Channel Myanmar

Sci-Fi

Terminator Salvation (2009) 6.5
Terminator Salvation (2009) Terminator ဇာတ်ကားတွေထဲက key word တွေ ရှာကြည့်ရမယ်ဆိုရင်တော့ သတ်ဖြတ်ရေးမုဆိုး၊ တီ ၁၀၀၀၊ ဘာညာ အဲဒါတွေ ကြားထဲကမှ အခုပြောမယ့် key word ကတော့ စိမ့်ဝင်ပူးတွဲနေထိုင်ခြင်းတဲ့။ဟုတ်ပါတယ်။ စက်တွေက လူသားနဲ့ သိပ်ကိုနီးနီးစပ်စပ်တူတဲ့ စက်ရုပ်တွေကို လူတွေထဲစိမ့်ဝင်၊ အလစ်အငိုက်ဖမ်းပြီး သတ်ဖြတ်တတ်ကြတယ်။ ဒါပေမဲ့ လူတွေက တစ်နည်းမဟုတ် တစ်နည်းနဲ့ အဲဒီစက်ရုပ်တွေကို ခွဲခြားနိုင်ခဲ့ပါတယ်။ ဒီတော့ စကိုင်းနက်ရဲ့ စိမ့်ဝင်ရောနှောလုပ်ကြံရေး လုပ်ဆောင်မှုတွေအားလုံး မအောင်မမြင် ဖြစ်ခဲ့ရတယ်။ဒါပေမဲ့ ဒီဇာတ်လမ်းမှာတော့ စကိုင်းနက်က သူမတူအောင် ထူးချွန်ပြီး လူသားတွေ လုံးဝမရိပ်မိနိုင်တဲ့၊ အစွမ်းအထက်ဆုံး စိမ့်ဝင်ရောနှောရေးစက်ရုပ်တစ်ရုပ်ကို လွှတ်လိုက်ပါတယ်။ သူ့ရဲ့တာဝန်ကတော့ ဂျွန် ကော်နာ ဆိုတာ ဖြစ်မလာရေးအတွက် သူ့ရဲ့ဖခင် ကိုင်းလ် ရိစ် ကို လုပ်ကြံရေးပါပဲ။အသိဉာဏ် သိပ်ကိုထက်မြက်နေပြီး လူသားစိတ်ပညာကို ကျွမ်းကျင်တဲ့ စကိုင်းနက်က လူသားတွေအပေါ် ...
movie

Terminator Salvation (2009)

2009
The Phantom Warrior (2024)
The Phantom Warrior (2024)  ဖခင်ဖြစ်သူက ၁၃နှစ် သမီးမှာ တခြားမိန်းမနောက်လိုက်သွားပြီးသူတို့ သားအမိကို ချန်ထားခဲ့တဲ့နောက် မိခင်ဖြစ်သူကလည်းကင်ဆာရောဂါနဲ့ သေဆုံးသွားပါတယ်။ ဒီတော့ မိဘတွေအမွေချန်ထားရစ်တဲ့ မြင်းဇောင်းရယ် ရိုင်ဖယ်တစ်လက်ရယ်မြင်းအိုတစ်ကောင်ရယ်နဲ့ နမက်ဆစ်တစ်ယောက် ကြီးပြင်းလာပါတယ်။ တစ်ရက်ကျ ဖြတ်သွားနေကြ ဘုရားကျောင်းကိုအမှတ်မထင် ဝင်ရောက်ခဲ့ပြီး နမက်ဆစ်ဟာ ရှေ့ဖြစ်ဟောတစ်ယောက်နဲ့ တွေ့ရှိကာ သူဟာ သာမန်လူမဟုတ်ပဲ မသေမျိုးစိတ်ဝိဉာဉ်ဖြစ်တဲ့ ဝိဉာဉ်သူရဲကောင်းဖြစ်ကြောင်း မကောင်းမှုတွေကိုကံကြမ္မာအလိုရ ဖယ်ရှားရမယ်ဆိုတာကို ပြောပြသွားပါတယ်။ဒီလိုနဲ့ နမက်ဆစ်တစ်ယောက်ကို ဟီးရိုးဖြစ်လာတဲ့အချိန်တစ်ဖက်မှာလည်း အိမ်တွင်းအကြမ်းဖက်သမားများကိုလိုက်လံသတ်ဖြတ်နေတဲ့ ထူးဆန်းတဲ့ဂိုဏ်းတစ်ဂိုဏ်းနဲ့ တွေ့ရှိခဲ့ချိန်မှာတော့…..။ File size…1.05GB / 458MB Quality…WEB-Rip 1080p  / 720p Format…mp4 Duration….1h 59m Genre ….. Adventure , Fantasy , Sci-Fi Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Eainmat
movie

The Phantom Warrior (2024)

Aftermath (2024)
Aftermath (2024)  Mystery, Sci-fiအမျိုးသားနဲ့ သမီးဖြစ်သူကို ပိုမိုကောင်းမွန်တဲ့ဘဝရရှိစေဖို့အတွက် အလုပ်ကို အင်မတန်လုပ်ပြီးဖိအားတွေများနေတဲ့ ကိတ်တစ်ယောက် ကားမောင်းထွက်လာတဲ့အချိန်မှာ ထူးဆန်းတာ ဖြစ်သွားခဲ့ပါတယ်။ဘာလဲဆိုတော့ မြူတွေဝိုင်းပြီး ဘယ်နေရာမှန်းမသိတဲ့တောအုပ်အလယ်တစ်နေရာမှာ ပြန်သတိရလာတာပါ။သူ့ကိုယ်သူ ဘယ်သူလဲ ဘယ်လိုရောက်လာတာလဲဘာတွေဖြစ်ခဲ့တာလဲဆိုတာတွေ မမှတ်မိတော့ပါဘူး။အဲဒီမှာတင် ဓာတ်ငွေ့မျက်နှာဖုံးနဲ့ လူတစ်စုက လိုက်ပြီးသတ်ဖြတ်ဖို့လုပ်တဲ့အခါ ထွက်ပြေးရင်း သူ့ကို ထူးဆန်းတဲ့လူတစ်ယောက်က ကယ်တင်ပေးသွားပါတယ်။ ဒီမှာတင်နှစ်ယောက်သား အဖြစ်တူနေကြတဲ့အတွက် ဒီနေရာကဘာလဲ ဘယ်လိုရောက်လာသလဲ ဘာကြောင့်လဲဆိုတဲ့မေးခွန်းတွေနဲ့အတူ အသက်ရှင်သန်ဖို့ ရုန်းကန်ပြီးအဖြေရှာကြမှာကို ကြည့်ရမှာပဲ ဖြစ်ပါတယ်။ File size…1.08GB / 475MB Quality…WEB-Rip 1080p  / 720p Format…mp4 Duration….1h 18m Genre ….. Drama , Mystery , Sci-Fi Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Eainmat
movie

Aftermath (2024)

Terminator: Dark Fate (2019) 6.2
Terminator: Dark Fate (2019) အရေပျော်စက်ရုပ်ကားဆိုပြီး ငယ်ငယ်ကတည်းက စွဲလမ်းခဲ့ကြတဲ့ တာမီနေတာ ရုပ်ရှင်တွေရဲ့ နောက်ဆုံးထွက် ရုပ်ရှင်ပါ။ တာမီနေတာ တွေအထဲမှာ ကျွန်တော်တို့ အကြိုက်ဆုံးက နံပါတ် ၂ ရုပ်ရှင်ပဲ ဖြစ်မယ်ထင်ပါတယ်။အခုထွက်တဲ့ရုပ်ရှင်ကတော့ အားလုံး ဒုတိယအကြိုက်ဆုံး တာမီနေတာရုပ်ရှင် ဖြစ်လာမယ်ထင်ပါတယ်။ ဇာတ်လမ်း နဲ့ အက်ရှင်တွေက အတော်ကို ကောင်းပါတယ်။ အားရစရာပါပဲ။ဇာတ်လမ်းအကျဉ်းဆာရာကော်နာ နဲ့ ဂျွန်ကော်နာတို့ဟာ စကိုင်းနက်ကို ဖျက်ဆီးနိုင်ခဲ့ပြီး အနာဂတ်ကို ပြောင်းလဲနိုင်ခဲ့ပြီးချိန်မှာ တာမီနေတာ တစ်ကောင်က ဂျွန်ကော်နာကို သတ်သွားခဲ့ပါတယ်။ ဒါတွေဖြစ်ပြီးလို့ နှစ် ၂၀ အကြာလောက်မှာ ဒန်နီဆိုတဲ့ မိန်းကလေးကို သတ်ဖို့ အနာဂတ်က ပိုအဆင့်မြင့်တဲ့ ရက်ဗ်နိုင်းမော်ဒယ် တာမီနေတာ ရောက်လာပြီး၊ ဒန်နီကို ကာကွယ်ဖို့လည်း ဂရေ့စ် ဆိုတဲ့ စက်ရုပ်တစ်ပိုင်းလူသား ရောက်လာပါတယ်။ဒန်နီနဲ့ ဂရော့စ်တို့ကို ဆာရာ ကော်နာက ကယ်တင်သွားပြီး ရက်ဗ်နိုင်းကို ရင်ဆိုင်ဖို့ ရန်သူဟောင်းကြီးတစ်ယောက်နဲ့ ...
movie

Terminator: Dark Fate (2019)

Terminator Genisys (2015) 6.3
Terminator Genisys (2015) ပထမဆုံးဖြစ်တဲ့ The Terminator နဲ့ ဒုတိယကားဖြစ်တဲ့ Terminator 2 The Judgement Day ကို ကျောရိုးယူပြီး ဆန်းသစ်တဲ့ အိုင်ဒီယာတွေထည့်ပေါင်းထားတဲ့ နံပါတ် ၅ ဇာတ်ကားဖြစ်ပါတယ်။ဝေဖန်သူတွေဆီမှာ မျက်နှာပန်းမလှခဲ့ပေမဲ့ ဝင်ငွေအရတော့ ဒုတိယဇာတ်ကား Terminator 2 The Judgement Day ပြီးရင် ဝင်ငွေအကြမ်းဆုံးဖြစ်ခဲ့ပါတယ်။ အာနိုး ကြီး Terminator အဖြစ် ပြန်ပါဝင်လာတဲ့အပေါ် ချီးကျူးကြိုဆိုကြပေမဲ့ ကျန်သူတွေရဲ့ သရုပ်ဆောင်အပေါ်မှာတော့ ပျစ်ပျစ်နှစ်နှစ် ဝေဖန်ခဲ့ကြတာပါ။ဘယ်လိုပဲဖြစ်ဖြစ် ရုပ်ရှင်ရိုက်ကူးထုတ်လုပ်ခြင်းဆိုတာ ငွေရှာတဲ့စီးပွားရေးလုပ်ငန်းပဲဖြစ်လို့ ဝင်ငွေကြမ်းရင် အောင်မြင်တယ်ပဲ သက်မှတ်ကြပါစို့ရဲ့။နောက်ပြီး ကွမ်တန်ရူပဗေဒသီအိုရီတွေ ခေတ်ထလာတဲ့အချိန်မှာ ပေါ်ပင်လိုက်ပြီး ကွမ်တန်သံလိုက်စက်ကွင်းတွေ၊ အချိန်စက်ဝန်းကွဲပြားမှုတွေ၊ အချိန်စက်ဝန်းနှစ်ခုကြားက ဆုံမှတ်၊ အဲဒီဆုံမှတ်ကနေပြီး အချိန်စက်ဝန်းနှစ်ခုကြား ကူးလူးသွားလာပြီး အနာဂတ်ကို ပြုပြင်ပြောင်းလဲပုံတွေနဲ့ ဝေဝေဆာဆာဖြစ်လွန်းတော့ ဇာတ်ကားရဲ့ မူလကျောရိုးဖြစ်တဲ့ Terminator တွေရဲ့ အခန်းကဏ္ဍတောင် ...
movie

Terminator Genisys (2015)

2015
Terminator 3: Rise of the Machines (2003) 6.3
Terminator 3: Rise of the Machines (2003) တတိယမြောက်ဇာတ်ကားဖြစ်ပေမဲ့ ကန်မရွန်း လက်ရှောင်သွားတဲ့ ဇာတ်ကားပေါ့။ ဒါပေမဲ့ အရှိန်နဲ့တော့ ဆက်လိမ့်သွားတာပါပဲ။ Terminator 2 ကို အပြီးသတ်အနေနဲ့ ရိုက်ကူးခဲ့တယ်ဆိုပေမဲ့ 3 ရောက်အောင် ဆွဲရိုက်လိုက်တယ်။ သူ့ရှေ့ကကားတွေလောက်တော့ ဟိုးဟိုးကြော် မဖြစ်ခဲ့ပါဘူး။ ဒီဇာတ်ကားက နာမည်အတိုင်းပဲ စက်တွေက အနိုင်ယူသွားတာမျိုးပါ။ အဆင့်မြင့်နည်းပညာတွေကို အိုက်ဒီယာကောင်းကောင်း၊ ရုပ်ထွက်လှလှနဲ့ ရိုက်ကူးထားနိုင်ပါတယ်။ ခေတ်မီလာတော့ ခေတ်ဆန်သွားတာပေါ့လေ။ ဂျွန် ကော်နာ တို့တသိုက် တရားစီရင်ရာနေ့ကို တားမြစ်နိုင်ပြီလို့ ထင်နေဆဲမှာပဲ တီအက်ခ်စ် စက်ရုပ်တစ်ရုပ် အတိတ်ကို ပြန်ရောက်ရှိလာတယ်။ ဒီတစ်ခါတော့ အမျိုးသမီးအသွင်နဲ့ စက်ရုပ်ပေါ့လေ။ သူက တည်နေရာ ရှာမရတဲ့ ဂျွန် ကော်နာ ကို သတ်ဖို့အဓိကလာတာမဟုတ်ပါဘူး။ သူ့ရဲ့ အားထားရတဲ့ လက်ထောက် ဗိုလ်လေးတွေကို လာသတ်တာပါ။ လူသားတွေဘက်ကလည်း မော်ဒယ် ၈၅၀ စက်ရုပ်တစ်ရုပ်ကိုဖမ်း၊ အစီအစဉ်ပြန်လည်ရေးသွင်းပြီး ဂျွန် ကော်နာ ...
movie

Terminator 3: Rise of the Machines (2003)

2003
Terminator 2: Judgment Day (1991) 8.6
Terminator 2: Judgment Day (1991) လူသားတွေကို မျိုးဖြုတ်မယ့် ဉာဏ်ရည်တုကွန်ပျူတာစနစ်ဆိုတာက တစ်ခုမဟုတ် တစ်ခု ရှိနေတာမျိုးပဲ။ ဆိုက်ဘာဒိုင်း၊ စကိုင်းနက် အစရှိသဖြင့်ပေါ့လေ။ ဆာရာ ကော်နာ နဲ့ ကိုင်းလ် ရိစ် တို့ လက်တွဲရင်ဆိုင်ပြီး အနာဂတ်ကလာတဲ့ မော်ဒယ် ၁၀၁ ကို အဆုံးသတ်နိုင်ခဲ့ပေမဲ့ ကမ္ဘာကို ကပ်ပါးပိုးတစ်ခုလိုတွယ်ကပ်နေတဲ့ ဉာဏ်ရည်မြင့်စက်တွေကတော့ ထင်းခွေမကြုံ ရေခပ်အကြုံကို စောင့်နေကြဆဲပါပဲ။ပထမဇာတ်ကား သိပ်ကိုအောင်မြင်သွားတော့ ဒုတိယကားထွက်ဖို့ စိုင်းပြင်းကြတဲ့အချိန်မှာ ဇာတ်လမ်းတွေ တော်တော်ရှုပ်ခဲ့ပါတယ်။ ထုတ်လုပ်သူပြောင်းချင်လို့ မူပိုင်ခွင့်ပြန်ဝယ်တဲ့ကိစ္စတွေ၊ ကွန်ပျူတာ အထူးပြုလုပ်ချက်ကို အထူးရှယ်လုပ်ရင်းနဲ့ အချိန်လွန်ကုန်တာတွေ။ ဒါပေမဲ့ ပထမကားထက် ပိုပြီးတော့ ဝေဝေဆာဆာ လှလှပပ အောင်အောင်မြင်မြင်ထွက်ရှိလာခဲ့တယ်။ကန်မရွန်း ရဲ့ ဩဇာသိပ်ကြီးလာသလို အာနိုး ရဲ့ အခန်းကဏ္ဍကလည်း မြင့်လာတော့ သူ့ကို ဇာတ်ဆောင်မင်းသားနေရာ ပို့ပေးလိုက်ရတာပေါ့။ ဒီလိုနဲ့ ပရိသတ်အကြိုက်ဖြစ်သွားတော့ ဟုန်းဟုန်းတောက် အောင်မြင်သွားပြန်တယ်။ ၁၉၉၁ ရဲ့ ဝင်ငွေအကြမ်းဆုံးဇာတ်ကား၊ ...
movie

Terminator 2: Judgment Day (1991)

1991
Planetquake (2024)
Planetquake (2024) 2024 ခုနှစ်ထွက် Disaster, sci-fi ကားလေးတစ်ကား လာပါပြီ။ထုံးစံအတိုင်း ကမ္ဘာကြီးကို ဘေးအမျိုးမျိုးနဲ့ ဒါရိုက်တာတွေက လက်စွမ်းပြဖျက်ဆီးကြမှာပါ။ ဒါပေမယ့် နောက်ဆုံးမှာတော့ ဦးသန်မာကမ္ဘာကြီးပဲ ယက်ကန်ယက်ကန်နဲ့ ဆက်လက်တည်ရှိသွားမယ့် ဇာတ်လမ်းကျောရိုးပါ။ ကဲ အခုတစ်ခါလည်း ကမ္ဘာကြီးကို ဘယ်လိုဇာတ်လမ်းဆင်ပြီး ဖျက်ပြကြဦးမလဲ ကြည့်ကြရအောင်ပါ။ဒေါက်တာ မီလီ၊ ဒေါက်တာ ဒရက်စ်ဒန်မောင်နှမဟာ ငလျင်ဗေဒပညာရှင် ဉာဏ်ကြီးရှင်ငတော်ကြီးနှစ်ယောက်ပါ။ ပြောရရင် အစ်ကိုဖြစ်သူဒရက်စ်ဒန်က ပိုတော်ပါတယ်။ တော်လွန်းလို့ အမေရိကန်စစ်တပ်က အာကာသနျူကလီးယားလက်နက်အခြေစိုက်စခန်းစီမံကိန်းမှာ ခေါ်ခန့်ပါတယ်။ ကောင်းစေချင်လို့ နတ်ပြည်တင်ပေးတာကို မြင့်တယ်ထင်တဲ့သကောင့်သားက ဒီလိုလက်နက်တွေမရှိသင့်ဘူးဘာညာစသဖြင့် စာရိတ္တတရားတွေ စွတ်ရှိပြပြီး လျို့ဝှက်ဖိုင်တွေခိုးပြေးကာ တစ်လောကလုံးနဲ့ အဆက်အသွယ်ဖြတ်ပြီး တစ်ယောက်တည်းနေပါတယ်။ဇာတ်လမ်းက အခုမှစမှာပါ။နျူကလီးယားအကြွင်းအကျန်တွေရှင်းတဲ့ ပုဂ္ဂလိကကုမ္ပဏီတစ်ခုက ဘယ်ကဘယ်လိုကလိလိုက်တယ်မသိ၊ ကမ္ဘာ့မြေအောက်ကျောက်ချပ်လွှာတွေ ဆက်စပ်နေတဲ့ ငလျင်ပြတ်ရွှေ့ကြောတွေကို လှုပ်နိုးလိုက်သလို ဖြစ်ပြီး ငလျင်တွေထလှုပ်ပါတယ်။ ရစ်ချ်တာ ၈ လောက်အထိတက်တဲ့ငလျင်တွေဆိုတော့ ပြင်းအားကတော့ ခန့်မှန်းသာကြည့်ကြပါတော့ခင်ဗျာ။ အဲ့အချိန်မှာ ဒေါက်တာ ...
movie

Planetquake (2024)

The Terminator (1984) 8.1
The Terminator (1984) ကဗျာဆရာတစ်ယောက်ရေးတဲ့ အလွမ်းက‌ဗျာတွေက သူကိုယ်တိုင်အသည်းကွဲဖူးမှ ပိုကောင်းသတဲ့။ ဒါရိုက်တာတစ်ယောက် ဇာတ်ကားရိုက်မယ်ဆိုရင်ရော ဘယ်လိုဖြစ်မှ ဇာတ်လမ်းတွေ ပိုကောင်းမလဲ။ဂြိုဟ်စိမ်းစိမ်းကြီးပေါ်က ဂြိုဟ်သားပြာပြာတွေအကြောင်း ရိုက်ခဲ့သူ၊ တိုက်တန်းနစ်သင်္ဘောကြီး ဘယ်လိုနစ်သွားသလဲ ရိုက်ပြခဲ့သူ ဂျိမ်းစ် ကန်မရွန်း ကတော့ ဟောဒီ Terminator ဇာတ်ကားကြီးကို သူ့ရဲ့ အဖျားအိပ်မက် ကယောက်ကယက်ကနေ စိတ်ကူးရခဲ့ပြီး ထုတ်ဝေသူဆီ အိုင်ဒီယာရောင်းစားခဲ့သူပါ။ သူကိုယ်တိုင် ရိုက်ကူးရမှဖြစ်မယ်ဆိုတဲ့ သဘောတူညီမှုလည်း ပါတာပေါ့။ဘာပဲဖြစ်ဖြစ် သူ့အိပ်မက်ကနေပြီး ကျွန်တော်တို့ကလေးဘဝရဲ့ အစိုးမိုးနိုင်ဆုံး ဇာတ်ကားကြီးတစ်ကား ထွက်ပေါ်လာတာပါပဲ။ သိပ္ပံစိတ်ကူးယဉ်ဇာတ်ကားတစ်ကားက အခုလို IMDb 8.1 ရခဲ့တာ၊ ခရမ်းချဉ်သီးပုပ် 100 အပြည့်ရခဲ့တာ ဆိုတာတွေက နွေခေါင်ခေါင် မိုးကြိုးပစ်ချတာထက် ပိုရှားပါးတဲ့အဖြစ်ပါပေါ့။ထင်မှတ်မထားဘဲ Box Office မှာ နှစ်ပတ်တိတိ ထိပ်တန်းဖြစ်ခဲ့တာ၊ ကန်မရွန်း နဲ့ အာနိုး ကို အောင်မြင်ကျော်ကြားသူတွေအဖြစ် တွန်းတင်ပေးခဲ့တာ၊ အမြတ်ငွေ သောက်သောက်လဲရခဲ့တာတွေက ...
movie

The Terminator (1984)

1984
Parallel (2024)
Parallel (2024)  ဇာတ်ကားနာမည်အတိုင်း Prallel Universeသီအိုရီနဲ့ဇာတ်အိမ်တည်ထားတဲ့ Drama Thrillerကားလေးတစ်ကားဖြစ်ပါတယ်...။ဗီနက်ဆာဟာ မတော်တဆမှုတစ်ခုမှာ သားဖြစ်သူကိုဆုံးရှုံးလိုက်ရလို့ ဖြေမဆည်နိုင်ဖြစ်နေတဲ့အမျိုးသမီးတစ်ယောက်ပါ...။သားဖြစ်သူနေသွားတဲ့ တောစပ်ကအိမ်လေးမှာပဲ ခင်ပွန်းဖြစ်သူရယ်၊ခဲအိုဖြစ်သူရယ်နဲ့ အတူနေထိုင်ရင်း ကြေကွဲနေရရှာပါတယ်။တစ်နေ့ စိတ်သက်သာရာရလို့ရငြား တောအုပ်ထဲကိုလမ်းလျှောက်အထွက်မှာ သူနဲ့ချွတ်စွပ်တူတဲ့အမျိုးသမီးတစ်ယောက်က သူ့ကို သေနတ်နဲ့ပစ်ခတ်တိုက်ခိုက်ပါတယ်။ဗီနက်ဆာကလည်း ပြန်လည်ပစ်ခတ်ထွက်ပြေးရင်းအိမ်သို့ပြန်ရောက်တဲ့အခါ သူရောက်ရှိနေတဲ့နေရာဟာသူ့အရင်ကရှိခဲ့တဲ့နေရာမဟုတ်မှန်းသိလိုက်ရပါတော့တယ်...။မျက်စိရှေ့မှာ မြင်တွေ့နေရပေမယ့်၊ ချွတ်စွပ်တူနေပေမယ့်ကိုယ့်ရဲ့ နေရာဟုတ်မနေခဲ့ပါဘူး။ဗီနက်ဆာတစ်‌ယောက်က ဘယ်နေရာကိုရောက်သွားတာလဲဒါမှမဟုတ် ဘယ်အချိန်ကိုရောက်သွားတာလဲ၊ဒီတောအုပ်ထဲမှာပဲ ဘယ်လိုလူတွေနဲ့ထပ်ဆုံတွေ့ရဦးမလဲဆိုတာကိုတော့ ဇာတ်လမ်းလေးထဲမှာကြည့်ရှုနိုင်ပါပြီ...။ File size…1.42GB / 558MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 28m Genre ….. Drama , Sci-Fi , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Themes
movie

Parallel (2024)

Hunter Prey (2010) 5.8
Hunter Prey (2010)  ဇာတ်လမ်းအစကတော့ ဂြိုလ်တစ်ခုပေါ်ကိုယာဉ်တစ်စီးပျက်ကျလာတယ်။ ယာဉ်ပေါ်ကတာဝန်ရှိတဲ့လူတွေထိခိုက်ဒဏ်ရာဖြစ်နေချိန်မှာ အကျဉ်းသားတစ်ယောက်ကလက်နက်ယူပြီးထွက်ပြေးသွားတယ်။ဒုဗိုလ်ဖြစ်တဲ့ ဆန်တူရီဟာ သူ့လူတွေသေဆုံးရတာဖြစ်တဲ့အတွက် အထက်အရာရှိဖြစ်တဲ့ ကွန်မန်ဒါကာဇာကိုအကျဉ်းသားရဲ့ အခြေအနေအစစ်အမှန်ကိုသိချင်နေတယ်။ ထိပ်တန်းလျှို့ဝှက်ချက်ဖြစ်တဲ့အတွက်မပြောချင်လို့ ကာဇာဟာဝေ့လည်ကြောင်ပတ် ဖြေရင်းအကျဉ်းသားကိုလိုက်ဖမ်းဖို့လုပ်နေတယ်။ ဌာနချုပ်ကအကျဉ်းသားကိုအသက်ရှင်လျက်လိုချင်တာဖြစ်တာကြောင့် တစ်ခုခုမဖြစ်ခင်မှာဖမ်းချင်တဲ့အတွက်အမိန့်ကိုနာခံရင်း ကာဇာက ကျန်တဲ့နှစ်ယောက်နဲ့အတူလိုက်ဖမ်းပါတော့တယ်။ တိုက်ခိုက်ရည်ကျွမ်းကျင်မှုကြောင့်ဂြိုလ်ရဲ့ကျောက်စောင်းတစ်နေရာမှာ တပ်သားတစ်ယောက်ထပ်မံဆုံးသွားတဲ့အတွက် ဆန်တူရီဟာ ကာဇာကိုအတော်လေးစိတ်ဆိုးသွားတယ်။ ဖြစ်ရပ်မှန်ကိုသိချင်ကြောင်းနဲ့မပြောပြရင် တစ်ယောက်တည်းလိုက်ဖမ်းမယ်လို့အတင်းခြိမ်းခြောက်တဲ့အတွက် ကာဇာကပြောပြလိုက်တယ်။အကျဉ်းသားဟာ သူတို့ဖျက်ဆီးခဲ့တဲ့ကမ္ဘာဂြိုလ်ရဲ့နောက်ဆုံးအသက်ရှင်ကျန်ရစ်သူဖြစ်ပြီးငါတို့ကိုလက်စားချေဖို့အတွက် နူကလီယားဗုံးတင်ထားတဲ့ယာဉ်ကို ငါတို့ဂြိုလ်ဆီကိုလွှတ်လိုက်တဲ့အတွက် ယာဉ်ရဲ့တည်နေရာကိုမဖြစ်မနေသိရဖို့ အသက်ရှင်လျက်ဖမ်းရမှာဖြစ်ကြောင်းပြောပြလိုက်တဲ့အခါမှာတော့.... File size…1.49GB / 714MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 28m Genre ….. Sci-fi , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Tin Myo Lwin
movie

Hunter Prey (2010)

Timescape (2022)
Timescape (2022) ဇာတ်လမ်းအကျဉ်းလူသားမျိုးနွယ်တွေဖြစ်တည်လာတဲ့သမိုင်းကို ပြန်ကြည့်ရင် ရှေးနှစ်သန်း‌ပေါင်း ၆၅ သန်းကာလ၊ ဒိုင်နိုဆောတွေကို ကမ္ဘာကြီးကနေ ရက်ပိုင်းအတွင်း မျိုးတုန်းပျောက်ကွယ်သွားစေခဲ့တဲ့ ဂြိုလ်သိမ်ကြီးတစ်ခုရဲ့ရိုက်ခတ်မှုကလည်း သမိုင်းမှာ ထူးခြားတဲ့ ဖြစ်စဉ်ကြီးတစ်ခုပါပဲ။အကယ်၍ ရုပ်ရှင်ကြည့်ပရိတ်သတ်ကသာ အချိန်ခရီးသွားယာဉ်ကြီးပေါ်ကိုစီးနင်းခွင့်ရခဲ့ရင် အဲ့‌ခေတ်ကာလကို သွားကြည့်ဖို့ စိတ်ကူးယာဉ်ကြည့်ဖူးပါသလား။ဒီဇာတ်ကားထဲမှာတော့ ၂၀၂၀ ခုနှစ်က 'ဂျေဆင်' လို့ခေါ်တဲ့ လူငယ်ကောင်လေးတစ်ယောက်ဟာ ကားအက်ဆီးဒင့်ဖြစ်ပြီး သေသလားရှင်သလား မသိသေးတဲ့ သူ့မိဘတွေကို တောထဲမှာ သွားရှာရင်း ဂြိုလ်သားတွေစီးနင်းလာတယ်လို့ ယူဆရတဲ့ အချိန်ခရီးသွားယာဉ်ကြီးပေါ်ကို ရုတ်တရက်ရောက်ရှိသွားပြီး လွန်ခဲ့တဲ့ နှစ် ၆၅ သန်း‌ ၊ ဒိုင်နိုဆောတွေ ကြီးစိုးတဲ့ကာလဖြစ်တဲ့ 'ခရီတေးရှပ်ခေတ်' ဆီကို မရည်ရွယ်ပဲ ရောက်ရှိသွားခဲ့ပါတယ်။ တကယ်တော့ သူရောက်သွားတဲ့ အချိန်ကာလဟာ 'ခရီတေးရှပ်ခေတ်' ရဲ့ အဆုံးသတ်နေ့ ဖြစ်ခဲ့ပါတယ်။ယာဉ်ပေါ် ကိုရောက်တဲ့အခါ ယာဉ်ပေါ်ကိုစောစောကတည်းက ပါလာတဲ့ အနာဂတ်က ရွယ်တူကောင်မလေး 'လာရာ' နဲ့ဆုံတွေ့ခဲ့ပါတယ်။ ဒီလိုနဲ့ ယာဉ်ပျံကြီးက ...
movie

Timescape (2022)

The Core (2003)
The Core (2003) ယခုတင်ဆက်ပေးမှာကတော့ အမေရိကန် ဟောလိဝုဒ်က ရိုက်ကူးတင်ဆက်ထားတဲ့ ကမ္ဘာပျက်ကားတစ်ခုဖြစ်ပါတယ်။ဟုတ်ပါတယ်။ ကမ္ဘာကြီးပျက်တော့မှာကို အမေရိကန်ပညာရှင်တွေကပဲ ဦးစွာသိပါတယ်။ သူတို့နဲ့ ကမ္ဘာပေါ်က ထိပ်တန်းပညာရှင်တွေပေါင်းပြီး ကမ္ဘာပျက်ကိန်းကို ဖြေရှင်းဖို့ အဖြေရှာကြပါတယ်။ အကောင်အထည်ဖော်တော့ အမေရိကန်ပညာရှင်က ပရောဂျက်ခေါင်းဆောင်ပေါ့လေ။ဒါတွေက မထူးခြားနားတဲ့ ဖန်တရာတေ မွဲပြာပုဆိုးတွေပါ။ ဒါပေမဲ့ ဖန်တရာတေဇာတ်ကားတွေကို မက်မက်မောမောကြည့်ကြတဲ့ အကြောင်းအရင်းကလည်း ရှိပါတယ်။ ဇာတ်လမ်းခိုင်မာတာ၊ ကမ္ဘာပျက်ရမယ့်အကြောင်းအရင်းက ယုတ္တိရှိပြီး စနစ်တကျ တွက်ချက်ထားတာ၊ ဇာတ်ကောင်စရိုက်ပီပြင်တာ၊ လူ့သဘော လူ့သဘာဝကို မီးမောင်းထိုးပြနိုင်တာ၊ အစရှိသဖြင့်ပေါ့‌လေ။ အသံစနစ်နဲ့ ရုပ်ထွက်ပိုင်း၊ ကွန်ပျူတာအထူးပြုလုပ်ချက်တွေကလည်း အစစ်လို့ မှတ်ထင်ခံစားသွားရလောက်အောင် ပြောင်မြောက်ပေတာကိုး။ကမ္ဘာကြီးက အူတိုင်မှာ လည်ပတ်နေတဲ့ သံချော်ရည်ပူကြီးကြောင့် လျှပ်စစ်သံလိုက်စက်ကွင်းဖြစ်တည်လာပြီး ကမ္ဘာကို ကာကွယ်ပေးထားပါတယ်။ သံလိုက်စက်ကွင်းက လူသားတွေ မခံနိုင်တဲ့ ပတ်ဝန်းကျင်အခြေအနေတွေ ဖြစ်မလာနိုင်အောင် တားဆီးထားနိုင်သလို ကမ္ဘာတဝှမ်းလုံးမှာရှိတဲ့ လျှပ်စစ်ပစ္စည်း၊ လမ်းကြောင်းပြစနစ်တွေကလည်း အဲဒီသံလိုက်စက်ကွင်းကို မှီခိုနေရတာပါ။အူတိုင်မှာ ချော်ရည်တွေ စက်ဝိုင်းပုံလည်ပတ်နေတာ ...
movie

The Core (2003)

Code 8 (2019) 6.7
Code 8 (2019) ဒီတစ်ခေါက်တော့ Cast လန်းလန်း၊Rating မြင့်မြင့်Scifi/Fantasy ကားလေးကိုCM ပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ်။Green Arrow လို့လူသိများကျော်ကြားတဲ့ Stephen Amell ရယ်၊Robbie Amell ၊Sung Kang ရယ် အတူတူသရုပ်ဆောင်ထားတာပါ။Rating တွေအနေနဲ့ကတော့ Rotten Tomatoes 78%တောင်ရရှိထားပါတယ်။ဇာတ်လမ်းအကျဉ်းလေးကိုတင်ဆက်ပေးလိုပါသေးတယ်။လင်ကွန်းစီးတီးဆိုတာ အစွမ်းရှိတဲ့သူတွေနဲ့ သာမန်သူတွေနဲ့အတူတကွငြိမ်းအေးစွာယှဉ်တွဲနေထိုင်ကြတဲ့ မြို့တစ်မြို့ပါ။သာမန်ထက်ထူးခြားတဲ့လူတွေရဲ့အစွမ်းတွေကို ကုန်ထုတ်လုပ်ရေးဆောက်လုပ်ရေးတွေများ ကောင်းကောင်းအသုံးချကြပါတယ်။တဖြည်းဖြည်းနဲ့ စက်ယန္တရားတွေ အစားထိုးဝင်ရောက်လာတဲ့အခါအစွမ်းရှိတဲ့သူတွေအလုပ်အကိုင်တွေရှားပါးလာပါတော့တယ်။အလုပ်အကိုင်တွေရှားပါးလာတာနဲ့အမျှဒုစရိုက်သမားတွေက အစွမ်းရှိတဲ့လူတွေကို ဆိုက်ခ်ဆိုတဲ့မူးယစ်ဆေးဝါးတစ်မျိုးထုတ်လုပ်တဲ့နေရာမှာ အသုံးချပါတော့တယ်။ဒီမူးယစ်ဆေးနဲ့ ပါဝင်ပါတ်သတ်နေတာကြောင့် သာမန်လူတွေကလဲအစွမ်းရှိလူသားတွေကို အမုန်းပွားကာ ခွဲခြားဆက်ဆံပါတော့တယ်။အဲတော့ အစွမ်းရှိသူတွေအနေနဲ့ အစွမ်းရှိတယ်ဆိုတာအားနည်းချက်တစ်ခုလိုပါပဲ။ကော်နာဆိုတော့ကောင်လေးကတော့အလုပ်မရှိတဲ့ စွမ်းအားရှိလူသားတစ်ယောက်ပါ။တစ်နေ့မှာတော့ သူ့အမေကိုဆေးကုဖို့အတွက် အလုပ်လိုလာတဲ့အခါမှာသူဘာဆက်လုပ်မလဲ?ဘယ်လိုတွေဆက်ဖြစ်မယ်ဆိုတာ အရမ်းကိုစိတ်ဝင်စားဖို့ကောင်းပါတယ်။အဆုံးထိစိတ်ဝင်တစားကြည့်ရှုရမယ့် ဒီကားလေးနာမည်ကတော့ Code 8 (2019) ပါ။  File size…      1.8 GB /  698  MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h ...
movie

Code 8 (2019)

2019
Code 8 Part II (2024) 6.8
Code 8 Part II (2024) 2019 တုန်းက အဲရိုးမင်းသား Stephen Amell နဲ့သူ့ညီ Robbie Amell တို့ အတူ သရုပ်ဆောင်ပြီးနာမည်ကြီးခဲ့တဲ့ သိပ္ပံစိတ်ကူးယဉ်ဇာတ်ကားCode 8 ရဲ့ နောက်ဆက်တွဲ ဇာတ်ကားလာပါပြီ။ဒီကားမှာလည်း အရင်မင်းသားနှစ်လက်ပဲအဓိက ပါဝင်ထားပြီးအရင်ဒါရိုက်တာကပဲ ရိုက်ကူးထားတာဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းလင်ကွန်းမြို့မှာ စွမ်းအားမျိုးစုံ ကိုယ်စီရှိကြတယ် စွမ်းအားရှင်လူသားတွေ ရှိပါတယ်။အဲဒီလူသားတွေဟာ အစတုန်းက လုပ်ငန်းမျိုးစုံမှာ အသုံးဝင်လို့ နေရာရခဲ့ကြပေမဲ့သူတို့နေရာကို စက်တွေနဲ့အစားထိုးလာတဲ့အခါစွမ်းအားရှင်အလုပ်လက်မဲ့တွေ ပိုများပြားလာပြီးရာဇဝတ်မှုတွေလည်း များလာပါတယ်။ဒါတွေကို ရဲတွေက အဆင့်မြင့် စက်ရုပ်တွေနဲ့ အကြမ်းဖက်နှိမ်နင်းနေပြီးတစ်မြို့လုံး ဗြောင်းဆန်နေချိန်လည်းဖြစ်ပါတယ်။အဲဒီမြို့မှာပဲ ဆိုက်ခ်ဆိုတဲ့ မူးယစ်ဆေးတစ်မျိုး ထိန်းမရအောင် ပြန့်နှံ့နေပြီးအဲဒီဆေးဟာ စွမ်းအားရှင်တွေရဲ့ ကျောရိုးအရည်ကနေထုတ်လုပ်တာဖြစ်လို့ အလုပ်လက်မဲ့ စွမ်းအားရှင်တွေအတွက်ငွေရပေါက်တစ်ခုလည်းဖြစ်နေပါတယ်။ ပထမရုပ်ရှင်မှာတော့ အဲဒီ ဆေးထုတ်နေတဲ့ ဂိုဏ်းခေါင်းဆောင်ကိုရှင်းလင်းပစ်ခဲ့ပြီး စွမ်းအားရှင်ဖြစ်တဲ့ ကွန်နာ ဟာသူ့အပြစ်တွေကိုဝန်ခံပြီး ထောင်ကျခံခဲ့တာပါ။ အခု ဇာတ်ကားမှာတော့ ကွန်နာထောင်ကထွက်လာချိန်မှာသူ့မိတ်ဆွေဟောင်း ဂဲရက်က ဆိုက်ခ် မူးယစ်ဆေးဂိုဏ်းခေါင်းဆောင်ဖြစ်နေပြီးကင်းစတန်ဆိုတဲ့ရဲနဲ့ လက်ဝါးချင်းရိုက်ပြီးအလုပ်လုပ်နေပြီ ဖြစ်ပါတယ်။ အဲဒီ မသမာမှုတွေကို တွေ့သွားတဲ့ စွမ်းအားရှင်လူငယ်လေးတစ်ယောက်အသတ်ခံလိုက်ရပြီး ...
movie

Code 8 Part II (2024)

Box: Metaphor (2023)
Box: Metaphor (2023) ဒီဇာတ်ကားကတော့ ကြည့်ပြီးရင်စဉ်းစားစရာတွေကျန်ခဲ့စေမယ့် psychological thriller ကားတစ်ကားဖြစ်ပါတယ်။ထောင်တွေနဲ့မဆံ့အောင် ရာဇဝတ်သားတွေများလာတဲ့ ပျက်ကပ်စိုက်နေတဲ့ dystopian future တစ်ခုမှာ Box Rehabilitation ဆိုတဲ့ လူကိုသေတ္တာထဲလှောင်ပိတ်ပြီး ထောင်ချတဲ့စနစ်တစ်ခုကို ကျင့်သုံးကြတာအပေါ် ဇာတ်အိမ်တည်ထားပါတယ်။ဇာတ်ကားနာမည်နဲ့လိုက်အောင် တစ်ကားလုံး boxလေးထဲမှာပဲရိုက်ကူးထားတာဖြစ်ပြီး၊ ကိုယ်ကိုယ်တိုင် ဇာတ်ဆောင်နဲ့အတူ သေတ္တာထဲအချုပ်ခံထားရသလိုခံစားချက်မျိုးကို ခံစားရမှာဖြစ်ပါတယ်။ ဖြည်းဖြည်းနှေးနှေးနဲ့ဇာတ်လမ်းကိုတည်ဆောက်ပြီး ဆွဲခေါ်သွားတတ်တဲ့ဇာတ်ကားမျိုးကိုကြိုက်ရင် ဒီကားကိုကြည့်ကြည့်သင့်ပါတယ်။ပုံစံခွက်ထဲကလူ့အဖွဲ့အစည်းရဲ့နောက်ကွယ်ကရက်စက်မှုတွေရဲ့သဘာဝရယ်၊ မာကျောတဲ့လူ့စိတ်ဓာတ်ရယ်ကို ရှုစားရမယ့် thriller ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ File size…(1 GB)/(468 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:18:00 Genre...Sci-Fi, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Zayar Maw
movie

Box: Metaphor (2023)

Altered (2006) 5.6
Altered (2006) Altered 2006ဒီတစ်ခါတင်ဆက်ပေးချင်တဲ့ ဇာတ်ကားလေးကတော့ ခုခေတ်မှာရှားသွားပြီဖြစ်တဲ့ ဂြိုလ်သားကားပါ ဟာ ဒီလောက်ဂြိုလ်သားကားတွေပေါနေတာ ဘာကိုရှားတာလဲဆိုတော့ ဟုတ်ပါတယ် ဒီကားမှာက ခုခေတ်လို နည်းပညာမြင့်လက်နက်တွေနဲ့ ဂြိုလ်သားတွေကိုပြန်ကြိတ်ရမှာ မဟုတ်ပါဘူး လက်ဗလာနီးပါးနဲ့ပြန်ခံချရင်း အသဲတထိတ်ထိတ်နဲ့ ဖြစ်မှဖြစ်ပါ့မလားလို့ကြည့်ရမှာပါ ပြီးတော့ ကမ္ဘာကြီးတစ်ခုလုံးနဲ့လည်း ယှဉ်မချကြပါဘူးဇာတ်လမ်းကိုက ဘော်ဒါငါးယောက် ကလေးဘဝမှာ တောထဲအမဲလိုက်သွားတဲ့အချိန် ဂြိုလ်သားတွေကဖမ်းပြီးစမ်းသပ်ပါတယ် အဲ့ငါးယောက်ထဲမှာ လေးယောက်ပဲပြန်လွတ်လာပြီး တစ်ယောက်က သေဆုံးသွားပါတယ် အဲ့ဒါကိုဂြိုလ်သားဆိုတာ ဘယ်သူမှမယုံဘဲ ထောင်ကျတဲ့သူကျနဲ့ ဘဝတွေပျက်ကုန်ပါတယ် ဒါပေမဲ့ ၁၅ နှစ်ကြာပြီးနောက်မှာ ဂြိုလ်သားဆိုတာဂျိုနဲ့လားဆိုပြီး မိုက်မိုက်ကန်းကန်း ဒီလေးကောင်နဲ့ပဲပြန်သွားချကြပါတော့တယ် အဲ့တော့ လူသားလေးယောက်နဲ့ ဂြိုလ်သားတစ်အုပ် ဘယ်လိုတီးကြမလဲဆိုတာ Horror-Thrillerကားကောင်းကြိုက်တဲ့ ပရိသတ်တွေအဖို့ တင်ဆက်ပေးလိုက်ပါတယ် သွေးထွက်သံယို R-rated အခန်းတွေများတာကိုတော့ ကြိုတင်သတိပေးလိုက်ပါတယ်အညွှန်းနဲ့ဘာသာပြန်ကတော့ Sai Thurein Lynn ပဲဖြစ်ပါတယ်Genre..... Horror,  Sci-fi, Thriller Quality…. 1080p | 720p File size… 1.6GB | 655MB Format… mp4 Duration…. 1h 28min Subtitle…. Myanmar Subtitle (Hardsub) Translator .....  ...
movie

Altered (2006)

2006
Splinter (2008)
Splinter (2008) လူသွားလူလာနည်းပါးတဲ့ ဂတ်စ်ဆိုင်လေးတစ်ခုရဲ့ပန့်ကိုင်ကို အမျိုးအမည်မသိသတ္တဝါကောင်တစ်ကောင်က လာရောက်တိုက်ခိုက်ပုံနဲ့ဇာတ်လမ်းကိုစဖွင့်ထားပါတယ်။ဆက်သ်နဲ့ပေါ်လီဆိုတဲ့ လူငယ်စုံတွဲတစ်တွဲဟာ အိုကလာဟားမားက တောအုပ်တွေထဲကို အပျော်စခန်းချခရီးလာခဲ့ကြပါတယ်။ ဒါပေမယ့် သူတို့ကားကို ထောင်ပြေးတစ်ဦးနဲ့ ဆေးစွဲနေတဲ့သူ့ကောင်မလေးဖြစ်တဲ့ လေစီတို့က ကြားဖြတ်လုယူချိန်မှာတော့ အစီအစဉ်ပျက်သွားပြီး ဂတ်စ်ဆိုင်တစ်ခုမှာ ဝင်နားဖို့အခြေအနေဖြစ်လာပါတော့တယ်။ဂတ်စ်ဆိုင်ကိုရောက်ကာစမှာပဲ လေစီကိုဆူးချွန်တွေတကိုယ်လုံးပေါက်နေတဲ့ဂတ်စ်ဆိုင်လုပ်သားရဲ့တိုက်ခိုက်မှုကိုခံလိုက်ရပြီး သေဆုံးသွားခဲ့တဲ့အတွက် ဆက်သ်တို့စုံတွဲနဲ့ထောင်ပြေးတို့ဟာ ဂတ်စ်ဆိုင်ထဲကိုပြေးပုန်းလိုက်ရပါတယ်။ သူတို့သေပြီလို့ထင်ခဲ့တဲ့ လေစီကလည်း ဆူးချွန်တွေစိုက်ဝင်ခံထားရာက တွန့်လိမ်ကောက်ကွေးအသက်ပြန်ဝင်လာပြီး မှန်တံခါး၀ကိုလာတိုက်ခိုက်တဲ့အချိန်မှာတော့..။သူတို့ကိုတကယ်တမ်းလိုက်တိုက်ခိုက်နေတာ ဂတ်စ်ဆိုင်လုပ်သားလည်းမဟုတ်သလို လေစီလည်းမဟုတ်ပါဘူး။ သူတို့ကိုယ်မှာစိုက်ဝင်နေတဲ့ အဲ့ဒီဆူးချွန်တွေပါပဲ။ ဆူးချွန်တွေဟာ စိုက်ဝင်သွားမိတဲ့သားကောင်ကိုမှီတွယ်ပြီး အဲ့ဒီသားကောင်ရဲ့သွေးသားကိုစားသုံးရွေ့လျားပြိး နောက်ထပ်သားကောင်ကိုဆက်ပြီးရှာပါတယ်။ သူတို့အနေနဲ့ ဒီဆူးချွန်တွေ ရဲ့ အားသာချက်အား နည်းချက်တွေ ကိုအဖြေရှာပြီး ရှင်သန်ဖို့ကြိုးစားရတော့မှာဖြစ်ပါတယ်။Splinter ကစိတ်ကူးကောင်းသလို အဲ့ဒီစိတ်ကူးကိုထိထိရောက်ရောက်အကောင်အထည်ဖော်သွားနိုင်တဲ့ Horror ကားကောင်းတစ်ကားပါ။ ဇာတ်စကတည်းက သွက်သွက်လက်လက်နဲ့ဇာတ်ကိုသယ်သွားသလို အသည်းယားစရာ ရင်ဖိုစရာ နဲ့ jump scare တွေမျှတပြီး သရုပ်ဆောင်တွေကလည်း လိုရင်းရောက်အောင်ပို့ပေးနိုင်ပါတယ်။ရုပ်ရှင်ပွဲတော်တွေမှာသက်ဆိုင်ရာဆုတွေအများကြီးရထားတဲ့ Hidden gem တစ်ခုပါပဲ။ File size…(1.5 GB)/(843 MB) Quality….Webrip 1080p ...
movie

Splinter (2008)

Cargo (2009) 6.1
Cargo (2009)  ၂၀၀၉ခုနှစ်က ထွက်ရှိခဲ့တဲ့ ဂျာမန်Sci-fi/Thrillerရုပ်ရှင်လေးကို တင်ဆက်ပေးလိုက်ပါတယ်ဗျ။ခရစ်သက္ကရာဇ် ၂၂၆၇ခုနစ်အချိန်၊ ဂေဟစနစ်ပြိုလဲတာကြောင့် ကမ္ဘာကြီးဟာ အသက်ရှင်နေထိုင်ဖို့မသင့်တော့ပါဘူး။ ဒီတော့ အသက်ရှင်ကျန်နေတဲ့လူသားတွေဟာ ကမ္ဘာပတ်လမ်းကြောင်းမှာရှိတဲ့ အာကာသစခန်းတွေမှာနေထိုင်ကြရပါတော့တယ်။ ဒေါက်တာလော်ရာပေါ့မန်းက ဒုက္ခတွေကြုံတွေ့နေရတဲ့ အမျိုးသမီးဆရာဝန်တစ်ဦး။အစ်မဖြစ်သူမိသားစုရှိတဲ့ ရီယာဆိုတဲ့ လူတွေနေထိုင်နေကြတဲ့ဂြိုလ်ဆီကိုသွားဖို့ ရည်မှန်းထားသူ။အဲဒီဂြိုလ်မှာနေထိုင်ဖို့ အသုံးစရိတ် နေထိုင်ခွင့်အတွက် ပိုက်ဆံရှာဖို့ ကတ်ဆန်ဒရာကုန်တင်အာကာသယာဉ်ပေါ်မှာ ဆေးအမှုထမ်းအနေနဲ့ လိုက်ပါခဲ့ပါတယ်။ယာဉ်ပေါ်မှာက ၈လကျော်ကြာတစ်ဆိုင်းနှုန်းနဲ့ တစ်ယောက်စီ အလှည့်ကျကင်းစောင့်ရပါတယ်။ ဒေါက်တာပေါ့မန်းအဆိုင်းတာဝန်ချိန်မှာပဲ ထင်မှတ်မထားတာတွေ တစ်ခုပြီးတစ်ခုဖြစ်လာတဲ့အခါ...။သူသွားချင်တဲ့ ရီယာဆိုတဲ့ဂြိုလ်ကလည်း ဖုံးကွယ်မှုတွေများစွာနဲ့တည်ရှိနေတာကို သိလိုက်ရတဲ့နောက်မှာတော့။(အညွှန်းနဲ့ဘာသာပြန်ကတော့ Pyae Phyoပဲဖြစ်ပါတယ်) File size…(2 GB)/(916 Mb) Quality….Blu-ray 1080p/720p Format…mp4 Duration….01:52:00 Genre...Drama, Mystery, Sci-fi Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Pyae Phyo
movie

Cargo (2009)

Acid (2023) 5.3
Acid (2023) Acid (2023)အကယ်၍များဆိုတဲ့ စကားလုံးကို တော်တော်များများကြားဖူးကြမှာပါ။ အကယ်၍များ ကမ္ဘာကြီးပျက်ခဲ့ရင်တို့ အကယ်၍များ မီးမိုးတွေရွာခဲ့ရင်တို့ အကယ်၍များ အကုန်ရေခဲသွားရင်တို့ အကယ်၍များ အက်စစ်မိုးတွေရွာခဲ့ရင်တို့ပေါ့။ဒီလိုမျိုး ဘေးအန္တရာယ်တွေကျရောက်လာရင်ဘယ်လိုလုပ်ကြမလဲဆိုတာမျိုးလဲ စိတ်ကူးပြီးစဉ်းစားမိခဲ့ကြဖူးမှာပါ။ ဒါကိုကလဲ ကမ္ဘာ့ကပ်ဘေးဇာတ်လမ်းတွေရဲ့ ဆွဲဆောင်မှုတစ်ခုပါပဲ။ နောက်ဆုံးထွက်ထားတဲ့ Moon Fall ဇာတ်ကား သိပ်ပြီးမအောင်မြင်ခဲ့ပေမဲ့ လူကြည့်တော့များတုန်းပါပဲ။ ဒါပေမဲ့နောက်ပိုင်း ခုလို World Apocalypse ဇာတ်လမ်းတွေရှားပါးနေချိန်မှာ ရေငတ်တုန်းရေတွင်းထဲကျဆိုသလို ပြင်သစ်ကရိုက်ထားတဲ့ Apocalypse ကမ္ဘာပျက်ကားလေးတင်ဆက်ပေးလိုက်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ ကမ္ဘာကြီးရဲ့ ဖန်လုံအာနိသင်ကြောင့် အပူချိန်တွေမြင့်တက်လာပြီး ကာဗွန်ဒိုင်အောက်ဆိုဒ်နဲ့ အခြားဓာတုပစ္စည်းတွေ လေထုထဲကို စွန့်ပစ်မှုများလာတဲ့အတွက် တိမ်ထုထဲက မိုးရေတွေမှာ အက်စစ်ပါဝင်လာမှုပမာဏ မြင့်မားလာပါတယ်။ ကမ္ဘာကြီးဟာလဲ စစ်တိုက်နေရတာနဲ့အချိန်တွေကုန်နေပြီး သဘာဝပတ်ဝန်းကျင်ကို လျစ်လျှုရှုထားကြပါတယ်။ ဒါပေမဲ့ ခုလိုအက်စစ်ပမာဏတွေများလာတဲ့ မိုးရေတွေဟာ အက်စစ်မိုးများအဖြစ်နဲ့ ကမ္ဘာပေါ်ကိုပြန်လည်ရွာချလာပါတယ်။ အရင်ကအက်စစ်မိုးတွေဟာ အပင်တွေကို ပျက်စီးစေတာလောက်ပဲ အန္တရာယ်ရှိပေမဲ့ ခုမှာတော့ သက်ရှိတွေကိုပါ သေစေနိုင်လောက်တဲ့အထိ အက်စစ်ပမာဏများပြားလာပါတယ်။ အက်စစ်မိုးတွေ ကြောင့်မြစ်ချောင်းတွေကရေတွေ တွင်းရေတွေဟာလဲ သောက်သုံးလို့မရတော့ပါဘူး။ ဒီလိုသဘာဝဘေးအန္တရာယ်တွေကြားမှာ မိသားစုတစ်စု အက်စစ်မိုးတွေကြား ဘယ်လို လွှတ်မြောက်အောင် အသက်လုပြီး ကြံဆပြီး ဘေးကင်းရာဒုက္ခသည်စခန်းကို သွားမလဲဆိုတာကိုတော့ ဆက်လက်ကြည့်ရှုအားပေးလိုက်ကြပါဦး။(အညွှန်းနဲ့ဘာသာပြန်ကတော့ K.Hein ဖြစ်ပါတယ်)Genre..... Drama, Sci-fi Quality…. 1080p ...
movie

Acid (2023)

2023