Channel Myanmar

Si-Fi

Transcendence(2014) 6.3
Transcendence(2014) Transcendence(2014) 2014 ထွက် Drama | Mystery | Sci-Fi ဇာတ်ကားတစ်ကားပါ... Dr. Will Caster နဲ့ Evelyn တို့ ဇနီးမောင်နှံဟာ သူငယ်ချင်းဖြစ်သူ Max Waters နဲ့ အတူ Pinn ကို တီထွင်နိုင်ခဲ့ကြပါတယ်.... PINN ဆိုတာဟာ သူ့ဆီမှာ ရှိတဲ့ အချက်အလက်အကုန်လုံးကို လျှင်မြန်စွာ တွက်ချက်ပြီး အဖြေထုတ်နိုင်ပေမယ့် ကိုယ်ပိုင်အသိဥာဏ် ဖြင့် စဉ်းစားဆင်ခြင်နိုင်တဲ့အဆင့်ထိတော့ မရသေးပါဘူး... နည်းပညာရပ်ဆိုင်ရာ ဟောပြောပွဲ တခုမှာ Will Caster ဟာ လုပ်ကြံခံခဲ့ရပြီး သူ့ရဲ့တခြားသော team တွေအကုန်လုံးလဲ လုပ်ကြံသတ်ဖြတ်ခံလိုက်ရတဲ့အပြင် သူတို့ Research တွေလည်းလုံးဝဖျက်ဆီးခံလိုက်ရပါတယ်... နည်းပညာကလူတွေကိုလွှမ်းမိုးလာတာကိုမလိုလားတဲ့လူတစ်စုကြောင့်ပေါ့ သူတို့ကတော့ "Revolutionary Independence From Technology" (R.I.F.T.)ပါ လုပ်ကြံမှုကြီးပြီးတဲနောက်မှာတော့  Will Caster ဟာ  သူ့အတွက် ရွေးချယ်မှုတစ်ခုသာရှိပါတော့တယ်.. ..အဲ့ဒါနောက်ဘာတွေဆက်ဖြစ်မလဲဆိုတာကိုတော့..... ဒီကားက ရဲ့ခေါင်းဆောင်မင်းသားကြီး Johnny Depp  ကိုတော့ ထွေထွေထူးထူး မိတ်ဆက်ပေးစရာမလိုတော့ဘူးထင်ပါတယ်...ဒါအပြင် Morgan Freemanလည်းပါနေသေးရဲ့.. ဒီဇာတ်ကားဟာ ၂၀၁၄တုန်းက ရိုက်ခဲ့တာဖြစ်ပေမယ့် ဒီနှစ်အတွင်းမှာ Google က announce ...
6.3
IMDB: 6.3/10 195,608 votes
movie

Transcendence(2014)

2014
Armageddon (1998) 6.6
Armageddon (1998) ဒီဇာတ်ကားနဲ့ ပတ်သက်ပြီး ကျွန်တော့်ရင်ထဲမှာပြောချင်တာတွေအရမ်းများနေတယ်။ ပြောချင်တာတွေချရေးလိုက်တိုင်း ဆိုလိုရင်းကိုမထိရောက်သေးသလိုခံစားနေရတယ်။ ဒီဇာတ်ကားကပေးတဲ့ခံစားချက်တွေ ကျေနပ်မှုတွေ မကျေနပ်မှုတွေ မချိတင်ကဲတွေ အစုံစုံကိုကျွန်တော်အသေးစိတ်ရေးပြချင်တယ်....ဒီနေရာမှာကျွန်တော့်ရဲ့အားနည်းချက်ကအထင်းသားပေါ်တာပဲ... စာချရေးလိုက်တိုင်းမှာအဲ့ဒီခံစားချက်တွေပါမလာသလိုကျွန်တော်ခံစားနေရတယ်..ဒါနဲ့ပဲ ရေးထားသမျှတွေအကုန်ပြန်ဖျက်လိုက်တယ်.... ဒီလိုဇာတ်ကားမျိုးကိုညွှန်းပေးဖို့ကျွန်တော်မထိုက်တန်ဘူး။မိတ်ဆွေတို့ဖာသာပဲခံစားကြည့်ရှုလိုက်ပါတော့။ ကျွန်တော့်တုန်းကတော့ "ဝိုင်ပြင်းပြင်းတစ်ခွက်ကို ဇိမ်နဲ့သောက်နေရသလိုမျိုး " ခံစားမိခဲ့တယ်....သီချင်းသံလေးတွေ အပြုံးလေးတွေကအစ ရင်ထဲသိမ်းထားမိခဲ့တဲ့ သိပ်ကိုကြိုက်တဲ့ဇာတ်ကားလေးဖြစ်ခဲ့ပါတယ်။ ဇာတ်ဆောင်တွေကတော့ မင်းသားကြီး ဘရုစ်ဝီလီ...မင်းသား Ben Affleck တို့ဖြစ်ပါတယ်။မင်းသမီးကတော့ ကျွန်တော့်ကို အံ့သြမင်တက်စေခဲ့တဲ့ အလှကျက်သရေတွေနဲ့ မင်းသမီး Liv Tyler ပါ။ဇာတ်ရံတွေကလဲနာမည်ကြီးတွေပါပဲ။ Rating တွေကိုတော့ မပြောခဲ့တော့ဘူး....ယုတ္တိမရှိရင် နှလုံးသားကိုလဲ နားလည်မခံစားပေးချင်တဲ့ ဒီ Rating ပေးတဲ့ကောင်တွေကို အမြင်ကပ်နေလို့ပါပဲ။ (Myo Min Aung မှခံစားတင်ဆက် ဘာသာပြန်ပေးထားတာပါ။) File size…(1.1 GB) and (610 MB) Quality…Blu-Ray Rip 720p Format…mp4 Duration….02:30:50 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Myo Min Aung
6.6
IMDB: 6.6/10 352,374 votes
movie

Armageddon (1998)

1998
Black Panther (2018) MCU 7.8
Black Panther (2018) MCU ရာစုနှစ်ပေါင်းများစွာက ဘလက်ပန်သာဆိုတဲ့ စူပါဟီးရိုး ဟာ အာဖရိကန်လူမျိုးစုငါးစုကို တစုတစည်းတည်း ပေါင်းစည်း လိုက်ပြီး ဝါကန်ဒါနိုင်ငံကို တည် ထောင်အုပ်ချုပ်ခဲ့ပါတယ်။ ဝါကန်ဒါနိုင်ငံသားတွေဟာ ဗိုင်ဘ ရေနီယံသတ္တု အသုံးပြုပြီးတော့ ခေတ်ရှေ့ပြေး နည်းပညာတွေ ဖွံ့ဖြိုးအောင် လုပ်ဆောင်ကာ သီးခြားကမ္ဘာတစ်ခုလို နေထိုင် ခဲ့ကြပါတယ်။ ဝါကန်ဒါနိုင်ငံကို အုပ်ချုပ် နေတဲ့ တီချာကာဘုရင်ကြီး သေ ဆုံးသွားပြီးနောက်မှာတော့ သူ့ရဲ့ သားဖြစ်တဲ့ တီချယ်လာဟာဘလက်ပန်သာနေရာကို ဆက်ခံ အုပ်ချုပ်ဖို့အတွက် မွေးရပ်မြေကို ပြန်ရောက်လာခဲ့ပါတယ်။ နိုင်ငံ တစ်ခုရဲ့ အုပ်ချုပ်သူနေရာက လွယ်ကူလှတဲ့ အနေအထားမျိုး မဟုတ်တာမို့ တီချယ်လာဟာအုပ်ချုပ်သူရဲ့ တာဝန်တွေသာမ က စူပါဟီးရိုးဘလက်ပန်သာ တစ်ယောက်အဖြစ်နဲ့ နိုင်ငံကိုကာကွယ်နိုင်ရေးအတွက်ပါ ပြင် ဆင်မှုတွေ လုပ်ခဲ့ရပါတယ်။ အဲဒီနောက်မှာတော့ ဝါကန် ဒါကို ဒုက္ခပေးဖို့အတွက် စွမ်းအား မြင့် ရန်သူတော်တွေ ပြန်ပေါ်လာ ခဲ့တာမို့ ဘလက်ပန်သာအသစ် ဖြစ်တဲ့ တီချယ်လာအတွက် စိန် ခေါ်မှုတွေ ဖြစ်လာခဲ့ပါတယ်။ ဒါတင်မက စစ်ပွဲတွေဖြစ် လာဖို့ အခြေအနေတွေ ...
7.8
IMDB: 7.8/10 201,861 votes
movie

Black Panther (2018) MCU

2018
Blu-Ray 1080p
Spider-Man: Homecoming (2017) MCU 7.9

Spider-Man: Homecoming (2017) MCU

2017
Predestination(2014)
Predestination(2014) Screen Shots     ရုပ်ရှင်သမိုင်းတွင် အထူးခြားဆုံး ဇာတ်ကားတစ်ကားပါ။ ဘာကြောင့်ထူးခြားတယ်ဆိုတာ ကြည့်ဖူးသူတိုင်းသိကြပါလိမ့်မယ်။ ကျွန်တော်ဘာကြောင့်ဆိုတာ မပြောလိုပါ။ ဒီဇာတ်ကားအကြောင်း မသိလေ ပိုကောင်းလေပါပဲ။ ထိုမှသာ ဒီကားဘာကြောင့် ဘယ်လို ကောင်းတယ်ဆိုတာကို မျက်မြင်ကိုယ်တွေ့ သက်သေထူနိုင်မှာ ဖြစ်သောကြောင့်ပင်ဖြစ်ပါတယ်။ ကျွန်တော် ဦးနှောက်ကို စဉ်းစားစရာ အတွေးတွေနဲ့  အလုပ်လုပ်စေခဲ့ပြီး တစ်ချိန်တည်းမှာပဲ ကျွန်တော်ရဲ့ နှလုံးသားကို အရည်ပျော်သွား စေခဲ့တဲ့ ရုပ်ရှင်တစ်ကားပဲဖြစ်ပါတယ်။ ဇာတ်လမ်းကို အတိုချုံးပီး ပြောရမယ်ဆိုရင်တော့ Fizzle Bomber ဆိုတဲ့ အကြမ်းဖက် Bomber တစ်ယောက်ကို Time Travelling လုပ်ပြီး လိုက်ဖမ်းဆီးဖို့ ကြိုးစားတဲ့ စုံထောက်တစ်ယောက်အကြောင်းပါပဲ။ ဒီလောက်သိရင် လုံလောက်ပါပြီ။ ကျွန်တော်ကြည့်ဖူးသမျှ ရုပ်ရှင်ဇာတ်ကောင်တွေထဲမှာ ဒီ Predestination ရုပ်ရှင်ရဲ့ ဇာတ်ကောင်ဟာ သနားဖို့ အကောင်းဆုံးဇာတ်ကောင်တစ်ယောက်ပဲ ဖြစ်ပါတယ်။ သူ့ဘဝရဲ့ အဖြစ်မှန်ဟာ အလွန်ကို ထူးဆန်းပြီး အလွန်ကို ...
IMDB: /10 votes
movie

Predestination(2014)

Lucy (2014) 6.4
Lucy (2014) Screen Shots     လူစီဟာ ထိုင်ဝမ်နိုင်ငံ တိုင်ပေမြို့မှာ ကျောင်းတက်နေတဲ့ ကျောင်းသူတစ်ယောက်ပါ။ သူ့ရဲ့ ရည်းစားက သူ့ကို လိမ်ခေါ်လာတာကြောင့် ကိုရီးယားက လူဆိုးအဖွဲ့တစ်ဖွဲ့ဆီမှာ အဖမ်းခံရပါတယ်။ သူ့ရည်းစားလည်း အသတ်ခံရပြီး သူကတော့ CPH4 လို့ခေါ်တဲ့ စိတ်ကြွဆေးတစ်မျိုးကို သယ်ဆောင်ပေးဖို့ အကြပ်ကိုင်ခံရပါတယ်။ ဘယ်လို သယ်ဆောင်ပေးရမလဲဆိုတော့ သူ့ဗိုက်ကိုခွဲ၊ CPH4 အိတ်ကို ဗိုက်ထဲ ထည့်ပေးလိုက်ပါတယ်။ သူလိုမျိုး ထည့်ပေးခံလိုက်ရသူ ၄ ဦးရှိပြီး မတူညီတဲ့ နေရာတွေဆီ ပို့ပေးရမှာပါ။ ဒါပေမယ့် သူ့ကို စောင့်ပေးရတဲ့ လူဆိုးတစ်ယောက်နဲ့ ပြဿနာတက်ပြီး ဗိုက်ကို အကန်ခံရတာကြောင့် CPH4 အိတ်ပေါက်သွားပြီး ခန္ဓာကိုယ်ထဲကို CPH4 တွေ တိုက်ရိုက်ဝင်ကုန်ပါတယ်။ ပရော်ဖက်ဆာ ဆမ်မြူရယ် နော်မန်ဟာ သက်ရှိတွေရဲ့ ဦးနှောက်နဲ့ အာရုံကြောတွေ တိုးတက်ပြောင်းလဲလာမှုကို သုတေသနပြု စာတမ်းရေးသားနေသူဖြစ်ပြီး သူ့ရဲ့ သီအိုရီအရ လူသားတွေဟာ သူတို့ဦးနှောက်ရဲ့ ...
6.4
IMDB: 6.4/10 332,654 votes
movie

Lucy (2014)

2014
Inception (2010) 8.8
Inception (2010) IMDb Rating (8.8/10) Rotten Tomatoes (86%) ဒီကားကို စကြည့်တုန်းက သူ့ဘာပြောချင်တာလည်း ဆိုတာ ချက်ချင်း သဘောမပေါက်ဘူး - မပေါက်ဆို ကိုယ်တွေ နေ့စဉ် ဖြတ်သန်းတွေ့ထိနေတဲ့ အတွေးအခေါ်တွေနဲ့ လုံးလုံးကို တူမှ မတူတာ - နောက်ပိုင်းကို ရောက်သွားတော့မှ တဖြေးဖြေး သဘောပေါက်လာတယ် - ခုဆို ပြန်ကြည့်တာ လေးခေါက်မြောက်သွားပြီ - ဘာရယ်တော့ မဟုတ်ဘူး - သူတို့ရဲ့ အတွေးနဲ့ ဖန်တီးနိုင်စွမ်းကို သဘောကျမိလို့ပါ - ကိုယ်မတွေးမိတဲ့ အတွေးကို သူတို့တွေးမိတယ် - မဖြစ်နိုင်ဘူးလို့ လူတိုင်း သိထားတဲ့ စိတ်ကူးတစ်ခုကို တစ်ခြားသူတစ်ယောက်ဆီ လက်ဆင့်ကမ်းတဲ့ အချိန်မှာ အဲ့ဒီလူ မှင်သတ်လက်ခံနိုင်အောင် ပုံဖော်ပြတဲ့ ရိုက်ချက်တွေက အကွက်စေ့လွန်းတယ် - လူတစ်ယောက်ရဲ့ စိတ်ကူးထဲမှာ ရှိနေတဲ့ Idea ကို အိပ်မက်ဖြစ်ရပ် တစ်ခုအဖြစ် ...
8.8
IMDB: 8.8/10 1,489,067 votes
movie

Inception (2010)

2010
The Hunger Games: Catching Fire 7.5
The Hunger Games: Catching Fire ဒီနေ့တော့ ပရိတ်သတ်အကြိုက် ဇာတ်ကားကောင်း တစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ်။ The Hunger Games: Catching Fire က ပထမကား The Hunger Games ထက် အများကြီး ပိုကောင်းပါတယ်။ အဲ့ဒီတော့ ပထမကားကို ကြိုက်တဲ့ပရိတ်သတ်တွေအနေနဲ့ ဒီကားကို ကြိုက်ကြမှာသေချာပါတယ်။Hunger Games အကြောင်း မသိသေးတဲ့သူတွေအတွက် အနည်းငယ်ပြောပြချင်ပါတယ်။ ဒီကားက The Hunger Games စာအုပ်ကို ရုပ်ရှင်ပြန်ရိုက်ထားတာဖြစ်ပါတယ်။ ဇာတ်လမ်းက မြောက်အမေရိက တိုက်ကို အခြေခံပြုထားပြီး ကမ္ဘာကြီးကပ်ဆိုက်ပြီးတဲ့နောက်မှာ ကျန်ခဲ့တဲ့ နိုင်ငံတွေက စုပေါင်းပြီး Panem ဆိုတဲ့နိုင်ငံကြီးတစ်နိုင်ငံဖြစ်ပေါ်လာပါတယ်။ အဲ့ဒီနိုင်ငံကို Capitol လို့ခေါ်တဲ့ လူချမ်းသာတွေနေတဲ့ မြို့က အုပ်ချုပ်ပြီး ကျန် ပြည်နယ် ၁၂ ခု ကတော့ ဆင်းဆင်းရဲရဲနေနေရပါတယ်။ Hunger Games တွေဖြစ်ပေါ်လာပုံကတော့ အဲ့ဒီပြည်နယ်တွေက ဆင်းရဲသားတွေက Capitol ကို ...
7.5
IMDB: 7.5/10 543,415 votes
movie

The Hunger Games: Catching Fire

2013
Rogue One : Star Wars 2016 8.1
Rogue One : Star Wars 2016     Sci-fi ကြိုက်သူပရိတ်သတ်တွေအတွက် epic sci-fi လေးတစ်ခု တင်ပေးထားပါတယ်။ Star Wars တွေဟာသိပ္ပံစိတ်ကူးယဉ်ရုပ်ရှင်သမိုင်းရဲ့ အကျော်ကြားဆုံး ရုပ်ရှင်ဇတ်လမ်းတွဲတွေထဲက တစ်ခုပါပဲ။ ပထမဆုံး Star Wars ရုပ်ရှင်ကိုတော့ ၁၉၇၇ မှာ ပြသခဲ့ပြီး သူ့နောက်မှာ ၂ ကားဆက်တိုက်ထွက်ပြီး အဆုံးသတ်သွားခဲ့ပါတယ်။ ဒါပေမယ့် 1999 ကနေစလို့ နောက်ထပ် ၃ ကားထပ်ပြသခဲ့ပြီး လက်ရှိ ၂၀၁၅ မှာ တစ်ကား ၂၀၁၆ မှာ တစ်ကား ထပ်မံထွက်ရှိထားပါတယ်။ ဇာတ်လမ်းအကျဉ်းမှာတော့ ဟိုးရှေးရှေးတုန်းက ဝေးကွာလှတဲ့ နဂါးငွေ့တန်းတစ်နေရာမှာ ဂြိုလ်ပေါင်းများစွာ စုစည်းနေထိုင်ကြပြီး လွှတ်တော်နဲ့ ဒီမိုကရေစီစနစ်နဲ့ နေထိုင်ကြပါတယ်။ လွှတ်တော်အောက်မှာတော့ စကြ၀ဠာရဲ့ ငြိမ်းချမ်းရေးထိန်းသိမ်းသူတွေဖြစ်တဲ့ Jedi သူရဲကောင်းတွေ ရှိနေပါတယ်။ Jedi တွေဟာ သက်ရှိတွေအားလုံးအတွင်းနဲ့ပတ်လည်မှာတည်ရှိနေတဲ့ Force ဆိုတဲ့ စွမ်းအင်ကို သုံးစွဲနိုင်သူတွေ ဖြစ်ပြီး သူတို့ရဲ့ အလင်းဓားတွေနဲ့အတူ ကျော်ကြားကြပါတယ်။ Force ကိုပဲ Dark Side အမှောင်ခြမ်းမှ စွမ်းအင်ကို ယူသုံးတဲ့ Sith တွေကတော့ ...
8.1
IMDB: 8.1/10 252,198 votes
movie

Rogue One : Star Wars 2016

2016
Star Trek Beyond (2016) 7.1
Star Trek Beyond (2016) Star Trek Beyond ကနဦးစွာ ကျွန်တော်ပွင့်ပွင့်လင်းလင်း ဝန်ခံပါရစေ။ Director Justin Lin တစ်ယောက် ဒီဇာတ်ကားကို ရိုက်မယ်လို့ ကြားသိလိုက်ရတဲ့အချိန်မှာ ကျွန်တော်အလွန်စိတ်ပျက်မိခဲ့တယ်။ Fast and Furious ကောင်က ကိုယ်တွေကြိုက်တဲ့ Star Trek ကိုဖျက်ဆီးပစ်လိုက်မယ်ဆိုတဲ့ စိုးရိမ်စိတ်နဲ့ ပေါ့။ အခုလိုပြောလိုက်လို့ စာဖတ်သူတို့ ဘာမှ စိတ်မပူပါနဲ့ ။ တစ်ကယ်တော့ ဒီဇာတ်ကားဟာ တစ်ကယ်ကို ကောင်းမွန်တဲ့ Star Trek ဇာတ်ကားကောင်းတစ်ကားအဖြစ် ယခုဆို ရပ်တည်နိုင်ခဲ့ပြီလေ။ -------------------------------------------------------------------------------- ကျွန်တော်တို့ လွန်ခဲ့တဲ့ 3 နှစ်ခန့် လောက်ကို ပြန်သွားကြည့်ရအောင်ဗျာ။ Star Trek into Darkness က တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ ဝင်ငွေ $467 Million နဲ့ အောင်ပွဲခံနေတဲ့အချိန်ပေါ့။ တစ်ချို့ ကတော့ သူတို့ သဘောကျတဲ့ Khan ဇာတ်ကောင်ကို သရုပ်ဖော်တာ ...
7.1
IMDB: 7.1/10 184,688 votes
movie

Star Trek Beyond (2016)

2016
Blu-Ray 720p
Blade Runner (1982) 8.2
Blade Runner (1982) 1982 ခုနှစ်မှာထွက်ရှိလာခဲ့တဲ့ Blade Runner ကားဟာလက်ရှိ 2017 ကာလဆီကိုဦးတည်ရိုက်ကူးထားတဲ့ကားတစ်ကားပါ။ ဇာတ်လမ်းအကျဉ်းကတော့ မိုးပျံကားတွေ အထပ်မြင့်အဆောက်အဦတွေနဲ့ ပြောင်းလဲနေပြီဖြစ်တဲ့ ကမ္ဘာကြီးမှာအထူးပြောင်းလဲမှူလို့ခေါ်နိုင်တာတစ်ခုလဲရှိနေပါတယ်။ အဲ့တာကတော့ Replicants လို့ခေါ်တဲ့ ပုံတူစက်ရုပ်တွေပါပဲ။ လူသားနဲ့ချွပ်စွပ်တူတဲ့ အဲ့စက်ရုပ်တွေက ခံစားချက်တွေပေါက်ဖွားလာနိုင်တာကို လူသားတွေသိတဲ့အခါ သုတ်သင်ပစ်ဖို့ကြိုးစားရပါတော့တယ်။ မင်းသားကြီး ဟယ်ရီဆင်ဖို့ဒ်က Blade Runner လို့ခေါ်တဲ့ မုဆိုးတစ်ယောက်။ထွက်ပြေးလွတ်မြောက်နေတဲ့ Replicant တွေကိုရှာဖွေ သတ်ဖြတ်ပေးရမယ့်တာဝန်နဲ့ ဇာတ်လမ်းကို အစချီထားပါတယ်။ သာမာန်သိပ္ပံကားတွေနဲ့ မတူတာကတော့ ဒီစက်လမ်းက စုံထောက်ဇာတ်လမ်းအသွားမျိုးလို့ပြောလို့ရပါတယ်။ ရိုးရိုးသားသားဝန်ခံရရင် စကြည့်ကာစကတော့ သိပ္ပံဇာတ်လမ်းတွေရဲ့ ထုံးစံအတိုင်း စက်ရုပ်တွေကလူဆိုးတွေဖြစ် လူဆိုးတွေကိုရှင်းလင်းလိုက်တဲ့ကားမျိုးပဲထင်ခဲ့တာပါ။ ကြည့်ရင်းနဲ့ ဒီကားက Imdb Rating 8.2နဲ့ Rotten Tomatoes 90% ရလဲရထိုက်ပါပေတယ်လို့ပဲကောက်ချက်ချလိုက်ပါတယ်။ သိပ်မကြာခင် ဒီဇာတ်လမ်းရဲ့ နောက်ဆက်တွဲ Blade Runner 2022လဲ ထွက်ရှိလာတော့မယ်ဆိုတာကိုအကြောင်းကြားရင်း ဒီကားလေးကို အရင်ခံစားကြည့်ဖို့ တိုက်တွန်းလိုက်ရပါတော့တယ်။   (ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ အေးမွန်ကျော်ပါ)   File Size : (900 MB) and (330 MB) Quality ...
8.2
IMDB: 8.2/10 518,000 votes
movie

Blade Runner (1982)

1982
Blu-Ray 720p
The Prestige (2006) 8.5

The Prestige (2006)

2006
Singularity 5.4
Singularity   ဒီကားလေးကတော့ စိတ်ကူးယဉ်ဆန်ဆန်သိပ္ပံကားလေးတစ်ကားဖြစ်ပါတယ်.... ထူးချွန်တဲ့သိပ္ပံပညာရှင်ညီအစ်ကိုနှစ်ယောက်ဟာ သူတို့ရဲ့နည်းပညာတွေကိုတိုးမြှင့်ဖို့အတွက် အကောင်းဆုံးဆိုတာကိုလုပ်ဆောင်ချင်လာကြပါတယ်... ဒါကြောင့်လည်း သူတို့ရဲ့အကောင်းဆုံးပေးဆပ်မှု့တွေကိုခံစားဖို့အတွက် အဆုံးဆိုးနဲ့ သဘာဝတရားကြီးကိုဖျက်ဆီးနေကြတာ လူသားတွေဆိုတာကို ယုံကြည်လာကြပါတယ်... တစ်နေ့မှာတော့ သူတို့ရဲ့အကြီးမားဆုံးတီထွင်မှု့အတွက်သူတို့အသက်တွေကိုပေးဆပ်လိုက်ကြပြီး မကောင်းဘူးလို့သတ်မှတ်ထားခဲ့ကြတဲ့လူသားမျိုးနွယ်ကို တစစီဖျက်ဆီးခဲ့ပါတယ်... ခံစားချက်ရှိပြီး ဆိုးရွားတာတွေကိုပဲလုပ်နေတဲ့လူသားတွေနေရာမှာ သက်မဲ့စက်ရုပ်တွေကိုအစားထိုးပြီး ကမ္ဘာကိုသာယာအောင်ဖန်တီးနိုင်ကြမယ်လို့လည်းသူတို့ယူဆခဲ့ကြပါတယ်.... ဒါကြောင့်လည်း လူသားမျိုးနွယ်ကိုဖျက်ဆီးပြီး လူသားတွေနေရာမှာ သက်မဲ့စက်ရုပ်တွေကို အစားထိုးခဲ့ပါတယ်... သူတို့ဟာဥာဏ်ကြီးရှင်တွေဖြစ်တဲ့အတွက် ထာဝရမသေဆုံးနိုင်တဲ့ အရာတွေအဖြစ်တည်ရှိနေကြပြီး နောက်ဆုံးကျန်တဲ့ လူသားမျိုးနွယ်များရှိတယ်လို့ယူဆရတဲ့ မြို့လေးတစ်မြို့ကို သူတို့ရဲ့နည်းပညာမြင့် စက်ရုပ်တစ်ရုပ်နဲ့အစားထိုးပြီး သွားရောက်ဖျက်ဆီးဖို့ကြိုးစားကြမှာပဲဖြစ်ပါတယ်... ဒီကားလေးထဲမှာပေးချင်တဲ့ အချက်ကတော့ သူတို့ယူဆချက်တွေဟာတချို့တ၀က်သာမှန်ကန်ခဲ့ပါတယ်... နောက်ပြီးလူသားတိုင်းပဲ ခံစားချက်ရှိတာမဟုတ်ပါဘူး... လူသားမဟုတ်တဲ့ သက်မဲ့စက်ရုပ်တစ်ရုပ်တောင် အချစ် ဆိုတဲ့ထူးဆန်းတဲ့အရာနဲ့ကြုံတွေ့လာတဲ့အခါ ပြောင်းလဲမှု့တချို့ဟာစတင်လာခဲ့ပါတော့တယ်.... ဒါကြောင့် သိပ္ပံကားထူးထူးဆန်းဆန်းလေးနဲ့ စက်ရုပ်ကားတွေကြိုက်တဲ့လူတွေအတွက်ကတော့ အတိုင်းတာတစ်ခုထိစိတ်ကျေနပ်မှု့ရစေမယ့် ကားလေးဖြစ်ပါတယ်....   File Size : (794MB) and (275 MB) Quality : 720p Web DL Running Time : 1hr 32min Format : Mp4 Genre :Sci-Fi Subtitle : Myanmar Subtitle (Hard Sub) Source : 720p Web DL Translated by Thet Htar Phyu Encoded by ...
5.4
IMDB: 5.4/10 9,162 votes
movie

Singularity

2017
The Host (2006) 7.0
The Host (2006) Horror ကား​တွေ Action ကား​တွေပဲ ​နေတိုင်းကြည့်​​နေရလို့ ညီး​ငွေ့​နေတဲ့ပရိတ်​သတ်​ကြီးအတွက်​ ​အ​ကောင်​ကား​ကောင်း​လေးတစ်​ကားနဲ့ မိတ်​ဆက်​​ပေးချင်​ပါတယ်​ 2006 ခုနှစ်​က ထွက်​ရှိထားတဲ့ The host ဆိုတဲ့ကား​လေးကို လူတိုင်းနည်းပါးကြည့်​ဖူးကြမှာပါ ဘယ်​​တော့ပြန်​ကြည့်​ကြည့်​ မရိုးနိုင်​တဲ့ ကား​ကောင်း​လေးတစ်​ကားပါ ဇာတ်​လမ်း​လေးက​တော့... ဓာတု​ဗေဒဓာတ်​ခွဲခန်းတစ်​ခုက​နေ စွန့်​ပစ်​လိုက်​တဲ့ စွန့်​ပစ်​ပစ္စည်း​တွေ​ကြောင့်​ ထူးဆန်းတဲ့ အ​ကောင်​ကြီးတစ်​​ကောင်​ ဟန်​မြစ်​ထဲက​နေထွက်​​ပေါ်လာပြီး လူ​တွေကို ဒုက္ခ​ပေးပါ​တော့တယ်​ အဲ့အ​ကောင်​ကြီးနဲ့ မြစ်​ဆိပ်​မှာ ရုတ်​ရုတ်​သဲသဲဖြစ်​​နေကြချိန်​မှာ ဂန်​ဒူးဆိုတဲ့လူနဲ့ သူရဲ့သမီး​လေး ​ယောင်​ဆူးတို့ လူကွဲသွားကြပါ​တော့တယ် ​ထို သားအဖ​တွေ ပြန်​​တွေ့ကြမလားဆိုတာ​တော့ ... ဒါ​ပေမဲ့ အ​ကောင်​ကား​ပေမဲ့ အရမ်း feel လို့​ကောင်းတဲ့ကား​လေးမို့ လက်​မလွတ်​တမ်းကြည့်​သင့်​တယ်​လို့ ​ပြောချင်​ပါတယ်​​နော်​   (ဘာသာပြန်သူကတော့ Myint Thinzar ပါ)   File Size : (950 MB) and (370 MB) Quality : Blu-Ray 720p Running Time : 2hr 1min Format : Mp4 Genre :Action, Horror, Sci-Fi Subtitle ...
7.0
IMDB: 7.0/10 77,131 votes
movie

The Host (2006)

2006
Transformers: The Last Knight (2017) 5.2
Transformers: The Last Knight (2017) ၅ ကားမြောက် ထရန်စဖော်မာကားကို တင်ပေးထားပါတယ်။   အရင်ဇာတ်လမ်းမှာ အော့ပ်တိမက်စ် ပရိုင်းဟာ သူ့ရဲ့ဖန်ဆင်းရှင်တွေကို ရှာဖို့ အာကာသထဲကိုထွက်သွားပြီး ပြန်မလာခဲ့ပါဘူး။   သူမရှိချိန်အတွင်းမှာ လူသားတွေဟာ အရင်ရုပ်ရှင်က တိုက်ပွဲအကျိုးဆက်အဖြစ်   အော်တိုဘော့တွေကိုပါ တရားမ၀င်ကြေညာပြီး တိုက်ခိုက်နေပါပြီ။   ခေါင်းဆောင်မဲ့နေတဲ့ အော်တိုဘော့တွေကို ကိတ်ရေဂါက ဖွက်ပေးထားစောင့်ရှောက်ထားရပါတယ်။   ဒီဇာတ်လမ်း အစကတော့ ဘုရင်အာသာနဲ့ မာလင်ခေတ်က ထရန်စဖော်မာတွေရဲ့   လျို့ဝှက်သမိုင်းကြောင်းကို အခြေခံထားပါတယ်။ အော့ပ်တိမက်စ်ရဲ့ ဖန်ဆင်းရှင်က   ကမ္ဘာကိုဖျက်ပြီး ဆိုက်ဘာထရွန်ကို ပြန်မွေးဖွားဖို့ကြိုးစားတာကို အော်တိုဘော့တွေ၊   မာလင်ရဲ့မျိုးဆက် နဲ့ ရွေးချယ်ခံရတဲ့ နောက်ဆုံးသူရဲကောင်းစစ်သည်တို့   စုပေါင်းကာကွယ်ကြပုံကို တွေ့ရပါလိမ့်မယ်။   (ဘာသာပြန်ပြီး အညွှန်းရေးပေးသူ Little Neo ဖြစ်ပါတယ်)   File Size : (1.5 GB) and (720 MB) Quality : Blu-Ray 720p Running Time : 2hr 29min Format : Mp4 Genre ...
5.2
IMDB: 5.2/10 71,292 votes
movie

Transformers: The Last Knight (2017)

2017
Blu-Ray 720p
(James Bond)Moonraker(1979) 6.3
(James Bond)Moonraker(1979) James Bond ဇာတ်ကားတွေရဲ့ နံပါတ် (၁၀) ဇာတ်ကားကို မြန်မာစာတန်းထိုး အကောင်းဆုံး Quality နဲ့တင်ဆက်လိုက်ပါပြီ။ James Bond ဇာတ်ကားတွေ ထွက်ရှိခဲ့တာ မင်းသားကြီး ရှောင်ကွန်နရီရဲ့ Dr.No (1962) ကနေ အခုနောက်ဆုံးထွက် Spectre (2015) ထိ (၂၄) ကားရှိပါတယ်။ကျွန်တော်တို့Channel Myanmar အနေနဲ့ ထွက်ရှိပြီးသမျှ James Bond (၂၄) ကားလုံးကို မြန်မာစာတန်းထိုး အကေင်းဆုံးQuality နဲ့တင်ပေးဖို့ ကြိုးစားသွားမှာပါ။အားပေးကြသူ သူငယ်ချင်းများအားလုံးကို ကျေးဇူးတင်ပါတယ်ခင်ဗျာ။အရင်တင်ခဲ့တဲ့ကား ၉ ကားရှိပါတယ် တစ်ချို့တွေလည်း ပြန်ဒေါင်းရအဆင်မပြေတာတွေရှိပါလိမ့်မယ်။အဲ့ဒီအတွက် ကျွန်တော်တို့ပြန်ချိတ်ဖို့ကြိုးစားနေပါတယ်။ခုက ၁၀ကားမြောက် Moonraker  ဖြစ်ပါတယ်... File Size…(1.06GB) and (410MB) Quality… 720p Format…mp4 Duration…02:06:00 Subtitle…Myanmar Subtitle(Hardsub) Encoder...Phyo Pyae
6.3
IMDB: 6.3/10 75,131 votes
movie

(James Bond)Moonraker(1979)

1979
ReLIFE (2017) 7.5
ReLIFE (2017) Japan Drama ကားအလန်း​လေးပါ Japan drama ကား​တွေ ရဲ့ဇာတ်​​ကြောင်း​ထုံးစံအတိုင်းအနည်းငယ်​ထူးဆန်းလိုက်​ရမှာဆို​တော့ကာ 27 နှစ်​အရွယ်​ ကာဇာကီဟာ လုပ်​ငန်း​ရေးရာသိပ်​မ​ပြေ​တော့ ကုမ္ပဏီ​တွေက လည်းခဏခဏဆိုင်းငံခံ​နေရသူပါ ဖိအားများလာ​ပေမယ့်​လည်းသိက္ခာဆိုတာ ရှိ​သေး​တော့ အ​ပေါင်းအသင်း​တွေကြားဟန်​ကိုယ့်​ဖို့မာန်​သူ့ဖို့ဆိုသလို ဟန်​​ဆောင်​ထားရတာ​ပေါ့ တစ်​​နေ့မှာထူးဆန်းချင်​​တော့ ယိုအာကီဆိုတဲ့လူငယ်​​လေးနဲ့ဆုံပြီးအလုပ်​ကိစ္စတစ်​ခုကမ်းလှမ်းခံရပါ​တော့ တယ်​ ReLife ဆိုတဲ့စမ်းသပ်​ချက်​တစ်​နှစ်​တိတိလုပ်​​ပေးဖို့ ပါ Relife ဆိုတာဘာလဲ​မေးရင်​​တော့​ဆေး​သောက်​ပြီးတဲ့အခါရုပ်​က ဆယ်​​ကျော်​သက်​လိုပြန်​နုပျိုသွားပြီးတစ်​နှစ်​တိတိထူးခြားချက်​ကို အနီးကက်​​လေ့လာတဲ့စမ်​သပ်​ချက်​ပါ ​အလိုလိုက်​အကြိုက်​​ဆောင်​ပီး ကမ်းလှမ်းတာလက်​မခံခဲ့​ပေမယ့်​ မူးပြီး​သောက်​မိတဲ့​ဆေး​ပုလင်းကြောင့်​ အထက်​တန်း​ကျောင်းသားဘဝကို​ရောက်​သွားပါ​တော့တယ်​ အဲ့​ကျောင်းမှာပဲ ဟီရှီယို ,အိုဂါ ,ကာရီယူ, အိုနိုယာ စတဲ့သူငယ်​ချင်း​တွေနဲ့ သံ​ယောဇဉ်​ဖြစ်​ခဲ့ကြပါ​တော့တယ်​ အဲ့ဒီထဲကမှ အ​နေ​အေးပြီးထူးဆန်းတဲ့ ဟီရှီိယိုဆိုတဲ့မိန်းက​လေးကိုကျုပ်​တို့ဇာတ်​လိုက်ကြီးက ​ကြွေမိ​တော့တာာပေါ့ သူတို့ သူငယ်​ချင်း ၅​ယောက်​ရဲ့ကြားထဲမှာရှိခဲ့ကြတဲ့ ​ပျော်​ရွှင်​စရာ စိတ်​ညစ်​စရာ​တွေကို​ကောဘယ်​လိုမျှ​ဝေခံစားကြမလဲ အ​နေ​အေးပြီးထူးဆန်းလှတဲ့မိန်းက​လေး ဟီရှီယိုရဲ့ ​နောက်​​ကြောင်းက​ကော ဘယ်​လိုလဲ,Relife စမ်းသပ်​ချက်​တစ်​နှစ်​သက်​တမ်းပြီးတဲ့အခါမှာ​ကော ဘာ​တွေဆက်​ဖြစ်​မလဲ ,စတဲ့အချစ်​ ,အလွမ်း ,ဟာသ,အတုယူဖွယ်​ အ​လေ့အကျင့်​အစရှိတာ​တွေကိုခံစားကြရမယ့်​ happy ending ​လေးဖြစ်​လို့Dramaချစ်​ပရိသတ်​ကြီး အထူးကြိုက်​နှစ်​သက်​မယ်​လို့ယုံကြည်​မိပါ​ကြောင်း.... Qty - 720p Web dl Duration - 1hr 45min 55sec Gerne - Drama/ Romance Translator - Pyae Xein Sett Encoder - Kyaw Ye Aung
7.5
IMDB: 7.5/10 82 votes
movie

ReLIFE (2017)

2017

Genres

Like Us!