲ့ အခွင့်အရေးတွေကို ရချင်မိတဲ့ အချိန်ခရီးသွားတစ်ယောက်ရဲ့ မိန်းမဘဝက ဘယ်လောက်ထိကြေကွဲစရာကောင်းလဲဆိုတာကို ဒီဇာတ်ကားလေးက မိမိရရရိုက်ပြထားတာဖြစ်လို့ လုံးဝလက်မလွှတ်သင့်တဲ့ ဒရမ်မာဇာတ်ကားကောင်းလေးတစ်ကားပါ။   File Size : (950 ...
7.1
IMDB: 7.1/10 124,723 votes
movie

The Time Traveler’s Wife (2009)

2009
Magic to Win (2011) 4.8
Magic to Win (2011)   ထူးခြားဆန်းပြားမှုတွေနဲ့ ကမ္ဘာကြီးထဲက ကိုယ်စီ သဘာဝလွန်စွမ်းအားတွေပိုင်ဆိုင်ထားတဲ့ လူသားတွေရဲ့စိတ်ဓာတ်နဲ့ဘဝနေထိုင်မှုအကြောင်း ရိုက်ကူးထားတဲ့ ဇာတ်လမ်းလေးတစ်ပုဒ်ပါ ဘော်လီဘောအရှုံးကြောင့်စိတ်ညစ်နေတဲ့ ချန်မေစီတစ်ယောက် အမှတ်မထင် သူ့ရဲ့ဆရာ ပါမောက္ခကန်နဲ့တိုက်မိပီး သဘာဝလွန်မှော်စွမ်းအားကို ပိုင်ဆိုင်ခဲ့ရပါတယ် မှော်စွမ်းအားကို သူ့ရဲ့နေထိုင်မှုအတွက် လူငယ်ပီပီရမ်းသမ်းအသုံးချနေခဲ့ပါတယ် တစ်ချိန်ထဲမှာပဲ မီးမှော်ဆရာရဲ့ မှော်အစွမ်းလုယူမှုကြောင့် မှော်အစွမ်းဆုံးရှုံးပီး ဝိညာဉ်ဘဝနဲ့ လေလွင့်နေတဲ့ မြေမှော်ဆရာလေး လင်းဖုန်းနဲ့အမှတ်မထင်တွေ့ဆုံရင်း မှော်ပညာလောကကအရှုပ်ထုပ်တွေအကြား ပါဝင်ခဲ့ရပြန်ပါတယ် အချစ်ဟာသလေးနဲ့ ထူးခြားမှုလေးတွေကို မြင်တွေ့နိုင်မှာပါ တစ်ဖက်မှာလည်း အတိတ်မှာ မိသားစုကိုဆုံးရှုံးခဲ့ရလို့ အတိတ်ကိုပြန်ရချင်ပီး ရုန်းမထွက်နိုင်တဲ့ မီးမှော်ဆရာလေးက မှော်တံခါးပေါက်ကိုဖွင့်ဖို့ မှော်ပညာရှင်တွေဆီကအစွမ်းတွေလိုက်စုပ်ရင်း သော့ချက်ကိုရှာဖွေနေခဲ့ပါတယ် ကဲ လင်းဖုန်းရဲ့ဝိညာဉ်ဘဝကို မေစီကယ်တင်နိုင်ပါ့မလား မီးမှော်ဆရာရဲ့လက်ထဲကနေရော ပြေးလို့လွတ်ကြမလား လောကမှာ ဘယ်လိုအချိန်တွေကပုံရိပ်တွေဖြစ်ပီး ဘယ်လိုအချိန်တွေကို တန်ဖိုးထားသင့်ပါသလဲ လူသားတစ်ယောက်အနေနဲ့ဖြစ်တည်လာရင် ကိုယ်ပိုင်အစွမ်းမရှိပါစေ လောကကြီးအတွက် အကျိုးပြုလုပ်ငန်းလေးတွေကို လုပ်က်ုင်ပီး လောကကြီးကို ကျေးဇူးဆပ်သင့်ပါတယ်ဆိုတဲ့အကြောင်းကို ဟာသလေးရောပီး တင်ဆက်ထားတဲ့ကားကောင်းတစ်ကားပါ ပင်ပန်းထားသမျှတွေ အဝေးကိုခေတ္တလွှင့်ပစ်ဖို့ Magic To ...
4.8
IMDB: 4.8/10 276 votes
movie

Magic to Win (2011)

2011
Crimson Peak (2015) 6.6
Crimson Peak (2015) သရဲကား (သည်းထိတ်ရင်ဖိုရုပ်ရှင်လို့ခေါ်ရင်ပိုကောင်းမလား) တွေကြည့်ရင် တည်နေရာနောက်ခံကလည်း အများကြီးစကားပြောပါတယ်။ အိပ်ခန်းထဲမှာသရဲခြောက်တာ (The Ring) ဆင်ခြေဖုံးကတိုက်ခန်းမှာသရဲခြောက်တာ (Paranormal Activities) သစ်တောထဲမှာ သရဲခြောက်တာ (Blairwitch Project) စသဖြင့်အမျိုးမျိုးပေါ့။ ခေတ်ကာလနောက်ခံကလည်း အရေးပါသေးတယ်ဗျ။ ထိတ်လန့်သည်းဖိုရုပ်ရှင်အများစုဟာ ရှေးခေတ်ကာလတွေမှာဇာတ်အိမ်တည်လေလေ ပိုကြောက်ဖို့ကောင်းလေပဲ။ အဲ့ဒီထဲမှာမှ ၁၉ရာစုနှောင်းပိုင်းကနေ ၂၀ရာစုအစောပိုင်း ဝန်းကျင်မှာဇာတ်အိမ်တည်ရင် ကြည့်ရတာအရသာအရှိဆုံးပဲ။ နောက်ဆုံးကြည့်ဖြစ်တဲ့ The Woman in Black လို ဂေါ့သစ်ဆန်ဆန်ဇာတ်လမ်းမျိုးတွေပေါ့။ အဲ့ဒီခေတ်ကာလ အင်္ဂလန်နိုင်ငံရဲ့ အခြေအနေ၊ အမြဲတမ်းမှုန်မှိုင်းအေးစက်နေတတ်တဲ့ ကျေးလက်ပိုင်းရာသီဥတု၊ ဇာတ်ကောင်တွေဝတ်တဲ့အဝတ်အစားကအစ ထိတ်လန့်သည်းဖိုဇာတ်လမ်းကို ပိုအရသာရှိစေတယ်၊ အနောက်တိုင်းသားတွေရဲ့ အေးတိအေးစက်မျက်နှာထားတွေကြောင့် ရုပ်ရှင်ကပိုပြီးကျောချမ်းစရာဖြစ်လာတယ်။ခုလည်းအဲ့လိုဇာတ်ကားတစ်မျိုးလာပြန်ပါပြီ။ ဗစ်တိုးရီးယားခေတ် (၁၉ရာစု) ကိုနောက်ခံထားပြီး၊ အင်္ဂလန်နိုင်ငံမြောက်ပိုင်း Cumbria မြို့လေးမှာဇာတ်အိမ်တည်ထားပါတယ်။ ဝမ်းသာစရာက ဒီနှစ်အောက်တိုဘာ ၁၆ရက် USAမှာ စထွက်မှာဆိုတော့သိပ်ကြာကြာမစောင့်ရတော့တာပဲ (မြန်မာနိုင်ငံရောက်ဖို့ဆို ၈လကနေ ၉လအတွင်းလောက်ပေါ့)။ ဇာတ်လမ်း၊ ဒါရိုက်တာ Guillermo del Toro ဖြစ်ပြီး Legendary Pictures နဲ့ Universal ...
6.6
IMDB: 6.6/10 95,622 votes
movie

Crimson Peak (2015)

2015
Wonderful Nightmare (2015) 6.9
Wonderful Nightmare (2015) ဒီဇာတ်ကားလေးကတော့ သဘာလွန်ဖြစ်ရပ်လေးတွေ ပါဝင်နေတဲ့ ဇာတ်ကားလေးပါ။ တစ်ကားထဲနှင့် အချစ် အလွမ်း မိသားစုသံယောဇဉ် ဟာသ စိတ်ဓါတ်ခွန်အားစတာတွေ အားလုံးခံစားရရှိနိုင်တယ်လို့ အာမခံပါတယ်။ အဓိက သရုပ်ဆောင်တွေကတော့Romanace of the Witch ဇာတ်လမ်းတွဲမှ မင်းသမီးကြီးနဲ့ ကျွန်တော်တို့မြန်မာပရိသတ်ကြီးအချစ်တော် ဂျွန်စော မင်းသားကြီးပါပဲ... ဇာတ်လမ်းလေးကတော့... • ရှေ့နေ လီယွန်ဝူးဆိုတဲ့ အပျိုကြီးမမတစ်ယောက်ကနေ စတာပါပဲ။ အပျိုကြီးမမက ငယ်ငယ်ထဲက အဖေဆုံးသွားခဲ့ပြီး အဖေကို ချစ်လွန်းလို့ လွမ်းဖျားလွမ်းနာကျနေတဲ့အမေနှင့် နေခဲ့ရပြီး အမေကလည်း နောက်ထပ်နှစ်အနည်းငယ်မှာ ကွယ်လွန်သွားတော့ ငယ်ငယ် ကတည်းက ခိုင်ခိုင်မာမာ ဆုံးဖြတ်ချက်ချခဲ့တယ်။ မိသားစုဘ၀ကို ဘယ်တော့မှ မထူထောင်ဘူး ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်နိုင်ရမယ် တစ်ကိုယ်တည်း အပျိုကြီးဘ၀ပေမယ့် အောင်မြင်နေရမယ်ဆိုပြီးတော့ပေါ့။ တကယ်လည်းအောင်မြင်တဲ့ဘ၀ ထူထောင်နိုင်ခဲ့ပါတယ်... ဒါပေမယ့် အောင်မြင်မှုနဲ့ငွေကြေးနောက်ကို လိုက်လွန်းတော့လည်း မုဒိမ်းမှုမှာတောင် တရားခံဘက်ကနေ ရှေ့နေလိုက်ပေးတဲ့ အပျိုကြီးမမရှေ့နေမကြီးပေါ့.. • တစ်ရက်မှာတော့ မထင်မှတ်ပဲ မတော်တဆကားတိုက်မှုဖြစ်ပြီးသေဆုံးသွားပြီ ဘ၀မကူးခင် နေရတဲ့ကြားဘုံကို ရောက်သွားပါတော့တယ်။တကယ်တော့ ...
6.9
IMDB: 6.9/10 183 votes
movie

Wonderful Nightmare (2015)

2015
Bakit hindi ka crush ng crush mo? (2013) 6.7
Bakit hindi ka crush ng crush mo? (2013) "Bakit hindi ka crush ng crush mo? " ဇာတ်ကားဟာ ပုံမှန်မြန်မာဇာတ်ကားတွေလိုပဲ ချစ်ကြိုက်ကွဲညား ရိုက်ကူးထားတယ် ဆိုပေမယ့် IMDb ratting မှာ 6.6 အထိရရှိထားတဲ့ ဖိလစ်ပိုင်ကားပဲဖြစ်ပါတယ်... ဖိလစ်ပိုင်ကားတကားအနေနဲ့ ဘာလို့ Rating အဲ့လောက်ထိရထားတာလဲဆိုတာကတော့ ဇာတ်ကားကိုကြည့်မိရင်နားလည်သွားပါလိမ့်မယ်...ဇာတ်ကားနာမည်က အင်္ဂလိပ်လိုဆိုရင် Why your crush won't crush you back? လို့အဓိပ္ပာယ်ရပါတယ် Fancy Drama ဇာတ်ကားဆိုပေမယ့် သူပေးချင်တဲ့ Massage ကို ထိထိရောက်ရောက်ပေးနိုင်အောင်ရိုက်ကူးထားပါတယ် အချစ်စစ်ဆိုတာက လုပ်ယူလို့ရနိုင်လား လုပ်မယူပဲနဲ့ ရင်ဘတ်ရဲ့တနေရာရာမှာရှိနေလားဆိုတာ crush ဖြစ်နေကြတဲ့သူတွေအတွက်လည်း ရိုက်ကူးထားပုံပေါ်ပါတယ်....:P ချစ်သူနှစ်ဦးကြား လိင်ဆက်ဆံခြင်းကိစ္စဟာ ချစ်ကြိုက်ခင်မှာဖြစ်သင့်လား ဒါမှမဟုတ်ချစ်သူဘ၀မှာ အချစ်ကြည့်သက်သက်သီးသန့်ခံစားကြပြီ အိမ်ထောင်ပြုပြီးမှသာ လိင်ဆက်ဆံသင်ကြလားဆိုတဲ့ အခုခေတ်လူငယ်တွေမမှားသင့်တဲ့အမှားတွေကို မြင်သာအောင်ရိုက်ပြထားပါတယ် ဇာတ်လမ်းအကျဉ်းပြောရမယ်ဆိုရင်တော့ ကျရှုံးလုလုဆဲဆဲဖြစ်နေတဲ့ တေးစီးရီးထုတ်လုပ်ရေးကုမ္ပဏီကို အဖိုးရဲ့ညွှန်ကြားချက်ကြောင့် အယ်လစ်တယောက် မဖြစ်မနေကိုင်တွယ်ရမယ့်အရေးနဲ့ကြုံလာပါတော့တယ် ကုမဏ္ဏီရဲ့ကိုပြန်လည်ထူထောင်နိုင်ဖို့ စရိတ်လျော့ဖို့ ၀န်ထမ်းတွေကိုမဖြစ်မနေထုတ်ရတော့မယ့်အချိန်မှာ တကယ့်အချစ်စစ်အချစ်မှန်ကိုသာယုံကြည်တဲ့ ဆန်ဒီနဲ့ ကုမ္ပဏီမှာဆုံတွေ့ကြပါတော့တယ် ဆန်ဒီကလည်း ယောက်ျားလေးတွေထားထားသွားလို့ စိတ်ညစ်နေရတဲ့အချိန် အယ်လစ်ကလည်း ခိုင်းစေချက်ကြောင့် မဖြစ်မနေကျဉ်းထဲကြပ်ထဲရောက်နေတဲ့အချိန် မှာတော့ ဇာတ်ကားရဲ့ နာမည်အတိုင်းပဲ "Why your crush ...
6.7
IMDB: 6.7/10 178 votes
movie

Bakit hindi ka crush ng crush mo? (2013)

2013

Genres

Like Us!