Channel Myanmar

Romance

Irish Wish (2024) 5.5
Irish Wish (2024)  ၂၀၂၄ မတ်လ ၁၅ ရက်ကမှ ပူပူနွေးနွေးထွက်ရှိထားတဲ့Irish Wish ဆိုတဲ့ အချစ်ဟာသဇာတ်မြူးကားလေးနဲ့မိတ်ဆက်ပေးချင်ပါတယ်။ဒီဇာတ်ကားရဲ့အဓိကဆွဲဆောင်မှုက မင်းသမီး Lindsay Lohanဆိုရင်လည်း မမှားပါဘူး။ အချိန်အကြာကြီးအနားယူနေခဲ့တဲ့Lindsay Lohan ရဲ့ Netflix နဲ့ဒုတိယမြောက်လက်တွဲရိုက်ကူးခဲ့တဲ့ဇာတ်ကားလည်း ဖြစ်ပါတယ်။Kirsten Hansen ရေးသားပြီး Janeen Damianရိုက်ကူးထားတဲ့အမေရိကန်ရုပ်ရှင်ဇာတ်ကားဟာအိုင်ယာလန်မှာအခြေတည်ထားတာဖြစ်ပြီး အိုင်ယာလန်ရဲ့လှပတဲ့ရှု့မျှော်ခင်းများစွာပါဝင်ပါတယ်။ မင်းသမီးLindsay Lohan နဲ့တင် ကြည့်ရတာတန်တဲ့ရုပ်ရှင်ဖြစ်တယ်လို့ဝေဖန်ရေးသမားတွေက ဆိုထားပါတယ်။ဇာတ်ကားထွက်ရှိလာပြီးနောက်တစ်ရက်မှာပဲ Netflix ရဲ့လူကြည့်အများဆုံးရုပ်ရှင်စာရင်းမှာ နံပါတ်တစ်ချိတ်ခဲ့တာဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း**************** ဝတ္တုအယ်ဒီတာမလေးမတ်ဒဲလင်ကယ်လီဟာသူတည်းဖြတ်ပေးရတဲ့စာအုပ်ရဲ့စာရေးဆရာပေါလ်ကနေဒီကို ကြိတ်ကြိုက်နေခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့ ပေါလ်ကမတ်ဒဲလင်ရဲ့သူငယ်ချင်းအမ်မာကိုမြင်မြင်ချင်းချစ်မိသွားတဲ့အခါ ပေါလ်နဲ့အမ်မာဟာအိုင်ယာလန်မှာ လက်ထပ်ဖို့ဖြစ်လာခဲ့ပါတယ်။သတို့သမီးအရံလုပ်ရမယ့်မတ်ဒဲလင်က အိုင်ယာလန်ကိုလိုက်သွားရင်း မှော်ကျောက်ကုလားထိုင်တစ်ခုပေါ်မှာပေါလ်နဲ့လက်ထပ်ရမယ့်သူဟာ သူပဲဖြစ်ပါစေလို့ဆုတောင်းလိုက်မိပါတယ်။ မထင်မှတ်ဘဲ မတ်ဒဲလင်ရဲ့ဆုတောင်းပြည့်ပြီး သတို့သမီးနေရာကိုရောက်သွားတဲ့အခါမတ်ဒဲလင်ရဲ့ကံကြမ္မာလည်း ပြောင်းလဲသွားခဲ့ရပါတော့တယ်။  File size…949MB Quality…NF. WEB-DL  720p Format…mp4 Duration….1h 33m Genre ….. Comedy , Fantasy , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by JULY
movie

Irish Wish (2024)

Addicted to Love (1997) 6.1
Addicted to Love (1997)  Addicted to Love ဇာတ်ကားလေးဟာဆိုရင် ၁၉၉၇ ခုနှစ်မှာထွက်ရှိခဲ့ပြီး ဒါရိုက်တာ Griffin Dunne က ရိုက်ကူးထားတဲ့ရိုမန်းတစ်ဟာသ အချစ်ဇာတ်မြူးလေးဖြစ်ပါတယ်။ ဒီကားထဲမှာနာမည်ကျော်သရုပ်ဆောင်တွေဖြစ်ကြတဲ့ Matthew Broderick၊Kelly Preston၊ Linda တို့က အဓိကပါဝင်ထားပြီး လူသားတယောက်ရဲ့အချစ်ပုံသဏ္ဍန်ကို အဓိပ္ပာယ်များစွာနဲ့ ဖော်ကျူးထားတာဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်း***************Sam က နက္ခတ္တ‌ဗေဒပညာရှင်တယောက်ဖြစ်ပြီးတော့ သူ့ရဲ့စေ့စပ်ထားတဲ့ချစ်သူ Linda ရဲ့ စွန့်ပစ်ခြင်းကို ခံလိုက်ရပါတယ်။Linda ကတော့ ကျောင်းဆရာမအလုပ်ကို ပျော်မွေ့တဲ့သူဖြစ်ပါတယ်။နယူးယောက်မြို့မှာ ကျောင်းဆရာမအလုပ်ကို သွားလုပ်တဲ့ Linda ရဲ့လမ်းခွဲနှုတ်ဆက်စာကို ဖတ်ပြီးချိန်မှာ Sam တယောက် ရတက်ပွေပြီးသူ့ချစ်သူနောက်ကို ခြေရာခံလိုက်ပါတော့တယ်။Linda က နယူးယောက် စားသောက်ဆိုင်ပိုင်ရှင်သူဌေး Anton နဲ့အချစ်သစ်ရှာတွေ့သွားခဲ့တာဖြစ်ပြီး Sam က သူတို့နှစ်ယောက်ကိုလျှို့ဝှက်စောင့်ကြည့်ဖို့ စက်ကိရိယာအသစ်တခုတီထွင်လိုက်ပါတော့တယ်။ဒီအခါမှာ Anton ရဲ့ရည်းစားဟောင်း Maggie ကလည်း သူ့ဘဝကိုအသုံးချပြီးသစ္စာဖောက်သွားတဲ့ Anton ကို လက်စားချေဖို့ ကြံစည်နေတာပါ။အဲဒီမှာပဲ Sam ...
movie

Addicted to Love (1997)

My Norwegian Holiday (2023) 6.6
My Norwegian Holiday (2023) ဒီတစ်ခါတင်ဆက်ပေးသွားမှာကတော့ နော်ဝေးနိုင်ငံသား ဟင်နရစ်နဲ့ JJဆိုတဲ့ ကောင်မလေးရဲ့ ကြည်နူးစရာအချစ်ဇာတ်လမ်းလေးပဲဖြစ်ပါတယ်JJ ဟာ ဒေါက်တာဘွဲ့ရရှိအောင် ကြိုးစားနေသူဖြစ်ပြီး လက်ရှိမှာတော့ အထက်တန်းကျောင်းမှာ ဆရာမလုပ်ရင်း စာတမ်းပြုစုနေသူတစ်ဦးပါ။ သိပ်မကြာခင်အချိန်က အဘွားဖြစ်သူကို ဆုံးရှုံးထားရပြီး ဘဝမှာလမ်းပျောက်နေသလို ခံစားနေခဲ့ရသူလည်းဖြစ်ပါတယ်။ဒီလိုနဲ့ တစ်ရက်မှာတော့ သူ ကော်ဖီဆိုင်ထိုင်နေချိန် ကောင်မလေးတစ်ယောက်နဲ့ စကားများရင်း ကျန်ရစ်ခဲ့တဲ့ ဟန်နရစ်‌နဲ့ တွေ့ဆုံခဲ့ပါတယ်။အကျိုးအကြောင်းတိုက်ဆိုင်ပြီး ဟန်နရစ်ကို ထားခဲ့တဲ့ကောင်မလေးနဲ့  JJ နာမည်တူနေတဲ့အချိန်မှာ ဟန်နရစ်ဟာ အပိုရှိနေတဲ့ လေယာဉ်လက်မှတ်ကို JJ ကိုပေးပြီး နှစ်ယောက်သား အတူတူ နော်ဝေးကိုသွားဖို့ အကြောင်းဖန်လာတဲ့အခါ အချစ်ဇာတ်လမ်းလေးတစ်ပုဒ်လည်း စတင်လာပါတော့တယ် File size…(1.4 GB)/(689 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:20:00 Genre...Comedy, Drama, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Ban
movie

My Norwegian Holiday (2023)

My Sassy Girl (2008) 6.3
My Sassy Girl (2008) ဒီဇာတ်ကားက My Sassy Girl (2001) ကိုရီးယားဇာတ်ကားကို အနောက်တိုင်းပုံစံ ပြန်လည်ရိုက်ကူးထားတဲ့ အမေရိကန်ဇာတ်ကားလေးပါ။ IMDb RAting (6.3/10) ရရှိထားပါတယ်။ အမေရိကန်မင်းသား Jesse Bradford နဲ့ The Girl Next Door နဲ့ House of Wax ထဲက မင်းသမီးချော Elisha Cuthbert တို့အဓိကပါဝင်ထားပါတယ်။ဇာတ်လမ်းကတော့ My Sassy Girl ဇာတ်လမ်းအတိုင်းပါပဲ။မင်းသမီးက နှလုံးသားဒဏ်ရာကြောင့် ဘဝကိုပေပေတေတေဖြတ်သန်းနေပြီး ဘာကိုမှမလိုချင်တော့ဘဲ လူ့ဘဝကိုစိတ်ကုန်နေတဲ့ ကောင်မလေးဖြစ်ပြီး မင်းသားကတော့ ဒီလိုကောင်မလေးကိုမှ ငြိတွယ်မိတဲ့ အူတူတူကောင်လေးဖြစ်ပါတယ်...ဇာတ်လမ်းကတော့ သူတို့နှစ်ယောက်ကြားက အခက်အခဲတွေနဲ့ သံယောဇဉ်တွေအကြောင်းပေါ့။ရုပ်ရှင်က ဖွင့်ဆိုထားတာကတော့ ကံကြမ္မာဆိုတာ ကြိုးစားမှုပါပဲတဲ့.....အချစ်ကိုရချင်ရင် ကံကောင်းဖို့ ကြိုးစားရမယ် စောင့်စားရမယ် ခက်ခဲမယ်။ခပ်ဆိုးဆိုးကောင်မလေးကိုမှ ငြိတွယ်မိတဲ့ကောင်လေးခမျာ ကံကောင်းပါ့မလားဆိုတာ.......။ File size…(2.7 GB)/(1 GB) Quality….WEB-DL 1080p ...
movie

My Sassy Girl (2008)

2008
1080p Untouched
My Sassy Girl (2001) 8.0
My Sassy Girl (2001) My Sassy Girl (2001) IMDb Rating (8.0) / Rotten Tomatoes (93%) ကိုရီးယားရုပ်ရှင်လောကမှာကော၊ Asia ရုပ်ရှင်လောကမှာပါ Jun Ji Hyun ( Gianna Jung ) ဆိုပြီး နာမည်တစ်ခုကို ခိုင်ခိုင်မာမာရစေခဲ့တဲ့အပြင် ခုချိန်ထိ လူကြိုက်အများဆုံး Korean romcom အဖြစ်သတ်မှတ်ထားတဲ့ ရုပ်ရှင်ဆိုရင်တော့ 2001 ခုနှစ်ကထွက်ခဲ့တဲ့ My Sassy Girl ပါပဲ။ အဲ့နှစ်ပိုင်းတွေမှာ Jun Ji Hyun ကိုယောကျ်ားလေး၊ မိန်းကလေးတွေသာမက သူတို့အနုပညာလောကသားအချင်းချင်းတောင် ကြိတ်ကြွေခဲ့ရတာပါတဲ့။ ကြောငြာတွေ၊ ရုပ်ရှင်တွေဆိုတာလည်း သူမှသူပါပဲ။ ခုချိန်ထိ အာရှရဲ့အလှဆုံးမင်းသမီးတွေထဲမှာ နှစ်တိုင်းပါပြီး ကိုရီးယားရဲ့ အနုပညာကြေးအမြင့်ဆုံးမင်းသမီးတွေထဲမှာ နံပတ်တစ်ဖြစ်နေတုန်းပါ။ ပြန်ရိုက်တဲ့ကားတွေ၊ နောက်ပိုင်းဆက်ထွက်တဲ့ကားတွေရှိပေမယ့် အပွင့်လင်းဆုံးပြောရရင်တော့ original movie ကို ဘယ်ကားမှ မမှီပါဘူး။ My Sassy ...
movie

My Sassy Girl (2001)

2001
1080p Untouched
Charlie (2015) 8
Charlie (2015) Charlie (2015)"ချာလီ" ===================တမီလ်မင်းသားကြီး မာဒေဗန်းကတောင် remake ပြန်ရိုက်ခဲ့ရတဲ့ Charlie ဆိုတဲ့ ၂၀၁၅ ခုနှစ်ထွက် မာလျာလမ်စကားပြောရုပ်ရှင်လေးကို တင်ဆက်ပေးချင်ပါတယ်။တယ်ဆာဆိုတဲ့ကောင်မလေးဟာ မိဘပေးစားတဲ့သူကို မယူချင်တဲ့အတွက် မရောက်ဖူးတဲ့ နယ်မြို့လေးတစ်မြို့ဆီကို ခရီးထွက်လာပါတယ်။ အဲဒီတစ်မြို့လုံးမှာ အနုပညာအငွေ့အသက်တွေဖုံးလွှမ်းနေပြီး မြို့သူမြို့သားတွေကလည်း လူထူးလူဆန်းတွေပါ။အဲဒီလူတွေအားလုံးထဲမှာ အထူးခြားဆုံးကတော့ တယ်ဆာ ငှားလိုက်တဲ့တိုက်ခန်းရဲ့ ပိုင်ရှင်ဟောင်း ချာလီဆိုတဲ့ ပန်းချီဆရာပါပဲ။ သူနေခဲ့တဲ့ တိုက်ခန်းထဲမှာဆိုရင် တိုက်ခန်းနဲ့တောင်မတူဘဲ ပြတိုက်တစ်ခုလိုမျိုး ပန်းချီကားတွေ၊ ပုံကြမ်းတွ၊ ပန်းပုလက်ရာတွေ ပြည့်နှက်နေတာပါ။တယ်ဆာဟာ အဲဒီတိုက်ခန်းထဲကနေ ပုံကြမ်းရေးထားတဲ့ ရုပ်ပြဇာတ်လမ်းတစ်ခုကိုတွေ့ပြီး အဲဒီဇာတ်လမ်းရဲ့ အဆုံးသတ်ကို သိချင်တဲ့အတွက် ပန်းချီဆရာ ချာလီကို လိုက်ရှာရာကနေ ချာလီရဲ့ ဘဝကို တစ်စပြီးတစ်စ မြင်တွေ့လာရပါတော့တယ်။ ဒီရုပ်ရှင်လေးဟာ ရုပ်ရှင်တစ်ပုဒ်ဆိုတာထက် ကဗျာတစ်ပုဒ်၊ ပန်းချီကားတစ်ချပ်လို ရသမျိုးကိုပေးစွမ်းနိုင်တဲ့ ရှားပါးရုပ်ရှင်လေးပါပဲ...။(ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပါ။) File size…2.5GB / 1.18GB Quality…WEB DL 1080p /720p Format…mp4 Duration….2h 10m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood ...
movie

Charlie (2015)

2015
5lbs of Pressure (2024)
5lbs of Pressure (2024)  ဒီကားမှာ အဓိကဇာတ်ဆောင်အနေနဲ့ကတော့ Beauty and the Beast တို့ Fast and Furious တို့မှာ ပါဝင်ခဲ့ဖူးတဲ့ မင်းသားကြီး Luke Evansက Adamအ‌နေနဲ့ ပါဝင်သရုပ်ဆောင်ထားပါတယ်။ဒီကားမှာတော့ Evans ကို လူသတ်မှုတစ်ခုအတွက် 16နှစ်ထောင်ကျနေရာကနေ လွတ်လာခဲ့ပြီး ဘဝကို အစကနေပြန်စဖို့အကောင်းဆုံးကြိုးစားနေတဲ့ သူတစ်ယောက်အနေနဲ့မြင်တွေ့ရမှာ ဖြစ်ပါမယ်။ သူဟာ မွေးကတည်းကနေ တစ်ခါမှ မတွေ့ရသေးတဲ့ သူ့သားကိုတွေ့ဖို့အတွက် သူ့ရဲ့ ကန့်သတ်နေရာဖြစ်တဲ့ နဂိုအမှုဖြစ်ခဲ့တဲ့မြို့ကိုပဲပြန်လာခဲ့ပါတယ်။ဒါပေမဲ့ အဲ့မြို့မှာက သူ့ကိုလက်စားချေဖို့စောင့်ဆိုင်းနေတဲ့ သူသတ်ခဲ့တဲ့ကောင်လေးရဲ့ညီ Eli, ဂိုဏ်းခေါင်းဆောင် ဦးလေးလက်အောက်ကနေ လွတ်ဖို့ ကြိုးစားနေတဲ့ တူဖြစ်သူ Mike စတဲ့ လူမိုက်‌တွေ၊ အန္တရာယ်တွေနဲ့ ပြည့်နှက်နေတယ်။အဲ့အန္တရာယ်‌တွေ အခက်အခဲတွေကြားကနေ ကျော်ဖြတ်ပြီး သူလိုချင်တဲ့သာယာတဲ့မိသားစုဘဝလေးကိုပဲ ပြန်တည်ဆောက်နိုင်သွားမလား ၊ ဘယ်လိုတွေဆက်ဖြစ်ကြမလဲ ဆိုတာကိုတော့ Action, crime , romance ရသစုံလင်စွာနဲ့ ...
movie

5lbs of Pressure (2024)

Becoming Jane (2007) 7.0
Becoming Jane (2007) IMDb rating - 7 Rotten Tomatoes - 58%“ငါတို့တွေ အတူမရှိနိုင်ရင် ဘဝက ဘာအဓိပ္ပါယ်ရှိမှာလဲ” ဆင်းရဲတဲ့မိသားစုမှာမွေးဖွားလာပေမယ့် စာရေးဆရာမဖြစ်ချင်တဲ့ဂျိမ်းအော်စတန်တစ်ယောက်။ သူ့အမေက မိသားစုငွေကြေးကြပ်တည်းနေလို့ သူဌေးမကြီးရဲ့ တူနဲ့လက်ဆက်ပေးချင်နေပါတယ်။ ဒါပေမဲ့ ဂျိမ်းက အိမ်ထောင်မပြုရဖို့အရေး ဆန့်ကျင်နေတုန်းမှာလန်ဒန်ကနေ တွမ်လက်ဖွိုင်းဆိုတဲ့လူတစ်ယောက်ရောက်လာပါတယ်။ စစတွေ့ကတည်းက အဆင်မပြေခဲ့တဲ့နှစ်ယောက်ကအချိန်ကြာလာတဲ့အမျှ သံယောဇဉ်တွေတွယ်မိလာပါတော့တယ်။ ဒီလိုနဲ့ ဂျိမ်းက အချစ်ကိုပဲရွေးချယ်သွားမလားမိသားစုကိုငဲ့ညှာပြီး မိဘသဘောတူတဲ့လူနဲ့ပဲ လက်ထပ်သွားမလား... UK စာရေးဆရာမတစ်ယောက်ဖြစ်တဲ့ Jane Austen ရဲ့အကြောင်းကို ရိုက်ကူးထားတာဖြစ်ပြီး Alice in wonderland မှာWhite Queen အဖြစ်သရုပ်ဆောင်ခဲ့တဲ့ မင်းသမီး Anne Hathawayနဲ့X-manမှာ Professor Charles အဖြစ်သရုပ်ဆောင်ခဲ့တဲ့မင်းသား James McAvoy အပြင် Harry Potter ထဲကProfessor McGonagall ဖြစ်တဲ့ Maggie Smithတို့ပါဝင်သရုပ်ဆောင်ထားတာပဲဖြစ်ပါတယ်ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ Benni ပဲဖြစ်ပါတယ် File size…    1.3 GB /  620 ...
movie

Becoming Jane (2007)

2007
Say Anything… (1989) 7.3

Say Anything… (1989)

1989
Sometimes I Think About Dying (2023) 6.6
Sometimes I Think About Dying (2023)  ဇာတ်ကားခေါင်းစဥ်လေးအတိုင်းပဲ တစ်ခါတလေကျကျွန်တော်တို့ ပတ်ဝန်းကျင်မှာ တည်ရှိမနေချင်တော့လောက်အောင် ပျောက်ဆုံးသွားသလို၊ သေဆုံးသွားသလိုစိတ်ကူးမိတဲ့အတွေးလေးကို ရိုက်ကူးပြထားတဲ့ကားလေးပါပဲ။အဓိကသရုပ်ဆောင်ထားတဲ့ မင်းသမီးကလည်း Star Warsရုပ်ရှင်တွေထဲက'ရေး'အဖြစ်သရုပ်‌ဆောင်တဲ့ မင်းသမီးDaisy Ridleyဖြစ်ပါတယ်။ဒီဇာတ်ကားထဲမှာတော့ သူဟာ တစ်နေ့တစ်နေ့ လူမှုအသိုင်းအဝိုင်းမှာ ‌ဘောင်မဝင်တဲ့ ရုံးဝန်ထမ်းလေးဖရန်အဖြစ်သရုပ်ဆောင်ထားပါတယ်။ဒီဇာတ်အိမ်မျိုးက Introvertတစ်ယောက်ကို ရိုက်ကူးပြသထားတာနဲ့ပိုတူတယ်ဗျ။ကိုယ့်ပတ်ဝန်းကျင်မှာ လူတွေအများအကြီး၊ စကားတွေပြောနေ၊မိတ်ဖွဲ့နေပေမယ့် ကိုယ်ကတော့ ချောင်လေးမှာတစ်ယောက်တည်းတွေးရင်းငေးရင်း လောကကြီးမှာ သေဆုံးသွားဖို့သာတွေးမိကြတဲ့အဖြစ်မျိုးပေါ့....။ဒီလိုမျိုးပတ်ဝန်းကျင်မှာ မဝင်ဆံ့တဲ့ ဖရန့်တစ်ယောက်ဟာအလုပ်ကိုရောက်လာတဲ့ လူသစ်လေးနဲ့ကျတော့ ဇာတ်လမ်းလေးတွေစဖြစ်ခဲ့ပါတယ်...။သို့ပေမယ့် သူ့လို introvertတစ်ယောက်အတွက် အချစ်ဆိုတာခံစားခွင့်ရှိပါ့မလား၊ လူတွေနဲ့ရော ဝင်ဆံ့နိုင်ပါ့မလားဆိုတာတော့ဇာတ်လမ်းလေးထဲပဲကြည့်ရှုလိုက်ပါတော့ဗျာ။ File size…900MB / 454MB Quality…WEB-DL 1080p  / 720p Format…mp4 Duration….1h 34m Genre ….. Comedy , Drama , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Themes
movie

Sometimes I Think About Dying (2023)

Akaash Vani (2013) 6.3
Akaash Vani (2013) Akaash Vani 2013 ( ငယ်ကချစ်အနှစ်တစ်ရာ) IMDb 6.3တစ်ခေတ်တစ်ခါက နာမည်ကြီးလူကြိုက်များခဲ့တဲ့ရိုမန့် ဒရာမာဇာတ်ကားလေးကို ပြန်လည်တင်ဆက်ပေးချင်ပါတယ် တော်ကီအလန်းစားတွေနဲ့ စော်လိုက်နည်းကျင့်ချင်တဲ့ဘရိုတွေအတွက်တော့ ဒေါင်းကိုကြည့်သင့်တဲ့ ဇာတ်ကားတစ်ကားပါပဲလိုတာမရ ရတာမလိုဆိုတာ လူ့ဆန္ဒပဲမဟုတ်လား နယ်မြို့လေးမှာကျောင်းတက်ရင်း ဒေလီမှာတက်ချင်တယ်ဆိုပြီး လာရင်းနဲ့ တစ်ကျောင်းတည်း တစ်ခန်းထဲမှာ တွေ့ဖြစ်သွားကြတဲ့ အာကတ်ရှ်နဲ့ ဗာနီတို့ ၂ယောက် ၂ယောက်သားက သရုပ်ဆောင်ပိုင်းမှာ ဝင်ပါရင်းနဲ့ အချင်းချင်းရင်းနှီးသွားကြတယ်အာကတ်ရှ်အဖို့ကတော့ ဗာနီကမြင်မြင်ချင်းအချစ်ဖြစ်ခဲ့တာပေါ့ တောကတက်လာတဲ့ တောသားလေးဖြစ်တာမို့ ရည်းစားတွေဘာတွေမထားဖူးတဲ့အာကတ်ရှ်နဲ့ ဘဲကြည်စော်ဖြစ်တဲ့ ဗာနီတို့ဇာတ်လမ်းက လွယ်ကူမနေခဲ့ဘူး ဒါပေမဲ့ လှတောသားစကားကြွယ်ဆိုသလို တောမှာနေခဲ့ပေမဲ့ စကားတစ်ပေါက် လျှမ်းလျှမ်းတောက်နေတဲ့အာကတ်ရှ်ရဲ့စကားတွေက ဗာနီ့အပြင်ကို ကြည့်ရှုသူတွေအတွက်ပါ ရယ်မောစရာတစ်ခုလိုဖြစ်နေမှာပါ ။။ဆိုတော့ အချစ်စစ်ရဲ့လမ်းမှာ ဆူးငြောင့်ခလုတ်တွေရှိစမြဲမို့ သူတို့ဘာတွေတွေ့ကြုံသွားမလဲဆိုဝာာကိုတော့....(အညွှန်းနဲ့ ဘာသာပြန်တွေကတော့ Yunni ~ Alex ~ BpL ~ ToMo တို့ပဲဖြစ်ပါတယ် ) File size…1.9GB / 811MB Quality…WEB DL 1080p / 720p Format…mp4 Duration….2h 29m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Yunni ...
movie

Akaash Vani (2013)

2013
Nicholas Nickleby (2002) 7.1
Nicholas Nickleby (2002) အင်္ဂလိပ် စာရေးဆရာကြီး Charles Dicken ရဲ့ ဝတ္ထုကို ပြန်လည်ရိုက်ကူးထားတဲ့ period comedy-dramaဖြစ်ပြီး နာမည်ကြီးတွေ ဖြစ်တဲ့ Christopher Plummer,Jamie Bell, Anne Hathaway, Charlie Hunnam တို့က အဓိကဇာတ်ဆောင်များအဖြစ် ပါဝင်ထားကြပါတယ်။ဇာတ်လမ်းက သူ့နာမည်အတိုင်းပဲ Nicholas Nickleby ဆိုတဲ့ လူငယ်လေးရဲ့ ဘဝကို ဖွဲ့နွဲ့ပြီး တင်ဆက်ထားတာပါ။Nicholas တစ်ယောက်သူ့အဖေသေဆုံးပြီး နောက်ပိုင်းမှာ မိခင်နဲ့ ညီမ ဖြစ်သူကိုခေါ်ပြီး သူတို့ဦးလေးရှိတဲ့ London မြို့ကို အကူအညီရလိုရငြား လာခဲ့ကြပါတယ်။ မောင်နှမ နှစ်ယောက်လုံး ဦးလေးရဲ့အကူအညီနဲ့ အလုပ်ကိုယ်စီ ရသွားကြပါတယ်။Nicholasဟာ Squeers ဆိုတဲ့ ကျောင်းအုပ်ရဲ့ ကျောင်းမှာ ဆရာအဖြစ် လုပ်ကိုင်ရင်း Squeers မိသားစုရဲ့ ကျောင်းသားကလေးသူငယ်တွေအပေါ် ညှင်းပန်းနှိပ်စက်မှုတွေ၊ Smike ဆိုတဲ့ မသန်စွမ်းကောင်လေးကို ဆိုးဆိုးဝါးဝါး ရိုက်နှက်မှုတွေကို ကိုယ်တွေ့မြင်လာရပါတယ်။ဒီလိုနဲ့ ...
movie

Nicholas Nickleby (2002)

As If It’s True (2023) 5
As If It’s True (2023) As If It's True (2023) "တကယ်ဆိုရင်..." IMDb - 5/10"One More Chance"လိုမျိုး သီချင်းအေးအေးလေးတွေ သီဆိုတတ်တဲ့ အဆိုတော်သရုပ်ဆောင် မင်းသားငယ်လေး Khalil Ramosနဲ့ Spirit of the Glass 2: The Hunted (2017)မှာ ချဲလ်ဆီးအဖြစ်သရုပ်ဆောင်ခဲ့တဲ့ မင်းသမီးချောလေး Ashley Ortegaတိုရဲ့ အချစ်ရိုမန့်စ်ဖိလစ်ပိုင်ရုပ်ရှင်လေးကို တင်ဆက်ပေးလိုက်ပါတယ်။ဂျမ်မာစတုန်းဆိုတဲ့ကောင်မလေးရဲ့ သူ့ကို အလုပ်ထုတ်လိုက်တဲ့ သူဌေးဖြစ်သူကို ပေါက်ကွဲပြီး ဆဲဆိုထားတဲ့ တက္ကစီပေါ်ကဗီဒီယိုလေးက လိုင်းပေါ်မှာအတော်လေးဂယက်ထသွားပါတယ်။ အဲဒီကနေစလို့ ဖော်လိုဝါတွေတိုးလာခဲ့တဲ့ ဂျမ်မာတစ်ယောက် လူသိများတဲ့ အင်ဖလူယန်ဆာတစ်ဦး ဖြစ်လာခဲ့ပါတယ်။ ဖော်လိုဝါတွေ ဆက်တိုးလာဖို့နဲ့ သူတင်တဲ့ဗီဒီယိုတွေကို ကြည့်ရှုသူအရေအတွက်တိုးလာအောင် သူ့ဘ၀ပါလို့ထင်စေမဲ့ အစစ်အမှန်မဟုတ်တဲ့ဘ၀တစ်ခုကို အမြဲတမ်းတင်ဆက်ပေးနိုင်ဖို့ တစ်နည်းပြောရရင် ဆိုရှယ်မီဒီယာမှာ ဂယက်ထဖို့ ကြိုးစားနေရသူလေးပေါ့။ ဒီလိုကနေ ဂျိမ်းစ်ဆိုတဲ့ ရုန်းကန်နေရဆဲ အဆိုတော်လေးနဲ့ ဆုံတဲ့အခါမှာတော့...။(အညွှန်းနဲ့ဘာသာပြန်ကတော့ aungmo3han ဖြစ်ပါတယ်)Genre..... Drama, Romance Quality…. 1080p | 720p File size…  1.3GB | 559MB Format… ...
movie

As If It’s True (2023)

2024
Between Calmness and Passion (2001) 6.6
Between Calmness and Passion (2001) Reisei to jônetsu no aida (2001) Between Calmness and Passion~ IMDb - 6.6/10, MyDramaList - 7.3/10 ~ဟောင်ကောင်ရုပ်ရှင် Lost and Found ထဲက ညှို့ဓာတ်အပြည့်နဲ့ မင်းသမီး Kelly Chan ပါလို့ကတစ်ကြောင်း၊ စကားလုံးမပါတဲ့ နောက်ခံတေးဂီတသံသက်သက်နဲ့ ဒီရုပ်ရှင်ထဲက အဓိကဇာတ်ဆောင်နှစ်ယောက် လူအုပ်ကြားထဲ တွေ့ကြတာကို ရိုက်ပြထားတဲ့ ဇာတ်၀င်ခန်းကိုကြည့်မိပြီး တော်တော်သဘောကျသွားက တစ်‌ကြောင်း၊ ဒီရုပ်ရှင်ကို ကြည့်ဖြစ်ခဲ့တယ်။ဟောင်‌‌ကောင်မင်းသမီး ကယ်လီချန်းပါထားပေမဲ့ တကယ်က ဒီရုပ်ရှင်က ဂျပန်ကား။ ဂျပန်မှာ ဘတ်ဆဲလ်လားဖြစ်ခဲ့တဲ့ စာအုပ်ကို ပြန်ရိုက်ထားတာ။ ဒါပေမဲ့ ဇာတ်အိမ်ကတော့ အဓိကအားဖြင့် အီတလီက ဖလောရန့်မှာ တည်ထားတယ်။ အီတလီအငွေ့အသက် အီတလီမြင်ကွင်းတွေကို နောက်ခံထားထားတဲ့ ရုပ်ရှင်လို့ ပြောရမယ်။ နောက် မင်းသားရဲ့ အလုပ် ...
movie

Between Calmness and Passion (2001)

2001
[18+]Pati Patni Aur Woh (2021)
[18+]Pati Patni Aur Woh (2021) Pati Patni Or Woh "ခံစားချက် အသစ်အဆန်း"တခြား Dark Side တွေ ကြည့်ရတာ ရိုးအီနေမယ့် ပရိသတ်ကြီးအတွက် 21 မကျ 18 မကတဲ့ အိန္ဒိယ erotic ဇာတ်လမ်းလေး တင်ဆက်ပေးလိုက်ပါတယ်ရွှေရင်နှစ်မွှာ ဖွံ့ခိုင်ပြီး ကိုယ်လုံးကိုယ်ပေါက် ဆူဖြိုးတဲ့ မင်းသမီးနှစ်လက် အပီအပြင် ချစ်ပွဲဝင်တာကို ကြည့်ရမှာ ဖြစ်ပြီး...ပြကွက်တိုင်းမှာ နောက်ခံတီးလုံးလေးကလည်း လှုပ်ရှားပွတ်သပ်မှု တစ်ချက်တိုင်းစီနဲ့ လိုက်ဖက်ညီတဲ့ ခံစားချက်ကို ပေးစွမ်းနိုင်မှာပါနီခေးလ်နဲ့ ဆိုနိုင်နာတို့က တစ်ယောက်ကိုတစ်ယောက် အရိပ်တကြည့်ကြည့် အရမ်းချစ်ကြပြီး နီခေးလ် ရုံးရောက်နေရင်တောင် လစ်တဲ့အချိန် phone sex ရင်း ချစ်ကြပါတယ်တစ်နေ့ "နိုင်နာ"ဆိုတဲ့ နီခေးလ်ရဲ့သူငယ်ချင်း အိမ်ကိုလာလည်ရင်း ညဘက်ရောက်တော့ အခန်းထဲမှာ နိုင်နာတစ်ယောက်တည်း ပတ်ဝန်းကျင်ဘေးဘီကို မေ့ပြီး စိတ်လွတ်လက်လွတ် တစ်ကိုယ်တော် ချစ်ပွဲနွှဲနေတာကို....အိမ်ထောင်သည်ဖြစ်သူ ဆိုနိုင်နာ မြင်တွေ့သွားချိန်မှာ ခံစားချက်အသစ်အဆန်းတွေ ပေါက်ဖွားလာပြီး မိန်းမသားနှစ်ယောက်ကြား ရမ္မက်ဇောအပြည့်နဲ့ ချစ်ပွဲဝင်ကြပုံကို ပရိသတ်ကြီး အားပေးလိုက်ပါဦးအညွှန်းနဲ့ ဘာသာပြန်ကတော့ Thaik San ...
movie

[18+]Pati Patni Aur Woh (2021)

2021
My Wife Is a Gangster (2001) My Wife Is a Gangster 1 6.5
My Wife Is a Gangster (2001) My Wife Is a Gangster 1 My Wife Is a Gangster ရုပ်ရှင်တွေဟာ ကိုရီးယားရုပ်ရှင်လောကကို တစ်ခေတ်ထွန်းစေခဲ့တဲ့ ၂၀၀၀ ပြည့်နှစ်များဆီက ရသစုံတဲ့ ဇာတ်လမ်းအမျိုးအစားတွေထဲက တစ်ခုပါပဲ။ အဲ့ဒီခေတ်က တင်ဆက်ပုံမျိုးက အစပိုင်းမှာ ရီနေရမယ် ပြီးရင် ငိုရမယ် ပြီးရင် စွဲငြိသွားစေရမယ်ဆိုတဲ့ Taste မျိုးဖြစ်ပြီး ဒီရုပ်ရှင်ကလဲ အဲ့လိုအရသာမျိုးနဲ့ နာမည်ကြီး လူကြိုက်များခဲ့ပြီး နောက်ထပ်အဆက်ဇာတ်ကားတွေ ထွက်တဲ့အထိအောင်မြင်ခဲ့ပါတယ်။မင်းသမီး Eun-Kyung Shin ရဲ့ မှင်သေသေ သရုပ်ဆောင်ချက်တွေ Action တွေက ဇာတ်ကောင်တွေရဲ့ ထူးခြားတဲ့ဇာတ်ရုပ်တွေနဲ့လိုက်ဖက်ပြီး ကွဲပြားတဲ့ ဇာတ်အိမ်ကြောင့်လဲပိုမိုအသက်ဝင်ခဲ့ပါတယ်။My Wife Is a Gangster (2001) My Wife Is a Gangster 1 ဒီဇာတ်လမ်းကတော့.....ကိုရီးယားက ဂိုဏ်းစတားအဖွဲ့ရဲ့ ထိပ်သီးခေါင်းဆောင်ဖြစ်သလို အဖွဲ့သားတွေက ချစ်ကြောက်ရိုသေရပြီး "အစ်ကိုကြီး" လို့ တလေးတစားခေါ်ကြရတဲ့ ဖိုက်တာကောင်မလေးတစ်ယောက်နာမည်ကတော့ ...
movie

My Wife Is a Gangster (2001) My Wife Is a Gangster 1

2001
Fleet of Time (2014) 5.6
Fleet of Time (2014) ဒီတစ်ခါမှာတော့ တရုတ် romance ကားလေး တစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ။ဇာတ်ကားနာမည်ကတော့ fleet of time လို့ခေါ်ပြီးတော့၂၀၁၄ ခုနှစ်က ထွက်ရှိခဲ့တဲ့ ရုပ်ရှင်ကားပဲ ဖြစ်ပါတယ်။ ၁၉၉၀ - ၂၀၀၀ ပြည့်နှစ်ကြားမှာ အထက်တန်းကျောင်းသားဘဝကို ဖြတ်သန်းခဲ့ကြတဲ့သူငယ်ချင်းတစ်ဖွဲ့အကြောင်းကို အဓိက ရိုက်ကူးထားတာဖြစ်ပါတယ်။အဓိကဇာတ်ဆောင်တွေအနေနဲ့ မင်းသား Eddie Peng က ချန်ရွှင်အဖြစ်နဲ့နာမည်ကြီးရုပ်ရှင် Lost in the Stars ထဲကမင်းသမီး Ni Ni က ဖန်းဟွေအဖြစ် ပါဝင်ထားပါတယ်။ ဇာတ်လမ်းအကျဉ်းကို ပြောပြရရင်တော့ ဖန်းဟွေဟာတခြားကျောင်းကနေ ပြောင်းလာတဲ့ ကျောင်းသူအသစ်ပါ။အမြဲတမ်း တစ်ယောက်တည်း သီးသန့်နေတတ်ပြီးဘယ်သူနဲ့မှလည်း စကားမပြောပါဘူး။ချန်ရွှင်က ဖန်းဟွေကို စစတွေ့ချင်းနေ့မှာတင် စိတ်ဝင်စားသွားခဲ့ပြီးတော့ဖန်ဟွေရဲ့ အာရုံစိုက်မှုကိုရဖို့ နည်းမျိုစုံသုံးတော့တာပေါ့။ချန်ရွှင်တို့ သူငယ်ချင်းအဖွဲ့ထဲက လင်းကျားမော့ဆိုတဲ့ကောင်မလေးရဲ့ ဖန်တီးပေးမှုကြောင့် ဖန်းဟွေလည်းချန်ရွှင်တို့အဖွဲ့ထဲကို ရောက်လာခဲ့ပါတယ်။ တဖြည်းဖြည်းနဲ့ ချန်ရွှင်ဟာ ဖန်းဟွေရဲ့ နာကျင်စရာအတိတ်စိတ်ဒဏ်ရာကို သိသွားရင်းကနေ ချစ်မိသွားခဲ့ပါတယ်။ဖန်းဟွေကလည်း ချန်ရွှင်ကို ပြန်ချစ်နေခဲ့တာမလို့နှစ်ယောက်ဟာ ...
movie

Fleet of Time (2014)

2014
The Journey of Flower ( 2024 ) 5.8
The Journey of Flower ( 2024 ) ကဲ ဒီတစ်ခါမှာတော့ CM ကနေတင်ဆက်ပေးမယ့် ဇာတ်ကားလေးကတော့ တရုတ်ကားပရိတ်သတ်တိုင်းနဲ့မစိမ်းတဲ့ ဟွားချန်းကူ Movieဗာရှင်းလေးပဲဖြစ်ပါတယ် အဓိကဇာတ်ကောင်ဖြစ်တဲ့ ဟွားချန်းကူနေရာကို ခုနောက်ပိုင်း နာမည်ရလာတဲ့ အပြစ်ကင်းတဲ့မျက်နှာလေးနဲ့ မင်းသမီးလေး Cheng Duling ချန်လျိုဂိုဏ်းချုပ် ဟွားချန်းကူရဲ့ဆရာဖြစ်သူပိုင်ကျစ်ဟွအဖြစ် Soulmate ဇာတ်ကားနဲ့ နာမည်ရလာတဲ့ Li Chengbin ဟွားချန်းကူရဲ့ မမဖြစ်တဲ့ ရှားချန်းမော့ အဖြစ် Mao Zijunတို့က ပါဝင်ထားတာပဲဖြစ်ပါတယ်ဇာတ်လမ်းလေးကတော့ မကောင်းဆိုးဝါးဘုရင်ကို နှိမ်နင်းအပြီးမှာ သူ့ရဲ့စွမ်းအားတွေကို နတ်လက်နက်သုံးခုစီမှာ ခွဲပြီးချိတ်ပိတ်ခဲ့ပါတယ် အဲ့လက်နက်တွေကိုလည်း သူတော်စင်ဂိုဏ်းကြီး၃ဂိုဏ်းက စောင့်ကြပ်ကြတာပေါ့နော်နှစ်တွေကြာပြီးနောက်ပိုင်းမှာတော့ လုကျိုရွာမှာ နိမိတ်ဆိုးကြယ်ကနေ လူဝင်စားတဲ့ ကလေးမလေးဟွားချန်းကူကို မွေးလာခဲ့ပါတယ် မွေးပြီးပြီးချင်းမှာပဲ သူ့အမေကတော့ဆုံးသွားခဲ့ပါတယ်သူ့အဖေရောပဲ သူ့ကြောင့်နဲ့ဆုံးသွားခဲ့ပြီး သူတို့ရွာကလူတွေကလည်း အသေအပျောက်များလာတော့ ဟွားချန်းကူကို မကောင်းဆိုးဝါးမလို့ အမည်တပ်အပြစ်ပုံချပြီး သတ်ဖို့ကြိုးစားကြတာပေါ့အဲ့လိုနဲ့ပဲ ဟွားချန်းကူတစ်ယောက် အသက်၁၆နှစ်မှာ သူ့ရွာကနေ စွန့်ခွာပြီး ချန်လျိုဂိုဏ်းကို သွားပြီး သူ့ကံကြမ္မာဆိုးကို ပြုပြင်ဖို့ မသေမျိုးအဖြစ်ကျင့်ကြံဖို့ သွားခဲ့ပါတယ် နိမိတ်ဆိုးအသွင်ဆောင်မှန်းသိကြတော့ လူတိုင်းကျဉ်ဖယ်ကြပေမယ့် ဟွားချန်းကူရဲ့ ရှိရင်းစွဲအပြစ်ကင်းစင်မှုလေးတွေကပဲ သံယောဇဉ်မဲ့နေတဲ့ ပိုင်ကျစ်ဟွကိုပါ လှုပ်ခတ်စေနိုင်ခဲ့တာပေါ့ မကောင်းမှန်းသိလို့ ပြုပြင်ဖို့ ကြိုးစားနေတဲ့သူကို ဝိုင်းပြီးတော့ အနိုင်ကျင့်ဖျက်စီးကြတော့ ဇာတ်သိမ်းလေးကတော့ မလှခဲ့ပါဘူး Series ကတော်တော် ကောင်းလွန်းတော့ ရုပ်ရှင်မှာဝေဖန်ခံရတယ်ဆိုပေမယ့် အမြင်တစ်မျိုးလေးဖြစ်သွားအောင် ကြည့်ချင်သူတွေကြည့်လို့ရအောင်လို့တင်ဆက်ပေးလိုက်ပါတယ် Quality ...
movie

The Journey of Flower ( 2024 )

Love Will Tear Us Apart ( 2021 ) 6.0
Love Will Tear Us Apart ( 2021 ) june10,2021မှာ ထွက်လာတဲ့ ရင်နင့်အောင်ခံစားရပြီး လူကြိုက်များလှတဲ့အချစ်ဇာတ်ကားကောင်းလေးတစ်ပုဒ်ပါ... ၁၀နှစ်ကြာ ငါနဲ့အတူရှိနေခဲ့တဲ့သူမကမနက်ဖြန်လက်ထပ်တော့မယ်........ ငါလိုချင်တာငါတို့အတူရှိနေဖို့ပဲ.....မင်းငါ့ကိုမလိုချင်တော့တာကလွဲရင် ငါကမင်းကိုဘယ်တော့မှပစ်ပယ်မှာမဟုတ်ဘူး...ငါမင်းကိုချစ်ခဲ့မိလို့ ဘယ်တော့မှနောင်တမရဘူး..... လွီချင်းယန်ဟာလင်ယီးယောင်ဆိုတဲ့ကောင်မလေးကို အထက်တန်းကျောင်းသားဘဝမှာတစ်ချိန်ကျရင် သူမကို ပျော်ရွှင်ချမ်းမြေ့တဲ့ဘဝတစ်ခုဖန်တီးပေးမယ်လို့တစ်ကျောင်းလုံးရှေ့မှာ ဂတိပေးခဲ့တယ်..... သူတို့တွေ အပြန်အလှန်အရူးအမူးချစ်မိသွားလို့ နှစ်ပေါင်းများစွာချစ်သူဖြစ်လာတယ်.. လွီချင်းယန်ဟာကောင်မလေးအတွက် အလုပ်ပေါင်းများစွာကြိုးစားလုပ်ကိုင်ခဲ့ပြီး ​လူအများအားကျရတဲ့ မဂ်လာပွဲနဲ့ ဘဝကိုဖန်တီးပေးဖို့ အမြဲစိတ်ကူးနေခဲ့တယ်.....သူတို့ရဲ့ဘဝလေးဟာ ငွေကြေးမပြည့်စုံပေမယ့် ပျော်ရွှင်ဖွယ်ကောင်းနေခဲ့တယ်.....တခြားအရာတွေထက် ကောင်လေးဘေးမှာ ရှိနေဖို့သာလိုအပ်ပြီးအမြဲလိုလိုလက်ထပ်ဖို့ အသင့်ရှိနေတဲ့သူမ... သူမကို​​ပြီးပြည့်စုံအောင်ထားနိုင်မှလက်ထပ်ယူချင်တဲ့သူတို့ ထာဝရပေါင်းစည်းနိုင်ပါ့မလား.. Quality : WEB-DL 720pFormat : mp4Filesize : 1.24 GBGenres : RomanceDuring : 1h 45minSubtitle : Myanmar Subtitle ( Hardsub )Translator : Yamin EiEncoder : LK
movie

Love Will Tear Us Apart ( 2021 )

The Wings of the Dove (1997) 7.1
The Wings of the Dove (1997) The Wings of the Dove (1997)~ IMDb - 7.6/10, Rotten Tomatoes - 100% ~မီလီ - "ကျွန်မတို့တွေ တစ်ယောက်နဲ့တစ်ယောက် ဆက်တိုက်ကို လွဲနေကြတယ်ထင်ပါရဲ့… ရှင်က တခြားလမ်းကို သွားလိုက်တဲ့အချိန် ကျွန်မက လမ်းချိုးကို ကွေ့လိုက်မိသလိုမျိုးပေါ့"မာတွန် - "ကိုယ်လည်း အဲ့ဒီလိုတွေးမိလို့ တစ်နေရာတည်းမှာပဲ နာရီနဲ့ချီပြီး နေ,နေခဲ့သေးတာ"မီလီ - "ဒါနဲ့တောင် ကျွန်မတို့အချင်းချင်း မတွေ့နိုင်ကြဘူးနော်""ငါတို့ဟာ ဘယ်ရထားမှာ လွဲခဲ့လဲ တစ်ခါလွဲရင် နှစ်ပေါင်းဘယ်လောက်ကြာတတ်လဲ ခင်ခင်ပျိုရေ ငါစောင့်ခဲ့တယ်။" မဟုတ်တော့ဘဲ မီလီရေ ကိုယ်တို့ ဘယ်ရထားမှာ လွဲခဲ့လဲပေါ့။ တစ်ခါလွဲရင် ဘယ်လောက်ကြာမလဲဆိုတာကတော့… ဇာတ်လမ်အကျဉ်းလေးကို ပြောဖို့လိုလာပါပြီ။ဇာတ်လမ်းရဲ့ အဓိက ဇာတ်လိုက်ကတော့ ကိတ်ဆိုတဲ့ မိန်းကလေးပါ။ ကိတ်ရဲ့ မိခင်ဖြစ်သူဟာ ဆွေကြီးမျိုးကြီး လူကုံထံအသိုင်းအဝိုင်းကဖြစ်ပေမယ့် အရာအားလုံးကို စွန့်လွှတ်လို့ ကိတ်ရဲ့ဖခင်ဖြစ်သူ နင်းပြားဘိန်းစွဲနဲ့ ...
movie

The Wings of the Dove (1997)

2024