Exit print mode Print Data A+ A- Undo all

ပရိသတ်ကမေး Channel Myanmarက ဖြေ အစီအစဉ်

ပရိသတ်ကမေး Channel Myanmarက ဖြေ အစီအစဉ်

Synopsis:

ကျွန်တော်တို့ CM ဆိုက်နဲ့ ပတ်သတ်ပြီး ပရိသတ်တွေ အမေးများတဲ့ မေးခွန်းတွေကို တစ်စုတစ်စည်းတည်း ဖြေကြားပေးလိုက်ပါတယ်။ အဲဒါကြောင့်  ဒီပို့ကို သေချာဖတ်စေချင်ပါတယ်။ CM Admin Teamအနေနဲ့လဲ မေးခွန်းတစ်ခုကို ထပ်ခါ ထပ်ခါ ဖြေရတဲ့အတွက် အချိန်ကုန်တာမျိုး လျော့နည်းသွားအောင်ပါ။

မေး။ ။ ကျွန်တော်ကအခုမှ အင်တာနက် စသုံးတာမို့ CMက ဇာတ်ကားတွေ ဒေါင်းချင်ပေမဲ့ မဒေါင်းတတ်ဘူးဖြစ်နေပါတယ်။ အဲဒါ ဘယ်လိုမျိုး Download လုပ်ရလဲဆိုတာ ဖြေကြားပေးပါ ခင်ဗျား

ဖြေ။ ။ကျွန်တော်တို့က facebook မှာကြော်ငြာတာပါ..ဇာတ်ကားတွေကဒီမှာပါ..channelmyanmar.com ကိုသွားပါ..ကြည့်ချင်တဲ့ဇာတ်ကားရဲ့ Download and Watch ဆိုတာကိုနှိပ်ပါ..adfly မှာ 5 sec စောင့်ပါ…ညာဖက် အပေါ်ထောင့်က skid ad ဆိုတာကိုနှိပ်ရင် pCloud မှာတိုက်ရိုက်ကြည့်လို့ရသလို ဒေါင်းလို့လဲရပါတယ်.အသေးစိတ်သိချင်ရင်တော့ အောက်က လင့်မှာ ပုံနဲ့ တစ်ကွ ရှင်းပြပေးထားပါတယ်

http://www.channelmyanmar.com/p/download-pcloud.html

မေး။ ။ အစ်ကိုတို့ရေ Iorn Man ဇာတ်ကားတွေပြန်ကြည့်ချင်လို့ပါ။ ဇာတ်ကားဟောင်းတွေကို ဘယ်လို ပြန်ရှာ ရမှာလဲ။

ဖြေ။ ။ကျွန်တော်တို့ဆိုက်မှာ တင်ထားတဲ့ ဆိုက်ကားတွေက ၈၀၀ ကျော်နေပါပြီ။ တင်ပြီးသား ဇာတ်ကားတွေကို လူတိုင်းဆီ အမြဲတမ်း လင့်ရှာပြီး ချပေးရအောင်လိုက်ထိ အဆင်မပြေပါဘူး။ အဲဒါကြောင့် Websiteရဲ့ ညာဘက်မှာ ထည့်ပေးထားတဲ့ Search Boxကို အားကိုးပြီး ကိုယ်ဟာကို ရှာစေချင်ပါတယ်။ ဥပမာ Iron Man ဇာတ်ကားရှာချင်တယ်ဆို Ironလိုက် ထည့်ရိုက်လိုက်တာနဲ့ ဇာတ်ကားလင့်တွေ ကျလာပါတယ်။ ဇာတ်ကားနာမည်တစ်ခုလုံးကို အပြည့်အစုံ ရိုက်နေစရာ မလိုပါဘူး။ပုံ ၂ကို ကြည့်ပါ

မေး။ ။ ဖုန်းနဲ့ ၀င်ကြည့်တာ Search Boxကို ရှာမတွေ့ဘူးဖြစ်နေတယ်

ဖြေ။ ။ ဖုန်းနဲ့ Websiteကို ၀င်ကြည်ရင် အောက်ဆုံးမှာ View Web Versionဆိုတာ ရှိပါတယ်။ အဲဒါကို ချိန်းလိုက်တာနဲ့ Search Box ပေါ်လာ ပါလိမ့်မယ်။ ပုံ ၃ကို ကြည့်ပါ

မေး။ ။ ကျွန်တော်တို့ကတော့ Bollywood ပရိသတ်ပါ၊ Arrow Series ပရိသတ်ပါ၊အက်ရှင်ကား ပရိသတ်ပါ။အဲဒါတွေကို တစ်စုတစ်စည်းတည်း ဘယ်လို ရှာရမှာလဲ။

ဖြေ။ ။ဆိုက်ရဲ့ ဘယ်ဘက်အခြမ်းမှာ ဇာတ်ကားအမျိုးအစားတွေနဲ့အတူ Label ခွဲပေးထားပါတယ်။ ကိုယ်ကြိုက်တဲ့ ဇာတ်လမ်းအမျိုးအစား၊ Series အမျိုးအစားတွေကို တစ်စုတစ်စည်းတည်း ရှာဖွေလို့ ရနိုင်ပါကြောင်း……..ပုံ ၄ မှာ ကြည့်ပါ

မေး။ ။အခု ရုံတင်နေတဲ့ ဇာတ်ကားတွေ မြန်မာစာတန်းထိုးနဲ့ တင်ပေးပါဦး

ဖြေ။ ။ကျွန်တော်တို့ဆိုက်က ဇာတ်ကားတွေကို ရုပ်သံကြည်မှပဲ တင်ပေးတာပါ။ အဲဒါကြောင့် ရုံတင်နေတဲ့ ဇာတ်ကားဆို အနည်းဆုံး ၂ လ ကျော်လောက်မှပဲ တင်ပေးနိုင်ပါတယ်။ တစ်ခါတစ်လေ ဇာတ်ကားထွက်တာက အဲထက် ပိုကြာရင် ကြာတတ်ပါတယ်။ အဲဒါကြောင့် ကြည့်လို့ရရုံအဆင့်လောက်ကနေစပြီး ကြည့်ချင်ရင်တော့ Googleမှာသာ ရိုက်ရှာလိုက်ပါ။ ကျွန်တော်တို့ဆိုက်ကတော့ စိတ်ပျက်စရာ Qualityနဲ့ ဇာတ်ကားတွေကို တင်ပေးမှာ မဟုတ်ပါဘူး။

မေး။ ။ကျွန်တော်က Iphone, Ipadနဲ့ သုံးတာပါ။ Adflyကို ကျော်လို့ မရပဲ apple storeထဲပဲ ရောက်ရောက်သွားလို့ အဲဒါ ဘယ်လို လုပ်ရမှာလဲ

ဖြေ။ ။ကျွန်တော်စမ်းကြည့်သလိုက်ကတော့ UC Browserနဲ့ဆို ကျော်လို့ရပါတယ်။ အဲဒါကြောင့် UC Browserသွင်းထားပြီး adflyကို ကျော်ပြီးမှပဲ Downloaderတစ်ခုခုနဲ့ ပြန်ဆွဲပါ။

မေး။ ။ ကွန်ပျူတာမှာရော ဘယ်လို့ Adflyတွေကို ကျော် မရဘူး ဖြစ်နေတာလဲ

ဖြေ။ ။ ads blockerတွေ ထည့်ထားရင် ကျော်လို့ရမှာ မဟုတ်ပါဘူး။ အဲဒါကြောင့် ads blockerတွေကို ပိတ်ထားပြီးမှ ပြန်ဝင်ပါ။

မေး။ ။ကိုယ်ကြည့်ချင်တဲ့ ဇာတ်ကားတွေ့ကိုရော တောင်းဆိုလိုရလား

ဖြေ။ ။ ပရိသတ်တွေ တောင်းဆိုတဲ့ ဇာတ်ကားကို ကျွန်တော်အနေနဲ့ အမြဲတမ်း အလေးထားပါတယ်။ ဘာသာပြန်သူတွေရဲ့ အကြိုက်နဲ့ ကိုက်ညီပြီး ဇာတ်ကားလဲ ကောင်းတယ်ဆို တင်ပေးဖြစ်ပါတယ်။ လူတိုင်း တောင်းဆိုနေသမျှ ဇာတ်ကားတိုင်းကိုတော့  လိုက် မလုပ်ပေးနိုင်ပါဘူး။

 မေး။ ။ကျော်ရပြုရတာ ရှူတ်တဲ့ adfly ကို ဘာလို့ ခံနေတာလဲ။

ဖြေ။ ။ကျွန်တော်တို့ ဆိုက်လည်ပတ်ဖို့အတွက် တစ်နှစ် အသုံးစရိတ်က US Dollor 300 အထက်မှာ ရှိပါတယ်။ အဲဒီ ပိုက်ဆံတွေကို ပြန်ကာမိစေဖို့ ရည်ရွယ်ပြီး ထည့်ထားတာပါ။ ကျွန်တော်တို့တောင် ဇာတ်ကားတစ်ကား အချိန်တွေ အများကြီးပေးပြီး လုပ်ပေးနေရတာပါ။ Userတစ်ယောက်အတွက် adflyကျော်ဖို့ ၅ စက္ကန့်ဆိုတာ ဘာမှ မဟုတ်ပါဘူး။

မေး။   ။ အခုနောက်ပိုင်း ဇာတ်ကားတွေကို ဖုန်းနဲ့ ကြည့်တာ အသံမလာဘူး ဖြစ်နေတယ် ဘယ်လိုလုပ်ရမှာလဲ။

ဖြေ။    ။ ဇာတ်ကားတွေကို အကောင်းဆုံး Qualityကောင်းကောင်းနဲ့ ဖိုင်ဆိုင် နည်းအောင် လုပ်တာကြောင့် အဲလို ပြသနာတွေတော့ အနည်းငယ် ရှိလာနိုင်ပါတယ်။ ဒါပေမဲ့ ဖုန်းမှာရော ကွန်ပျူတာပါ Vlc Playerနဲ့ ကြည့်ရင် အဆင်ပြေပါတယ်။ အဲဒါကြောင့် အသံမလာဘူးဆိုသူများ VLC player ရှာသွင်းထားဖို့ အကြံပေးပါရစေ

မေး။ ။တချို့ဇာတ်ကားတွေက စာတန်းထိုးမမှန်ဘူးဖြစ်နေတယ်

ဖြေ။ ။ဟုတ်ပါတယ် တချို့ဇာတ်ကားတွေကို အပြင်ကအခွေတွေကနေ စာဖိုင် ထုတ်ပြီးတင်ပေးတာတွေလည်းရှိပါတယ်…translator တွေအနေနဲ့ ဘာသာပြန်ရင်တော့ ၁၀၀% အပြည့်မမှန်ရင်တောင် ၉၀% အထက်မှန်အောင် ပြန်ပေးကြပါတယ်

မေး။    ။ဇာတ်ကားတွေကို Download ဆွဲရတာ အခက်အခဲဖြစ်လို့ အပြင်မှာ ၀ယ်ချင်ရင်ရော ရပါသလား။

ဖြေ။    ။ကျွန်တော်တို့ ပေ့က အက်မင်တစ်ယောက်ဖြစ်တဲ့ Thit San Khant ထောင်ထားတဲ့ေ အောက်က ပေးထားတဲ့ ပ့မှာ ၀ယ်လို့ရနိုင်ပါတယ်။

https://www.facebook.com/mmhdmovie/?fref=ts

မေး။    ။ကိုယ်နဲ့ ၀ါသနာတူ ရုပ်ရှင် အကြောင်းတွေကို တစ်ရင်းတစ်နှီးဆွေးနွေးလို့ရမဲ့  Groupရော ရှိလားဗျ။

ဖြေ။     ။ CMက လုပ်နေတဲ့ Activityတွေနဲ့ ရုပ်ရှင်ချစ် ပရိသတ်တွေကို တစ်စုတစ်စည်းတည်း တွေ့ချင်တယ်ဆိုရင်တော့ Member ၄သောင်းနီးပါးရှိတဲ့ Channel Myanmar Offical Groupကို အခုပဲ Join လုပ်ဖို့ ဖိတ်ခေါ်အပ်ပါတယ်။အောက်ကလင့်ကနေ တစ်ဆင့် ၀င် Joinလို့ ရပါတယ်။

https://www.facebook.com/groups/ChannelMyanmarOfficial/

Channel Myanmar Team



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။