Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
War
7.6
The Zone of Interest (2023)
၂၀၂၄ အကောင်းဆုံး နိုင်ငံခြား ရုပ်ရှင် အော်စကာဆု၊ အကောင်းဆုံးရုပ်ရှင်ဆု၊ ဒါရိုက်တာဆု၊ အသံဆု နဲ့ ဇာတ်ညွှန်းဆုတို့ ဆန်ကာတင်ထားတဲ့ ဒုတိယကမ္ဘာစစ်နောက်ခံ သမိုင်း ဒရာမာ ရုပ်ရှင်ကောင်းတစ်ကားလာပါပြီ။ဒီဇာတ်လမ်းကတော့ ရိုးရှင်းပါတယ်။နာဇီအရာရှိမိသားစုဖြစ်တဲ့ ဟို့စ် နဲ့ သူ့မိန်းမ ဟက်ဝစ်တို့ ရဲ့ အေးချမ်းတဲ့ မိသားစုဘဝလေးအကြောင်းပါ။ သားသမီးတွေနဲ့ ဥယျာဉ်တွေနဲ့ ပျော်စရာအိမ်လေးတစ်အိမ်မှာ သူတို့နေကြတယ်။ သူတို့အိမ်နဲ့ကပ်ရပ်မှာတော့ ချွေးတပ်စခန်းကြီးတစ်ခုရှိတယ်။ သေနတ်သံတွေအော်သံတွေ အမြဲလိုလိုကြားရတယ်။ သူတို့အတွက် စိတ်အနှောင့်အယှက်ဖြစ်စရာဆိုလို့ အိမ်ဘေးက ရေကန်ထဲကို မီးရှို့သတ်ထားတဲ့ ဂျူးအလောင်းအပိုင်းအစတွေ မျောလာတတ်တာလေးပါပဲ။ဟို့စ်ရဲ့အဓိက တာဝန်က ချွေးတပ်စခန်းက အလုပ်သမားတွေ ရွေးထုတ်ဖို့နဲ့ ပိုနေတဲ့ ဟန်ဂေရီထဲက ဂျူး ၆ သိန်းလောက်ကို အဆိပ်ငွေ့ပေးပြီး သတ်ပေးဖို့ပါပဲ။ ဒီအလုပ်က သူ့အတွက်ခက်ခဲပါတယ်။ ခံစားရလို့တော့မဟုတ်ပါဘူး။ အရိုးပြာတွေရှင်းဖို့၊ နေ့စဉ် မီးရှို့တဲ့အလောင်းအရေအတွက် ပြည့်ဖို့၊ အဆိပ်ငွေ့ပေးရတာ အဆင်ပြေဖို့တွေ စီမံရတာပါပဲ။ သူရာထူးတိုးနဲ့ ...
movie
The Zone of Interest (2023)
7.1
Billy Lynn’s Long Halftime Walk (2016)
Billy Lynn's ကို မတင်ခင် အညွှန်းရေးဖို့ အများကြီး စဉ်းစားမိတယ်...ရုပ်ရှင်က အညွှန်းထပ် အများကြီး ပိုလေးနက် နေတယ်...Lynn ဆိုတဲ့ စစ်သားလေးဟာ အီရတ် က စစ်မြေပြင်မှာသူ့ အရာရှိ တပ်ကြပ်ကြီးကို အသက်စွန့်ပြီးဝင်ကယ်နေစဉ်မီဒီယာ သတင်းထောက်တွေ ရဲ့ ကင်မရာမှာရိုက်ကူးမိပြီး နာမည်ကြီးသွားခဲ့ပါတယ်... သူနဲ့ အတူ သူတို့ တပ်ဖွဲ့ ကို ဘရာဗို လို့နာမည်ပေးခဲ့ပြီး နားရက် ၂ ပတ်ပေးခဲ့ကာသူတို့ မြို့တွင် အခန်းအနားဖြင့် ကြိုဆိုခဲ့ကြပါတယ်.... ဒီအခန်း ရောက်တဲ့ အထိ ကျနော် မရှင်းသေးပါဘူးဇတ်လမ်းသဘောကိုလဲ နားမလည်နိုင်သေးဘူးအမြဲတမ်း ရိုးရိုးကုတ်ကုတ် နေထိုင်နေတဲ့Lynn ဟာလဲ ဘယ်လိုမျိုးလဲ မသိသေးပါဘူး... အဲ့ဒီအချိန်မှာပဲ ကြိုဆိုပွဲ အခန်းအနားကို လာခေါ်တဲ့ဇိမ်ခံကားပေါ်မှာပဲ Lynn ဟာ သူ့နောက်ကြောင်းကိုပြန်တွေးမိတဲ့ အခါ သူ့ရဲ့ အကြောင်း သူ့မိသားစုသူ စစ်တပ်ထဲ ဘာကြောင့်ဝင်ခဲ့ရတယ်ဆိုတာတွေ ပါလာပါတယ်... ဒီဇတ်ကားကို ဒီလောက်နဲ့ပဲ ပြောပြတာ ...
movie
Billy Lynn’s Long Halftime Walk (2016)
2016
6.0
G.I. Jane (1997)
ယောက်ျားမိန်းမ ခွဲခြားဆက်ဆံခြင်းဆိုတာ ဟိုးအရင်ကတည်းကနေအခုထက်ထိ ဆက်ရှိနေသေးတဲ့ပြဿနာကြီးတစ်ခုပါ။စစ်တပ်တွေထဲမှာလည်း အဲ့လိုခွဲခြားမှုတွေအများအပြားရှိခဲ့ပါတယ်။ယောက်ျားတွေက ဘယ်နေမှာမဆို တာဝန်ထမ်းဆောင်လို့ရပေမဲ့အမျိုးသမီးတွေကိုတော့ ကျန်တဲ့အရာတွေမကြည့်ဘဲ အမျိုးသမီးဆိုတဲ့အကြောင်းပြချက်တစ်ခုတည်းနဲ့ ရာထူးနေရာတွေ လေ့ကျင့်ရေးတွေအများအပြားမှာ ပိတ်ပင်ခံခဲ့ရပါတယ်။အခုတင်ဆက်ပေးမဲ့ G.I Janeဆိုတဲ့ 1997 ခုနှစ်တုန်းကထွက်ရှိခဲ့တဲ့ ဇာတ်ကားထဲမှာအဲ့လိုခွဲခြားမှုတွေကိုကွက်ကွက်ကွင်းကွင်းမြင်ရအောင် ရိုက်ကူးထားတာကို တွေ့ရမှာဖြစ်ပြီးIMDb Rating 6.0 ရရှိထားတဲ့ ဟောင်းပေမဲ့ကောင်းနေဆဲဇာတ်ကားတစ်ကားဖြစ်ပါတယ်။အိုနီးလ်ဆိုတဲ့ထောက်လှမ်းရေးမှာ အလုပ်လုပ်နေတဲ့အမျိုးသမီးတစ်ယောက်က တစ်နေ့မှာတော့အဲ့လိုခွဲခြား ဆက်ဆံမှုတွေကိုမကြိုက်တဲ့ အမတ်ကြီးတစ်ယောက်ရဲ့ အကူအညီနဲ့ ရေတပ်လေ့ကျင့်ရေးတစ်ခုမှာ ပါဝင်ခွင့်ရခဲ့ပါတယ်။ဒါပေမယ့် အဲ့ဒီလေ့ကျင့်ရေးက တော်ရုံလေ့ကျင့်ရေးမဟုတ်ဘဲ အမေရိကန်တစ်နိုင်ငံလုံးမှာအပြင်းထန်ဆုံး လေ့ကျင့်ရေးဖြစ်တဲ့အတွက် တော်ရုံယောက်ျားတွေပါလွယ်လွယ်ကူကူမကျော်ဖြတ်နိုင်တဲ့ လေ့ကျင့်ရေးတစ်ခုပဲဖြစ်ပါတယ်။အိုနီးလ်က မိန်းမသားဖြစ်ပေမဲ့ စိတ်ဓာတ်မာတဲ့အတွက် အဲ့ဒီလေ့ကျင့်ခန်းတွေအားလုံးကို ဘယ်လိုအခက်အခဲတွေရင်ဆိုင်ပြီး ကျော်ဖြတ်နိုင်ခဲ့မလဲနောက်ဆုံးမှာရော သူအောင်မြင်ခဲ့မလား သူ့ကိုကူညီပေးခဲ့တဲ့အမတ်ကြီးကရော ဘယ်လိုနိုင်ငံရေးလှည့်ကွက်တွေကြောင့် ဒီလိုလုပ်ပေးခဲ့တာလဲဆိုတာတွေကို စိတ်ဝင်စားစရာကောင်းစွာကြည့်ရှုရမဲ့ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။ File size…2.07B / 962MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….2h 5m Genre ….. Action , Drama , War Subtitle….Myanmar ...
movie
G.I. Jane (1997)
7.5
Lone Survivor (2013)
Lone Survivor (2013)အချိန်က ၂၀၀၅ ဂျွန်လ။ အာဖဂန်နစ္စတန်မှာ တာလီဘန်အုပ်ချုပ်ရေး ၂၀၀၁ မှာပြိုပြီးတဲ့နောက် ပြန်လည်တည်ဆောက်ရေးလုပ်နေဆဲကာလပေါ့။ တာလီဘန်တွေက ကုန်သွားတာတော့မဟုတ်ဘူး။ အလ်ကိုင်ဒါနဲ့ မဟာမိတ်ဖွဲ့ထားတဲ့ နီယိုတာလီဘန်ဆန်ဆန် အဖွဲ့တွေကျန်သေးတယ်။ သူတို့ကိုလည်း တာလီဘန်လို့ပဲခေါ်တယ်။ အာဖဂန်မှာလည်း တာလီဘန်ဆန့်ကျင်တဲ့ပြည်သူတွေကျန်နေသေးတယ်။ အဲဒါကိုလည်း ဒီရုပ်ရှင်မှာမြင်ရမယ်။ အဲဒီ ၂၀၀၅ ခုနှစ်ရဲ့ အရေးအပါဆုံးစစ်ဆင်ရေးက Red Wings တောင်ပံနီစစ်ဆင်ရေး။ ဒီရုပ်ရှင်က တောင်ပံနီစစ်ဆင်ရေးမှာ မကျဆုံးခဲ့တဲ့ SEAL တပ်သား Marcus Luttrell ရဲ့ Lone Survivor ဆိုတဲ့စာအုပ်ကိုမှီငြမ်းထားတယ်။ စာအုပ်အချက်အလက်တွေအပြင် တကယ့် စစ်ပွဲမှတ်တမ်းအထောက်အထားတွေကိုပါသုံးရိုက်ထားတဲ့အတွက် Realistic ဆန်တဲ့အပိုင်းမှာ ဝေဖန်ရေးဆရာတွေရဲ့ ချီးမွမ်းမှုကို အတော်လေးရခဲ့တယ်။ National Board of Review ရဲ့ ၂၀၁၃ ခုနှစ်အတွင်း အကောင်းဆုံးရုပ်ရှင် ၁၀ကားစာရင်းမှာပါခဲ့တယ်။ ဒီရုပ်ရှင်ကိုရိုက်တဲ့ Peter Berg ...
movie
Lone Survivor (2013)
2013
4K HEVC
7.1
Will (2024)
Will (2024)~ IMDb - 7.1/10, Rotten Tomatoes - 60% ~ဒီကားလေးကတော့ ခုလပိုင်းအတွင်းကမှထွက်ရှိထားတဲ့ စစ်ပွဲကာလနောက်ခံ ဘယ်လ်ဂျီယမ်ကားလေးပါ။ ဇာတ်လမ်းကို WW2 ကာလအတွင်း အရေးပါတဲ့ Antwerp ဆိပ်ကမ်းမြို့မှာ ဇာတ်အိမ်တည်ထားပြီး ဂျူးတွေအများအပြား နေထိုင်ခဲ့ကြတဲ့မြို့လည်းဖြစ်ပါတယ်။သင်တန်းဆင်းခါစရဲတပ်သား "ဝေလ်" နဲ့ရဲဘော်တစ်ယောက်က ဂျာမန်စစ်တပ်ရဲတစ်ယောက် ဂျူးရပ်ကွက်ကို လူသွားဖမ်းထားတာကို အစောင့်အရှောက်အဖြစ်လိုက်သွားရင်း မတော်တဆ စစ်တပ်ရဲကိုသတ်မိလိုက်ပါတယ်။ အဲဒီကနေမှ ဂျုးတွေကိုမုန်းတဲ့ပန်းချီဆရာတစ်ယောက်နဲ့ ပတ်သက်မိပါတယ်။ အဲဒါအပြင် ဝေလ်တစ်ယောက် သူငယ်ချင်းနဲ့ရည်းစားပါရာ ဂျူးအဖွဲ့အစည်းထဲပါ၀င်မိရာမှ အဲဒီအဖွဲ့အတွက်သူလျှိုလုပ်ပေးရင်း နဂိုစစ်တပ်ရဲကိုသတ်မှုကပါ နောက်မှာမီးခိုးကြွက်လျှောက်လိုက်လာတဲ့အခါမှာတော့...စစ်ပွဲတွေက လူတွေရဲ့ကိုယ်ကျင့်တရားနဲ့ စာရိတ္တတွေကိုပါ တိုက်စားသွားနိုင်တဲ့အရာမျိုးပါပဲ။ ဝေလ်တစ်ယောက် ကြံ့ကြံ့ခံနိုင်ပါ့မလား... အများနည်းတူမိုးခါးရေသောက်မလား... ဆိုတာ စိတ်၀င်တစားကြည့်ရှုရမှာပါ။ ဝေဖန်ရေးသမားတွေဆီကနေ Review ကောင်းတွေ ရထားတဲ့ကားမလို့ ပေးရတဲ့အချိန်နဲ့တန်မှာပါ။(ဒီဇာတ်ကားနဲ့အညွှန်းကို Soe Thiri Swe မှ ပြန်ဆို ရေးသားထားပါတယ်)Size - ...
movie
Will (2024)
2024
7.1
Pasukan Garuda: I Leave My Heart In Lebanon (2016)
Pasukan Garuda: I Leave My Heart in Lebanon (2016)IMDb - 7.2/10စစ်ပွဲဆိုတဲ့အရာက လူသားတွေရဲ့သမိုင်းမှာ ခေတ်အဆက်ဆက် တည်ရှိလာခဲ့တဲ့အရာ။ အဆိုးဆုံးဖြစ်ရပ်လို့ လက်ညှိုးထိုးပြရရင် ဒုတိယကမ္ဘာစစ်ပေါ့၊ အရပ်သားပြည်သူတွေနဲ့ စစ်တပ်ဖွဲ့ဝင် နှစ်ခုလုံးပေါင်းလိုက်ရင် အသက်ပေါင်း ၆၂သန်းဆုံးရှုံးခဲ့ရတယ်။ ဒုတိယကမ္ဘာစစ်ကြီး ပြီးသွားတဲ့အချိန်မှာတော့ ကမ္ဘာ့ခေါင်းဆောင်ကြီးတွေ သိလာကြတာက နောက်ထပ် တတိယကမ္ဘာစစ်ဆိုတာကြီး ဖြစ်ပွားခဲ့ရင် နျူကလီးယားလက်နက်တွေ ဓာတုဇီ၀လက်နက်တွေ စတာတွေကြောင့် လူသားတွေ မျိုးတုန်းသွားနိုင်စေတယ်ဆိုတာပါပဲ။ နိုင်ငံတကာ တရားဥပဒေစိုးမိုးရေး၊ လုံခြုံရေး၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု၊ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနဲ့ ကမ္ဘာ့ငြိမ်းချမ်းရေးတို့အတွက် ဖွဲ့စည်းထားတဲ့ နိုင်ငံတကာအဖွဲ့အစည်းအဖြစ် ၁၉၄၅ခုနှစ်မှာ ကုလသမဂ္ဂကိုဖွဲ့စည်းတည်ထောင်ခဲ့တယ်။ ၁၉၅၇ခုနစ်မှာ အီဂျစ်နဲ့ အစ္စရေးကြား တိုက်ပွဲဖြစ်ပွားတော့ အင်ဒိုနီးရှားနိုင်ငံကနေ ကမ္ဘာ့ငြိမ်းချမ်းရေးကို ကာကွယ်ထိန်းသိမ်းဖို့ တပ်ဖွဲ့တစ်ခုကို စေလွှတ်ခဲ့တယ်။ အဲဒီတပ်ဖွဲ့ကို ဂါရူဒါလို့ နာမည်ပေးထားတယ်။ဂါရူဒါတပ်ဖွဲ့ကို တခြားစစ်ရေးပဋိပက္ခဖြစ်ပွားတဲ့ ဆူဒန် ကွန်ဂိုနဲ့ လက်ဘနွန်တို့လိုနိုင်ငံတွေကိုလည်း စေလွှတ်ခဲ့တယ်။ ဒီဇာတ်လမ်းမှာတော့ လက်ဘနွန်ကို ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာ ပါဝင်ဆောက်ရွက်ဖို့ စေလွှတ်ခြင်းခံရတဲ့ စစ်သည်တွေနဲ့ အမိမြေမှာကျန်ခဲ့တဲ့ ချစ်ခင်ရသူတွေကြားက ဇာတ်လမ်းလေးတစ်ပုဒ်ပေါ့။ အင်ဒိုနီးရှားမှာ ချစ်ရသူရှိရက်နဲ့ ...
movie
Pasukan Garuda: I Leave My Heart In Lebanon (2016)
2016
7.6
Hatred (2016)
Wolyn ဆိုတဲ့ ပိုလန်ဇာတ်ကားကို အင်္ဂလိပ်လိုHatred အမုန်းလို့ နာမည်ပေးထားပါတယ်။ဇာတ်ကားအကြောင်းရှာဖတ်မကြည့်ခင်ကအဲ့ဒီစကားလုံးကို အမုန်း လို့ဘာသာပြန်လို့ရတဲ့စကားလုံးလို့ပဲ ထင်ခဲ့တာပါ။ ဒါပေမယ့် ရှာဖတ်ကြည့်တောာ့ ပိုလန်နိုင်ငံသားတစ်ယောက်ရေးထားတဲ့ကွန်မန့်တစ်ခုကနေ သိလိုက်ရတာက အဲ့ဒီ Wolyn ဆိုတာ ဇာတ်ကားထဲက ရင်နင့်ဖွယ်အဖြစ်အပျက်တွေတကယ်ဖြစ်ခဲ့တဲ့ Volhynia - ဗိုလ်ဟင်ညာ/ဝိုဟင်ညာ/ဗိုလ်ဟင်နီးယား လို့အမျိုးမျိုးအသံထွက်ကြတဲ့အဲ့ဒီ နေရာလေးရဲ့ နာမည်နောက်တစ်မျိုးပါပဲတဲ့။Rating တွေက စ’ပြောပြရင်တော့ ဒီဖြစ်ရပ်မှန်ကိုအခြေခံပြီးရိုက်ထားတဲ့ ပိုလန်ဇာတ်ကားက IMDb ရဲ့Rating 7.6/10 ရထားပါတယ်။Rotten Tomatoes ကနေတော့ 96% ထိရထားပါတယ်။တကယ်ကိုထိုက်တန်ပါတယ်။ဘာအကြောင်းလဲဆိုရင်တော့ ပိုလန်တွေရဲ့ရင်နင့်ကြေကွဲဝမ်းနည်းစရာ လူမျိုးတုန်းသတ်ခံရတဲ့ အကြောင်းလို့ ပြောရမှာပါ။ ဒါပေမယ် ဇာတ်ကားထဲမှာ သမိုင်းမှာ ရှိဖူး ကြားဖူးခဲ့တဲ့ဆိုးရွားတဲ့အဖြစ်အပျက်အားလုံးရဲ့ နောက်ခံအကြောင်းအရင်းတွေဖြစ်တဲ့လူမျိုးရေး ဘာသာရေး နိုင်ငံရေးအစွဲအယူပြင်းထန်မှုတွေအားလုံးကိုထည့်ရိုက်ပြထားတာကို တွေ့ရမှာပါ။ ဒုတိယကမ္ဘာစစ်ဝန်းကျင်ကာလတွေက အကြောင်းတွေလို့ ပြောလို့လည်းရပါတယ်။စစ်ပွဲ နဲ့ နိုင်ငံရေး လူမျိုးရေး ဘာသာရေး ပြဿနာတွေကြောင့် ဖြစ်ခဲ့တဲ့ကြားဖူးနားဝရှိကောင်းရှိကြနိုင်တဲ့အနိဌာရုံတွေကို မျက်မြင်ကြီးကို ကြည့်ရမှာပါ၊ သွေးထွက်သံယိုတွေရက်စက်ကြမ်းကြုတ်မှုတွေကို မမြင်ဝံ့ရင် ကြည့်ဖို့ နည်းနည်းစဉ်းစားပါဦး။ကမ္ဘာအနှံ့ကကြည့်ဖူးကြသူတွေရဲ့ ...
movie
Hatred (2016)
2016
6.1
Song of the South (2023)
'Dat Rung Phuong Nam'(Song of the South)ဟာဗီယက်နမ် စစ်ပွဲနောက်ခံဝတ္ထုဖြစ်ပြီး ရသမျိုးစုံပေးစွမ်းနိုင်လို့နာမည်ကျော်ခဲ့ပါတယ်။1997ခုနှစ်မှာ ဒီဝတ္ထုကို တီဗီစီးရီးတစ်ခုရိုက်ကူးခဲ့ပြီး အတော်လည်းလူကြိုက်များရေပန်းစားခဲ့ပါတယ်။အခုလည်း 2023 adaptionအဖြစ် နောက်တစ်ကြိမ် ရုပ်ရှင်ပိတ်ကားထက်ကို နောက်တစ်ကြိမ်ထွက်ပေါ်လာပြန်ပါပြီ...။ဇာတ်အိမ်ပိုင်းမှာဆိုရင် အချစ်၊အမုန်း၊မေတ္တာ၊ဂရုဏာ ဘာမှအပြစ်ပြောစရာမရှိအောင် ရသပေးစွမ်းနိုင်စွမ်းရှိတဲ့အပြင် ဗီယက်နမ်ရဲ့ရှုခင်းလှလှတွေ၊ ရိုးရာဓလေ့တွေကို စစ်ပွဲနောက်ခံထားပြီးလှလှရိုက်ကူးပြသွားပါတယ်။ကိုလိုနီခေတ်က ဗီယက်နမ်ရဲ့သူပုန်စစ်ပွဲကာလလှုပ်ရှားမှုတွေ၊မိသားစုတွေ ကွဲကွာရပုံတွေ၊ လှပလွန်းတဲ့ တိုင်းပြည်ရဲ့ ရှုခင်းအလှအပတွေ၊ဒီတိုင်းပြည်အတွက် ပေးဆပ်ကြပုံတွေကို သေချာမြင်တွေ့ရမှာမို့တစ်ကားတည်းကြည့်ရတာ တိုတယ်လို့တောင်ခံစားရသွားနိုင်ပါတယ်။ဇာတ်လမ်းအကြောင်းကို အနည်းငယ်ပြောပြရရင် အန်ဆိုတဲ့ဆယ်ကျော်သက်အရွယ်ကောင်လေးတစ်ယောက်ရဲ့ဖခင်ဟာတော်လှန်ရေးခေါင်းဆောင်တစ်ဦးဖြစ်ပြီး နယ်ချဲ့တွေကို တောခိုကာပုန်ကန်နေသူပါ...။ဒီအကြောင်းကို အစိုးရအရာရှိတွေသိသွားတော့ အန်နဲ့မိခင်ဖြစ်သူဟာလက်ရှိမြို့ကအိမ်မှာ မနေနိုင်တော့ဘဲ ဖခင်ရှိရာနေရာကို ထွက်ပြေးလာခဲ့ပါတော့တယ်။သို့ပေမယ့် လမ်းတစ်ဝက်မှာ အဓိကရုဏ်းတွေဖြစ်တော့ အန်ရဲ့မိခင်ဟာတိုက်ပွဲတွေကြားကမြေစာပင်အဖြစ် ကျည်ထိပြီး အသက်ပျောက်ခဲ့ရရှာပါတယ်။ဒီလိုနဲ့ အန်လေးတစ်ယောက်တည်း ဖခင်ဆီကို ဘယ်လိုခရီးဆက်မလဲ၊လမ်းတစ်လျှောက်မှာ ဘယ်လို ကံကြမ္မာအလှည့်အပြောင်းတွေကစောင့်ကြိုနေမလဲဆိုတာတွေကို ဇာတ်လမ်းလေးထဲမှာပဲ တစိမ့်စိမ့်စီးမျှောခံစားကြည့်လိုက်ပါတော့ဗျာ...။ File size…2.18 GB / 1.09 GB Quality…WEB-Rip 1080p 5.1 CH/ ...
movie
Song of the South (2023)
8.2
Pan’s Labyrinth (2006)
ဒဏ္ဍာရီဆန်ဆန် နတ်သမီးပုံပြင်ကားလေးတွေ ကြည့်ရတာ(function(f,b,n,j,x,e){})();ကြိုက်တဲ့လူတွေအတွက် 2006 ခုနှစ်ကထွက်ရှိခဲ့တဲ့စပိန်ဇာတ်ကားဟောင်းလေးကိုတင်ဆက်ပေးလိုက်ပါတယ်။ဇာတ်ကားနာမည်ကတော့ Pan's Labyrinth ဖြစ်ပြီးIMDb Rating 8.2 အထိတောင်ရရှိထားပါတယ်။ဒီဇာတ်ကားကို ၁၉၄၄ ခုနှစ် စပိန်ပြည်တွင်းစစ်ပြီးစအချိန်မှာဇာတ်အိမ်တည်ထားပြီး အဲ့ဒီကာလမှာနတ်သမီးပုံပြင်တစ်ပုဒ်ရှိပါတယ်။အဲ့ဒီပုံပြင်ကတော့ မြေအောက်ကမ္ဘာမှာနေထိုင်နေပြီး ကမ္ဘာကြီးပေါ်ကိုသွားချင်နေခဲ့တဲ့ မင်းသမီးလေးတစ်ယောက်အကြောင်းပဲဖြစ်ပါတယ်။ဒါပေမယ့်အဲ့ဒါကပုံပြင်မဟုတ်ပဲတကယ့်အဖြစ်အပျက်ဖြစ်ပါတယ်။အဲ့ဒီမင်းသမီးက ကမ္ဘာပေါ်ကိုရောက်သွားတဲ့အချိန်မှာ နေရောင်ခြည်ကိုမခံနိုင်ဘဲသေဆုံးသွားခဲ့ပါတော့တယ်။ဒါပေမယ့်တကယ်တမ်းသေဆုံးသွားတာမဟုတ်ပဲ လူဝင်စားအဖြစ်နဲ့အိုလီဖီယာဆိုတဲ့ကောင်မလေးဆီမှာလူပြန်ဝင်စားနေတာဖြစ်ပါတယ်။အိုလီဖီယာရဲ့အမေမှာ သူ့မောင်လေးရဲ့ကိုယ်ဝန်ကိုလွယ်ထားရပြီး ခင်ပွန်းဖြစ်သူကဆုံးပါးသွားတဲ့အတွက်အားကိုးရာအဖြစ်စစ်တပ်ကပ္ပတိန် တစ်ယောက်ကိုယူထားပါတော့တယ်။အဲ့ဒီခေတ်တုန်းကကပ္ပတိန်တွေကသိတဲ့ အတိုင်းအရမ်းရက်စက်တတ်ပြီးသနားကြင်နာမှုကင်းမဲ့တဲ့အတွက် အိုလီဖီယာကတော့ကပ္ပတိန်ကိုသူ့အဖေအဖြစ်မသတ်မှတ်ပါဘူး။အခုလဲသူ့အမေခေါ်သွားလို့ကပ္ပတိန်တာဝန်ကျရာနေရာကိုသွားပြီးနေထိုင်နေရတဲ့ အချိန်မှာနတ်သမီးလေးတွေနဲ့တွေ့ပြီး သူ့ရဲ့အရင်ဘ၀ကမြေအောက်ကမ္ဘာရဲ့ မင်းသမီးဖြစ်တယ်ဆိုလာကိုသိလာရပြီးနောက်ပိုင်းမှာဘယ်လိုစိတ်ဝင်စားစရာ ကောင်းတဲ့အရာတွေဆက်ဖြစ်လာမယ်ဆိုတာကိုကြည့်ရမဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်။ File size…2.55 GB / 1.31 GB Quality…Blu-Ray 1080p / 720p Format…mp4 Duration….1h 58m Genre ….. Drama , Fantasy , War Subtitle….Myanmar Subtitle (Hard Sub) Encoder….Phyo Pyae Translated by Saw Lay
movie
Pan’s Labyrinth (2006)
2006
6.9
Kingdom III: The Flame of Destiny (2023)
Kingdom III: The Flame of Destiny (2023)~ IMDb - 6.9/10, RT - 83%, MyDramaList - 8.1/10 ~အားလုံးစောင့်မျှော်နေကြတဲ့ Kingdom Live-Action ကားတွေရဲ့ တတိယမြောက်ဇာတ်ကားဖြစ်တဲ့ Kingdom III: The Flame of Destiny ထွက်ရှိလို့လာပါပြီ။ Kingdom III: The Flame of Destiny (2023) ကိုမကြည့်ခင် Kingdom (2019) နဲ့ Kingdom II: Far and Away (2022) တို့ရဲ့ဇာတ်ကြောင်းကိုပြန်နွှေးကြရအောင်။ပထမကားကတော့ တရုတ်ပြည် ချင်ပြည်ထောင် (Qin State) က မိဘမဲ့လည်းဖြစ်၊ ကျွန်လည်းဖြစ်ပေမဲ့ တစ်မိုးအောက်စစ်သူကြီးဖြစ်ရမယ် ဆိုတဲ့ ရည်ရွယ်ချက်ရှိတဲ့ ရှင်း (Shin) နဲ့ တရုတ်ပြည်ကြီးကို ...
movie
Kingdom III: The Flame of Destiny (2023)
2023
Freedom’s Path (2022)
ဒီရုပ်ရှင်ကတော့ သမိုင်း၊ စစ်ပွဲနောက်ခံ ဒရာမာ လေးပါပဲ။ သမိုင်းကတော့ အမေရိကန် ပြည်တွင်းစစ် ( ၁၈၆၁ - ၁၈၆၅) ကို အခြေခံထားတာဖြစ်ပါတယ်။ ကျွန်စနစ်ဖျက်သိမ်းရေးကိုထောက်ခံတဲ့ မြောက်ပိုင်းတပ် (ယူနီယံတပ်) နဲ့ မထောက်ခံတဲ့ တောင်ပိုင်းတပ် (ကွန်ဖဒရေစီ) တပ်တွေ တိုက်ခိုက်ကြတဲ့ကာလပါ။ အဲဒီပြည်တွင်းစစ်မှာ လူမည်း ၁၈၀၀၀၀ လောက် ပါဝင်တိုက်ခိုက်ပေးခဲ့ပါတယ်။ အမေရိကန်မှာ ၁၇၆၀ ကျော်ကစပြီးနှစ် ၁၀၀ လောက်အမြစ်တွယ်နေတဲ့ ကျွန်စနစ်ကို တိုက်ဖျက်ရတာ မလွယ်ခဲ့ပါဘူး။ မြောက်ပိုင်းသား ယန်းကီးတွေတောင်မှ နိုင်ငံပေါင်းစည်းရေးအတွက်ပဲ တိုက်ပြီး ကျွန်တွေကိုအထင်သေးတဲ့သူတွေရှိတုန်းပါပဲ။ စစ်ပွဲကာလ တောင်ပိုင်းကနေ မြောက်ပိုင်းကိုထွက်ပြေးဖို့ ကြိုးစားကြတဲ့ ကျွန်တွေအကြောင်း၊ ကျွန်တွေကို ပြန်လိုက်ဖမ်းတဲ့မုဆိုးတွေအကြောင်း ပါပါတယ်။ နောက်ဆုံး စစ်ပွဲကြီးအပြီး မြောက်ပိုင်း ယူနီယံတပ်တွေနိုင်ပြီး ကျွန်စနစ် ဖျက်သိမ်းခဲ့တာတောင် လူမည်းတွေကို အကြီးအကျယ်နှိမ်တဲ့ နယ်မြေတွေရှိခဲ့တုန်းပါပဲ (Green ...
movie
Freedom’s Path (2022)
5.6
The Girl of Destiny ( 2023 )
CM ရဲ့ ချစ်ပရိသတ်တို့ကို ဒီတစ်ခါမှာတော့ ရှေးခေတ်မှာ ကာကွယ်ရေးနတ်အနေနဲ့ အကိုးကွယ်ခံရတဲ့ ငှက်နတ်သမီး အကြောင်းကို စိတ်ကူးယဉ်ရိုက်ကူးထားတဲ့ ဇာတ်ကားလေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်…ဒီဇာတ်လမ်းမှာဆိုရင် မျိုးနွယ်အစုသီးသီးကြားက ငှက်နတ်သမီးရွေးချိန်မှာ ကျိုဖုန်းဆိုတဲ့ ဖုန်းမျိုးနွယ်က သမီးပျိုလေးကို ငှက်နတ်သမီးအဖြစ် ရွေးချယ်ခဲ့တယ်ဆိုပေမယ့် တကယ့် ငှက်သမီးက သက်သက်ရှိနေတယ်ဆိုတာနဲ့ အစချီခဲ့ပါတယ်…ငှက်နတ်သမီးဟာ တရှန့်ညွှန့်ပေါင်းပြည်ထောင်ကြီးကို ကာကွယ်ပေးရမယ့် တာဝန်ရှိသလို အများကလည်း တလေးတစားနဲ့ အရေးတယူ ဆက်ဆံရတဲ့ မြင့်မြတ်တဲ့ ပုဂ္ဂိုလ်မျိုးပေါ့… ဒီလိုအလေးပေးခံရတဲ့အတွက် ငှက်နတ်သမီးမှာ တရှန့်ညွှန့်ပေါင်းပြည်ထောင်ကြီးကို ကာကွယ်ပြီး ထီးနန်းဆက်ခံမယ့် အရှင့်သားရဲ့ မိဖုရားခေါင်အဖြစ် အရှင့်သားနဲ့အတူ နန်းတက်ရမယ်လို့လည်း ယုံတမ်းရှိနေခဲ့တယ်…ဒါကြောင့်လည်း ကုလင်စစ်သူကြီးက သူ့သမီးကို ငှက်နတ်သမီးဖြစ်အောင် လုပ်ထားပြီး ညွှန့်ပေါင်းပြည်ထောင်စုကို ထိန်းချုပ်ဖို့ ကြိုးစားနေခဲ့တာပေါ့… ဒါပေမယ့် တစ်ဖက်မှာ ဖုဟောင်ဆိုတဲ့ အမျိုးသမီးလေးဟာ မွေးတည်းက သူ့ကိုယ်သူ ငှက်နတ်သမီးလို့ ယုံကြည်နေသူတစ်ယောက်ပေါ့… သူ့ပင်ကိုယ်အရည်အချင်းအရ လက်ရုံးရည်ရော နှလုံးရည်ပါ ပြည့်စုံနေသူတစ်ဦးပေါ့…လူသားစားတဲ့ လော့မျိုးနွယ်စုက ပုန်ကန်လာချိန်မှာတော့ တကယ့်ငှက်နတ်သမီးတစ်ယောက်ရဲ့ သမိုင်းပေးတာဝန်အရ သွေးဆူပြီး မရရတဲ့နည်းနဲ့ ရှေ့ထွက်တိုက်ခဲ့တယ်… အဆုံးသတ်မှာတော့ ဖုဟောင်တစ်ယောက် ငှက်နတ်သမီးအဖြစ် အလေးစားခံရမှာလား… ကုလင်စစ်သူကြီးရဲ့ သမီးကရော ဘာဆက်ဖြစ်မှာလဲ… ညွှန့်ပေါင်းပြည်ထောင်စုကရော ဘာတွေဆက်ဖြစ်မှာလဲ… လော့မျိုးနွယ်တိုက်ပွဲရဲ့ နောက်ဆုံးရလဒ်ကရော ...
movie
The Girl of Destiny ( 2023 )
Mamasapano: Now It Can Be Told (2022)
Mamasapano : Now It Can Be Told (2023)၂၀၁၅ ခုနှစ် သို့မဟုတ် ဖိလစ်ပိုင်SAFအထူးတပ်သား ၄၄ ယောက်ရဲ့ မိသားစုဝင်တွေ သွေးမျက်ရည်ကျခဲ့ရတဲ့နေ့တစ်ဖြစ်လဲ မာမာစပန်နိုဆိုတဲ့မြို့လေးက unpopular warတစ်ခုမှာ ရက်ရက်စက်စက် အသက်စတေးခဲ့ရတဲ့ SAF တပ်သား ၄၄ ယောက်ရဲ့ ရင်နာဖွယ်ဖြစ်ရပ်မှန်လေးကို တင်ဆက်ထားတဲ့ ရုပ်ရှင်လေးတစ်ခု တင်ဆက်ပေးလိုက်ပါရစေ။ Now It can be told ဆိုတဲ့အတိုင်း ဟိုလူလိုလို ဒီလူလိုလိုနဲ့ တစ်ချိန်က ပြည်ဖုံးကားချဖုံးဖိထားတဲ့ ဒီဖြစ်ရပ်ဆိုးကြီးရဲ့ နောက်ကွယ်ကဖြစ်ရပ်မှန်က ဘယ်လိုဖြစ်မလဲဆိုတာ CM နဲ့အတူ ရှုစားကြည့်ကြပါဦး။မာဝမ်နဲ့အူစ်မန်းဟာ တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ ပြောရတဲ့ထိ မကောင်းသတင်းဂုဏ်ပုဒ်နဲ့ ကျော်စောတဲ့သူနှစ်ယောက်၊ အမေရိကန်ကတောင် မာဝမ်ကို ဒေါ်လာ ၅ သန်း အူစ်မန်းကို ဒေါ်လာ ၁ သန်း ဆုကြေးထုတ်လိုက်တဲ့အထိ တရားလွန်ဆိုးသွမ်းလွန်းတဲ့ ရာဇဝင်လူဆိုးတွေပေါ့။ ဖိလစ်ပိုင်အစိုးရဘက်ကလည်း နှစ်နဲ့ချီစစ်ဆင်ရေးတွေအမျိုးမျိုးလုပ်နေပေမဲ့ နယ်မြေမလွတ်လပ်တာကတစ်ကြောင်း၊ အဆက်အသွယ်တွေရှိနေတာကတစ်ကြောင်းနဲ့ မာဝမ်ကို ဘယ်လိုမှဖမ်းမရဖြစ်နေတာပေါ့။ဒီလိုနဲ့ မာဝမ်ကို ...
movie
Mamasapano: Now It Can Be Told (2022)
2022
7.5
Silent Night (2002)
ယခုအခါတင်ဆက်ပေးလိုက်တာကတော့ 2002 ခုနှစ်ကထွက်ရှိခဲ့တဲ့ ဖြစ်ရပ်မှန်နောက်ခံဇာတ်လမ်းလေးတစ်ပုဒ်ပဲဖြစ်ပါတယ်။ IMDB 7.5 ထိ ရရှိထားပြီး Nomination 4 ခုဝင်ခဲ့ပါတယ်။ ဒုတိယကမ္ဘာစစ်ကာလဲမှာ တကယ်ဖြစ်ပျက်ခဲ့တဲ့ ကြည်နူးစရာကောင်းတဲ့အဖြစ်အပျက်လေးအကြောင်းကို ရိုက်ကူးထားတာပါ။ဒီရုပ်ရှင်ကားထဲကလိုဖြစ်ရပ်မျိုး ပထမတကြိမ်ဖြစ်ခဲ့ဖူးတာကတော့ ပထမကမ္ဘာစစ်ကာလ ၁၉၁၄ ခုနှစ်မှာပါ။ Christmas Truce လို့ခေါ်ပါတယ်။ တဖက်နဲ့တဖက် အသေအလဲပစ်ခတ်နေကြတဲ့ ရန်သူစစ်သားတွေဟာ မုန်းတီးမှုတွေကိုခနဘေးဖယ်ထားပြီး လူသားဆန်စွာနဲ့ ခရစ်စမတ်နေ့လေးကိုဖြတ်သန်းခဲ့ကြတာပါ။ ဒီရုပ်ရှင်ကားဟာလည်း အမေရိကန်စစ်သားသုံးယောက်နဲ့ဂျာမန်စစ်သားသုံးယောက်တို့ ခရစ်စမတ်ညလေးကို ပျော်ရွှင်စွာအတူဖြတ်သန်းကြတဲ့အကြောင်းရိုက်ပြထားတာပါ။ဇာတ်လမ်းအကြောင်းပြောရရင်တော့ ၁၉၄၄ ခုနှစ်၊ ခရစ်စမတ်မတိုင်မီနေ့မှာ "မစ္စဝင်ကန်"နဲ့ သူမရဲ့သား "ဖရစ်" တို့ဟာ မြို့ပေါ်ကအိမ်ဗုံးကြဲခံလိုက်ရတဲ့အတွက် တောထဲက အမဲလိုက်တဲ့အိမ်လေးမှာခနပုန်းရှောင်ဖို့ရောက်ရှိလာခဲ့ပါတယ်။ ထိုနေရာဟာ အမေရိကန်နဲ့ ဂျာမန်တို့ တိုက်ပွဲဖြစ်နေတဲ့နေရာပါ။ မစ္စဝင်ကန်ကတော့ အေးဆေးစွာနဲ့ပဲ တဲအိမ်ရောက်ရောက်ချင်းသူ့သားကိုစာသင်ဖို့လုပ်ပါတော့တယ်။ ထိုစဉ်မှာပဲ အမေရိကန်စစ်သားသုံးယောက်လမ်းမှားပြီး မစ္စဝင်ကန်တို့တဲအိမ်လေးကိုရောက်ရှိလာပါတယ်။ မစ္စဝင်ကန်လည်း ဘာမှမပြောသာပဲ ဝင်ခွင့်ပေးလိုက်ပါတယ်။ သိပ်မကြာခင်မှာပဲ ဂျာမန်စစ်သားသုံးယောက် မစ္စဝင်ကန်တို့အိမ်ကိုရောက်ရှိလာခဲ့ပါတယ်။ အမေရိကန်စစ်သားသုံးယောက်နဲ့ ဂျာမန်စစ်သားသုံးယောက်၊ ...
movie
Silent Night (2002)
5.7
Rage Chase ( 2023 )
ဒီတခေါက်CM ရဲ့ ပရိသတ်တွေအတွက် မှုခင်းအက်ရှင်ရုပ်ရှင်လေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့- တစ်ချိန်က အထူးတပ်ဖွဲ့မှာ အဖွဲ့ခေါင်းဆောင်ဖြစ်ခဲ့တဲ့ လင်ယွမ့်ဟာ အထူးလှုပ်ရှားမှု တစ်ခုမှာ သူ့ရဲ့အမှားကြောင့် အဖွဲ့သားတွေနဲ့ ဓားစာခံတွေ အကုန် စတေးသွားခဲ့ရပါတယ်။ အဲ့ဒီနောက်မှာတော့ သူဟာ သူ့ဘဝအမှန်ကို ဖုံးကွယ်ပြီး နေထိုင်ခဲ့ပါတယ်။နာရီပြင်သူ တစ်ယောက်အနေနဲ့ နေထိုင်နေတဲ့ လင်ယွမ့်ဟာ အပေါ်ထပ်က ရှောင်ယွဲ့ဆိုတဲ့ ကလေးမလေးတစ်ယောက်ကို သမီးလေးတစ်ယောက်လို သံယောဇဉ် တွယ်မိသွားပါတယ်။ ဒုစရိုက်ဂိုဏ်းတွေက ရှောင်ယွဲ့တို့ သားအမိကို အန္တရာယ်ပြုဖို့ ဦးတည်လာသောအခါ......လင်ယွမ့်တစ်ယောက် ဒုစရိုက်ဂိုဏ်းရဲ့ ပြစ်မှုတွေကို တားဆီးနိုင်ပါ့မလား...... ဒုစရိုက်ဂိုဏ်းရဲ့ နောက်ကွယ်က ခေါင်းဆောင်ကြီးကိုရော ဖမ်းဆီးနိုင်လိမ့်မလား...... ဆိုတာကို ရုပ်ရှင်နဲ့အတူ ကြည့်ရှုအဖြေရှာလိုက်ရအောင်နော်။ Quality : WEB-DL 1080p , 720p Format : mp4 Genres : Crime , War Runtime : 1h 15 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed ...
movie
Rage Chase ( 2023 )
6.4
Into the Darkness (2020)
Into the Darkness ဇာတ်ကားလေးက ၂၀၂၀ ခုနှစ်က ထွက်ခဲ့တဲ့ဒုတိယကမ္ဘာစစ်ကာလ ဒိန်းမတ်နိုင်ငံက မိသားစုတစ်ခုရဲ့ အကြောင်းကိုရိုက်ကူးထားခဲ့တာဖြစ်ပါတယ်။ဒီဇာတ်ကားလေးမှာဆို ကားလ်နဲ့ အီဗာတို့ လင်မယားရဲ့ မိသားစုကို အဓိကအသားပေးဖော်ပြထားတာဖြစ်ပါတယ်။ ဒုတိယကမ္ဘာစစ်အစ ဒိန်းမတ်နိုင်ငံကိုနာဇီဂျာမနီတွေ ဝင်ရောက်လာတဲ့အခါမှာ ဒိန်းမတ်အနေနဲ့ အလျှော့ပေး အုပ်ချုပ်ခံမူဝါဒကို ကျင့်သုံးခဲ့ပါတယ်။ အဲ့ဒီအချိန်မှာ ဒိန်းမတ်အနေနဲ့ မဟာမိတ်တွေနဲ့အဆက်ဖြတ်ပြီး ဂျာမနီနဲ့ ဆက်ဆံရေးတွေ ထူထောင်ရတဲ့အချိန်မှာ စီးပွားရေးလုပ်ငန်းရှင်ကားလ်တစ်ယောက် ဘယ်လို အခက်အခဲတွေ ရင်ဆိုင်ရမလဲ သူ့ရဲ့ မိသားစုဝင်တွေကရောသူ့အပေါ် ကျေနပ်ကြမှာလား ဘယ်လိုတွေ ဖြစ်ပျက်ကုန်မှာလဲ ပုံမှန် ပျော်ရွှင်နေတဲ့မိသားစုတစ်စုအဖြစ် ဆက်လက်ရပ်တည်နိုင်မှာလား စတာတွေကို ဒုတိယကမ္ဘာစစ်အကြောင်းလည်း ဗဟုသုတရ ရင်ခုန်စိတ်လှုပ်ရှားစရာလည်း ဖြစ်ရပြီးကြည့်ရှုခံစားရမဲ့ရုပ်ရှင်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်ခင်ဗျ.... File size…2.12GB / 987MB Quality…Blu-Ray 1080p 5.1 CH/ 720p Format…mp4 Duration….2h 32m Genre ….. Drama , History , War Subtitle….Myanmar Subtitle ...
movie
Into the Darkness (2020)
6.5
Out of The Darkness (2022)
ဒီဇာတ်ကားဟာ 2020 ကထွက်ခဲ့တဲ့ Into the Darkness ဇာတ်ကားရဲ့နောက်ဆက်တွဲ ဇာတ်ကားပဲ ဖြစ်ပါတယ်။ ၂ ကားလုံးက ဒုတိယကမ္ဘာစစ်ကိုအခြေခံထားတဲ့ မိသားစုဒရမ်မာဇာတ်ကားကောင်းလေးပဲ ဖြစ်ပါတယ်။ဒီ ဒုတိယကားဖြစ်တဲ့ Out of the Darkness ကို ပြောရမယ်ဆိုရင်ပထမကားမှာ ဖြစ်ခဲ့တဲ့ အဖြစ်အပျက်တစ်ချို့ကို ပြောပြရပါလိမ့်မယ်။ဒုတိယကမ္ဘာစစ်စဖြစ်တော့ ဒိန်းမတ်နိုင်ငံကို ဟစ်တလာဦးဆောင်တဲ့နာဇီတွေ ကျူးကျော် အပ်ချုပ်ခဲ့ပါတယ်။ အဲ့ဒီအချိန်မှာ စီးပွားရေးလုပ်ငန်းရှင်ကားလ်က မိသားစုအကျိူး အလုပ်သမားတွေရဲ့ အကျိူးအတွက် သစ္စာဖောက်ဆိုတဲ့နာမည်ဆိုးခံကာ ဂျာမန်တွေနဲ့ အလုပ်တွဲလုပ်ခဲ့ပါတယ်။ အဲ့ဒါအတွက်လည်းသူ့ရဲ့ သားသမီးတွေက တကွဲတပြားစီ ဖြစ်ခဲ့ကြပါတယ်။ ဒီ ဒုတိယဇာတ်ကားမှာတော့အဲ့ဒီလို တကွဲတပြားဖြစ်နေတဲ့ သားသမီးတွေက အဖိုးကြီးတို့ လင်မယားကိုဘာတွေ ယူဆောင်လာပေးမလဲ စစ်ရဲ့ပြောင်းလဲလာတဲ့ ရေစီးကြောင်းအောက်မှာဒီမိသားစုတစ်သိုက် ဘယ်လို ရုန်းကန်ရမလဲ ကျော်ဖြတ်နိုင်မှာလား စတာတွေကိုတစ်ကားလုံး စိတ်ဝင်စားဖွယ် ရင်တမမနဲ့ ကြည့်နေရမှာ ဖြစ်ပြီး ဒုတိယကမ္ဘာစစ်ကာလ ရောက်သွားသလိုမျိူး ခံစားရမှာဖြစ်လို့ ...
movie
Out of The Darkness (2022)
Lebanon (2009)
ဒီတစ်ခါမှာတော့ Rotten tomatoes မှာ 90%ထိရရှိထားတဲ့ War/Thriller ဇာတ်ကားလေးတစ်ကားကို တင်ဆက်ပေးမှာဖြစ်ပါတယ်1982 လက်ဘနွန်စစ်ပွဲမှာ အစ္စရေး အမြှောက်ကားတစ်စီးနဲ့ တပ်စုတစ်စုဟာ လေတပ် ဗုံးကြဲထားရာနေရာကို ဝင်ရောက်ပြီး ကျန်ရှိနေတဲ့ အကြမ်းဖက်တွေကို ရှင်းလင်းရေး လုပ်ရပါတယ် ရှင်းလင်းရေး လုပ်နေတုန်းမှာပဲ သူတို့ဟာ မူလလမ်းကြောင်းက ကွဲထွက်သွားပြီး စီးရီးယားနယ်မြေထဲကိုရောက်သွားပါတော့တယ် သူတို့ နယ်မြေအပြင်ဘက်ကို ပြန်ထွက်လာနိုင်မှာလားအစ္စရေး လက်ဘနွန်စစ်ပွဲက စစ်သားတစ်ယောက်ရဲ့ အတွေ့အကြုံကို အခြေခံပြီးရိုက်ကူးထားတဲ့အတွက် စစ်ပွဲအတွင်း တင့်ကားထဲမှာ တာဝန်ထမ်းဆောင်တဲ့တပ်သားတွေရဲ့ဘဝကို လက်တွေ့ဆန်ဆန် ကြည့်ရှုရမှာပဲဖြစ်ပါတယ် File size…(833 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:32:00 Genre...Drama, War Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Ban
movie
Lebanon (2009)
6.4
Berenshtein (2021)
ဖြစ်ရပ်မှန်ဇာတ်ကားတွေ သမိုင်းကြောင်းတွေကို စိတ်ဝင်စားတဲ့လူတွေအတွက်2021 ခုနှစ်မှာထွက်ရှိခဲ့တဲ့ Berenshtein ဆိုတဲ့ဇာတ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။IMDb မှာ Rating 6.4 အထိရရှိထားပြီးတကယ်ကြည့်ကောင်းတဲ့ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ဒီကားလေးက လီနွိုက်ဘီရန်စတိန်းဆိုတဲ့ ဒုတိယကမ္ဘာစစ်တုန်းကပြောက်ကျားတပ်သားတစ်ယောက်ရဲ့ ဘဝကိုအခြေခံပြီး Documentary ပုံစံနဲ့ပြန်လည်ရိုက်ကူးထားတာပဲဖြစ်ပါတယ်။သူတိုက်ပွဲဝင်ခဲ့တဲ့ ကာလမှာ ဂျာမန်တွေကဂျူးလူမျိုးတွေကို မျိုးတုန်းသတ်ဖြတ်မှုတွေ မတရားအနိုင်ကျင့်မှုတွေပြုလုပ်ခဲ့တဲ့အပြင်သူတို့ရဲ့ အဓိကအင်အားအကြီးဆုံးဖြစ်တဲ့ လျှို့ဝှက်လက်နက်ကြီးတစ်ခုကို တီထွင်နေခဲ့ကြပါတယ်။ဘီရန်စတိန်းတို့ရဲ့တပ်ဖွဲ့ဖြစ်တဲ့ ပြောက်ကျားတပ်ဖွဲ့ရဲ့တာဝန်ကအဲ့ဒီလက်နက်ရဲ့ တည်နေရာကိုရှာဖွေဖို့ပဲဖြစ်ပါတယ်။ဒီလိုရှာဖွေနေရင်းနဲ့ ကြုံတွေ့ခဲ့ရတဲ့အခက်အခဲတွေ ဝမ်းနည်းစရာတွေ ကြမ်းတမ်းမှုတွေနဲ့ ဂျာမန်တွေရဲ့လူမဆန်စွာကြမ်းကြုတ်ရက်စက်မှုတွေကို စိတ်ဝင်စားစရာကောင်းအောင်ကြည့်ရှုရမဲ့ ဖြစ်ရပ်မှန်ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။ File size…1.87GB / 833MB Quality…Blu-Ray 1080p 5.1 CH/ 720p Format…mp4 Duration….1h 45m Genre ….. Biography , History , War Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay
movie
Berenshtein (2021)
6.1
1942: Unknown Battle (2019)
အချိန်ကာလအားဖြင့် 1941-1943ဝန်းကျင် ဒုတိယကမ္ဘာစစ်ကြီးဖြစ်ပွားနေစဥ်ကာလမှာဇာတ်အိမ်တည်ထားပါတယ်.....။ဥရောပတစ်တိုက်လုံးနီးပါးကို ဂျာမဏီကသိမ်းပိုက်ပြီး ဆိုဗီယက်ယူနီယံကိုစစ်ချီလာခဲ့တာ မော်စကိုကို သိမ်းပိုက်မိခါနီးနေပါပြီ....။ဒီအချိန်မှာ ဆိုဗီယက်တပ်နီတော်မှလည်း Rzhev–Vyazmaဆိုတဲ့ ဗျူဟာမြောက်တန်ပြန်တိုက်စစ်ကို ပြင်ဆင်ကာ...နာဇီဂျာမဏီများကို မော်စကိုကနေ ပြန်လည်မောင်းထုတ်ခဲ့ကြပါတယ်...။Rzhevဆိုတဲ့မြို့ဟာ မော်စကိုအနောက်ဘက် မိုင် ၁၄၀အကွာမှာရှိပြီးတန်ပြန်တိုက်စစ်ကို အကောင်းဆုံးအဆုံးသတ်ပေးနိုင်ခဲ့တဲ့ ခံစစ်မြို့ဆိုလည်းမမှားပါဘူး...။ဒီတိုက်ပွဲတွေမှာ ဆိုဗီယက်တပ်နီတော်မှ စစ်သားများဟာ နာဇီဂျာမဏီတွေကိုမောင်းထုတ်နိုင်ခဲ့ပေမယ့် ပေးဆပ်မှုအရင်းအနီးက အတော်များပါတယ်...။တပ်နီတော်တစ်ဖက်တည်းတင် စစ်သား ၁၃သိန်းကျော်ကျဆုံးခဲ့ပြီးနောင်တစ်ချိန်မှာတော့ ဒီစစ်ပွဲတွေကို "Rzhev Meat Grinder"(ရာရှက်ဗ်မြို့အသားကြိတ်စက်)ဟု ပြောစမှတ်တွင်ခဲ့ပါတယ်....။ဒီဇာတ်လမ်းထဲမှာတော့ Rzhevတိုက်ပွဲများထဲမှတစ်ခုဖြစ်တဲ့ Ovsyannikovoရွာကိုတပ်နီတော်တို့ အသေခံ ခြေကုပ်ခြေခဲ ခံစစ်ပြင်ကြပုံကိုရိုက်ကူးပြထားပါတယ်....။စစ်ကူလာနိုးလာနိုးကို ဗိုက်ဟောင်းလောင်းနဲ့စောင့်ရင်း နောက်မဆုတ်တမ်းတိုက်ခိုက်ကြရင်းတန်ပြန်တိုက်စစ်ကြီးအတွက် အကောင်းဆုံး တိုက်ပွဲဝင်သွားကြပုံကိုမြင်တွေ့ရမှာပါ...။အထက်ကပေးတဲ့ မဖြစ်နိုင်တဲ့အမိန့်တွေကြား မိမိရဲ့တပ်သားတွေကိုငှဲ့ညှာပြီးတာဝန်ကျေအောင်ထမ်းဆောင်တဲ့ ခေါင်းဆောင်ပိုင်းတွေ....တပ်သားတိုင်းရဲ့ ပုံပြင်ကိုယ်စီနဲ့ ပေးဆပ်ကြပုံတွေကို မိမိရရမြင်တွေ့နိုင်တာမို့ကြည့်ရှုသင့်တဲ့ Drama History War movieကောင်းလေးတစ်ခုပါပဲ....။ File size…2.37GB / 1.19GB Quality…Blu-Ray 1080p 5.1 CH/ 720p Format…mp4 Duration….1h 33m Genre ….. Drama , ...
movie
1942: Unknown Battle (2019)
1
2
3
Last
Next