Channel Myanmar
Uncategorized
The Other End of the Line(2008) 6.2
The Other End of the Line(2008) "The other end of the line" "လေလိုင်းတစ်ဘက်က" *လေလိုင်းတစ်ဘက်မှာ ဘယ်သူရှိလဲ *လေလိုင်းတစ်ဘက်မှာကိုယ်မတွေ့သေးတဲ့ ဖူးစာရှင်လေးရှိမလား *လေလိုင်းတစ်ဘက်မှာ ကိုယ်မသိသေးတဲ့ ကံကြမ္မာတစ်စုံတစ်ရာရှိလေမလား CM ပရိတ်သတ်တွေအတွက်ပိုးဆိုးပတ်ဆတ် ရိုလွန်းတဲ့ ဇာတ်လမ်းတစ်ပုဒ်နဲ့ မိတ်ဆက်ပေးပါရစေ... ဇာတ်လမ်းနာမည်က "The other end of the line"တဲ့... ပရိတ်သတ်တွေထဲမှာ ကိုယ်နဲ့ မတူတဲ့ နိုင်ငံခြားသူတစ်ယောက်နဲ့ ဆုံစည်းမယ်လို့ တွေးခဲ့ဖူးလား.... ကိုယ့်ရဲ့ မသိသေးတဲ့ ဖူးစာက အခြားတစ်ဘက်ခြမ်းမှာဆိုရင် ဘာလုပ်မလဲ.... ဂရင်ဂျာဆိုတဲ့ ကောင်လေးက အမေရိကန်နိုင်ငံသားတစ်ယောက်... သူနဲ့အကြောင်းပါလာခဲ့သူလေးက အိန္ဒိယနိုင်ငံသူ ပရီယာစီသီးတဲ့...ပရီယာက မွန်ဘိုင်းမြို့ စီးတီးဝမ်းလို့ခေါ်တဲ့ အမေရိကန်ဘဏ်တစ်ခုမှာ အလုပ်လုပ်တဲ့သူပါ.. သူ့ရဲ့ အမေရိကန်နာမည်က ဂျနီဖာဒေးဗစ်တဲ့... သူ့အလုပ်က အင်္ဂလိပ်အသံထွက်ကောင်းကောင်းနဲ့ အမေရိကန်နိုင်ငံသားတွေရဲ့ အကြွေးဝယ်ကတ်ပြဿနာ ကိုဖြေရှင်းပေးရတာပါ... ဂရင်ဂျာ အကြွေးဝယ်ကတ်ခိုးခံလိုက်ရတယ်.. ပရီယာက ဒါကိုကူညီဖြေရှင်းပေးသူပါ...သူတို့နှစ်ယောက်ဟာ လေလိုင်းပေါ်မှာပဲ သံယောဇဉ်ဖြစ်ခဲ့ကြတယ်... ထူးဆန်းတဲ့ မျက်လှည့်ဆန်ဆန် ခံစားချက်မျိုး ဖြစ်ခဲ့ကြတယ်... ...
6.2
IMDB: 6.2/10 5,234 votes
movie
The Other End of the Line(2008)
2008
Hichki (2018) 7.4
Hichki (2018) Hichki ( သို့မဟုတ်)၀င်ရိုးစွန်းကြယ်လေး ~~~~~~~~~~~~~~~~~~~ " ၀င်ရိုးစွန်းကြယ်လေးဟာ သဘောင်္တွေကို လမ်းပြပေးခဲ့တယ် ဆိုရင် ကျွန်တော်တို့အတွက် ဆရာမ ဟာ ၀င်ရိုးစွန်ကြယ်လေး " ပါပဲ။ ဒါကတော့ St.Nokler's ကျောင်းရဲ့ အညံ့ဆုံးစာရင်းဝင် 9F အတန်းသားတွေက သူတို့ရဲ့ ဆရာမ Naina ကို ပြောခဲ့ကြတဲ့ စကားလေးတွေပါ။ ဒီတော့ ဆရာမ Naina အကြောင်း စပြောရအောင်။ ဆရာမ Naina ဆိုတဲ့ မိန်းမပျိုလေးဟာ Tourette syndrome လို့ခေါ်တဲ့ ဝေဒနာ ခံစားနေရသူပါ။ဒီဝေဒနာ ကဦးနှောက်ရဲ့ လုပ်ဆောင်ချက် စည်းချက်မကျမှုတွေကြောင့် စိတ်လှုပ်ရှားတိုင်း ကြို့ထိုးနေတဲ့ ခံစားမှု မျိုးဖြစ်ပါတယ်။ ဒီဝေဒနာဟာ ဥာဏ်ရည်ဥာဏ်သွေးကိုတော့ မထိခိုက်ပါဘူး။ ဒါပေမဲ့ ဒီဝေဒနာကြောင့်ပဲ Naina ဟာ ငယ်စဉ်ကတည်းက ရယ်ပြောင်ခံခဲ့ရတယ်။ ကျောင်း များစွာမှ ထုတ်ပယ်ခံရပြီး မိသားစုဆက်ဆံရေး မှာလည်း ပျော်ရွှင်မှုမရှိခဲ့ဘူး။ " ကျွန်မ ကို ...
7.4
IMDB: 7.4/10 1,340 votes
movie
Hichki (2018)
2018
Rangasthalam (2018) 9.4
Rangasthalam (2018) Rangasthalam (2018) မြန်မာစာတန်းထိုး =============================== ဒီတစ်ခါတော့ ဘိုင်ရာဘာမင်းသားလို့ လူသိများတဲ့ ရမ်ချရန်းရဲ့ နောက်ဆုံးထွက် ဇာတ်ကားတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ် IMDb 9.1/10ထိရရှိထားတာဆိုတော့ ကောင်းမကောင်း သိပ်ပြောနေစရာ မလိုလောက်ပါဘူး သာမန်ကြည့်ဖူးနေကျ Talguကားတွေလို Overတွေမပါဘဲ သဘာဝကျကျ အက်ရှင်အလန်းစားတွေ၊ သီချင်းတွေနဲ့ မြိုင်မြိုင်ဆိုင်ဆိုင် တင်ဆက်ထားပါတယ်။ ဇာတ်လမ်းလေးကတော့ ၁၉၈၀ခုနှစ်တွေက ရန်ဂက်(စ်)တလန်ဆိုတဲ့ ကျေးရွာလေးက ဇာတ်လမ်းတပုဒ်ပဲ ဖြစ်ပါတယ်။ ရွာထဲမှာ လယ်တွေကိုရေသွင်းတဲ့အလုပ်ကိုလုပ်တဲ့ ချစ်တီးဘာဘူဟာ မွေးရာပါနားလေးတဲ့ ချို့ယွင်းချက်ရှိပြီး မဟုတ်မခံ လူစားမျိုးပါ၊ သူ့အရှေ့မှာ မတရားတာတွေ့ရင် ဝင်ချဖို့ နှစ်ခါမစဉ်းစားတတ်ပါဘူး ရွာထဲမှာ အဖွဲ့အစည်းဆိုတဲ့နာမည်နဲ့ ရွာသားတွေကို ချေးငွေတွေထုတ်ချေးထားပြီး အမြတ်ကြီးစား ခေါင်းပုံဖြတ်နေတဲ့ အဖွဲ့တဖွဲ့လည်းရှိပါတယ် ဒီအဖွဲ့ကို အဓိကချုပ်ကိုင်ထားတာက နှစ်(၃၀)ဆက်တိုက် သူကြီးဖြစ်နေတဲ့ ရွာသူကြီးပါ လူတွေက သူ့ကို ကြောက်ရွံ့ကြသလို၊ ရင်မဆိုင်ရဲကြပါဘူး သူနဲ့ထိပ်တိုက်တွေ့တဲ့သူမှန်သမျှ မရှု့မလှသေပွဲဝင်ကြရစမြဲပါ။ ဒီလို ဂုတ်သွေးဆုပ်အမြတ်ထုတ်နေတဲ့ အဖွဲ့ကို ရင်ဆိုင်ပြီး သူကြီးနေရာက ဝင်ပြိုင်မယ်လို့ စိန်ခေါ်လိုက်တဲ့သူ တစ်ယောက်ရှိပါတယ်။ သူနာမည်က ကူမာရ် ဘာဘူပါ ကူမာရ်ဟာ ချစ်တီးဘာဘူရဲ့ အစ်ကိုဖြစ်ပြီး၊ ဒူဘိုင်းမှပြန်လာတဲ့ ပညာတတ် တစ်ယောက်လည်း ...
9.4
IMDB: 9.4/10 3,164 votes
movie
Rangasthalam (2018)
2018
Fortress of War (2010) 7.5
Fortress of War (2010) IMDB (7.5) ဒီကားလေးကတော့ ဖြစ်ရပ်မှန်ရရှား စစ်ကားလေးဖြစ်ပါတယ်၊ ဒုတိယကမ္ဘာစစ်မှာ နာဇီတွေဟာရရှားနိုင်ငံကို ကျုးကျော်တိုက်ခိုက်ခဲ့ အကြောင်းကိုရိုက်ထားတာပါ ။ ဖြစ်ရပ်မှန်ဇာတ်ကားဖြစ်တဲ့အတွက်သာမန်စစ်ကားတွေထက်ပိုထူးခြားပါတယ်၊ ကြည့်ရတာကောင်းတယ်လို့အာမခံတယ် ပြီ​တော့ဒီဇာတ်​ကားမှာအခြားဇာတ်​ကား​တွေမတူစစ်​တိုက်​​နေတာချည်းမဟုတ်​ဘဲမိသားစုနဲ့ပက်​သက်​တဲ့dramaအခန်း​လေး​တွေလဲပါတယ်​ အဲ့အခန်း​လေး​တွေကလဲဇာတ်​ကားကိုပိုပြီးရသ​မြောက်​​စေတာ ၁၉၄၁ ခုနှစ် ဇွန်လ မှာ ဂျာမန်တွေဟာ ရရှားနယ်စပ်ကိုကျုးကျော်တိုက်ခိုက်တဲ့အချိန်မှာခုခံကာကွယ်ခဲ့တဲ့ ဘရက်စ်ခံတပ် အကြောင်းကိုရိုက်ထားတာပါ ဘရက်စ်ခံတပ်မှာ ဘယ်လိုခုခံကာကွယ်ခဲ့ရတာလဲဆိုတာကို စစ်အတွင်းမှာပြေးလွှားရင်းအသက်ရှင်ကျန်ခဲ့တဲ့ အလက်​ဆန်းဒါအာကီမိုဗစ်​ ဆိုတဲ့ကောင်လေးက စစ်ဖြစ်ပြီးအနှစ်နှစ်ဆယ်ကြာမှ စာအုပ်ရေးခဲ့တာ ဒီရုပ်ရှင်ကားထဲမှာတော့ ဗိုလ်မှူးPyotr Mihailovich Gavrilov ပါတီနိုင်ငံရေးအရာရှိ Efim Moiseevich Fomin နဲ့ ဒုဗိုလ် Andrey Mitrofanovich တို့ကအဓိက ဦးဆောင်ပြီးခုခံခဲ့တာပါ ဂျာမန်တွေ ဟာဘရက်စ်ခံတပ်ထဲကို ရရှားစစ်သားယောင်ဆောင်ဝင်ပြီး အစာရေဆာဆေးဝါးပြတ်လတ်အောင်လုပ်တယ် ရေတောင်မသောက်ရဘဲသူတို့တိုက်တာ ရက်တော်တော်ကြာတယ် တော်တော်လဲစိတ်ဓာတ်မာတယ် သူတို့ဆက်ပြီး မခံနိုင်တဲ့အဆုံး ဖောက်ထွက်ပြီးတိုက်တာသူတို့ရှုံးသွားတယ် ဂျာမန်တွေကလည်းခံတပ်ကိုသိမ်းပိုက်သွားတယ် သူတိုက်ကိုယ်တိုက် နောက်ဆုံးမင်သားရှိတဲ့ဘက်ကနိုင်သွားအဲ့လိုကားတွေထက်စာရင်ဒီကားကပိုကောင်းပါတယ် ကုန်​ရကျိုးနပ်​မယ်​လို့အာမခံပါတယ်​ (ရရှားနာမည်​​တွေပါတဲ့အတွက်​ဘာသာပြန်​တာအမှားအယွင်းရှိရင်​​တောင်းပန်​ပါတယ်​)   Qty - 720p Bluray Duration - 1hr 50min Gern - Action / Drama / History Translator ...
7.5
IMDB: 7.5/10 7,324 votes
movie
Fortress of War (2010)
2010
Family Blood 4.8
Family Blood Family Blood (2018) =================== NetFlix ရုပ်သံလိုင်းကနေ ပြသထားတဲ့ Family Blood ဆိုတဲ့ Horror ဇာတ်လမ်းလေးကို တင်ဆက်ပေးလိုက်ပါတယ် Horror ထုံးစံ ကြိုက်နှစ်သက်တဲ့သူနည်းတာကြောင့် Rating ကတော့ မကောင်းပါဘူး ဒီကားလေးကတော့ လူ့စိတ်ရဲ့ ဆန်းကြယ်မှုနဲ့ ဆေးစွဲတဲ့သူတစ်ယောက်ရဲ့ ဘ၀အကြောင်းကို ရိုက်ကူးပြထားတာဖြစ်ပါတယ် ဇာတ်လမ်းလေးကတော့ အယ်လီဟာ ဆေးစွဲနေတဲ့ သူတစ်ယောက်ဖြစ်ပြီး သူ့မှာ သားဆယ်ကျော်သက်သားတစ်ယောက် နဲ့ သမီးတစ်ယောက်ရှိပါတယ် အယ်လီတစ်ယောက် ဆေးသမားဘ၀နဲ့ နောင်တရပြီး ဆေးဖြတ်ဖို့ကြိုးစားပြီး ပတ်ဝန်းကျင်အသစ်တစ်ခုမှာ သွားအချေချဖို့ လုပ်ပါတယ် ပတ်ဝန်းကျင်အသစ်မှာ တည်ငြိမ်နေတဲ့ အယ်လီတို့ ဘ၀ထဲကို ၀င်လာတာကတော့ ခရစ္စတိုဖာ ဆိုတဲ့ လူတစ်ယောက်ပါ ခရစ္စတိုဖာက အယ်လီ ကို ဘယ်လိုတွေမြူဆွယ်လိုက်လဲတော့ မသိပါဘူး အယ်လီတစ်ယောက် ခရစ္စတိုဖာ နဲ့ ဆုံပြီးတဲ့အခါမှာ တခြားတစ်စိမ်းတစ်ယောက်လိုပြောင်းလဲသွားပြီး သူ့သားနဲ့ သမီး ကိုပါ အန္တရာယ်ပေးဖို့ကြိုးစားလာတဲ့အခါမှာတော့ ဘာတွေဆက်ဖြစ်ကြမလဲဆိုတာကိုတော့ ပရိတ်သတ်ကြီးက ဆက်လက်ကြည့်ကြရမှာပါ အဲ့ထဲမှာ ပြောသွားတဲ့ စကားလေးတစ်ခွန်းကတော့ " မေမေ လူသတ်ခဲ့တာလားတဲ့ " Qty - 720p ...
4.8
IMDB: 4.8/10 264 votes
movie
Family Blood
2018
The Guyver 4.9
The Guyver ဒီကားလေးကတော့ ၁၉ ၉ ၁ ခုနှစ်ကထွက်ရှိခဲ့တဲ SuperHero ကားလေးတစ်ကားဖြစ်ပါတယ်.... သိပ္ပံပညာရှင်တစ်ယောက်ဟာ Guyver လို့ခေါ်တဲ ဂြိုလ်သားပစ္စည်းတစ်ခုကို ဂြိုလ်သားတွေလက်ထဲမရောက်အောင် ယူပြီးထွက်ပြေးနေရာကနေ ဂြိုလ်သားတွေဖမ်းမိတာကိုခံလိုက်ရပြီး အသတ်ခံလိုက်ရပါတယ်.. ဒါပေမယ့် သူဟာ အဲဒီ Guyver ဆိုတဲပစ္စည်းကို ဂြိုလ်သားတွေမမြင်အောင်ဖွက်ထားခဲ့ပါတယ်... အဲဒီ ဂြိုလ်သားပစ္စည်းကို လူငယ်လေးတစ်ယောက်ကရလိုက်တဲအချိန်မှာတော့ အစွမ်းထက်တဲစွမ်းအင်တွေကိုရလိုက်ပါတော့တယ်... ဂြိုလ်သားတွေဟာ Guyver ကိုပြန်ရဖို့အတွက် ဒီလူငယ်လေးနောက်ကိုလိုက်လံဖမ်းဆီးကြပါတော့တယ်... ဒီကားလေးဟာ Super Hero ဇာတ်လမ်းကြိုက်သူတွေအတွက် အကြိုက်တွေ့စေမယ့်ကားလေးဆိုလည်း မမှားပါဘူး... အခုခေတ်မှာ Super Hero ဇာတ်လမ်းတွဲတွေများလာပေမယ့်လည်း ၁၉ ၉ ၁ ခုနှစ်ကထွက်ရှိခဲ့တဲ ဒီကားလေးကတော့ Old But Gold ဆိုတဲ့ ကားလေးတစ်ကားထဲမှာပါတယ်လို့ပဲပြောလိုက်ပါရစေ..   Quality ...... DVDrip Format ...... mp4 Duration ........ 01:28:00 Size ..... (664 MB , 383 MB) Translator ..... Ohmmar Khin Encoder ...... Moe Myint Lwin  
4.9
IMDB: 4.9/10 3,923 votes
movie
The Guyver
1991
Pay It Forward(2010) 7.2
Pay It Forward(2010) Pay It Forward(2010) IMDb...7.2 ဒီကားလေးဟာ ၂၀၁၀ ခုနှစ်က ထွက်ရှိခဲ့လေတော့ တော်ရုံသတိထားမိကြမထင်ဘူး...ဒီကား အဓိက လုပ်ဖြစ်ရတဲ့အကြောင်း (၂) ချက်ရှိပါတယ်... .ပထမအချက်က စာရေးဆရာမ ဂျူး ရေးသားထားတာကိုဖတ်မိလို့ပါ.... ဆရာမ ရေးသားသုံးသပ်ထားတွေဟာ အတော်စိတ်ဝင်စားဖို့ကောင်းသလို သူမကိုယ်တိုင်ညွှန်းဆိုပြီဆိုတော့ ဒီကားလေးကို လုပ်ဖြစ်သွားပါတယ်...ဒုတိယ အချက်က  A.I. Artificial Intelligence ဇာတ်ကားထဲမှာ ကလေးအရွယ်စက်ရုပ်အဖြစ်သရုပ်ဆောင်ပြီး ကျွန်တော်တို့နှလုံးသားတွေကို  ကြေကွဲဆိုနင့်ပြိုကျအောင် အလဲထိုးခဲ့ဖူးတဲ့ ကလေးသရုပ်ဆောင်  Haley Joel Osment ကြောင့်ပါ.. ... ဇာတ်လမ်းအကျဉ်းကတော့ အဖေနဲ့ကွဲသွားတဲ့ အမူးသမားအမေနဲ့အတူ နေနေရတဲ့ အလယ်တန်းကျောင်းသားလေးတစ်ယောက်ဟာ ကျောင်းမှာ ဆရာကနေ တစ်နှစ်လုံးစာ လုပ်ရမယ့် Social Studies သင်ခန်းစာ Project တစ်ခု လုပ်ခိုင်းလာတဲ့အခါ သူ့ရဲ့အသက်အရွယ်နဲ့မတန်လောက်အောင် သိပ်ကိုလှပတဲ့ စိတ်ကူးလေးတစ်ခု ရသွားပါတယ်....အဲ့ဒါကတော့....... ဒီဇာတ်ကားလေးနဲ့ပတ်သက်ပြီး ပြောချင်တာက ခင်ဗျားဟာ ဘယ်ဘာသာဝင်ပဲဖြစ်ဖြစ်နေနေ.. ..ဘယ်လိုကားအမျိုးအစားကိုမှ ကြိုက်နှစ်သက်သည်ဖြစ်စေ... ခင်ဗျားရဲ့ အသက်ဟာ ဘယ်အရွယ်ကိုပဲရောက်နေနေ.. ..ခင်ဗျားရဲ့နှလုံးသားဟာ ခံစားနိုင်စွမ်း အကန့်အသတ်ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ.. ..ဒီကားလေးကို ဒေါင်းကြည့်ကြပါလို့ တိုက်တွန်းပါရစေ.....ကျွန်တော်ကတော့ ဘာသာပြန်ရင်း ကျေနပ်ပီတိဖြစ်လွန်းတော့ ကျွန်တော့အမျိုးသမီးကို ပြခဲ့တယ်... ပြီးတော့ ဒီကားကို တစ်ချိန်အရွယ်ရောက်လာမယ့် ကျွန်တော့သားလေးကိုပြဖို့ သိမ်းထားတယ်.... ပြီးရင်သားလေးကိုလည်းမှာမယ် နောက်မျိုးဆက်တွေကို ဒီကားကိုပြဖို့...မပျေက်မပျက်လက်ဆင့်ကမ်းထိန်းရမယ့် မိသားစုအမွေအနှစ်လေးအဖြစ်သိမ်းထားဖို့လည်း ...
7.2
IMDB: 7.2/10 103,336 votes
movie
Pay It Forward(2010)
2000
Cats and Peachtopia
Cats and Peachtopia Animationချစ်သူ CMပရိသတ်ကြီးအတွက် ကားကောင်းလေးတစ်ကားတင်ဆက်ပေးလိုက်ပါပြီ။Cat and Peachtopia (2018)ကားလေးပါ။ဒီကားလေးကိုကြည့်ပြီးတော့ တရုတ်Animationတွေ တော်တော်အဆင့်မြင့်လာတယ်လို့ကောက်ချက်ချရမယ်ဗျ။ဒီကား Producerတွေက Studioရဲ့ " နိုင်ငံတကာစံချိန်အတိုင်းရိုက်ကူးနိုင်မှု" "ဟောလိဝုဒ်ကိုတောင်မှီနိုင်တယ်"လို့ကောက်ချက်ချကာ ငွေထုတ်ပေးခဲ့တာပါတဲ့။ဒီ" Light Chaser "စတူဒီယိုဟာ Little Door God(2016) Tea Pet (2017)ဆိုတဲ့တရုတ်ယဉ်ကျေးမှုအခြေခံကာတွန်းကားတွေကိုရိုက်ကူးခဲ့ရာမှညနာမည်ကြီးခဲ့တဲ့ စတူဒီယိုပါ။ကဲ အထွေအထူးပြောမနေတော့ပဲ ဇာတ်လမ်းအကျဉ်းလေးကိုပြောပြပါ့မယ်။Blanket ဆိုတဲ့ကြောင်လေးတစ်ကောင်မှာ Capeဆိုတဲ့ ကြောင်သားလေးတစ်ကောင်ရှိပါတယ်။ငယ်ရွယ်သူတို့ထုံးစံအတိုင်း အပြင်ထွက်ချင်တယ် တစ်ကဲကဲပေါ့။တစ်နေ့တော့ စူးစမ်းလိုစိတ်လဲများပြီး ရဲရင့်တဲ့ကြောင်ပေါက်လေး Capeဟာ သူ့အဖေပြောပြဖူးတဲ့ မက်မုံနိဗ္ဗာန်ဘုံမှာ သူ့အမေရှိတယ်လို့ယုံကြည်ကာ အိမ်ကနေထွက်ပြေးသွားပြီးအမေကိုလိုက်ရှာပါတော့တယ်။အဖေဖြစ်သူ ဝဝတုတ်တုတ် ကြောင်ကြီး Blanketရယ် အိမ်မှာအတူတူမွေးထားတဲ့ ငှက်လေး အန်တီကြက်တူရွေးတို့ Capeကို စွန့်စားခန်းဖွင့်ကာရှာဖွေကြပုံတွေကို တရုတ်ယဉ်ကျေးမှုနောက်ခံထားကာဇာတ်အိမ်ကျယ်ကျယ်ရိုက်ကူးထားပါတယ်။ပေးချင်တဲ့ရသကိုအပြည့်အဝပေးစွမ်းနိုင်တယ်လို့ပဲ ညွှန်းပါရစေ။Ratingအနေနဲ့ကလဲ Imdb Rating 7.7 တောင်ရရှိထားတာမို့ Animationချစ်သူတွေအတွက် ကြည့်ရတန်စေမယ့် ကားတစ်ကားဖြစ်မှာပါလို့ပဲပြောလိုက်ပါတယ်။   Qty - 720p Web DL Gern - ...
IMDB: /10 votes
movie
Cats and Peachtopia
Last Seen in Idaho (2018) N/A
Last Seen in Idaho (2018) အသစ်ထွက်ရှိလာတဲ့ကားကောင်းလေးတစ်ကားနဲ့မိတ်ဆက်ပေးပါရစေ။ဇာတ်လမ်းလေးနာမည်က Last seen in Idaho (2018)ပဲဖြစ်ပါတယ်။ဇာတ်လမ်းအလှည့်အပြောင်းတွေနဲ့ တော်တော်လေးစိတ်ဝင်စားဖို့ကောင်းတဲ့ကားလေးလို့ပြောရမှာပါ။ဒီကားထဲမှာ ကိုယ်က အော် ဒီလိုကိုး လို့တွေးလိုက်မိတဲ့အချိန် နောက်ထပ်အံ့အားသင့်စရာတစ်ခုက ထပ်ပေါ်လာပြန်ပါတယ်ဗျ။ဇာတ်လမ်းရဲ့ အကျဉ်းချုပ်လေးကတော့ အက်ဆီးဒန့်တစ်ခုကြောင့် သတိလစ်နေခဲ့တဲ့ အမျိုးသမီး Summer...ရုတ်တရက်သတိရလာချိန်မှာ အက်စီးဒန့်ဖြစ်ခဲ့တဲ့အကြောင်းတွေကိုမမှတ်မိတော့ပဲ နောင်ဖြစ်လာမယ့်အနာဂါတ်မှာသူ့အသတ်ခံရမယ့်အကြောင်းကို ကြိုမြင်လာရပါတော့တယ်။တစ်ရွေ့ရွေ့ရွေ့လျားနေတဲ့အချိန်ရယ် လူသတ်သမားရယ် သူမရယ် အားပြိုင်မှုတွေကြောင့် တော်တော်လေးကောင်းတဲ့ကားတစ်ကားဖြစ်လာတယ်ပဲ ပြောရမယ်ဗျ။ဘာဖြစ်လာမယ်ဆိုတာကို ကြိုတွေးလို့မရတဲ့ကားမျိုးကိုကြိုက်တတ်တဲ့ CMပရိသတ်ကြီးအတွက် Last seen in Idaho(2018)ကားလေးကိုတင်ဆက်ပေးလိုက်ရပါတယ်။   Qty - 720p Web DL Gern - Action / Thriller Duration - 1hr 55min Translator - Ye Yint Review - Aye Mon Kyaw Encoder - Kyaw Ye Aung
N/A
IMDB: N/A/10 N/A votes
movie
Last Seen in Idaho (2018)
2016
LEGO DC Super Hero Girls: Brain Drain (2018) 5.5
5.5
IMDB: 5.5/10 148 votes
movie
LEGO DC Super Hero Girls: Brain Drain (2018)
2017
Foreboding (2018)
Foreboding (2018) ကြည့်လို့ကောင်းမယ့် အလယ်အလတ်တန်စားဂျပန်ကားတစ်ပုဒ်ပါ မီယုကီ လို့ခေါ်တဲ့ကောင်မလေးဟာရုတ်တရက်သူ့အဖေကိုမမှတ်မိတော့ပါဘူး အဲ့ဒါကိုသူ့ကောလိပ်သူငယ်ချင်းဖြစ်တဲ့ အဲ့ဆူကို သိတဲ့အခါမှာတော့ စိတ်ပိုင်းဆိုင်ရာအနိုင်ကျင့်ခံရတယ်ထင်ပြီး အဲ့ဆူကို ရဲ့ယောကျာ်းအလုပ်လုပ်နေတဲ့ဆေးရုံကိုပို့ခဲ့ပါတယ် နောက်မှသိခဲ့ရတာကစိတ်ပိုင်းဆိုင်ရာအနိုင်ကျင့်တာမဟုတ်ပဲမှတ်ဉာဏ်ကွင်းဆက်ပျောက်ဆုံးနေတာပါ တစ်ကမ္ဘာလုံးဖြစ်နေတဲ့ရောဂါဖြစ်ပြီးဆရာဝန်ရဲ့ကောက်ချက်ချတာကတော့ဗိုင်းရပ်စ်တစ်မျိုးကြောင့်ဆိုပေမယ့် ကမ္ဘာကိုကျူးကျော်မယ့်ဂြိုဟ်သားတွေရဲ့ရှေ့ပြေးစုံစမ်းရေးအစီအစဉ်ဖြစ်နေခဲ့ပြီး အဲ့ဆူကိုနဲ့သူမရဲ့ယောကျာ်းဟာအဲ့ပြသနာထဲကိုလုံးဝပါဝင်သွားပြီးရှင်သန်ဖို့အတွက်ဘယ်လိုရုန်းကန်ရမယ်ဆိုတာကို အခုပဲကြည့်လိုက်ပါဦး Qty - 720p Web DL Gern - Sci Fi Duration - 1hr 33min Translator - Si Thu Encoder - Kyaw Ye Aung
IMDB: /10 votes
movie
Foreboding (2018)
Sweet Sixteen (2016) 5.5
Sweet Sixteen (2016) ကဲ ဒီတစ်ခေါက် "Sweet Sixteen" ဆိုတဲ့ မ နဲ့ မောင် ရို တဲ့ ဇာတ်လမ်းလေးကို တင်ဆက်ပေးလိုက်ပါတယ် ဇာတ်လမ်းမှာတော့ Exo အဖွဲ့ဝင်ဟောင်း Kris Wu နဲ့ Super Junior အဖွဲ့ဝင်ဟောင်း Han Geng တို့က အဓိက ဇာတ်ဆောင်များအဖြစ် သရုပ်ဆောင်ထားပါတယ်... Kpop ပရိတ်သတ်တွေအတွက်တော့ အကြိုက်တွေ့စေမယ့် Chinese ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်... ငိုရမှာမို့ တစ်ရှူးလေးဆောင်ထားကြနော်... ရင်ခုန်တတ်စ အရွယ်မှာချစ်တာက အချစ်စစ်လား... စိတ်ကစားတတ်တဲ့အရွယ်မို့ အချစ်စစ် မဖြစ်ရပြန်ဘူးလား... အချစ်တွေထဲမှာမှ တဖက်သတ်အချစ်က အဆိုးဆုံးပေပဲ... ကိုယ်ချစ်သလို သူက ပြန်မချစ်ပြန်... သူ့ကို အနားကကြည့်နေရုံလေး... ပေးဆပ်ခြင်းတွေနဲ့ပဲ ရင်းနှီးရတဲ့ တဖက်သတ်အချစ်... အချစ်ဆိုတာ ထူးဆန်းလွန်းတယ်... ကံကြမ္မာဆိုတာလဲ ထူးဆန်းလွန်းတယ်...ဘယ်လောက်ပဲ တစ်ယောက်နဲ့ တစ်ယောက် ချစ်ပါစေဦးတော့... မတိုက်ဆိုင်မှု မတူညီမှုတွေကြောင့် လမ်းခွဲခဲ့ရတဲ့ ချစ်သူတွေကော မရှိပေဘူးလား.... ကိုယ့်ထက် အသက်ကြီးတဲ့ကောင်မလေး ယာဝမ်ကိုမှ တစ်ဖက်သက်ချစ်နေမိတဲ့ ကောင်လေး ရှားမူ... ယာဝမ်ဘက်ကတော့ သူ့ကို မောင်နှမထက်မပိုခဲ့... ...
5.5
IMDB: 5.5/10 153 votes
movie
Sweet Sixteen (2016)
2016
Downfall (2004) 8.2
Downfall (2004) IMDb (8.2)...Rotten Tomatoes (91%)...Metacritic (82%) ဟစ်တလာ ကျဆုံးခန်း!!! ၁၉၄၅ ခုနှစ်တွင် ဂျာမနီ ဟာဆိုရင် အနောက်ဖက်နှင့် တောင်ဖက်တွင် ပိတ်မိပြီး ဆိုဗီယက်စစ်တပ်တွေကို ရှုံးနိမ့်လုအခြေနေကိုရောက်ခဲ့တယ်။ ဘာလင်က Third Reich မြို့ တော်မှာ ဆိုရင် Adolf Hitler က ဂျာမနီက အောင်မြင်မှုကို ရရှိနိုင်ခြေရှိပြီး သူရဲ့အကြံပေးတွေနဲ့ ဗိုလ်ချုပ်တွေကို နောက်ဆုံးလူကို တိုက်ခိုက်ရန်အမိန့်ပေးခဲ့တယ်။ " Downfall"မှာ တော့ Reich ရဲ့ နောက်ဆုံးနေ့တွေမှာ အကြီးပိုင်းဂျာမာန်ခေါင်ေးဆာင်တွေက သူတို့ရဲ့ ချစ်ခင်ရသူမှ သစ္စာဖောက်ခြင်းစတင်ခံရခြင်း၊ မိမိတို့အသက်ကယ်တင်ရန် ကြိုးပမ်းခဲ့ပုံ၊ အချို့သောသူများက Hitler နှင့်အတူအသေခံရန်ရှိကြောင်းတို့ကို ပြသခဲ့တယ်။ Hitler ကိုယ်တိုင် စိတ်ထောင်းကိုယ်ကြေဖြစ်ပြီးတော့ သံသယတွေများလာ.. အကောင်းမြင်တတ်တဲ့စိတ်ထားရှိသူကနေ သတ်သေဖို့ရန်အထိ စိတ်ဓါတ်ကျလာတဲ့အခါမှာတော့.......။ ဒီဇာတ်ကားဟာ ဟစ်တလာရဲ့နောက်ဆုံးနေ့ရက်များကို ခံစားရမယ့် ကမ္ဘာ့အကောင်းဆုံးဇာတ်ကားတွေထဲက တစ်ကားဖြစ်ပါတယ်။ Director: Oliver Hirschbiegel Main actors: Bruno Ganz, Alexandra ...
8.2
IMDB: 8.2/10 283,659 votes
movie
Downfall (2004)
2004
Genesis(2018) 4.9
Genesis(2018) CM ပရိသတ်ကြီးအတွက်ကားအသစ် အလန်းလေးတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ကားနာမည်က Genesis (2018)ပါ။ ဇာတ်လမ်းကတော့ စွန့်စားခန်း သဲထိတ်ရင်ဖိုတွေကြိုက်သူတွေအတွက်တော့ အကြိုက်တွေ့မှာပါ။ ဇာတ်လမ်းအကျဉ်းကတော့ ကမ္ဘာကြီးပေါ်မှာ ဓာတုလက်နက်တွေသုံးပြီး တိုက်ခိုက်မှုတွေကြောင့် ပါတ်ဝန်းကျင်ညစ်ညမ်းကာ လူသားမျိုးသုန်းလုနီးပါးဖြစ်ခဲ့ရပါတယ်။လေထု မြေထု ရေထုတွေညစ်ညမ်းပြီး မြေပေါ်မှာလူသားတွေနေမရတဲ့အဆုံး မြေအောက်မှာအခန်းတွေဖွဲ့ကာ နေထိုင်ရပါတော့တယ်။ ရက်တွေကြာလာတာနဲ့အမျှ စားနပ်ရိက္ခာပြဿနာတွေအတွက် စက်ရုပ်တွေဖန်တီးကာစားနပ်ရိက္ခာအရှာထွက်ခိုင်းပြီးနောက် ဘာတွေဆက်ဖြစ်မယ်ဆိုတာ စိတ်ဝင်စားစရာပါ။မထင်မှတ်ထားတဲ့အလှည့်အပြောင်းတွေနဲ့ ဒီကားလေးကတော့ Imdb Rating 6.9/10 ရရှိထားပါတယ်။   Qty - 720p Web DL Duration - 1hr 44min Gern - Sci-Fi/Action Subtitle - Myanmar Translator - Aye Mon Kyaw Encoder - Kyaw Ye Aung
4.9
IMDB: 4.9/10 20 votes
movie
Genesis(2018)
2018
Peter Rabbit(2018) 6.4
Peter Rabbit(2018)   ဖေဖော်ဝါရီလတုန်းကမှ ရုံတင်သွားတဲ့ Peter Rabbit ဇာတ်ကားကိုတော့ အများကြီးညွှန်းဆိုစရာ မလိုဘူးထင်ပါတယ်။ အမေရိကန်အင်္ဂလိပ် စာရေးဆရာမ Beatrix Potter ရဲ့ နာမည်ကျော် The Tale of Peter Rabbit စာအုပ်ကိုပြန်လည်ပြီး ရိုက်ကူးထားတဲ့ ဇာတ်ကားပဲဖြစ်ပါတယ်။ IMDb score 6.6 တောင်ရရှိထားပြီးတော့ ဒေါ်လာသန်း ၅၀ နဲ့ရိုက်ကူးခဲ့တဲ့ကားဟာ ဒေါ်လာသန်း၃၀၀ နီးပါးပြန်လည်ရရှိခဲ့တဲ့အတွက် ငွေကြေးအရ အောင်မြင်တယ်လို့ ဆိုနိုင်ပါတယ်။ ဇာတ်လမ်းအကျဉ်း ------------------ ယုန်ကလေး Peter ဟာ မိဘနှစ်ဦးသေဆုံးပြီးတဲ့ နောက်မှာ ညီမသုံးယောက် ၀မ်းကွဲအစ်ကိုတစ်ယောက်နဲ့အတူ နေထိုင်လျက်ရှိပါတယ်။ တခြားတိရစ္ဆာန်တွေလို အစားကိုပုံမှန်ရှာစားလည်းဖြစ်ပေမယ့် စွန့်စွန့်စားစားလုပ်လိုက်ရမှ ကျေနပ်တဲ့ Peter က Joe McGregor ဆိုတဲ့ ဒေါသအိုးအဘိုးကြီးရဲ့ ခြံထွက်သီးနှံတွေကိုသာ ခက်ခက်ခဲခဲခိုးစားလေ့ရှိပါတယ်။ တစ်ရက် အဘိုးကြီး McGregor ရုတ်တရက်သေဆုံးသွားတဲ့အချိန်မှာ Peter တို့မောင်နှမတစ်သိုက်ဟာ သူ့အိမ်ကြီးမှာ ပျော်ရွှင်စွာမင်းမူကြပါတော့တယ်။ သို့ပေမယ့် အဘိုးကြီးဟာ မသေခင် လန်ဒန်မြို့မှာနေထိုင်တဲ့ သူ့တူ Thomas McGregor ကို အမွေပေးခဲ့တယ်ဆိုတာကို ...
6.4
IMDB: 6.4/10 4,368 votes
movie
Peter Rabbit(2018)
2018
Guardians of the Tomb 5.0
Guardians of the Tomb 7 Guardians of Tomb (2018) (မြန်​မာစာတန်းထိုး) ============================== အခု Adventure ပရိတ်သတ်ကြီးအတွက် Australia-Chinese ဖက်စပ်ရိုက်ကူးထားတဲ့ 7 Guardians of the Tomb ဆိုတဲ့ကားလေးကို မိတ်ဆက်ပေးချင်ပါတယ် IMDB 5/10 ရရှိထားပြီး ဒါရိုက်​တာ Kimble Rendall ကရိုက်ကူးထားတာပါ Cast တွေအနေနဲ့ The Expendables 3 မှာပါဝင်ခဲ့တဲ့ Kellan Lutz နဲ့ Kelsey Grammer တို့နဲ့အတူ တရုတ်မင်းသမီးချောလေး Bing Bing Li တို့ပါဝင် သရုပ်ဆောင်ထားပါတယ် ဇာတ်လမ်းကတော့ ဂျီယာနဲ့ လုခ်​ တို့ဟာ မိဘမဲ့ မောင်နှမနှစ်ယောက်ဖြစ်​ပြီး သူ့အ​ဖေနဲ့အ​မေဟာ Biotech ဆိုတဲ့​ဆေးကုမ္ပဏီရဲ့ အကြီးအကဲ​တွေဖြစ်​ပြီး ​လေယာဉ်​စီးပီးအစည်းအ​ဝေးတစ်​ခုကအပြန်​မှာ လုပ်​ကြံခံရပြီး ၂​ယောက်​လုံး​သေဆုံးခဲ့ရတာပါ တစ်နေ့မှာ တရုတ်ပြည် သုတေသနလုပ်ငန်းတစ်ခုကနေ ဂျီယာကို ​မောင်​ဖြစ်သူ ပျောက်ဆုံးနေကြောင်း သတင်းပို့လာတဲ့အခါ ဂျီရာနဲ့ စီအီးအို ဖရေရှာတို့နှစ်ယောက် ဂျီယာ့ ​မောင်​ဖြစ်​သူ လု့ခ်​ကို လိုက်လံရှာဖွေရပါတော့တယ် ဒါပေမယ့် အဲ့သုတေသနလုပ်ငန်းရဲ့လှို့ ဝှက်​ချက်​က နှစ်ပေါင်းနှစ်ထောင်ကျော် ကြာနေပြီဖြစ်တဲ့ အလောင်းတစ်လောင်းနဲ့အတူ တရုတ်သမိုင်း လျှို့ဝှက်ချက်တွေရှိနေပါတယ် အဲ့လျှို့ဝှက်ချက်တွေက ဘာတွေဖြစ်မလဲ ဖရေရှာတကယ်လိုချင်တာကရော ဘာလဲ ဂျီယာက သူ့​မောင်​ဖြစ်သူကို ပြန်ရှာတွေ့နိုင်ပါ့မလားဆိုတာ ကြည့်ရှုပေးကြပါဦးဗျာ Qty ...
5.0
IMDB: 5.0/10 1,674 votes
movie
Guardians of the Tomb
2018
On Fallen Wings (2017)
On Fallen Wings (2017)   CM ပရိတ်သတ်တွေအတွက် "On Fallen Wings"ဆိုတဲ့ တရုတ်ကားလေးမိတ်ဆက်ပေးချင်ပါတယ်... Mystery movie အမျိုးအစားမို့ လျို့ဝှက်ဆန်းကြယ်ကြိုက်တဲ့ ပရိတ်သတ်တွေအဖို့ အကြိုက်တွေ့စေမှာပါ... အညွှန်း- ရှန်ရှောင်တျဲဆိုတဲ့ အမျိုးသမီးဟာ လိပ်ပြာအကကတဲ့ အကဆရာမတစ်ယောက်ပါ.. သူက ထူးချွန်တဲ့ အကသမားတစ်ယောက်ဖြစ်ပါတယ်... တစ်နေ့တော့ ရဲမင်ဆိုတဲ့ လူတစ်ယောက်နဲ့ချစ်သူတွေဖြစ်ခဲ့ပါတယ်.. ဒါပေမဲ့ ရဲမင် သေဆုံးတယ်ဆိုတဲ့ သတင်းထွက်ပေါ်ခဲ့ပါတယ်..ဒီသတင်းထွက်ပြီး ငါးနှစ်အကြာမှာတော့ ရှောင်တျဲကို ကျွမ်ဖောင်ဒေးရှင်းက အကဆရာမအနေနဲ့ ကူညီပေးဖို့ ကမ်းလှမ်းခဲ့ပါတယ်... ရှောင်တျဲသင်ပေးရတဲ့ အကသမားတွေက ပိုင်လူ, မန်လီ, ဆုန်းယို, ထရန်ရှောင်းဆိုတဲ့ ကောင်မလေးလေးယောက်ပါ... တိုက်တိုက်ဆိုင်ဆိုင် ဖောင်ဒေးရှင်ပိုင်ရှင်က ရှောင်တျဲရဲ့ လွန်ခဲ့တဲ့ငါးနှစ်က သေဆုံးသွားတဲ့ ချစ်သူရဲမင်နဲ့ ရုပ်ဆင်တာပါ...နောက်ထူးဆန်းတာက ဒီဖောင်ဒေးရှင်း မျိုးဆက် ယောကျာ်းသားတွေဟာ ဘယ်သူမှ အသက် ၄၀ ကျော်အထိအသက်မရှည်ကြပါဘူး... တစ်နေ့တော့ အကသမား ဆုန်းယိုရုတ်တရက်သေဆုံးခဲ့ပါတယ်..နောက်ဆက်တွဲ ထရန်ရှောင်းကိုယ့်ကိုကိုယ် သေကြောင်းကြံခဲ့တယ်..ပိုင်လူကလဲ ပျောက်သွားပါတယ်.ထူးဆန်းမှုတွေ ပြည့်နှက်နေတဲ့ ...
IMDB: /10 votes
movie
On Fallen Wings (2017)
Pulp Fiction(1994) 8.9
Pulp Fiction(1994) Pulp Fiction(1994) IMDb...8.9,,,,Rotten....94 အကောင်းဆုံးရုပ်ရှင် ၁၀၀ ဆိုပြီးရှာကြည့်လိုက်ရင် ဒီကားက နံပါတ် ၄ခုမြောက်မှာရှိပါတယ်.. .အကောင်းဆုံးဆိုတာကိုရွေးချယ်တဲ့နေရာမှာ ရွေးချယ်တဲ့စံနှုန်း ရွေးချယ်တဲ့ အဖွဲ့တွေမတူညီပေမယ့် ဒီကားက တော်တော်များများရဲ့ စာရင်းထဲမှာပါနေတယ်. အမေရိကန်ရုပ်ရှင်လောက်ကမှာ အကောင်းဆုံးဆိုတဲ့ ကာလအဖြစ်သတ်မှတ်ထားတဲ့ ၁၉၉၀ခုနှစ်ကာလကို မသိနားမလည်စွာ မှတ်ချက်ချမိတာကဒီဘက်ခေတ်အမြင်နဲ့ဆို အံမ၀င်ဘူးလို့ ကလေးဆန်ဆန်တွေးမိသွားတယ်.. တကယ့်လို ကျွန်တော့်လိုအတွေးမျိုးခင်ဗျားတို့ဆီမယ်ရှိနေရင် နီးစပ်ရာမြောင်းထဲကိုသာလွှင့်ပစ်လိုက်ပါလို့အကြံပြုပါရစေ.. .ဒီကားက ခပ်ဆိုးဆိုးလူတွေ ဒိုင်ယာလော့ စကားလုံး ခပ်ကြမ်းကြမ်းတွေနဲ့တည်ဆောက်ထားတယ်....ဆဲဆိုတဲ့စကားလုံး၂၆၅ လုံးတောင်ပါသတဲ့...ပြီးတော့ ဒိုင်ယာလော့တွေက ဘာသာပြန်အတွက် အတော်လေးအခက်အခဲရှိခဲ့ပါတယ်.. တစ်ချို့စကားပြောတွေက အဆဲလေးနဲ့မှပိုရုပ်လုံးကြွတဲ့သဘောရှိပေမယ့် ချန်ထားတဲ့အဆဲစကားလုံအချို့ရှိပါတယ်.. .ဒီကားထဲကအဓိကသရုပ်ဆောင်တွေဖြစ်တဲ့ John Travolta, Uma Thurman, Samuel L. Jacksonနဲ့ Bruce Willis တို့ကိုတော့ တော်တော်များများသိမယ်ထင်ပါတယ်. .ဒီကားက ဒေါ်လာ ၈သန်းခန့်မျှသာကုန်ကျခဲ့ပြီး ၂၁၃သန်းကျော် ၀င်ငွေ ရရှိခဲ့ပါတယ်..အော်စကာဇာတ်ညွှန်းဆုလည်းရရှိခဲ့ပါတယ်...ဒီကားကိုအညွှန်းမရေးတတ်သလို ရေးလည်းမရေးချင်ပါဘူး. .ဘာလို့ဆိုကြည့်ရှုသူရဲ့ ခံစားဖြန့်ကျက်နိုင်မှုစွမ်းအားများလေ ရသမြောက်လေဖြစ်တဲ့အတွက်ကြောင့် ကျွန်တော့်ရဲ့ ခပ်ညံ့ညံ့အရေးအသားအောက်မှာ သေးနုတ်တဲ့ဘောင်ကျဉ်းတစ်ခုကွပ်လိုက်သလိုဖြစ်သွားမှာစိုးရိမ်တဲ့အတွက်ကြောင့်ပါ.. .ကိုင်းခံစားကြည့်လိုက်ပါဦးလို့.....   File Size : (900 MB) and (513 MB) Quality : Blu-Ray 720p Format…mp4 Duration…02:34:00 Genre : ...
8.9
IMDB: 8.9/10 1,501,400 votes
movie
Pulp Fiction(1994)
1994
Welcome the Stranger(2018)
Welcome the Stranger(2018)   Welcome the Stranger (2018) မြန်​မာစာတန်းထိုး =============================== နှစ်ပေါင်းများစွာဝေးကွာနေတဲ့မောင်နှမနှစ်ယောက် တစ်နေ့တော့ ညီမဖြစ်သူက အကိုဖြစ်သူကို ရှာတွေ့ခဲ့ပြီးအိမ်ကိုရောက်လာပါတယ် မောင်နှမနှစ်ယောက်ရဲ့ကွဲကွာမှုက ထင်သလိုမရိုးရှင်းပဲအတိတ်က ဖြစ်ရပ်ဆိုးတွေရှိနေပါတယ် အတိတ်ကအရိပ်ဆိုးတွေ ​ခြောက်လှန့်မှုတွေရှိနေချိန်မှာအကိုဖြစ်သူရဲ့ ထူးဆန်းတဲ့ရည်းစားရဲ့အိမ်ကိုရောက်လာတဲ့ အခါမှာတော့..... ဘာ​တွေဆက်​ဖြစ်​မလဲဆိုတာကို​တော့ ၂၀၁၈မှာ အသစ်ချက်ချွတ်ထွက်ထားတဲ့ လျို့ဝှက်သည်းဖိုဒရမ်မာကားလေးဖြစ်ပြီး အစပိုင်းမှာ နည်းနည်း ပျင်းဖို့​ကောင်း​ပေမယ့်​ ​နောက်​ပိုင်းမှာ မတူညီတဲ့ လှည့်​ကွက်​​တွေနဲ့ အဆုံးထိ ဆွဲ​ခေါ်သွားမှာပါ Qty - 720p Web DL Duration - 1hr 55min Gern - Drama / Thrill Subtitle - Myanmar Translator - Hein Min Tun Encoder - Kyaw Ye Aung
IMDB: /10 votes
movie
Welcome the Stranger(2018)
WEB-DL 720p
Monsterz (2014) 5.7
Monsterz (2014) 2014 ကထွက်​ရှိထားတဲ့ ဂျပန်​ကား​လေးတစ်​ကားကိုတင်​ဆက်​​ပေးလိုက်​ပါတယ်​ ဇာတ်​ကား​လေးက Drama နဲ့ Sci fi ကား​လေးဖြစ်​ပြီး Death Note ဇာတ်​ကားနဲ့နာမည်​ကြီးလာပြီး မြန်​မာပရိတ်​သတ်​​တွေနဲ့ရင်းနှီးခဲ့တဲ့မင်းသား တက်​ဆုယာ က ​ခေါင်း​ဆောင်​သရုပ်​​ဆောင်​ထားတဲ့ကားဖြစ်​ပြီး Japan မှာ ဒီကားက ၂၀၁၄ အတွက်​၀င်​​ငွေစံချိန်​​တွေချိုးထားပါ​သေးတယ်​ မန်း ဆိုတဲ့လူတစ်ယောက်ကသူ့ရဲ့မျက်လုံးနဲ့တခြားလူတွေကိုကြိုးကိုင်ခြယ်လှယ်နိုင်တဲ့စွမ်းအင်ကိုရရှိခဲ့တယ်။အဲ့ဒီစွမ်းအင်ကြောင့်ပဲသူ့အမေကိုအရှက်ရအောင်လုပ်တဲ့သူ့ရဲ့ရိုင်းဆိုင်းကြမ်းတမ်းတဲ့အဖေကိုသူကိုယ်တိုင်သတ်ပစ်ခဲ့တယ်။အခုတော့သူ့ဘဝကမြို့ကြီးရဲ့အမှောင်ထုဘက်ခြမ်းမှာနေထိုင်နေရတယ်။ အဲ့ဒီအချိန်မှာပဲ ရှုအိချိ တာနကာ လို့ခေါ်တဲ့ကောင်လေးတစ်ယောက်ပေါ်လာတယ်။သူကလည်းမိသားစုမရှိဘူး ဒါပေမယ့် သူငယ်ချင်းတွေနဲ့နေတယ်။သူကဆင်းရဲနေတာတောင်သူ့ဘဝကသာသာယာယာပါပဲ။ တစ်နေ့မှာ အဲ့လူနှစ်ယောက်ကဆုံခဲ့ကြတယ်။မန်း ကစိတ်ရှုပ်လာတယ် ဘာလို့လဲဆိုတော့ ရှုအိချိ တာနကာ ကိုသူ့ရဲ့ကြိုးကိုင်ခြယ်လှယ်လို့မရဘူးဖြစ်နေတယ်.... နောက်ပိုင်း မန်း နဲ့ ရှုအိချိ တာနကာ ဘယ်လိုတွေတိုက်ခိုက်ကြမလဲ ဘာတွေဆက်ဖြစ်မလဲဆိုတာတော့.....   Qty - 720p HDTV Duration - 1hr 45min Gern - Drama / Sci - Fi Subtitle - Myanmar Translator - Ken Encoder - Kyaw Ye Aung
5.7
IMDB: 5.7/10 331 votes
movie
Monsterz (2014)
2014
HDTC 720p
Genres
Like Us!