Channel Myanmar

Roy 2015-ျမန္မာစာတန္းထိုး

Roy    

N/A 146 min ActionAsian

3.3
IMDB: 3.3/10 5,921 votes

, , ,

3 wins.

India

271403

Report error

ဒီေန႕မွာ Channel Myanmar ပရိတ္သက္မ်ားအတြက္ အိႏိၵယအက္ရွင္
ဇာတ္လမ္းေကာင္းေလးတစ္ပုဒ္ ကုိ တင္ေပးခ်င္ပါတယ္။ 12 February 2015 မွာထြက္ရွိထားၿပီး
အိႏိၵယအက္ရွင္ေကာင္းေကာင္း ၾကိဳက္ႏွစ္သက္သူေတြအတြက္
ၾကည့္လို႕ေကာင္းမယ့္ ဇာတ္ကားတစ္ခုပါ။

႐ုပ္ရွင္ ဒါ႐ိုက္တာ ကာဘီ ဟာ သူခိုးဓါးျပေတြရဲ႕

အေၾကာင္းကို အေျခခံထားတဲ့ Gun Triology ဆိုတဲ့
အခန္းဆက္႐ုပ္ရွင္အမ်ားအျပား႐ိုက္ကူးပါတယ္။သူ႔ရဲ႕ ရိုက္ကူးခဲ့တဲ့႐ုပ္ရွင္ေတြအကုန္လံုးဟာ
လည္း ေအာင္ျမင္ၾကတာခ်ည္းပါပဲ။သူ႔ရဲ႕ ႐ုပ္ရွင္ ၃ပိုင္းေျမာက္ကို ႐ိုက္ကူးဖို႔ မေလးရွားကို
သြားတဲ့အခါမွာ လန္ဒန္က ဒါ႐ိုက္တာမေလး ေအးရွာ နဲ႔ေတြ႕ဆံုမိပါတယ္။
ကာဘီနဲ႔ ေအးရွာ လဲ ခင္မင္သြားၿပီး မၾကာခင္ ခ်စ္သူေတြျဖစ္သြားၾကတယ္
။ေအးရွာက ကာဘီရဲ႕ သေဘာထားေတြကို သိလာတဲ့အခါမွာ
လမ္းခဲြခဲ့ၿပီးေတာ့ လန္ဒန္ကို ျပန္လာခဲ့တယ္။

အျငင္းခံရလို႔ စိတ္ဓါတ္က်ေနတဲ့ ကာဘီလဲ ႐ုပ္ရွင္ကို

ဆက္မ႐ိုက္ႏိုင္ေတာ့ဘဲ မြန္ဘိုင္းကိုျပန္လာခဲ့တယ္။
ေနာက္ပိုင္းအႀကိမ္ႀကိမ္ျပန္႐ိုက္ကူးခဲ့ေပမဲ့ ကာဘီဟာ
သူရဲ႕ ႐ုပ္ရွင္အထြတ္အထိပ္ကိုစိတ္ေက်နပ္မႈမ ရရွိေသးပါဘူး။
ဒါနဲ႔ပဲ သူ႔လက္ေထာက္ မီးရာရဲ႕ အၾကံအရ ေအးရွာရဲ႕ ႐ုပ္ရွင္ျပသတဲ့
႐ုပ္ရွင္ပဲြေတာ္မွာ အကဲျဖတ္အေနနဲ႔ တက္ေရာက္ခဲ့ပါတယ္
။ေအးရွာ ကေတာ့ ကာဘီဟာ သူမေနာက္ကို လိုက္ေနတယ္လို႔ထင္ၿပီး
သူ႔မ ဘဝထဲက ထြက္သြားေပးဖို႔ ေျပာခဲ့ပါတယ္။
ကာဘီရဲ႕ အေဖေသဆံုးၿပီးေနာက္ပိုင္း သူ႔႐ုပ္ရွင္ ပါတနာေတြနဲ႔
အဆင္မေျပတာေတြျဖစ္လာၿပီး

သူ႔႐ုပ္ရွင္ကို ၿပီးဆံုးေအာင္ ႐ိုက္ဖို႔ ဆံုးျဖတ္ခဲ့တယ္။

တဖက္မွာ လွ်ိဳ႕ဝွက္ၿပီး ရဲေတြလဲ ဖမ္းမမိ လူေတြသိပ္မသိတဲ့

ရြိဳင္ ဆိုတဲ့ ပန္းခ်ီကားသူခိုး တေယာက္ရွိေနပါတယ္။
သူ႔ဟာ တီယာဆိုတဲ့ မိန္းမလွေလးပိုင္ဆိုင္တဲ့ ေစ်းႀကီးတဲ့ ပန္းခ်ီကားတခ်ပ္ကို
ခိုးဖို႔ ေရာက္လာပါတယ္။ရြိဳင္ဟာ တီယာ့ကို အမ်ိဳးမ်ိဳး သိမ္းသြင္းၿပီး
ခင္မင္ေအာင္ ေပါင္းထားလိုက္ပါတယ္
အခ်ိန္ေကာင္းေရာက္တာနဲ႔ ရြိဳင္က ပန္းခ်ီကားကို
ခိုးၿပီး တီယာ့ကို ထားခဲ့ပါတယ္။
ဒါေပမဲ့ သူဟာ တီယာ့ကိုခ်စ္ေနမိၿပီဆိုတာ သိတဲ့ေနာက္
သူမအနားျပန္ေရာက္ဖို႔ ပန္းခ်ီကားကို ျပန္ခိုးၿပီး ေပးဖို႔လုပ္ခဲ့ပါတယ္။
ဒီလို မတူညီတဲ့ အခ်စ္ဇာတ္လမ္း ၂ခုဟာ ေနာက္ပိုင္းမွာ
ဘာေတြဆက္ျဖစ္ၾကမလဲ သူတို႔ေတြ ျပန္ေပါင္းစည္းႏိုင္ၾကမွာ
လားဆိုတာေတာ့ ဆက္လက္ၾကည့္ရႈၾကပါလို႔ !
(ဇာတ္လမ္းအညႊန္းကို Ma Khin Cherry Hnin မွေရးေပးထားပါတယ္။ )

UNICODE

ဒီနေ့မှာ Channel Myanmar ပရိတ်သက်များအတွက် အိန္ဒိယအက်ရှင်

ဇာတ်လမ်းကောင်းလေးတစ်ပုဒ် ကို တင်ပေးချင်ပါတယ်။ 12 February 2015 မှာထွက်ရှိထားပြီး

အိန္ဒိယအက်ရှင်ကောင်းကောင်း ကြိုက်နှစ်သက်သူတွေအတွက်

ကြည့်လို့ကောင်းမယ့် ဇာတ်ကားတစ်ခုပါ။

ရုပ်ရှင် ဒါရိုက်တာ ကာဘီ ဟာ သူခိုးဓါးပြတွေရဲ့

အကြောင်းကို အခြေခံထားတဲ့ Gun Triology ဆိုတဲ့

အခန်းဆက်ရုပ်ရှင်အများအပြားရိုက်ကူးပါတယ်။သူ့ရဲ့ ရိုက်ကူးခဲ့တဲ့ရုပ်ရှင်တွေအကုန်လုံးဟာ

လည်း အောင်မြင်ကြတာချည်းပါပဲ။သူ့ရဲ့ ရုပ်ရှင် ၃ပိုင်းမြောက်ကို ရိုက်ကူးဖို့ မလေးရှားကို

သွားတဲ့အခါမှာ လန်ဒန်က ဒါရိုက်တာမလေး အေးရှာ နဲ့တွေ့ဆုံမိပါတယ်။

ကာဘီနဲ့ အေးရှာ လဲ ခင်မင်သွားပြီး မကြာခင် ချစ်သူတွေဖြစ်သွားကြတယ်

။အေးရှာက ကာဘီရဲ့ သဘောထားတွေကို သိလာတဲ့အခါမှာ

လမ်းခွဲခဲ့ပြီးတော့ လန်ဒန်ကို ပြန်လာခဲ့တယ်။

အငြင်းခံရလို့ စိတ်ဓါတ်ကျနေတဲ့ ကာဘီလဲ ရုပ်ရှင်ကို

ဆက်မရိုက်နိုင်တော့ဘဲ မွန်ဘိုင်းကိုပြန်လာခဲ့တယ်။
နောက်ပိုင်းအကြိမ်ကြိမ်ပြန်ရိုက်ကူးခဲ့ပေမဲ့ ကာဘီဟာ

သူရဲ့ ရုပ်ရှင်အထွတ်အထိပ်ကိုစိတ်ကျေနပ်မှုမ ရရှိသေးပါဘူး။

ဒါနဲ့ပဲ သူ့လက်ထောက် မီးရာရဲ့ အကြံအရ အေးရှာရဲ့ ရုပ်ရှင်ပြသတဲ့

ရုပ်ရှင်ပွဲတော်မှာ အကဲဖြတ်အနေနဲ့ တက်ရောက်ခဲ့ပါတယ်

။အေးရှာ ကတော့ ကာဘီဟာ သူမနောက်ကို လိုက်နေတယ်လို့ထင်ပြီး

သူ့မ ဘဝထဲက ထွက်သွားပေးဖို့ ပြောခဲ့ပါတယ်။
ကာဘီရဲ့ အဖေသေဆုံးပြီးနောက်ပိုင်း သူ့ရုပ်ရှင် ပါတနာတွေနဲ့

အဆင်မပြေတာတွေဖြစ်လာပြီး

သူ့ရုပ်ရှင်ကို ပြီးဆုံးအောင် ရိုက်ဖို့ ဆုံးဖြတ်ခဲ့တယ်။

တဖက်မှာ လျှို့ဝှက်ပြီး ရဲတွေလဲ ဖမ်းမမိ လူတွေသိပ်မသိတဲ့

ရွိုင် ဆိုတဲ့ ပန်းချီကားသူခိုး တယောက်ရှိနေပါတယ်။

သူ့ဟာ တီယာဆိုတဲ့ မိန်းမလှလေးပိုင်ဆိုင်တဲ့ ဈေးကြီးတဲ့ ပန်းချီကားတချပ်ကို

ခိုးဖို့ ရောက်လာပါတယ်။ရွိုင်ဟာ တီယာ့ကို အမျိုးမျိုး သိမ်းသွင်းပြီး

ခင်မင်အောင် ပေါင်းထားလိုက်ပါတယ်
အချိန်ကောင်းရောက်တာနဲ့ ရွိုင်က ပန်းချီကားကို

ခိုးပြီး တီယာ့ကို ထားခဲ့ပါတယ်။
ဒါပေမဲ့ သူဟာ တီယာ့ကိုချစ်နေမိပြီဆိုတာ သိတဲ့နောက်

သူမအနားပြန်ရောက်ဖို့ ပန်းချီကားကို ပြန်ခိုးပြီး ပေးဖို့လုပ်ခဲ့ပါတယ်။
ဒီလို မတူညီတဲ့ အချစ်ဇာတ်လမ်း ၂ခုဟာ နောက်ပိုင်းမှာ

ဘာတွေဆက်ဖြစ်ကြမလဲ သူတို့တွေ ပြန်ပေါင်းစည်းနိုင်ကြမှာ

လားဆိုတာတော့ ဆက်လက်ကြည့်ရှုကြပါလို့ !
(ဇာတ်လမ်းအညွှန်းကို Ma Khin Cherry Hnin မှရေးပေးထားပါတယ်။ )



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။



No downloads available

Genres



Related movies