Channel Myanmar

GangStar

Only God Forgives (2013) 5.7
Only God Forgives (2013)   ကဲအခုတခါတော့ ထိုင်းဂိုဏ်းစတားကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးပါရစေဗျ ဇာတ်လမ်း လေးက လက်ဝှေ့ဝါသနာရှင် တွေဆိုရင်တော့ လက်လွှတ်မခံသင့်တဲ့ ဇာတ်ကားလေးတစ်ကားပါ ဘာလို့ဆို တစ်ကားလုံး မွေ့ထိုင်းလက်ဝှေ့ကို အားပါးတရကြီးကြည့်ရှု ရမှာဖြစ်လို့ပါပဲ ပြီးတော့ မွေ့ထိုင်းလက်ဝှေ့ပွဲတွေနဲ့ ဆက်စပ်ပြီး ထိုင်းမြေအောက် လောကသားတွေရဲ့ အပေးအယူတွေ တယောက်နဲ့ တယောက် ကလိန်ကျပုံတွေ မွေ့ထိုင်းဘန်းပြပြီး လောင်းကစားကို လုပ်နေကြပုံတွေကို ရိုက်ကူးပြထားလို့ပဲဖြစ်ပါတယ်ဗျ ဇာတ်လမ်း အကျဉ်းလေးကတော့ ဂျူလီယန်ဟာ ဘန်ကောက် မြေအောက်လောမှာ ဆေးမှောင်ခို ရောင်းချနေသူတယောက်ဖြစ်ပြီး သူအဓိက ကျက်စားရာနေရာတွေ ကတော့ မွေ့ထိုင်းလက်ဝှေ့ပွဲတွေမှာပဲဖြစ်ပါတယ် သူဟာ သူ့ အစ်ကို အသတ်ခံလိုက် ရတဲ့ အမှုကိုဖော်ထုပ်ဖို့အတွက် ဘန်ကောက်မှောင်ခိုလောကကို ၀င်ရောက်လာတာဖြစ်ပြီး သူဟာ သူ့အစ်ကိုရဲ့ မတရား အသတ်ခံရမှုကိုဖော်ထုတ်နိုင်မလား သူ့အစ်ကိုကရောဘယ်လို ဂိုဏ်းတွေနဲ့များ ဇာတ်လမ်းရှူပ်ခဲ့လေသလဲ စတာတွေကိုတော့ ပရိတ်သတ်ကြီးကပဲ သဲထိပ်ရင်ဖိုကြည့်ရှူကြရမှာဖြစ်ပါတယ် Download From V.I.P Download Large File From Pcloud Download Small File From Pcloud
5.7
IMDB: 5.7/10 87,574 votes
movie

Only God Forgives (2013)

2013
Jai Gangaajal (2016)
Jai Gangaajal (2016)   ကဲဗျာ အခုတလော ဘောလိဝုဒ်တွေတင်တာနည်းတယ်ဆိုပြီး ပြောပြောနေကြတဲ့ ပရိတ်သတ်ကြီး အတွက် 2003 ခုနှစ်ကထွက်ရှိထားတဲ့ Gangajal ရဲ့ အဆက် ကားကို တင်ဆက်ပေးလိုက်ပါတယ် ကုလားကားတို့ထုံးစံအတိုင်း ဇာတ်လမ်းဇာတ်ကွက်ကိုကတော့ သိပ်ပြီး အမွမ်းတင်ပြီး ညွှန်းနေစရာလိုလောက်ဘူးလို့ထင်ပါတယ် ဇာတ်လမ်း အကျဉ်းလေးကတော့ ဘတ်ဘလိုပန်ဒီ နဲ့ ဒတ်ဘလိုပန်ဒီတို့ ညီအစ်ကို ၂ယောက်ဟာ ဘီဟာ ပြည်နယ် လက်ခီဆာရီမြို့လေးမှာ ဗိုလ်ကျနေကြတဲ့ လူမိုက် ညီအစ်ကို ၂ဦးဖြစ်ပါတယ် သူတို့ ၂ယောက်ဟာ လျှပ်စစ်ဓါတ်အားပေးစက်ရုံကိုတည်ဆောက်ဖို့ ငွေ အရင်းမနှီးများထည့်ထားပြီး သူတို့ ရဲ့ အာဏာရပါတီက အခြေအနေမကောင်းတဲ့ အချိန်မှာ လူလည်တို့ထုံးစံ လွတ်လမ်းကို ရှာနေကြတဲ့သူတွေပါ ဒီလိုနဲ့ တစ်နေ့မှာ  ဒီလို ဒုစရိုက်မှုတွေထူပြောလှတဲ့ နယ်မြို့လေးကို မိန်းမသား ရဲအရာရှိ တယောက်ကို အစိုးရကစေလွှတ်လိုက်ပါတယ် ရဲအရာရှိ အဗ်ဟာမတ်သာ တဖြစ်လဲ မင်းသမီး ပရီရန်ကာချိုပရာတယောက် ယောကျာ်းသားတွေနဲ့ အတူတူတန်းတူ တာဝန်ထမ်းဆောင်နိုင်မလား မဖော်ထုပ်နိုင်ခဲ့တဲ့ အမှုတွေကိုလဲ ပြန်လည် ဖော်ထုပ်နိုင်မလားဆိုတာကိုတော့ ဆက်လက်ကြည့်ရှူလိုက်ပါတော့နော် ဒီဇာတ်ကားက မိန်းမကို အဓိက ဖိုက်တာတင် ရိုက်ကူးထားတာကြောင့် ပုံမှန် ကြည့်နေကြ ကုလားကားတွေလို ဘုရားသားတွေကိုတော့ သိပ်တွေ့ရမှာ မဟုတ်ပါဘူး ဗျ :P Download From V.I.P Download Large File ...
IMDB: /10 votes
movie

Jai Gangaajal (2016)

Stone Cold (1991) – မြန်မာစာတန်းထိုး
Stone Cold (1991) – မြန်မာစာတန်းထိုး ၁၉၉၁ ခုနှစ်က ထွက်ခဲ့တဲ့ကားပါ။ မင်းသားကတော့ ပရိသတ်တွေ ရင်းနှီးတဲ့သူတော့ မဟုတ်ပါဘူး။ တစ်ချိန်က အမေရိကန်ဖွတ်ဘော ကစားခဲ့တဲ့ကစားသမားဟောင်းဖြစ်ပြီး ဒီကားက သူရဲ့ရုပ်ရှင်သရုပ်ဆောင်ဘ၀အစရဲ့ ပထမဆုံးကားဖြစ်ပါတယ်။ IMDb rating 5.8/10 ရရှိထားပါတယ်။ ဇာတ်လမ်းကတော့ မစ္စစ္စပီပြည်နယ်တစ်ဝိုက်မှာ ညီအကိုများလို့ နာမည်ကြီးတဲ့ဆိုင်ကယ်စီးတဲ့ ဂိုဏ်းတစ်ခုက မကောင်းတဲ့အလုပ်တွေ အကုန်လုပ်ပြီး ပြည်သူတွေကို ဒုက္ခပေးနေပါတယ်။ ဒါကို FBI က ဖြိုခွဲချင်တဲ့အတွက် ခပ်ကြမ်းကြမ်းနေတတ်တဲ့ရဲသား ဂျိုးဟဖ်(မင်းသား)ကို အဲဒီဂိုဏ်းထဲဝင်ခိုင်းပြီး ဂိုဏ်းကို ဖမ်းဖို့ အကွက်ဆင်တာ ဖြစ်ပါတယ်။ မင်းသားအနေနဲ့ ညီအကိုတွေရဲ့ ယုံကြည်မှုရအောင် လုပ်ဆောင်အပြီး တစ်ဂိုဏ်းလုံးကို ဖမ်းကာနီးမှာပဲ ဒုစရိုက်မှုပပျောက်အောင်လုပ်နေတဲ့ ခရိုင်ရှေ့နေ ၀ှစ်ပါတန်ကိုပါ ညီအကိုတွေက လုပ်ကြံကြတော့မှာ ဖြစ်သလို သူ့ကိုလည်း သူလျှိုမှန်းသိသွားကြတဲ့အတွက် ဘယ်လိုတုံ့ပြန်မလဲဆိုတာ စိတ်ဝင်စားစရာဖြစ်ပါတယ်။ အက်ရှင်တွေက ဒီဘက်ခေတ်လောက် သိပ်မကောင်းပေမယ့် အဲဒီခေတ်က အရမ်းပေါက်ခဲ့တဲ့ကားလေးပါ။ ခံစားကြည့်ကြပါ။ (ငယ်ငယ်က ဒီကားကို သမ္မတရုံမှာ ကြည့်ပြီး ဆိုင်ကယ်သမားဖြစ်ချင်ခဲ့တယ်။ မှတ်မှတ်ရရ ရုပ်ရှင်ရုံမှာ ချိတ်ထားတဲ့ပိုစတာကြီးက စိတ်ဝင်စားစရာ တစ်ကွက်မှမရှိတဲ့ မင်းသားကဖွတ်ကြီးကို ဖက်ထားတဲ့ပုံကြီးဗျ :D) (ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ဘာသာပြန်ရေးသားသူကတော့ Ko Nyi Nyi Kyaw ...
IMDB: /10 votes
movie

Stone Cold (1991) – မြန်မာစာတန်းထိုး

Dragon Eyes (2012) 4.5
Dragon Eyes (2012)   ကဲ ပထမဆုံး Gong Xi  Fa Cai ပါလို့ နှုတ်ခွန်းဆက်ဆုတောင်း ပေးပါတယ် အားလုံးပဲ ပျော်ရွှင်စရာ တရုတ်နှစ်သစ်ကူးလေးပါဗျ ကဲ ဒီတစ်ခါတော့ မင်းသားကြီး ဗင်ဒိန်းပါဝင်ထားတဲ့ ဂိုဏ်စတား ကားလေးတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ် ဗျ ဇာတ်လမ်း ကတော့ ဂိုဏ်စတားကားတို့ ထုံးစံအတိုင်း အသတ်အပုတ်တွေ နဲ့ Martial Art ခေါ် သိုင်းကစားကွက်တွေကို တ၀ကြီး ကြည့်ရမှာဖြစ်ပါတယ် ကဲ အက်ရှင်ကြိုက်ပရိတ်သတ်တွေကတော့ အကြိုက်တွေ့ကြမှာပါဗျ ဇာတ်လမ်း အကျဉ်းလေးကတော့ St. Jude မြို့ဟာ ဂိုဏ်းစတားတွေ မင်းမူ သောင်းကျန်းရာနေရာဖြစ်ပြီး မြို့သားတွေဟာ ထိပ်လန့်ကြောက်ရွှံ့စွာနဲ့ နေထိုင်ကြရပါတယ် ဒီလိုနဲ့ တစ်နေ့မှာ ဟောင် ဆိုတဲ့ လူစိမ်းတစ်ယောက် ရောက်ရှိလာရာမှာ ဂိုဏ်းအဖွဲ့တွေဟာ ဖြိုခွဲခံရပါတော့တယ် ဒီလိုနဲ့ ဂိုဏ်းစတားတွေက သိုင်းပညာသင်ကြားဖို့ အတွက် သိုင်းပညာရှင် ဘန်ဒမီ ကို ဖိတ်ခေါ်ပြီး သင်ကြားလေ့ကျင့်ခိုင်းပါတော့တယ် ကဲ ဘာတွေ ဆက်ဖြစ်ကြမလဲ ဆိုတာကိုတော့ ဆက်လက်သာကြည့်လိုက် ကြပါတော့ဗျာ လို့  ...................................................။ Download Large File From Pcloud Download Small File From Pcloud
4.5
IMDB: 4.5/10 4,715 votes
movie

Dragon Eyes (2012)

2012
Rurouni Kenshin (2012) 7.6
Rurouni Kenshin (2012)   ကဲဗျာဒီတစ်ခါတော့ IMDb Rating 7.6 ရထားတဲ့ ဇာတ်ကားလေးတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ် ဇာတ်လမ်းလေးကတော့ ပရိတ်သတ်ကြီး သိတဲ့ အတိုင်းပဲ ဂျပန် ဆာမူရိုင်းကားလေးဖြစ်ပြီး ဆာမူရိုင်းခေတ်ကနေ ခေတ်သစ်ကိုပြောင်းလဲတဲ့ အခါမှာ ဘုရင့်တပ်မတော်မှာ အရင် ကတည်းက လိုအပ်ရင် စစ်မှုထမ်းလေ့ရှိတဲ့ ဆာမူရိုင်းတွေနဲ့ ခေတ်ပြောင်းလဲမှုကိုလက်ခံကြတဲ့ သူတွေအကြားမှာ တဖက်နဲ့ တဖက် ငဋိပက္ခဖြစ်ကြတာကို ရိုက်ကူးပြထားတာ ဖြစ်ပါတယ် ဗျာ ဇာတ်လမ်းက အဟောင်းဖြစ်ပြီး မြန်မာစာတန်းထိုးနဲ့ မဟုတ်တောင် ဒီတိုင်း အင်္ဂလိပ်စာတန်းထိုးနဲ့ တော့ကြည့်ဖူးကြမယ့် ကားလေးမို့ သိပ်မညွှန်းတော့ပါဘူးနော် Downloaf From V.I.P Link Download Large File From Pcloud     Download Small File From Pcloud
7.6
IMDB: 7.6/10 15,400 votes
movie

Rurouni Kenshin (2012)

2012
Veteran (2015) 7.0
Veteran (2015)   အာရှရဲ့ မြန်နှု န်းမြင့်တိုးတက်လာတဲ့ ရုပ်ရှင်ကဏ္ဍတွေမှာ ကိုရီယားရုပ်ရှင်တွေကလည်း ထိပ်ဆုံးမှာရှိနေတာ အားလုံးအသိပါ။တစ်ခု စိတ်မကောင်းစရာတစ်ခုက ကိုရီယားရုပ်ရှင်ဆိုတာနဲ့ ရုပ်ရှင်ပရိသတ်အများစုက စီးရီးတွေကို ဦးဆုံးမြင်နေကြတာပါပဲ။စီးရီးတွေကလည်း မကောင်းဘူးလို့ပြောလိုတာမဟုတ်ပါဘူး။ဒါပေမယ့် စီးရီးဆိုကတည်းက အများသူငါ ခြုံ ငုံကြည့်လို့ရအောင် ပုံစံခွက်ထဲကနေသာ ရိုက်ကူးတဲ့ ကားတွေများပါတယ်။တကယ့်ကို ရုပ်ရှင်ကားတစ်ကားရဲ့ ပြီးပြည့်စုံကောင်းမွန်တဲ့ ဇာတ်ကားအများစုကိုတော့ ရုပ်ရှင်ကားတွေမှာပဲ တွေ့နိုင်ပါတယ်။ကိုရီယားရုပ်ရှင်ကားတွေမှာ စီးရီးတွေနဲ့ကွဲလွဲစွာ သဘာဝကျတဲ့ သရုပ်ဆောင်တွေနဲ့သာ အဓိကထားရိုက်ကူးထားတယ်ဆိုတာ တွေ့ကြရမှာပါ။ ကျွန်တော်က ကိုရီးယားရုပ်ရှင်တွေ သိပ်ညွှန်းနေလို့ ပိုလွန်းလိုက်တာလို့များ သံသယဖြစ်မိနေရင် ကမ္ဘာ့အဆင့်ရုပ်ရှင်ဝေဖန်ရေးပညာရှင် တွေရေးတဲ့ စာရင်းတွေကို လိုက်ရှာပြီးဖတ်ကြည့်ပါက ကိုရီးယားရုပ်ရှင်ကားတွေပါနေတာကို တွေ့မြင်ရမှာဖြစ်ပါတယ်။ပြောလိုတာက ကိုရီယားကားဆိုရင် စီးရီးတွေချည်း အာရုံစိုက်မနေနဲ့ပဲ ရုပ်ရှင်ကားတွေလည်း ကြည့်ကြပါဦး။ ကျွန်တော်ရောက်ဘူးသမျှ အခွေဆိုင်တွေမှာဆိုရင် ကိုရီးယားရုပ်ရှင်ကားကောင်းတွေ ဖုန်တက်နေတာကိုချည်း မြင်နေရတဲ့အတွက်ပါ။ရုပ်ရှင်ကားကောင်းတွေ ကြည့်ဖြစ်စေလိုတဲ့ စေတနာနဲ့သာ ပြောဆိုခြင်းဖြစ်ကြောင်းကိုတော့ နားလည်စေချင်ပါတယ်။ ဖြစ်တည်မှု ကိုပဲ ဇောင်းပေးပြတဲ့ သူတို့ရုပ်ရှင်အများစုရဲ့ အိုက်ဒီယာတွေက ထပ်နေပေမယ့် သဘာဝကျခြင်း ဆက်တင်နောက်ခံများ ပီပြင်ခြင်း စတဲ့ အချက်အလက်တွေကြောင့် ကိုရီယားရုပ်ရှင်တွေက မကြည့်ရမနေနိုင်လောက်အောင် ဆွဲဆောင်မှု ကောင်းလွန်းပါတယ်။ အဲဒီထဲမှာမှ ရိုးရှင်းတဲ့ ဇာတ်အိမ်တွေနဲ့ ဆွဲခေါ်သွားတဲ့ ယခု ဇာတ်ကားလေးကလည်း ကြည့်ရှု သူတွေအဖို့ စိတ်ကျေနပ်မှု တွေ ...
7.0
IMDB: 7.0/10 2,046 votes
movie

Veteran (2015)

2015

Genres

Like Us!