Channel Myanmar

Thrill

Distorted (2018) 4.2
Distorted (2018) ဒီဇာတ်ကားလေးကတော့ Mystery, Thriller ဇာတ်ကားဇာတ်အေးလေးတစ်ကားဖြစ်ပါတယ်။ ပေါ့ပေါ့ပါးပါးဇာတ်လမ်းတွေပဲကြည့်ချင်ရင်တော့ လက်ရှောင်သွားဖို့အကြံပြုချင်ပါတယ်။ လူတိုင်းကြိုက်မဲ့ကားမျိုးမဟုတ်ပေမယ့် ကြိုက်တဲ့လူတိုင်းကတော့ အကောင်းဆုံးထဲမှာပါတယ်လို့ပြောကြမှာပါ။ ဒီကားထဲမှာ စိတ်ပိုင်းဆိုင်ရာအတွေးအခေါ်တွေနည်းပညာရဲ့ကြောက်စရာကောင်းတဲ့သက်ရောက်မှုတွေကို စိတ်ဝင်တစားတွေ့ရမှာပါ။ စုံထောက်ကားကြိုက်သူတွေ သည်းထိတ်ရင်ဖိုဇာတ်ကားကြိုက်သူတွေအတွက်အရမ်းကိုအကြိုက်တွေ့စေမှာပါ။ နာမည်ကြီးမင်းသမီးမင်းသားများဖြစ်တဲ့ Christina Ricci နဲ့ John Cusack သရုပ်ဆောင်ထားပါတယ်။ ၃၂နှစ်အရွယ် သားတစ်ယောက်ဆုံးပါးသွားလို့စိတ်ကျရောဂါဖြစ်နေတဲ့ Lauren တစ်ယောက် သက်တောင့်သက်သာပိုရှိစေဖို့ The Pinnacle ဆိုတဲ့ ခေတ်မှီအိမ်ယာမှာရွှေ့ပြောင်းနေထိုင်ခဲ့ပါတယ်။ ဒါပေမယ့် သူ့ရဲ့စိတ်ကျရောဂါဟာသက်သာမလာပဲ ပိုဆိုးလာသလိုဖြစ်နေပြီးတော့ ထူးဆန်းတာတွေမြင်နေကြားနေရပါတယ်။ အဲဒါတွေက သူရဲ့စိတ်ထဲမှာပဲဖြစ်နေတာလား တကယ်ဖြစ်နေတာလား သူ့ရဲ့ခင်ပွန်းဖြစ်သူကရော သူ့ကိုကူညီပေးနိုင်ပါမလားဆိုတာကတော့....   (ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့  d3mon ပါ)   File Size : (700 MB) and (300 MB) Quality : WEB-DL 720p Running Time : 1hr 26min Format : Mp4 Genre : Action, Mystery, Thriller Subtitle : Myanmar Subtitle (Hard Sub) Source : 720p.WEB-DL.XviD.AC3-FGT Translated by d3mon Encoded by Thanhtike Zaw
4.2
IMDB: 4.2/10 123 votes
movie

Distorted (2018)

2018
Acrimony (2018) 5.0
Acrimony (2018) IMDB.... 5.1/10 ဒီတစ်ခါမှာတော့ CM ပရိတ်သတ်တွေကို psychological thriller ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ် Acrimony ကို Tyler Perry ကိုယ်တိုင်ရိုက်ကူးပြီးထုတ်လုပ်ထားတာပါ Rating 6 တောင် မကျော်ဘူးဆိုပြီးတော့ အထင်မသေးလိုက်ပါနဲ့ ဒီကားလေးက Best actress award မှာ nominate ရထားတာပါ Rating ကျရတဲ့အကြောင်းတစ်ခုကလည်း ရိုင်းစိုင်းကြမ်းတမ်းတာတချို့ပါနေလို့ပါပဲ ကိုယ်ချစ်ရတဲ့သူအပေါ် အရာရာသည်းခံကူညီပေးတဲ့စကောလောက်မှဇောက်မနက် နလပိန်းတုံးမိန်းမတစ်ယောက်ရဲ့ခံစားချက်ကိုခံပြင်းစွာ အသည်းယားစွာနဲ့ ကြည့်ရမှာပဲဖြစ်ပါတယ်  (အပြစ်မမြင် ချစ်ချင်တာပဲသိတယ်ဆိုတာမျိုးပေါ့ :3) အချစ်အတွက်နဲ့ မျက်စိစုံမှိတ် ဆင်ကန်းတောတိုးအမှတ်သည်းခြေမရှိ ခွေးမြီးကောက်ကျည်တောက်စွပ်တုံးတိုက်တိုက် ကျားကိုက်ကိုက်ဆိုပြီး အရာရာစွန့်လွှတ်အနစ်နာခံခဲ့တဲ့မယ်လင်ဒါတစ်ယောက် နောက်ဆုံး သည်းမခံနိုင်တော့တဲ့အဆုံးမှာတော့ ဘယ်လိုမျိုး အပြတ်ပြတ်နဲ့နှာခေါင်းသွေးထွက်သွားမလဲ....   (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ May Phyu Khin  ပါ)   File Size : (950 MB) and (330 MB) Quality : Blu-Ray 720p Running Time : 2hr 00min Format : Mp4 Genre : Thriller Subtitle ...
5.0
IMDB: 5.0/10 1,741 votes
movie

Acrimony (2018)

2018
Blu-Ray 720p
Skybound (2017) 5.6
Skybound (2017) 2017 ကထွက်ရှိခဲ့တဲ့ဒီ Skyboundဆိုတဲ့ကားလေးဟာ Action and Thriller ကားအမျိုးအစားလေးဖြစ်ပါတယ်။ ဒီကားကိုရိုက်ကူးပေးတဲ့ ဒါရိုက်တာကတော့ဒါရိုက်တာ Alex Tavakoli ဖြစ်ပြီးတော့ ဒီကားလေးရဲ့ဇာတ်ညွန်းရေးသူကလည်းသူကိုယ်တိုင်ပဲဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း မက်ဟာသူကောင်မလေးလီဆာနဲ့အတူအယ်အေကိုကိုယ်ပိုင်ဂျက်လေယာဉ်နဲ့အတူခရီးထွက်ခဲ့ပါတယ်။ သူတို့နဲ့သူတို့သူငယ်ချင်းနှစ်ယောက်လည်းပါပြီးတော့ မက်ရဲ့ညီကိုင်လည်းအကြောင်းတစ်ခုကြောင့်လိုက်ပါလာခဲ့ပါတယ်။ သူတို့သွားနေစဉ်အတွင်းမှာဘဲမြေပြင်ပေါ်မှာအံ့သြထိတ်လန့်စရာတွေကြုံရတယ်။ အဲဒီအံ့သြထိတ့်လန့်စရာတွေက သူတို့လေယာဉ်ပေါ်ခိုးလိုက်လာခဲ့တဲ့ လူနဲ့ ဆက်စပ်နေတာလား………………… ဒါမှမဟုတ်တကယ်ပဲဖြစ်ပျက်နေတာလား။ သူတို့အားလုံးပေါင်းပြီးအဲ့ဒီအခက်အခဲကိုဘယ်လိုကျော်လွားကြမလဲဆိုတာကို ကြည့်ရှု့ခံစားရမှာဖြစ်ပါတယ်…………… ဒီကားလေးကိုတော့နာမည်ကြီးမင်းသမီး Scarlett Byrneကပါဝင်သရုပ်ဆောင်ပေးထားပြီးတော့ ကြည့်ရှုသင့်တဲ့ Action & Thriller ပေါင်းထားတဲ့လက်လွတ်မခံသင့်တဲ့ပရိသတ်အားပေးမှုကောင်းခဲ့တဲ့ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။   (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Nyi Nyi Lwin  ပါ)   File Size : (800 MB) and (330 MB) Quality : WEB-DL 720p Running Time : 1hr 22min Format : Mp4 Genre : Action, Thriller Subtitle : Myanmar Subtitle (Hard Sub) Source : 720p.AMZN.WEBRip.DDP5.1.x264-NTG Translated by Nyi Nyi Lwin Encoded by Thanhtike ...
5.6
IMDB: 5.6/10 1,215 votes
movie

Skybound (2017)

2017
Beirut (2018) 6.5
Beirut (2018) ၂၁ပက်လက်လိုချင်တဲ့ ဘရိုများ Beirut နဲ့မိတ်ဆက်ပေးပါမယ်။ အရှေ့အလည်ပိုင်းကအရှုပ်အထွေးတွေကြားထဲမှာ ဇာတ်အိမ်တည်ပြီးရိုက်ထားတဲ့ဇာတ်လမ်းအေးအေးလေးနဲ့စိတ်ဝင်စားဖို့ကောင်းတဲ့ဇာတ်ကားမို့ အဲဒီ၂၁ပက်လက် ကွီးတွေကြိုက်တတ်တဲ့ကားမျိုးပါလို့ :P ၂၀၁၈ ကမှထွက်ထားတဲ့ Espionge thriller ဇာတ်ကားလေးပါ။ Negotiator လို့ UK မှာတော့နာမည်ကြီးပါတယ်တဲ့။ IMDB Rating 6.5 နဲ့ Rotten Tomatoes 77% ပဲရရှိထားတာ ရသင့်တာထက်နည်းတယ်လို့ထင်မိပါတယ်။ ဒီဇာတ်ကားလေးက အရှေ့အလည်ပိုင်းဒေသ Lebanon က Beirut မြို့မှာ နေတဲ့သံတမာန်ရေးရာမှာဆရာတစ်ဆူဖြစ်တဲ့ Mason Skiles တစ်ယောက် နာမည်ကြီးရာဇဝတ်ကောင်တစ်ယောက်ရဲ့ ညီကိုမွေးစားထားမိပါတယ်။ အဲဒီကလေးကို သူ့အစ်ကိုပြန်လာခေါ်တဲ့အချိန်မှာတော့ သူ့ရဲ့ကမ္ဘာတစ်ခုဖြစ်တဲ့သူ့ချစ်ဇနီးကိုဆုံးရှုံးခဲ့ရပါတယ်။ ဘဝကိုအမိမြေပြန်ပြီး အဓိပ္ပါယ်မရှိဖြတ်သန်းနေရင်း Beirut မှာအရင်းနှီးဆုံးသူငယ်ချင်းတစ်ယောက်ဖြစ်တဲ့ Cal Riley တစ်ယောက်ပြန်ပေးဆွဲခံရတာနဲ့ပတ်သက်ပြီးညှိုနှိုင်းပေးဖို့ ပြန်လာရတဲ့အချိန်မှာတော့... ဖြစ်နေတဲ့စစ်ပွဲတွေသူငယ်ချင်းကို အန္တရယ်ကင်းကင်းကယ်ထုတ်နိုင်မှာလား သူကိုယ်တိုင်ရောအန္တရယ်ကင်းမှာလား လုပ်ဖော်ကိုင်ဖက်တွေကရောယုံကြည်ရရဲ့လား အရှုပ်အထွေးတွေလှည့်ကွက်တွေနဲ့တင်ဆက်ထားတာကို ဇာတ်ကားမှာပဲကြည့်ရအောင်ဗျာ   (ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့  d3mon ပါ)   File Size : (850 MB) and (380 MB) Quality : WEBRip 720p Running Time : 1hr ...
6.5
IMDB: 6.5/10 1,631 votes
movie

Beirut (2018)

2018
The Rake (2018) 4.4
The Rake (2018) June.5.2018 မှာအသစ်ထွက်ရှိခဲ့တဲ့ ဒီThe Rake ဆိုတဲ့ကားလေးကတော့ Horror, Thrillerအမျိုးအစားကားလေးဖြစ်ပြီးတော့ ပရိသတ်အားပေးမှုများပြားခဲ့တဲ့ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။ ဒီကားကိုတော့ ရေးသားပေးခဲ့တဲ့ဇာတ်ညွန်းရေးဆရာကတော့Jeremy Silva ဖြစ်ပြီးတော့ ရိုက်ကူးပေးခဲ့တဲ့ဒါရိုက်တာကတော့ နာမည်ကြီးဒါရိုက်တာTony Wash ပဲဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း ဘန်နဲ့အက်ရှ်လေတို့ဟာ မိဘတွေနဲ့အတူကြီးပြင်းနေထိုင်လာခဲ့ကြပါတယ်။ တစ်နေ့မှာတော့သူတို့ရဲ့မိဘနှစ်ပါးလုံးရက်ရက်စက်စက်အသတ်ခံလိုက်ရပါတယ်။ မိဘတွေအသတ်ခံလိုက်ရတဲအကြောင်းအရင်းကိုမောင်နှမနှစ်ယောက်လုံးအကြောင်းအရင်းမသိခဲ့ပါဘူး။ နှစ်ပေါင်း၂၀ကြာပြီးတဲ့နောက်မှာတော့ သူတို့မိဘတွေဘာကြောင့်သေဆုံးခဲ့တယ်ဆိုနဲ့ပဟေဠိဆန်တဲ့သတ္တဝါဖြစ်တဲ့ ရိတ်ခ်လို့ခေါ်တဲ့သတ္တဝါကြီးနဲ့ သူတို့မိဘတွေသေဆုံးတာဘဟ်လိုဆက်စပ်နေလဲဆိုတာကို ခံစားကြည့်ရှု့ကြရမှာဖြစ်ပါတယ်။ ဒီ ကားလေးဟာပရိသတ်အားပေးမှုကောင်းခဲ့တဲ့ horror, thriller ကားလေးဖြစ်လို့လက်လွတ်မခံဘဲကြည့်ရှုသင့်တဲ့ကားကောင်းလေးတစ်ကားဖြစ်ပါတယ်   (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Nyi Nyi Lwin  ပါ)   File Size : (650 MB) and (280 MB) Quality : WEB-DL 720p Running Time : 1hr 19min Format : Mp4 Genre : Horror, Thriller Subtitle : Myanmar Subtitle (Hard Sub) Source : 720p.AMZN.WEBRip.DDP5.1.x264-NTG Translated by Nyi Nyi Lwin Encoded by Thanhtike Zaw
4.4
IMDB: 4.4/10 64 votes
movie

The Rake (2018)

2018
Missing (2018) N/A
Missing (2018) ဒီတစ်ခါတော့ Channel Myanmarပရိသတ်ကြီးအတွက်ဘောလိဝုကားကောင်းကောင်းလေးတစ်ကားတင်ဆက်ပေးချင်ပါတယ်။ ဇာတ်လမ်းလေးနာမည်ကတော့ Missing (2018) ပါ။ အချစ် ဟာသ ကားတွေနဲ့ငြီးငွေ့နေတဲ့ ပရိသတ်ကြီးအတွက် ဒီ Drama Thriller အမျိုးအစား ကားလေးကအကြိုက်တွေ့စေမှာပါ။ Ratingအနေနဲ့ကလဲ Imdb Rating 6.2/10 လောက်ရထားတာဆိုတော့ ကုလားကားတစ်ကားအနေနဲ့မဆိုးဘူးလို့ပဲ ဆိုရမှာပါ။ ဇာတ်လမ်းအကျဉ်းလေးကိုလဲ အားလုံးမြည်းစမ်းကြည့်ရအောင်တင်ဆက်ပေးချင်ပါသေးတယ်။ အေးအေးလူလူ အပန်းဖြေခရီးထွက်လာတဲ့မိသားစုတစ်စု... ဖခင်ဖြစ်သူ Sushantရယ် မိခင်ဖြစ်သူ Aparnaရယ် သုံးနှစ်အရွယ်သမီးလေး Titli တို့ကပင်လယ်ကမ်းခြေတစ်ခုကိုအလည်အပါတ်ရောက်ရှိနေတာပါ။ အဲ့ဒီခရီးစဉ်မှာပဲ သမီးလေး Titli ကအပြင်းဖျားပါတော့တယ်။ဒီလိုနဲ့ နောက်တစ်နေ့မနက်မှာ အပြင်းဖျားနေတဲ့ကလေးလေး ပျောက်ချင်းမလှပျောက်ဆုံးသွားပါတော့တယ်။ နယ်မြေရဲတွေကိုသတင်းပို့တိုင်ချက်ဖွင့်သော်ငြား အခြေအနေထူးမလာခဲ့ပါဘူး။ အဲ့အချိန်မှာပဲ တစ်ယောက်နဲ့တစ်ယောက်သံသယတွေဝင်ကာအခြေအနေတွေက တစ်စတစ်စတင်းမာလာခဲ့ပါတယ်။ ဒီကလေးပျောက်ဆုံးသွားမှုအပေါ်ဘေးလူတွေဝိုင်းသုံးသပ်မှုတွေနဲ့ ဒီပျောက်ဆုံးမှုဟာသွေးရိုးသားရိုးရောဟုတ်ပါသလား? ဘယ်သူ့ပယောဂကြောင့်များပျောက်ဆုံးသွားခဲ့တာလဲ?ပြန်ရောတွေ့ပါ့မလား? စတဲ့သို့လောသို့လောမေးခွန်းတွေနဲ့ အဆုံးအထိ စိတ်ဝင်တစားကြည့်ရှူသွားရမယ့်ကားလေးတစ်ကားပါ။ ဒီကားလေးရဲ့ နာမည်ကတော့ Missing (2018)ဖြစ်ပြီး CMပရိသတ်ကြီးအတွကိတင်ဆက်ပေးလိုက်ရပါတယ်။   (ဘာသာပြန်သူကတော့ d3mon ပါ)   File Size : (999 MB) and (400 MB) Quality : WEB-DL 720p Running Time : 2hr 0min Format ...
N/A
IMDB: N/A/10 N/A votes
movie

Missing (2018)

2018
Urvi (2017) 7.1
Urvi (2017) အိန္ဒိယဇာတ်​ကား​တွေကြိုက်​နှစ်​သက်​တဲ့ပရိတ်​သတ်​ကြီးအတွက်​ Urvi ဆိုတဲ့ဇာတ်​ကား​ကောင်း​လေးကိုတင်​ဆက်​​ပေးလိုက်​ပါတယ်​။ Ratingလည်း 7.1ထိရထား​တော့ ဇာတ်​ကား​ကောင်းတစ်​​ကားလို့​ပြောလို့ရပါတယ်​။ ဇာတ်​လမ်းအကျဉ်း​လေးက​တော့...အိန္ဒိယဆင်းရဲသား တံငါသည်​တစ်​​ယောက်​ဖြစ်​တဲ့ နာနီမှာ သမီး​ငယ်​အ​ချော​လေးနှစ်​​ယောက်​ပိုင်​ဆိုင်​ထားပါတယ်​။ ဆင်းရဲပြီးဥစ္စာပစ္စည်းမရှိ​ပေမယ့်​ သမီးငယ်​​လေးနှစ်​​ယောက်​ရှိ​နေတဲ့အတွက်​ သူ့ဘဝဟာ ပြည့်​စုံလွန်း​နေပါတယ်​။ ဒီလိုနဲ့တစ်​​နေ့မှာ ​ခေါင်းပုံဖြတ်​တတ်​တဲ့ သူ​ဋ္ဌေးတစ်​​ယောက်​ဆီက​နေ ​ငွေ​ချေးယူမိပြီး ပြန်​မဆပ်​နိုင်​တဲ့အခါမှာ သူ့ရဲ့သမီးအကြီးဖြစ်​သူကို အတင်းအဓမ္မသိမ်းယူပါ​တော့တယ်​။ သူ​ဋ္ဌေးဖြစ်​သူရဲ့ အဓမ္မကျင့်​ခြင်းကိုခံပြီးတဲ့​နောက်​မှာ​တော့ သမီးအကြီးဖြစ်​သူက အရှက်​အသက်​ကိုလဲသွားခဲ့ပါတယ်​။ အဲ့ဒီခါမှာ​တော့ အငယ်​ဆုံးသမီး​လေးဖြစ်​သူက သူ့အ​ဖေနဲ့အစ်​မရဲ့ဖြစ်​ရပ်​ဆိုး​တွေကို အသက်​အရွယ်​ကြီးပြင်းလာတဲ့တစ်​​နေ့မှာပဲ လက်​စား​ချေခွင့်​ရလာခဲ့ပါတယ်​။ အဲ့လိုရရှိလာတဲ့အခွင့်​အ​ရေးကို အမိအရဆုပ်​ကိုင်​ပြီးဘယ်​လိုလက်​စားပြန်​​ချေသွားမလဲ၊ ဘယ်​လိုလှည့်​ကွက်​​တွေရှိလာဦးမလဲဆိုတာ ဒီဇာတ်​လမ်းထဲမှာဆက်​လက်​ကြည့်​ရှု့ရမှာပါ။ Rating လည်း 7.1 ထိရထားတဲ့ဇာတ်​ကား​လေးဆို​တော့ ဇာတ်​လမ်း​ကောင်း​လေးလို့​ပြောပါရ​စေ။   (ဘာသာပြန်သူကတော့ Ye Yint & Saw A Mon ပါ)     File Size : (900 MB) and (390 MB) Quality : WEB-DL 720p Running Time : 2hr 31min Format : Mp4 Genre : Crime, Drama, Thriller Subtitle : Myanmar Subtitle (Hard ...
7.1
IMDB: 7.1/10 147 votes
movie

Urvi (2017)

2017
Red Corner (1997) 6.3
Red Corner (1997) အရင်ဦးဆုံး ပြောချင်တာကတော့ ဒီကားကို တောင်းဆိုတဲ့ အထူးပုဂ္ဂိုလ်တစ်ဦးကိုရင်ထဲကနေ လှိုက်လှိုက်လှဲလှဲကျေးဇူးတင်ပါတယ်။ သူ့ကြောင့်သာမဟုတ်ရင်ဒီလိုကားကောင်းတစ်ကားကို ဘယ်တော့မှကြည့်ဖြစ်လိုက်မှာမဟုတ်ပါဘူး။ ဒီကားကို စသိကာစက သာမန် တရုတ်-အမေရိကန်ရုပ်ရှင်ကားတစ်ကားလို့ထင်ခဲ့ပေမယ့် တကယ်ဘာသာပြန်တဲ့အခါမှ အင်အားကြီးနှစ်နိုင်ငံရဲ့ နိုင်ငံရေးအနေအထားတွေကို ကွက်ကွက်ကွင်းကွင်းသိလာရတာပါ။ ဇာတ်လမ်းကတော့ အမေရိကန်က ရုပ်သံလိုင်းကုမ္ပဏီတစ်ခုရဲ့ အကြီးအကဲဖြစ်သူ ဂျက်ခ်ပီတာမိုးဟာတရုတ်အစိုးရနဲ့ သဘောတူညီချက်တစ်ခုလက်မှတ်ရေးထိုးဖို့ တရုတ်နိုင်ငံကို ရောက်ရှိလာခဲ့ပါတယ်။ ဂျက်ခ်ရဲ့စကားပြောလိမ္မာပါးနပ်မှုကြောင့် တရုတ်ဆင်ဆာအဖွဲ့နဲ့ပါ အဆင်ပြေနေပြီး ပြိုင်ဖက်ကုမ္ပဏီအပေါ်ပါ အသာစီးရနိုင်ဆဲအခြေအနေဖြစ်နေတဲ့ အနေအထားဖြစ်ပါတယ်။ ဆွေးနွေးပွဲပြီးလို့ညပိုင်းမှာတော့ ဂျက်ခ်တစ်ယောက် ဘားတစ်ခုမှာ တရုတ်အမျိုးသမီးချောတစ်ယောက်နဲ့ညှိစွန်းမိပြီးနောက်တစ်နေ့မနက်အရောက်မှာတော့ အာဏာပိုင်တွေက သူ့ရဲ့ဟိုတယ်ခန်းထဲရောက်နေသလိုအမျိုးသမီးကလဲ သေဆုံးနေတာကို တွေ့လိုက်ရပါတယ်။ သက်သေမရှိ၊ အပေါင်းအပါမရှိ၊ ရှေ့နေလိုက်ပေးမယ့်သူဆိုလို့လဲ ခပ်စွာစွာတရုတ်အမျိုးသမီးတစ်ယောက်ပဲ ရှိတဲ့အခြေအနေမှာ ဂျက်ခ်တစ်ယောက်တရုတ်ကွန်မြူနစ်အာဏာပိုင်တွေရဲ့ တရားခွင်ကို ဘယ်လိုဖြတ်ကျော်မှာလဲဆိုတာကို ရိုက်ကူးထားတာဖြစ်ပါတယ်။ ဒီဇာတ်လမ်းမှာတော့ တရုတ်နိုင်ငံသမိုင်းမှာ နာမည်အရမ်းကျော်ကြားခဲ့တဲ့ Cultural Revolution (ယဉ်ကျေးမှုတော်လှန်ရေး) ကာလနှောင်းပိုင်းမျိုးဆက်တွေရဲ့ ရက်စက်မှုတွေ၊ အဲ့ဒီတော်လှန်ရေးရဲ့ အကျိုးဆက်တွေကို ထင်ထင်ရှားရှားဖော်ပြသွားခဲ့ပြီး အဲ့ခေတ် အဲ့အချိန်တုန်းက တံခါးပိတ်ဝါဒကျင့်သုံးနေတဲ့ တရုတ်နိုင်ငံအကြောင်းကို အနည်းနဲ့အများတော့ သိလာမှာဖြစ်ပါတယ်။ ဒါ့အပြင် ဒီတော်လှန်ရေးကြီးကြောင့် ဘယ်ကိစ္စမဆို မှားမှားမှန်မှန် ရေငုံနှုတ်ပိတ်နေခဲ့ရတဲ့ တရုတ်နိုင်ငံသားတွေရဲ့ တကယ့်ခံစားချက်တွေကိုပါ ...
6.3
IMDB: 6.3/10 14,322 votes
movie

Red Corner (1997)

1997
The Hurricane Heist (2018) 4.8
The Hurricane Heist (2018) အခု ပရိတ်သတ်ကြီးအတွက် တလောကမှရုံတင်သွားတဲ့ The Hurricane Heist ဆိုတဲ့ကားလေးကို မိတ်ဆက်ပေးချင်ပါတယ် ဝေနဲ့ ဘရိဇ်တို့ ညီအစ်ကိုနှစ်ယောက်က မုန်တိုင်းခဏခဏဝင်လေ့ရှိတဲ့ မြို့လေးမှာ ဖခင်ဖြစ်သူနဲ့နေထိုင်ကြပါတယ် တစ်နေ့မှာ မုန်တိုင်းတစ်ခုကြောင့် ဖခင်ဖြစ်သူကို ဆုံးရှုံးလိုက်ရပါတယ် နောက် နှစ်ဆယ့်ငါးနှစ်အကြာမှာတော့ အစ်ကိုဖြစ်သူဘရိဇ်က မြို့လေးမှာပဲ အဟောင်းပြင်ဆိုင်လေးတစ်ဆိုင် ဖွင့်ထားပြီးညီဖြစ်သူဝေလ်ကတော့ မုန်တိုင်းတွေကို ကြောက်တဲ့ မိုးလေဝသပညာရှင်ဖြစ်လာခဲ့ပါတယ် ကေဆီကော်ဗင်လို့အမည်ရတဲ့ မိန်းကလေးကတော့ငွေအဟောင်းတွေကို ဖျက်ဆီးဖို့ သယ်လာပေးရတဲ့ အရာရှိပါ တစ်နေ့မှာ တန်မီလို့အမည်ပေးထားတဲ့ မုန်တိုင်းက ဒီမြို့လေးကိုထပ်ဖြတ်ဖို့ အကြောင်းဖန်လာပါတယ် အဲ့ဒီအချိန်မှာပဲ ဒီမုန်တိုင်းကို အသုံးချပြီးနိုင်ငံတော်ဘဏ္ဌာတိုက်ကို ဖောက်ဖို့ကြိုးစားနေတဲ့သူတွေလည်း ရှိနေပြန်ပါတယ် အဲ့ဒီအရှုပ်တွေကြား ဘရိဇ်တစ်ယောက်ပါသွားတဲ့အခါ... ကေဆီနဲ့ ဝေလ်တို့ နှစ်ယောက်ပေါင်းပြီး မုန်တိုင်းကြားက ဘရိဇ်နဲ့ ကျန်တဲ့ ဓါးစာခံတွေကိုကယ်ထုတ်နိုင်မှာလား ဒါမှမဟုတ် လူဆိုးတွေကပဲ ပိုက်ဆံတွေနဲ့ လွတ်သွားမလား လောဘဇောတက်လာတဲ့အခါ ကိုယ့်အရင်းနှီးဆုံးမိတ်ဆွေတောင် စိတ်ပြောင်းသွားနိုင်ကြောင်း... အစ်ကိုဖြစ်သူအသက်အန္တရာယ်နဲ့ကြုံတွေ့လာရတဲ့အခါ မိမိရဲ့အကြောက်တရားကို ကျော်လွှားဖို့ ကြိုးစားခဲ့တဲ့ ညီဖြစ်သူရဲ့ မေတ္တာတရား စတာတွေကို မြင်တွေ့ခံစားရမှာပါ ဒီဇာတ်ကားကို The Mummy 3 နဲ့ Dragon ...
4.8
IMDB: 4.8/10 1,489 votes
movie

The Hurricane Heist (2018)

2018
Blu-Ray 720p
Thoroughbreds (2017) 7.3
Thoroughbreds (2017) ဒီကားလေးကတော့ ၂၀၁၇ခုနှစ်ထွက် Drama/Thiller ဇာတ်ကားလေးဖြစ်ပါတယ်။ Rating 7.2 အထိရရှိထားတဲ့ဇာတ်ကားဖြစ်ပြီး Thiller ဆိုတဲ့အတိုင်းလူတစ်ကာကရင်ထိတ်အောင်ရိုက်ပြနေတဲ့ခေတ်မှာ အရမ်းရင်ထိတ်အောင်ရိုက်ပြထားတာ မဟုတ်ဘဲဇာတ်ကွက်အလှည့်အပြောင်း၊ မြုပ်ကွက်တွေနဲ့ တင်ဆက်ထားတဲ့ဇာတ်ကားလေးဖြစ်ပြီး တင်ဆက်ပုံကွဲထွက်လာမှုနဲ့အတူ ဝေဖန်မှုကောင်းကောင်းရထားတဲ့ဇာတ်ကားလေးဖြစ်ပါတယ်။ ငယ်ငယ်ကရင်းရင်းနှီးနှီးမရှိခဲ့တဲ့ သူငယ်ချင်းနှစ်ယောက်၊ ပြဿနာကိုယ်စီနဲ့အတူတူတွဲလာမိကြပါတယ်။ အထက်တန်းလွှာကဆင်းသက်ပေါက်ဖွားလာသူတွေအဖြစ်သရုပ်ဖော်ထားပြီး၊ အဓိကဇာတ်ကောင်နှစ်ခုရဲ့သရုပ်ကို သေချာသရုပ်ဆောင်ပြထားပါတယ်။ ဘာကိုစိတ်ခံစားချက်မရှိဘဲ ထုံပေပေမျက်နှာပေးမျိုးနဲ့ ကြည့်ရင်းကျောချမ်းလာစေတဲ့ အမန်ဒါ၊ ပထွေးရဲ့ဆိုးဝါးတဲ့အမူအကျင့်တွေကြောင့် စိတ်သောကရောက်နေရပြီး အမြဲအပူရုပ်ကိုဟန်လုပ်ပြနေရတဲ့ လီလီ။ သူတို့နှစ်ယောက်ရဲ့ပြဿနာကိုယ်စီဟာ ဘာတွေလဲ။ ဆယ်ကျော်သက်မိန်းကလေး၂ယောက် ဘယ်လိုဖြေရှင်းကြမှာလဲ။ သူတို့ဘ၀ဟာဘယ်လိုဖြစ်နေလို့လဲဆိုတာတွေကို Dialogue တွေအများကြီးမထည့်ပဲ သရုပ်ဆောင်တင်ဆက်သွားတာကို စိတ်ဝင်စားဖွယ်တွေ့ရမှာပါ။ ဇာတ်ရှိန်အေးအေးနဲ့စိတ်ဝင်တစားအေးဆေးကြည့်ချင်တဲ့သူတွေအတွက် ဇာတ်ကားကောင်းပဲဖြစ်ပါတယ်။   (ဇာတ်လမ်းအညွှန်း နှင့် ဘာသာပြန်သူကတော့ ကိုသူရပါ)   File Size : (750 MB) and (320 MB) Quality : WEB-DL 720p Running Time : 1hr 32min Format : Mp4 Genre : Drama, Thriller Subtitle : Myanmar Subtitle (Hard Sub) Source : 720p.WEB-DL.DD5.1.H264-CMRG Translated by ...
7.3
IMDB: 7.3/10 3,850 votes
movie

Thoroughbreds (2017)

2017
Havenhurst (2016) 4.9
Havenhurst (2016) သဲထိတ်ရင်ဖိုကားလေးတစ်ကားကို ကားလေးတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းလေးနာမည်ကတော့Heavenhurst (2016)ပါ။ Heavenhurst ဆိုတဲ့ နေရာကိုပြောင်းရွေ့လာခဲ့တဲ့ အရက်စွဲနေတဲ့အမျိုးသမီးလေး Jackie... အဲ့ဒီတိုက်ခန်းမှာပဲ ထူးဆန်းစွာပျောက်ဆုံးသွားခဲ့တဲ့ သူမရဲ့ သူငယ်ချင်းနှစ်ယောက်... ထူးဆန်းစွာနားလည်ရခက်တဲ့ အိမ်ရှင်အဖွားကြီး... အဲ့ဒီအိမ်ကိုပြောင်းရွေ့လာပြီးနောက်ပိုင်း အရမ်းထူးဆန်းတာတွေနဲ့တွေ့ကြုံလာရပြီး အိမ်ကြီးကနေ ထွက်ပြေးဖို့ကြိုးစားတဲ့အခါ သူမလွတ်မြောက်နိုင်ပါ့မလား။ ပျောက်ဆုံးသွားတဲ့လူတွေအကြောင်းကိုရောသူမ အချိန်မှီသိရှိနိုင်ပါ့မလား။ ဒီလိုသဲထိတ်ရင်ဖိုကားတွေကိုမှ နှစ်သက်တဲ့ CMပရိသတ်ကြီး ရင်တစ်ဖိုဖိုခံစားကြည့်ရှုနိုင်ဖို့တင်ဆက်ပေးလိုက်ပါတယ်။   (ဘာသာပြန်သူကတော့ မေမြတ်သူပါ)   File Size : (680 MB) and (300 MB) Quality : Blu-Ray 720p Running Time : 1hr 20min Format : Mp4 Genre : Horror, Thriller,Mystery Subtitle : Myanmar Subtitle (Hard Sub) Source : 720p.BluRay.x264-GUACAMOLE Translated by May Myat Thu Encoded by Thanhtike Zaw
4.9
IMDB: 4.9/10 2,457 votes
movie

Havenhurst (2016)

2016
Dark Crimes (2016) 5.1
Dark Crimes (2016) ရဲဌာနကတစ်ယောက်အသတ်ခံရမှုနဲ့ပက်သက်ပြီးအမှုပြန်လိုက်တဲ့ကားလေးပါ ပြည့်တန်ဆာအိမ်ကိုခဏခဏသွားပြီးတစ်ရက်မှာအသတ်ခံလိုက်ရပါတယ် သတ်တဲ့တရားခံကိုလဲမသိလိုက်ရဘဲအမှုပိတ်လိုက်ရတယ် အဲံ့ဒါကိုတစ်နှစ်ကအမှုလိုက်ရာပြသနာရှိခဲ့တဲ့တက်ဒက်ခ်ကဘာကြောင့်အသတ်ခံတယ်ဆိုတာသိလိုအမှုပြန်ဖွင့်လိုက်ပါတယ် BDSMတွေကိုအသားပေးရေးတဲ့စာရေးဆရာကသတ်တယ်လို့ထင်လို့အမှုကိုပြန်လိုက်ပါတယ် စာရေးဆရာနဲ့အသတ်ခံရတဲ့ရဲကအတူတူအဲ့ပြည့်တန်ဆာအိမ်ကိုသွားနေကြတာပါ စာရေးဆရာရေးထားတဲ့အကြောင်းအရာဟာ သူတို့ရဲဌာနကတစ်ယောက်သေတာနဲ့တူနေလို့စာရေးဆရာကိုခေါ်ပြီးစစ်ပါတယ် ခေါ်ပြီးစစ်တဲ့အချိန်မှာဘာမှမထူးခြားခဲ့ပါဘူး ရဲတွေနဲ့လူသတ်သမားကိုယ်တိုင်ပဲသိတဲ့ဒီလိုအချက်အလက်ကို စာရေးဆရာကဘယ်လိုလုပ်သိတာလဲလိမ်မှာပေါ့ မုသားဖော်စက်နဲ့လဲစစ်တယ်ဒါပေမယ့်မထူးခြားပါဘူး သူများကိုသတ်ခိုင်းမှာပေါ့ အဲ့ဒါလဲစစ်ပါတယ် သူမခိုင်းခဲ့ပါဘူး ဒါဆိုအဲ့ရဲကိုဘယ်သူသတ်တာလဲနည်းနည်းတော့စိတ်ဝင်စားစရာကောင်းလာပါတယ် အဲ့တော့တက်ဒက်ခ်ဟာစာရေးဆရာရဲ့အိမ်ကိုစောင့်ကြည်တော့တာပဲ အဲ့မှာအခြားပက်သက်တဲ့သူတွေကိုတွေ့တယ် စာရေးဆရာရဲ့ကောင်မလေး ဒီအမှုကိုအရင်ကစုံစမ်းတဲ့ရဲချုပ်အာဒမ်တွေ့တယ် အိမ်မှာအမြဲအနိုင်ကျင့်ခံရတဲ့စာရေးဆရာရဲ့ကောင်မလေးသတ်တာလား ရဲချုပ်ကပဲသတ်တာလားဆိုတာသူသိအောင်လိုက်စုံစမ်းတယ် လိုအပ်တဲ့အချက်အလက်စုံးစမ်းပြီးနောက်ဆုံးကောင်မလေးကိုခြိမ်းခြောက်အကြပ်ကိုင်ပြီးစာရေးဆရာလူသတ်ဆိုတာဝန်ခံခဲ့တယ် သူသတ်ပါတယ်လို့သတင်းရှာရှင်းလင်းပွဲလဲလုပ်ပြီးရောစာရေးဆရာကမှုခင်းဖြစ်နေချိန်မှာခရီးထွက်နေပါတယ် ဒါဆိုဘယ်သူသတ်တာပါလဲ သိချင်ရင်ဇာတ်လမ်းလေးကိုကြည့်လိုက်ပါလို့ပြောပါရစေ IMDB rating 5.1ရထားတဲ့ဇာတ်ကားလေးပါ   (ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ ကိုတင်မျိုးလွင်ပါ)     File Size : (700 MB) and (300 MB) Quality : WEB-DL 720p Running Time : 1hr 30min Format : Mp4 Genre : Crime, Drama, Thriller Subtitle : Myanmar Subtitle (Hard Sub) Source : 720p.WEB-DL.X264.AC3-EVO Translated by Tin Myo Lwin Encoded by Thanhtike Zaw
5.1
IMDB: 5.1/10 1,488 votes
movie

Dark Crimes (2016)

2016
The Hollow Child (2017) 4.6
The Hollow Child (2017) Samantha ခေါ် ဆမ်က မွေးစားမိသားစုတွေနဲ့အတူတူနေရတဲ့ အတိတ်ဆိုးတွေနဲ့ ခပ်ဆိုးဆိုးကောင်မလေးတစ်ယောက်ပါ တစ်နေ့မှာတော့ သွေးမတော်သားမစပ်ပေမယ့် သူ့ကိုခင်တွယ်ရှာတဲ့ ညီမလေး အိုလီဗီရာတစ်ယောက် အိမ်အပြန်လမ်းမှာ ပျောက်သွားပါတော့တယ် ကိုယ့်ကိုယ်ကို အပြစ်တင်စိတ်နဲ့အတူ ဆမ်တစ်ယောက်ပြောင်းလဲဖို့ကြိုးစားပေမယ့် ပြန်ရောက်လာတဲ့ အိုလီဗီရာလေးက အရင်ကနဲ့မတူတော့တဲ့အခါ... အိုလီဗီရာလေး တောထဲမှာ ကြုံတွေ့ခဲ့ရတဲ့အရာတွေက ဘာများလဲဆိုတာ ဖော်ထုတ်ဖို့ကြိုးစားရပါတော့တယ်... ဒါရိုက်တာ Jeremy Lutter ရိုက်ကူးထားပြီး ဆမ်အဖြစ် Jessica Mcleod နဲ့ အိုလီဗီရာအဖြစ် Hannah Cheramy က ပါဝင်သရုပ်ဆောင်ထားပါတယ် IMDB Rating ကတော့ 4.9/10 ပါ   (ဘာသာပြန်သူကတော့ မေမြတ်သူပါ)   File Size : (700 MB) and (237 MB) Quality : WEB-DL 720p Running Time : 1hr 32min Format : Mp4 Genre : Horror, Thriller Subtitle : Myanmar Subtitle (Hard Sub) Source ...
4.6
IMDB: 4.6/10 147 votes
movie

The Hollow Child (2017)

2017
Cargo (2017) 6.6
Cargo (2017) Cargo ဇာတ်ကားဟာ 2017ခုနှစ်ထွက် Drama, Thriller ဇာတ်ကားအမျိုးအစားတစ်ကားပဲဖြစ်ပါတယ်။ Ben Howling နဲ့ Yolanda Ramke ဆိုတဲ့ ဒါရိုက်တာနှစ်ဦးပူးတွဲရိုက်ကူးထားတဲ့ဇာတ်ကားဖြစ်ပြီး အဓိကဇာတ်ကောင်ဖြစ်တဲ့ Andy နေရာမှာ သရုပ်ဆောင်တဲ့သူကတော့Hobbit Trilogy မှာ Bilbo Baggins , BBC ကထုတ်လွှင့်ခဲ့တဲ့ Sherlock TV Series မှာ Sherlock Holmes ရဲ့မိတ်ဆွေကြီးဖြစ်တဲ့ Dr.John Watson နေရာမှာ သရုပ်ဆောင်ခဲ့ မင်းသားကြီး Martin Freeman ပါ။ ဒါ့အပြင် Marvel Cinematic Universe မှာ Everett K. Ross ဆိုတဲ့ အစိုးရအေးဂျင့်တစ်ယောက်အနေနဲ့လည်း ပါဝင်သရုပ်ဆောင်ထားပါသေးတယ်။ ဇာတ်လမ်းအကျဉ်း ========== Andy နဲ့ Kay ဇနီးမောင်နှံတွေဖြစ်ပြီးတော့ ၁နှစ်အရွယ်သမီးလေးRosie ကိုပါဖွားမြင်ထားပါသေးတယ်။ သူတို့မိသားစုဟာ စက်လှေအိုကြီးတစ်စီးကိုစီးပြီး မြစ်ကြောင်းအတိုင်းစီးမျောနေခဲ့တာ အတော်ကြာပါပြီ။ သူတို့ဟာ ...
6.6
IMDB: 6.6/10 2,324 votes
movie

Cargo (2017)

2017
Hate Story IV (2018) 3.4
Hate Story IV (2018) အားလုံး​စောင့်​​မျော်​​နေကြတဲ့ Hate Story-4လာပါပြီခင်​ဗျ။ Hate Storyရဲ့ထုံးစံအတိုင်းဇာတ်​လမ်းရဲ့မြုပ်​ကွက်​​တွေလှည့်​ကွက်​​တွေနဲ့ ရင်​​မောစွာကြည့်​ရှု့ရဦးမှာပါ။ Hate Story ပရိတ်​သတ်​ကြီးအတွက်​​တော့ အကြိုက်​​တွေ့ဦးမယ့်​ဇာတ်​ကားပါ။ ဇာတ်​လမ်းအကျဉ်း​လေးက​တော့ အိန္ဒိယမှာသြဇာကြီးမားပြီး မြို့​တော်​ဝန်​​ရာထူးအတွက်​ပါ​ရွေး​ကောက်​ပွဲဝင်​​ရောက်​ပြိုင်​​နေတဲ့ 'ကူးယားနား'မှာ သား​ယောကျာ်း​လေးနှစ်​​ယောက်​ပိုင်​ဆိုင်​ခဲ့ပါတယ်​။ သူ့ရဲ့သားနှစ်​​ယောက်​ဟာ အ​ပျော်​ရှာရင်းတစ်​​နေ့မှာ​တော့ ​ကောင်​​လေးတစ်​​ယောက်​ကို လူသတ်​မှုကျူးလွန်​မိခဲ့ပါ​တော့တယ်​။ လူသတ်​မှုကျူးလွန်​ခဲ့​ပေမယ့်​ ​တရားဥပ​ဒေကို​ငွေနဲ့ကိုင်​​ပေါက်​နိုင်ခဲ့အတွက်​ သူ့ရဲ့သားနှစ်​​ယောက်​ဟာ ရာဇဝတ်​မှုမသင့်​ခဲ့ပါဘူး။ ဒါ​ပေမယ့်​ အသတ်​ခဲ့ရတဲ့​ကောင်​​လေးရဲ့ညီမ ဖြစ်​သူက အငြိုးထားကာ လက်​စား​ချေဖို့​ကြိုးစားပါ​တော့တယ်​။ ​သေဆုံးသွားခဲ့တဲ့သူ့ရဲ့အကိုအတွက်​ ဘယ်​လိုအကွက်​​တွေချပြီးလက်​စား​ချေမလဲ၊ ဘယ်​လိုလှည့်​ကွက်​​တွေအသုံးချမလဲ၊ အငြိုးဇာတ်​လမ်း​တွေဖွဲ့ပြီး လက်​စား​ချေမှုမှာ ​အောင်​မြင်​မှုရသွားမလား ဒါမှမဟုတ်​ သြဇာကြီးမားတဲ့ ကူယားနားမိသားစုကပဲ ​ငွေနဲ့ကိုင်​​ပေါက်​ပြီးကိုင်​တွယ်​​ဖြေရှင်းသွားမလား....... တစ်​​ယောက်​နဲ့တစ်​​ယောက်​အငြိုး​တွေဖွဲ့တဲ့ Hate Storyထဲမှာ ဘယ်​သူကအနိုင်​ရရှိသွားမလဲဆိုတာကို​တော့.....Hate Story-4ထဲမှာပဲ ရင်​သပ်​ရှု​မောစွာ ခံစားလိုက်​ပါဦး။ 18+ အခန်းတစ်ချို.နဲ့ မလုံ့တလုံ အ၀တ်အစားတွေနဲ့ လန်ထွက်နေတဲ့ဘာလိဝုမင်းသမီးအလန်းလေးတွေပါတာကြောင့် မိသားစုနဲ့ကြည့်ဖို့မသင့်တော်ပါဘူး   (ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ ကိုရဲရင့်ကျော် ပါ)   File Size : (950 MB) and (439 MB) Quality : WEB-DL 720p Running Time : 2hr 11min Format : Mp4 Genre : Crime, Drama, Thriller Subtitle ...
3.4
IMDB: 3.4/10 129 votes
movie

Hate Story IV (2018)

2018
WEB-DL 720p
Terminal (2018) 5.2
Terminal (2018) ဒီကားလေးကတော့ Crime/Action ကားသစ်လေးဖြစ်ပြီး Herlay Quinn မင်းသမီး Margot Robbie ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဇာတ်ကြောင်းလေးကတော့ မြို့လေးတစ်မြို့က mission တစ်ခုအတွက်လုပ်ဆောင်နေတဲ့ Assasin နှစ်ယောက်ကိုအခြေပြုထားတာဖြစ်ပြီး သူတို့နှစ်ယောက်ရဲ့စိတ်ဝင်စားဖွယ်ဘဝအခြေအနေကိုတွေ့မြင်ရမှာပါ။ လျို့ဝှက်ဆန်းကြယ်လှတဲ့ ဒုစရိုက်မှုတွေကိုအဓိကကြိုးကိုင်နေတဲ့ ဒုစရိုက်ခေါင်းဆောင်ကြီးနဲ့တွေ့ချိန်မှာတော့ သူတို့ဘဝဟာအကျဉ်းအကြပ်ထဲရောက်သွားပါတော့တယ်။ ဒီတော့ Assasin နှစ်ယောက်ဘာဖြစ်မလဲ၊ ဘယ်လိုမြုပ်ကွက်တွေရှိမလဲဆိုတာကိုတော့ Margot Robbie ရဲ့ မထီမဲ့မြင်သရုပ်ဆောင်ချက်တွေနဲအတူကြည့်ရှုလိုက်ပါဦး။   (ဘာသာပြန်ပေးထားသူကတော့ မေမြတ်သူပါ)   File Size : (750 MB) and (360 MB) Quality : AMZN WEB-DL 720p Running Time : 1hr 30min Format : Mp4 Genre : Crime, Drama, Thriller Subtitle : Myanmar Subtitle (Hard Sub) Source : 720p.AMZN.WEBRip.DDP5.1.x264-NTG Translated by May Myat Thu Encoded by Thanhtike Zaw
5.2
IMDB: 5.2/10 11,16 votes
movie

Terminal (2018)

2018

Genres

Like Us!