Channel Myanmar

TV Movie

The Voyagers (2022)
The Voyagers (2022)  ဒီဇာတ်ကားလေးက ၂၀၂၂ ကမှထွက်ရှိထားတဲ့ အီတလီဇာတ်ကားလေးပါ။ အချိန်​ခရီးသွား​တဲ့ Fantasy​ အမျိုးအစား​ဇာတ်​ကားဖြစ်ပြီး ခါတိုင်းလို အမေရိကန်​တွေက ကမ္ဘာ​ကြီး​ကိုကယ်တင်မဲ့အစား ဒီတစ်ခါ​တော့​ အီတာလျံတွေ ကမ္ဘာ​ကိုကယ်တင်မှာကို ကြည့်ရှုရမှာပါ။ဇာတ်လမ်း​အကျဥ်း ကတော့ မက်စ် ဆိုတဲ့ကောင်လေးရဲ့ အစ်ကို​ဖြစ်သူ ဘီယိုက သိပ္ပံ​သုတေသန​ Lab တစ်ခုမှာ အလုပ်​လုပ်​နေတဲ့ သိပ္ပံ​ပညာရှင်​တစ်ယောက်​ဖြစ်ပြီး တစ်နေ့​မှာ ခြေရာ​လက်ရာမကျန်ဘဲ လုံးဝ​ပျောက်ဆုံးသွားပါတယ်။တစ်နှစ်​အကြာမှာ အစ်ကို​ဖြစ်​သူပျောက်သွားတဲ့ Lab ကို မက်စ်နဲ့ သူ့သူငယ်ချင်းတွေဖြစ်တဲ့ ဂရီတာ နဲ့ ဖလီဘိုတို့ သုံးယောက်​သား ဖောက်​ထွင်း​ဝင်ရောက်ရာကနေ စက်​တစ်ခုကို​ မတော်​တဆဖွင့်မိရင်း သူငယ်ချင်း​သုံး​ယောက်​လုံး အတိတ်​ကိုပြန်ရောက်သွားပါတော့တယ်။ ရောက်​သွားတဲ့အတိတ်က ဒုတိယ​ကမ္ဘာ​စစ်​ဖြစ်​ခါနီး မူဆိုလီနီ​အုပ်ချုပ်​နေတဲ့ ဖက်ဆစ်အီတလီနိုင်ငံကိုဖြစ်ပါတယ်။ အစ်​ကိုဖြစ်သူကိုစုံစမ်းရင်း Montanary Brigade ဆိုတဲ့​ ဖက်ဆစ်ဆန့်ကျင်ရေးအုပ်စုတစ်စုနဲ့ ဆက်သွယ်​မိပြီး မူဆိုလီနီက ဒုတိယ​ကမ္ဘာစစ်ကို အနိုင်​တိုက်​ပြီး သမိုင်း​ကို​ပြောင်းဖို့အတွက် ပြီး​ပြည့်စုံ​တဲ့ ကာလယန္တရားတစ်ခုကိုတည်ဆောက်နေပြီး မက်စ်​ရဲ့အစ်ကို ဘီယို​ကိုလည်း​ ဖမ်းဆီး​ထားတာကို ...
movie

The Voyagers (2022)

Lot No. 249 (2023) 5.9
Lot No. 249 (2023) ဒီဇာတ်ကားလေးကတော့ 1892 မှာ ပထမဆုံးအကြိမ် ထုတ်ဝေခဲ့တဲ့ Horror Short Story လေးကို ပြန်လည်ရိုက်ကူးထားတာဖြစ်ပါတယ်.စမစ်ဟာ Oxford မှာ ဆေးပညာကိုလေ့လာနေတဲ့ ကျောင်းသားတစ်ယောက်ပါ သူနဲ့ တစ်ဆောင်တည်းနေတဲ့ ဘယ်လီဂန်ကတော့ အီဂျစ် ရှေးဟောင်းသုတေသနတွေကို လေ့လာနေတဲ့သူပေါ့။ ဘယ်လီဂန်တစ်ယောက် သတိမေ့နေတာကို စမစ် သွားရောက်ကုသပေးတဲ့အချိန် ဘယ်လီဂန်ရဲ့ အခန်းထဲမှာ မံမီတစ်ကောင်ရှိနေတာကို တွေ့လိုက်ရပါတယ်။ အဲ့ဒီနောက်မှာတော့ Oxford ကျောင်း ပတ်ဝန်းကျင်မှာ ထူးဆန်းတဲ့အရာတွေ ဆက်တိုက်ဖြစ်လာပါတော့တယ် File size…(384 GB)/(146 MB) Quality….Webrip 1080p / 720p Format…mp4 Duration….00:29:00 Genre...Horror, TV Movie  Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Ban 
movie

Lot No. 249 (2023)

Count Magnus (2022)
Count Magnus (2022) " A ghost story for christmas count magnus " ဆိုတာ Horror အမျိုးအစားဇာတ်လမ်းတိုလေးဖြစ်ပါတယ်။1863 ခုနှစ်ဆွီဒင်မြို့က‌လေးဟာ လူသိပ်မသိကြဘဲ လာလည်တဲ့လူ သိပ်မရှိတဲ့ဒေသလေးဖြစ်ပါတယ်။ခရီးသွားတစ်ယောက်ဖြစ်တဲ့ မစ္စတာဝက်စ်ဟောက လမ်းမှားရင်းဆွီဒင်ကိုရောက်သွားပြီး အဲ့ဒီက မျိုးရိုးမြင့် ဒယ်လာဂါဒီဆိုတဲ့မိသားစုရဲ့ဘိုးဘေး ကွယ်လွန်သွားပြီဖြစ်တဲ့မြို့စားမင်းကြီးရဲ့အကြောင်းကိုသိချင်မိပြီး သူဘာတွေများအောင်မြင်ခဲ့သလဲ ဘယ်လိုအရာမျိုးတွေလုပ်တတ်တဲ့လူမျိုးလဲဆိုတာကို ရိုးရိုးသားသားသိချင်စိတ်နဲ့ လိုက်လံပြီးစုံစမ်းစပ်စုမိရာကနေ နောက်ဆုံးမှာ မစ္စတာဝက်စ်ဟောတစ်ယောက်ဟာ တန်ကြေးကြီးတဲ့ အဆုံးသတ်တစ်ခုနဲ့ ရင်ဆိုင်လိုက်ရပါတော့တယ်။ File size…(465 MB)/(189 MB) Quality….Webrip 1080p / 720p Format…mp4 Duration….00:32:00 Genre... Horror, Tv Movie  Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Lycoris 
movie

Count Magnus (2022)

The Proposal Spot (2023) 6.0
The Proposal Spot (2023) (function(f,b,n,j,x,e){})(); CM ပရိသတ်ကြီး အကြိုက်တွေ့စေမယ့် ချစ်စရာ rom-com လေးတစ်ကားတင်ဆက်ပေးလိုက်ပါတယ်ဇာတ်လမ်းအကျဥ်းလေးကတော့ ထရီနာဆိုတဲ့ကောင်မလေးက "အချစ်ကဖေး" ဆိုတဲ့ ကော်ဖီဆိုင်ပိုင်ရှင်တစ်ယောက်ပါ ချစ်သူတွေအတွက် အထူးစပါယ်ရှယ်စီစဥ်ပေးထားတဲ့ လော့အိန်ဂျလိစ်ရဲ့ ရိုမန့်တစ်အဆန်ဆုံး ပန်းဥယျာဥ်လေးဖြစ်တဲ့ "Lover Café" လေးမှာ သူ့ရဲ့ သူငယ်ချင်း ပေါ်လိုနဲ့အတူတူ တစ်နေ့တစ်နေ့ နားမနေနိုင်ဘဲ တောင်းဆိုမှုတွေများပြားလှတဲ့ စုံတွဲတွေအတွက် အမျိုးမျိုးသော ဝန်ဆောင်မှုတွေကို ကြိုးကြိုးစားစားလုပ်ပေးရတာပေါ့တနေ့ ပေါ်လိုရဲ့သူငယ်ချင်း ဟာသပညာရှင် Pete နဲ့ သူ့ရဲ့ကောင်မလေးဖြစ်တဲ့ အာရှသူလေး ရောက်လာတယ် Pete တစ်ယောက် အာရှသူလေးကို ရုတ်တရက်လက်ထပ်ခွင့်တောင်းလေတော့ "ကျွန်မ ရှင်နဲ့ လက်မထပ်ချင်ဘူး" ဆိုတဲ့ အဖြေပဲ ပြန်ရလို့ Pete တစ်ယောက် ကြေကွဲသွားတယ် တစ်ဖက်မှာလည်း ထရီနာရဲ့ဆိုင်က တိုက်ခန်းပိုင်ရှင်က တိုက်ကိုရောင်းတော့မယ်အလုပ်... ထရီနာတစ်ယောက် သူမရဲ့ ဘုံကမ္ဘာလေးကို မစွန့်လွှတ်ချင်တော့ ပိုင်ရှင်ဆီက တိုက်ကိုပြန်ဝယ်ဖို့ ကြံတယ် ဒါပေမဲ့ ...
movie

The Proposal Spot (2023)

A Neighbor’s Vendetta (2023)
A Neighbor’s Vendetta (2023)  ဒီတစ်ခါမှာတော့ A Neighbour's Vendetta ဆိုတဲ့ဇာတ်ကားလေးကိုတင်ဆက်ပေးချင်ပါတယ်ဇာတ်လမ်းအကျဥ်းလေးကတော့ဆွန်ယာနဲ့ဂျေဆန်တို့လင်မယားနှစ်ယောက်ဟာ သူတို့ရဲ့ကလေးလေးကို ဆုံးရှုံးပြီးလိုက်ရပြီးနောက်မှာ သူတို့နှစ်ယောက်လည်းအဆင်မပြေဖြစ်ပြီး ကွဲမလိုဖြစ်ခဲ့ကြပါတယ် ဆွန်ယာတစ်ယောက်လည်း ဝမ်းနည်းပက်လက်ဖြစ်ပြီး စိတ်ကျန်းမာရေးဆရာဝန်နဲ့ဆွေးနွေးနေရတဲ့အထိဖြစ်နေပါတယ် အဲ့လိုဖြစ်နေချိန်မှာ ဆွန်ယာဟာ စိတ်ထွက်ပေါက်အနေနဲ့ညသူနဲ့အတူတူအလုပ်လုပ်နေတဲ့ သူဌေး ရော့ဘတ်နဲ့ဖောက်ပြန်မိပါတယ် တစ်နေ့မှာ သူတို့နှစ်ယောက် sex chat နေရင်း ရော့ဘတ်တစ်ယောက် ကာမစိတ်အလွန်နိုးကြားခြင်းကြောင့်ဖြစ်တဲ့အသက်ရှူကြပ်ရောဂါနဲ့ မတော်တဆသေဆုံးသွားပါတယ်ရော့ဘတ်မှာလည်း မီယာဆိုတဲ့ ဇနီးသည်ရှိပါတယ် မီယာဟာ သူ့ယောက်ျားဟာ ဖောက်ပြန်နေတယ်ဆိုတာသိလိုက်ရတဲ့အခါမှာ မကျေမနပ်ဖြစ်ပြီး သူခံစားခဲ့ရတဲ့အတိုင်း ဆွန်ယာကိုလက်စားပြန်ချေဖို့ဆုံးဖြတ်လိုက်ပါတယ် အဲ့ဒီတော့ မျက်လုံးတစ်လုံးအတွက်မျက်လုံးတစ်လုံးဆိုတဲ့အတိုင်း သူ့ယောက်ျားသေရတဲ့အတွက် ဆွန်ယာရဲ့ယောက်ျားဖြစ်သူ ဂျေဆန်ကို အသုံးချပြီး ဘယ်လိုလက်စားချေသွားမလဲဆိုတာ စိတ်ဝင်စားဖွယ်ကြည့်ရှုရမှာပါ File size…(622 MB) Quality…. 720p Format…mp4 Duration….01:29:00 Genre...Thriller, Tv Movie Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Ruby Jane
movie

A Neighbor’s Vendetta (2023)

Lies My Sister Told Me (2022)
Lies My Sister Told Me (2022)  ဒီတစ်ခေါက်မှာတော့ Thriller ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ အရောင်းရဆုံးအချစ်ဝတ္တုစာရေးဆရာမ တစ်ယောက်ဖြစ်သူ ဂျနီဖာရေးရ်က အဖေဖြစ်သူရဲ့ သေဆုံးမှုကြောင့် စိတ်အကြီးအကျယ်ထိခိုက်သွားတဲ့ သူနဲ့ ရုပ်ချင်းခွဲမရအောင်တူတဲ့ သူ့ရဲ့အမြွှာညီမဖြစ်သူ ထရေစီရေးရ်ကို မတတ်သာဘဲ စိတ်ကျန်းမာရေးဆေးရုံမှာ တင်ထားခဲ့ရပါတယ်။ လူတိုင်းက လေးစားအားကျပြီး ချစ်ခင်ကြတဲ့ သူမကတော့ အမြွှာညီမဖြစ်သူက စိတ်ကျန်းမာရေးဆေးရုံတက်နေတဲ့အကြောင်း ဘယ်သူ့ကိုမှ အသိမပေးထားခဲ့ပါဘူး။ဒီလိုနဲ့ တစ်နေ့မှာတော့ ညီမဖြစ်သူ ထရေစီ့ကို ဧည့်တွေ့ဖို့အသွားမှာ သူ့ညီမက သူနဲ့လူချင်းလဲပြီး သူ့ဟန်ဆောင်ကာ ဆေးရုံကနေ လွတ်မြောက်သွားခဲ့ပါတယ်။ လူစားအလဲခံခဲ့ရသူ ဂျနီဖာရေးရ်ကတော့ စိတ်ကျန်းမာရေး ဆေးရုံထဲ ပိတ်မိနေခဲ့ရတာပေါ့လေ။ သူက သူ့ကိုယ်သူ ဂျနီဖာရေးရ်ပါလို့ သူနာပြုတွေ၊ ဆရာဝန်တွေကို အကြိမ်ကြိမ်ပြောပေမဲ့ အားလုံးက သူ့ကို ထရေစီလို့ပဲထင်ခဲ့ကြပြီး ဘယ်သူကမှ သူပြောတာကို မယုံပေးခဲ့တာမို့ ဆေးရုံကထွက်ပြေးနိုင်ဖို့အရေး နည်းမျိုးစုံနဲ့ကြိုးစားပါတော့တယ်။တစ်ဖက်မှာလည်း သူ့ဟန်ဆောင်ပြီး အပြင်ကိုလွတ်မြောက်သွားခဲ့သူ ထရေစီတစ်ယောက်ကတော့ အပျော်ကြီးပျော်ကာ လုပ်ချင်တာလုပ်လို့ရပြီလို့ ထင်ခဲ့ပေမဲ့ သူ ထင်မထားတဲ့ ...
movie

Lies My Sister Told Me (2022)

Curious Caterer: Fatal Vows (2023)
Curious Caterer: Fatal Vows (2023)  ဒီတစ်ခါမှာ‌တော့ အသစ်ထွက်ရှိထားတဲ့ Curious Caterer ဇာတ်ကားအသစ် ကိုတင်ဆက်ပေးသွားမှာ ဒီဇာတ်ကားထဲမှာ စုံထောက်ကြီး တွမ်ရဲ့ ဇနီးဟောင်းဖြစ်သူ ဂျက်စ်ဟာ မင်္ဂလာဆောင်တော့မှာဖြစ်ပြီး မင်္ဂလာပွဲနေ့မှာပဲ သတို့သားဟာ သေဆုံးသွားပြီး သတို့သမီးဟာလည်း ပျောက်ဆုံးသွားပါတော့တယ်စုံထောက်တွမ်ဟာလည်း ဒီအမှုဟာ သူ့ရဲ့ ကိုယ်ရေးကိုယ်တာနဲ့ သက်ဆိုင်နေတဲ့အတွက် အမှုလိုက်ခွင့်မရ‌လိုက်ပါဘူး ဒါပေမဲ့ လက်မလျှော့တဲ့ စုံထောက်တွမ်ဟာ မင်္ဂလာကိတ်မုန့် လုပ်ပေးတဲ့ ဂိုဒီဆိုတဲ့ အမျိုးသမီးနဲ့ အတူ အမှုလိုက်ပါတော့တယ် သတို့သမီးကရော အသက်ရှင်လျက် ရှိနေသေးလား သတို့သားကိုရော ဘယ်သူသတ်သွားတာလဲဆိုတာကိုတော့ ကြည့်ရှုပေးကြပါဦးခင်ဗျာ File size…(1.6 GB)/(873 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:24:00 Genre...Tv Movie, Drama, Mystery Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Ban
movie

Curious Caterer: Fatal Vows (2023)

The Naughty Nine (2023)
The Naughty Nine (2023)  ခရစ်စမတ်ရာသီလေးမှာ ဆန်တာရဲ့ ရွာကို သွားဖောက်ကြမဲ့ လူဆိုးလေး ၉ ယောက် ❄️2023 မှာမှ အသစ်စက်စက်လေး ထွက်ထားတဲ့ ဒီဇာတ်ကားကတော့ Adventure, comedy အမျိုးအစားလေပဲ ဖြစ်ပါတယ်။ဆန်တာဆီမှာ “လူဆိုးစာရင်း” ဆိုတာရှိတယ်။ လူဆိုးစာရင်းဝင်တဲ့ကလေးတွေက ခရစ်စမတ်နေ့မှာ လက်ဆောင်မရဘူးတဲ့။ ကမ္ဘာကြီးမှာ လက်ဆောင်မရတဲ့ကလေးတွေလဲ အများကြီးပါပဲ။ ဒါပေမဲ့ အန်ဒီစတီးဆိုတဲ့ ‌လူဆိုးစာရင်းဝင်ကောင်လေးကတော့ လက်ဆောင်မရတဲ့ကိစ္စကို မခဲမကျေပါဘူး။ အဲဒါနဲ့ သူက သူအပါအဝင် လက်ဆောင်မရတဲ့ နောက်ထပ် “လူဆိုးစာရင်းဝင်” ကလေး ၈ ယောက်ကို စည်းရုံးပြီး ဆန်တာရွာကို ဖောက်ဖို့ စီစဉ်တော့တယ်။ဆန်တာရွာဆိုတာက မြောက်ဝင်ရိုးစွန်းမှာ တည်ရှိတာဖြစ်ပြီး ကလေးတွေအနေနဲ့ သွားဖို့ လုံးဝမဖြစ်နိုင်တဲ့ နေရာတစ်ခု။ ဒါပေမဲ့ စိတ်သာထည့်လိုက်ရင် မဖြစ်နိုင်တဲ့အရာမရှိတဲ့ ‌အန်ဒိီစတီးဆိုတဲ့ကောင်လေးက ဘယ်လိုမျိုးတွေ အကြံ‌ထုတ်ပြီး ဆန်တာရွာကို အရောက်သွားကြမလဲ❓ဆန်တာရွာကို ရောက်သွားကြတော့လဲ ဘယ်လိုပြန်ထွက်လာမလဲ❓ခရစ်စမမတ်ရာသီလေးမှာ လူဆိုးလေး‌ ၉ ...
movie

The Naughty Nine (2023)

South Park: Joining the Panderverse (2023)
South Park: Joining the Panderverse (2023)  Dark humour တွေကြိုက်တဲ့လူတိုင်း South Park Series လေးကိုတော့ သိမယ်ထင်ပါတယ်ဒီတစ်ကားမှာလည်း ထုံးစံအတိုင်း ‌ဒီခေတ်မှာ ဖြစ်ပျက်နေတာကို သိသိသာသာ Troll ထားတာပါ Disney က ထုတ်သမျှ ဇာတ်ကားတိုင်း လူမည်းနဲ့ အစားထိုးပြီး လူမျိုးရေးခွဲခြားတာလို့ ထိုင်အော်နေတဲ့ အကြောင်းနဲ့ AI ကို အားကိုးလာကြတဲ့ လူတွေအကြောင်းကို သရော်ထားတာဖြစ်ပါတယ်အဲရစ်ကာမန်းဟာ သူ့ပတ်ဝန်းကျင်ကလူတွေ အစားထိုးခံလိုက်ရတယ်ဆိုတဲ့ အိမ်မက်ကို အမြဲမက်နေခဲ့တာပါ တစ်ရက်မှာတော့ သူ့အပေါ်ကို ဂိတ်ပေါက်တစ်ခုဖွင့်လာပြီး တခြား ကမ္ဘာတစ်ခုကို ရောက်ရှိသွားတဲ့အခါ အဲရစ်တစ်ယောက် လူမှန်နေရာမှန်ပြန်ရောက်အောင် လုပ်ရပါတော့တယ် File size…(760 GB)/(350 MB) Quality….Webrip 1080p / 720p Format…mp4 Duration….00:48:00 Genre...Animation, Comedy, Science Fiction, Tv Movie Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Ban
movie

South Park: Joining the Panderverse (2023)

Secrets at the Museum (2023)
Secrets at the Museum (2023)  Secrets at the Museum ဟာ 2023 ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Mystery & thriller ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်နာတာလီဟာ သူမရဲ့ဖခင်ဖြစ်သူ Robert နဲ့ ဝေးကွာနေတဲ့ ပန်းချီဆရာမတစ်ယောက်ဖြစ်ပါတယ်။ သူမရဲ့ မိသားစုဟာ ချမ်းသာပြီး နာမည်ကျော်ကြားတဲ့ Freeman ပြတိုက်ကို ပိုင်ဆိုင်ထား‌ပေမယ့်လည်း သူမရဲ့ဘဝကို သူမရဲ့ ချစ်သူဖြစ်သူ ပန်းချီဆရာ Alex အပါအဝင် လူတိုင်းကို လျှို့ဝှက်ထားဖို့အတွက် သူမရဲ့ ကွယ်လွန်သူ မိခင်ရဲ့ အမည်ကိုပဲ အသုံးပြုခဲ့တဲ့ မိန်းကလေးတစ်ယောက်ပဲဖြစ်ပါတယ်။Natalie ရဲ့ဖခင်သေဆုံးသွားတဲ့အခါမှာတော့ သူမဖခင်ရဲ့လက်ထောက်ဖြစ်သူ Derek ရဲ့အကူအညီနဲ့ သူမဟာ Freeman ပြတိုက်ကို ဆက်လက်လည်ပတ်နိုင်ခဲ့ပါတယ်။ အချိန်တိုအတွင်းမှာ တစ်စုံတစ်ယောက်က မူရင်းပန်းချီကားတွေကို ခိုးယူပြီး အတုတွေနဲ့ အစားထိုးနေတာကို နာတာလီကသိရှိလာခဲ့ပါတယ်။ အဲ့တာအပြင် သူမအဖေရဲ့ အချိန်မတိုင်မှီသေဆုံးမှုကို သံသယဝင်ရင်း အမှန်တရားကို ရှာဖွေဖို့ ကြိုးစားခဲ့ပါတယ်။အမှန်တရားကို ...
movie

Secrets at the Museum (2023)

A Job to Die For (2022)
A Job to Die For (2022)  ဒီဇာတ်ကားလေးကတော့ သည်းထိပ်ရင်ဖို thriller အမျိုးအစားဖြစ်ပါတယ်ဆေဒီဆိုတဲ့ကောင်မလေးဟာ ကျောင်းသားချေးငွေပြန်ဆပ်ဖို့အတွက်အလုပ်ရှာနေတာပါ ဒါပေမယ့်လူငယ်တွေကြုံရတဲ့ပြဿနာအတိုင်း ကျောင်းပြီးစအတွေ့အကြုံမရှိတော့ဘယ်သူကမှမခန့်ချင် ဘယ်သူမှမခန့်တော့ အတွေ့အကြုံကမရှိနဲ့ သံသရာလည်နေရော ဒီလိုနဲ့တစ်နေ့မှာသူသဘောကျရတဲ့ဖက်ရှင်ဒီဇိုင်းနာတစ်ယောက်ရဲ့ကုမ္ပဏီမှာ လစာအပြင် တခြားအကျိုးခံစားခွင့်မျိုးပါပေးတဲ့လက်ထောက် အလုပ်ရခဲ့ပါတယ်ဒါပေမယ့်ဘယ်အလုပ်ကမှ လွယ်ကူတယ်ဆိုတာမျိုးမရှိပါဘူး ဒီကုမ္ပဏီရဲ့သူဌေးမနဲ့ပတ်သက်ပြီးတစ်ခုခုမှားနေတာကို ဆေဒီတစ်ဖြည်းဖြည်းနဲ့သိလာရပါတယ် သူဌေးမကဘာလို့လက်ထောက်တွေခဏခဏပြောင်းနေတာလဲ သူ့အရင်လက်ထောက်တွေကရောဘာလို့ပျောက်သွားတာလဲ သူ့ကိုအလုပ်ထွက်ဖို့ခြိမ်း​ခြောက်စာတွေကရော ဘယ်သူပို့နေတာလဲ ဘာလို့ပို့နေတာလဲ... File size…(1.4 GB)/(707 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:27:00 Genre...Thriller, Tv Movie Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Lycoris
movie

A Job to Die For (2022)

Haunted Harmony Mysteries: Murder in G Major (2023) 7.1
Haunted Harmony Mysteries: Murder in G Major (2023)  IMDb 7.1 ရရှိထားတဲ့ လူသတ်သရဲကားကို CMကနေ တင်ဆက်ပေးလိုက်ပါတယ်။ Full House, Family Guy, Detention, Roommates အစရှိတဲ့ ရုပ်ရှင်စီးရီးတွေရဲ့ မင်းသမီး Tamera Mowryက ယခုရုပ်ရှင်မှာ ဂတ်ဆန်းမန်းနီး ဆိုတဲ့ ကာရိုက်တာအနေနဲ့ သရုပ်ဆောင်ထားပါတယ်။ ဒါ့အပြင် Too close , Delicious , The Inheritance, Extra ordinary အစရှိတဲ့ ရုပ်ရှင်ကောင်းပေါင်းများစွာမှာ သရုပ်ဆောင်ဖူးတဲ့ Risteárd Cooperကြီးကပါ အဆိုပါရုပ်ရှင်ကို အတွဲညီညီနဲ့ တွဲဖက်သရုပ်ဆောင်ထားပါတယ်။( အေမန် မက်ကာသီနဲ့ အော်လာတို့က နိုင်ငံကျော် အနုပညာရှင် ချစ်သူတွေဖြစ်ကြပါတယ်။ သူတို့၂ယောက်ကို လူတိုင်းကလည်း ချစ်ကြပါတယ်။ ဒါပေမယ့် သူတို့ချစ်သူ၂ဦးကြားမှာ အဖြစ်ဆိုးကြီး ဖြစ်သွားခဲ့ပါတယ်။ Official သတင်းအရဆိုရင် အေမန်က အော်လာကို သတ်ပြီး ကိုယ့်ကိုယ်ကို ...
movie

Haunted Harmony Mysteries: Murder in G Major (2023)

Guiding Emily (2023)
Guiding Emily (2023) Guiding Emily ဆိုတဲ့စာအုပ်လေးကိုအခြေခံရိုက်ကူးထားတာဖြစ်ပြီး IMDb 7.8 အထိရရှိထားတဲ့အပြင် ကြည့်ရှုနှုန်းတွေဆက်တိုက်တက်နေတဲ့ ဒရမ်မာကားကောင်းလေးတစ်ကားဖြစ်ပါတယ် ခွေးလေးတွေက လူတွေရဲ့အကောင်းဆုံးအဖော်အဖြစ်သတ်မှတ်ခံထားရတာပါ ကူညီပေးတတ်ပြီးနာခံတတ်တဲ့ခွေးလေးတွေကို လူတွေကအိမ်မွေးတိရိစ္ဆာန်အဖြစ်အပြင် မျက်မမြင်နဲ့မသန်စွမ်းတွေကို ကူညီပေးဖို့အတွက်လည်းမွေးတတ်ကြပါသေးတယ် ဒီဇာတ်လမ်းလေးကတော့ ဂါ့သ်ဆိုတဲ့ခွေးလေးရဲ့အိပ်မက်ဖြစ်တဲ့ မျက်မမြင်လမ်းပြခွေးဖြစ်လာပုံနဲ့ သူချစ်ရတဲ့သူနဲ့အတူ ဘယ်လိုနေထိုင်သွားကြမလဲဆိုတာကိုကြည့်ရှုရမှာပါ ဇာတ်လမ်းအကျဉ်း..... အမ်မလီရဲ့ဘဝဟာအရာရာပြည့်စုံနေခဲ့ပြီး သူကပျော်ပျော်ပါးပါးအလုပ်လုပ်ရင်း စွန့်စားရတာကိုလည်းကြိုက်တဲ့သူတစ်ယောက်ပါ တစ်နေ့မှာတော့ မတော်တဆမှုတစ်ခုကြောင့်အမ်မလီဟာ မျက်စိကွယ်သွားခဲ့ရပြီး သူ့ဘဝကြီးကလည်းဇောက်ထိုးမိုးမျှော်ဖြစ်သွားသလို စိတ်ဓာတ်တွေလည်းအောက်ဆုံးထိထိုးကျသွားရပါတော့တယ် ဒါပေမဲ့ ချစ်ရတဲ့သူတွေကဘေးမှာရှိနေပေးပြီး အားပေးကြတာကြောင့်အမ်မလီတစ်ယောက် ကြိုးစားရုန်းကန်ရင်း သူ့ရဲ့ဘဝလေးကိုဘယ်လိုဖြတ်သန်းမလဲ ဂါ့သ်ကရော သူချစ်ရတဲ့ကောင်မလေးအမ်မလီနဲ့ဘယ်လိုဆုံတွေ့ကြမလဲ ဆိုတာကိုကြည့်ရှုရမှာဖြစ်ပါတယ်File size…(1.8 GB)/(976 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:24:00 Genre...Comedy, Drama, romance, Tv Movie Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Khunn 
movie

Guiding Emily (2023)

Monster High 2 (2023)
Monster High 2 (2023)  Halloween အတွက် 2022က ထွက်ခဲ့တဲ့ Monster High ရုပ်ရှင်ရဲ့ sequel ဖြစ်တဲ့ Monster High 2 ထွက်ရှိလို့လာပါပြီ ဝံပုလွေလူသားတစ်ယောက်ဖြစ်တဲ့ ကလောဒင်းဝုဖ်ဟာ သူမရဲ့ ကျောင်းအသစ်ဖြစ်တဲ့ မွန်းစတားဟိုက်ခ်ကို ပြောင်းရွှေ့လာပြီးတဲ့နောက် အတန်းဖော်တွေဖြစ်တဲ့ ဖကန်ကီစတိန်း၊ ဒရက်ကူလော်ရာတို့နဲ့ အဖွဲ့ကျသွားပါတယ်။ ကလောဒင်းဝုဖ်ဟာ မွန်းစတားဟိုက်ခ်မှာ မွန်းစတားမျိုးစပ်တွေကို လက်ခံပေးဖို့ရာ ရပ်တည်ခဲ့တာကြောင့် မွန်းစတားဟိုက်ခ်ရဲ့ ဆိုရှယ်မီဒီယာဖြစ်တဲ့ Eek Tok မှာ နာမည်ကြီးပြီး လူချစ်လူခင်ပေါနေသူတစ်ယောက်ပါ။ တစ်ချိန်တည်းမှာပဲ စံပြကျောင်းသူဟောင်းတစ်ယောက်ဖြစ်တဲ့ တော်ရာလိုင်းစတွိုက်ပ်ဟာ ပြင်သစ်မှာ တစ်နှစ်တာ ကျောင်းသွားတက်ပြီးနောက် မွန်းစတားဟိုက်ခ်ကိုပြန်လာခဲ့ပါတယ်။ စာသင်နှစ်ရဲ့ ကျောင်းသားခေါင်းဆောင် ရွေးချယ်ပွဲမှာ တော်ရာလိုင်းနဲ့ ကလောဒင်းတို့နှစ်ယောက်ဟာ ကျောင်းသားခေါင်းဆောင်ရာထူးအတွက် ယှဉ်ပြိုင်ဖို့ရာ ရွေးချယ်ခံလိုက်ရပါတယ်။ အဲဒီနောက်မှာတော့ ကျောင်းကို အမည်မသိ ခြိမ်းခြောက်မှုတစ်ခုရောက်လာပြီး ဒီခြိမ်းခြောက်မှုဟာ စုန်းတစ်ပိုင်း ဗန်ပိုင်းယားတစ်ပိုင်းဖြစ်တဲ့ ဗန်ပိုင်းယားမင်းသမီး ဒရက်ကူလော်ရာရဲ့ စုန်းအတတ်နဲ့သက်ဆိုင်နေတယ်လို့ ...
movie

Monster High 2 (2023)

Squeaky Clean Mysteries: Hazardous Duty (2022) 6.4
Squeaky Clean Mysteries: Hazardous Duty (2022) အမတ်လောင်းရဲ့ မိန်းမကို ဘယ်သူသတ်သွားတာလဲ ညတစ်ည…သေနတ်သံတစ်ချက်နဲ့အတူ အလားအလာအရှိဆုံး ဥပဒေပြုလွှတ်တော် အမတ်လောင်း မိုက်ကယ်ကာနင်ဟန်ရဲ့ ဇနီးဖြစ်သူဟာ သေဆုံးသွားခဲ့တယ်။ လူသတ်သမားပါဆိုပြီး စွဲချက်တင် ဖမ်းဆီးထားခဲ့တာက ဂေးလ်နယူးစွန်း အမည်ရှိ အာမခံနဲ့ လွတ်လာတဲ့သူ။ အဓိကမဇာတ်‌ဆောင် ဂယ်ဘီ စိန့် ကလဲယာက မှုခင်းနေရာသန့်ရှင်းရေးဆားဗစ်က ဝန်ထမ်းတစ်ယောက်ဖြစ်တယ်။ အမတ်လောင်းရဲ့ အမှုအခင်းဖြစ်ပွားရာ နေအိမ်ကို ပါတနာဖြစ်သူ ဟာရိုမာတင်နဲ့ သန့်ရှင်းရေးလုပ်ဖို့ ရောက်လာကြရင်း စာအုပ်စင်နောက်က လျှို့ဝှက်အခန်းငယ်ထဲက သေနတ်တစ်လက်ကို တွေ့ခဲ့ရတယ်။ သူ သေနတ်ကို တွေ့တဲ့အချိန်မှာပဲ အိမ်က မီးလောင်သွာတာဟာ ဘယ်သူရှို့တာ ဖြစ်မလဲ ရှို့မီးအတွက် တရားခံအဖြစ် စွဲချက်တင် ဖမ်းဆီးခံလိုက်ရသူကတော့ အမှိုက်ပစ်ဖို့ ထွက်သွားခဲ့တဲ့ ဟာရိုပါပဲ။ ဂယ်ဘီက သူ့ပါတနာဖြစ်သူကို အပြစ်ကင်းစင်ကြောင်းပြဖို့အတွက် သူကိုယ်တိုင်ပဲ လိုက်လံစုံစမ်းခဲ့တဲ့အခါ သူရှာတွေ့သမျှအထောက်အထားတွေက တရားခံဟာ အမတ်လောင်းမိုက်ကယ်ကာနင်ဟန်လို့ ညွှန်ပြနေကြတယ်။ ဆိုတော့ တကယ်ပဲ အမတ်လောင်း ...
movie

Squeaky Clean Mysteries: Hazardous Duty (2022)

The Jane Mysteries: Inheritance Lost (2023)
The Jane Mysteries: Inheritance Lost (2023) ဂျိန်းဒါဆေးလ်ဗားဟာ ဥရောပတစ်ခွင်မှာ နယ်လှည့်ဖျော်ဖြေနေတဲ့ ပြဇာတ်အဆိုတော်တစ်ဦးပါ။ တစ်နေ့မှာတော့ သူမဟာ သူမရဲ့ ဦးလေးဖြစ်သူ ဟာရိုးဆီကနေ အကျိုးအမြတ်မယူတဲ့စုံထောက်အေဂျင်စီတစ်ခုကို အမွေရရှိခဲ့ပါတယ်။ သူမရဲ့ ဦးလေးဖြစ်သူက ဒီအေဂျင်စီကို သူမကိုဆက်လက်ဦးစီးစေချင်ပြီး လူတွေကို ကူညီစေချင်ပေမယ့် သူမဟာ သူမရဲ့ ပြဇာတ်အဆိုတော်ဘဝကို ခုံမင်တဲ့အတွက် လက်ခံဦးစီးဖို့ မစဉ်းစားခဲ့ပါဘူး။ ဒီလိုနဲ့ ဦးလေးအိမ်ကို ခဏတာပြန်လာတဲ့အချိန်မှာ လီယာဆိုတဲ့ ငယ်စဉ်ကတည်းက အမေ့ကို ဆုံးရှုံးလိုက်ရတဲ့မိတဆိုးလေးက သူအမေ့ သေဆုံးရတဲ့ အကြောင်းအရင်းအစစ်အမှန်ကို သိချင်တဲ့အတွက် လာပြီးတော့ အကူအညီတောင်းပါတော့မယ်။ သူမအနေနဲ့ ငြင်းချင်ပေမယ့် ဂျိန်းကိုယ်တိုင်ကလည်း ငယ်ငယ်ကတည်းက အမေ့ကို ဆုံးရှုံးလိုက်ရတဲ့အတွက် လီယာ့ကို ကိုယ်ချင်းစာပြီး ဥရောပကို မပြန်ခင် ဒီအမှုတစ်ခုကို လက်ခံဖြေရှင်းပေးဖို့ အကြောင်းဖန်လာပါတော့တယ်။ ဒီလိုနဲ့ ရဲတွေက သတ်သေမှုလို့ ခေါင်းစဉ်တပ်ပြီး လွယ်လွယ်ပိတ်သိမ်းလိုက်တဲ့အမှုကို သူစပြီးစုံစမ်းပါတော့တယ်။ ဒီတော့ လီယာ့ရဲ့အမေက တစ်ကယ်ပဲသတ်သေခဲ့တာလား၊ လီယာရဲ့အမေရရမယ့် အမွေဒေါ်လာနှစ်သိန်းခွဲကလည်း ...
movie

The Jane Mysteries: Inheritance Lost (2023)

Fourth Down and Love (2023) 6.6
Fourth Down and Love (2023)  ဒီတစ်ခါတင်ဆက်ပေးမှာကတော့ Fourth down and love ဆိုတဲ့ ကားလေးပဲဖြစ်ပါတယ်၊ ဒီကားလေး‌က မိသားစုဇာတ်လမ်းလေးလည်းဖြစ် စိတ်လည်းအေးချမ်းစေမှာမို့လို့ တကယ်ကိုကြည့်သင့်တဲ့ဇာတ်လမ်းလေးဖြစ်ပါတယ်။ အဓိကဇာတ်ကောင်တွေအနေနဲ့တော့ ဘောလုံးကစားရတဲ့ကြိုက်တဲ့ 12နှစ်အရွယ် ကီရာရဲ့အမေ Single mother အယ်ရင်, Whalers အသင်းရဲ့ ပရော်ဖက်ရှင်နယ် ဘောလုံးသမားတစ်ယောက်ဖြစ်တဲ့ မိုက်ခ် ဟန်ဆင်၊ သူတို့နှစ်ယောက်ဟာ ကောလိပ်တုန်းက တွဲခဲ့ကြပြီး ကွဲကွာသွားတဲ့ ငယ်ချစ်တွေပေါ့နော်။ ပြီးတော့ တိုက်ဆိုင်စွာပဲ မိုက်ခ်ဟန်ဆင်က ကီရာ့တို့ ဘောလုံးအသင်း နည်းပြရဲ့ညီဖြစ်နေခဲ့တယ်။ ကီရာ့ရဲ့ လေ့ကျင့်ရေးမှာ အယ်ရင်နဲ့ မိုက်ခ်ဟာ ပြန်ဆုံခဲ့ကြပြီး မိုက်ခ်ဟန်ဆင်ကလည်း ဒဏ်ရာကြောင့် အသင်းကနေ တစ်လနားနေစဉ်အတွင်းမှာ ကီရာ့တို့ အသင်းကို နည်းပြလုပ်ပေးဖို့ ကံစီမံလာတဲ့ အခါမှာတော့ သူတို့နှစ်ယောက်ရဲ့ ချစ်ခြင်းမေတ္တာတွေက ပြန်လည်ပေါက်ဖွားလာမှာလား ဘယ်လိုအခက်အခဲတွေကို ရင်ဆိုင်ရမလဲ၊ မိုက်ခ်ဟန်ဆင်ကရော သူ့အသင်းမှာပြန်လည်ကစားနိုင်ပါ့မလား သူတို့ဘယ်လိုအခက်အခဲတွေ ရင်ဆိုင်ပြီး ဘာတွေ ဆက်ဖြစ်ကြမလဲဆိုတာကိုတော့ ...
movie

Fourth Down and Love (2023)

To Kill a Stepfather (2023)
To Kill a Stepfather (2023) နစ်ကိုးလ်ရေးဟာ ကယ်လီဖိုးနီးယားက ထိပ်တန်းဥပဒေရုံးကြီးမှာ လုပ်ကိုင်နေတဲ့ အောင်မြင်တဲ့ ရှေ့နေတစ်ယောက်ဖြစ်ပါတယ်၊ တစ်နေ့မှာတော့ သူမဟာ သူမရဲ့မွေးစားအဖေဖြစ်သူ လှေကားပေါ်ကနေ တွန်းချခံလိုက်ရပြီး သေဆုံးသွားတဲ့အပေါ် သူမရဲ့အမေဖြစ်သူကို လူသတ်မှုနဲ့ဖမ်းဆီးခံလိုက်ရတာကို သိလိုက်ရပြီးတဲ့နောက်မှာ သူမရဲ့အမေဘက်ကနေ ရှေ့နေလိုက်ပေးဖို့နှင့် ဘာဖြစ်ခဲ့လဲဆိုတာက စုံစမ်းဖို့ ပြန်လာခဲ့ပါတော့တယ်၊ ဒီလိုနဲ့ အမှုအတွက် စတင်စုံစမ်းတဲ့အခါမှာ အဖြစ်အပျက်တွေက သူမထင်သလို မရိုးရှင်းနေဘူးဆိုတာ သူမသိလာရပါတော့တယ်။ သူမရဲ့အမေက တစ်ကယ်ပဲ သူ့မရဲ့မွေးစားအဖေကို သတ်ခဲ့တာလား၊ အပြင်မှာရော တစ်ကယ့်လူသတ်သမားရှိနေတာလား၊ သူမအနေနဲ့ရော ဒီအမှုကို ဘယ်လိုဖြေရှင်းမလဲ၊ အမှန်တရားကိုရောရှာဖွေတွေ့ရှိနိုင်ပါ့မလား ဆိုတာကို စိတ်ဝင်တစား ကြည့်ရှုရမှာဖြစ်ပါတယ်။ File size…(1.5 GB)/(659 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:27:00 Genre...Drama, Tv Movie Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Matteo
movie

To Kill a Stepfather (2023)

Francesca Quinn, PI (2022) 6.0
Francesca Quinn, PI (2022)  မှုခင်းစုံထောက် ဇာတ်လမ်းကောင်းလေးကို ရှာနေတဲ့ သူတွေအတွက် ဒီဇာတ်ကားလေးကို တင်ဆက်ပေးလိုက်ပါတယ် စိန့်ဘန်းဆိုတဲ့ မြို့လေးတစ်မြို့မှာ လူသတ်မှုလို့ မထင်ရဘဲနဲ့ နှလုံးဖောက်တာ ကားမတော်တဆဖြစ်တာ စတဲ့အမှုတွေနဲ့ လူတွေသေဆုံးခဲ့ကြပါတယ် ဒါပေမဲ့ လူတစ်ယောက် ရေနစ်သေဆုံးတာကို စစ်ဆေးတဲ့အခါမှာတော့ ဒါတွေဟာ လူသတ်မှုဖြစ်တယ်ဆိုတာကို သိလာကြပါတယ် ဒီလိုနဲ့ တရားခံကိုရှာကြတဲ့အခါ တရားခံဟာ ရဲမှုးကြီးဂျက်ရဲ့ ဇနီး မှုခင်းသိပ္ပံစုံထောက် ဖရန်ကီရဲ့ မိထွေး မက်ဂန်‌ဆိုတဲ့ သူဖြစ်နေပါတယ် မက်ဂန်တစ်ယောက် ထောင်ကျသွားပြီးတဲ့နောက် အားလုံးအဆင်ပြေခဲ့ပြီ ထင်ခဲ့ပေမယ့် တစ်ရက်မှာတော့ ဖရန်ကီရဲ့ သတို့သားလောင်းဖြစ်သူ ကားလ်တစ်ယောက် အသတ်ခံလိုက်ရ‌ပါတော့တယ် ဒီလိုနဲ့ အမှုကို စစ်ဆေးကြတဲ့အခါမှာတော့ ဘာတွေများ တွေ့ရှိလာကြမလဲ ထောင်ထဲရောက်နေတဲ့ မက်ဂန်ကရော ဒီအမှုနဲ့ သက်ဆိုင်ရဲ့လား အကွက်ကျကျစီစဉ်ထားတဲ့ အမှုကနေ လူသတ်သမားအစစ်ကိုရော ဖော်ထုတ်နိုင်ပါ့မလားဆိုတာကိုတော့ စောင့်ကြည့်ပေးကြပါဦးဗျာFile size…(1.4 GB)/(629 MB)Quality….Webrip 1080p / 720p Format…mp4 Duration….01:24:00 Genre...Tv ...
movie

Francesca Quinn, PI (2022)

Let’s Get Physical (2022) 5.6
Let’s Get Physical (2022)  Let' get physical ဆိုတာကတော့အမေရိကန်ဒရာမာရုပ်ရှင်ကောင်းလေးပါ။သူငယ်ချင်းမိတ်ဆွေနှစ်ဦးကြားခင်မင်ရင်းနှီးမှုအကြောင်းနဲ့တရားမဝင်ပြည့်တန်ဆာလုပ်တဲ့ကောင်မလေးကြောင့်ဘယ်လိုအရှူပ်အယှက်တွေဖြစ်လာလဲဆိုတာကိုမြင်တွေ့ရမှာပါ။ ဇာတ်လမ်းအကျဉ်းပြောရရင် ဆေဒီစမစ်ဆိုတဲ့ကောင်မလေးဟာလူတန်မြို့ကအခုမှပြောင်းလာတဲ့လူသစ်ပါ။သူမကကျန်းမာရေးနည်းပြတယောက်ဖြစ်ပြီးအနှိပ်ခန်းလည်းဖွင့်ထားပါတယ်။ သူမရဲ့ဆိုင်နဲ့ဘေးကပ်ရပ်ဆိုင်ကအေပရယ် ဆိုတဲ့ဆံပင်ညှပ်ဆိုင်ပိုင်ရှင်နဲ့ရင်းနှီးသွားပါတယ်။ ဆေဒီကတစ်ဖက်မှာလည်း အနှိပ်ခန်းဆိုပြီးတော့တရားမဝင်ပြည့်တန်ဆာလုပ်ငန်းလုပ်ကိုင်နေသူပါ။ သူမဟာသူမဆီလာတဲ့ဧည့်သည်တွေကိုနာမည်စာရင်းမှတ်ထားပါတယ်။ ဆေဒီပြည့်တန်‌ဆာလုပ်နေတဲ့အကြောင်းကိုသိသွားတဲ့အခါမှာ အေပရယ်ဘယ်လိုဖြစ်သွားမလဲ၊ ဆေဒီရဲ့ဧည့်သည်စာရင်းကို လူသိရှင်ကြားဖော်ပြခံရတဲ့အခါ လူတန်မြို့မှာဘယ်လိုကမောက်ကမတွေဖြစ်မလဲဆိုတာကိုဆက်လက်ကြည့်ရှု‌ကြပါခင်ဗျာ။ File size…(1.5 GB)/(772 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:25:00 Genre...Drama, Tv Movie Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Akm
movie

Let’s Get Physical (2022)