Channel Myanmar

Sci-Fi

Ice Storm (2023) 4.0
Ice Storm (2023) Ice Storm (2023) ============Global Warming ဆိုတာ လက်ရှိကျွန်တော်တို့တွေကြုံတွေ့နေရတဲ့ အခက်အခဲကြီးတစ်ရပ်ပါ။ ကမ္ဘာကြီးပူနွေးလာပြီး ရေခဲတောင်တွေ အရည်ပျော်နေတာ လူတိုင်းနီးပါးသိပေမဲ့၊ ဒီလိုဖြစ်ရပ်တွေကြောင့် နောက်ဆက်တွဲဘယ်လိုအကျိုးဆက်တွေဖြစ်လာနိုင်လဲဆိုတာ သိတဲ့ သူ အင်မတန်နည်းပါတယ်။အကျိုးဆက်အနေနဲ့ အီကွေတာဘက်ခြမ်းမှာ ပိုပြီးပူနွေးလာပြီး ရေခဲ တောင်တွေအရည်ပျော်လာတဲ့အခါမှာ ဝင်ရိုးစွန်းဘက်က လေအေး တွေကို တားဆီးထားမယ့်အတားအဆီးတွေမရှိတော့ပဲ အပူအအေး မညီမျှမှုကနေ ကုန်းတွင်းပိုင်းဒေသတွေမှာပါ နှင်းမုန်တိုင်းတွေတိုက်ခိုက် လာနိုင်တော့တာပါပဲ။ ဒီကားထဲမှာ နှင်းမုန်တိုင်းက တဖြည်းဖြည်းနဲ့အင် အားကောင်းလာပြီး နောက်ဆုံး ဘယ်လိုမှအားမလျော့တော့ပဲ ကမ္ဘာကြီး ကို အကြွင်းမဲ့ သုညအမှတ်ထိအေးခဲသွားစေမယ့်အဆင့်ထိရောက်သွား တော့တဲ့အခါမှာတော့ ဘာတွေဘယ်လိုဆက်ဖြစ်ကြမလဲဆိုတာ ဆက် လက်ကြည့်ရှုရမှာဖြစ်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thetti Tun ဖြစ်ပါတယ်)File Size..........(1.3 GB) / (580 MB) Quality............WEB-DL 1080p / 720p Duration.........1Hr 25Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Action, Sci-Fi Translator.......Thetti Tun Encoder..........SWM
movie

Ice Storm (2023)

2023
AIMEE: The Visitor (2023)
AIMEE: The Visitor (2023) Keyes ဟာ သူငယ်ချင်း နှစ်ယောက်နဲ့အတူ အခြားသူတွေ ဖန်တီးထားတဲ့ ကွန်ပျူတာ ဆော့ဖ်ဝဲတွေကို ခိုးပြီး ပြန်ရောင်းနေတဲ့ ဟက်ကာ တစ်ယောက်ဖြစ်ကာ ညစ်ညမ်းကားတွေကြည့်၊ အပြင်စာတွေ စားသောက်၊ အိမ်တွင်းပုန်းကာ ဘဝကို အချိန်ဖြုန်းနေသူ တစ်ယောက်ပါ။တစ်နေ့မှာတော့ သူ့မိတ်ဆွေ နှစ်ဦးထံမှ ဆော့ဖ်ဝဲတစ်ခုကို ရရှိခဲ့ပါတယ်။ ထိုဆော့ဖ်ဝဲဟာ AIMEE လို့ အမည်ရတဲ့ AI ပရိုဂရမ် တစ်ခုဖြစ်ကာ ခိုးရာပါ ပစ္စည်းဖြစ်တဲ့အတွက် မူရင်းဖန်တီးသူကိုတော့ မသိရပါဘူး။ ထို AIMEE ဟာ သူ့ကို activate လုပ်လိုက်တဲ့သူကို ပိုင်ရှင်အဖြစ် သတ်မှတ်ကာ အရာရာကို ခဏချင်းအတွင်း စကန်ဖတ်ကာ လေ့လာနိုင်စွမ်းမြင့်တဲ့ စနစ်တစ်ခုဖြစ်ပါတယ်။သူဟာ ပိုင်ရှင်နဲ့ ပတ်သက်တဲ့ အရာတွေ၊ မိတ်ဆွေတွေသာမကပဲ ခံစားချက်တွေကိုပါ ဖတ်နိုင်သူ ဖြစ်ပြီး ကူညီပေးနေတဲ့အတွက် ပိုင်ရှင်ရဲ့ နေ့စဉ်လုပ်ငန်းတွေကို ပိုပြီး လွယ်ကူ လျှင်မြန်အောင် ...
movie

AIMEE: The Visitor (2023)

Distortion (2012) 6.2
Distortion (2012) Distortion (Khon Lok Jit) (2012) IMDb - 6.2/10ရုပ်ရှင်နယ်ပယ်မှာ နိုင်ငံအသီးသီးကရိုက်ကူးခဲ့တဲ့ ဇာတ်လမ်းနာမည်ပါပဲ။ အခုတင်ဆက်ပေးမဲ့ ဇာတ်လမ်းတော့ ထိုင်းရုပ်ရှင်ဇာတ်လမ်းပါ။ ထင်ယောင်ထင်မှားမှုကနေ ဖြစ်ပေါ်လာတဲ့ psychological-thriller ရုပ်ရှင်ပေါ့။စိတ်ရောဂါပညာရှင်၊ သိပ္ပံပညာရှင်၊ စီးပွားရေးသမားနဲ့ ကျောင်းသူလေးတစ်ယောက်။ သူတို့လေးဦးကြားက ဖုံးကွယ်ထားတဲ့ အကြောင်းအရာကိုယ်စီနဲ့ တိုက်ဆိုင်စွာပဲ ကွင်းဆက်လူသတ်မှုထဲမှာ ကိုယ်စီပါဝင်လာကြတဲ့အခါ...။ ဒေါက်တာကူရန်ဆိုတဲ့ စိတ်ရောဂါပညာရှင်က သတင်းမှာတွေ့လိုက်ရတဲ့ လူသတ်မှုဖြစ်ရာနေရာကို ရောက်လာခဲ့ပါတယ်။ တိုက်ဆိုင်စွာနဲ့ပဲ အဲဒီလူသတ်မှုနောက်မှာ ကွင်းဆက်လူသတ်မှုတွေဖြစ်လာခဲ့ပြီး အသတ်ခံလိုက်ရတဲ့သူတွေကလည်း လိင်တူချစ်သူတွေဖြစ်နေပါတယ်။ ထပ်ပြီးတိုက်ဆိုင်တာက အသတ်ခံရတဲ့လူတွေဟာ ဒေါက်တာကူရန်ရဲ့ ကျောင်းနေဖက်တွေဖြစ်နေတဲ့နောက်မှာတော့...။(အညွှန်းနဲ့ဘာသာပြန်ကတော့ aungmo3han ပဲ ဖြစ်ပါတယ်)Genre..... Drama, Sci-fi, Thriller Quality…. 1080p | 720p File size…  2.6GB | 1.1GB Format… mp4 Duration…. 1h 46min Subtitle…. Myanmar Subtitle (Hardsub) Translator ..... aungmo3han Encoder ..... Aaron
movie

Distortion (2012)

2012
Stake Land (2010) 6.4
Stake Land (2010)  "Stake land" ဒါမှမဟုတ် တံစို့ထိုးနယ်မြေပေါ့...။ခေတ်ကာလအားဖြင့် လူမှုအသိုင်းအဝိုင်းတစ်ခုလုံးရော၊တိုင်းပြည်တွေရော၊ အစိုးရတွေပါမကျန် ဗမ်ပိုင်းယားတွေကြောင့်ပျက်သုဥ်းသွားခဲ့တဲ့အချိန်...။ဒီသွေးစုပ်ဖုတ်ကောင်တွေ စပေါ်လာပြီးနောက်မှာ လူတွေဟာဘေးကင်းအောင်ဆိုပြီး အစုအဝေးနဲ့နေကြပါတယ်...။သို့ပေမဲ့ ဗမ်ပိုင်းယားတွေကလည်း လူ့သွေးနံ့ကိုမိုင်နဲ့ချီအဝေးကနေရနိုင်တာမလို့ အစုအဖွဲ့နဲ့နေလေ ကိုယ်သေတွင်းကိုယ်တူးမိဖို့ရာခိုင်နှုန်းများလေဆိုတဲ့အခြေအနေပါ...။ဒီလိုကာလကြီးမှာ ဗမ်ပိုင်းယားတွေကို အံတုပြီး တိုက်ခိုက်နေတဲ့သွေးစုပ်ဖုတ်ကောင်မုဆိုးကြီးနဲ့ ကောင်လေးတစ်ယောက်ရှိပါတယ်။သူတို့နှစ်ဦးဟာ ဧဒင်သစ်ဆိုတဲ့ လွတ်လပ်ရာနယ်မြေအသစ်ကိုချီတက်နေကြတာပါ။ဒီနယ်မြေသစ်ကိုမရောက်မီ လမ်းမှာဘယ်လိုအခက်အခဲတွေကြုံရမလဲဘယ်လိုဗမ်ပိုင်းယားတွေကြုံရမလဲ၊ ဘယ်လိုရင်ဆိုင်တိုက်ခိုက်ကြမလဲ...အသက်ရှင်အောင်ရုန်းကန်ခဲ့ကြတာတွေကို စီးမျှောကြည့်ရှုရင်းvimpire hunuter vibe မျိုး ၊ survival vibeမျိုးခံစားရမယ့်ဇာတ်လမ်းလေးဖြစ်ပါတယ်...။ File size…1.58 GB / 800 MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 38m Genre ….. Drama , Horror , Sci-Fi Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Themes
movie

Stake Land (2010)

Freaks of Nature (2015) 5.9
Freaks of Nature (2015)  ပထမဆုံးပြောချင်တာကတော့ ဒီဇာတ်ကားထဲမှာ သွေးသံတရဲရဲနဲ့မသတီစရာဇာတ်ဝင်ခန်းတွေပါဝင်တဲ့အတွက် ကလေးသူငယ်နဲ့နှလုံးမကောင်းသူတွေကြည့်ရှုဖို့ မသင့်တော်ပါဘူး။နောက်တစ်ခုပြောချင်တာကတော့ ဒီဇာတ်ကားက တကယ်ကိုအစုံသုတ်ပါ။Zombie, Vampire, Alien နဲ့ Werewolf စတဲ့ ကြောက်စရာသတ္တဝါအစုံပါဝင်ပြီးတော့ အဲ့ဒီကြားထဲကအမျိုးမတူတဲ့ သူငယ်ချင်းသုံးယောက်ကိုဇာတ်အိမ်တည်ထားပါတယ်။ ဒေးဖို့ဒ်မြို့လေးမှာ လူ၊ ဇွန်ဘီနဲ့ ဗန်ပိုင်းယားတွေကအတူယှဉ်တွဲနေထိုင်နေကြပေမယ့် အချင်းချင်းမျက်မှုန်းကျိုးနေကြတာပါ။အဲ့ဒီဒေးဖို့ဒ်မြို့လေးကို ဂြိုလ်သားတွေကကျူးကျော်တိုက်ခိုက်မှု ပြုလုပ်လာတဲ့အခါမှာတော့ အမျိုးတစ်ခုစီက ငယ်သူငယ်ချင်းသုံးယောက်ပေါင်းပြီးမြို့ငယ်လေးကိုကယ်တင်ဖို့ကြိုးစားကြပါတော့တယ်။  File size…1.55 GB /793 MB Quality…Blu-Ray 1080p / 720p Format…mp4 Duration….1h 32m Genre ….. Comedy , Horror , Sci-Fi Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Aung Paing Phyoe
movie

Freaks of Nature (2015)

Restore Point (2023) 6.7
Restore Point (2023) Restore Point (2023)~ IMDb - 6.7/10, RT - 95%, Meta - 74% ~ဒီကားကတော့ ခေတ်လွန်သိပ္ပံကားတွေကို မှုခင်းဒရာမာနဲ့ရောစပ်ပြီး ကြည့်ရတာကြိုက်တဲ့သူတွေ လက်လွတ်မခံသင့်တဲ့ကားပါပဲ။ ချက်ဇ်စကားပြောဇာတ်လမ်းဖြစ်ပြီး ဆန်ခါတင်ဆု နှစ်ဆုလည်း၀င်ထားပါတယ်။ဇာတ်လမ်းကို ဥရောပအလယ်ပိုင်းမှာအခြေပြုထားပါတယ်။ 2041 ခုနှစ်မှာ လူတွေ သမားရိုးကျမဟုတ်ဘဲသေရင် အသက်ပြန်သွင်းလို့ရတဲ့ ဥပဒေရှိပါတယ်။ အသက်ပြန်သွင်းဖို့အတွက် ၄၈နာရီတစ်ခါ အသက်ပြန်သွင်းပွိုင့်ကို အရံဒေတာကူးပေးရပါတယ်။အမ်တိုခီနိုဝါစကာက စုံထောက်တစ်ယောက်ဖြစ်ပြီး "ဘ၀ရဲ့မြစ်" လို့ခေါ်တဲ့ အကြမ်းဖက်အဖွဲ့အစည်းနောက်ကိုလိုက်နေတာပါ။ တစ်နေ့တော့ လင်မယားနှစ်ယောက်အသတ်ခံရမှုကိုလိုက်ရင်း ယောက်ျားဖြစ်သူက အသက်သွင်းဌာနရဲ့သုတေသနခေါင်း‌ဆောင်ဖြစ်ပြီး အရံဒေတာကလည်း ဖျက်ခံထားရတဲ့အတွက် အသက်ပြန်သွင်းလို့မရပါဘူး။ အဲဒါအပြင် ဆာဗာတစ်ခုလုံး ဗိုင်းရပ်စ်၀င်တော့ အရံဒေတာတွေ ကျပန်းဖျက်ခံရပြီး လူတွေတကယ်သေလာတဲ့အခါမှာတော့ အမ်တစ်ယောက် တရားခံကိုအပူတပြင်းရှာရပါတော့တယ်။ တရားခံက အမ်လိုက်နေတဲ့ အကြမ်းဖက်အဖွဲ့အစည်းကလား... သုတေသနခေါင်း‌ဆောင်သေဆုံးတဲ့ကိစ္စကရော ဘယ်သူ့လက်ချက်လဲ... ဆိုတာတွေကို အဖြေရှာရင်း စိတ်၀င်တစားကြည့်ရှုရမှာပါ။(ဒီဇာတ်ကားနဲ့အညွှန်းကို Soe Thiri ...
movie

Restore Point (2023)

2023
River (2023) 7.4
River (2023)  IMDb 7.4/10ဒီဇာတ်လမ်းလေးကတော့ Kyoto မှာရှိတဲ့ Kibune လို့ ခေါ်တဲ့ဒေသက တည်းခိုဆောင်တစ်ခုမှာ ဇာတ်အိမ်တည်ထားတာဖြစ်ပါတယ် ။Fujiya တည်းခိုဆောင်မှာ စားပွဲထိုးအဖြစ် အလုပ်လုပ်နေတဲ့Mikoto ဟာ တစ်ခုသော နေ့လယ်ခင်းမှာတော့ သူတို့ဟာအခိုက်အတန့်တစ်ခုတည်းမှာပဲ ထပ်ခါတလဲလဲ လည်ပတ်နေတယ်ဆိုတာကို သိလိုက်ရပါတယ် ။ သူတို့အားလုံးကြုံနေရတဲ့ဒီအခြေအနေကြီးမှာ အချိန်က နှစ်မိနစ်တိုင်း အစကနေပြန်ပြန်ရစ်နေတာ ဖြစ်ပါတယ် ။ ဒီပြဿနာရဲ့ အကြောင်းအရင်းကဘာများဖြစ်မလဲ ။ မီကိုတိုနဲ့အတူ Fujiya ဝန်ထမ်းတွေ ၊ ဧည့်သည်တွေအားလုံးပေါင်းပြီး ဘယ်လိုဖြေရှင်းကြမလဲဆိုတာကို ဟာသကလေးနှောပြီးပေါ့ပေါ့ပါးပါး ခံစားကြည့်ရှုရမှာဖြစ်ပါတယ် ။ အချိန်က အကန့်အသတ်တစ်ခုအတွင်းမှာပဲ ထပ်ခါတလဲလဲ လည်ပတ်နေတဲ့အခါ လူတွေရဲ့ပြောင်းလဲလာတဲ့ စိတ်ထားအမျိုးမျိုးကိုလည်း တွေ့ရမှာပါ ။ဇာတ်လမ်းရဲ့ အနှစ်ချုပ်လေးကတော့ အချိန်တွေ ရပ်သွားပါစေလို့လူတိုင်း ဆုတောင်းဖူးကြပေမယ့် တကယ်တမ်း အချိန်တွေရပ်တန့်သွားဖို့ဘယ်သူမှ မလိုလားကြဘူးဆိုတဲ့ အကြောင်းပါပဲ ။ ဒါဆိုရင်တော့မီကိုတို ၊ တကု ၊ ...
movie

River (2023)

Project Dorothy (2024) 6.3
Project Dorothy (2024) 2024 မှာမှထွက်ရှိထားတဲ့ Project Dorothy ဆိုတဲ့ Sci-Fi, Horror, Thriller ဇာတ်ကားလေးကိုတင်ဆက်ပေးလိုက်ပါတယ်ဇာတ်လမ်းလေးကတော့ဂျိမ်းစ်နဲ့ဘလိတ်ခ်တို့နှစ်ယောက်ဟာ ဓားပြတိုက်ပြီးထွက်လာရာမှာ ရဲတွေလက်ကလွတ်အောင် ရှောင်ပုန်းဖို့လိုအပ်လာပါတယ် အသက်ကြီးနေပြီဖြစ်တဲ့ ဂျိမ်းစ်ရဲ့ခြေထောက်မှာလည်း သေနတ်မှန်ထားတာကြောင့် အဆောက်အအုံပျက်ကြီးတစ်ခုမှာ ပုန်းခိုဖို့ဝင်လိုက်ပါတယ်သူတို့နောက်ကလိုက်လာတဲ့ရဲတပ်သားဟာ ထိုအဆောက်အအုံထဲကိုသူတို့ဝင်သွားတာဖြစ်နိုင်ကြောင်း စခန်းကိုအစီရင်ခံတဲ့အခါ စခန်းကရဲမေမှ ထိုအဆောက်အအုံဟာကန့်သတ်နယ်မြေဖြစ်တာကြောင့် ဝင်မသွားဖို့ သတိပေးဟန့်တားပါတယ် အဲ့ဒါကြောင့် အဲ့ရဲလည်းလှည့်ပြန်လာခဲ့ပါတယ်ဒါပေမဲ့ ဘာမှမသိဘဲ အထဲကိုဝင်သွားခဲ့တဲ့ ဂျိမ်းစ်နဲ့ဘလိတ်ခ်တို့နှစ်ယောက်ရော အဲ့အဆောက်အအုံကြီးထဲမှာ ဘာတွေနဲ့ရင်ဆိုင်ရမလဲ... အဲ့အဆောက်အအုံကြီးကို ဘာလို့ကန့်သတ်နယ်မြေအဖြစ်သတ်မှတ်ထားတာလဲဆိုတာ ကြည့်ရှုလိုက်ရအောင်ပါ  File size…(1.5 GB)/(794 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:19:00 Genre...Horror, Sci-Fi, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by RubyJane
movie

Project Dorothy (2024)

Sirona (2023) 3.6
Sirona (2023) Sirona (2023) ===========ဒီရုပ်ရှင်မှာတော့ ဆရိုနာဆိုတဲ့ကောင်မလေးနဲ့ သူ့အစ်ကိုဒန်မီယန်တို့ နှစ်ယောက် တောတွင်းရှိ အဆောက်အအုံတစ်ခုကနေ ထွက်ပြေးလာပြီး သူတို့အနောက်ကနေ သေနတ်သမားတွေက လိုက်လံဖမ်းဆီးနေကြ တာနဲ့အစပြုထားပါတယ်။ ဒန်မီယန်တစ်ယောက် ဆရိုနာ့ကို ကာကွယ် ပေးရင်းနဲ့ သူပါသေဆုံးသွားခဲ့ပြီး ဆရိုနာတစ်ယောက်ပဲ ထွက်ပြေးလွတ် မြောက်သွားခဲ့ပါတယ်။အဲဒီလိုနဲ့သိပ်မကြာခင်မှာပဲ ဆရိုနာ့ကိုခြေရာခံပြီး ဖမ်းဆီးဖို့အတွက် ကြေး စားစစ်သားတွေကိုငှားရမ်းပြီးလွှတ်ခဲ့ပါတယ်။ ဒီတော့ ဘယ်သူတွေက ဆရိုနာ့ကိုလိုက်ဖမ်းဆီးဖို့ကြိုးစားနေရတာလဲ၊ ဘာအတွက်ကြောင့်ဖမ်းဆီး နေရတာလဲ၊ ဆရိုနာရဲ့နောက်ကြောင်းက ဘာတွေဖြစ်နိုင်မလဲ၊ သူ့ကိုခြေရာ ခံပြီးဖမ်းဆီးဖို့လုပ်နေတဲ့ ကြေးစားစစ်သားတွေကို ဆရိုနာရှောင်ရှားပြီး သူ့ကိုယ်သူကာကွယ်နိုင်ပါ့မလား၊ နောက်ပိုင်း ဘာတွေဘယ်လိုဆက်ဖြစ်လာ မှာလဲဆိုတဲ့ မေးခွန်းပေါင်းမြောက်မြားစွာကိုတော့ ဒီကားလေးကိုပဲ ဆက် လက်ကြည့်ရှုပြီး အဖြေရှာကြည့်လိုက်ကြပါဦး။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Fiona Gillen ဖြစ်ပါတယ်)File Size..........(566 MB) Quality............WEB-DL 720p Duration.........1Hr 40Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Mystery, Sci-Fi Translator.......Fiona Gillen Encoder..........SWM
movie

Sirona (2023)

2023
Universal Soldier: The Return (1999) 4.2
Universal Soldier: The Return (1999) ဒီ​ရုပ်ရှင်​က Universal Soldier (1992) ရဲ့အဆက် ဇာတ်​လမ်း​ဖြစ်ပြီး ဗန်ဒိန်းက အဓိက​ဇာတ်​ကောင်​ Luc အဖြစ် သရုပ်ဆောင်​ထားပါတယ်။ ပထမ​ရုပ်ရှင်​အပြီး နှစ်အတန်ကြာကာလမှာ ဇာတ်​အိမ်တည်ထားတာဖြစ်ပါတယ်။၁၉၉၂ ဇာတ်ကား​နဲ့ အခု ၁၉၉၉၊ ဇာတ်ကား​ကြားမှာ ထွက်​ရှိ​ခဲ့တဲ့ Universal Soldier​ နှစ်ကား​ကတော့​ ရုပ်​သံ​လိုင်း​အတွက် ရိုက်​ကူးခဲ့တဲ့ဇာတ်ကားတွေဖြစ်ပြီး Luc နေရာမှာ ဗန်ဒိန်း​မဟုတ်​တဲ့အပြင် အဲဒီ​နှစ်ကား​က အဖြစ်​အပျက်​တွေကို အခု Universal Soldier :​ The​ Re​turn မှာ ထည့်​သွင်း​စဉ်းစား​ထားခြင်း​မရှိတဲ့အတွက် Universal Soldier​ franchise ရဲ့ လေးကားမြောက်ရုပ်ရှင်ဖြစ်ပေမဲ့ အထက်​က နှစ်ကား​ကိုပယ်ပြီး ဒုတိယ​မြောက်ဇာတ်ကားအဖြစ် သတ်​မှတ်ရင်​လည်းရပါတယ်။ဇာတ်လမ်း​အကျဉ်းကတော့​ပထမ​ဇာတ်ကား​အပြီး Luc ရဲ့ရန်သူတော် GR 13 သေဆုံး​ပြီးတဲ့နောက်မှာ Luc ဟာ Veronica နဲ့ လက်ထပ်ပြီး သမီးတစ်ဦးဖွားမြင်ပါတယ်။ Veronica ကွယ်လွန်​ပြီးနောက်မှာတော့ Luc ...
movie

Universal Soldier: The Return (1999)

The Outwaters (2022) 4.0
The Outwaters (2022) Found-footage အမျိုးအစားဝင် ၂၀၂၂ ခုနှစ်ထွက် အမေရိကန် horror ရုပ်ရှင်ကားတစ်ကား တင်ဆက်ပေးချင်ပါတယ်။ပုံမှန် horror ရုပ်ရှင်ကားပုံစံထက် မှတ်တမ်းဗီဒီယိုရုပ်သံကို ပြန်ခံစားရတဲ့ မှတ်တမ်းဇာတ်လမ်းပုံစံမျိုး တမူထူးခြားတဲ့ ရသကိုခံစားမိရမှာပါ။ Horror ကားဆိုပေမယ့် Nope (2022) တို့လို အစပိုင်းမှာ sci-fi ဆန်ဆန်ဆွဲခေါ်သွားပြီး ဇာတ်လမ်းတစ်ဝက်အကျော်မှသာ horror ရသကို သွေးသံရဲရဲနဲ့အပြည့်အဝခံစားကြည့်ရှုရမှာဖြစ်ပါတယ်။ ကုန်ကျစရိတ် ဒေါ်လာ ၁၅,၀၀၀ ဝန်းကျင်သာသုံးထားပေမယ့် Rotten tomatoes မှာ rating 74% ထိရပြီး ဆုအနေနဲ့လည်း ၂၀၂၂ ခုနှစ် Unnamed Footage Festival နဲ့ Dead of night film featival မှာ Best feature ဆုတွေရထားတာဖြစ်လို့ အောင်မြင်တယ်လို့ပဲ ဆိုရမှာဖြစ်ပါတယ်။ သရုပ်ဆောင် Robbie Banfitch ကိုယ်တိုင် ရေးသားရိုက်ကူး ...
movie

The Outwaters (2022)

The Tuxedo (2002) 5.4
The Tuxedo (2002)  ဒီတစ်ခါတော့ CM ပရိတ်သတ် ကြီးကို အားလုံးကြည့်ရှု့သဘောကျ နှစ်သက်ခဲ့တဲ့ မင်းသားကြီး ဂျက်ကီချန်းရဲ့ The Tuxedo ဆိုတဲ့ကားကောင်းလေး ပြန်တင်ဆက် ပေးလိုက်ရပါတယ်ခင်ဗျာ။ တော်တော် များများ ကြည့်ဖူးကြမှာဖြစ်ပါတယ်။အထူး ညွန်းဆိုနေစရာ မလိုလောက်ပါဘူး။အနည်းငယ် ပြန်မိတ်ဆက်ပေးရရင်တော့ ဂျက်ကီချန်းက ဂျင်မီတွန်ဆိုတဲ့ တက္ကစီသမားတစ်ယောက်ပါ။ သူကကားကို မြန်နှုန်းပိုမောင်းတာတွေကြောင့် မကြာခဏ လိုင်စင်အသိမ်းခံရသူပါ။ တစ်ရက်မှာတော့ အမျိုးသမီးတစ်ယောက် သူ့ကားကို ငှားစီးရာကနေ သူ့ဘဝတစ်ဆစ်ချိုးသွားခဲ့ပါတယ်။ သူ ဖရန့် ဒဗ္ဗလင်ဆိုတဲ့ သူဋ္ဌေးတစ်ယောက်ဆီမှာ ယာဉ်မောင်း အလုပ်ကို ရခဲ့ပါတယ်။ ဒါပေမဲ့ သူမသိတာက မစ္စတာ ဒဗ္ဗလင်က လျှို့ဝှက် စပိုင် တစ်ယောက်ပါ။ တရက်တော့ ဒဗ္ဗလင်လုပ်ကြံခံရပြီး ကိုမာ ဝင်သွားပါတယ်။အဲ့အချိန်မှာပဲ ဂျင်မီ တစ်ယောက် သူ့ဆရာရဲ့ ထူးဆန်းတဲ့ အင်္ကျီကို ယူဝတ်မိသွားပါတော့တယ်။ ဒီဝတ်စုံက လူ့ ဒီအန်အေတွေနဲ့ ချိတ်ဆက်ထားပြီး နာရီမှ တစ်ဆင့်လိုသလို ပြောင်းလဲတဲ့အခါ သာမန်လူတစ်ယောက်က သိုင်းမတက်ပေမဲ့ ဝတ်စုံကြောင့် သိုင်းတက်လာတယ် ကိုယ်ပျောက်နိုင်တယ် နံရံတွယ်တက်နိုင်တယ် အစရှိသဖြင့်ပေါ့။ ...
movie

The Tuxedo (2002)

Midnight Special (2016) 6.6
Midnight Special (2016) CM ပရိသတ်ကြီးတို့ကို Sci-fi ဇာတ်ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ရှုပ်ရှုပ်ယှက်ယှက်နဲ့ သိပ္ပံဗဟုသုတ အများကြီးရှိမှ ကြည့်လို့နားလည်မယ့်ဇာတ်ကားမျိုးလည်း မကြည့်ချင်ဘူး Sci-fi အမျိုးအစားလည်းကြည့်ချင်တယ်ဆိုရင်တော့ ဒီကားလေးက သေချာပေါက်ပရိသတ်ကြီးတို့အကြိုက်ပါ။ ဇာတ်ကားနာမည်လေးက Midnight Special လို့ ခေါ်ပြီးတော့ ၂၀၁၆ ခုနှစ်က ထွက်ရှိခဲ့တဲ့ ဇာတ်ကားလေးပါ။ ဇာတ်လမ်းအကျဉ်းကို ပြောပြရရင်တော့ အယ်တွန်မာယာလို့ခေါ်တဲ့အသက် ၈ နှစ်အရွယ်ကောင်လေးကို အဖေဖြစ်သူ ရွိုင်တွန်လင်ကပြန်ပေးဆွဲသွားရာကနေ ဇာတ်လမ်းအစပြုပါတယ်။အဖေအရင်းက ပြန်ပေးဆွဲတယ်ဆိုလို့ မအံ့ဩပါနဲ့။တကယ်တော့ အယ်တွန်ကို ရန့်ချ်လို့ခေါ်တဲ့ဘာသာရေးအဖွဲ့အစည်းခေါင်းဆောင်က မွေးစားထားတာပါ။အယ်တွန်လေးက သူများနဲ့မတူဘဲ စူပါမန်းလိုမျက်လုံးကနေ ရောင်ခြည်တွေထွက်တတ်တဲ့ ကလေးဖြစ်နေတာပါ။ကလေးဟာ နေရောင်ထဲကို ထိလို့မရသလို သူ့အစွမ်းအရှိန်ကပစ္စည်းတွေကို ကွဲကြေပျက်စီးစေပါတယ်။ဒါပေမဲ့ ရန့်ချ်အဖွဲ့အစည်းကတော့ ဒါဟာ ဘုရားသခင်ကဆက်သွယ်တာဆိုပြီး ယုံကြည်ကြတယ်။ ကလေးရဲ့ နာကျင်မှုတွေကို မမြင်ရက်တော့တဲ့အဆုံးမှာအဖေဖြစ်သူက ကလေးကိုခေါ်ပြီး ထွက်ပြေးခဲ့တာပါ။တစ်ချိန်တည်းမှာပဲ အစိုးရဘက်ကလည်း ဒီကလေးကိုလက်နက်တစ်ခုလို့သဘောထားပြီး လိုက်လံရှာဖွေခဲ့ပါတယ်။ ဆိုတော့ အယ်တွန်လေးက ဘာလို့အစွမ်းတွေရှိနေတာလဲ၊ သူတို့တွေဘယ်ကိုထွက်ပြေးကြမလဲ၊ ထွက်ပြေးတဲ့ လမ်းတစ်လျှောက်မှာရောဘယ်လိုထူးဆန်းထွေလာ ဖြစ်ရပ်တွေကို ကြုံတွေ့ရမလဲ၊ ဘာသာရေးအဖွဲ့အစည်းနဲ့အစိုးရအဖွဲ့အစည်းတွေက ...
movie

Midnight Special (2016)

2016
Hellraiser: Bloodline (1996) 5.1
Hellraiser: Bloodline (1996) Hellraiser: Bloodline (1996)သေတ္တာတွေရဲ့ အစနဲ့ အဆုံးအကြောင်းကိုတွေ့ရမှာပါ။Pinhead ရဲ့ ရုပ်ထွက်ကတော့ တစ်ကားထက်တစ်ကား ပိုကောင်းလာပါတယ်။ ဒီဇာတ်ကားမှာတော့ မင်းသမီးကိုမငမ်းရဘဲ နတ်ဆိုးမကို ငမ်းရမှာပါ။Hellraiser ရဲ့ အစောပိုင်းဇာတ်လမ်းတွေနဲ့တော့ ဒီဇာတ်လမ်းက တော်တော်လေးကွဲပါတယ်။ Cenobite လို့ တစ်လုံးမှ သုံးမသွားဘဲ Demon လို့ပဲ သုံးသွားတာက တော်တော်လေးထင်ရှားပါတယ်။ လူဆိုးကျော်ကြီး လဗိုင်ယာသန်လုံးဝမပါပါဘူး။ ဒီထဲမှာတော့ Pinhead က ဆရာအကျဆုံးပါ။ ငရဲက ကမ္ဘာပေါ်ရောက်လာတာထက်ကြမ်းပါတယ်။ အာကာသထဲထိရောက်လာတာပါ။ဇာတ်လမ်းအကျဥ်းကတော့ Toymaker ဆိုတဲ့ အရုပ်ဖန်တီးသူတစ်ယောက်က သေတ္တာကို အောက်လမ်းဆရာတစ်ယောက်အတွက် ဖန်တီးပေးမိပြီး သူ့ရဲ့အမှားကို ပြန်ပြင်ဆင်နိုင်ဖို့ မျိုးဆက်တွေ တစ်ဆက်ပြီးတစ်ဆက် တာဝန်ကို လက်ဆင့်ကမ်းရင်း ကြိုးစားသွားတာကို အချိန်သုံးခုနဲ့ ပြသွားပါတယ်။(ဒီဇာတ်ကားနဲ့အညွှန်းကို 666 မှ ပြန်ဆို ရေးသားထားပါတယ်)Size - 1.75GB, 730MB Quality - 1080p, 720p IMDb Rating ...
movie

Hellraiser: Bloodline (1996)

1996
Taeter Burger (2023) 5.5
Taeter Burger (2023)  ဒီဇာတ်ကားကတော့ Necrostorm production က ထုတ်တဲ့ဇာတ်ကားတစ်ကားပါ။သူ့ရုပ်ရှင်တွေဟာဆိုရင် တစ်ကားလုံးသတ်မယ်ဖြတ်မယ်သွေးသံတရဲရဲကိုသာ ဦးစားပေးရိုက်ပြသွားတဲ့ကားတွေပါ...။ဇာတ်လမ်းအကျဥ်းကိုပြောပြရရင်...သက္ကရာဇ် ၂၁၆၁ခုနှစ်အရောက်မှာတော့ ကမ္ဘာကြီးဟာ ပျက်သုဥ်းလုနီးပါးအခြေအနေကိုရောက်ရှိနေပြီး အုပ်ချုပ်ရေးယန္တရားများ၊စီးပွားရေးယန္တရားများလည်းမလည်ပတ်နိုင်တော့ပါဘူး ဒီလိုအခြေအနေမှာရာဇဝတ်မှုတွေပေါများလာတာနဲ့အညီ စားနပ်ရိက္ခာပြတ်လပ်မှုကိုလည်းကြုံနေရပါတယ်...။လက်ကျန်အစိုးရအနေနဲ့ ဒီပြဿနာကိုဖြေရှင်းဖို့အတွက် ရာဇဝတ်သားများကိုသုတ်သင်ရှင်းလင်းပြီး ရရှိတဲ့အသားတွေနဲ့ ကျန်ရှိနေတဲ့ပြည်သူတွေကိုကျွေးမွေးထားပါတယ်...။အချိန်တွေကြာလာတော့ ရာဇဝတ်သားတွေ တဖြည်းဖြည်းနည်းသွားသလိုစားနပ်ရိက္ခာလိုအပ်မှုကပိုပြီးကြီးထွားလာပါတယ်ဒီပြဿနာကိုရော ဘယ်လိုဆက်ပြီးဖြေရှင်းကြမလဲဆိုတာကိုရှာရင်းကြံရင်းနဲ့...ဘာတွေဆက်ဖြစ်ကြမလဲဆိုတာကိုတော့ ဇာတ်လမ်းလေးထဲမှာကြည့်ရှုနိုင်ပါပြီ....။ File size…1.59 GB / 812 MB Quality…Blu-Ray 1080p / 720p Format…mp4 Duration….1h 15m Genre ….. Action , Sci-Fi Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Themes
movie

Taeter Burger (2023)

The Wall (2012) 6.7
The Wall (2012)  ဆောင်းရာသီအေးနေတဲ့အချိန်မှာ Nobody love meဆိုပြီးအထီးကျန်နေတဲ့ ကောင်ဇိုးလေးတွေအတွက် survival movieလေးတစ်ခု တင်ဆက်ပေးချင်ပါတယ်။ခုချိန်မှာ ငါတစ်ယောက်တည်းပါလားလို့ ခံစားနေရသူတွေဒီရုပ်ရှင်ထဲက အမျိုးသမီးကြီး ခိုက်ခိုက်တုန်အောင်ချမ်းတဲ့ဆောင်းညရှည်တွေကို Alpsတောင်တန်းကြားမှာ ဘယ်လိုဖြတ်သန်းခဲ့တယ်ဆိုတဲ့ ဇာတ်လမ်းလေးကိုကြည့်ရင်း inspiration ရပါစေလို့မျှော်လင့်ရင်းနဲ့.... ဒီရုပ်ရှင်လေးမှာ အပိုင်း ၄ ပိုင်းနဲ့မြင်ရမှာဖြစ်ပါတယ်။ပထမဆုံးအပိုင်းက သူငယ်ချင်း ၃ ယောက်နဲ့ခွေးတစ်ကောင်Alps တောင်တန်းမှာ အမဲလိုက်ခရီးထွက်လာချိန်ပေါ့။နွေးထွေးတက်ကြွတဲ့သူငယ်ချင်းတစ်စုရဲ့  ပျော်ရွှင်တဲ့ခရီးတစ်ခုနဲ့အစပျိုးထားပြီး ပြဿနာကတော့ ဟူဂိုနဲ့လူးဝစ်က အနီးနားကရွာကဘားတစ်ခုကိုအသွားမှာ သူကတော့ခွေးတစ်ကောင်နဲ့ အမဲလိုက်တဲမှာ နေရစ်ခဲ့တာပါပဲ။ မနက်မိုးလင်းချိန်မှာ ဟူဂိုနဲ့လူးဝစ်ပြန်မလာလို့လိုက်အရှာမှာ လမ်းမှာလူရယ်လို့ တစ်ယောက်မှမတွေ့ရဘဲ တစ်နေရာအရောက်မှာ ထူးဆန်းပြီးမမြင်ရတဲ့နံရံကြီးက သူ့ကိုတားဆီးထားတယ်ဆိုတာပါပဲ။ ဒီနေရာမှာတော့ ‌ထိတ်လန့်တုန်လှုပ်ခြင်းဆိုတဲ့ ဇာတ်လမ်းရဲ့ဒုတိယအပိုင်းပေါ့။ ကြောက်လန့်ခြင်းရဲ့အထီးကျန်ခြင်းရဲ့ နောက်ကလိုက်လာတာကတော့ စိတ်ဓာတ်ကျခြင်းဖြစ်ပြီး နေ့ရောညပါ ရာသီဥတုကတစ်မျိုးအတွေးကတစ်ဖုံနဲ့ အိပ်မရတဲ့ညတွေလည်းဒုနဲ့ဒေးပေါ့။ ရင်မောရတဲ့နေ့ရက်တွေ ရှင်သန်ချင်စိတ်ကုန်နေတဲ့နေ့ရက်တွေကို ခွေးကလေးရယ်ကြောင်ကလေးရယ် နွားတစ်ကောင်ရယ်နဲ့အတူကုန်ဆုံးနေတဲ့သူနောက်ဆုံးမှာ Acceptance and Adaptation ဆိုတဲ့အဆင့်ကိုရောက်ဖို့ဘယ်လိုတွေရုန်းကန်သွားရမလဲဆိုတာ အားလုံးအတူ ကြည့်ရှုရင်းနဲ့အထီးကျန်ဘဝကနေ ရုန်းထွက်ဖို့အင်အားတွေရစေဖို့ ...
movie

The Wall (2012)

Bride of Re-Animator (1990) 6.2
Bride of Re-Animator (1990) Bride of Re-Animator (1990)~ IMDb - 6.2/10, Metacritic - 54% ~ပထမ Re-Animator ကားမှာ ဒေါက်တာ ဒန်တစ်ယောက် သူအချစ်ရဆုံးသူကို ပြန်အသက်သွင်းတဲ့နေရာမှာ အဆုံးသတ်ထားပါတယ်။ပေါက်ကရတွေ အသက်သွင်းခဲ့ပေမဲ့ ဒေါက်တာဝက်စ်ရော ဒေါက်တာဒန်ရော ယခုထိ အပြစ်လွတ်ပြီး ဆေးရုံမှာ ဟန်မပျက် ဆေးဆက်ကုနေကြတုန်းပါ။ ဒါပေမဲ့ ဒေါက်တာ ဝက်စ်ရဲ့သုတေသန ရောဂါကတော့ အဆုံးမသတ်သွားပါဘူး။ ဒီတစ်ကြိမ်တော့ သူဟာ အစိတ်အပိုင်းတွေ အားလုံးကို တစ်ပြိုင်တည်း အသက်သွင်းမယ့် နည်းလမ်းကို စတင်စမ်းသပ်ဖို့ ကြံရွယ်ပါတော့တယ်။ဒေါက်တာ ဒန်ကလည်း မကူညီချင်ပေမဲ့ သူ့ချစ်သူ မက်ခ်ရဲ့ နှလုံးကို ပြန်လည်နိုးထစေမယ်ဆိုပြီး ဖြားယောင်းထားတော့ တက်ကြွစွာ ပါဝင် အားဖြည့်ပြန်ပါတယ်။ ပထမကားမှာ အသက်ပြန်သွင်းတဲ့ ဖန်တီးမှုကို ခိုးချဖို့ ကြိုးစားခဲ့တဲ့ ဒေါက်တာကားလ်ကတော့ ခေါင်းပြတ်ဖြစ်နေပေမယ့် ဆေးအရှိန်ကြောင့် မပုပ်မသိုးဘဲ ဆက်လက်ရှိနေဆဲပါ။ဒါကို ...
movie

Bride of Re-Animator (1990)

1990
An Ideal Host (2020) 5.6
An Ideal Host (2020) An Ideal Host (2020) ================An Ideal Host 2020 ကို ဒါရိုက်တာ Robert Woods က စီစဥ်ရိုက်ကူးခဲ့ပြီး IMDb rating 5.6 ရရှိထားပါတယ်။ Best Horror Comedy Feature ဆု နဲ့ Best Screenplay ဆု winner ဆုနှစ်ခုဆွတ်ခူးနိုင်ခဲ့ပြီး တင်သွင်းခံရတဲ့အဆင့် အနေနဲ့က ၁ ခါရှိခဲ့ပါတယ်။ သည်းထိတ်ရင်ဖိုဇာတ်ကားဖြစ်ပေမယ့် မိသားစုနှင့် အတူ ကြည့်လို့ရပါတယ်။ ဇာတ်အိမ်ကလည်း စိတ်ဝင်စားဖို့ကောင်းပါတယ်။ငယ်သူငယ်ချင်းတွေက ငယ်ငယ်ကတည်းကသူတို့နေခဲ့တဲ့နေရာမှာပဲ ပြန်ဆုံကြ ပါတယ်။ အဲဒီအချိန်မှာ ဒေစီဆိုတဲ့မိန်းကလေးက လစ်ဇ်ကို စိတ်တိုနေခဲ့ပါတယ်။ လစ်ဇ်က ထက်မြက်သူဖြစ်တော့ တစ်ခုခုမှာတော့ အောင်မြင်အောင်လုပ်နိုင်လောက် မယ်လို့ သူက မျှော်လင့်ထားတာပါ။ ဒါပေမယ့် သူမျှော်လင့်သလိုဖြစ်မလာတဲ့အ ခါမှာတော့။ အဲဒီအချိန်မှာ ဂြိုလ်သားတွေရဲ့ ကျူးကျော်မှုကို ဘယ်လိုရင်ဆိုင်ကြ မလဲဆိုတာကိုတော့ Horror ပရိတ်သတ်တွေ ကြည့်ရှုခံစားကြပါဗျာ။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thy Santa ဖြစ်ပါတယ်)File Size..........(2 GB) / ...
movie

An Ideal Host (2020)

2020
4:44 Last Day on Earth (2011) 4.6
4:44 Last Day on Earth (2011) 4:44 Last Day on Earth (2011) ======================= IMDb Rating - 4.6/10ဒီဇာတ်ကားလေးကတော့ ဒါရိုက်တာ Abel Ferrara ရိုက်ကူး ထားတဲ့ Drama, Fantasy အမျိုးအစား ဇာတ်ကားကောင်းလေး ပဲဖြစ်ပါတယ်ခင်ဗျာ။ဇာတ်လမ်းလေးကိုတော့ ကမ္ဘာမပျက်ခင် တစ်ရက်အလိုကာလ မှာ ဇာတ်အိမ်တည်ထားပါတယ်။ နောက်နေ့မနက် ၄ နာရီ ၄၄ မိနစ် မှာကမ္ဘာကြီးရဲ့ အဆုံးအသတ်ကိုရောက်မှာဖြစ်လို့ လူတွေကလည်း ပစ္စည်းတွေအလကားပေးသူကပေး၊ ဆုတောင်းတဲ့သူကဆုတောင်း၊ သတ်သေတဲ့သူက သတ်သေနဲ့ ရှုပ်ယှက်ခတ်နေကြပါတယ်။ဒီလိုကမ္ဘာကြီးအဆုံးမသတ်ခင်နေ့ကို အဓိကဇာတ်လိုက်တွေဖြစ်ကြတဲ့ ဆစ်စကို နဲ့ စကိုင် တို့ဘယ်လိုဖြတ်သန်းကြလဲဆိုတာ စိတ်၀င်စားဖွယ် ကြည့်ရှုခံစားရမှာပဲဖြစ်ပါတယ်။ Review ဖတ်တာထက် ကိုယ်တိုင်ကြည့် ရှုခံစားတာကမှ ကမ္ဘာကြီးရဲ့အဆုံးအသတ်ကို သေချာခံစားစီးမြောနိုင် မှာဖြစ်လို့ ကိုယ်တိုင်သာကြည့်လိုက်ကြပါတော့ခင်ဗျာ။ Sex scene တွေ nudity အခန်းတွေပါတဲ့အတွက် မိသားစု‌နဲ့ကြည့်ဖို့သင့်တော်တဲ့ ဇာတ် ကားမျိုးတော့မဟုတ်ပါဘူး။ ဒီဇာတ်လမ်းရဲ့အဓိကသရုပ်ဆောင်တွေကတော့ အားလုံးသိကြတဲ့ Willem Dafoe နဲ့  Shanyn Leigh တို့ဖြစ်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Theo Katt ဖြစ်ပါတယ်)File Size..........(1.22 GB) / ...
movie

4:44 Last Day on Earth (2011)

2011
The Cell (2000) 6.4
The Cell (2000)  ဒီရုပ်ရှင်လေးက ၂၀၀၀ခုနှစ်ထွက် Sci-Fi Horrorကားလေးပါ...။သရုပ်ဆောင်တွေအနေနဲ့က Jennifer Lopez၊ Vince Vaughnတို့ပါဝင်ပြီး ဆုတံဆိပ်တွေအများကြီးရရှိခဲ့သလို Makeupနဲ့ Hairstyleပိုင်းမှာအော်စကာဇကာတင်အဖြစ်ပါခဲ့ပါသေးတယ်။ရုံဝင်ငွေကလည်း ဘတ်ဂျက်၃၃မီလီယံမှာ ၁၀၄မီလီယံအထိရရှိခဲ့တဲ့ကားလေးဖြစ်ပြီး အဲ့ဒီခေတ်အဲ့ဒီအခါက ဒီလိုဇာတ်အိမ်မျိုးကို ဒီလိုရိုက်ပြခဲ့ပါလားဆိုပြီး မြင်တွေ့ရမယ့်ကားလေးလည်းဖြစ်ပါတယ်...။ဇာတ်လမ်းအကြောင်းလေးကလည်း ခပ်ဆန်းဆန်း၊ တိုတိုရှင်းရှင်းပြောရရင်ကိုမာဝင်နေတဲ့လူရဲ့စိတ်ထဲကဝင်ပြီး ကိုယ်သိချင်တဲ့အချက်အလက်တွေဝင်ရှာပြီးရာဇဝတ်အမှုလိုက်သွားတဲ့ကားလေးပါ...။Inceptionလို မူဗီမျိုးကိုကြိုက်တတ်ရင်တော့ ဒီကားလေးကလည်းအရသာတစ်မျိုးတွေ့ဦးမှာပါ၊ ထပ်ပြီးထူးတာက ဒီကားထဲမှာhorror vibeကိုလည်းခံစားရဦးမှာပါ....၊ဇာတ်လမ်းအကျဥ်းလေးက ကွင်းဆက်လူသတ်သမားတစ်ယောက်ရှိတယ်...သူ့သတ်ဖြတ်နည်းက ခပ်ဆန်းဆန်း၊အမျိုးသမီးတွေကိုပဲ ပြန်ပေးဆွဲကာတစ်နေရာမှာဖွက်ထားပြီး ရေနှစ်သေအောင်လုပ်တယ် ပြီးမှ အရုပ်မဖြစ်အောင်အရောင်ချွတ်ဆေးတွေနဲ့မွမ်းမံပြီး ရဲတွေတွေ့အောင်ပစ်သွားတာ...။ရဲတွေကသူ့ကိုတော်တော်နဲ့မဖမ်းနိုင်ခဲ့ဘူး...။ဘယ်အချိန်မှ ဖမ်းမိသွားလဲဆိုတောအဲ့ဒီလူသတ်သမားကိုမာဝင်သွားမှ ဖမ်းမိတယ်...။အဖမ်းခံရတဲ့အချိန်မှာလည်း အမျိုးသမီးတစ်ယောက်ကို ပြန်ပေးဆွဲပြီးသား...၊ဒီတော့ ပြန်ပေးဆွဲခံတဲ့အမျိုးသမီးရဲ့တည်နေရာကို သူ့ကိုမေးဖို့အတွက်ခုနကပြောတဲ့ တစ်ဖက်လူရဲ့စိတ်ထဲဝင်လို့ရတဲ့နည်းပညာတွေလိုလာပြီပေါ့။အဲ့ဒီနည်းပညာတွေနဲ့ လူသတ်သမားရဲ့စိတ်ထဲကိုဝင်ကြည့်မိတဲ့အခါမှာတော့....။အဲ့ဒီခေတ်အခါက ဇာတ်အိမ်ဆန်းဆန်းနဲ့ ရိုက်ကွင်းရိုက်ကွက်တွေကိုတစ်ဖန်ပြန်ခံစားချင်တဲ့သူတွေအတွက်တော့ ဇာတ်ကားကောင်းလေးဖြစ်မှာပါ။  File size…1.90 GB / 840 MB Quality…Blu-Ray 1080p 5.1CH  / 720p Format…mp4 Duration….1h 47m Genre ….. Crime , Horror , Sci-Fi Subtitle….Myanmar Subtitle ...
movie

The Cell (2000)