Channel Myanmar

Sci-Fi

Jurassic World: Fallen Kingdom (2018) 7.8
Jurassic World: Fallen Kingdom (2018) ခုဇာတ်ကားက HDTC (Cam Version ဖြစ်ပါတယ်။ အကြည်မစောင့်နိုင်သူတွေအတွက် ဦးဦးဖျားဖျားတင်ဆင်ပေးထားတာပါ။ အကြည်မှကြည့်မယ်ဆိုသူတွေ မဒေါင်းကြပါနဲ့။အကြည်ထွက်တာနဲ့ Update လုပ်ပြီး ထပ်မံတင်ဆက်ပေးပါမယ် :)   အားလုံးသိကြတဲ့ Jurassic World:Fallen Kingdom ဟာ စပိန်ဒါရိုက်တာ J.A Bayona က ရိုက်ကူးထားတာဖြစ်ပြီး စိတ်ကူးယာဉ်သိပ္ပံဇာတ်လမ်းတစ်ခုလည်းဖြစ်ပါတယ်.... ဒီကားဟာ ဒိုင်နိုဆောတွေရဲ့အကြောင်းကို ရိုက်ကူးထားတဲ့ Jurassic Park ဇာတ်လမ်းတွေရဲ့  ၅ ကားမြောက်ဖြစ်ပြီးတော့ Jurassic World (2015) ရဲ့ နောက်ဆက်တွဲကားလည်းဖြစ်ပါတယ်... Rating 7.8 ရရှိထားတဲ့ကားတစ်ကားဖြစ်ပါတယ်... Jurassic World ပျက်စီးသွားပြီးသုံးနှစ်အကြာမှာ ထိုအပန်းဖြေစခန်းဆောက်လုပ်ထားတဲ့ ကျွန်းမှာမီးတောင်ပေါက်ကွဲမှု့ကြောင့် ဒိုင်နိုဆောများမျိုးတုန်းရတော့မယ့် အခြေနေကိုရောက်လာပါတယ်.. အစိုးရဘက်ကလည်း ပြည်သူတွေအတွက် ဒါကိုမျက်ကွယ်ပြုလိုက်ပေမယ့် ဒုတိယဒိုင်နိုဆောတွေမျိုးတုန်းတော့မယ့် အခြေနေကို ကယ်တင်မယ့်သူများပေါ်လာပါတယ်... ဒါကတော့ Jurassic World (2015) မှာစတင်ပါလာတဲ့ Owen Grady နဲ့ Claire Dearing တို့ရဲ့ကယ်ဆယ်ရေးအစီစဉ်ပဲဖြစ်ပါတယ်.. သူတို့ဖန်တီးထားခဲ့တဲ့ ဒိုင်နိုဆောများကို သူတို့ကိုယ်တိုင်ကယ်ဆယ်ရမှာဖြစ်ပြီးတော့ ဒီဒိုင်နိုဆောတွေထဲမှာလည်း များပြားလှတဲ့ အရိုင်းကောင်တွေရှိနေတဲ့အတွက် သူတို့ဘယ်လိုကယ်ထုတ်ကြမလဲဆိုတာ စိတ်ဝင်စားစရာကောင်းပါတယ်.... နောက်ပြီးတော့ Jurassic World (2015) မှာ T-Rex ရဲ့ Raptor DNA တွေစုပြီးပေါင်းစည်းထားတဲ့ ...
7.8
IMDB: 7.8/10 votes
movie

Jurassic World: Fallen Kingdom (2018)

HDTC 720p
Cloverfield (2008) 7.0
Cloverfield (2008) Cloverfield (2008) အညွှန်းကိုတော့ ဒီကားကိုကြည့်ဖြစ်စေခဲ့တဲ့ Datshin Page မှ အညွှန်းနှင့်မိတ်ဆက်ပေးပါရစေ   New York မြို့ရဲ့ ညတစ်ညမှာသူငယ်ချင်းတွေစုပြီး Party လုပ်နေတုန်း အကောင်ကြီးတစ်ကောင် ဘယ်က ဘယ်လိုမှန်းမသိ မြို့ပေါ်ကျလာပါတယ်။ အဲကောင်ကြီးက မြို့ မှာမြင်မြင်သမျှသောင်းကျန်းပြီး မြို့တစ်မြို့လုံးလည်း ဘာတွေဖြစ်နေမှန်းမသိရလို့ အဲသူငယ်ချင်းတစ်စုလည်း တခြားလူတွေနည်းတူ မြို့က ထွက်ပြေးဖို့လုပ်ကြရာမှာ အထဲကတစ်ယောက်က Party မှာ Video နဲ့ မှတ်တမ်းတင်ရင်း သူတို့အဖြစ်အပျက်တစ်ခုလုံးကို မှတ်တမ်းတင်ပါတော့တယ်။ — Review — ဒီဇာတ်ကားကိုစကြည့်တုန်းက သယ်ရင်းတစ်ယောက်က ညွှန်းလို့ စကြည့်ဖြစ်တာပါ။ Found Footage Film အမျိုးအစားပါ။ ဒီနေ့ခေတ်မှာ အဲလိုကားတွေခေတ်စားလာတာ ဒီကားကြောင့်ဆိုတာ အသေအချာပါပဲ။ (သူ့လောက်တော့ ကြည့်ကောင်းတဲ့ကားရှားပါတယ်)။ စကြည့်လိုက်ကတည်းက သတိထားမိတဲ့အချက်ကတော့ Perspective တွေပါပဲ။ ဒီဇာတ်ကားတစ်ကားလုံးကို လူတစ်ယောက်ထဲကကင်မရာကိုင်ပြီး မှတ်တမ်းလိုက်တင်ထားတဲ့ပုံစံမျိုးနဲ့ရိုက်ထားတာပါ။ ဇာတ်လမ်းကတော့ အပေါ်မှာပြောထားသလိုပါပဲ ဘယ်ကရောက်လာမှန်းမသိတဲ့ အကောင်ကြီးတွေက ...
7.0
IMDB: 7.0/10 335,677 votes
movie

Cloverfield (2008)

2008
Blu-Ray 720p
2001: A Space Odyssey(1968) 8.3
2001: A Space Odyssey(1968) 2001: A Space Odyssey(1968) IMDb....8.3;;;;;;;;Rotten....92% ရုပ်ရှင်ဆိုတာ စာအုပ်တွေလိုပဲ ဖျော်ဖြေရေးထက်ပိုတဲ့ အနုပညာရသတစ်ခုကို ပေးစွမ်းနိုင်တယ်ဆိုတာ လက်ခံပါသလား။ လက်ခံတယ်ဆိုရင်တော့ 2001: A Space Odyssey ကို ကြည့်ဖြစ်အောင်ကြည့်ပြီး ခံစားကြည့်လိုက်ပါ။ ဒီလိုရုပ်ရှင်မျိုး ရုပ်ရှင်လောကမှာ နောက်တစ်ကားထွက်ရှိလာဖို့ဆိုတာ မဖြစ်နိုင်တော့ပါဘူးလို့တောင် ရုပ်ရှင်ဝေဖန်ရေးဆရာတွေက ဆိုကြတယ်... ဒီရုပ်ရှင်ဟာ ကမ္ဘာကျော်ဒါရိုက်တာကြီး Stanley Kubrick ရဲ့ အကောင်းဆုံးရုပ်ရှင်ကားဖြစ်ပြီး ၁၉၆၈ က ပြသခဲ့တဲ့ရုပ်ရှင်လို့တောင် မထင်လောက်အောင် လက်ရာမြောက်လွန်းတဲ့ ရုပ်ရှင်ကားပါ။ နောက်ခံတီးလုံးတွေကအစ ခမ်းနားလွန်းပြီး ဇာတ်ဝင်ခန်းတိုင်းဟာ ရင်သပ်ရှုမောစရာကောင်းလွန်းပါတယ်။ အဲ့ခေတ် အဲ့အခါက ရုံတင်ပြသခဲ့ရာမှာတော့ အမိုက်စားရိုက်ချက်တွေနဲ့ ၁၉၆၀ ကျော်ကာလမှာ မမြင်ဖူးသေးတဲ့ ရိုက်ကွင်းအနေအထားတွေကြောင့် ဒီရုပ်ရှင်ဟာ အထိုက်အလျောက်အောင်မြင်ခဲ့ပေမယ့် ဝေဖန်ရေးဆရာတွေကတော့ ဒီရုပ်ရှင်ဟာ စိတ်ကူးယဉ်အရမ်းဆန်လွန်းတယ်၊ ဘာကိုပြချင်တာလဲ စသဖြင့် အနုတ်သဘောဆောင်တဲ့ ထင်မြင်ချက်တွေပဲ ပေးခဲ့ကြပါတယ်။ ဒါပေမယ့်လည်း အချိန်တွေကြာလာတာနဲ့အမျှ ဒီရုပ်ရှင်က နာမည်မကျသွားတဲ့အပြင် 2001 ရဲ့ဂုဏ်သတင်းဟာ ပိုပိုပြီး ကျော်ကြားလာခဲ့ပါတယ်။ ဆယ်စုနှစ်တွေကုန်ဆုံးသွားလေလေ 2001 ရုပ်ရှင်အကြောင်း၊ Stanley Kubrick အကြောင်း မှတ်တမ်းရုပ်ရှင်၊ ဆောင်းပါးတွေဟာ ပိုပိုများပြားလာလေဖြစ်ပြီး ဒီရုပ်ရှင်ဟာ ...
8.3
IMDB: 8.3/10 503,419 votes
movie

2001: A Space Odyssey(1968)

1968
The Jurassic Games 3.8
The Jurassic Games Dead Race ဆိုတဲ့ထောင်ထဲမှာတသက်တစ်ကျွန်းကျခံထားရတဲ့ထောင်သားတွေ တစ်ယောက်ကိုတစ်ယောက်သတ်ပြီးတော့ ကားပြိုင်ရတဲ့ရုပ်ရှင်တွေကို လူတိုင်းနဲ့ရင်းနှီးပြီးသားဖြစ်မှာပါ... နောက်ဆုံးနိုင်တဲ့လူတစ်ယောက်တည်းကသာ လွတ်ငြိမ်းချမ်းသာခွင့်ကိုရရှိစေတဲ့အခွင့်ရေးပါ... အခုမိတ်ဆက်ပေးမယ့်ကားကလည်း ဒီလိုပါပဲ..... သေဒဏ်ကျခံထားရတဲ့အကျဉ်းသား ၁၀ ယောက်ကို ဂိမ်းတစ်ခုကစားစေပြီး နောက်ဆုံးကျန်ခဲ့တစ်ယောက်ကသာ လွတ်ငြိမ်းချမ်းသာခွင့်ရရှိစေမှာပါ.... သူတို့ဟာ အမြင်အာရုံနဲ့သာမြင်ရတဲ့ ကိရိယာတွေတပ်ဆင်ပြီး ဂိမ်းကစားရမှာဖြစ်ပါတယ်.... ဒါကြောင့် သူတို့ခန္ဓာကိုယ်တွေက အပြင်လက်ရှိမှာအိပ်ပျော်နေမှာဖြစ်ပြီးတော့ သူတို့ရဲ့ တခြားကိုယ်ခန္ဓာတွေကတော့ ဂိမ်းထဲမှာရှိနေမှာဖြစ်ပါတယ်... ဂိမ်းထဲမှာသေသွားရင်တော့ အပြင်မှာလည်းတကယ်သေသွားပါတယ်... ဒါကလည်း ဒီဂိမ်းအပေါ်တီထွင်ထားတဲ့ ကိရိယာတွေရဲ့ထူးခြားချက်ပါ... နောက်ပြီး ဂိမ်းထဲကနေထွက်ပြေးလို့မရပါဘူး... Dead Race မှာထွက်ပြေးရင်နောက်က အပူချိန်ကိုခြေရာခံပြီးလိုက်သတ်တဲ့ ဒုံးကျည်တွေရှိသလို ဒီဂိမ်းမှာလည်း ထွက်ပြေးတဲ့လူ မပြိုင်ချင်တော့တဲ့လူရှိရင် သူတို့လည်ပင်းမှာတပ်ထားတဲ့ လည်ပတ်တွေကတဆင့် သူတို့ခေါင်းကိုကြေမွအောင်ဖောက်ခွဲဖြစ်သွားမှာဖြစ်ပါတယ်... ပြိုင်ပွဲကို အဆင့်လေးဆင့်နဲ့ကန့်သတ်ထားပါတယ်... နောက်ဆုံးအဆင့်ကိုရောက်တဲ့လူတစ်ယောက်တည်းကသာ လွတ်ငြိမ်းချမ်းသာခွင့်ကိုရရှိမှာဖြစ်ပါတယ်... ဒီကစားပွဲမှာ ဘာကိုမှမကန့်သတ်ထားပါဘူး.... ဆိုလိုချင်တာက အချင်းချင်းလည်း ပြန်သတ်လို့ရပါတယ်... နောက်ပြီး Dead Race နဲ့မတူတော့တဲ့အချက်ကတော့ ဒီဂိမ်းဟာ ဒိုင်နိုဆောတွေကိုအခြေခံပြီးလုပ်ထားတဲ့ ဂိမ်းဖြစ်တာကြောင့် သေချာပေါက် ဒိုင်နိုဆောတွေနဲ့တခြားလူသားစားသားရဲကြီးတွေရဲ့ ရန်နဲ့ရင်ဆိုင်ရမှာဖြစ်ပါတယ်.... ဒီတော့လွတ်လမ်းရှိပါ့မလား..... တစ်ယောက်တည်းကျန်ခဲ့မယ်ဆိုတာကော ဖြစ်နိုင်ပါ့မလား... ဒါပေမယ့် ဒီတိုင်းနေလည်း ဆေးထိုးသတ်ခံရမယ့် ဒီအကျဉ်းသား ၄ ယောက်ကတော့ ဒီဂိမ်းရဲ့စိန်ခေါ်သံတွေကို တစ်ကမ္ဘာလုံးတိုက်ရိုက်ကြည့်ရှု့နေတဲ့ ထုတ်လွှင့်မှု့ကနေ ဒီဂိမ်းကိုကစားတော့မှာပါ... ကဲ သင်တို့လည်း ဒီဂိမ်းကိုကြည့်ဖို့အဆင်သင့်ဖြစ်ပြီလား...... File Size : (843 MB) and (338MB) Quality : WEB-DL 1080p Running Time : 1hr 26min Format : Mp4 Genre : Sci-Fi , Thriller Subtitle : ...
3.8
IMDB: 3.8/10 100 votes
movie

The Jurassic Games

2018
Rampage (2018) 6.4
Rampage (2018) အမေရိကန် အထူးတပ်ဖွဲ့ ဝင်ဟောင်းတစ်ဦးဖြစ်တဲ့ ဒေးဗစ်အိုကွေဟာ ဆန်ဒီရေးဂိုးတောရိုင်း တိရစ္ဆာန် ကာကွယ်စောင့်ရှောက် ရေးဌာနက ဂေါ်ရီလာမျောက်ဝံ တွေနဲ့ပတ်သက်ပြီး သုတေသန ပြုနေတဲ့ နာမည်ကြီး ပညာရှင် တစ်ယောက်ပါ။ မုဆိုးတွေလက်ကနေ ကယ် ဆယ်လာခဲ့တဲ့ ဂျော့ခ်ျဆိုတဲ့ ဂေါ်ရီ လာမျောက်ဝံဖြူကြီးဟာ သာမန် မျောက်ဝံတွေနဲ့မတူဘဲ ထူးခြားတဲ့ အသိဉာဏ်ဖွံ့ဖြိုးမှုမျိုးရှိနေတယ်ဆိုတာ ဒေးဗစ်က သတိထားမိပြီး ဂျော့ခ်ျနဲ့လည်း ရင်းနှီးခဲ့ပါတယ်။ တစ်ရက်မှာတော့ ဂျော့ခ်ျ နေတဲ့နေရာကို ထူးဆန်းတဲ့ ပစ္စည်းတစ်ခုကျလာပြီး အဲဒါကို ဂျော့ခ်ျ က ထိလိုက်တဲ့အခါမှာတော့ ည တွင်းချင်းမှာကို ဂျော့ခ်ျစိတ်ရိုင်း ဝင်ကာ ခန္ဓာကိုယ်အရွယ်အစား ကလည်း အကြီးကြီးဖြစ်သွားခဲ့ပါ တယ်။ အဲဒီနောက်မှာတော့ ဒေးဗစ် ကို မျိုးရိုးဗီဇဆိုင်ရာ ပညာရှင် ဒေါက်တာကိတ်ကဲလ်ဝဲက ဆက် သွယ်ပြီး ဂျော့ခ်ျ အခုလိုဖြစ်သွား တာဟာ Energyne ကုမ္ပဏီက စမ်းသပ်ထားတဲ့ သန္ဓေပြောင်း ပစ္စည်းကြောင့်လို့ပြောပါတယ်။ ဒေါက်တာကိတ်ကိုလည်း Energyne ...
6.4
IMDB: 6.4/10 22,605 votes
movie

Rampage (2018)

2018
WEB-DL 720p
Ready Player One (2018) 7.8
Ready Player One (2018) ဟောလိဝုဒ်ရုပ်ရှင်လောကမှာ ရုပ်ရှင်တစ်ကားရိုက်တိုင်း အမြင်သစ်တစ်မျိုးနဲ့တင်ဆက်တတ်တဲ့ စတီဗင်စပီးဘတ်က ၂၀၁၈ မှာတော့ 80s, 90s born တွေအတွက်အမှတ်တရဖြစ်သွားစေမယ့် ကားတစ်ကားကို ချပြသွားခဲ့ပါတယ်။ ဒီ Ready Player One ရုပ်ရှင်ဟာ Ernest Cline ရဲ့ Ready Player One ဆိုတဲ့ဝတ္ထုကိုအခြေခံရိုက်ကူးထားတာဖြစ်ပြီး ဒီရုပ်ရှင်ဟာ ယနေ့ခေတ်မှာ လူသုံးများလာတဲ့ VR စနစ်နဲ့1980 ကနေ 2000 ခုနှစ်ကြားမှာ ရေပန်းကျော်ကြားခဲ့တဲ့ ရုပ်ရှင်၊ ကာတွန်း၊ စာအုပ်၊ ဂိမ်း၊ သီချင်းတို့ကိုအချိုးကျကျ ပေါင်းစပ်ပြသနိုင်ခဲ့တဲ့အတွက် ဝေဖန်ရေးဆရာတွေချီးကျူးထားတဲ့ ရုံတင်ကားကောင်းတစ်ကားဖြစ်ပါတယ်။ ၂၀၄၅ ခုနှစ်အရောက်မှာ ကမ္ဘာပေါ်က လူတွေဟာ လက်တွေ့ဘ၀က ပြဿနာတွေကို ရင်ဆိုင်ဖြေရှင်းဖို့မကြိုးစားတော့ပဲ ထွက်ပေါက်အဖြစ် လွတ်မြောက်ဖို့နေရာတစ်ခုအဖြစ် အိုအေစစ်လို့ခေါ်တဲ့ Visual Worldထဲမှာပဲ အိပ်ချိန်၊ စားချိန်နဲ့ သန့်စင်ခန်းသွားချိန်တွေကလွဲလို့ ကျန်တဲ့အချိန်တွေကို ကုန်ဆုံးကြပါတော့တယ်။ ဒီ အိုအေစစ်ကြီးကို ဖန်တီးခဲ့သူကတော့ ဂျိမ်းစ်ဟာလီဒေးဖြစ်ပြီး သူမသေဆုံးခင် ...
7.8
IMDB: 7.8/10 107,934 votes
movie

Ready Player One (2018)

2018
WEB-DL 720p
District 9 7.9
District 9 ဒီကားက တခြားဂြိုလ်သားကားတွေနဲ့ လုံးဝကို ကွဲထွက်သွားတဲ့ကားဖြစ်ပါတယ်... အစပိုင်းပဲကြည့်ရင်တော့ ပျင်းမှာမှန်ပေမယ့် ၁၅ မိနစ်လောက်ပဲစိတ်ရှည်ရှည်ကြည့်လိုက်ပါ... ဒီဇာတ်ကားရဲ့အရှိန်က ဇာတ်လမ်းပြီးတဲ့အထိကို ရိုးရိုးလေးနဲ့ တီဗွီရှေ့ကနေထမရအောင်ကို ဆွဲဆောင်သွားမယ်ဆိုတာ အသေချာပြောရဲပါတယ်.. ဒီကားကို ဂြိုလ်သားပါတဲ့ ဇာတ်လမ်းလို့သာ သိထားပြီး trailer တွေ၊ rating တွေ မသိဘဲနဲ့ ကြည့်ဖြစ်ခဲ့တာပါ။ နောက်မှ Imdb 8 နဲ့ RT 90% တောင် ရထားတဲ့ ဇာတ်ကားမှန်းသိပါတယ်။ တကယ်လည်း ထိုက်တန်ပါတယ်။ ဇာတ်လမ်းအကျဉ်း ........................ ဂြိုဟ်သားတွေ ကမ္ဘာကို သူတို့ရဲ့ အာကာသယာဉ် တစ်ခုခုချို့ယွင်းပြီး ရောက်ရှိလာတာပါ။ တောင်အာဖရိက ရဲ့ Johannesburg မြို့ ကောင်းကင်ပေါ်မှာ အချိန်အတော်အကြာ လှုပ်ရှားမှု မရှိဘဲ ရပ်တန့်နေခဲ့တယ်။ ဒါကြောင့် လူသားတွေကို ယာဉ်ထဲကို ဖောက်ထွင်း စစ်ဆေးဖို့ သွားကြတယ်။ အဲဒီမှာတော့ အစာရေစာ ငတ်မွတ်နေတဲ့ ဂြိုဟ်သား အများကြီးကို တွေ့ရပါတော့တယ်။ သုံးသပ်ချက်အရ အခုတွေ့ရတဲ့ ဂြိုဟ်သားတွေဟာ ...
7.9
IMDB: 7.9/10 581,764 votes
movie

District 9

2009
Monster Hunt 2 (2018) Blu-Ray 1080p 5.1CH x264 5.3
Monster Hunt 2 (2018) Blu-Ray 1080p 5.1CH x264 Blu-Ray 1080p 5.1 CH x264   ၂၀၁၅ တုန်းက ထွက်ရှိခဲ့ တဲ့ Monster Hunt ဇာတ်ကားရဲ့ အဆက်အဖြစ် ထွက်ရှိလာတာ ဖြစ်ပြီး ချစ်စရာမိစ္ဆာကောင်လေး ဝူဘရဲ့ စွန့်စားခန်းဇာတ်လမ်းကို ဆက်လက်ရှုစားရမှာ ဖြစ်ပါ တယ်။ အရင်ဇာတ်လမ်းရဲ့ အဆုံး သတ်မှာ မိစ္ဆာကောင်လေး ဝူဘ ဟာ သူ့ဘဝခရီးရှေ့ဆက်ဖို့ သူ့ရဲ့ လူသား မိဘနှစ်ပါးဖြစ်တဲ့ ထျန်၊ လန်တို့နဲ့ လမ်းခွဲခဲ့ပါတယ်။ မိစ္ဆာ လောကမှာလည်း မိစ္ဆာဘုရင်ကြီး သေဆုံးအပြီးမှာ သူ့နေရာဆက်ခံ ဖို့ အချင်းချင်း သတ်ကြဖြတ်ကြနဲ့ လောကမငြိမ်းချမ်းခဲ့ပါဘူး။ တကယ်တော့ ဝူဘလေးဟာ သူ့မိဘတွေနဲ့ လမ်းခွဲခဲ့ပေမယ့် အရင်တုန်းက အတူရှိနေချိန်တွေ ကို တစ်ချိန်လုံး သတိရနေခဲ့တာ ပါ။ အဲဒါနဲ့ နောက်ဆုံးမှာတော့ ထိုင်သတိရနေမယ့်အစား ပြန် လိုက်ရှာဖို့ ဆုံးဖြတ်ခဲ့ပြီး စွန့်စား ခန်းခရီးနှင်ခဲ့ပါတော့တယ်။ ဒီလိုနဲ့ ဝူဘဟာ နွေ၊ ...
5.3
IMDB: 5.3/10 459 votes
movie

Monster Hunt 2 (2018) Blu-Ray 1080p 5.1CH x264

2018
Blu-Ray 1080p 5.1 CH
2036 Origin Unknown (2018) 6.8
2036 Origin Unknown (2018) ဒီတစ်ခါမှာတော့ လောလောလတ်လတ် ဒီထဲကမှ ထွက်ထားတဲ့ Sci-fi ကားလေးတစ်ကားတင်ဆက်ပေးလိုက်ပါတယ်။ ကမ္ဘာမြေပေါ်ကလူတွေဟာ မားစ်ဂြိုလ်ပေါ်ကို ဘာတွေရှိမလဲဆိုပြီးလေ့လာစူးစမ်းဖို့အတွက် အာကာသယာဉ်မှူးများကို စေလွှတ်ခဲ့ပါတယ်။ ကံမကောင်းအကြောင်းမလှစွာနဲ့ အဲဒီအာကာသယာဉ်မှူးပါဝင်ခဲ့တဲ့ယာဉ်ဟာ ပေါက်ကွဲပျက်စီးသွားတာကြောင့် လူသားတို့ရဲ့အကြံအစည်တွေဟာ အထမမမြောက်ခဲ့ပါဘူး။ သို့ပေမယ့် လက်မလျှော့သေးတဲ့ လူသားမျိုးနွယ်စုဟာ Mackenzie Wilson ဆိုတဲ့ အာကာသယာဉ်မှူးကို A.R.T.I လို့ခေါ်တဲ့ A.I နဲ့အတူ မားစ်ဂြိုလ်သို့ ထပ်မံစေလွှတ်ပါတယ်။ ဒီတစ်ခါမှာတော့ အောင်မြင်စွာရောက်ရှိခဲ့တယ်လို့ဆိုရမှာပဲဖြစ်ပါတယ်။ သို့ပေမယ့် မားစ်ဂြိုလ်မျက်နှာပြင်ပေါ်မှာ သူတို့တွေ့ရှိခဲ့တဲ့ ထူးဆန်းတဲ့အရာဝတ္ထုတစ်ခုဟာ ကမ္ဘာဂြိုလ်ရဲ့ အနာဂတ်ကို ပြောင်းလဲစေနိုင်မယ့် ကံကြမ္မာကို သယ်ဆောင်လာခဲ့တဲ့အခါမှာတော့.....။   (ဘာသာပြန်သူကတော့ Hein Min Tun  ပါ)   File Size : (800 MB) and (300 MB) Quality : WEB-DL 720p Running Time : 1hr 34min Format : Mp4 Genre : Sci-Fi Subtitle : Myanmar Subtitle (Hard ...
6.8
IMDB: 6.8/10 9 votes
movie

2036 Origin Unknown (2018)

2018
Pacific Rim: Uprising (2018) Blu-Ray 1080p 5.1 CH x264 5.7
Pacific Rim: Uprising (2018) Blu-Ray 1080p 5.1 CH x264 Blu-Ray 1080p 5.1 CH x264   Pacific Rim ရဲ့ ဒုတိယမြောက်ကားလေး ၅နှစ်ကြာတဲ့အခါ ပရိသတ်ရှေ့ ရောက်လာပါပြီ။ IMDb Ratinf 6/10 ရထားပြီးတော့ ဘတ်ဂျပ် $ ၁၇၀millionကျော် အကုန်အကျခံပြီး ရိုက်ကူးတင်ဆက်ထားတာပါ။ ဇာတ်လမ်းအကျဉ်းလေးကတော့ Pacifim Rim တုန်းက ကိုင်ဂျူးလို့ခေါ်တဲ့ ဂြိုလ်သားတွေရဲ့ ကျူးကျော်မှုကိုတိုက်ခိုက်မှုကို ယေဂါလို့ခေါ်တဲ့ ဧရာမစက်ရုပ်ကြီးတွေနဲ့ တန်ပြန်တိုက်ခိုက် လို့အောင်မြင်ခဲ့ပြီး ကမ္ဘာနှစ်ခုဆက်သွယ်ထားတဲ့ တွင်းပေါက်ကြီးကို ဖျက်ဆီးပစ်နိုင်ခဲ့တာ ၁၀ နှစ်ကျော်ကာလကို ရောက်ရှိနေပါပြီ။ ဒါပေမယ့် ယေဂါတွေရဲ့ အားနည်းချက်ကတော့ စက်ရုပ်ရဲ့ တိုက်ခိုက်နိုင်စွမ်းဟာ သူ့ကိုမောင်းနှင်တဲ့ ပိုင်းလော့ဒ်နှစ်ယောက်ရဲ့ သဟဇာတဖြစ်မှု ပိုင်းလော့ဒ်တွေရဲ့ ကျွမ်းကျင်မှုအပေါ်မူတည်နေသလို ကျူးကျော်လာတဲ့ကိုင်ဂျူးဆီကို သွားတိုက်တဲ့အခါမှာ စက်ရုပ်အကြီးကြီးမို့ သယ်ယူပို့ဆောင်ရေးမှာ ကြံ့ကြာနေတဲ့အချက်ပါပဲ။ ဒါကြောင့် ပိုင်းလော့ဒ်ကောင်းတွေရအောင် ငယ်စဉ်ကတည်းက လေ့ကျင့်ပေးရပါတယ်။ ဒါကြောင့် လူသားတွေအနေနဲ့ ဒါတွေကို ဖြေရှင်းနိုင်ဖို့နည်းလမ်းတွေ ...
5.7
IMDB: 5.7/10 45,502 votes
movie

Pacific Rim: Uprising (2018) Blu-Ray 1080p 5.1 CH x264

2018
Blu-Ray 1080p 5.1 CH
Pacific Rim: Uprising (2018) 6.0
Pacific Rim: Uprising (2018) Pacific Rim ရဲ့ ဒုတိယမြောက်ကားလေး ၅နှစ်ကြာတဲ့အခါ ပရိသတ်ရှေ့ ရောက်လာပါပြီ။ IMDb Ratinf 6/10 ရထားပြီးတော့ ဘတ်ဂျပ် $ ၁၇၀millionကျော် အကုန်အကျခံပြီး ရိုက်ကူးတင်ဆက်ထားတာပါ။ ဇာတ်လမ်းအကျဉ်းလေးကတော့ Pacifim Rim တုန်းက ကိုင်ဂျူးလို့ခေါ်တဲ့ ဂြိုလ်သားတွေရဲ့ ကျူးကျော်မှုကိုတိုက်ခိုက်မှုကို ယေဂါလို့ခေါ်တဲ့ ဧရာမစက်ရုပ်ကြီးတွေနဲ့ တန်ပြန်တိုက်ခိုက် လို့အောင်မြင်ခဲ့ပြီး ကမ္ဘာနှစ်ခုဆက်သွယ်ထားတဲ့ တွင်းပေါက်ကြီးကို ဖျက်ဆီးပစ်နိုင်ခဲ့တာ ၁၀ နှစ်ကျော်ကာလကို ရောက်ရှိနေပါပြီ။ ဒါပေမယ့် ယေဂါတွေရဲ့ အားနည်းချက်ကတော့ စက်ရုပ်ရဲ့ တိုက်ခိုက်နိုင်စွမ်းဟာ သူ့ကိုမောင်းနှင်တဲ့ ပိုင်းလော့ဒ်နှစ်ယောက်ရဲ့ သဟဇာတဖြစ်မှု ပိုင်းလော့ဒ်တွေရဲ့ ကျွမ်းကျင်မှုအပေါ်မူတည်နေသလို ကျူးကျော်လာတဲ့ကိုင်ဂျူးဆီကို သွားတိုက်တဲ့အခါမှာ စက်ရုပ်အကြီးကြီးမို့ သယ်ယူပို့ဆောင်ရေးမှာ ကြံ့ကြာနေတဲ့အချက်ပါပဲ။ ဒါကြောင့် ပိုင်းလော့ဒ်ကောင်းတွေရအောင် ငယ်စဉ်ကတည်းက လေ့ကျင့်ပေးရပါတယ်။ ဒါကြောင့် လူသားတွေအနေနဲ့ ဒါတွေကို ဖြေရှင်းနိုင်ဖို့နည်းလမ်းတွေ ကြံစည်လာပါတယ်။ ဒီမှာ တရုတ်နိုင်ငံ ...
6.0
IMDB: 6.0/10 13,591 votes
movie

Pacific Rim: Uprising (2018)

2018
Blu-Ray 720p
Incoming(2018) 3.5
Incoming(2018) Incoming(2018) Sci-Fi, Thriller ,Actionကားလန်းလန်းလေးတွေကြည့်ရှုလိုတဲ့ပရိသတ်ကြီးအတွက် လတ်တလောထွက်ရှိလာတဲ့ကားသစ်လေးကိုတင်ဆက်ပေးလိုက်ပါတယ်။ ကားလေးနာမည်က Incoming (2018)ပါ။ ဒီဇာတ်လမ်းလေးက ဇာတ်လမ်းဇာတ်အိမ်ကောင်းမွန်ပြီး သရုပ်ဆောင်မှုကောင်းကောင်းတွေနဲ့ တင်ဆက်ထားနိုင်ပေမယ့် Rating တွေကတော့ ထင်သလောက်မကောင်းခဲ့ပါဘူး။ Ratingနဲ့ ဇာတ်လမ်းနဲ့ချိန်ကြည့်နိုင်ဖို့အတွက် ဇာတ်လမ်းအကျဉ်းလေးကိုတင်ဆက်ပေးလိုက်ပါတယ်။ နိုင်ငံတကာ အာကာသစခန်းတစ်ခုဟာ ကမ္ဘာပေါ်က အန္တရာယ်ရှိ အကျဉ်းသားတွေကိုချုပ်နှောင်ထားရာနေရာတစ်ခုပါ။ ထိုနေရာကိုရောက်ပြီးရင်ဘယ်သူမှပြန်မထွက်နိုင်သလို အဲ့ဒီအကျဉ်းထောင်မှာ ဘာတွေဖြစ်တယ်၊ဘာတွေရှိတယ်ဆိုတာကို ဘယ်သူမှမသိနိုင်ပါဘူး။ တစ်နေ့မှာတော့ ထိုအကျဉ်းထောင်ကိုအာကာသယာဉ်မှုးအသစ်တွေရောက်လာတဲ့အချိန်...အကျဉ်းသမားတစ်ယောက်လွတ်မြောက်ကာအကျဉ်းထောင်ကို အပိုင်စီးလိုက်တဲ့အခါမှာ ဘာတွေဆက်ဖြစ်မလဲ? မထင်မှတ်ထားတဲ့ လျှို့ဝှက်နက်နဲမှုတွေနဲ့ဘယ်လိုလျှို့ဝှက်ချက်တွေကိုသိလာရမလဲ? စတဲ့ သို့လော့သို့လောမေးခွန်းတွေနဲ့ရင်တစ်ဖိုဖိုနဲ့ကြည့်ရှုရမှာပါ။ အားလုံးသဘောကျနှစ်ခြိုက်မယ်လို့လဲ မျှော်လင့်ရင်းChannel Myanmarပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ်။   Qty - 720p Web DL Gern - Sci-Fi Duration - 1hr 45min Translator - Akaryi Encoder - Kyaw Ye Aung
3.5
IMDB: 3.5/10 177 votes
movie

Incoming(2018)

2018
Monster Hunt 2 (2018) 5.3
Monster Hunt 2 (2018) ၂၀၁၅ တုန်းက ထွက်ရှိခဲ့ တဲ့ Monster Hunt ဇာတ်ကားရဲ့ အဆက်အဖြစ် ထွက်ရှိလာတာ ဖြစ်ပြီး ချစ်စရာမိစ္ဆာကောင်လေး ဝူဘရဲ့ စွန့်စားခန်းဇာတ်လမ်းကို ဆက်လက်ရှုစားရမှာ ဖြစ်ပါ တယ်။ အရင်ဇာတ်လမ်းရဲ့ အဆုံး သတ်မှာ မိစ္ဆာကောင်လေး ဝူဘ ဟာ သူ့ဘဝခရီးရှေ့ဆက်ဖို့ သူ့ရဲ့ လူသား မိဘနှစ်ပါးဖြစ်တဲ့ ထျန်၊ လန်တို့နဲ့ လမ်းခွဲခဲ့ပါတယ်။ မိစ္ဆာ လောကမှာလည်း မိစ္ဆာဘုရင်ကြီး သေဆုံးအပြီးမှာ သူ့နေရာဆက်ခံ ဖို့ အချင်းချင်း သတ်ကြဖြတ်ကြနဲ့ လောကမငြိမ်းချမ်းခဲ့ပါဘူး။ တကယ်တော့ ဝူဘလေးဟာ သူ့မိဘတွေနဲ့ လမ်းခွဲခဲ့ပေမယ့် အရင်တုန်းက အတူရှိနေချိန်တွေ ကို တစ်ချိန်လုံး သတိရနေခဲ့တာ ပါ။ အဲဒါနဲ့ နောက်ဆုံးမှာတော့ ထိုင်သတိရနေမယ့်အစား ပြန် လိုက်ရှာဖို့ ဆုံးဖြတ်ခဲ့ပြီး စွန့်စား ခန်းခရီးနှင်ခဲ့ပါတော့တယ်။ ဒီလိုနဲ့ ဝူဘဟာ နွေ၊ မိုး ဆောင်းရာသီတွေ ဖြတ်သန်းခရီး နှင်ခဲ့ရင်း ...
5.3
IMDB: 5.3/10 314 votes
movie

Monster Hunt 2 (2018)

2018
Blu-Ray 720p
Battle: Los Angeles 5.8
Battle: Los Angeles စစ်ကားတွေထဲမှာမှ အမေရိကန်နဲ့ ဂြိုလ်သားတွေရဲ့စစ်ပွဲတွေဟာ မဆန်းတော့ပါဘူး.. ဒါကြောင့် ဒီကားကလည်း Independence Day တို့လိုပဲ ကမ္ဘာမြေပေါ်ကို ကျူးကျော်နယ်ချဲ့ထွင်လာတဲ့ ဂြိုလ်သားတွေနဲ့ အမေရိကန်စစ်တပ်တို့ရဲ့အပြင်းအထန်တိုက်ခိုက်တာတွေကို ဖော်ပြထားပါတယ်... စစ်တစ်ခုဖြစ်လာတဲ့အခါအများဆုံးထိခိုက်ရတာကတော့ ပြည်သူတွေပဲဖြစ်ပါတယ်...နောက်ပြီးတော့ ဒီလူတွေကိုကာကွယ်ဖို့အတွက် သစ္စာဆိုထားတဲ့ စစ်သားတွေရဲ့ရင်းနှီးမှု့တွေကလည်းမသေးပါဘူး... ဒါပေမယ့် သူတို့ရင်ဆိုင်နေတဲ့အရာတွေက သာမာန်ထက်လွန်ကဲနေတဲ့ သတ္တ၀ါတွေဖြစ်နေတဲ့အတွက်ကြောင့် အမေရိကန်လို စစ်အင်အားကြီးခေတ်မီလက်နက်တွေတပ်ဆင်သုံးစွဲနေတဲ့ နိုင်ငံတောင် ဆုံးရှုံးမှု့တွေကြီးလှပါတယ်... အမည်မသိ ဘာအမျိုးအစားမှန်းလည်းမသိတဲ့ သတ္တ၀ါတွေကြောင့် ပြည်သူတွေကို ကယ်ဆယ်ထုတ်ဖို့သွားရန်အတွက် အမိန့်ပေးခြင်းခံရတဲ့ တပ်စုတစ်စု ကယ်ဆယ်ဖို့သွားရင်းကနေ သူတို့ပါ ရန်သူတွေရဲ့ သတ်ကွင်းမှာ ဓားစားခံတွေလိုပိတ်မိနေကြပါတယ်... အချက်ပေါင်းများစု ပစ်သတ်လည်း မသေတဲ့ ဒီသတ္တ၀ါတွေကြောင့် ဒီတပ်စုလေးတစ်စုဟာ ဒီအန္တရာယ်တွေကြားထဲကနေ ပြည်သူတွေကို အသက်ရှင်လျက်နဲ့ဘယ်လိုကယ်ဆယ်ထုတ်မလဲဆိုတာ  စိတ်ဝင်စားစရာပါပဲ... စတေးမှု့တွေမရှိပဲ စစ်ဆိုတာ ပြီးဆုံးသွားမှာမဟုတ်ပါဘူး... ဒီကားလေးထဲမှာလည်း စစ်တကယ်တမ်းဖြစ်လာရင် ဘယ်လိုဆုံးရှုံးမှု့တွေ ဖြစ်လာတယ်ဆိုတာကို ရိုက်ပြထားတာကြောင့် စစ်ကားကြိုက်သူများလက်လွတ်မခံသင့်တဲ့ ကားကောင်းလေးတစ်ကားလို့ပြောပါရစေ... File Size : (831 MB) and (381MB) Quality : Blu-Ray 1080p and 360p Running Time : 1hr 56min Format : Mp4 Genre : Action , Sci-Fi Subtitle : Myanmar Subtitle (Hard Sub) Source : Blu-Ray 1080p Translated ...
5.8
IMDB: 5.8/10 163,042 votes
movie

Battle: Los Angeles

2011
Godless Youth (2017) 5.8
Godless Youth (2017) Youth Without God ဆိုတဲ့ဇာတ်လမ်းလေးကတော့ Crime/Drama/Science-Fiction အမျိုးအစားဖြစ်ပါတယ်။ Bavarian Film Award (2017)မှာ Best young Actor ဆုနဲ့ German Film Award (2018) မှာ Best Production Design ဆုမှာ nominate ခံထားရတဲ့ ဇာတ်ကားဖြစ်ပါတယ်။ Rating ကတော့ 5.7 အထိရထားတာဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ ပြောရရင် Hunger Game နဲ့ ခပ်ဆင်ဆင် ဖြစ်ပါတယ်။ ဇာတ်လမ်းထဲမှာတော့ ဂျာမန်ကျောင်းသားတွေက ကမ္ဘာ့အကောင်းဆုံး တက္ကသိုလ် တစ်ခုဖြစ်တဲ့ Rowald Eduation Performance Center ကို တက်ရောက်ခွင့်ရအောင် ယှဉ်ပြိုင်ကြိုးစားကြတာပါ။ အဲ့လို ကြိုးစားတဲ့ အခါမှာ Rowald က လက်ရွေးစင်ကျောင်းသားတွေကို Camp သွင်းပြီး တောအုပ်တွေထဲမှာ missions တွေကို လုပ်ခိုင်းတာပါ။ အဲ့ဒီအချိန်မှာ တက္ကသိုလ်ဝင်ခွင့်ရချင်ကြတဲ့ ကျောင်းသားတွေက ဘယ်လို အခက်အခဲယှဉ်ပြိုင်မှုမျိုးလုပ်ရမလဲဆိုတာကို ...
5.8
IMDB: 5.8/10 565 votes
movie

Godless Youth (2017)

2017
Future World (2018) 3.8
Future World (2018) ၂၀၁၈ထဲမှာထွက်တဲ့ကားတွေမှာ အနာဂတ်မှာဘာတွေဘယ်လိုဖြစ်နိုင်မလဲဆိုတာတွေးတောရိုက်ထားတဲ့ကားတွေအတော်များသားဗျ အခု Future World ဆိုတဲ့ကားကလဲ နာမည်အတိုင်း အနာဂတ်ကမ္ဘာမှာ အခြေတည်ထားပါတယ် လူသားတွေအချင်းချင်းစစ်ပွဲတွေဖြစ်ခဲ့ကြတယ် သေကြေပျက်စီးကုန်ကြတယ် ဘယ်လောက်ထိအကြီးအကျယ်ဖြစ်ခဲ့သလဲဆိုရင် ပစ်စရာကျည်ဆံတောင်မရှိတဲ့ခေတ်ဖြစ်သွားတယ် အဲ့တော့ စစ်ပွဲကြီးအပြီးကျန်ခဲ့တဲ့လူတွေကရော ဘယ်လိုရှင်သန်နေထိုင်ကြလဲ လောကကြီးရဲ့ထုံးစံအတိုင်း ကောင်းတာလုပ်တဲ့လူနဲ့ဆိုးတာလုပ်တဲ့လူပဲရှိတာဆိုတော့ သူ့ဘာသူအဖွဲ့လေးတွေနဲ့ဖွဲ့နေကြတယ်ပေါ့ဗျာ ဆိုးတဲ့လူတွေက အဖွဲ့လေးတွေနဲက သူ့တို့သူတို့ စစ်ခေါင်းဆောင်(warlord)လို့ခံယူပြီးသောင်းကျန်းနေကြတယ်ပေါ့ ဒီဇာတ်ကားရဲ့ဇာတ်လိုက်ကတော့ အိုအေစစ်လို့ခေါ်တဲ့နေရာမှာနေကြတဲ့လူစုထဲက မင်းသားပေါ့ သူ့အမေဖြစ်သူ စစ်ပွဲရဲ့အကျိုးဆက်ဖြစ်တဲ့ ရောဂါကိုခံစားနေရသူ သေလုမျောပါးဝေဒနာသည်အဖြစ် တရုတ်မင်းသမီး (Lucy Lui)ကသရုပ်ဆောင်ထားပါတယ် မင်းသားက အမေ့ကိုဆေးကုသဖို့အတွက် နတ်ပြည်ကမ်းခြေ(Paradise Beach)ကိုသွားချင်နေတယ် အဲ့နေရာမှာဆေးရတယ်ကြားထားတာကိုး အဲ့လိုနဲ့ မင်းသားရဲ့ဆေးရှာပုံတော်ခရီးစဉ်စရတော့တာပေါ့ ဇာတ်လိုက်မင်းသမီးကတော့ အက်ရှ်လို့ခေါ်တဲ့ စက်ရုပ်မလေး သူကဟိုးစစ်ပွဲကြီးကတည်းက ရှိနေခဲ့တာ သူကသတ်ဖြတ်ရတာတွေကိုမုန်းတီးနေတယ် သူကိုယ်တိုင်ဘ၀တစ်ခုပိုင်ဆိုင်ချင်နေတယ် မင်းသားတစ်ယောက် ဆေးကိုရှာတွေ့သွားမလား သူရှာနေတဲ့ဆေးကရောတကယ်ပဲရှိနေလို့လား စက်ရုပ်မလေးနဲ့ရောဘယ်လိုနှစ်ပါးသွားမလဲဆိုတာတွေကတော့ဇာတ်ကားဒေါင်းကြည့်ကြပါကုန် ဒီကားရဲ့ Cast List ကတော့ အလန်းဗျ ဗီလိန်အဖြစ် နာမည်ကြီးသရုပ်ဆောင်တွေဖြစ်တဲ့ James Franco, Resident Evil မင်းသမီး Milla Jovovich တို့ပါဝင်ထားတယ် ပြီးတော့ ထူးခြားချက်အနေနဲ့ Snoop Dogg တောင်ပါလိုက်သေးတယ်ဗျ ဒီဇာတ်ကားထဲမှာ အဖော်အချွတ်အခန်းအချို့နဲ့ စကားလုံးရိုင်းရိုင်းတချို့ပါဝင်နေတာကြောင့် ချင့်ချိန်ပြီးဒေါင်းနိုင်ပါတယ်ခင်ဗျ   (ဘာသာပြန်သူကတော့ ကိုဟိန်းမင်းထွန်းပါ)   File Size ...
3.8
IMDB: 3.8/10 123 votes
movie

Future World (2018)

2018
Fahrenheit 451 (2018) 5.8
Fahrenheit 451 (2018) ဒီရုပ်ရှင်ကတော့ HBO ရုပ်သံလိုင်းကနေ ထုတ်လွှင့်ခဲ့တဲ့ Fahrenheit 451 ဆိုတဲ့ရုပ်ရှင်ကားကောင်းတစ်ကောင်းဖြစ်ပါတယ်။ အနာဂတ်ကာလမှာ အာဏာပိုင်တွေဟာ လူတွေ ပညာဆည်းပူးနေတာတွေ၊ အသိပညာရှာဖွေတာတွေကို ပိတ်ပင်တားဆီးနိုင်ဖို့၊ သတင်းအမှောင်ချနိုင်ဖို့၊ စိတ်ကြိုက်ခြယ်လှယ်နိုင်ဖို့အတွက် စာအုပ်တွေအားလုံးကို မီးရှို့ဖျက်ဆီးဖို့ စေခိုင်းပါတော့တယ်။ စာအုပ်တွေကို မီးရှို့ဖျက်စီးတဲ့သူတွေထဲမှာ Guy Montag ဆိုတဲ့လူငယ်တစ်ယောက်လဲ ပါဝင်ပြီး အာဏာပိုင်တွေရဲ့ အမိန့်အတိုင်း ဘာအမေးအမြန်းမှမရှိပဲ ဖျက်စီးပေးနေခဲ့ပါတယ်။ ဒါပေမယ့် တစ်နေ့မှာတော့ သူ့ရဲ့လုပ်ရပ်တွေကို မေးခွန်းထုတ်လာတဲ့ ကောင်မလေး တစ်ယောက်နဲ့ဆုံတွေ့ခဲ့ပြီးနောက် စာအုပ်တွေကို ဖျက်စီးတဲ့လုပ်ရပ်ကို သူကိုယ်တိုင်ပြန်လည်တားဆီးဖို့ ကြိုးစားပါတော့တယ်။ ဒီဇာတ်ကားရဲ့အဓိကသရုပ်ဆောင်တွေကတော့ Black Panther ဇာတ်ကားထဲမှ Michael B. Jordan နဲ့ ဒိတ်ဒိတ်ကြဲမင်းသားကြီးဖြစ်တဲ့ Michael Shannon တို့ဖြစ်ပါတယ်။ Fahrenheit 451 ဆိုတဲ့ဝတ္ထုကို အခြေခံရိုက်ကူးထားတာဖြစ်ပြီး မင်းသားကောင်း ၂ လက်နဲ့အတူ ဇာတ်လမ်း အစအဆုံးဆွဲခေါ်သွားမှာဖြစ်တဲ့အတွက် ကြည့်သင့်တဲ့ကားကောင်းတစ်ကားလို့ပဲ ညွန်းလိုက်ပါရစေ။   (ဘာသာပြန်သူကတော့ ကိုဟိန်းမင်းထွန်းပါ)   File Size : (750 MB) and (350 ...
5.8
IMDB: 5.8/10 115 votes
movie

Fahrenheit 451 (2018)

2018
A Quiet Place (2018) 8.0
A Quiet Place (2018) အသံကြားတာနဲ့ ရုတ် တရက် ပေါ်လာပြီး တိုက်ခိုက် သတ်ဖြတ်တဲ့ သတ္တဝါတွေရန်က နေ ကာကွယ်ဖို့ အသံမထွက် အောင် တိတ်တိတ်ဆိတ်ဆိတ် နေထိုင်နေရတဲ့ မိသားစုလေးရဲ့ ထိတ်လန့်စရာ အတွေ့အကြုံ တွေကို ဇာတ်အိမ်ဖွဲ့ထားတာ ဖြစ် ပါတယ်။ လီနဲ့အီဗလင်းတို့ မိသားစု ဟာ မြို့စွန်က ယာတောအိမ် လေးမှာ နေထိုင်ပြီး တစ်ရက်မှာ တော့ ကမ္ဘာပေါ်ကို အမျိုးအမည် မသိတဲ့ သတ္တဝါတွေ ရောက်လာ ကာ လူတွေကို သတ်ဖြတ်ပစ်နေ တာကြောင့် ကမ္ဘာ့နေရာအနှံ့မှာ အပျက်အစီးတွေ ဖြစ်ခဲ့ပါတယ်။ နောက်ပြီး စစ်တပ်ကတောင်ထိန်း ချုပ်နိုင်စွမ်း မရှိတော့သလို အ ဆက်အသွယ်ကွန်ရက်တွေ အ ကုန်လုံး ပြတ်တောက်ခဲ့ပါတယ်။ အီဗလင်းတို့မှာ သမီးတစ် ယောက်၊ သားနှစ်ယောက်ရှိပြီး သမီးကြီးရီဂန်က နားမကြားသူ လေးမို့ တခြားအိမ်သားတွေ အ ကုန်လုံးက လက်ဟန်ခြေဟန် အချက်ပြစကားနဲ့ပဲ ...
8.0
IMDB: 8.0/10 100,734 votes
movie

A Quiet Place (2018)

2018
720p HCHDRip
The Nanny (2017) 4.5
The Nanny (2017) CM ပရိသတ်ကြီးအတွက် 2017 ခုနှစ်ထွက် The Nanny ဆိုတဲ့ Horror ကားကောင်းလေးကို တင်ဆက်ပေးလိုက်ပါတယ်။ ဒါရိုက်တာကတော့Joel Novoa ဖြစ်ပြီး မင်းသား Nicholas Brendon နဲ့ မင်းသမီးကတော့ Sleepy Hollow, Once Upon a Time, The Originals အစရှိတဲ့ နာမည်ကျော် TV series တွေမှာ ပါဝင်သရုပ်ဆောင်ခဲ့ဖူးတဲ့ Jaime Murray ပါ။ ဇာတ်လမ်းအကျဉ်း ========== Lenor ဆိုတဲ့အမျိုးသမီးဟာ Noa နဲ့ Micheal တို့နှစ်ယောက်ကို ထိန်းကျောင်းဖို့ မကြာသေးခင်ကမှ ငှားရမ်းထားတဲ့ ကလေးထိန်းတစ်ဥိးပါ။ Noa ဆိုတဲ့ကလေးမလေးက သူတို့ကိုထိန်းကျောင်းပေးမယ့် ကလေးထိန်းဖြစ်သူ Lenor ဟာ သာမန်လူသားတစ်ယောက် မဟုတ်ဘူးလို့ သံသယရှိတာကြောင့် သူ့ရဲ့အကြောင်းကိုခြေရာခံပြီးစုံစမ်းပါတော့တယ်။ သို့ပေမယ့် Noa တွေ့ရှိသွားတဲ့ အရာကတော့....။ ဇာတ်လမ်းတစ်ခုလုံး သည်းထိပ်ရင်ဖိုစွာနဲ့ကြည့်ရမယ့်ဇာတ်ကာုးဖြစ်တာကြောင့် Horror ကြိုက်နှစ်သက်တတ်သူဆိုရင်တော့ လက်မလွှတ်သင့်တဲ့ ...
4.5
IMDB: 4.5/10 132 votes
movie

The Nanny (2017)

2017
Higher Power (2018) 5.8
Higher Power (2018) ဂျိုးဆက် စတက်မန်းဆိုတဲ့ လူတစ်ယောက်ဟာ ဇနီးသည်သေဆုံးအပြီး စိတ်ဓာတ်တွေကျပြီး ဆေးတွေသုံးလို့…သမီးနှစ်ယောက်ကိုထားခဲ့ကာ ထွက်သွားခဲ့ပါတယ်.. .ကျန်ခဲ့တဲ့သမီးနှစ်ယောက်မှာ တစ်ယောက်က သူနာပြုကျောင်းကိုတက်နေပြီး အငယ်မကတော့ ဆေးသမားဖြစ်နေခဲ့တယ်…. ဒီလိုနဲ့နှစ်တွေကြာလာတော့ ဂျိုးဟာ..အမှားတွေပြန်ပြင်ဆင်ပြီး ဆေးဖြတ်တဲ့အဖွဲ့ကိုဝင်ပြီး တစ်နှစ်အကြာ ဆေးပြတ်အပြီး အမှားတွေပြန်လည်ပြင်ဆင်ဖို့ သမီးကြီးကိုသွားတွေ့တဲ့အခါ သမီးရဲ့အမုန်းတရားတွေနဲ့ပဲရင်ဆိုင်တွေ့ပြီးပြန်လာရပါတယ်.. သူတို့မိသားစုကို စောင့်ကြည့်နေတဲ့အဖွဲ့အစည်းတစ်ခုရှိပါတယ်.. ဒီအဖွဲ့အစည်းဟာ အဲ့ဒီနေ့မှာ ဂျိုးကိုဖမ်းခေါ်ကာပြန်ပေးဆွဲသွားပြီး..သမီးတွေကို သတ်ပစ်မယ်လို့ ခြိမ်းခြောက်ကာ ခိုင်းစေတာတွေလုပ်ပေးရပါတော့တယ်… ဒီခိုင်းစေမှုတွေထဲမှာ ဂျိုးဟာစမ်းသပ်ခံပစ်မှတ်တစ်ခုဖြစ်နေခဲ့တဲ့အတွက် သူဟာ ထူးခြားတဲ့စွမ်းအင်တွေရလာပြီးတဲ့နောက်… သူ့သမီးတွေကို ပြန်လည်ကယ်တင်နိုင်မလား.. ၂၀၁၈ မေလထဲမှာထွက်ရှိထားတဲ့ စိတ်ကူးယဉ်သိပ္ပံကားတစ်ကားဖြစ်တဲ့အတွက် သိပ္ပံကားကြိုက်နှစ်သက်တဲ့သူတွေကြည့်ကြည့်ဖို့ဖိတ်ခေါ်လိုက်ပါတယ်   (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ပေးထားသူကတော့ ကိုဇွဲခန့်သွင်ပါ)   File Size : (750 MB) and (325 MB) Quality : AMZN WEB-DL 720p Running Time : 1hr 30min Format : Mp4 Genre : Action, Sci-Fi, Thriller Subtitle : Myanmar Subtitle (Hard Sub) Source : 720p.AMZN.WEBRip.DDP5.1.x264-NTG Translated by ...
5.8
IMDB: 5.8/10 129 votes
movie

Higher Power (2018)

2018

Genres

Like Us!