Channel Myanmar

Romantic

In the Mood for Love (2000) 8.1
In the Mood for Love (2000) Romance/Drama Genre မှာ တကယ်တမ်း ရင်ထဲစွဲစွဲလမ်းလမ်းဖြစ်ပြီးအမြဲတမ်း သတိတရဖြစ်နေစေတဲ့ရုပ်ရှင်က တော်တော်လေးရှားတယ်လို့ ပြောလို့ရပါတယ်။ ဇာတ်သိမ်းမှာ ချစ်တာနဲ့ ကွဲတာနှစ်မျိုးပဲ နှစ်ပင်လိမ်ပြီး ဇာတ်အိမ်တွေ အက်ကြောင်းထပ်နေတဲ့ခေတ်ကာလမှာ Lost in Translation, Eternal Sunshine of the Spotless Mind, In the Mood for Loveလို ဇာတ်ကားမျိုးတွေဟာ သာမန်အချစ်ဇာတ်လမ်းတစ်ခုဆိုတာထက် အများကြီးပိုမိုပြသသွားနိုင်ခဲ့ပါတယ်။ ဒီနေ့တင်ဆက်ပေးသွားမယ့်ရုပ်ရှင်ကတော့ ဟောင်ကောင်ဒါရိုက်တာ ၀မ်ကာဝေရဲ့ အကောင်းဆုံးလက်ရာလို့တင်စားခေါ်ဝေါ်ကြတဲ့ In the Mood for Love ဆိုတဲ့ဇာတ်ကားပါ။ ၀မ်ကာဝေဟာ အရှေ့တိုင်းရုပ်ရှင်လောကရဲ့ဆရာတစ်ဆူဖြစ်ပြီး သူရိုက်ကူးခဲ့တဲ့ရုပ်ရှင်တွေဟာ မှတ်တိုင်များစွာ စိုက်ထူနိုင်ခဲ့ပါတယ်၊ အဲ့ဒီဇာတ်ကားတွေထဲမှာIn the Mood for Love ကတော့ သူရိုက်ကူးခဲ့တဲ့ တခြားရုပ်ရှင်ဇာတ်ကားတွေနဲ့ မတူပဲ သီးခြားပုံစံတစ်မျိုးအဖြစ်ကွဲထွက်နေခဲ့ပါတယ်။ In the Mood for Love ရဲ့ဇာတ်အိမ်က အရမ်းကိုရိုးရှင်းလွန်းပြီး ဇာတ်လမ်းစကြည့်တာနဲ့ ဘာဆက်ဖြစ်မယ်ဆိုတာခပ်ရေးရေးလေး ...
8.1
IMDB: 8.1/10 95,422 votes
movie

In the Mood for Love (2000)

2000
Blu-Ray 720p
The Age of Adaline (2015) 7.2
The Age of Adaline (2015) လူတိုင်း အသက်အရွယ်မကြီးရင့်ပဲ အရွယ်တင်နုပျိုချင်ကြတယ်မဟုတ်လား? ဒါပေမယ့် တစ်ကယ်တမ်းအဲ့လိုဖြစ်ခဲ့မယ်ဆိုရင် ပျော်ရွှင်နိုင်မယ် ထင်ပါသလား? ခုဇာတ်ကားထဲက အဒဲလိုင်း ဘိုမန်ကတော့ မတော်တဆမှုဖြစ်ပြီးနောက်ပိုင်းဆယ်စုနှစ် ၈စုလောက် အသက်မကြီးပဲ ၂၉နှစ် အရွယ်တိုင်းရှိနေခဲ့သူပါ။ သူ့ကို စစ်ဆေးစမ်းသပ်ချင်သူတွေရဲ့လက်ထဲက လွတ်အောင်သူ့ရဲ့ထူးခြားချက်ကို ဖုံးကွယ်ရင်း ရှောင်ပြေးရင်းနေလာခဲ့ရပါတယ်။ အဲလစ်ဆိုတဲ့ကောင်လေးနဲ့တွေ့ဆုံပြီးနောက်ပိုင်း အဒဲလိုင်းဟာ အချစ်ကို ပြန်လည်တွေ့ရှိခဲ့ရတယ် တစ်သက်လုံးဖုံးကွယ်လာတဲ့ လျှို့ဝှက်ချက်ကို အဲလစ်ကိုပြောပြမှာလား? ဒါမှမဟုတ် ထပ်ပြီးရှောင်ပုန်းမှာလား? ဘယ်လိုရှေ့ဆက်ဖြစ်မလဲ???????   (ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့  Inzali Than Htike ပါ)   File Size : (900 MB) and (400 MB) Quality : Blu-Ray 720p Running Time : 1hr 52min Format : Mp4 Genre : Drama, Fantasy, Romance Subtitle : Myanmar Subtitle (Hard Sub) Source : 1080p.BluRay.x264-SPARKS Translated by Inzali Than Htike  Encoded by Thanhtike Zaw
7.2
IMDB: 7.2/10 126,363 votes
movie

The Age of Adaline (2015)

2015
How to Talk to Girls at Parties (2017) 6.0
How to Talk to Girls at Parties (2017) ဒီတစ်ခါမှာတော့ How to Talk to Girls at Parties ဆိုတဲ့ဇာတ်ကားကောင်းလေးကို တင်ဆက်ပေးလိုက်ပါတယ်။ ဒီဇာတ်ကားမှာတော့ အားလုံးရဲ့အချစ်တော် မင်းသမီးချောလေး Elle Fanning နာမည်ကျော်မင်းသမီးကြီး Nicole Kidman အပြင် မင်းသား Alex Sharp တို့ပါဝင်သရုပ်ဆောင်ထားပါတယ်။ Enn တို့သူငယ်ချင်းတစ်သိုက်ဟာ ထိုအချိန်က ခေတ်စားနေတဲ့ ပန့်ဂီတနဲ့ ယဉ်ကျေးမှုကို ရူးသွပ်ကြတဲ့သူတွေဖြစ်ပါတယ်။ တစ်ရက် ပန့်ဂီတပွဲကိုသွားပြီးအပြန်မှာထူးဆန်းတဲ့ ဂီတသံတွေကြားတာကြောင့် လိုက်လံစပ်စုရာမှ ထူးဆန်းတဲ့လူတွေ နေထိုင်တဲ့ အိမ်ကြီးတစ်အိမ်ဆီကိုရောက်ရှိသွားပါတယ်။ တကယ်တော့ အဲဒီလူတွေဟာ လူအစစ်မဟုတ်ဘဲ ကမ္ဘာမြေကို မကြာသေးခင်ကမှရောက်ရှိလာတဲ့ ဂြိုလ်သားတွေပဲဖြစ်ပါတယ်။ အဲဒီလို Enn တို့သူငယ်ချင်းတွေ ထိုအိမ်ကြီးကိုရောက်ရှိသွားရာက ဂြိုလ်သားမလေးZen နဲ့ တွေ့ဆုံခဲ့ရပါတယ်။ ကမ္ဘာမြေနဲ့လူတွေအကြောင်းကို အရမ်းစိတ်ဝင်စားတဲ့ ဂြိုလ်သားမလေး Zen ဟာ အတွေ့အကြုံအသစ်တွေကို ရှာဖွေချင်တာကြောင့် သူတို့ဂြိုလ်သားမျိုးရိုးတွေဆီကနေ ထွက်ပြေးပြီး Enn နောက်ကိုကောက်ကောက်ပါအောင် လိုက်သွားပါတော့တယ်။ အဲဒီလိုနဲ့သူတို့နှစ်ယောက်သား ချစ်ကျွမ်းဝင်သွားတဲ့ အခါမှာတော့......။ ဒီဇာတ်ကားမှာ ပန့်ယဉ်ကျေးမှု ဂီတတွေအပြင် ...
6.0
IMDB: 6.0/10 1,608 votes
movie

How to Talk to Girls at Parties (2017)

2017
October (2018) 8.0
October (2018) အောက်တိုဘာ တဲ့ ရုပ်ရှင်နာမည်ကစွဲဆောင်မှုမရှိသလိုပါပဲ။ ဒါပေမယ့် IMDB Rating 7.9 ရရှိထားပြီး Rotten tomato ကတော့ 86% ရရှိထားပါတယ်။ Rating မြင့်သလောက်လဲဇာတ်ကားက အရမ်းစွဲဆောင်မှုရှိပြီး အဓိပ္ပါယ်ရှိပြီး ကြည့်ရတာတန်တဲ့ဇာတ်ကားတစ်ကားပါ အာမခံနိုင်ပါတယ်။ ကျွန်တော့်အနေနဲ့ဆိုရင် ဆရာမြသန်းတင့်ရဲ့ လေလွင့်သူကို Romance Version နဲ့ဖတ်လိုက်ရသလိုခံစားရပါတယ်။ လူငယ်တွေ ကြည့်ကိုကြည့်သင့်တဲ့ကားလို့ပြောရင်မလွန်ဘူးထင်ပါတယ်။ အပူအပင်မရှိတဲ့ ဟော်တယ်အလုပ်သင်ဝန်ထမ်း ၂၁ အရွယ် Dan တစ်ယောက် သူ့ရဲ့လုပ်ဖော်ကိုင်ဖက်လည်းဖြစ်တဲ့သူငယ်ချင်းတွေနဲ့ အတူတူ အေးအတူပူအမျှပျော်ပျော်ရွှင်ရွှင်နေနေတုန်းမှာပဲ သူ့ရဲ့ဘဝဟာအကြီးအကျယ်ပြောင်းလဲသွားခဲ့ပါတယ်။ သူနဲ့နီးစပ်တဲ့ သူငယ်ချင်းတစ်ယောက်ဖြစ်တဲ့ Shiuli တစ်ယောက်တိုက်ပေါ်ကကျပြီးကိုးမားဖြစ်သွားခဲ့တာပါပဲ။ အဲဒီဖြစ်ရပ်ကို စိတ်ခံစားလွယ်တဲ့ Dan တစ်ယောက်ဘယ်လိုရင်ဆိုင်ရလဲဆိုတာကိုဇာတ်အိမ်ဖွဲ့ထားတာဖြစ်ပါတယ်။ ပြီးတော့ ဒီဇာတ်ကားက အချစ်ဇာတ်လမ်းမဟုတ်ပါဘူး ဒါပေမယ့် အချစ်အကြောင်းကိုပြောပြထားတဲ့ဇာတ်လမ်းလေးတစ်ပုဒ်ဖြစ်ပါတယ်။   (ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ d3mon ပါ)   File Size : (950 MB) and (380 MB) Quality : WEB-DL 720p Running Time : 1hr 55min Format : Mp4 Genre ...
8.0
IMDB: 8.0/10 2,828 votes
movie

October (2018)

2018
Ibiza (2018) 5.1
Ibiza (2018) MBD rating 5.1/10 Rotten tomatoes 72% Ibizaကို မေလ ၂၅တုန်းက Netflixမှာပြခဲ့တာပါ ဒါရိုက်တာ Alex Richanbandရိုက်တဲ့အမေရိကန်အချစ်ဟာသကားလေးရဲ့ဇာတ်လမ်းပုံစံကတော့ နယူးရော့ခ်မှာနေနေတဲ့မိန်းကလေး ဟပ်ပါက ဘာစီလိုနာကို အလုပ်ကိစ္စနဲ့အလွှတ်ခံရတာပါ အဲ့ခရီးစဉ်ကို ပါတီတက်ရတာကြိုက်တဲ့သူ့အခင်ဆုံးသူငယ်ချင်းနှစ်ယောက်လည်း အတူပါသွားတယ် ဟိုရောက်တော့ ဟပ်ပါတစ်ယောက် ပါတီတစ်ခုကDJ အလန်းလေးကိုတွေ့ပြီး ခိုက်သွားပါလေရော အဲ့နောက်မှာတော့ သူစိတ်ဝင်စားသွားတဲ့ DJနောက်ကိုလိုက်ရင်း ဘာတွေဆက်ဖြစ်မလဲပေါ့... ?? ပါတီတွေလိုက်တက်တဲ့ ကားဆိုတော့ ဒီကားလေးမှာEDM သီချင်းအလန်းတွေ နာမည်ကြီးနေတဲ့သီချင်းကောင်းတွေကို ကြားရမှာပါ 18+ လေးလည်းနည်းနည်းပါတယ်နော် :3   (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ May Phyu Khin  ပါ)   File Size : (750 MB) and (350 MB) Quality : WEBRip 720p Running Time : 1hr 34min Format : Mp4 Genre : Comedy, Romance Subtitle : Myanmar Subtitle (Hard Sub) Source : 720p.WEBRip.x264-STRiFE Translated ...
5.1
IMDB: 5.1/10 2,523 votes
movie

Ibiza (2018)

2018
Midnight Sun (2018) Blu-Ray 1080p 5.1 CH x264 6.3
Midnight Sun (2018) Blu-Ray 1080p 5.1 CH x264 Blu-Ray 1080p 5.1 CH x264   ၁၇ နှစ်အရွယ် Katie Price ဆိုတဲ့ ကောင်မလေးတစ်ယောက်ဟာ ငယ်ငယ်တည်းက ထူးဆန်းတဲ့ရောဂါတစ်ခုကို ခံစားနေရတယ်… အဲ့ဒီရောဂါက အသားအရည်ပေါ် နေရောင်ခြည်လုံးဝကျလို့မရတဲ့ရောဂါပေါ့… အဲ့ဒါကြောင့် သူဟာ အထူးစီမံထားတဲ့ ပြတင်းပေါက်မှန်တွေနောက်မှာပဲ နေပြီး သူ့ဘဝကိုဖြတ်သန်းနေတဲ့မိန်းကလေး… အပြင်ထွက်လို့မရတဲ့အတွက်..ကျောင်းတက်ဖို့လည်းမဖြစ်နိုင်တော့… သူ့ရဲ့အဖေကပဲ အိမ်မှာ စာသင်ပေးရတယ်လေ… သူ့အဖေကလည်း မိတဆိုး သမီးလေးကိုလုံးဝအရှုံးမပေးတဲ့လူမျိုး… ဖြစ်လာသမျှကိုလက်ခံပြီး အကောင်းဆုံးဖြစ်အောင် သူ့ကိုထားခဲ့တာလေ.… သူ့မှာ ရှားရှားပါးပါး မော်ဂန်လို့ခေါ်တဲ့ BFF မလေးတစ်ယောက်ရှိတယ်… နောက်တစ်ယောက်ကတော့ မူလတန်းကတည်းက သူ့အိမ်ရှေ့မှာ စကိတ်စီးရင်းဖြတ်သွားဖြတ်လာမြင်နေရတဲ့ ချာလီဆိုတဲ့ကောင်လေး… ဒီကောင်လေးကို သူကကျိတ်ပြီးသဘောကျနေတာ…ချာလီက သူရှိလို့ရှိမှန်းတောင်မသိဘူး…ဘယ်သိမလဲ …ရောဂါကြောင့်အိမ်တွင်းအောင်းနေရတဲ့ ပတ်ဝန်းကျင်နဲ့အဆက်အသွယ်ပြတ်နေတဲ့ သနားစရာကောင်မလေးလေ… ဒါပေမယ့် တစ်နေ့တော့ ချာလီနဲ့မထင်မှတ်တဲ့ပုံစံနဲ့ဆုံတွေ့ပြီး ဘာတွေဆက်ဖြစ်ကြမလဲ….၊ ၂၀၁၈ မတ်လထွက် လတ်လတ်ဆတ်ဆတ် ရိုမန်တစ်ဒရာမာကားတစ်ကားဖြစ်ပြီး လူငယ်ကားဆိုပေမယ့် လူကြီးတွေလည်း အကြိုက်တွေ့စေမယ်လို့ထင်ပါတယ်… နောက်တစ်ခုက ကြည့်မယ်ဆိုရင် တစ်ရှူးလေးဆောင်ထားဖို့ ပြောပါရစေ…အခြားမဟုတ်ပါဘူး မျက်ရည်သုတ်ဖို့ပါ… ရယ်ရလို့လား ငိုရလို့လားဆိုတာတော့ ပိတ်ကားပေါ်ဆက်လက် ရှူစားကြပါခင်ဗျာ… Ratings တွေကတော့ IMDb – 6.3/10 Google ...
6.3
IMDB: 6.3/10 2,102 votes
movie

Midnight Sun (2018) Blu-Ray 1080p 5.1 CH x264

2018
Blu-Ray 1080p 5.1 CH
Midnight Sun (2018) 6.3
Midnight Sun (2018) ၁၇ နှစ်အရွယ် Katie Price ဆိုတဲ့ ကောင်မလေးတစ်ယောက်ဟာ ငယ်ငယ်တည်းက ထူးဆန်းတဲ့ရောဂါတစ်ခုကို ခံစားနေရတယ်… အဲ့ဒီရောဂါက အသားအရည်ပေါ် နေရောင်ခြည်လုံးဝကျလို့မရတဲ့ရောဂါပေါ့… အဲ့ဒါကြောင့် သူဟာ အထူးစီမံထားတဲ့ ပြတင်းပေါက်မှန်တွေနောက်မှာပဲ နေပြီး သူ့ဘဝကိုဖြတ်သန်းနေတဲ့မိန်းကလေး… အပြင်ထွက်လို့မရတဲ့အတွက်..ကျောင်းတက်ဖို့လည်းမဖြစ်နိုင်တော့… သူ့ရဲ့အဖေကပဲ အိမ်မှာ စာသင်ပေးရတယ်လေ… သူ့အဖေကလည်း မိတဆိုး သမီးလေးကိုလုံးဝအရှုံးမပေးတဲ့လူမျိုး… ဖြစ်လာသမျှကိုလက်ခံပြီး အကောင်းဆုံးဖြစ်အောင် သူ့ကိုထားခဲ့တာလေ.… သူ့မှာ ရှားရှားပါးပါး မော်ဂန်လို့ခေါ်တဲ့ BFF မလေးတစ်ယောက်ရှိတယ်… နောက်တစ်ယောက်ကတော့ မူလတန်းကတည်းက သူ့အိမ်ရှေ့မှာ စကိတ်စီးရင်းဖြတ်သွားဖြတ်လာမြင်နေရတဲ့ ချာလီဆိုတဲ့ကောင်လေး… ဒီကောင်လေးကို သူကကျိတ်ပြီးသဘောကျနေတာ…ချာလီက သူရှိလို့ရှိမှန်းတောင်မသိဘူး…ဘယ်သိမလဲ …ရောဂါကြောင့်အိမ်တွင်းအောင်းနေရတဲ့ ပတ်ဝန်းကျင်နဲ့အဆက်အသွယ်ပြတ်နေတဲ့ သနားစရာကောင်မလေးလေ… ဒါပေမယ့် တစ်နေ့တော့ ချာလီနဲ့မထင်မှတ်တဲ့ပုံစံနဲ့ဆုံတွေ့ပြီး ဘာတွေဆက်ဖြစ်ကြမလဲ….၊ ၂၀၁၈ မတ်လထွက် လတ်လတ်ဆတ်ဆတ် ရိုမန်တစ်ဒရာမာကားတစ်ကားဖြစ်ပြီး လူငယ်ကားဆိုပေမယ့် လူကြီးတွေလည်း အကြိုက်တွေ့စေမယ်လို့ထင်ပါတယ်… နောက်တစ်ခုက ကြည့်မယ်ဆိုရင် တစ်ရှူးလေးဆောင်ထားဖို့ ပြောပါရစေ…အခြားမဟုတ်ပါဘူး မျက်ရည်သုတ်ဖို့ပါ… ရယ်ရလို့လား ငိုရလို့လားဆိုတာတော့ ပိတ်ကားပေါ်ဆက်လက် ရှူစားကြပါခင်ဗျာ… Ratings တွေကတော့ IMDb – 6.3/10 Google Users – 93%   (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ ...
6.3
IMDB: 6.3/10 2,102 votes
movie

Midnight Sun (2018)

2018
Blu-Ray 720p
Love, Simon (2018) 8.1
Love, Simon (2018) ဒီတစ်ခါ CM ပရိတ်သတ်တွေအတွက် မိတ်ဆက်ပေးချင်တဲ့ ဇာတ်လမ်းကတော့ "Love Simon" ဆိုတဲ့ Romantic ဇာတ်လမ်းလေးဖြစ်ပါတယ်... အညွှန်း- ကျွန်တော့်နာမည်က ဆိုင်မွန်(Simon)ပါ... ကျွန်တော်က ခရိဝုလို့ခေါ်တဲ့ကျောင်းမှာ တက်နေတဲ့ အထက်တန်းကျောင်းသားတစ်ယောက်မှာ... ကျွန်တော်တို့ မိသားစုလေးယောက်ရှိပါတယ်... ကျွန်တော်ချစ်ရတဲ့ညီမလေးအပါအဝင်ပေါ့... ကျွန်တော့်မှာ သူငယ်ချင်းကောင်းတွေလဲရှိပါတယ်... သူတို့ကတော့ လီယာ အဘီ နဲ့ နစ် တို့ပါ...ကျွန်တော်တို့ လေးယောက်အမြဲ ကျောင်းတူတူသွားပါတယ်... ကျွန်တော့်ဘဝက ပျော်စရာမိသားစု သူငယ်ချင်းကောင်းတွေနဲ့ ပြည့်စုံပါတယ်.... ဒါပေမဲ့ ကျွန်တော့်မှာ ထိပ်တန်းလျို့ဝှက်ချက်တစ်ခုရှိတယ်... တစ်နေ့ ကျွန်တော် လီယာနဲ့ စကားပြောဖြစ်တယ်... သူက ခရိဝုကျောင်းက ကျောင်းသားတွေအကြောင်း တင်တဲ့ ခရိဝုလျို့ဝှက်ချက် ဘလော့အကြောင်း ပြောတာပါ... အဲ့ ဘလော့မှာ ဘလူးဆိုတဲ့သူက သူ့လျိုဝှက်ချက်ကို ဝေမျှခဲ့တာပါ... သူ့ပို့စ်ကို ကျွန်တော်ဖတ်ပြီးတဲ့နောက်မှာတော့ သူ့လျို့ဝှက်ချက်နဲ့ ကျွန်တော့်လျို့ဝှက်ချက်တူနေခဲ့ပါတယ်... အဲ့တော့ ကျွန်တော် သူနဲ့ သိခွင့်ရဖို့ ချဉ်းကပ်ခဲ့ပါတယ်... ဂျက်ဆိုတဲ့ နာမည်နဲ့ပေါ့.... လျို့ဝှက်ချက်ချင်း တူနေတော့ ကျွန်တော်တို့ နှစ်ယောက်ရင်းနှီးခဲ့ပါတယ်..ကျွန်တော်လဲ သူ့ကို ...
8.1
IMDB: 8.1/10 20,818 votes
movie

Love, Simon (2018)

2018
Blu-Ray 720p
Every Day (2018) 6.0
Every Day (2018) မိုးလင်းတိုင်း ဘဝအသစ်တစ်ခုမှာ လူအသစ်တစ်ယောက်လိုနေ့တိုင်းနိုးထလာရတဲ့ A.... နေ့တိုင်းနေ့တိုင်းဘဝအသစ်တစ်ခုမှာရှင်သန်ရင်း သူ့ကိုယ်တိုင်ဖြစ်တည်မှုကိုတောင် မေ့လျော့လုဆဲဆဲအချိန်မှာပဲ သူဝင်ရောက်နေတဲ့ ခန္ဓာကိုယ်ပိုင်ရှင် ဂျပ်စတင် ရဲ့ ချစ်သူ ရီအန်နွန်နဲ့ တွေ့ဆုံလာခဲ့ရတဲ့အခါ... နေ့တိုင်းခန္ဓာကိုယ်ပြောင်းလဲနေပေမယ့် မပြောင်းလဲတဲ့ သူ့အချစ်စိတ်ကို ရီအန်နွန် သိအောင်ဘယ်လိုထုတ်ပြမလဲ? ရီအန်နွန်ကရောဘယ်လိုတုံ့ပြန်မှာလဲ? ဘာတွေဆက်ဖြစ်မှာလဲ?  ဆိုတာကို စိတ်ဝင်တစားကြည့်ရှုရမယ့် ကားလေးတစ်ကားပါ။ အားမလို အားမရမှုတွေ၊ကြည်နူးမှုတွေ စိတ်ခံစားချက်မျိုးစုံကိုခံစားရင်း အဆုံးထိဆွဲခေါ်ပေးသွားနိုင်တဲ့ကားလေးတစ်ကားဆိုလဲ မမှားပါဘူး။ ရိုးရိုးဇာတ်အိမ်တွေထဲကဖောက်ထွက်ထားတဲ့ ဒီကားသစ်လေးကတော့ Everyday (2018)ပါ။ Dramanကားကောင်းလေးတွေကြိုက်တဲ့CM ပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ်။   (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ပေးထားသူကတော့ မအေးမွန်ကျော် ပါ)   File Size : (800 MB) and (327 MB) Quality : WEB-DL 720p Running Time : 1hr 37min Format : Mp4 Genre : Drama, Fantasy, Romance Subtitle : Myanmar Subtitle (Hard Sub) Source : 720p.WEB-DL.DD5.1.H264-FGT Translated by Aye Mon ...
6.0
IMDB: 6.0/10 1,675 votes
movie

Every Day (2018)

2018
Irreplaceable You (2018) 6.3
Irreplaceable You (2018) ဒီကားလေးက ဒါရိုက်တာ Stephanie Laingရဲ့IMDB rating 6.3 ရထားတဲ့အမေရိကန် အချစ်ဟာသဒရမ်မာကားလေးပါ ဇာတ်လမ်းပုံစံကတော့ ငယ်ငယ်တည်းကအခင်ဆုံးသူငယ်ချင်းတွေဖြစ်လာခဲ့တဲ့ဆမ်နဲ့ အက်ဘီတို့က စေ့စပ်ထားကြတဲ့သူတွေပေါ့ ရှစ်နှစ်ကတည်းက ချစ်ခင်လာခဲ့တဲ့သူတို့နှစ်ယောက်ကံကြမ္မာကသေကွဲမကွဲခင်အထိပဲ အတူနေဖို့ပဲဖြစ်လာခဲ့တယ် ကံကြမ္မာက အက်ဘီ့မှာ သေနိုင်တဲ့ကင်ဆာရောဂါဖြစ်ဖို့အကြောင်းဖန်လာတဲ့အခါ အက်ဘီကသူ့ရဲ့မသေချာတော့တဲ့ ဘဝကိုရင်ဆိုင်ရင်း ဆမ့်ကိုပြုစုစောင့်ရှောက်ဖို့ အချစ်သစ်ကိုစရှာပေးပါလေရော နောက်ဆုံး အက်ဘီကဆမ့်ကို ဘယ်လိုတွေလုပ်ပေးပြီးနှုတ်ဆက်ထွက်ခွာသွားလဲ... အက်ဘီ့ရဲ့ဆန္ဒရော ပြည့်သွားခဲ့လားဆိုတာကို ဇာတ်ကားလေးကိုကြည့်ကြည့်နော်   (ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ မေဖြူခင် ပါ)     File Size : (750 MB) and (325 MB) Quality : WEB-Rip 720p Running Time : 1hr 36min Format : Mp4 Genre : Comedy, Drama, Romance Subtitle : Myanmar Subtitle (Hard Sub) Source : 1080p.WEBRip.DD5.1.x264-FGT Translated by May Phyu Khin Encoded by Thanhtike Zaw
6.3
IMDB: 6.3/10 3,449 votes
movie

Irreplaceable You (2018)

2018
[18+] Fifty Shades Freed (2018)Uncut Version 4.4
[18+] Fifty Shades Freed (2018)Uncut Version Fifty Shades Freed ရဲ့ preview ကိုတော့ စာအုပ်ထဲဇာတ်လမ်းနဲ့Trailer ကိုဆက်စပ်ပြီးဖော်ပြပေးပါမယ်။ Trailer ဟာ Christian နဲ့ Ana မင်္ဂလာဆောင်တဲ့ဇာတ်ဝင်ခန်းနဲ့ဖွင့်ထားပြီး Grey တို့ဇနီးမောင်နှံ ဥရောပတခွင် ဟန်နီးမွန်းထွက်တဲ့ ပုံရိပ်တွေကိုမြင်တွေ့ရမှာပါ။ဒါပေမယ့် သူတို့ရဲ့ ဟန်းနီးမွန်းမှာ အကြောင်းတစ်စုံတစ်ခုကြောင့် နောက်ကြောင်းမအေးဖြစ်ခဲ့ရပါတယ်။ အကြောင်းကတော့ Christian ရဲ့ ရုံးအဆောက်အဦးမှာ မီးလောင်မှုဖြစ်ခဲ့တာဖြစ်ပြီး ထိုမီးဟာ မတော်တဆကြောင့်လောင်ကျွမ်းတာမျိုးမဟုတ်ပဲ တစ်စုံတစ်ဦးရဲ့ ရည်ရွယ်ချက်ရှိရှိ လုပ်ရပ်ကြောင့်ဖြစ်ကြောင်း Christian သိလိုက်ရပါတယ်။ ဒါပေမယ့် Ana ရဲ့အကူအညီနဲ့ တရားခံဘယ်သူဖြစ်တယ်ဆိုတာကို Christian တစ်ယောက်အတည်ပြုနိုင်ခဲ့တယ်။ သူတို့ ဟန်းနီးမွန်းကပြန်ရောက်ပြီး လုပ်ငန်းခွင်ထဲပြန်ဝင်ကြရတဲ့အခါ Ana ဟာ Acting Fiction Editor မဟုတ်တော့ပဲ Fiction Editor ဖြစ်နေပါပြီ။ Christian Grey ရဲ့ အရှိန်အဝါကြောင့် ပစားပေးခြင်းခံရတာကို မလိုလားတဲ့ Ana ဟာ SIP ရုံးတွင်းမှာ ...
4.4
IMDB: 4.4/10 18,846 votes
movie

[18+] Fifty Shades Freed (2018)Uncut Version

2018
Unrated Blu-Ray 720p
Sonu Ke Titu Ki Sweety (2018) 7.7
Sonu Ke Titu Ki Sweety (2018) ဒီတစ်ခါတော့အိန္ဒိယလူငယ်ဟာသကားပေါ့ပေါ့ပါးပါးလေးတင်ပေးချင်ပါတယ်။ ဒီဇာတ်ကားဟာ Rating ကောင်းကောင်းရရှိထားရုံသာမက ပေါ့ပေါ့ပါးပါးနဲ့ရယ်ရယ်မောမောကြည့်ရမယ့် ဇာတ်ကားကောင်းလေးပါ။ ဇာတ်လမ်းအကျဉ်းကတော့ တီတူးနဲ့ဆွန်နူးတို့ဆိုတာက မူကြိုအရွယ်လောက်ကတည်းက ပေါင်းလာတဲ့သူငယ်ချင်းတွေဖြစ်ပြီး တီတူးတို့အိမ်နဲ့ ဆွန်နူးတို့အိမ်ဆိုတာကလည်း အလွန်ရင်းနှီးကြပါတယ်။ ငယ်ကတည်းတစ်ပူးတွဲတွဲ လည်ပင်းဖက်ပေါင်းလာကြတဲ့ သူငယ်ချင်း၂ယောက်မှာ တစ်ယောက်ကတော့ လည်လည်ဝယ်ဝယ် သွက်သွက်လက်လက်ရှိသလောက် နောက်တစ်ယောက်က အူတူတူ ရိုးရိုးစင်းစင်းနေတတ်တဲ့သူဖြစ်နေပါတယ်။ ဒါပေမယ့် နှစ်ဦးသားအရမ်းချစ်ကြတဲ့သူငယ်ချင်းတွေဖြစ်ပြီး အမြဲဘာလုပ်လုပ် တပူးတွဲတွဲပါပဲ။ တီတူးဟာ အမြဲရည်းစားထားရင် အဆင်မပြောတာတွေပဲဖြစ်တတ်ပြီး ဆွန်နူးကတော့ အမြဲနောက်ကနေလိုက်ရှင်းပေးရတတ်ပါတယ်။ တစ်နေ့ အိမ်က လက်ထပ်ပေးဖို့စီစဉ်ပေးတဲ့အခါမှာ တီတူးတစ်ယောက် ဆွီတီဆိုတဲ့မိန်းကလေးသဘောကျပြီးနောက် ဆွန်နူးအလုပ်ရှုပ်ရပြန်ပါပြီ။ ဒါပေမယ့် ဒီတစ်ခါသူရှင်းရမယ့်ကိစ္စက အရင်တစ်ခေါက်တွေလိုလွယ်ကူပါ့မလား။ ဘယ်လိုကမောက်ကမလေးတွေဖြစ်လာမလဲ ဆိုတာကိုဟာသလေးတွေနဲ့ အူနှိပ်ပြီးကြည့်ရမယ့်ဇာတ်ကားလည်းဖြစ်ပါတယ်။ အိန္ဒိယကားကြိုက်တဲ့သူတွေရော မကြည့်ဖြစ်တဲ့သူတွေအတွက်ပါ Comdey ဇာတ်ကားကောင်းဖြစ်တာကြောင့် ကြည့်ဖို့ တိုက်တွန်းချင်ပါတယ်။ Rating အနေနဲ့ 7. 6 ထိရှိပြီး ၀င်ငွေအရလည်းအောင်မြင်တဲ့ဇာတ်ကားလေးပါ။   (ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ ကိုသူရပါ)   File Size : (999 MB) and (450 MB) Quality : WEB-DL 720p Running Time : 2hr 18min Format ...
7.7
IMDB: 7.7/10 5,046 votes
movie

Sonu Ke Titu Ki Sweety (2018)

2018
Malena 7.5
Malena Malena (2000) IMDb Rating (7.5/10) Rating - R ၁၉၄၁ ခုနှစ်က စစ္စလီကျွန်းပေါ်မှာနေတဲ့ အသက် ၁၃ နှစ်သား ကောင်လေးတစ်ယောက် စွဲလမ်းခဲ့ရတဲ့ မာလိနာဆိုတဲ့ မိန်းမတစ်ယောက်အကြောင်း.....။ ဒုတိယကမ္ဘာစစ်ကြောင့် ခိုကိုးရာမဲ့သွားတဲ့မိန်းမတစ်ယောက်၊ လှပလွန်းသောကြောင့် ယောက်ကျားတိုင်းက စိတ်ဝင်စားပြီး တစ်ခြားမိန်းမတွေက မနာလိုဖြစ်ခြင်းခံနေရတဲ့ မိန်းမတစ်ယောက်၊ ကံဆိုးမှု တွေကြောင့် ဖခင်ဖြစ်သူရဲ့ အထင်လွဲမှုကို ခံရပြီး စားဝတ်နေရေးအတွက် ရုန်းကန်ခဲ့ရတဲ့ မိန်းမတစ်ယောက်၊ အရာရာကို ခွင့်လွှတ်သည်းခံပြီး ချစ်သူခင်ပွန်းရဲ့ဖေးမမှုနဲ့ ဘ၀ကိုတည်ငြိမ်စွာ ပြန်လည်လျှောက်လှမ်းနိုင်ခဲ့တဲ့ မိန်းမတစ်ယောက်ရဲ့ အကြောင်း.....။ ဒီဇာတ်ကားထဲမှာ လူတွေရဲ့ မနာလိုစိတ်တွေ၊ အချောင်ရလိုမှုတွေ၊ အားနည်းသူကို ပျက်စီးစေချင်ကြတဲ့စိတ်တွေနဲ့ ယောင်္ကျားတွေရဲ့ စိတ်ကို ကွက်ကွက်ကွင်းကွင်းမြင်အောင် ပြထားပါတယ်။ ကြီးကောင်ဝင်စ လူငယ်လေးတစ်ယောက်ရဲ့ စိတ်နေစိတ်ထားနဲ့ လူတွေအကြောင်း သင်ယူခဲ့မှုတွေကိုလည်း အထင်အရှားမြင်ရမှာ ဖြစ်ပါတယ်။ မင်းသမီးကတော့ သိပ်ညွှန်းစရာလိုမယ် မထင်ပါဘူး။ ဆိုဖီယာလော်ရင့်ပြီးရင် အီတလီရဲ့ နာမည်အကြီးဆုံးမင်းသမီးဖြစ်တဲ့ Monica Bellucci ပါ။ ဒီဇာတ်ကားထဲမှာ အလှပဆုံးအချိုးအစားလို့ ပြောကြတဲ့ ၃၆-၂၄-၃၅ ဆိုတဲ့ သူမရဲ့အလှအပကို သေသေချာချာ မြင်ရမှာဖြစ်ပါတယ်။ သူရဲ့ခန္ဓာကိုယ်အလှအပအပြင် သူ့ရဲ့သရုပ်ဆောင်မှုတွေကြောင့်လဲ ဝေဖန်ရေးဆရာတို့ရဲ့ ချီးကျူးခြင်းကို ခံခဲ့ရပါတယ်။ "သရုပ်ဆောင်တယ်ဆိုတာ စကားလုံးတွေနဲ့တင်မဟုတ်ဘဲ ...
7.5
IMDB: 7.5/10 74,002 votes
movie

Malena

2000
Cheese in the Trap (2018) 7.2
Cheese in the Trap (2018) ၂၀၁၈ မတ်​လကမှထွက်​ရှိထားတဲ့ Cheese in the trap ဆိုတဲ့ movie ​လေးက​တော့ k-drama ပရိသတ်​နဲ့စိမ်းလှမယ်​မထင်​ပါဘူး။ ၂၀၁၆ တုန်းက rating အမြင့်​ဆုံးရခဲ့တဲ့ series version ကိုပြန်​လည်​ရိုက်​ကူးထားတာပါ။ main actor ကလွဲပြီး ကျန်​တဲ့ ဇာတ်​​ဆောင်​​တွေအားလုံးက​​တော့ စီးရီးထဲကသရုပ်​​ဆောင်​​တွေမဟုတ်​ပါဘူး။ ​main actor နဲ့ actress က​တော့ park hae jin (man to man ) နဲ့ oh yeon seo (ဆမ်​ဂျန်း)တို့ပဲဖြစ်​ပါတယ်​။ ဟုန်းဆိုးဆိုတဲ့ သာမန်​တက္ကသိုလ်​​ကျောင်းသူ​လေးက အချိန်​ပိုင်းအလုပ်​​တွေ ကျူရှင်​သင်​တဲ့အလုပ်​​တွေနဲ့ ​ကျောင်းစရိတ်​ရှာပြီး တတ်​​နေရသူပါ။ နှစ်​စပိုင်းတုန်းက သူ့ကို​အေးစက်​စက်​နဲ့ လျစ်​လျူရှုခဲ့တဲ့ စီနီယာ ယို​ဂျောင်း သူ့အ​ပေါ်​ပြောင်းလဲလာခဲ့ပြီး ​နွေး​ထွေးဂရုစိုက်​လာတဲ့အခါမှာ ဟုန်​ဆိုးတစ်​​ယောက်​ စိတ်​ကသိက​အောင့်​ဖြစ်​လာခဲ့ပါတယ်​။ အားလုံးနဲ့အဆင်​​ပြေပြီး အမြဲပြုံး​နေတတ်​တဲ့ သူ​ဌေးသူး​လေးယို​ဂျောင်း ရဲ့အမူအကျင့်​​တွေကိုကြည့်​ပြီး ယို​ဂျောင်းရဲ့​နောက်​မှာကွယ်​ဝှက်​ထားတဲ့ တစ်​စုံတစ်​ရာ ရှိမယ်​လို့ ဟုန်းဆိုးထင်​ထားခဲ့တာပါ။ လွန်​ခဲ့တဲ့တစ်​နှစ်​ကအဖြစ်​အပျက်​အပြီး ဟုန်းဆိုးအ​ပေါ်​ပြောင်းလဲလာတဲ့ ...
7.2
IMDB: 7.2/10 2,828 votes
movie

Cheese in the Trap (2018)

2018
Submergence (2018) 5.8
Submergence (2018) Marvelရဲ့ Professor X (James McAvoy)ရဲ့ဇာတ်​ကားသစ်​​လေးနဲ့မိတ်​ဆက်​​ပေးလိုက်​ပါ့မယ်​ ဒီကား​လေးထဲမှာ​တော့ သူက အယ်​လ်​ကိုင်​ဒါအကြမ်းဖက်​သမား​တွေ​ကြောင့်​ ​​ခရူးဆိတ်​စစ်​ပွဲ(ဘာသာ​ရေးစစ်​ပွဲ)​တွေပြန်​အစပျိုးလာတဲ့အာဖရိကရဲ့​ကက်​စ်​စမဒရိုး​ဒေသဆီသွားပြီးဂျီဟတ်​ဒ်​စစ်​ပွဲပြင်​ဆင်​ဖို့ဖိအား​ပေးခြင်းခံ​နေရတဲ့ဒုက္ခသည်​​တွေအတွက်​ ​ရေရရှိဖို့အကျိုး​ဆောင်​မယ့်​အင်​ဂျင်​နီယာဂျိမ်းစ်​​မောအဖြစ်​​တွေ့ရမှာပါ ဒီလိုပြင်​ဆင်​ရင်းနဲ့ပဲ ဟိုတယ်​တစ်​ခုမှာပ​ရော်​ဖက်​ဆာဒန်​နီဖလင်းဒါးလို့​ခေါ်တဲ့အဏ္ဏဝါ​ဗေဒပညာရှင်​​လေးတစ်​​ယောက်​နဲ့ဆုံခဲ့ပြီးသိတဲ့အတိုင်းဇာတ်​လမ်းဘာညာစတယ်​ဆိုပါ​တော့ဗျာ ဒန်​နီကလည်းသူမရဲ့အိပ်​မက်​ဖြစ်​တဲ့​ရေ​အောက်​အနက်​ဆုံးအလွှာထိဆင်းပြီး​လေ့​လာဖို့ ဂျိမ်းစ်​ကလည်း စစ်​ပွဲ​တွေအဆုံးသတ်​ဖို့အတွက်​ ဆိုတဲ့ကိုယ်​စီအိပ်​မက်​​တွေယှဉ်​လာချိန်​မှာ​တော့....... သူတို့ပြန်​ဆုံနိုင်​ပါ့မလား အိပ်​မက်​ကိုယ်​စီ​ကိုအ​ကောင်​အထည်​​ဖော်​နိုင်​ပါ့မလားဆိုတာက​တော့...??? ကြည့်​ကြည့်​ရ​အောင်​ဗျာ....???   (ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ ကိုပြေဟိဏ်းဆက်ပါ)   File Size : (850 MB) and (404 MB) Quality : WEB-DL 720p Running Time : 1hr 52min Format : Mp4 Genre : Drama, Romance, Thriller Subtitle : Myanmar Subtitle (Hard Sub) Source : 1080p.WEB-DL.DD5.1.H264-FGT Translated by Pyae Xeinn Sett Encoded by Thanhtike Zaw
5.8
IMDB: 5.8/10 339 votes
movie

Submergence (2018)

2018
Phantom Thread (2017) 7.8
Phantom Thread (2017) ဒီကားလေးကတော့ rating မြင့် Drama ကားကြည့်ချင်သူများအတွက် ဇာတ်ကားကောင်းလေးပါ။ IMDb rating 7.7 အထိရရှိထားပြီး Daniel Day-Lewis ၊ Lesley Manville နဲ့ Vicky Krieps တို့ပါဝင်သရုပ်ဆောင်ထားပါတယ်။ စစ်ကြီးပြီး ၁၉၅၀ခုနှစ်နှောင်းပိုင်း လန်ဒန်မြို့တွင် ဇာတ်အိမ်တည်ထားပါတယ်။ Reynolds နဲ့ သူ့ရဲ့အစ်မဖြစ်သူ Cyril တို့ဟာ ဗြိတိသျှဖက်ရှင်လောကတွင် အထင်ကရမျက်နှာကြီးသူတွေဖြစ်ပြီး တော်ဝင်မျိုးနွယ်များ၊ ရုပ်ရှင်အကျော်အမော်များ၊ နာမည်ကျော်ကြားသူများအတွက် ၀တ်စုံချုပ်လုပ်ဖန်တီးသူတွေပဲဖြစ်ပါတယ်။ တစ်ကိုယ်တည်းနေ ၂ယောက်အတူနေနိုင်ကြတဲ့ အဲဒီမောင်နှမနှစ်ယောက်ဟာ သူတို့ရဲ့ဖက်ရှင်အလုပ်မှာပဲ စိတ်နှစ်မြုပ်ထားတာပဲဖြစ်ပါတယ်။ Reynold ဘ၀မှာ သူ့ရဲ့ဝတ်စုံတွေဝတ်ဖို့ မော်ဒယ်တွေနဲ့အများကြီးပတ်သက်ဖူးထားသူဖြစ်ပေမယ့် အိမ်ထောင်ပြုခြင်းလည်းမရှိပါဘူး။ သူ့ဘ၀ကိုသူ စိတ်ကြိုက်မွမ်းမံဖြတ်သန်းနေသူပါ။ ဒါပေမယ့် ကံကြမ္မာတစ်ကွေ့မှာတော့ Alma ဆိုတဲ့အမျိုးသမီးတစ်ယောက်နဲ့တွေ့ဆုံပြီးနောက်ပိုင်း သူ့ရဲ့ဘ၀မှာ တဖြေးဖြေးပြောင်းလဲလာပါတော့တယ် သူကိုယ်တိုင်တည်ဆောက်ထားတဲ့ဘ၀ဟာ အချစ်ကြောင့် ပြောင်းလဲမှုတွေဖြစ်ပေါ်လာပြီး အရာရာဟာတစ်မူထူးခြားလာတဲ့နောက်…… သူဘယ်လိုလုပ်မလဲ၊ Alma ကရောဘယ်လိုအမျိုးသမီးလေးမျိုးလဲ၊ သူတို့ကြားကဘယ်လိုတွေ ဆက်နွယ်မှုတွေရှိလာမလဲဆိုတာကိုတော့ ဒါရိုက်တာ Paul Thomas Anderson ကစိတ်ကူးကွန့်မြူးကာ ရိုက်ကူးထားတာကို ကြည့်ရှုရမှာပါ။ Rating မြင့်တဲ့ ...
7.8
IMDB: 7.8/10 42,086 votes
movie

Phantom Thread (2017)

2017
My Teacher (2017) 5.9
My Teacher (2017) Sensei : mangaကို live action ပြန်ရိုက်ထားတဲ့ ဒီ My Teacher ဇာတ်ကားလေးမှာတော့ အထက်တန်းကျောင်းသူလေးတစ်ဦးရဲ့ သူ့ သမိုင်းဆရာအပေါ် ချစ်မိတဲ့ အချစ်ကို ဖော်ပြထားပါတယ်... �ရှီမားဒါးဟာ အသက်၁၇နှစ်အရွယ် ဆယ်ကျော်သက်အထက်တန်းကျောင်းသူလေးပါ... အချစ်ဆိုတာ ဘာလဲ စူးစမ်းချင်နေတဲ့အရွယ်ပေါ့... အဲ့ဒီအချိန်မှာပဲ သူဟာ လူတစ်ယောက်အပေါ် ရူးရူးမိုက်မိုက် ချစ်မိသွားပါတော့တယ်... သူကတော့တခြား မဟုတ်ပါဘူး... သူတို့ အတန်းမှာ ကမ္ဘာ့သမိုင်းသင်တဲ့ ဆရာအီတို ပါပဲ... ဆရာနဲ့ တပည့်ကြားက အချစ်ရေးကိစ္စဆိုတာလည်း ပြောရအခက်သားနော်... ဒါဟာမဖြစ်သင့်ပါဘူးလို့ပဲ လူတိုင်းကပြောကြလိမ့်မယ်... ဆရာအီတို ကိုယ်တိုင်ကလည်း ဆရာသိက္ခာကိုစောင့်ထိန်းလို့ ဒီချစ်စရာကောင်းလှတဲ့ တပည့်မလေးရဲ့ အချစ်ကို ငြင်းပယ်ခဲ့ပါတယ်... ဒါပေမယ့် ရှီမာဒါကနောက်မဆုတ်ဘဲရှေ့ဆက်တိုးလာတဲ့အခါမှာတော့...   (ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ မေသဇင်မြင့်ပါ)   File Size : (850 MB) and (381 MB) Quality : Blu-Ray 720p Running Time : 1hr 51min Format : Mp4 Genre : Drama, Romance Subtitle : Myanmar ...
5.9
IMDB: 5.9/10 3,160 votes
movie

My Teacher (2017)

2017
The Housemaid (2016) 5.9
The Housemaid (2016) The Housemaid ဆိုတဲ့ ဇာတ်​ကား​လေးက​တော့ ပြင်​သစ်​​တွေ ဗီယက်​နမ်​ကိုနယ်​ချဲ့ထားတဲ့ကာလ​ကို ​နောက်​ခံထားတဲ့ သည်းထိတ်​ရင်​ဖိုစရာ​ကောင်းတဲ့ ဇာတ်​လမ်း​လေးပါ။ ဆာကတ်​ဆိုတဲ့ ရာဘာစိုက်​ခင်း​တွေနဲ့ ပြင်​သစ်​စစ်​ဗိုလ်​တစ်​​ယောက်​ပိုင်​ဆိုင်​တဲ့ ခြံဝင်းကျယ်​ကြီးနဲ့စံအိမ်​.... တစ်​ချိန်​ကဗီယက်​နမ်​အလုပ်​သမားအများစု​သေဆုံးခဲ့တဲ့အတွက်​ လူအများစု​ကြောက်​လန့်​ကြတဲ့ ဆာကတ်​ဆိုတဲ့ စံအိမ်​ကြီးကို မိဘမဲ့​တောသူ​လေးတစ်​​ယောက်​ အိမ်​အကူလုပ်​ဖို့ဆိုပြီး ​ရောက်​ရှိလာခဲ့ပါတယ်​။ အင်္ဂလိပ်​စကားကို ကျွမ်းကျင်​တဲ့ အိမ်​​ဖော်​မ​လေး လင်းတစ်​​ယောက်​ အိမ်​ပိုင်​ရှင်​ ဗိုလ်​ကြီးစ​ဘေးစတီယန်​​လောရင့်​နဲ့ ချစ်​ကြိုက်​သွားမိတဲ့အခါ....ံအိမ်​သခင်​ ဗိုလ်​ကြီး စ​ဘေးစတီယန်​​လောရင့်​ရဲ့ ​သေဆုံးသွားတဲ့ ဇနီးရဲ့ဝိဉာဉ်​​ကလည်း မကျွတ်​မလွတ်​ဘူးလို့ ​ပြောဆို​နေကြပြီး ဝိဉာဉ်​​တွေမြူးတူး​နေတဲ့ ခြံဝင်းကြီးရဲ့​နောက်​ကွယ်​ကဖြစ်​ရပ်​​တွေနဲ့ ​ကြောက်​စရာ​ကောင်းတဲ့အိမ်​ကြီးကို ၀င်​​ရောက်​တဲ့ အိမ်​​ဖော်​မ​လေး တစ်​​ယောက်​ ဒီအိမ်​ကြီးထဲမှာ ဘယ်​လိုဆက်​လက်​​နေထိုင်​မလဲ......? ဗိုလ်​ကြီး ​စ​ဘေးစတီယန်​​လောရင့်​ရဲ့ ​သေဆုံးသွားတဲ့ ဇနီးရဲ့ဝိဉာဉ်​က​ရော သူတို့ချစ်​ဇာတ်​လမ်းကိုခွင့်​လွှတ်​​ပေးနိုင်​ပါ့မလား....? ပြီး​တော့ ဒီအိမ်​​ဖော်​မ​လေး ​ကြောက်​ဖို့​ကောင်းတဲ့စံအိမ်​ကြီးထဲကို ၀င်​လာခဲ့တဲ့အဓိကအ​ကြောင်းက​ရော ဘာလဲ...? ဗိုလ်​ကြီး စ​ဘေးစတီယန်​အဖြစ်​ (Jean-Michel Richaud), နဲ့ လင်း ဆိုတဲ့ အိမ်​​ဖော်​မ​လေးအဖြစ်​ (Nhung Kate) တို့က အဓိကပါဝင်​သရုပ်​​ဆောင်​ထားပြီး လှည့်​ကွက်​​လေး​တွေ လျှို့ဝှက်​ချက်​​တွေနဲ့ Vietnam Film Festival Award ...
5.9
IMDB: 5.9/10 3,160 votes
movie

The Housemaid (2016)

Genres

Like Us!