Channel Myanmar

Musical

Some Like It Hot (1959)
Some Like It Hot (1959) တစ်ချို့ကတော့ လန်းလန်းလေးကြိုက်တယ် တစ်ချို့ကတော့ရိုးရိုးလေးကြိုက်တယ်တဲ့။ ရိုးရိုးလေးရော လန်းလန်းလေးတွေရောရတဲ့ မာရီလင်မွန်ရိုးရဲ့ Some Like It Hot ကတော့ အချစ်ဟာသဇာတ်မြူးလေးပါ... IMDB Rating(8.3) ထိရရှိထားပြီး Rotten Tomatoes မှာလဲ 96% ထိရရှိထားတဲ့ဇာတ်ကားကောင်းလေးပါ။ ရွှေကမ္ဘာလုံးဆုသုံးဆု၊ အကယ်ဒမီတစ်ဆု၊ အခြားဆုသုံးဆုရရှိထားပါတယ်။ ဇာတ်လမ်းကတော့ လူဆိုးဂိုဏ်းတစ်ဂိုဏ်းရဲ့ လူသတ်မှုမှာမျက်မြင်သက်သေဖြစ်သွားတဲ့ Joe နဲ့ Jerry တို့ ချီကာဂိုကနေ မိန်းကလေးတီးဝိုင်းတစ်ခုမှာ မိန်းမဟန်ဆောင်ပြီးထွက်ပြေးရင်း အတိတ်ဆိုးတွေကနေထွက်ပြေးလာတဲ့ Suger နဲ့တွေ့တဲ့အခါမှာ ဘယ်လိုတွေဆက်ဖြစ်ကြမယ်...Suger ကို မြင်မြင်ချင်း ချစ်မိသွားတဲ့ Joe ကရော Suger ရဲ့အချစ်ကိုဘယ်လိုရအောင်ကြိုးစားတယ်ဆိုတာကို ဟာသဆန်ဆန်တင်ဆက်ပြသပေးထားပါတယ်။ Jerry တစ်ယောက်ကတော့ သူငယ်ချင်း Joe ကြောင့် ဘယ်လိုတွေ ဒုက္ခရောက်ရလဲဆိုတာကို ရောသမွှေတင်ဆက်ထားတဲ့ တစ်ခေတ်တစ်ခါက နာမည်ကြီး Comedy Romance ဇာတ်ကားလေးကို ကြည့်ရှုခံစားရကြအောင်ဗျာ...။ ဟိုးတုန်းက အဖြူအမည်းဇာတ်ကားဆိုပေမယ့် BluRay Source ...
IMDB: /10 votes
movie

Some Like It Hot (1959)

I Can Only Imagine (2018) 7.6
I Can Only Imagine (2018) IMDb rating 7.6 အထိရရှိထားတဲ့ 2018ခုနှစ်ထွက် Christian Drama ဇာတ်ကားကောင်းလေးဖြစ်ပါတယ်။ Mercy Me တီးဝိုင်းအဖွဲ့ရဲ့ Best Selling Christian Song ဖြစ်တဲ့ I Can Only Imagine ကိုရိုက်ကူးထားတာဖြစ်ပြီးအဆိုပါသီချင်းဟာ အမေရိကန်နိုင်ငံတွင်နံပါတ် ၁ ချိတ်ခဲ့တဲ့သီချင်းလည်းဖြစ်ပါတယ်။ ဒီသီချင်းကိုသူ့ရဲ့အဖေနဲ့ဆက်ဆံရေးအကြောင်းရေးဖွဲ့ထားခဲ့တဲ့အဆိုပါတီးဝိုင်းအဖွဲ့ရဲ့ Lead Singerလည်းဖြစ်တဲ့ Bart Millard အဖြစ် Michel Finely ကသရုပ်ဆောင်ထားတာဖြစ်ပါတယ်။ ဒီဇာတ်ကားလေးကို ဒေါ်လာ၇သန်းဖြင့်ရိုက်ကူးထားခဲ့ပြီး ၈၄သန်းအထိပြန်လည်ရရှိခဲ့တာကြောင့် အောင်မြင်တဲ့ဇာတ်ကားလေးလည်းဖြစ်ပါတယ်။ ဒါ့အပြင် အမေရိကန်ပြည်ထောင်စုတွင် တတိယအအောင်မြင်ဆုံးသောMusic Biopic အဖြစ်မှတ်တမ်းဝင်ခဲ့ပါသေးတယ်။ ဝေဖန်ရေးဆရာတစ်ချို့ကတော့ ဒီဇာတ်ကားလေးကို အခြား Faith-Based ဇာတ်ကားတွေနဲ့ယှဉ်ရင် ပိုပြီးစိတ်လွှမ်းမိုးနိုင်တဲ့ တိုးတက်မှုဖြစ်စေတဲ့ကားလေးဖြစ်တယ်လို့ဆိုထားပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့ ငယ်စဉ်ဘ၀ မိဘတွေအဆင်မပြေမှုတွေကြောင့် မြေစာပင်ဖြစ်ခဲ့ရတဲ့ Bart Millard တစ်ယောက် မိခင်အိမ်ကနေထွက်သွားပြီးတဲ့နောက် ဖခင်နဲ့ပဲနေရတဲ့အခါ ဖခင်စိတ်တိုင်းကျဖြစ်စေချင်တာတွေကိုပဲ သဘောကျဖြစ်အောင်လုပ်ပေးခဲ့ပေမယ့် ကံကြမ္မာကသူ့ကိုလမ်းမှန်ပို့ခဲ့တယ်ဆိုရမလားပဲခြေကျိုးခဲ့ပြီး ဘောလုံးအသင်းကနေ Music Club ကိုရောက်သွားခဲ့ပါတယ်။ ငယ်စဉ်ကတည်းက သီချင်းတွေကိုခုံမင်မြတ်နိုးလာပြီး စိတ်ဥာဏ်ကွန့်မြူးတတ်တဲ့ Bart ...
7.6
IMDB: 7.6/10 4,475 votes
movie

I Can Only Imagine (2018)

2018
Blu-Ray 720p
Zombies (2018) 6.5
Zombies (2018) Zombies(2018) IMDb...6.5 ဒီဇာတ်ကားလေးကတော့ Disneyက 2018မှာ အသစ်ထွက်ရှိထားတဲ့ကားလေးပါ  ..... ဇွန်ဘီ(zombie)ဇာတ်ကားဆိုပေမယ့် စိုးရိမ်ထိတ်လန့်သွေးပျက်စရာအခန်းတွေနဲ့ကားမျိုးတော့မဟုတ်ပါဘူး.. ..မတော်တဆမှုတစ်ခုကနေ လူသားမျိုးနွယ်အတော်များများဟာ ဇွန်ဘီတွေဖြစ်ကုန်ကြတယ်.. .အစိုးရကနေ ဇွန်ဘီတွေနဲ့ လူသားစင်စစ်တွေကြားမှာ တံတိုင်းကြီးခတ်လိုက်တယ်...နောက်ပိုင်း တိုးတက်လာတဲ့ခေတ်ကြီးမှာ ဇွန်ဘီတွေဟာ ထိန်းချုပ်စရာ ကိရိယာတွေတီထွင်ပြီး ပုံမှန်လူသားတစ်ဦးလိုနေထိုင်လာကြတယ်.. .ဇွန်ဘီတွေဟာ သာမန်လူတွေလို ပညာတွေသင်ကြတယ်..အလုပ်တွေလုပ်ကြတယ်.. .သီချင်းတွေဆိုကြတယ်.. .သို့ပေမယ့်လည်း ဇွန်ဘီတွေဟာ ပုံမှန်လူသားတွေအတွက် ထိတ်လန့်ကြောက်ရွံ့စရာအဖြစ်ရှိနေဆဲပါ.. .ဒီလိုအခြေအနေမျိုးမှာ ဇွန်ဘီ ကောင်လေးတစ်ယောက်ကို လူသားကောင်မလေးတစ်ယောက်က ကြွေသွားတယ်. . Disneyဇာတ်ကားလေးတွေအတိုင်း ကျောင်းသားကျောင်းသူတွေနဲ့ဇာတ်အိမ်တည်ပြီး သီချင်းလေးတွေ မြိုင်ဆိုင်နဲ့ သက်ဝင်လှုပ်ရှားစွာရိုက်ပြထားပါတယ်... ကိုင်း ဖြေဖျော်ရေးဆန်ဆန် ပျော်ပျော်ပါးပါးကားမျိုးလေးတွေမှ သဘောကျနှစ်ခြိုက်တဲ့ သူတွေအတွက် အချစ်ဇာတ်လမ်းကောင်းလေးအဖြစ်ညွှန်းဆိုပါရစေ...ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Inzali Than Htike ဖြစ်ပါတယ်... File Size : (850 MB) and (350 MB) Quality : Blu-Ray 720p Format…mp4 Duration…01:34:00 Genre : Musical, Romance Subtitle : Myanmar Subtitle (Hard Sub) Translated by Inzali Than Htike Encoded by Phyo Pyae
6.5
IMDB: 6.5/10 1423 votes
movie

Zombies (2018)

2018
Barbie and the Diamond Castle (2008) 6.2
Barbie and the Diamond Castle (2008)   2008 ခုနှစ်​ကထွက်​ထားတဲ့ ဘာဘီ စီးရီးရဲ့ ​အောင်​မြင်​ထားတဲ့ဇာတ်​ကား​လေးတစ်​ကားကို တင်​ဆက်​​ပေးလိုက်​ပါတယ်​ ဇာတ်​ကား​လေးက မြီး​ကောင်​​ပေါက်​မ​လေး​တွေ သဲသဲလှုပ်​ကြိုက်​ကြတဲ့ Animated ကား​လေးပါ ပြီး​တော့ တစ်​ကားလုံး မပျင်းရ​အောင်​ သီချင်း​လေး​တွေနဲ့ ဆိုပြီး ဆွဲ​ဆောင်​ထား ပါ​သေးတယ်​ ဇာတ်​လမ်း အကျဉ်း​လေးက​တော့ လိယားနာ နဲ့ အဲလိဆာ တို့နှစ်​​ယောက်​ဟာ သိပ်​ချစ်​ကြတဲ့ သူငယ်​ချင်း​တွေဖြစ်​ပြီး​တော့ သီချင်းဆို ၀ာသနာပါကြပြီး တ​ယောက်​ကို တ​ယောက်​မျက်​စိ​အောက်​က အ​ပျောက်​မခံကြပါဘူး ဒီလိုနဲ့ တစ်​​နေ့မှာ သ​တောင်းစား ကြီး တစ်​​ယောက်​က သူတို့ကို ​မှော်​မှန်​ကြီး စွန့်​ကြဲလိုက်​ပါတယ်​ အဲ့ဒီ့​မှော်​မှန်​ကြီးက သီချင်းသံကြားရင်​ ဒွန့်​ပြီး ပုံရိပ်​​တွေ​လျှောက်​ပြပါတယ်​ ဉာဏ်​​ကောင်းလွန်းတဲ့ လိယားနာ နဲ့ အဲလီဆာ တို့၂​ယောက်​ ပုံရိပ်​​တွေကို ပ​ဟေဠိ​ဖော်​ပြီး ရတနာ​တွေကို ရှာ​ဖွေနိုင်​မှာလား ဘာ​တွေဆက်​ဖြစ်​ကြမလဲဆိုတာကို​တော့ ဆက်​လက်​ ကြည့်​လိုက်​ပါ​တော့ဗျို့ Qty - DVD rip Gern - Animation/Musical Duration - 1hr 44min Translator - Si Thu Encoder -Kyaw Ye Aung
6.2
IMDB: 6.2/10 1,514 votes
movie

Barbie and the Diamond Castle (2008)

2008
The Greatest Showman (2017) 8.0
The Greatest Showman (2017) ခြူးတစ်ပြားမှ မရှိသူတစ် ယောက်အဖြစ်ကနေ ကမ္ဘာသိ ဆပ်ကပ်တည်ထောင်သူဖြစ်လာ သူတစ်ဦးအကြောင်း တင်ဆက် ထားတာဖြစ်ပါတယ်။ မိဘမဲ့တစ်ယောက်ဖြစ်တဲ့ ပီတီဘာနမ်ဟာ ခြူးတစ်ပြားမှမရှိတဲ့ ဘ၀ကနေကြီးပြင်းလာရသူဖြစ်ပြီး အရွယ်ရောက်လို့ အလုပ်ဝင်တဲ့အခါမှာ လည်း အလုပ်က ဒေ၀ါလီခံသွားတဲ့အတွက် အလုပ်လက်မဲ့ဖြစ်ခဲ့ ပါတယ်။ ဘာနမ်ဟာ အလုပ်ပြုတ်ပြီး တဲ့နောက် သူ့မိသားစုအတွက် တစ်ခုခုတော့လုပ်မှဖြစ်မယ့် အနေအထားမှာ ဂီတနဲ့ပေါင်းစပ်တဲ့ ဆပ်ကပ်ပွဲလုပ်ဖို့ စိတ်ကူးရခဲ့ပါ တယ်။ အဲဒါနဲ့ ဘာနမ်ဟာ သူနဲ့အ တူ အလုပ်လုပ်နိုင်မယ့်သူတွေကို တစ်ဦးချင်းစီ လိုက်လံစုဆောင်း ပြီး ပွဲတစ်ခုစီစဉ်ခဲ့ပါတော့တယ်။ အဲဒီနောက်မှာတော့ အက မယ်တွေ၊ ကျွမ်းဘားမယ်တွေ၊ မျက်လှည့်ပညာရှင်တွေစသဖြင့် လူတွေအများကြီးနဲ့ မြိုင်ဆိုင်လှ တဲ့ ဘာနမ်ရဲ့ နယ်လှည့်ဆပ်ကပ် အဖွဲ့ကြီးဖြစ်တည်လာပါတော့ တယ်။ ရှိုးပွဲစီးပွားရေးကို စတင်ခဲ့တဲ့ပီတီဘာနမ်ရဲ့ ဘ၀ဖြတ်သန်းမှု အချိုးအကွေ့တွေနဲ့ ၁၉၁၉ လောက်က ဆပ်ကပ်ပြပွဲတွေ စတင်ခဲ့ရတဲ့အနေအထားတွေ၊ ရင်းဂလင်းညီအစ်ကို၊ ဘာနမ်နဲ့ ဘေလီဆပ်ကပ် အဖွဲ့ကြီးရဲ့အ ကြောင်းတွေကို ...
8.0
IMDB: 8.0/10 60,043 votes
movie

The Greatest Showman (2017)

2017
Blu-Ray 720p
Pitch Perfect 3 (2017) 6.2
Pitch Perfect 3 (2017) Pitch Perfect ဆိုတဲ့နာမည်ကြားလိုက်တာနဲ့ အလန်းစားမြူးဇစ်တွေနဲ့ ဇာတ်ကားကောင်းလေးတစ်ကားဆိုတာ ပြောစရာမလိုအောင် သိပြီးသားဖြစ်မှာပါ။ ဒီတစ်ခါကားလေးမှာတော့ ဘယ်လာအဖွဲ့ဝင်တွေ အကုန်လုံးကကျောင်းတွေပြီးလို့ ဘွဲ့ရသွားကြပေမဲ့လဲ သီချင်းအတူဆိုရဖို့ကို အမြဲလိုချင်နေခဲ့ကြတာပါ။ ဒီလိုနဲ့ ပြန်ဆုံတဲ့ပွဲမှာ သီချင်းဆိုရမယ်အထင်နဲ့ သွားခဲ့ကြပေမဲ့ မဆိုရလို့ ကြိမ်မနိုင်ခဲမရဝမ်းနည်းခဲ့ရပြီး မရရတဲ့နည်းနဲ့ သီချင်းအတူဆိုကြဖို့ကြိုးစားခဲ့ကြပါတယ်။ ဒီတစ်ခေါက်သူတို့အဖွဲ့ သီချင်းဆိုရတဲ့ နေရာကတော့ ခါတိုင်းနဲ့မတူဘဲ စစ်တပ်ထဲက စစ်သားတွေကို ဖျော်ဖြေရတဲ့ပွဲမှာပါ။ ဒီပွဲမှာ ဆိုခွင့်ရခဲ့ပေမဲ့လဲ ထုံးစံအတိုင်း အပြိုင်အဆိုင် အခက်အခဲတွေနဲ့ ကြုံခဲ့ရပုံတွေကို ပေါ့ပေါ့ပါးပါးလေး ရိုက်ကူထားတာဖြစ်ပါတယ်။ I am the one သီချင်းကို ဂျက်စတင်ဘီဘာနဲ့တွဲဆိုခဲ့ပြီး billboard မှာနာမည်အရမ်းကြီးခဲ့တဲ့ ဒီဂျေကားလက်လဲ ဒီကားလေးထဲမှာ ပါဝင်ထားပါသေးတယ်။ နောက်ထပ် ထူးခြားတာတစ်ခုက အဖွဲ့ဝင်တွေရဲ့ မိသားစုbackground အကြောင်းလေးတွေပါ စိတ်ဝင်စားဖွယ် ထည့်သွင်းရိုက်ကူးထားလို့ အရင်ကားတွေလိုပဲ ပရိသတ်တွေကို သေချာပေါက် ဆွဲဆောင်နိုင်မယ့် ကားကောင်းလေးတစ်ကားပါပဲ။   File Size : (800 MB) and (386 MB) Quality ...
6.2
IMDB: 6.2/10 11,456 votes
movie

Pitch Perfect 3 (2017)

2017
Blu-Ray 720p
Pitch Perfect 2 (2015) 6.4
Pitch Perfect 2 (2015) Pitch Perfect 2 ဟာ ၂၀၁၅ခုနှစ်က ထွက်ရှိခဲ့သော အမေရိကန်ဟာသကားဖြစ်ပါတယ်။ ၂၀၁၂ ခုနှစ်တွင် ထွက်ရှိခဲ့သော Pitch Perfect ၏ နောက်ဆက်တွဲကားလည်း ဖြစ်ပါတယ်။ ဂီတ-ဟာသ များတွင် ယခုထက်ထိ ဝင်ငွေ အများဆုံးရရှိထားသော ဇာတ်ကားဖြစ်ပါတယ်။ IMDb Rating 6.5/ 10 ရရှိထားပြီး Rotten Tomatoes တွင် 66% Rating ရရှိထားပါတယ်။ ဒီရုပ်ရှင်ထဲမှာ Cappella သီဆိုခြင်း ကို အဓိကထားပြီး ဇာတ်အိမ်တည်ထားပါတယ်။ Cappella သီဆိုခြင်း ဆိုတာကတော့ တူရိယာ မပါဘဲ အဖွဲ့တစ်ဖွဲ့တွင်ပါဝင်သော လူများကပဲ သီချင်းများကို သီဆိုခြင်း၊ ပါးစပ်ဖြင့် Beatbox သံလုပ်ခြင်းအပါအဝင် တူရိယာသံလုပ်ခြင်းများကို ကိုယ်တိုင်ဖန်တီး၍ လုပ်ဆောင်ရခြင်းဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ အမေရိကန်သမ္မတ Barack Obama ၏ မွေးနေ့ပွဲတွင် Bella အဖွဲ့က ဖျော်ဖြေဆင်တင်ဆက်ရာမှ  ဖြစ်ပွားခဲ့ရသော အမှားတစ်ခုကြောင့် Bella အဖွဲ့၏နာမည်ကျဆင်းခဲ့ရပြီး ...
6.4
IMDB: 6.4/10 119,150 votes
movie

Pitch Perfect 2 (2015)

2015
Blu-Ray 720p
Pitch Perfect (2012) 7.2
Pitch Perfect (2012) IMDb Rating 7.2/10 Rotten Tomatoes 81% Pitch Perfect ကားဟာ ၂၀၁၂ ခုနှစ်က ထွက်ရှိခဲ့တဲ့ အမေရိကန် Mucical Comedy ဇာတ်ကားပဲဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ Barden တက္ကသိုလ်မှ Cappella သီဆိုကြတဲ့ မိန်းကလေးများသာပါဝင်တဲ့ Bella အဖွဲ့ဟာ ၂၀၁၁ခုနှစ် နိုင်ငံအဆင့် Cappella ပြိုင်ပွဲမှာ ယှဉ်ပြိုင်နေစဉ် အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ Aubrey က စင်ပေါ်မှာ အန်ချမိခဲ့တဲ့အတွက် ပွဲပျက်ပြီး ရှုံးနိမ့်ခဲ့ရပါတယ်။ ထို့နောက် အဖွဲ့တော်တော်များများက ကျောင်းပြီးသွား၍ အဖွဲ့မှာ မပါဝင်နိုင်တော့သဖြင့် အဖွဲ့ဝင်သစ်တွေကို ပြန်လည်ရွေးချယ်ရပါတော့တယ်။ ရှေ့က Bella တွေရဲ့ပုံစံကတော့ သေးသေးသွယ်သွယ်၊ အရပ်မြင့်မြင့်နဲ့ ပရိသတ်တွေကို ဆွဲဆောင်နိုင်တဲ့ ပုံစံမျိုးတွေပဲဖြစ်ပါတယ်။ သို့သော် မနှစ်က ဖြစ်ခဲ့တဲ့ အမှားကြောင့် Bella အဖွဲ့ နာမည်ကျဆင်းခဲ့ရသောကြောင့် လူအများက ဝင်ရောက်အရွေးချယ်ခံဖို့စိတ်ဝင်စားမှုနည်းပါးခဲ့ရသောကြောင့် ရှေးက ပုံစံအတိုင်းအဖွဲ့ဝင်တွေကို မရွေးချယ်နိုင်တော့သောကြောင့် အသံကောင်းပြီး သီချင်းဆိုတတ်တဲ့ မိန်းကလေးများကိုသာ ...
7.2
IMDB: 7.2/10 240,087 votes
movie

Pitch Perfect (2012)

2012
Blu-Ray 720p
The Last Song (2010) 5.9
The Last Song (2010) ကဲ ရိုမန်တစ်​ဆန်​ဆန်​ကား​လေး​တွေကြည့်​ချင်​သူ​တွေအတွက်​ ဇာတ်​ကား​ကောင်း​လေးလာပါပြီ The last song ဇာတ်​ကား​လေးဟာ 2010ခုနှစ်​ကထွက်​ရှိထားတဲ့ romance ရုပ်​ရှင်​ဇာတ်​ကားတစ်​ကားဖြစ်​ပြီး Imdb rating 5.9/10ရရှိထားပါတယ်​ သရုပ်​​ဆောင်​ထားသူ​တွေက​တော့ အဆို​တော်​ မိုင်​လီဆိုင်းရပ်​စ်​နဲ့ချစ်​သူမင်းသား​ချော Liam Hemsworthတို့ဖြစ်​ပါတယ်​... Liam ကိုအရမ်းချစ်​တဲ့မိုင်​လီတစ်​​ယောက်​ ဘယ်​လိုအသက်​ပါပါသရုပ်​​ဆောင်​သွားမလဲဆိုတာ စိတ်​၀င်​စားစိတ်​၀င်​စားစရာပါ ဇာတ်​လမ်းအကျဉ်းက​တော့ ဆယ်​​ကျော်​သက်​​ကောင်​မ​လေး Ronnie ဟာ မိခင်​ဖြစ်​သူနဲ့သာ​နေရတဲ့​ကောင်​မ​လေးဖြစ်​ပါတယ်​....​ ​နွေရာသီ​အားလပ်​ရက်​​ရောက်​တဲ့အခါ မိခင်​ဖြစ်​သူက Ronnie နဲ့​မောင်​ဖြစ်​သူကို ကွဲကွာ​နေတဲ့ဖခင်​ဆီ ပို့လိုက်​ပါ​တော့တယ်​... ဖခင်ကိုအြ​​မင်မ​ကြည်​တဲ့ Ronnie ကို ဖခင်​ဖြစ်​သူမှ ၂​ယောက်​စလုံးဝါသနာပါတဲ့သီချင်း​တွေနဲ့ Ronnie တစ်​​ယောက်​ စိတ်ေ​ပြသွားအောင်​ဆွဲ​ဆောင်​ပါ​တော့တယ်​..... Ronnie လည်း မြို့ခံနယ်​သား​လေး တစ်​​ယောက်​နဲ့ချစ်​ကြိုက်​မိပါ​တော့တယ်​.... Ronnie ဖခင်​နဲ့ပြန်​​ပြေလည်​သွားမလား.... အချစ်​​ရေးက​ရော​ဖြောင့်​ဖြူးမှာလားဆိုတာ ကြည့်​ရှုလိုက်​ပါဦး​နော်​   File Size : (900 MB) and (330 MB) Quality : Blu-Ray 720p Running Time : 1hr 47min Format : Mp4 Genre :Drama, Music, Romance Subtitle : Myanmar ...
5.9
IMDB: 5.9/10 67,880 votes
movie

The Last Song (2010)

2010
Blu-Ray 720p
Whiplash (2014) 8.5
Whiplash (2014) Whiplash(2014) IMDb….8.5,,,,,,,Rotten….94 ကြားဖူးတာလေးတစ်ခုရှိတယ်…တရုပ်ကြီးတစ်ယောက်နဲ့မြန်မာအမျိုးသမီးတစ်ယောက်နဲ့အိမ်ထောင်ကျသတဲ့… .အိမ်ထောင်ရေးကအဆင်ပြေတယ်ဆိုပေမယ့် တရုတ်ကြီးက သူ့မိန်းမကိုမကျေနပ်တဲ့အချိန်ရှိတယ်….အဲ့ဒါက ဂရိတ်ဦးဖိုးစိန်ကြောင့်ပဲ. ..ဦးဖိုးစိန်ကြီးလာကတဲ့အချိန်ဆို သူ့မိန်းမက ဘာအလုပ်ပဲရှိရှိ ဖျက်ပြီး သွားကြည့်တာကိုး..တရုပ်ကြီးက တစ်ခါလည်းမဟုတ် နှစ်ခါလည်းမဟုတ်ဆိုတော့ အတော်တင်းသတဲ့…တစ်နေ့တော့ သူ့မိန်းမ ဘာလို့အဲ့လောက်ကြည့်ချင်ရတာလဲဆိုတာသိချင်တာနဲ့ ဦးဖိုးစိန်ကပြတဲ့ပွဲကိုလိုက်ကြည့်သတဲ့.. .ဦးဖိုးစိန်ကြီးက မင်းသမီးတွေနဲ့ကတာကိုး….ဆိုင်းဝိုင်းကလည်းမြိုင်ဆိုင်…ဦးဖိုးစိန်ကြီးကလည်း မင်းသမီးတွေကြားမှာ လှပစွာကနေသတဲ့.. တရုတ်ကြီးအနေနဲ့မြန်မာ့ဆိုင်းဝိုင်းရယ် မင်းသားမင်းသမီးအကရယ်ကိုသိပ်နားမလည်ဘူး…ဒါပေမယ့် ကြည့်နေရင်း လူကမြူးလာတော့ မနေနိုင်မထိုင်နိုင်ထပြောသတဲ့…အမလေး ဦးဖိုးစိန်ကြီးနဲ့ကတဲ့မင်းသမီးသာဖြစ်လိုက်ချင်သတဲ့…အနုပညာဆိုတာဒါပဲနေမယ်…. ကျွန်တော်ဘာလို့ဒါတွေပြောနေလဲဆိုတော့ jazz  drummer ကောင်လေးတစ်ယောက်ကိုရိုက်ပြထားလို့ပါ..ခင်ဗျားတို့တော့မသိဘူး..ကျွန်တော်က jazz အမျိုးအစားနဲ့စိမ်းလွန်းလှတယ်…ဒါပေမယ့်ဒီကားထဲမှာတော့ Miles Teller ရဲ့ အမူအရာတွေ ဒရမ်တီးတဲ့ပုံတွေကြောင့်ရယ်လား J.K. Simmons ရဲ့အားပါပြင်းထန်လွန်းတဲ့ ဟန်ပန်တွေကြောင့်လား တီးဝိုင်းတစ်ခုလုံးရဲ့အသံတွေကြောင့်လားမသိ jazz ဂီတအမျိုးအစားထဲကိုစီးမျောသွားတယ်.. ဒီကားက ကျော်ကြားတဲ့ drummer သမားဖြစ်အောင်ကြိုးစားနေတဲ့ကောင်လေးတစ်ယောက်အကြောင်းကိုရိုက်ပြထားတာပါ ..ကြားဖူးသလောက် တူရိယာတွေတီးခတ်တဲ့သူတွေကို ရုပ်ရှင်ရိုက်တဲ့နေရာမှာ  piano သမား ဂစ်တာသမားတွေကပြသနာသိပ်မရှိဘူးတဲ့… ဘာလို့ဆိုတီးကွက်တွေပြတဲ့နေရာမှာ view ကိုအစားထိုးဖို့လွယ်ကူပါသတဲ့….ဒရမ်သမားကြတော့အဲ့ဒီလို view ပြဖို့မလွယ်ကူပါသတဲ့….ဒီဇာတ်ကားရဲ့အဓိကသရုပ်ဆောင်  Miles Teller ကတော့ ကိုယ်တိုင်ပဲတီးတာ…သူဟာ ၁၅နှစ်သားအရွယ်ထဲက ဒရမ်တီးတယ်ဆိုပဲ. ..ပြီးတော့ ဒီကားအတွက်ကြိုတင်ပြင်ဆင်မှုအဖြစ် တစ်နေ့ကို ၄နာရီလေ့ကျင့်ပါသတဲ့…..Rating တွေမြင့်တာကလည်း ဒါ့ကြောင့်နေမယ်….ကျန်တာကတော့ spoiler ဖြစ်သွားမှာစိုးလို့မပြောတော့ပါဘူး…..   File Size…(900MB) and (376MB) Quality…BluRay ...
8.5
IMDB: 8.5/10 523,478 votes
movie

Whiplash (2014)

2014
Baazigar 7.8
Baazigar Shah Rukh Khan ငယ်စဉ်က ကားကောင်းလေး တစ်ကား နဲ့ မိတ်ဆက်ပေးပါရစေ ရုပ်ရှင်ကားနာမည်က Baazigar ပါတဲ့ ဒီထဲမှာ မင်းသမီးချော Kajol လဲ Shah Rukh Khan နဲ့ အတူ သရုပ်ဆောင်ထားပါတယ် ရုပ်ရှင်ကား ပုံစံလေးကတော့ ရှာရွတ်ခန်း ဟာ ငယ်စဉ်ကတည်းက နာမကျန်းဖြစ်နေတဲ့ မိခင်ကြီးကို ပြုစုစောင့်ရှောက်နေရတဲ့ အချိန်ကနေ စပါတယ်... သူ့ဘ၀ ဟာ ဆိုးလွန်းပါတယ် ငယ်ငယ်ရွယ်ရွယ်နဲ့ သူများအိမ်က တောက်တိုမယ်ရ အလုပ်တွေ လုပ်ပြီး မိခင်ကြီးအား ဆေးဝယ်တိုက် စားစရာတွေ ၀ယ်ကျွေးပြီး သူကျတော့ အငတ်ခံတက်တဲ့ ကလေး တစ်ယောက်ပါ... သူတို့ မိသားစု ဘ၀ ကိုပြန်တွေးကြည့်ရင် ရင်နာစရာ အတိပါပဲ ရှရွတ်ခန်း တို့ အရင်အချိန်က ပြီးပြည့်စုံပြီး ချမ်းသာတဲ့ မိသားစုလေးပါ ရှရွတ်ခန်း အဖေ နဲ့ အမေ ဟာ ကြင်နာသနားတက်သူ သူတစ်ပါးကို ယုံပေးတက်သူတွေ ဖြစ်တဲ့ အတွက် အလုပ်သမား တစ်ဦးရဲ့ ကောက်ကျစ်မှုကြောင့် ဖခင်ဖြစ်သူလဲ သေဆုံးခဲ့သလို ...
7.8
IMDB: 7.8/10 20,351 votes
movie

Baazigar

1993
Mamma Mia! (2008) 6.4
Mamma Mia! (2008) ဒီတစ်ခါတော့ 2008 ခုနှစ်က ထွက်ခဲ့တဲ့ ပေါ့ပေါ့ပါးပါးရုပ်ရှင်တစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ "အရမ်းလေးတဲ့ရုပ်ရှင်တွေကိုလည်း မကြည့်ချင်ဘူး ၊ ပေါ့ပျက်ပျက်ရုပ်ရှင်တွေကိုလည်း ကြည့်မိမှာစိုးတယ်" ဆိုတဲ့ သူတွေအတွက် ဒီဇာတ်ကားကတော့ အဆင်ပြေပါလိမ့်မယ်။ နေ့စဉ်ပင်ပန်းနွမ်းနယ်မှုတွေထဲကရုန်းထွက်ဖို့ ရုပ်ရှင်တစ်ကားကြည့်ပြီး စိတ်ပေါ့ပါးလန်းဆန်းသွားချင်တယ်ဆိုရင် ဒီ ရုပ်ရှင်လေးကို ကြည့်ဖို့တိုက်တွန်းချင်ပါတယ်။ နာမည်ကတော့ "Mamma Mia!" ဖြစ်ပါတယ်။ Meryl Streep ၊ Pierce Bronsnan ၊ Colin Firth ၊ Stellan Skarsgard ၊ Dominic Cooper ၊ Amanda Seyfried စတဲ့ နာမည်ကျော်သရုပ်ဆောင်တွေ ပါဝင်ထားပါတယ်။ Lesbian တယောက်ဖြစ်တဲ့ Phyllida Lloyd အတွက် Mamma Mia! ပထမဆုံးဒါရိုက်တာအဖြစ်ရိုက်ကူးခဲ့တာဖြစ်ပါတယ်။ ရုပ်ရှင်ရဲ့ကုန်ကျစရိတ်က $52 million သာဖြစ်ပြီး တကယ် ရုံတင်ပြသခဲ့တဲ့အခါ $609.8 million အထိဝင်ငွေရရှိခဲ့တဲ့ ရုပ်ရှင်တစ်ကားဖြစ်ပါတယ်။ Kalokairi လို့ခေါ်တဲ့ ဂရိကျွန်းတစ်ကျွန်းပေါ်မှာ ...
6.4
IMDB: 6.4/10 158,209 votes
movie

Mamma Mia! (2008)

2008
Munna Michael (2017)
Munna Michael (2017)   မိုက်ကယ်ဂျက်ဆင်ကို စံနမူ နာထား လေးစားအားကျရင်း ဘ၀ ရပ်တည်မှုအတွက် ကြိုးစားခဲ့တဲ့ ကောင်လေးတစ်ယောက်အ ကြောင်း ဇာတ်အိမ်တည်ထားတာ ပါ။ အကသမားတစ်ဦးဖြစ်တဲ့ မိုက်ကယ်ဟာ မိုက်ကယ်ဂျက်ဆင်ကို လေးစားအားကျသူဖြစ်ပြီး တစ်ရက်မှာတော့ အလုပ်ထုတ်ခံလိုက် ရလို့ စတူဒီယိုကနေ ပြန်လာတုန်း လမ်းဘေးမှာ စွန့်ပစ်ခံထားရတဲ့ မွေးကင်းစကလေးလေးတစ်ဦးကို တွေ့ခဲ့ပါတယ်။ အဲဒီကလေးကို မိုက်ကယ်ကခေါ်ယူမွေးစားခဲ့ပြီး မွန်နာလို့နာ မည်ပေးခဲ့ပါတယ်။ မွန်နာဟာ မိုက်ကယ်ရဲ့ခြေရာကို နင်းနိုင်သူ တစ်ဦးဖြစ်လာခဲ့ပြီး အကမှာ သူမတူအောင်ထူးချွန်သလို သူက လည်းပဲ မိုက်ကယ်ဂျက်ဆင်ကို ရူးရူးမိုက်မိုက်ကို သဘောကျသူ ဖြစ်ပါတယ်။  မိုက်ကယ်ကတော့ မွန်နာကို အကသမားမဖြစ်စေချင်ဘဲ အဆင့်မြင့်တဲ့ အလုပ်အကိုင်ရစေ ချင်နေတာပါ။ ဒါပေမဲ့ မွန်နာ ကတော့ သူ့ရဲ့အကအဖွဲ့နဲ့အတူ ကလပ်တွေမှာ လိုက်ပြီးတခြား အဖွဲ့တွေ၊ စိန်ခေါ်ပွဲတွေ ယှဉ်ပြိုင် ရင်း ၀င်ငွေရှာခဲ့ပါတယ်။ တစ်ရက် မှာတော့ မိုက်ကယ်ကျန်းမာရေး မကောင်းဖြစ်ပြီး ဆေးရုံတက်ခဲ့ရ ပါတယ်။  အဲဒီအချိန်မှာပဲ ...
IMDB: /10 1351 votes
movie

Munna Michael (2017)

2017
Baby Driver (2017) 8.1

Baby Driver (2017)

2017
Devdas (2002) 7.6
Devdas (2002)   တည်ငြိမ်နေတဲ့ ပတ်ဝန်းကျင်နဲ့ ထည်ဝါလွန်းတဲ့ အိမ်တော်ကြီး တစ်ခုမှာ ထူးထူးခြားခြား ဆူညံပွက်လောရိုက်လာတယ် ဘာကြောင့်လဲဆိုတော့ ဒေ့ဗ်ဒါးစ် ပြန်လာမယ်လို့ စာရေးလိုက်လို့ ဒေ့ဗ်ဒါးစ် ဆိုတာ ငယ်စဉ်ကတည်းက လန်ဒန်ကို ပညာသင်လွှတ်လိုက်တဲ့ ဒီအိမ်တော်ကြီးရဲ့ သခင်လေး သားကိုတွေ့ရတော့မှာမို့ ပျော်လွန်းလို့ မျက်ရည်ကျနေတဲ့ အမေ ဘာလုပ်လို့ ဘာကိုင်ရမသိဖြစ်နေတဲ့ အစေခံတွေ "ငါ့သားလေးကို ငါအရင်တွေ့ပါရစေ အားလုံး မျက်လုံးတွေ မှိတ်ထားပေးကြပါ " ============================================ "နင် လန်ဒန်ကို ရောက်နေတော့ ငါ့ကို သတိရလား တစ်ခါမှ မရပါဘူး ငါ့မှာတော့ အကြိမ်ပေါင်း ၂၈၅၀ လောက်စာတွေ ရေးခဲ့တယ် နင့်အတွက် ရည်စူးပြီး ထွန်းညှိထားတဲ့ ဆီမီးတိုင်က ၈၇၆၀၀ နာရီလောက်ကြာအောင် တောက်လောင်နေတာ နင့်ကို သတိရတဲ့ တစ်ချိန်တော့ ရှိပါတယ်ဟာ ငါ့ အသက်တစ်ကြိမ် ရှုလိုက်တိုင်းမှာပေါ့" ****************************************** အမေဖြစ်သူမှာ အရင်တွေ့ချင်ပေမယ့် မြင်တွေ့ခွှင့်မရပဲ ဘေးအိမ်က ပါရိုစီကို အပြေးသွားခဲ့လေသူ ဒေ့ဗ် သားဖြစ်သူရဲ့ ဦးစားပေးမှုကို လုယူုခံလိုက်ရလို့ ပါရိုကို သမီးတစ်ယောက်လို ချစ်ပေမယ့် အမုန်းကြီး မုန်းခဲ့တော့တယ် လူကြီးချင်း မည်မျှပင် ရင်းနှီးခဲ့ပေမယ့် ...
7.6
IMDB: 7.6/10 29,744 votes
movie

Devdas (2002)

2002
Goliyon Ki Raasleela Ram-Leela (2013) 6.4
Goliyon Ki Raasleela Ram-Leela (2013)   ဒီတခါ Channel Myanmar ပရိတ်သတ်တွေအတွက် မိတ်ဆက်ပေးချင်တဲ့ ဇာတ်ကားကတော့ "Goliyon Ki Raasleela Ram-Leela" ဆိုတဲ့ အချစ် ဇာတ်ကားဖြစ်ပါတယ်။ ဇာတ်လမ်း ဒါရိုက်တာက ရိုမီယို နဲ့ ဂျူးလိယက် အချစ်ကို အမှီပြုပြီး ရိုက်ကူးထားတာပါ ရိုမီယို နဲ့ ဂျူးလိယက် ဆိုတော့ စိတ်ဝင်စားဖို့ ကောင်းသွားပြီ ဇာတ်လမ်းအညွှန်းကတော့ ဒီလိုပါ... ရာဂျာဒီ မျိုးနွယ်စု နဲ့ စန်နရာ မျိုးနွယ်စု ဟာ နှစ်ပေါင်း ၅၀၀ ကျော်ကြာ ရန်ငြိုးရှိခဲ့ပါတယ်... ရာဂျာဒီ တွေက အာဃာတ မီးတွေ မငြိမ်းသတ်နိုင်ပေမယ့် ရာဂျာဒီ အကြီးအကဲ ရဲ့ အငယ်ဆုံးသား ရမ် ကတော့ ငြိမ်းချမ်းရေးကို မြတ်နိုးသူပါ.. ရမ် က အဖေ နဲ့ အကို ကို ဆန့်ကျင်ပြီး ဆိုးချင်တိုင်း ဆိုးနေပါတော့တယ်.. ...
6.4
IMDB: 6.4/10 14,187 votes
movie

Goliyon Ki Raasleela Ram-Leela (2013)

2013
The Farewell Girl (2017)
The Farewell Girl (2017) 2017 ခုနှစ်ထွက် ပေါ့ပေါ့ပါးပါး လူငယ်ကားလေးတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ် ဇာတ်ကားလေးက Jun လ ၃၀ ရက်နေ့ကထွက်ရှိထားတာဖြပြီး စာတန်းထိုးဖိုင်တောင်မထွက် ရှိသေးပါဘူး IMDb မှာလဲ rating မတက်သေးပါဘူး အဲ့ဒါကြောင့် ကိုယ့်ဖာသာ ပေးရရင်ဖြင့် ကျွန်တော်ကတော့  6.5/10 ပါ ဒါ့ကြောင့် ပရိတ်သတ်ကြီးကိုကြည့် ရှူစေချင်တာကြောင့် ကိုယ်တိုင် စာတန်းထိုးဖိုင်ဖန်တီးပြီး ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ် ဇာတ်လမ်းအကျဉ်းလေးကတော့ မိန်းကလေး ဦးဆောင်တဲ့ တီးဝိုင်းတစ်ခုဟာ သူတို့အဖွဲ့ရပ်တည်ဖို့ ရုန်းကန်ရင်း K pop ဂီတရဲ့ လွမ်းမိုးမူကြောင့် ရော့ဂီတကို အသားပေးတဲ့ သူတို့ အဖွဲ့အနေနဲ့ ဘယ်လိုမှ အဆင်မပြေခဲ့ပါဘူး ဒီလိုနဲ့ တရက်မှာ မထင်မှတ်ပဲ အသုဘ အခမ်းအနားတစ်ခုကိုရောက်ရှိသွားရာမှ မြန်မာလိုဆို ဆိုင်းဝိုင်းနဲ့ အသုဘ ချသလို အသုဘ အခမ်းအနားမှာ သီချင်းဆိုပေးရတဲ့အလုပ်ကို ဆက်စပ်မိသွားခဲ့ပါတယ် ကဲ ပရိတ်သတ်ကြီးရေ သူတို့အဖွဲ့က သူတို့ရဲ့ ပန်းတိုင်အတိုင်း နာမည်ကြီးအဖွဲ့တစ်ခုဖြစ်အောင် ရပ်တည်သွားနိုင်မလား ဘယ်လိုအလွဲတွေတွေ့ရမလဲဆိုတာကိုတော့ ...
IMDB: /10 votes
movie

The Farewell Girl (2017)

Veer-Zaara (2004) 7.9
Veer-Zaara (2004) IMDB rating က 7.9 အထိရှိထားပြီး ဇာတ်လမ်းဇာတ်ကွက် ဇာတ်အိမ်တွေက လှပတဲ့အပြင် ရှုခင်းပသာဒတွေက စိတ်ဘ၀င်အေးစေတဲ့ကားမျိုးပါ။ ဒီကားဟာဖြင့် အိန္ဒိယ နဲ့ ပါကစ္စတန် နှစ်နိုင်ငံ ကြား စည်းထားကြပေမယ့် ချစ်ခြင်းကို ဘယ်သူက တားဆီးကြမှာလဲ ဆိုတဲ့ ခေါင်းစဉ်အောက်မှာ အတွေးများစွာ မေးစေမိပါတယ်။ အချစ် ဟာ ချစ်နေရုံနဲ့ ပြီးလား လို့ မေးရင် Logic ဆန်ဆန်လူတွေက ခေါင်းခါမိပါလိမ့်မယ်။ အခြေအနေ မတူခြင်းတွေအောက်မှာ ချစ်လျက်နဲ့ခွဲခွာ ရတဲ့ ဖူးစာတွေဆိုတာလည်း ဒုနဲ့ဒေးပါ။ ဘာသာရယ် မတူ နိုင်ငံရယ်ခြားနေရင်ဖြင့် ပိုလို့တောင် စိတ်မကူးနိုင်တော့ပါ။ သို့သော် ……။ ဇာတ်လမ်းအကျဉ်း လေး သွားကြည့်ရအောင် ။ ဒီလိုကားမျိုးကို ကောင်းတယ်လို့ပဲ ညွှန်းပေးချင်တာပါ။ ဘာ ဇာတ်လမ်းမှမသိဘဲ ကိုယ်တိုင် ဆွဲဆောင်ခံရတဲ့ ရေစီးကြောင်းတစ်ခုလို ကြည့်သင့်တဲ့ကားပါ။ ( လျှာရှည်တာ ...
7.9
IMDB: 7.9/10 39,520 votes
movie

Veer-Zaara (2004)

2004
200 Pounds Beauty 6.9
200 Pounds Beauty ဒီနေ့လဲ IMDb Rating (6.9) ထိ ရရှိထားတဲ့ ကိုရီးယား ဇာတ်ကားကောင်းတစ်ကားနဲ့ထပ်မံမိတ်ဆက်ပေးပါရစေ။ ဒီဇာတ်ကားက တချို့လဲကြည့်ဖူးလောက်ပြီ တချို့လဲမေ့နေလောက်ပြီ တချို့လဲသတိရဆဲဖြစ်နေမယ့် တစ်ခေတ်တစ်ခါက နာမည်ကြီးဇာတ်ကားပါ။ ကျွန်တော်တော့ အခုပြန်ကြည့်တာ ထပ်ပြီး Heart ထိအောင် ခံစားရပါတယ်။ ကိုးရီးယားမှာ တအားကို ဟော့ဖြစ်ခဲ့ပြီး "ပြရက် ၂၀ နဲ့ လက်မှတ် ၄ သန်း ရောင်း ရပြီး" လို့ ဖေါ်ပြခံခဲ့ရတဲ့ဇာတ်ကားပါ။၄၂ ရက်မှာ လက်မှတ် ၅.၈၃ သန်း ရောင်းခဲ့ရပြီး၊ ကိုးရီးယား တစ်နိုင်ငံလုံး ရုံပေါင်း ၂၅၀ မှာ တပြိုင်နက်တည်းပြသခဲ့တာပါ။ စံချိန်တွေချိုးခဲ့တဲ့ဇာတ်ကားဖြစ်ပြီး ကုန်ကျစရိတ် US$ 4 Million ပဲရှိခဲ့ပေမယ့် Box Office ဝင်ငွေ US$ 42 Million ပြန်ရခဲ့အထိအောင်မြင်ခဲ့ပါတယ်။ ဇာတ်ကားရဲ့ ဒါရိုက်တာ Kim Yong-hwa ကို JoongAng ...
6.9
IMDB: 6.9/10 5,705 votes
movie

200 Pounds Beauty

2006
Speed Scandal (2008)
Speed Scandal (2008) ရုပ်ရှင် ဆုပေါင်း ၂၀ကျော်ကို ဆွတ်ခူးထားပြီး2008 တုန်းက လက်မှတ်စောင်ရေ ၈သန်းကျော်ရောင်းချခဲ့ရတဲ့ ကိုရီးယားကားကောင်းလေးတစ်ကောင်းနဲ့မိတ်ဆက်ပေးပါရစေ။ အဲ့ဒီကားလေးကတော့Scandal Makers(Speedy Scandal)ဆိုတဲ့ကားလေးပါ။Old but Gold ပေါ့နော်။ တရုတ်ကတောင် 2016 Nov တုန်းက ဒီကားကို ပြန်ရိုက်ထားတဲ့ကားထွက်လာပါသေးတယ်။ Imdb Rating ကလဲ 7.3 တောင်ရထားတဲ့ကားလေးပါ။ ဇာတ်လမ်းအကျဉ်းကတော့ နမ်ဟွမ်းဆူ ဆိုတဲ့ နာမည်ကြီး အစီအစဉ်တင်ဆက်သူတစ်ယောက် သူ့ဆီကို သူ့သမီးဆိုပြီးမိန်းကလေးငယ်လေးတစ်ယောက်ရောက်လာပါတယ်။ အဲ့မိန်းကလေးငယ်လေးမှာလဲကလေးလေးတစ်ယောက်လဲပါလာပါသေးတယ်။ နာမည်ပျက်မှာကြောက်တဲ့ နမ်ဟွမ်းဆူတစ်ယောက် DNA စစ်ကြည့်တော့ သမီးအရင်းဆိုတာ သိလိုက်ရပါတော့တယ်။အသက်၃၀ကျော်မှာ နမ်ဟွမ်းဆူ တစ်ယောက်မြေးတောင်ချီရပါတော့မယ်။ဒီကားထဲမှာ မြေးအဖြစ်သရုပ်ဆောင်ထားတဲ့ ကလေးလေးတစ်ယောက်တည်းနဲ့တင် ကိုယ်တောင်မြေးချီချင်လာတယ်။:P အဲ့ဒီသားအမိနဲ့ သူနဲ့ ဘယ်လိုနှစ်ပါးသွားမလဲဆိုတာ ရယ်ရယ်မောမောနဲ့ကြည့်ရမှာပါ။ ဇာတ်လမ်းရဲ့ကောင်းမွန်မှုရယ်၊သရုပ်ဆောင်ပိုင်နိုင်မှုရယ်၊အပိုအလိုမရှိတဲ့ ဇာတ်ကွက်တွေကြောင့် ကြည့်ကိုကြည့်သင့်တဲ့ကားလေးလို့ညွှန်းပါရစေ။ ပေါကားမဟုတ်တဲ့ ဟာသကားလေးကို မြည်းစမ်းကြည့်ရအောင်။ (ဘာသာပြန်သူကတော့ အေးမွန်ကျော်ပါ) File size…(800 MB) and (330MB) Quality…Blu-Ray Rip 720p Format…mp4 Duration….01:48:00 Subtitle….Myanmar Subtitle (Hardsub) Translator…..Aye Mon Kyaw Encoder….Thanhtike Zaw       Download and Watch (Yoteshin Link) (or) Download and Watch (CM Link) Download ...
IMDB: /10 votes
movie

Speed Scandal (2008)

Genres

Like Us!