Channel Myanmar

Thriller

The Jurassic Games 3.8
The Jurassic Games Dead Race ဆိုတဲ့ထောင်ထဲမှာတသက်တစ်ကျွန်းကျခံထားရတဲ့ထောင်သားတွေ တစ်ယောက်ကိုတစ်ယောက်သတ်ပြီးတော့ ကားပြိုင်ရတဲ့ရုပ်ရှင်တွေကို လူတိုင်းနဲ့ရင်းနှီးပြီးသားဖြစ်မှာပါ... နောက်ဆုံးနိုင်တဲ့လူတစ်ယောက်တည်းကသာ လွတ်ငြိမ်းချမ်းသာခွင့်ကိုရရှိစေတဲ့အခွင့်ရေးပါ... အခုမိတ်ဆက်ပေးမယ့်ကားကလည်း ဒီလိုပါပဲ..... သေဒဏ်ကျခံထားရတဲ့အကျဉ်းသား ၁၀ ယောက်ကို ဂိမ်းတစ်ခုကစားစေပြီး နောက်ဆုံးကျန်ခဲ့တစ်ယောက်ကသာ လွတ်ငြိမ်းချမ်းသာခွင့်ရရှိစေမှာပါ.... သူတို့ဟာ အမြင်အာရုံနဲ့သာမြင်ရတဲ့ ကိရိယာတွေတပ်ဆင်ပြီး ဂိမ်းကစားရမှာဖြစ်ပါတယ်.... ဒါကြောင့် သူတို့ခန္ဓာကိုယ်တွေက အပြင်လက်ရှိမှာအိပ်ပျော်နေမှာဖြစ်ပြီးတော့ သူတို့ရဲ့ တခြားကိုယ်ခန္ဓာတွေကတော့ ဂိမ်းထဲမှာရှိနေမှာဖြစ်ပါတယ်... ဂိမ်းထဲမှာသေသွားရင်တော့ အပြင်မှာလည်းတကယ်သေသွားပါတယ်... ဒါကလည်း ဒီဂိမ်းအပေါ်တီထွင်ထားတဲ့ ကိရိယာတွေရဲ့ထူးခြားချက်ပါ... နောက်ပြီး ဂိမ်းထဲကနေထွက်ပြေးလို့မရပါဘူး... Dead Race မှာထွက်ပြေးရင်နောက်က အပူချိန်ကိုခြေရာခံပြီးလိုက်သတ်တဲ့ ဒုံးကျည်တွေရှိသလို ဒီဂိမ်းမှာလည်း ထွက်ပြေးတဲ့လူ မပြိုင်ချင်တော့တဲ့လူရှိရင် သူတို့လည်ပင်းမှာတပ်ထားတဲ့ လည်ပတ်တွေကတဆင့် သူတို့ခေါင်းကိုကြေမွအောင်ဖောက်ခွဲဖြစ်သွားမှာဖြစ်ပါတယ်... ပြိုင်ပွဲကို အဆင့်လေးဆင့်နဲ့ကန့်သတ်ထားပါတယ်... နောက်ဆုံးအဆင့်ကိုရောက်တဲ့လူတစ်ယောက်တည်းကသာ လွတ်ငြိမ်းချမ်းသာခွင့်ကိုရရှိမှာဖြစ်ပါတယ်... ဒီကစားပွဲမှာ ဘာကိုမှမကန့်သတ်ထားပါဘူး.... ဆိုလိုချင်တာက အချင်းချင်းလည်း ပြန်သတ်လို့ရပါတယ်... နောက်ပြီး Dead Race နဲ့မတူတော့တဲ့အချက်ကတော့ ဒီဂိမ်းဟာ ဒိုင်နိုဆောတွေကိုအခြေခံပြီးလုပ်ထားတဲ့ ဂိမ်းဖြစ်တာကြောင့် သေချာပေါက် ဒိုင်နိုဆောတွေနဲ့တခြားလူသားစားသားရဲကြီးတွေရဲ့ ရန်နဲ့ရင်ဆိုင်ရမှာဖြစ်ပါတယ်.... ဒီတော့လွတ်လမ်းရှိပါ့မလား..... တစ်ယောက်တည်းကျန်ခဲ့မယ်ဆိုတာကော ဖြစ်နိုင်ပါ့မလား... ဒါပေမယ့် ဒီတိုင်းနေလည်း ဆေးထိုးသတ်ခံရမယ့် ဒီအကျဉ်းသား ၄ ယောက်ကတော့ ဒီဂိမ်းရဲ့စိန်ခေါ်သံတွေကို တစ်ကမ္ဘာလုံးတိုက်ရိုက်ကြည့်ရှု့နေတဲ့ ထုတ်လွှင့်မှု့ကနေ ဒီဂိမ်းကိုကစားတော့မှာပါ... ကဲ သင်တို့လည်း ဒီဂိမ်းကိုကြည့်ဖို့အဆင်သင့်ဖြစ်ပြီလား...... File Size : (843 MB) and (338MB) Quality : WEB-DL 1080p Running Time : 1hr 26min Format : Mp4 Genre : Sci-Fi , Thriller Subtitle : ...
3.8
IMDB: 3.8/10 100 votes
movie

The Jurassic Games

2018
Beirut (2018) 6.5
Beirut (2018) ၂၁ပက်လက်လိုချင်တဲ့ ဘရိုများ Beirut နဲ့မိတ်ဆက်ပေးပါမယ်။ အရှေ့အလည်ပိုင်းကအရှုပ်အထွေးတွေကြားထဲမှာ ဇာတ်အိမ်တည်ပြီးရိုက်ထားတဲ့ဇာတ်လမ်းအေးအေးလေးနဲ့စိတ်ဝင်စားဖို့ကောင်းတဲ့ဇာတ်ကားမို့ အဲဒီ၂၁ပက်လက် ကွီးတွေကြိုက်တတ်တဲ့ကားမျိုးပါလို့ :P ၂၀၁၈ ကမှထွက်ထားတဲ့ Espionge thriller ဇာတ်ကားလေးပါ။ Negotiator လို့ UK မှာတော့နာမည်ကြီးပါတယ်တဲ့။ IMDB Rating 6.5 နဲ့ Rotten Tomatoes 77% ပဲရရှိထားတာ ရသင့်တာထက်နည်းတယ်လို့ထင်မိပါတယ်။ ဒီဇာတ်ကားလေးက အရှေ့အလည်ပိုင်းဒေသ Lebanon က Beirut မြို့မှာ နေတဲ့သံတမာန်ရေးရာမှာဆရာတစ်ဆူဖြစ်တဲ့ Mason Skiles တစ်ယောက် နာမည်ကြီးရာဇဝတ်ကောင်တစ်ယောက်ရဲ့ ညီကိုမွေးစားထားမိပါတယ်။ အဲဒီကလေးကို သူ့အစ်ကိုပြန်လာခေါ်တဲ့အချိန်မှာတော့ သူ့ရဲ့ကမ္ဘာတစ်ခုဖြစ်တဲ့သူ့ချစ်ဇနီးကိုဆုံးရှုံးခဲ့ရပါတယ်။ ဘဝကိုအမိမြေပြန်ပြီး အဓိပ္ပါယ်မရှိဖြတ်သန်းနေရင်း Beirut မှာအရင်းနှီးဆုံးသူငယ်ချင်းတစ်ယောက်ဖြစ်တဲ့ Cal Riley တစ်ယောက်ပြန်ပေးဆွဲခံရတာနဲ့ပတ်သက်ပြီးညှိုနှိုင်းပေးဖို့ ပြန်လာရတဲ့အချိန်မှာတော့... ဖြစ်နေတဲ့စစ်ပွဲတွေသူငယ်ချင်းကို အန္တရယ်ကင်းကင်းကယ်ထုတ်နိုင်မှာလား သူကိုယ်တိုင်ရောအန္တရယ်ကင်းမှာလား လုပ်ဖော်ကိုင်ဖက်တွေကရောယုံကြည်ရရဲ့လား အရှုပ်အထွေးတွေလှည့်ကွက်တွေနဲ့တင်ဆက်ထားတာကို ဇာတ်ကားမှာပဲကြည့်ရအောင်ဗျာ   (ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့  d3mon ပါ)   File Size : (850 MB) and (380 MB) Quality : WEBRip 720p Running Time : 1hr ...
6.5
IMDB: 6.5/10 1,631 votes
movie

Beirut (2018)

2018
Crimson Tide(1995) 7.3
Crimson Tide(1995) Crimson Tide(1995) IMDb..........7.3,,,,,,Rotten.....87% ရှရှားသူပုန်တွေဟာ အိုင်စီဘီအမ်ကို ဝင်စီးလိုက်တဲ့အချိန်မှာ အမေရိကန်တွေဟာ စစ်ဆင်ရေးလုပ်ပါတော့တယ်.... ပို့ပေးလိုက်တဲ့ သဘောင်္တွေဟာ နူကလီးယားပါဝါသုံး အလဘာမား ရေငုတ်သဘောင်္ပါ.. ဒါပေမယ့် သူတို့မသွားခင်မှာ အက်စ်အိုအသစ်လိုတဲ့အတွက်ထက်မြက်ပေမယ့် စွမ်းဆောင်ရည်အားသိပ်မပြဖူးတဲ့ ကော်မန်ဒါ ဟန်တာကိုပဲ ရွေးစရာရှိခဲ့ပါတယ်... ...ဒါပေမယ့် သဘောင်္ကပ္ပတိန် ရမ်စေ အိုကေကတော့ သူ့ကိုသဘောကျခဲ့ပါတယ်...ဒီလိုနဲ့ သူတို့ ၂ယောက်ဟာ အမေရိကန် ရေတပ်  စစ်သည်တွေနဲ့အတူ ရေငုတ်သင်္ဘောကြီးနဲ့ စစ်မျက်နှာဖွင့်ခဲ့ကြတယ်... ကိုင်း ဒန်ဇယ်ကားလည်းကြိုက်တယ်..စစ်ကားလည်းကြည့်ချင်တယ်ဆိုရင်တော့....ထွေထွေထူးထူးညွှန်းစရာမလိုတဲ့ကားဆိုတာ ခင်ဗျားတို့က ပိုတောင်သိမယ်ထင်ပါရဲ့....ဘာသာပြန်သူကတော့ ကိုမြန်မာကြီးပဲ ဖြစ်ပါတယ်..   File Size : (913 MB) and (388 MB) Quality : Blu-Ray 720p Format…mp4 Duration…01:56:00 Genre : Action,Drama,Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by မြန်မာကြီး Encoded by Phyo Pyae
7.3
IMDB: 7.3/10 88,699 votes
movie

Crimson Tide(1995)

1995
District 9 7.9
District 9 ဒီကားက တခြားဂြိုလ်သားကားတွေနဲ့ လုံးဝကို ကွဲထွက်သွားတဲ့ကားဖြစ်ပါတယ်... အစပိုင်းပဲကြည့်ရင်တော့ ပျင်းမှာမှန်ပေမယ့် ၁၅ မိနစ်လောက်ပဲစိတ်ရှည်ရှည်ကြည့်လိုက်ပါ... ဒီဇာတ်ကားရဲ့အရှိန်က ဇာတ်လမ်းပြီးတဲ့အထိကို ရိုးရိုးလေးနဲ့ တီဗွီရှေ့ကနေထမရအောင်ကို ဆွဲဆောင်သွားမယ်ဆိုတာ အသေချာပြောရဲပါတယ်.. ဒီကားကို ဂြိုလ်သားပါတဲ့ ဇာတ်လမ်းလို့သာ သိထားပြီး trailer တွေ၊ rating တွေ မသိဘဲနဲ့ ကြည့်ဖြစ်ခဲ့တာပါ။ နောက်မှ Imdb 8 နဲ့ RT 90% တောင် ရထားတဲ့ ဇာတ်ကားမှန်းသိပါတယ်။ တကယ်လည်း ထိုက်တန်ပါတယ်။ ဇာတ်လမ်းအကျဉ်း ........................ ဂြိုဟ်သားတွေ ကမ္ဘာကို သူတို့ရဲ့ အာကာသယာဉ် တစ်ခုခုချို့ယွင်းပြီး ရောက်ရှိလာတာပါ။ တောင်အာဖရိက ရဲ့ Johannesburg မြို့ ကောင်းကင်ပေါ်မှာ အချိန်အတော်အကြာ လှုပ်ရှားမှု မရှိဘဲ ရပ်တန့်နေခဲ့တယ်။ ဒါကြောင့် လူသားတွေကို ယာဉ်ထဲကို ဖောက်ထွင်း စစ်ဆေးဖို့ သွားကြတယ်။ အဲဒီမှာတော့ အစာရေစာ ငတ်မွတ်နေတဲ့ ဂြိုဟ်သား အများကြီးကို တွေ့ရပါတော့တယ်။ သုံးသပ်ချက်အရ အခုတွေ့ရတဲ့ ဂြိုဟ်သားတွေဟာ ...
7.9
IMDB: 7.9/10 581,764 votes
movie

District 9

2009
The 12th Man (2017) 7.6
The 12th Man (2017) ဒုတိယကမ္ဘာစစ်ကာလဟစ်တလာရဲ့ ဘုန်းတန်ခိုး နေလိုလလို ထွန်းတောက်နေချိန်အရှေ့ဥရောပတစ်ခွင်မှာ နာဇီစစ်သရဲတွေ ကြီးစိုးနေချိန်နော်ဝေသားတွေဟာ သူတို့ရဲ့ အဖမြေအတွက် ပြန်လည်တိုက်ခိုက်ရမယ့်အချိန်... 12th Man (2017) သူတို့ နာဇီတွေကို တိုက်ဖို့ ကြိုးစားခဲ့တယ်။ အရာအားလုံးကို စွန့်လွှတ်ပြီးတော့ ဒီသွေးစုပ်မြေကိုလာခဲ့ပြီး အဖမြေအတွက် လွတ်လပ်ဖို့ လမ်းစကို ရှာခဲ့တယ်။ ဒါပေမယ့် သူတစ်ယောက်တည်းပဲ လွတ်ခဲ့ပြီး သွေးသောက်ညီအကို ၁၁ယောက်ကို နာဇီစစ်သရဲတွေရဲ့ လက်ထဲ ထားခဲ့ရတယ်။ ပြောသွားပါရဲ့ "ပေးဆပ်ရတာတွေ အလကားမဖြစ်စေနဲ့" တဲ့ သူ လွတ်မှ ရမယ်။ ဒီနယ်မြေထဲက ရုန်းထွက်ပြီး အနီးက ကြားနေ၀ါဒကို ကျင့်သုံးတဲ့ ဆွီဒင်ကို သွားရမယ်။ သူ့ရဲ့ မှတ်ဥာဏ်တွေထဲမှာ ရှိနေတဲ့ ရန်သူ့လျှို့ဝှက်သတင်းတွေကို ဗြိတိန်ဌာနကို သွားပေးနိုင်ရမယ်။ သူ သေလို့မရဘူး။ သေရင်တောင် ကိုယ်တိုင် သတ်လို့ပဲ သေစေရမယ်...။ IMDB 7.5/10, RT 83%,... ဖြစ်ရပ်မှန်ပေါ် အခြေခံထားတဲ့ ဇာတ်ကားဖြစ်တဲ့အပြင် ရုရှားဇာတ်ကားဖြစ်တဲ့အတွက်ကြောင့် သူတို့ ဘယ်လိုကျဆုံးခဲ့ရလဲဆိုတာ မကွယ်ဝှက်တန်း ကြည့်ရှုရမှာပါ...။ အထူးသဖြင့် နောက်ဆုံးပိုင်းမှာ လူသားတွေရဲ့ စိတ်ဓာတ် ဘယ်လောက်မာလဲဆိုတာ ...
7.6
IMDB: 7.6/10 2,383 votes
movie

The 12th Man (2017)

2017
Blu-Ray 720p
Escape Plan 2: Hades (2018) 5.1
Escape Plan 2: Hades (2018) ဒီတစ်ခါမှာတော့ စတားလုံးလို့ အများသိကြတဲ့ မင်းသားကြီးSylvester Stallone ရဲ့ 2018 ခုနှစ်ထွက် အက်ရှင်ဇာတ်ကြမ်းကားကို ထွက်ထွက်ချင်းပဲ တင်ဆက်ပေးလိုက်ပါတယ်။ ဒီဇာတ်ကားဟာ ဒိတ်ဒိတ်ကြဲအက်ရှင်မင်းသားကြီးဖြစ်တဲ့ စတားလုံးနဲ့အာနိုးတို့နှစ်ဦး ပါဝင်သရုပ်ဆောင်ထားတဲ့ 2013 ခုနှစ်ထွက် Escape Plan ရဲ့နောက်ဆက်တွဲဇာတ်ကားပဲဖြစ်ပါတယ်။ ဒီဇာတ်ကားမှာတော့ မင်းသားကြီးအာနိုးပါဝင်မှာမဟုတ်တော့ဘဲ Guardian of the Glaxy မှာ Drax အဖြစ်ပါဝင်သရုပ်ဆောင်ခဲ့သူ WWE အကျော်အမော် Dave Bautista က စတားလုံးနဲ့အတူ အတွဲညီညီပါဝင်သရုပ်ဆောင်ထားပါတယ်။ ဒါ့အပြင် နာမည်ကျော် အမေရိကန် Rapper ကြီး "50 cent" လည်းပါဝင်ထားပါတယ်။ ဇာတ်လမ်းအကျဉ်း ========== Ray Breslin ဟာ ထောင်ကိုဖောက်ထွင်းပြီးအရေးကြီးတဲ့လူတွေကို ကယ်တင်ဖို့အတွက် အထူးလေ့ကျင့်ထားတဲ့ အဖွဲ့ရဲ့ အဖွဲ့ခေါင်းဆောင်တစ်ဦးပါ။ တစ်ရက်မှာသူ့ရဲ့ယုံကြည်ရသူတစ်ဦးဖြစ်တဲ့ Shu Ren ဆိုသူဟာ Hades လို့ခေါ်တဲ့ ကမ္ဘာ့အတင်းကျပ်ဆုံးထောင်ထဲမှာ ပျောက်ဆုံးသွားတာကြောင့် သူ့ရဲ့အဖွဲ့ကိုပြန်ဖွဲ့စည်းပြီး ကယ်ဆယ်ဖို့ကြိုးစားပါတော့တယ်.....။ မင်းသားကြီးစတားလုံးရဲ့ဇာတ်ကားဖြစ်တာကြောင့် ဇာတ်လမ်းဇာတ်ကွက်မကောင်းခဲ့ရင်တောင် ကြည့်ရတဲ့ ဖိုက်တင်ချခန်းတွေနဲ့ အချိန်ပေးရတာထိုက်တန်တဲ့ဇာတ်ကားကောင်းတစ်ကားဖြစ်မှာပါ။   (ဘာသာပြန်သူကတော့ ...
5.1
IMDB: 5.1/10 136 votes
movie

Escape Plan 2: Hades (2018)

2018
Blu-Ray 720p
The Bride
The Bride   CM Fan တွေ အတွက် ရုရှား သရဲကား တစ်ခုနဲ့ မိတ်ဆက်ပေးပါရစေ ဒီရုပ်ရှင်ကားဟာ ဖြစ်ရပ်မှန်အပေါ် ကျောရိုးယူ ရိုက်ကူးထားတယ်လို့ သိရပါတယ် Nastya ဆိုတဲ့ ကောင်မလေးဟာ ဓါတ်ပုံဆရာ တစ်ယောက်နဲ့ အိမ်ထောင်ကျပြီး ဆွေပြမျိုးပြ အဖြစ် သူမ ယောင်္ကျား ရဲ့ နေရပ်သို့ လိုက်လည်ခဲ့ပါတယ် ထိုမိသားစု အတွင်းရှိ အားလုံးနီးပါး ဓါတ်ပုံရိုက် ၀ါသနာရှင်များ နာမည်ကြီး ဓါတ်ပုံဆရာများဖြစ်ပြီး လောလောဆယ်တွင် Nastya ၏ ခင်ပွန်းဖြစ်သူသာ ကျန်ရှိပါသည် ထိုမိသားစု တွင် Nastya ခင်ပွန်း ၏ ညီမ နှင့် အဖေ တို့ အတူနေထိုင်ကြပြီး အိမ်ကြီးတစ်ခုလုံးဟာ ချောက်ချားဖွယ်အတိပါပဲ... တစ်ရက်မှာတော့ ထိုအိမ်ကြီး ရဲ့ လျို့ဝှတ်ချက် တစ်ချို့ကို Nastya ဆီသို့ ဆိုက်ဆိုက်မြိုက်မြိုက်ရောက်ရှိခဲ့သောအခါ.....   Thit San Khant     Download Now ============ Openload  (380Mb)  Mega  (680Mb)
IMDB: /10 votes
movie

The Bride

DVD-Rip 720p
The Rake (2018) 4.4
The Rake (2018) June.5.2018 မှာအသစ်ထွက်ရှိခဲ့တဲ့ ဒီThe Rake ဆိုတဲ့ကားလေးကတော့ Horror, Thrillerအမျိုးအစားကားလေးဖြစ်ပြီးတော့ ပရိသတ်အားပေးမှုများပြားခဲ့တဲ့ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။ ဒီကားကိုတော့ ရေးသားပေးခဲ့တဲ့ဇာတ်ညွန်းရေးဆရာကတော့Jeremy Silva ဖြစ်ပြီးတော့ ရိုက်ကူးပေးခဲ့တဲ့ဒါရိုက်တာကတော့ နာမည်ကြီးဒါရိုက်တာTony Wash ပဲဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း ဘန်နဲ့အက်ရှ်လေတို့ဟာ မိဘတွေနဲ့အတူကြီးပြင်းနေထိုင်လာခဲ့ကြပါတယ်။ တစ်နေ့မှာတော့သူတို့ရဲ့မိဘနှစ်ပါးလုံးရက်ရက်စက်စက်အသတ်ခံလိုက်ရပါတယ်။ မိဘတွေအသတ်ခံလိုက်ရတဲအကြောင်းအရင်းကိုမောင်နှမနှစ်ယောက်လုံးအကြောင်းအရင်းမသိခဲ့ပါဘူး။ နှစ်ပေါင်း၂၀ကြာပြီးတဲ့နောက်မှာတော့ သူတို့မိဘတွေဘာကြောင့်သေဆုံးခဲ့တယ်ဆိုနဲ့ပဟေဠိဆန်တဲ့သတ္တဝါဖြစ်တဲ့ ရိတ်ခ်လို့ခေါ်တဲ့သတ္တဝါကြီးနဲ့ သူတို့မိဘတွေသေဆုံးတာဘဟ်လိုဆက်စပ်နေလဲဆိုတာကို ခံစားကြည့်ရှု့ကြရမှာဖြစ်ပါတယ်။ ဒီ ကားလေးဟာပရိသတ်အားပေးမှုကောင်းခဲ့တဲ့ horror, thriller ကားလေးဖြစ်လို့လက်လွတ်မခံဘဲကြည့်ရှုသင့်တဲ့ကားကောင်းလေးတစ်ကားဖြစ်ပါတယ်   (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Nyi Nyi Lwin  ပါ)   File Size : (650 MB) and (280 MB) Quality : WEB-DL 720p Running Time : 1hr 19min Format : Mp4 Genre : Horror, Thriller Subtitle : Myanmar Subtitle (Hard Sub) Source : 720p.AMZN.WEBRip.DDP5.1.x264-NTG Translated by Nyi Nyi Lwin Encoded by Thanhtike Zaw
4.4
IMDB: 4.4/10 64 votes
movie

The Rake (2018)

2018
Once Upon a Time in Mexico (2003) 6.4
Once Upon a Time in Mexico (2003) ဂစ်တာအိတ်ကြီးလွယ်ထားတတ်တဲ့ သွေးအေးလူသတ်သမားတွေအကြောင်းကို မှတ်မိကြဦးမယ်ထင်ပါတယ်... မင်းသားကြီး Johnny Depp , Antonio Banderas တို့အပြင် မင်းသမီးတွေဖြစ်တဲ့ Salma Hayek နဲ့ Eva Mendes တို့လို နာမည်ကျော်တွေနဲ့ရိုက်ကူးထားတဲ့  ဒီဇာတ်ကားဟာ ဒါရိုက်တာ Robert Rodriguez ရဲ့  Mexico Trilogy ထဲကနောက်ဆုံးဇာတ်ကားပါ။ သူ့ရှေ့က ရိုက်ကူးခဲ့တဲ့  El Mariachi (1992) နဲ့ Desperado (1995) ဆိုတဲ့ ဇာတ်ကားတွေကလဲ ဒါရိုက်တာ Robert Rodriguez ရဲ့ နာမည်ကျော်ဇာတ်ကားတွေပါ။ El Mariachi (1992) ဇာတ်ကားဆိုရင် Budget $7000 သာအကုန်အကျခံခဲ့ပြီး Box Office မှာ $2 million ထိရရှိခဲ့လို့ "ဘတ်ဂျက်မရှိရင် အောင်မြင်တဲ့အနုပညာကို မလုပ်ပြနိုင်ဘူး" ဆိုတဲ့ လူစားတွေကို လက်ညှိုးထိုး ဟားတိုက်ပြနေတဲ့ ဇာတ်ကားတစ်ကားဖြစ်ခဲ့ပါတယ်။ (Mexico ...
6.4
IMDB: 6.4/10 140,324 votes
movie

Once Upon a Time in Mexico (2003)

2003
Missing (2018) N/A
Missing (2018) ဒီတစ်ခါတော့ Channel Myanmarပရိသတ်ကြီးအတွက်ဘောလိဝုကားကောင်းကောင်းလေးတစ်ကားတင်ဆက်ပေးချင်ပါတယ်။ ဇာတ်လမ်းလေးနာမည်ကတော့ Missing (2018) ပါ။ အချစ် ဟာသ ကားတွေနဲ့ငြီးငွေ့နေတဲ့ ပရိသတ်ကြီးအတွက် ဒီ Drama Thriller အမျိုးအစား ကားလေးကအကြိုက်တွေ့စေမှာပါ။ Ratingအနေနဲ့ကလဲ Imdb Rating 6.2/10 လောက်ရထားတာဆိုတော့ ကုလားကားတစ်ကားအနေနဲ့မဆိုးဘူးလို့ပဲ ဆိုရမှာပါ။ ဇာတ်လမ်းအကျဉ်းလေးကိုလဲ အားလုံးမြည်းစမ်းကြည့်ရအောင်တင်ဆက်ပေးချင်ပါသေးတယ်။ အေးအေးလူလူ အပန်းဖြေခရီးထွက်လာတဲ့မိသားစုတစ်စု... ဖခင်ဖြစ်သူ Sushantရယ် မိခင်ဖြစ်သူ Aparnaရယ် သုံးနှစ်အရွယ်သမီးလေး Titli တို့ကပင်လယ်ကမ်းခြေတစ်ခုကိုအလည်အပါတ်ရောက်ရှိနေတာပါ။ အဲ့ဒီခရီးစဉ်မှာပဲ သမီးလေး Titli ကအပြင်းဖျားပါတော့တယ်။ဒီလိုနဲ့ နောက်တစ်နေ့မနက်မှာ အပြင်းဖျားနေတဲ့ကလေးလေး ပျောက်ချင်းမလှပျောက်ဆုံးသွားပါတော့တယ်။ နယ်မြေရဲတွေကိုသတင်းပို့တိုင်ချက်ဖွင့်သော်ငြား အခြေအနေထူးမလာခဲ့ပါဘူး။ အဲ့အချိန်မှာပဲ တစ်ယောက်နဲ့တစ်ယောက်သံသယတွေဝင်ကာအခြေအနေတွေက တစ်စတစ်စတင်းမာလာခဲ့ပါတယ်။ ဒီကလေးပျောက်ဆုံးသွားမှုအပေါ်ဘေးလူတွေဝိုင်းသုံးသပ်မှုတွေနဲ့ ဒီပျောက်ဆုံးမှုဟာသွေးရိုးသားရိုးရောဟုတ်ပါသလား? ဘယ်သူ့ပယောဂကြောင့်များပျောက်ဆုံးသွားခဲ့တာလဲ?ပြန်ရောတွေ့ပါ့မလား? စတဲ့သို့လောသို့လောမေးခွန်းတွေနဲ့ အဆုံးအထိ စိတ်ဝင်တစားကြည့်ရှူသွားရမယ့်ကားလေးတစ်ကားပါ။ ဒီကားလေးရဲ့ နာမည်ကတော့ Missing (2018)ဖြစ်ပြီး CMပရိသတ်ကြီးအတွကိတင်ဆက်ပေးလိုက်ရပါတယ်။   (ဘာသာပြန်သူကတော့ d3mon ပါ)   File Size : (999 MB) and (400 MB) Quality : WEB-DL 720p Running Time : 2hr 0min Format ...
N/A
IMDB: N/A/10 N/A votes
movie

Missing (2018)

2018
Sleepy Hollow (1999) 7.4
Sleepy Hollow (1999) Sleepy Hollow လို့ပြောရင် သိတဲ့သူနည်းတယ်ဆိုပေမယ့် ခေါင်းပြတ်နေတဲ့မြင်းစီးသရဲကြီးက ခေါင်းလိုက်ဖြတ်တဲ့ကားလေ လို့ပြောရင် တော်တော်များများသိထား ကြည့်ဖူးပြီးသားဖြစ်ကြမှာပါ။ ဟုတ်ပါတယ် ဒီဇာတ်ကား က ၁၉၉၉ ကရိုက်ခဲ့တဲ့ Pirate of the Carribean မင်းသား Johnny Depp ရဲ့ IMDB Rating 7.4 နဲ့ Rotten 68% ရရှိခဲ့တဲ့ဇာတ်ကားပါ။ Stephen King တို့နဲ့ပြိုင်နာမည်ကြီးတဲ့ စာရေးဆရာ Washington Irving ရဲ့ဝတ္တုကို ခပ်ဆန်းဆန်းပုံစံတွေနဲ့ တင်ဆက်တတ်တဲ့ နာမည်ကြီး ဒါရိုက်တာ Tim Burton ကရိုက်ကူးထားတာဖြစ်ပါတယ်။ ကျိုးကြောင်းဆင်ခြင်တတ်ပြီး ယုတ္တိကျကျ အတွေးရှိလို့ ခေတ်နောက်ပြန်ဆွဲနေတဲ့ အထက်လူကြီးတွေက ရာထူးအနိမ့်ဆုံးထိချထားခြင်းခံရတဲ့ ရဲသားကရိန်း(Johnny Depp) တစ်ယောက် Sleepy Hollow ဆိုတဲ့ရွာငယ်လေးက လေးလောင်းပြိုင်ခေါင်းဖြတ်သတ်မှုတွေ အကြောင်းကို ဖိအားပေး စုံစမ်းဖို့စေလွတ်ခြင်းခံရပါတယ်။ ယုတ္တိကျတာကိုပဲ ယုံတတ်တဲ့ရဲသားကရိန်းတစ်ယောက် သဘာဝလွန်ဖြစ်ရပ်များနဲ့ကြုံတွေ့လာတဲ့အခါ သူ့ရဲ့ငယ်ဘဝအတိတ်ဆိုးတွေကြောင့် ...
7.4
IMDB: 7.4/10 292,967 votes
movie

Sleepy Hollow (1999)

1999
Unsane (2018) 6.5
Unsane (2018) ဒီတစ်ခါမှာတော့ IMDb 6.6 ရရှိထားတဲ့ Psychological Thriller ဇာတ်ကားကောင်းတစ်ကားတင်ဆက်ပေးလိုက်ပါတယ်။ ဒါရိုက်တာကတော့ Steven Soderbergh ဖြစ်ပြီးတော့ Clarie Foy က ခေါင်းဆောင်မင်းသမီးနေရာကနေ ပါဝင်သရုပ်ဆောင်ထားပါတယ်။ ထူးခြားချက်တစ်ခုအနေနဲ့ကတော့ နာမည်ကျော်ကြီး Matt Damon ဟာ ဒီဇာတ်ကားမှာ ဧည့်သည်သရုပ်ဆောင်အဖြစ် ပါဝင်ထားပါသေးတယ်။ ဇာတ်လမ်းအကျဉ်း ========== Sawyer Valentini ဟာ ဘဏ်ဝန်ထမ်းတစ်ဦး၊ သူ့မှာနောက်ယောင်ခံလိုက်တဲ့သူရှိတယ်လို့ ထင်ယောင်ထင်မှားဖြစ်နေတာကြောင့် လုပ်လက်စအလုပ်တွေကိုပါပစ်တခြားမြို့ကိုပြောင်းပြီး အဲဒီစိတ်ရောဂါကို ပျောက်အောင်ကုဖို့ကြိုးစားတယ်။ ကံဆိုးမသွားရာ မိုးလိုက်လို့ရွာဆိုသလိုပဲ သူဆေးကုသမှုခံယူမယ့်ဆေးရုံကအာမခံကြေးလိုချင်တာကြောင့် လာသမျှလူနာကို အရူးတံဆိပ်ကပ်ပြီး အာမခံကြေးရမှ ပြန်လွှတ်ပေးတဲ့ဆေးရုံဖြစ်နေတယ်။ သူဟာ အဲဒီဆေးရုံမှာ အလိုမတူဘဲ ဘုမသိဘမသိနဲ့ စိတ်ရောဂါဝေဒနာရှင် အမည်ခံပြီးဆေးကုသမှုကိုတစ်ပတ်ခန့်ခံယူဖို့အကြောင်းဖန်လာတော့တယ်။ ပိုဆိုးတာက အဲဒီဆေးရုံက၀န်ထမ်းတစ်ဦးက သူ့ကိုနောက်ယောင်ခံလိုက်နေတဲ့David Strine ဆိုတဲ့လူဖြစ်နေတဲ့အခါမှာတော့...။ အကုသိုလ်အပြွှတ်လိုက်ဝင်နေတဲ့ မင်းသမီးတစ်ယောက်အခက်အခဲတွေကိုကျော်ဖြတ်နိုင်မလား မကျော်ဖြတ်နိုင်ဘူးလာဆိုတာကိုတော့ရင်တထိတ်ထိတ်နဲ့ကြည့်ရမှာပဲဖြစ်ပါတယ်။   (ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ ကိုမျိုးသန့်ပါ)     File Size : (800 MB) and (360 MB) Quality : Blu-Ray 720p Running Time : 1h 38min Format ...
6.5
IMDB: 6.5/10 318 votes
movie

Unsane (2018)

2018
Urvi (2017) 7.1
Urvi (2017) အိန္ဒိယဇာတ်​ကား​တွေကြိုက်​နှစ်​သက်​တဲ့ပရိတ်​သတ်​ကြီးအတွက်​ Urvi ဆိုတဲ့ဇာတ်​ကား​ကောင်း​လေးကိုတင်​ဆက်​​ပေးလိုက်​ပါတယ်​။ Ratingလည်း 7.1ထိရထား​တော့ ဇာတ်​ကား​ကောင်းတစ်​​ကားလို့​ပြောလို့ရပါတယ်​။ ဇာတ်​လမ်းအကျဉ်း​လေးက​တော့...အိန္ဒိယဆင်းရဲသား တံငါသည်​တစ်​​ယောက်​ဖြစ်​တဲ့ နာနီမှာ သမီး​ငယ်​အ​ချော​လေးနှစ်​​ယောက်​ပိုင်​ဆိုင်​ထားပါတယ်​။ ဆင်းရဲပြီးဥစ္စာပစ္စည်းမရှိ​ပေမယ့်​ သမီးငယ်​​လေးနှစ်​​ယောက်​ရှိ​နေတဲ့အတွက်​ သူ့ဘဝဟာ ပြည့်​စုံလွန်း​နေပါတယ်​။ ဒီလိုနဲ့တစ်​​နေ့မှာ ​ခေါင်းပုံဖြတ်​တတ်​တဲ့ သူ​ဋ္ဌေးတစ်​​ယောက်​ဆီက​နေ ​ငွေ​ချေးယူမိပြီး ပြန်​မဆပ်​နိုင်​တဲ့အခါမှာ သူ့ရဲ့သမီးအကြီးဖြစ်​သူကို အတင်းအဓမ္မသိမ်းယူပါ​တော့တယ်​။ သူ​ဋ္ဌေးဖြစ်​သူရဲ့ အဓမ္မကျင့်​ခြင်းကိုခံပြီးတဲ့​နောက်​မှာ​တော့ သမီးအကြီးဖြစ်​သူက အရှက်​အသက်​ကိုလဲသွားခဲ့ပါတယ်​။ အဲ့ဒီခါမှာ​တော့ အငယ်​ဆုံးသမီး​လေးဖြစ်​သူက သူ့အ​ဖေနဲ့အစ်​မရဲ့ဖြစ်​ရပ်​ဆိုး​တွေကို အသက်​အရွယ်​ကြီးပြင်းလာတဲ့တစ်​​နေ့မှာပဲ လက်​စား​ချေခွင့်​ရလာခဲ့ပါတယ်​။ အဲ့လိုရရှိလာတဲ့အခွင့်​အ​ရေးကို အမိအရဆုပ်​ကိုင်​ပြီးဘယ်​လိုလက်​စားပြန်​​ချေသွားမလဲ၊ ဘယ်​လိုလှည့်​ကွက်​​တွေရှိလာဦးမလဲဆိုတာ ဒီဇာတ်​လမ်းထဲမှာဆက်​လက်​ကြည့်​ရှု့ရမှာပါ။ Rating လည်း 7.1 ထိရထားတဲ့ဇာတ်​ကား​လေးဆို​တော့ ဇာတ်​လမ်း​ကောင်း​လေးလို့​ပြောပါရ​စေ။   (ဘာသာပြန်သူကတော့ Ye Yint & Saw A Mon ပါ)     File Size : (900 MB) and (390 MB) Quality : WEB-DL 720p Running Time : 2hr 31min Format : Mp4 Genre : Crime, Drama, Thriller Subtitle : Myanmar Subtitle (Hard ...
7.1
IMDB: 7.1/10 147 votes
movie

Urvi (2017)

2017
Berlin Falling (2017) 6.9
Berlin Falling (2017) ဂျာမနီတပ်ထွက်တစ်ယောက်ဟာ သူ့မိန်းမနဲ့ ကွာရှင်းတော့မှာဖြစ်တဲ့အတွက် သူနဲ့အတူမနေရတဲ့ သမီးလေးကို သွားတွေ့ဖို့ ဘာလင်မြို့ကို ကားမောင်းလို့ထွက်လာခဲ့ပါတယ် … လမ်းမှာ လူတစ်ယောက်က ဘာလင်မြို့ကို ကားကြုံလိုက်ချင်တဲ့အတွက် တင်ခေါ်လာရာကနေ လမ်းခရီးတစ်နေရာအရောက် မတော်တဆ အဲ့ဒီလူရဲ့ အိတ်ထဲကနေ ဗုံးတစ်လုံးထွက်ကျလာခဲ့ပါတယ်.. ဒီလူဟာဘယ်သူလဲ.. အဲ့ဒီနောက်မှာဒီလူဟာ သူ့ကိုဘာလင်လိုက်မပို့ရင် သူ့သမီးကိုသတ်ပစ်မယ်လို့ခြိမ်းခြောက်ပြီး သေနတ်နဲ့ချိန်ကာဘာလင်အထိလိုက်လာပါတယ်… ခရီးသည်ကနေ ပြန်ပေးသမား အကြမ်းဖက်သမားဖြစ်သွားတဲ့သူဆီကနေ သူပြေးလို့လွတ်နိုင်မလား ကြည့်ရှုတော်မူကြပါ။ ၂၀၁၇ထွက်ကားတစ်ကားဖြစ်ပြီးRatings တွေကတော့ IMDb – 6.5 Google users- 61% Moviepilot – 5.9/10 Cinema.de – 4/5   (ဘာသာပြန်သူကတော့ Zuel Khant Thwin  ပါ)   File Size : (700 MB) and (320 MB) Quality : Blu-Ray 720p Running Time : 1hr 31min Format : Mp4 Genre : Thriller Subtitle : Myanmar Subtitle (Hard Sub) Source ...
6.9
IMDB: 6.9/10 658 votes
movie

Berlin Falling (2017)

2017
Pathology (2008) 6.0
Pathology (2008) "Forensics အသိပညာနဲ့ လူသတ်ကြည့်မလား" ~~~~~~~~~~~~~~~~~~~~~~~~~ တစ်ခါတလေ တွေးကြည့်ဖူးတယ် ။ " မှုခင်းဆေးပညာ တတ်မြောက်တဲ့သူတစ်ဦးသာ ပိပိရိရိ လူသတ်နိုင်ရင် အဲ့အမှုကာလကို ဘယ်လောက်ထိစစ်ဆေးရမလဲ " ဆိုတာပဲ။ တကယ် ရူးလွင့်လွင့် အတွေးပါပဲ။ ဒီကားကတော့ ဟစ်ပိုကရေးတီး ကျမ်းကို ဇာတ်ကားအစမှာ ညွှန်းဆိုပြပြီး မလုပ်သင့်တဲ့ ကျင့်ဝတ်များ ( တနည်းအားဖြင့် ) လူသေတွေနဲ့ ကစားပွဲတွေ ဖန်တီးကြတဲ့ ကားမျိုးဖြစ်တယ်။ အမျိုးအစားက #18+Rated ကားမျိုးဖြစ်မယ်ထင်တယ်။ ဒါပေမဲ့ သည်းထိတ်ရင်ဖို ကြည့်ချင်တဲ့သူတွေအတွက်ကတော့ တကယ်မိုက်ပါတယ်။ Autopsy of Jane Doe ကားထက် ပို ကြောက်ဖို့ကောင်းပါတယ်။ ဒီဇာတ်ကားမှာတော့ ရင်ခွဲရုံတွေ /သေဆုံးမှုစစ်ဆေးတာတွေက အမှန်တကယ် တည်ဆောက်ခြင်းတွေနဲ့တူတယ်။ သွေးသံတရဲရဲနဲ့ အမှောင်ခန်းတွေက လည်း စိတ်ခြောက်ခြားဖို့ကောင်းပါတယ်။ အဲ့ဒီနောက် ဦးခေါင်းခွံခွာပြီး ဦးနှောက်လေးကို အတုံးအခဲလိုက် ကိုင်တွယ်ယူပုံက သာမန်လူအဖို့ကျောချမ်းစေမယ် လို့ ယူဆမိပါတယ်။ နံရိုးတွေ ကို ညှပ်ကိရိယာတွေနဲ့ ချိုးယူပုံတွေက လည်း ပီပြင်စေတယ်။ ဇာတ်လမ်းအကျဉ်းအရ မှုခင်းဆရာဝန် အုပ်စု တစ်စုဟာ ...
6.0
IMDB: 6.0/10 28,629 votes
movie

Pathology (2008)

2008
The Last Witness(2018) 5.6
The Last Witness(2018) The Last Witness(2018) IMDb....5.4 စိတ်​ဝင်​စားဖွယ်​ပိုလန်​နိုင်​ငံ​ရေးကား​ကို တင်​ဆက်​​ပေးလိုက်​ပါတယ်​... ..ဒီကား​ထဲမှာဆိုရင်​​တော့ ဆိုဗီယက်​ပြည်​​ထောင်​စု​တွေကြီးစိုးတဲ့စစ်​ပွဲကာလမှာ ပိုလန်​နိုင်​ငံရဲ့အရာရှိ​တွေပြည်​သူ​တွေ ထောင်​​သောင်းချီပြီးအစုလိုက်​အပြုံလိုက်​အသတ်​ခံခဲ့ရပါတယ်.. ..​ ဒီကိစ္စကို ပိုလန်​နိုင်​ငံရဲ့အထက်​လူကြီး​တွေကလည်းတိကျတဲ့အ​ဖြေတစ်​ခုမ​ပေးနိုင်​ကြပါဘူး.. ဒါ​ပေမဲ့ ဒီကိစ္စနဲ့ပတ်​သတ်​ပြီးတိကျတဲ့အ​ဖြေတစ်​ခု​ဖော်​ထုတ်​ချင်​တဲ့သူက​တော့မစ္စတာစတီဖင်​အန်​ဒါဝတ်​လို့​ခေါ်တဲ့ ဂျာနယ်​လစ်​တစ်​​ယောက်​ပါ ... ဂျာနယ်လစ်တစ်ယောက်အတွက်ရက်စက်တဲ့ဆိုးယုတ်မှုကြီးကိုဖော်ထုတ်ဖို့ရာမလွယ်ပါဘူးးး... သို့ပေမယ့် သူဟာ ဒီဖြစ်ရပ်ကြီးကို ဇွဲရှိရှိနဲ့လိုက်လံရှာဖွေဖော်ထုတ်ရာမှာ မမျှော်လင့်တဲ့သူတွေ ပါဝင်ပတ်သက်နေပြီးသူ့အတွက်လည်း အန္တရယ်ပေါင်းများစွာနဲ့ကြုံရပါတော့တယ်.. သူဘယ်လိုရင်ဆိုင်ဖြေရှင်းမလဲဆိုတာကိုတော့ ကြည့်လိုက်ပါဦး.   .ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Pyae Xeinn Settဖြစ်ပါတယ်...   File Size : (900 MB) and (321MB) Quality : WEBDL-720p Format…mp4 Duration…01:37:00 Genre :  History, Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by Pyae Xeinn Sett Encoded by Phyo Pyae
5.6
IMDB: 5.6/10 222 votes
movie

The Last Witness(2018)

2018
They Remain (2018) 5.7
They Remain (2018) They Remain ဆိုတဲ့ ဇာတ်လမ်းကတော့ Thriller/Horror အမျိုးအစားဖြစ်ပါတယ်။ Rotten Tomato 61% ရထားတဲ့ ဘဘာဝလွန်ဇာတ်လမ်းဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ Keith နဲ့ Jessica ဆိုတဲ့ သုတေသန ပညာရှင်နှစ်ယောက်က သစ်တောတစ်ခုထဲမှာ အမည်ဖော်လို့မရတဲ့ အရာတစ်ခုကို ဖော်ထုတ်ပြီးသုတေသနလုပ်ဖို့ စေခိုင်းခံရပါတယ်။ ပထမတော့ သူတို့နှစ်ယောက်ဟာ တိရိစ္ဆာန် မျိုးရိုးဗီဇအသစ်နဲ့ အပင်မျိုးစိတ်အသစ်ကိုပဲ သုတေသနပြုလုပ်ရမယ်လို့ထင်ကြပါတယ်။ သူတို့ သုတေသန ပြုလုပ်ရမယ့် သစ်တောနားက ကွင်းပြင်မှာပဲ စခန်းချပြီး စတင် ရှာဖွေကြပါတော့တယ်။ ဒါပေမဲ့ သူတို့သိလိုက်ရတာက တစ်ချိန်က လူပေါင်းမြောက်မြားစွာ အသတ်ခံရပြီးကိုအဲ့ဒီနေရာမှာပဲ မြုပ်နှံထားတာပဲဖြစ်ပါတယ်။ အဲဒီနေရာမှာ လူဆိုလို့ သူတို့နှစ်ယောက်ပဲရှိပေမဲ့ သူတို့တွေ့တွေ့နေရတဲ့ လူအရိပ်တွေ ခေါ်သံတွေ တံခါးခေါက်သံတွေက ဘာတွေလဲ သူတို့ဘာသာစိတ်ထင်လို့ဖြစ်တာလား တကယ်သူတို့ကို ကိုယ်ယောင်လာပြတာလား ပရလောကသားတွေက သူတို့နှစ်ယောက်ကို ဘာများ ပြောချင်တာလဲ သူတို့ကရော အဲလိုထူးဆန်းတဲ့အရာတွေကနေ လွတ်မြောက်နိုင်ပါ့မလားဆိုတာကို ရင်တမမနဲ့ ကြည့်ရမှာဖြစ်ပါတယ်။ ဇာတ်လမ်းထဲမှာ သူတို့နှစ်ယောက်ပဲပါတယ်ဆိုပေမဲ့ တကယ်ပျင်းစရာမကောင်းပဲ ကြည့်တဲ့သူကို ...
5.7
IMDB: 5.7/10 60 votes
movie

They Remain (2018)

2018

Genres

Like Us!